Taw Win Pann Pre School

Taw Win Pann Pre School Since 2000

21/08/2026

Even the teachers join in the fun on a happy Friday!

✅ပုံပြင် ပြောခြင်းကြောင့် ရရှိနိုင်တဲ့ အကျိုးကျေးဇူး ၅ ချက် ၁) ပျော်ရွှင်ရခြင်း၂) ဘာသာစကားစွမ်းရည်တိုးတက်စေခြင်း ၃) လက်ရ...
21/08/2026

✅ပုံပြင် ပြောခြင်းကြောင့် ရရှိနိုင်တဲ့ အကျိုးကျေးဇူး ၅ ချက်

၁) ပျော်ရွှင်ရခြင်း
၂) ဘာသာစကားစွမ်းရည်တိုးတက်စေခြင်း
၃) လက်ရှိအခက်အခဲများကို ခဏတာ ပြေပျောက်စေခြင်း
၄) သင်ကြားရေးနည်းစနစ်တစ်ခုအဖြစ် အသုံးပြု၍ ရခြင်း
၅) ဆက်သွယ်ဆက်ဆံရေး ခိုင်မြဲစေခြင်း

၁) ပျော်ရွှင်ရခြင်း
ပျော်ရွှင်ရယ်မောခြင်းဟာ ကလေးတွေရဲ့ အခြေခံကျတဲ့ အခွင့်အရေးလည်း ဖြစ်ပါတယ်။ ငယ်ငယ်တုန်းက ဆရာပုံပြင်ပြောမယ်ဆို အားလုံးက ပျော်ရတော့မယ်ဆိုတာ သိကြတယ်လေ။ ပုံပြင်ကလေးကလည်း ကောင်းမယ်၊ ပုံပြောသူကလည်း သေချာပြင်ဆင်ပြီး ပြောမယ်ဆိုရင် ပုံပြင်နားထောင်တဲ့သူတွေကလည်း ပျော်ရွှင်နှစ်သက်ခြင်းကို ရရှိပါတယ်။

၂) ဘာသာစကားစွမ်းရည်တိုးတက်စေခြင်း
ပုံပြင်တွေပြောတဲ့အခါ ရိုးရိုးစာဖတ်သလိုမျိုး ဖတ်ပြလို့ မရပါဘူး။ ဥပမာလေးတွေ ၊ ကလေးတွေနဲ့ ရင်းနှီးတဲ့ စကားလုံးတွေ၊ ကလေးတွေ စိတ်ဝင်စားမယ့် စကားလုံးအတွဲအစပ် တွေ စသဖြင့် စကားလုံး၊ အသံ၊ အမူအရာ အားလုံးကို ပေါင်းစပ်အသုံးပြုရပါတယ်။ ဒါကြောင့် ကလေးတွေကလည်း ပုံပြောသူ သုံးသွားတဲ့ ဘာသာစကားအသုံးအနှုန်းတွေကို ပုံပြင်နားထောင်ရင်း သင်ယူရရှိစေပါတယ်။

၃) လက်ရှိအခက်အခဲများကို ခဏတာ ပြေပျောက်စေခြင်း
စိတ်ဝင်စားစရာ ပုံပြင်လေးတွေ၊ ရယ်စရာ မောစရာဇာတ်လမ်းလေးတွေကို နားဆင်လိုက်ရတဲ့အခါ လက်ရှိခံစားနေရတဲ့ အခက်အခဲတွေကနေ ခဏလွတ်မြောက်သွားရပါတယ်။ အကြောင်းအမျိုးမျိုးကြောင့် ဒုက္ခမျိုးစုံနဲ့ တွေ့ကြုံနေရတဲ့ကလေးတွေအတွက်တော့ ပုံပြင်တွေက ပုံမှန်ဘဝရဲ့ စိတ်ခံစားချက်တွေထဲ ပြန်လည်ခေါ်ဆောင်ပေးတတ်ပါတယ်။ ဒါကြောင့်လည်း ကလေးတွေ စိတ်ညစ်နေပြီရင်၊ အခက်ကြုံရတဲ့အခြေအနေမှာ ရှိနေရပြီဆိုရင် ပုံပြင်လေးတွေ ဖတ်ပြ ပြောပြကြတာဖြစ်ပါတယ်။

၄) သင်ကြားရေးနည်းစနစ်တစ်ခုအဖြစ် အသုံးပြု၍ ရခြင်း
ပုံပြင်တွေက စာသင်ခန်းတွေအတွက်လည်း အကျိုးရှိပါတယ်။ အထူးသဖြင့် စာရိတ္တနဲ့ ပြည်သူ့နီတိကို သင်ကြားတဲ့အခါ ပုံပြောခြင်းနည်းကို သင်ကြားရေးအဖြစ် အသုံးပြုကြတယ်။ (ဥပမာ- သဒ်စတိုရီ ရဲ့ “လွတ်လပ်ခြင်းပုံပြင်” စာအုပ်ကို ငှက်ကလေးတွေအကြောင်း သင်ကြားရေးပြုလုပ်တဲ့အခါ အသုံးပြုနိုင်ပါတယ်။ “တိမ်မည်းတိမ်ဖြူ ဝိုင်းလို့ကူ” မှာ ရေသံသရာလည်ခြင်းအကြောင်း သင်ကြားနိုင်ပါတယ်။

၅) ဆက်သွယ်ဆက်ဆံရေး ခိုင်မြဲစေခြင်း
ပုံပြင်ပြောခြင်းကြောင့် မိဘ နဲ့ သားသမီး ကြား၊ ဆရာ နဲ့ တပည့်တွေကြား၊ ကလေးစာကြည့်တိုက်နဲ့ ကလေးများ အကြား ဆက်သွယ်ဆက်ဆံရေးကို ပိုကောင်းမွန်စေပါတယ်။ ပုံပြောခြင်းဆိုတာမျိုးက နှလုံးသားနဲ့ ဆက်သွယ်ခြင်းလည်း မည်ပါပေတယ်။

21/08/2026

𝐏𝐫𝐞-𝐊𝐆 ကြိုးပန်းချီရေးဆွဲခြင်း

(၂၀၂၆) ခုနှစ်၊ ဩဂုတ်လ၂၁ရက်တွင် သားသားမီးမီးလေးတို့အတွက် လက်မှုအနုပညာအနေဖြင့် ဆေးရောင်စုံနှင့် ကြိုး စသဖြင့် လိုအပ်သည့် ပစ္စည်းများကို အသုံးပြု၍ “ကြိုးပန်းချီရေးဆွဲခြင်း လက်တွေ့သင်ခန်းစာ”စနစ်တကျ သင်ကြားပြသပေးခဲ့ပါသည်။

အဆိုပါ သင်ခန်းစာတွင် ကြိုးပန်းချီရေးဆွဲဖို့ရာ လိုအပ်သော ဆေးရောင်များနှင့် အသုံးပြုသွားမည့် ကြိုး၊ စက္ကူများဖြင့် ကြိုးပန်းချီရေးဆွဲပုံများကို ဆရာမမှ လက်တွေ့ပြသပေးခဲ့ပြီး သားသားမီးမီးလေးများကလည်း စိတ်ပါဝင်စားစွာဖြင့် တက်ကြွစွာ ပါဝင်လေ့လာခဲ့ကြပါသည်။

ပထမဦးစွာ ဦးဆောင်ဆရာမမှ စနစ်တကျ လက်တွေ့ပြုလုပ်ပေးခဲ့ပြီးနောက် သားသားမီးမီးလေးများ တစ်ဦးချင်းစီမှ ကိုယ်တိုင်ကြိုးပန်းချီလက်ရာများကို စိတ်ကြိုက် လွတ်လပ်စွာ ဖန်တီးခဲ့ကြပါသည်။

ကြိုးပန်းချီကို ဘာကြောင့် သင်ကြားပေးရတာလဲ?

“ကြိုးပန်းချီ” ဆိုသည်မှာ ကလေးငယ်များအတွက် ကြိုးပန်းချီမှတဆင့် စက္ကူပေါ်မှာ ထွက်ပေါ်လာသော ပုံသဏ္ဌာန်များနှင့် ဆေးရောင်များကို ပေါင်းစပ်၍ စိတ်ကူးကို ပုံဖော်နိုင်ခြင်း၊၊ ထီထွင်ဖန်တီးနိုင်ခြင်း 𝐂𝐫𝐞𝐚𝐭𝐢𝐯𝐢𝐭𝐲 နှင့် 𝐂𝐫𝐢𝐭𝐢𝐜𝐚𝐥 𝐓𝐡𝐢𝐧𝐤𝐢𝐧𝐠 ရရှိစေရန် လွတ်လပ်စွာ ဖန်တီးရသည့် ပျော်စရာ လက်တွေ့သင်ခန်းစာတစ်ခု ဖြစ်ပါသည်။

အဆိုပါ လက်တွေ့လုပ်‌ ဆောင် ခြင်းမှ တဆင့်

၁) အာရုံငါးပါးနှင့့်ထိတွေ့ကိုင်တွယ်ရသဖြင့် စိတ်ကူးဉာဏ်ရင့်သန်လာခြင်း။မျက်စေ့ လက်တတန်းတည်းလုပ်ဆောင်ရသဖြင့် စာရေးရန်အဆင်သင့်ဖြစ်ခြင်း။

၂) စိတ်ကူးကိုပုံဖော်နိုင်ခြင်းနှင့် အရောင်များကိုခွဲခြားပြောတတ်ခြင်း၊ အများနှင့်ပူးပေါင်းဆောင်ရွက်တတ်ခြင်း။ ပြောတာကိုနားထောင်ပြီးလုပ်ဆောင်တတ်ခြင်း။

၃) ထွက်ပေါ်လာသည့် သဘာဝ ပုံသဏ္ဌာန်များကြောင့် ထီထွင်ဖန်တီးလိုစိတ်ကို မြင့်မားလာစေခြင်း၊

၄) အဆင့်လိုက် စနစ်တကျ လုပ်ဆောင်ရသဖြင့် အာရုံစူးစိုက်နိုင်စွမ်း တိုးတက်လာခြင်းတွေကို တစ်ပြိုင်နက် ရရှိသွားစေမှာဖြစ်ပါသည်။

“မိုးရာသီမှာ အထူးသတိထားရမည့် ပြင်းထန်ဝမ်းရောဂါ”ကျောင်းစဖွင့်တဲ့ မိုးရာသီကာလ ရောက်ပြီဆိုရင် မိဘတွေနဲ့ ကျောင်းသား ကျောင်းသ...
21/08/2026

“မိုးရာသီမှာ အထူးသတိထားရမည့် ပြင်းထန်ဝမ်းရောဂါ”

ကျောင်းစဖွင့်တဲ့ မိုးရာသီကာလ ရောက်ပြီဆိုရင် မိဘတွေနဲ့ ကျောင်းသား ကျောင်းသူတွေမှာ အဖြစ်အများဆုံး ကျန်းမာရေးပြဿနာတစ်ခုကတော့ “ပြင်းထန်ဝမ်းရောဂါ” ပဲ ဖြစ်ပါတယ်။ မိသားစုတိုင်း ကျန်းမာရေးအတွက် ကြိုတင်ကာကွယ်နိုင်အောင် ရောဂါဖြစ်ပွားရတဲ့ အကြောင်းအရင်းနှင့် ကာကွယ်နည်းများကို မျှဝေပေးလိုက်ရပါတယ်ရှင်။

“ပြင်းထန်ဝမ်းရောဂါ” ဘာကြောင့် ဖြစ်ရတာလဲ

၁) မသန့်ရှင်းသော ရေနှင့်အစာကို စားသောက်မိခြင်း

၂) ယင်ကောင်နားထားသော အစားအစာများ၊ မကျက်တကျက် ချက်ပြုတ်ထားသော အစားအစာများ စားမိခြင်း။

၃) မသန့်ရှင်းသော သောက်သုံးရေ (သို့မဟုတ်) မကျိုချက်ရသေးသည့် ရေကို သောက်သုံးမိခြင်း။

၄) တစ်ကိုယ်ရေ သန့်ရှင်းရေး အားနည်းခြင်း

၅) အိမ်သာတက်ပြီးချိန် (သို့မဟုတ်) အစာမစားမီ လက်ကို ဆပ်ပြာဖြင့် စနစ်တကျ မဆေးကြောခြင်း။

၆) ပတ်ဝန်းကျင် သန့်ရှင်းရေး မရှိခြင်း

၇) အမှိုက်ပုံများ၊ မသန့်ရှင်းသော အိမ်သာများကြောင့် ယင်ကောင်နှင့် ပိုးမွှားများ ပေါက်ဖွားပြီး အစားအစာသို့ ကူးစက်ခြင်းတို့မှ တစ်ဆင့် စားသောက်မိသူများအား ကူးစက်စေပြီး တစ်ဦးမှတစ်ဦးသို့ ရောဂါဆက်လက်ကူးစက်စေနိုင်ပါတယ်။

"ပြင်းထန်ဝမ်းရောဂါ" လက္ခဏာတွေက ဘာတွေဖြစ်မလဲ

၁) အရည်ဝမ်းများစွာသွားခြင်း

၂) ငါးညှီနံ့နံသော ဆန်ဆေးရည်ကဲ့သို့ ဝမ်းသွားခြင်း

၃) အော့အန်ခြင်း

၄) နှလုံးခုန်နှုန်းမြန်ခြင်း

၅) အရေပြား၏ ကျုံ့ဆန့်နိုင်အား လျော့နည်းလာခြင်း

၆) မျက်တွင်းချိုင့်ဝင်ခြင်း

၇) ခံတွင်း/လျှာနှင့် နှုတ်ခမ်းများခြောက်သွေ့ခြင်း

၈) ကြွက်တက်ခြင်း

၇) သတိလစ်ခြင်းတို့ဖြစ်ပါတယ်။

“ပြင်းထန်ဝမ်းရောဂါ” ကို ဘယ်လို ကာကွယ်ကြမလဲ

✅ လက်ကို မကြာခဏ စနစ်တကျ ဆေးကြောပါ

၁) အစာမစားမီ၊ မုန့်မစားမီ၊ အစားအသောက် မပြင်ဆင်မီနှင့် အိမ်သာတက်ပြီးတိုင်း လက်ကို ဆပ်ပြာ၊ ရေတို့ဖြင့် စက္ကန့် (၂၀) ကြာ စနစ်တကျ ဆေးကြောပါ။

✅ သောက်သုံးရေ သန့်ရှင်းအောင် ပြုလုပ်ပါ

၁) သောက်ရေကို ပွက်ပွက်ဆူအောင် ကျိုချက်ပြီးမှ သောက်ပါ။

၂) ရေစစ် (Water Filter) သို့မဟုတ် ရေကလိုရင်း ခတ်ပြီးမှ သောက်သုံးပါ။

✅ အစားအစာများကို သန့်ရှင်းစွာ ပြင်ဆင်ပါ

၁) အစားအစာများကို ပူပူနွေးနွေးနှင့် ကျက်ကျက်ချက်ပြုတ်စားပါ။

၂) ယင်ကောင် မနားနိုင်အောင် အစားအစာများကို လုံခြုံစွာ ဖုံးအုပ်ထားပါ။

၃) လမ်းဘေး မသန့်ရှင်းသော မုန့်များနှင့် အသုတ်များကို ရှောင်ကြဉ်ပါ။

✅ ပတ်ဝန်းကျင်နှင့် အိမ်သာ သန့်ရှင်းရေး ဂရုစိုက်ပါ

၁) ယင်လုံအိမ်သာကို သုံးစွဲပါ။

၂) အိမ်သာနှင့် ရေချိုးခန်းများကို ပိုးသတ်ဆေးဖြင့် မကြာခဏ ဆေးကြောပါ။

ဝမ်းမကြာခဏသွားပါက ခန္ဓာကိုယ်မှ ရေဓာတ်နှင့် ဆားဓာတ်များ ကုန်ခမ်းမသွားစေရန် ဓာတ်ဆားရေကို ချက်ချင်း စတင်သောက်သုံးပါ။ ဝမ်းသွားတာ မရပ်ဘဲ မှေးမှိန်ခြင်း၊ နှုတ်ခမ်းခြောက်ခြင်း၊ သွေးပါခြင်းနှင့် ဆန်ဆေးရေကဲ့သို့ ဝမ်းများသွားပါက နီးစပ်ရာ ကျန်းမာရေးဌာနသို အမြန်ဆုံး သွားရောက်ပြသဖို့ လိုအပ်ပါတယ်။ အချိန်မီကုသမှုမခံယူပါက လျင်မြန်စွာ အသက်ဆုံးရှုံးနိုင်ပါတယ်။

ကျန်းမာရေးဝန်ကြီးဌာန၊ ပြည်သူ့ကျန်းမာရေးဦးစီးဌာန၊ ကျန်းမာရေးအသိပညာမြှင့်တင်ရေးဌာနခွဲ အသိပညာပေးထုတ်ပြန်ကြေညာချက်များမှ မိဘအုပ်ထိန်းသူများနှင့် ကျောင်းသား ကျောင်းသူများအနေဖြင့် လေ့လာနိုင်ရန် ပြန်လည်ကောက်နှုတ်မျှဝေပေးလိုက်ရပါတယ်။

ကျောင်းသား၊ ကျောင်းသူလေးများ အားလုံး ကျန်းမာပျော်ရွှင်စွာ ပညာသင်ကြားနိုင်ရေးအတွက် မိဘအုပ်ထိန်းသူများအနေနဲ့ မိမိတို့၏ ရင်သွေးငယ်များကို အစားအသောက်နှင့် တစ်ကိုယ်ရေ သန့်ရှင်းရေး အထူးဂရုစိုက်ပေးကြပါရန်

#ပြင်းထန်ဝမ်းရောဂါ

20/08/2026

"ဗေတိုးတပ်" ကဗျာဖြင့် ကပြသီဆိုခြင်း

"ဗေတိုးတပ်" ကဗျာလေးကို ပျော်ရွှင်စွာ ကပြသီဆိုရင်း၊ မြန်မာ့ရိုးရာယဉ်ကျေးမှုနှင့် အနုပညာကို ချစ်မြတ်နိုးတန်ဖိုးထားတတ်စေရန်၊ မိမိကိုယ်ကို ယုံကြည်မှုရှိရှိ ဖျော်ဖြေတင်ဆက်တတ်စေရန် ရည်ရွယ်၍ လေ့ကျင့်သင်ကြားပေးခဲ့ပါသည်။

20/08/2026

သားသားမီးမီးလေးများအား
မင်္ဂလာကဗျာ(၃) သင်ကြားပေးခြင်း

ဗာဟုသစ္စဉ္စ
၃။ တတ်ကောင်းတတ်ရာ၊ ဟူသမျှကို
ကြားမြင်သုတ၊ ရှိပါစေ။
အိုးအိမ်တည်ထောင်၊ ၀မ်းစာရေးနဲ့
အသက်မွေးဖို့၊ အတတ်သင်လေ။
လူနှင့်ဆိုင်ရာ၊ ကျင့်၀တ်များကို
ကောင်းစွာသင်ကြား၊ နားလည်စေ။
မှန်ကန်ယဉ်ကျေး၊ ချိုသာအေး
ဆိုရေးတတ်ပါစေ။
အဲဒါမှဗုဒ္ဓဝါဒ ကမ္ဘာ့မင်္ဂလာတွေ။

20/08/2026

ပတိရူပ
၂။ ကုသိုလ်ပညာ၊ ဥစ္စာရဖို့
သင့်ရာဒေသ၊ အမြဲနေ။
ရှေးကတင်ကြို၊ ပြုခဲ့ဖူးသည့်
ကောင်းမှုအထူး၊ ရှိပါစေ။
မိမိကိုယ်ကို၊ ကောင်းအောင်ထိန်းလို့
မတိမ်းစေနှင့်၊ ဆောက်တည်လေ။
ဥစ္စာကိုပေး နေထိုင်ရေး
မျှော်တွေးသုံးချက်ပေ။
အဲဒါမွ ဗုဒ္ဓဝါဒ ကမ္ဘာ့မင်္ဂလာတွေ။

20/08/2026

မင်္ဂလာကဗျာ
အေသ၀နာ စ ဗာလာနံ
၁။ လူမိုက်ဆိုလျှင်၊ရှောင်သွေလွှဲလို့
မမှီ ဝဲ နှင့်၊ ကင်းအောင်နေ။
ပညာရှိကို အရှည်တွဲလို့
မှီ ဝဲ ဆည်းကပ်၊ နည်းယူစေ။
သုံးပါးရတနာ၊ မိဘများနှင့်
ဆရာသမားကို၊ ပူဇော်လေ။
ချမ်းသာကိုပေး၊ ဆက်ဆံရေး
မျှော်တွေးသုံးချက်ပေ၊
အဲဒါမှဗုဒ္ဓဝါဒ ကမ္ဘာ့ မင်္ဂလာတွေ။

17/08/2026

Color activity

17/08/2026

"ထပ်ကူး ရေးဆွဲသင်ကြားခြင်း" (Tracing Time)

Tracing and drawing are foundational pre-writing activities that play a crucial role in early childhood development.

Develops Fine Motor Skills: Tracing helps strengthen the small muscles in a child's hands, fingers, and wrists. This strength is essential for establishing a proper pencil grip.

Address

No(2), Darr Tan Qtr
Bagan
05232

Telephone

+9592043193

Website

Alerts

Be the first to know and let us send you an email when Taw Win Pann Pre School posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Contact The School

Send a message to Taw Win Pann Pre School:

Shortcuts

Share

Category