Amarapura Partners

Amarapura Partners Education Services / Amarapura Partners is a registered Myanmar company located in Mandalay. The comp To date we have worked with more than 750 teachers.

Amarapura Partners သည် မန္တလေးတွင် တည်ရှိသော မြန်မာနိုင်ငံတွင် မှတ်ပုံတင်ထားသော ကုမ္ပဏီတစ်ခုဖြစ်သည်။ ကုမ္ပဏီသည် အင်္ဂလိပ်ဘာသာစကားသင်တန်းနှင့် သင်ကြားပို့ချမှုများကို အထူးပြုပါသည်။ လက်ရှိတွင် ကျွန်ုပ်တို့သည် မန္တလေးတိုင်း ဒေသကြီးနှင့် ရှမ်းပြည်နယ်ရှိ အစိုးရနှင့်ပုဂ္ဂလိကကျောင်းများမှ ဆရာ ဆရာမများ၏ သင်ကြားရေးစွမ်းရည် တိုးမြင့်လာစေရန်အတွက် Cambridge University မှ ရေးဆွဲထားသော Teaching Knowledge Test

ကို အသုံးပြုနေပါသည်။ ကျွန်ုပ်တို့၏ ရည်မှန်းချက်မှာ သင်္ကြန် (မြန်မာနှစ်သစ်ကူး) တွင် ဆရာအယောက် ၂၀၀၀ ကို လေ့ကျင့်သင်ကြားပေးရန် ဖြစ်ပါသည်။ ယနေ့အထိ ဆရာ၊ ဆရာမပေါင်း ၇၅၀ ကျော်နဲ့ လက်တွဲပြီးပါပြီ။
ထို့အပြင် ကျွန်ုပ်တို့သည် လုပ်ငန်းခွင်၊ အစိုးရနှင့် ယဉ်ကျေးမှုအဖွဲ့အစည်းများမှ ဝန်ထမ်းများအား လုပ်ငန်းခွင်တွင် အင်္ဂလိပ်ဘာသာစကားကို အသုံးပြုကာ ကမ္ဘာတစ်ဝှမ်းမှ လူများနှင့် ဆက်ဆံရာတွင် ဖြစ်ပေါ်လာနိုင်သည့် ယဉ်ကျေးမှုကွဲပြားမှုများကို ကိုင်တွယ်ဖြေရှင်းရာတွင်လည်း လေ့ကျင့်ပေးပါသည်။
အမရပူရမိတ်ဖက်အဖွဲ့အစည်းများသည် မြန်မာနိုင်ငံတွင် နေရာမှန်နေရာမှန်ရရှိစေရန်အတွက် ကျွန်ုပ်တို့နိုင်ငံရှိ အလွှာပေါင်းစုံမှ နိုင်ငံသားများသည် အင်္ဂလိပ်ဘာသာစကားကို ပိုမိုကျွမ်းကျင်လာစေရန်အတွက် အမရပူရ မိတ်ဖက်အဖွဲ့အစည်းများမှ ယုံကြည်ချက်နှင့် လမ်းညွှန်မူကို ခိုင်မာစွာ ကိုင်စွဲထားပါသည်။

Amarapura Partners is a registered Myanmar company located in Mandalay. The company specializes in English Language training and instruction. Currently we are using the Cambridge University designed program, Teaching Knowledge Test, to help public and private school teachers in Mandalay Region and Shan State increase their teaching proficiency. Our goal is to train 2000 teachers by Thingyan (Myanmar New Year). In addition we also train the staff of corporate, governmental and cultural organizations in using English at work and dealing with the cultural differences that might come up when interacting with people from around the world. It is Amarapura Partners firmly held belief and guiding principle that in order for Myanmar to take its rightful place in the world citizens from all walks of life in our country must become more proficient in English.

23/04/2025

Grade 12 ပညာဒါန

မတ်လ ၂၈ရက်နေ့က ဖြစ်ခဲ့တဲ့ ငလျင်အတွက် ကျွန်တော်တို့ Amarapura Partnersနှင့် Mandalay International Preschoolမှတို့မှ များစွာဝမ်းနည်းရပါကြောင်း ဦးစွာ ပြောကြားလိုပါတယ်။

ငလျင်နောက်ဆက်တွဲ ၂၀၂၅ ဇွန်လ (၁၆)ရက်နေ့တွင် Grade 12 ကျောင်းသား/သူများ စာမေးပွဲကို ပြန်လည်ဖြေဆိုရမည်ဟု ကြားသိရပါသည်။ သို့ဖြစ်ပါ၍ စာမေးပွဲဖြေဆိုရာတွင် အထောက်အကူ ရစေရန် ရည်ရွယ်၍ အခမဲ့ ပညာဒါနအဖြစ် သက်ဆိုင်ရာ ဘာသာရပ်အလိုက် ဝါရင့်ဆရာ/မများမှ မေလ (၂)ရက်နေ့မှစတင် ဖွင့်လှစ်သင်ကြားမည်ဖြစ်ပါသည်။

သင်တန်းနေရာ Mandalay International Preschool ၄၁လမ်း ၈၉ C စိန်ပန်း၊ မဟာအောင်မြေတွင် နံနက် ၈နာရီမှ ညနေ ၄နာရီ တနင်္လာနေ့မှ စနေနေ့အထိ သင်ကြားမည်ဖြစ်ပါသည်။ နယ်မှ လာရောက်ကြသူများအတွက် ခိုနားနေစရာအတွက်လည်း စီစဉ်ထားရှိမည် ဖြစ်ပါသည်။

Mandalay International preschool တွင် စာရင်းပေးသွင်း၍ တက်ရောက်နိုင်ပါကြောင်း လေးစားစွာ အသိပေး အကြောင်းကြားအပ်ပါသည်။

လေးစားစွာ
ဝင်းဖေမောင်

08/07/2024

တရုတ်နိုင်ငံသူ/သားတွေ သင်္ချာမှာ ထူးချွန်ကြတယ်

စီးပွားရေးမှာ အောင်မြင်ကြတယ်

တရုတ်နိုင်ငံအောင်မြင်မှုမှာ တရုတ်နိုင်ငံတွေးခေါ်ပညာရှင်တွေရဲ့ အတွေးအခေါ်က အခရာကျပါတယ်။

သားသားထက်ဘုန်းခန့် တင်ပြဆွေးနွေးတဲ့စာအုပ်လေးက တရုတ်တွေးခေါ်ပညာရှင် Zhuang Zi ပြောစကားများကို လူငယ်တွေနားလည်အောင် ကာတွန်းလေးတွေနဲ့ဖော်ပြထားတဲ့စာအုပ်လေးဖြစ်ပါတယ်။

မိမိနှစ်သက်တဲ့ Topicကိုရွေးချယ်ပြီး ဘာကြောင့် ကြိုက်နှစ်သက်တာလဲ။

ကာတွန်းအကြောင်းနဲ့ မိမိတင်ပြဆွေးနွေးချင်တာနဲ့ ဘယ်လိုဆက်စပ်သလဲ။

ပေးချင်တဲ့ messgaeကို စာဖတ်သူ/နားထောင်သူတို့ကို မိမိထင်မြင်ချက်ကိုတင်ဆက်ခြငိးပဲဖြစ်ပါတယ်။

အင်္ဂလိပ်စာသင်ပေးတာ လူငယ်တွေ အတွေးအခေါ်ရင့်ကျက်လာအောင် မိမိကိုယ်ကိုယုံကြည်မှုရှိလာအောင် ဖော်ဆောင်ခြင်းဖြစ်တယ်လို့ လေးနက်တည်ကြည်စွာခံယူပါတယ်။

​ချစ်ခင်လေးစားစွာ
ဝင်းဖေမောင်

05/07/2024

ဘွားဘွားကြီး ဘွားဘွားကြီး
မြေးတို့ချစ်တဲ့ ဘွားဘွားကြီး

ဘွားဘွားကြီးက လက်တွေတုန်
မျက်စိတွေက မှုန်။
မျက်စိမှုန်လို့ လက်မှိုင်ချ
အပ်ထိုးမရ ထိုးမရ
ကူညီမယ်ပါ့ ကူညီမယ်ပါ့။

04/07/2024

ဘိုးဘိုးကြီး ဘိုးဘိုးကြီး
စိပ်ပုတီးနဲ့ ဘိုးဘိုးကြီး
ဘိုးဘိုးကြီးက တောင်ဝှေးကူ
ပါးရေတွန့်လို့ ဆံပင်ဖြူ
ဖေးကူပါအုံး ကူပါအုံး
တို့ဘိုးဘိုးကြီး ခါးကုန်းကုန်း

04/07/2024
🎉  ၂၀၂၄-၂၀၂၅ ပညာသင်နှစ် စနေ၊ တနင်္ဂနွေ KG VIP အတန်းအတွက် ​ကျောင်းအပ်လက်ခံ​နေပါပြီနော်...👨‍🎓  KG VIP စနေ၊ တနင်္ဂနွေ အတန်း...
04/07/2024

🎉 ၂၀၂၄-၂၀၂၅ ပညာသင်နှစ် စနေ၊ တနင်္ဂနွေ KG VIP အတန်းအတွက် ​ကျောင်းအပ်လက်ခံ​နေပါပြီနော်...

👨‍🎓 KG VIP စနေ၊ တနင်္ဂနွေ အတန်းကို အသက် ၅နှစ်မှ၆နှစ်အရွယ် ကလေးငယ်များကိုအပ်နှံနိုင်မှာပဲ ဖြစ်ပါတယ်။

👩‍🏫 သင်ကြားပေးမယ့်ဘာသာရပ်တွေကတော့
- Language Art
- Phonics
- Maths
- Science
- Social Studies
- Drama
- Myanmar
- Music & Movement တို့ဖြစ်ပါတယ်။

✅ အတန်းတစ်တန်းကို ကျောင်းသား ၆ယောက်နှုန်းသာ ကန့်သတ်သင်ကြားပေးမှာဖြစ်လို့ ကလေးငယ်များအတွက် ပိုမိုထိရောက်စွာ သင်ယူနိုင်မှာပဲ ဖြစ်ပါတယ်။

🎉 KG VIP စနေ၊ တနင်္ဂနွေအတန်းကို ဇူလိုင်လ ၆ရက်နေ့မှာ စတင်ဖွင့်လှစ်တော့မှာဖြစ်လို့ လာရောက် စာရင်းသွင်း အပ်နှံလို့ရပါပြီနော်။

🔴 ​​ကျောင်းသားဦး​ရေကန့်သတ်ထားတာမို့ အမြန်ဆုံးလာ​ရောက် အပ်နှံထားမှ စိတ်ချရပါမယ်နော်...

👨‍🎓 ပညာဥာဏ်အလင်းဖြင့် လောကအလှဆင်နိုင်ကြပါစေ။

👩‍🏫 မြန်မာ့ပညာရေးနှင့် နိုင်ငံတကာပညာရေးကို ပေါင်းကူးကြပါစို့...

𝗧𝗵𝗶𝗻𝗸 𝗚𝗹𝗼𝗯𝗮𝗹𝗹𝘆, 𝗔𝗰𝘁 𝗟𝗼𝗰𝗮𝗹𝗹𝘆 𝗮𝗻𝗱 𝗟𝗲𝗮𝗱 𝗣𝗿𝗼𝗳𝗲𝘀𝘀𝗶𝗼𝗻𝗮𝗹𝗹𝘆!

🏡 ကျောင်းတည်နေရာ
41 Street, 89(C), Mahar Aung Myay Tsp, Mandalay.
၄၁ လမ်း၊ ၈၉ (C)၊ မဟာအောင်မြေမြို့နယ်၊ မန္တလေး။

☎ Phone - 09 941 213 136


04/07/2024

ဘိုးဘိုးကြီး ဘိုးဘိုးကြီး
စိပ်ပုတီးနဲ့ ဘိုးဘိုးကြီး
ဘိုးဘိုးကြီးက တောင်ဝှေးကူ
ပါးရေတွန့်လို့ ဆံပင်ဖြူ
ဖေးကူပါအုံး ကူပါအုံး
တို့ဘိုးဘိုးကြီး ခါးကုန်းကုန်း

👩‍🏫 𝗦𝘁𝗮𝗿𝘁𝗲𝗿𝘀 ( 𝗚𝗿𝗮𝗱𝗲 𝟭 & 𝟮 )✅Starters အတန်းလေးကတော့ အသက် (၅) နှစ်မှ (၇) နှစ်အရွယ်ကျောင်းသား/ကျောင်းသူများအတွက် ရည်ရွယ်ဖွ...
09/06/2024

👩‍🏫 𝗦𝘁𝗮𝗿𝘁𝗲𝗿𝘀 ( 𝗚𝗿𝗮𝗱𝗲 𝟭 & 𝟮 )

✅Starters အတန်းလေးကတော့ အသက် (၅) နှစ်မှ (၇) နှစ်အရွယ်ကျောင်းသား/ကျောင်းသူများအတွက် ရည်ရွယ်ဖွင့်လှစ်ထားတဲ့ အတန်းလေးတစ်တန်းဖြစ်ပါတယ်။

✅အင်္ဂလိပ်စာစတင်လေ့လာသင်ယူသည့် Level ဖြစ်ကာအခြေခံမှစပြီး မဖြစ်မနေ သိရှိရမည့် အင်္ဂလိပ်စာဝေါဟာရများ၊ ရိုးရှင်းသောစာကြောင်းတည်ဆောက်မှုပုံစံများကိုလေ့ကျင့်သင်ကြားပေးမည့် အတန်းတစ်တန်းဖြစ်ပါတယ်။

👩‍🏫 𝗦𝘁𝗮𝗿𝘁𝗲𝗿𝘀 ( 𝗚𝗿𝗮𝗱𝗲 𝟭 & 𝟮 )အတန်းကို စနေ၊ တနင်္ဂနွေ နံနက် ၉:၀၀နာရီမှ ၁၂:၀၀နာရီ အထိသင်ကြားပေးမှာဖြစ်ပါတယ်။

👨‍🎓 ပညာဥာဏ်အလင်းဖြင့် လောကအလှဆင်နိုင်ကြပါစေ။

👩‍🏫 မြန်မာ့ပညာရေးနှင့် နိုင်ငံတကာပညာရေးကို ပေါင်းကူးကြပါစို့...

𝗧𝗵𝗶𝗻𝗸 𝗚𝗹𝗼𝗯𝗮𝗹𝗹𝘆, 𝗔𝗰𝘁 𝗟𝗼𝗰𝗮𝗹𝗹𝘆 𝗮𝗻𝗱 𝗟𝗲𝗮𝗱 𝗣𝗿𝗼𝗳𝗲𝘀𝘀𝗶𝗼𝗻𝗮𝗹𝗹𝘆!

🏡 ကျောင်းတည်နေရာ
41 Street, 89(C), Mahar Aung Myay Tsp, Mandalay.
၄၁ လမ်း၊ ၈၉ (C)၊ မဟာအောင်မြေမြို့နယ်၊ မန္တလေး။

☎ Phone - 09 941 213 136


Address

AP Center Interstate Located On 41Street, Bet 89 & 90 Streets, Mandalay
Amarapura

Opening Hours

Monday 09:00 - 17:00
Tuesday 09:00 - 17:00
Wednesday 09:00 - 17:00
Thursday 09:00 - 17:00
Friday 09:00 - 17:00
Saturday 09:00 - 17:00

Telephone

+95941213136

Alerts

Be the first to know and let us send you an email when Amarapura Partners posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Contact The School

Send a message to Amarapura Partners:

Shortcuts

Share