04/02/2021
ပညာရေးဝန်ထမ်းများခင်ဗျ
ဆရာဝန်တွေ ရပ်နားလိုက်ပြီဆိုရင်
သူတို့ဘက်က ရေတိုအနေနဲ့ DSMA တွေကို
အစားထိုးနိုင်မှာပါ
Engineer တွေက ရပ်နားလိုက်ပြီဆိုရင်
DSTA တွေနဲ့ ရေတို အစားထိုးနိုင်မှာပါ
ဒါပေမယ့် ပညာရေးဝန်ထမ်းတွေသာ ပါဝင်လာမယ်ဆိုရင်
စစ်ဖက်က စစ်သားတွေ စစ်ဗိုလ်တွေဟာ
စာမသင်တတ်ပါဘူး ...
စာသင်တတ်လည်း ဘယ်နှစ်ယောက်များ စာသင်တတ်မှာလဲ
ဒါကြောင့် ပညာရေးဝန်ထမ်းတွေပါ
ပါလာခဲ့ရင် ဒါဟာ တော်တော်လေး အရေးပါသွားပါပြီ ...
ဒီလိုပဲ တစ်ခြားဋ္ဌာနတွေမှာလည်း အစားထိုးလို့ မရတာတွေ တပုံကြီးပါ ...
ဒါဟာ ဆရာဝန်တွေနဲ့ အင်ဂျင်နီယာတွေဟာ ပညာရေးဝန်ထမ်းတွေလောက် အရေးမပါဘူးလို့ ဆိုလိုချင်တာ မဟုတ်ပါ
ဖြစ်စေချင်တာက အားလုံးပါဝင်ကြမယ်ဆိုရင်
တပ်ထဲက ဘယ်နှစ်ယောက်ကများ
ဆရာဝန် အင်ဂျင်နီယာ ကျောင်းဆရာ/မ
စည်ပင်ဝန်ထမ်း အစရှိသဖြင့် လုပ်နိုင်မှာလဲ ...
ဒါဆို process တွေ အားလုံး ယိုင်နဲ့ကုန်ပါပြီ
ပါဝင်ကြမယ်လို့လည်း ယုံကြည်ပါတယ်
ဘာလို့လည်းဆိုတော့ မဲမသမာမှု ဖြစ်တယ်ဆိုပြီး
စွပ်စွဲတာဟာ မဲရုံတာဝန်ကျ ဆရာ / မ တွေကို စော်ကားတာပါ
Covid အကူးခံပြီး မဲစာရင်းအတွက် လုပ်ကိုင်ပေးခဲ့တဲ့
ဆရာ/မ တွေဟာ ညဉ့်နက်တဲ့ထိ အလုပ်လုပ်ပေးခဲ့ရတာတောင် ကျေးဇူးကို စော်ကားခဲ့တာပါ
ဒါ့အပြင် မဲပေးခဲ့တဲ့ လူနည်းစု မဟုတ်သော
အလွှာအသီးသီးမှ ပြည်သူတွေကို စော်ကားခဲ့တာပါ
နောက်ဆုံးပြောချင်တာတစ်ခုက
ဒီ campaign ကို အဆုံးစွန်ထိ ထောက်ခံသွားဖို့ပါ ...
နောက်ပိုင်း လစာတိုးပေးမယ်ဆိုတဲ့ မက်လုံးတွေနဲ့ ဆွဲဆောင်ဖို့ရှိပါမယ် ဒါတွေကိုလည်း တောင့်ခံပေးကြပါ ...
အကြာကြီးမဟုတ်ပါဘူး လွန်ရောကျွံရော ၆လပေါ့ဗျာ
ဒါဟာ လူတိုင်းအတွက် အရေးပါတာပါ
ကျွန်တော်တို့ နောင်မျိုးဆက် ကလေးတွေကို
အကြောက်တရားတွေနဲ့ မကြီးပျင်းစေချင်လို့ပါ ရှင်...
ကျွန်တော်ယုံကြည်ပါတယ်
ကျွန်တော်တို့အားလုံး လုပ်နိုင်ရမယ် ...
copy paste