Aozora

Aozora

Share

🇯🇵 Japanese Language & Interview Training
📍 Kaiwa Online Classes (Myanmar–Japan)
📩 Message us to join

Photos from Aozora's post 26/04/2026

🇲🇲 မိမိနိုင်ငံအကြောင်း ဂျပန်လိုပြောနိုင်အောင် လေ့လာကြမယ် 📚

ဂျပန်ဘာသာစကားကို လေ့လာနေတဲ့သူတစ်ယောက်အနေနဲ့ကိုယ့်နိုင်ငံက အထင်ကရနေရာတွေကို ဂျပန်လိုရှင်းပြနိုင်တာ အရမ်းအရေးကြီးပါတယ်🙆‍♂️

ဒီတစ်ခါမှာတော့ ရွှေတိဂုံစေတီတော် အကြောင်းကို လေ့လာကြမယ်။
ရွှေတိဂုံစေတီတော်ဟာ မြန်မာနိုင်ငံရဲ့ အထင်ကရ ဘုရားတစ်ဆူဖြစ်ပြီးရန်ကုန်မြို့မှာ တည်ရှိပါတယ်။
နှစ်ပေါင်း ၂၅၀၀ ကျော် သမိုင်းရှိပြီးရွှေရောင်တောက်ပနေတဲ့ လှပမှုကြောင့် ကမ္ဘာလုံးဆိုင်ရာလူသိများပါတယ်✨

ဂျပန်သူငယ်ချင်းတွေကိုလည်း ကိုယ်တိုင်ရှင်းပြနိုင်အောင် လေ့ကျင့်ကြရအောင် 👍




Photos from Aozora's post 04/04/2026

✍️ ဂျပန်မှာ အလုပ်လျှောက်မယ့်သူများအတွက် 🌸
自己紹介 (မိမိကိုယ်ကိုမိတ်ဆက်စာ) ကို အသေးစိတ်နဲ့ နားလည်လွယ်အောင် ရေးနည်းကို မျှဝေပေးလိုက်ပါတယ်✨

အလုပ်လျှောက်တဲ့အချိန်မှာ 自己紹介 က အရမ်းအရေးကြီးပါတယ်။
ဒါက အလုပ်ရှင်ကို ကိုယ့်အကြောင်းကို ပထမဆုံးမိတ်ဆက်ပေးတဲ့အပိုင်းဖြစ်လို့ ပထမ impression ကိုဆုံးဖြတ်ပေးနိုင်ပါတယ်။

💡 ရေးတဲ့အခါ ထည့်သင့်တဲ့အချက်များ

1️⃣ ကိုယ့်အကြောင်းအတိုချုံး
👉 နာမည်၊ နိုင်ငံ၊ လက်ရှိအခြေအနေ (ကျောင်းသား / အလုပ်လုပ်နေ / အလုပ်ရှာနေ)

2️⃣ အတွေ့အကြုံ
👉 接客経験 (ဖောက်သည်ဝန်ဆောင်မှု), 販売経験 (ရောင်းချမှု) စတဲ့ အတွေ့အကြုံတွေရှိရင် ထည့်ရေးပါ။

3️⃣ ဘာသာစကား
👉 日本語レベル (N5 / N4 / N3…)
👉 စကားပြောနိုင်မှုကိုလည်း ထည့်ရေးပါ။

4️⃣ ကိုယ့်အားသာချက်
👉 ဥပမာ –
・コミュニケーションが得意(ဆက်သွယ်ပြောဆိုရတာကောင်း)
・責任感がある(တာဝန်ယူမှုရှိ)
・明るくて元気(ပျော်ရွှင်တက်ကြွ)

5️⃣ အလုပ်လုပ်ချင်တဲ့စိတ် (やる気)
👉 ကိုယ်ဘာကြောင့် အလုပ်လုပ်ချင်လဲ
👉 ဘယ်လိုကြိုးစားမလဲ

6️⃣ အဆုံးသတ်
👉 チームに貢献したいです
👉 よろしくお願いします

✨ အရေးကြီးတဲ့ Point
✔ တိုတိုရှင်းရှင်းရေးပါ
✔ အမှန်တကယ်ကိုယ့်အကြောင်းပဲရေးပါ
✔ Positive ဖြစ်အောင်ရေးပါ

🌱 自己紹介 က perfect ဖြစ်ဖို့ မလိုပါဘူး
ဒါပေမယ့် “ကြိုးစားချင်တဲ့စိတ်” နဲ့ “မှန်ကန်မှု” က အရေးကြီးဆုံးပါ။

ဒီနေ့ကစပြီး လေ့ကျင့်ရေးကြည့်ပါနော် ✨
အခွင့်အရေးတွေက ကိုယ့်လက်ထဲမှာပဲရှိပါတယ် 💪

#自己紹介 #アルバイト探し #日本で働く
#接客業 #ミャンマー人

Photos from Aozora's post 02/04/2026

🇯🇵 コンビニမှာ အသုံးဝင်မယ့် ဂျပန်စကားလေးများ🛒✨

コンビニကို သွားတဲ့အချိန်ပဲဖြစ်ဖြစ်၊ အလုပ်လုပ်တဲ့အချိန်ပဲဖြစ်ဖြစ် အသုံးဝင်တဲ့ စကားလေးတွေကို စုစည်းထားပါတယ်👍

လွယ်ကူပေမယ့် တကယ်လက်တွေ့မှာ အရမ်းအသုံးများတဲ့ စကားတွေဖြစ်လို့ သေချာလေ့ကျင့်ပြီး
သဘာဝအတိုင်း ပြောနိုင်အောင် ကြိုးစားကြရအောင်💪

နေ့တိုင်း နည်းနည်းချင်းစီ စလေ့လာရင်လည်း ဂျပန်စကားပြော တိုးတက်လာမှာပါ🌱✨

#ဂျပန်စာလေ့လာမယ် #コンビニ #နေ့စဉ်စကား #アルバイト #ဂျပန်ဘဝ #努力

Photos from Aozora's post 01/04/2026

ဘာသာစကားအသစ်တစ်ခုကို စတင်လေ့လာတဲ့အခါ
အခက်အခဲတွေရှိတတ်ပေမယ့်…
အနီးဆုံး၊ အသုံးအများဆုံး စကားလုံးတွေကနေ စလိုက်ရင် ပိုလွယ်ကူပါတယ် 💡

အဲ့ဒါကြောင့် ဒီနေ့မှာတော့
ဂျပန်စာကို စတင်လေ့လာနေသူများအတွက်
နေ့စဉ်အသုံးပြုနိုင်ပြီး အရမ်းအရေးပါတဲ့
👨‍👩‍👧‍👦 “မိသားစုအခေါ်အဝေါ်များ” ကို
sticker လေးတွေနဲ့ လွယ်လွယ်ကူကူ မှတ်မိနိုင်အောင် sharing လုပ်ပေးလိုက်ပါတယ်ရှင့် 🩵✨

မိသားစုဆိုတာ ❤️
ဘယ်ဘာသာစကားနဲ့ပဲခေါ်ခေါ်
အမြဲတမ်း အနွေးထွေးဆုံးနေရာဖြစ်နေတတ်ပါတယ်။

ဒီစကားလုံးလေးတွေကို
နေ့စဉ် conversation တွေထဲမှာ
နည်းနည်းစီ အသုံးပြုကြည့်ပါနော် 💬

အချိန်ကြာလာတာနဲ့အမျှ
သင့်ရဲ့ Japanese skill က တိုးတက်လာမှာ မလွဲပါဘူး 🌱

焦らなくても大丈夫です。
一歩ずつ、一緒に頑張りましょう 🌸




22/03/2026

📣 Aozora Japanese Talk 🇯🇵 – အသစ်ဖွင့်လှစ်ပါပြီ🙏

ဂျပန်ဘာသာကို လေ့လာနေသူများအတွက်
会話(かいわ)လေ့ကျင့်နိုင်ရန်Aozora Japanese Talk 🇯🇵 ကို စတင်ဖွင့်လှစ်လိုက်ပါပြီ 🌸

🌱 ဘာကြောင့် Aozora Japanese Talk 🇯🇵 ကို Join သင့်သလဲ?

📌 日本語(にほんご)ကို လက်တွေ့ အသုံးချလေ့ကျင့်နိုင်ခြင်း

📌 会話(かいわ)စွမ်းရည်ကို သဘာဝကျကျ တိုးတက်စေနိုင်ခြင်း

📌 初心者(しょしんしゃ)မှ 上級者(じょうきゅうしゃ)ထိ ပါဝင်နိုင်ခြင်း

👉 ဂျပန်စကားပြောကို တဖြည်းဖြည်း တိုးတက်ချင်သူများအတွက် Join လုပ်သင့်တဲ့နေရာတစ်ခုပါ နော် 🌱

🗓 စတင်မည့်နေ့
👉 ၄လပိုင်း ၁၈ ရက် (စနေ) / ၁၉ ရက် (တနင်္ဂနွေ)

🗓 開催日(かいさいび)
土曜日・日曜日

⏰ 開催時間(かいさいじかん)
🇯🇵 23:00 ~ 01:00(日本時間)
🇲🇲 20:30 ~ 22:30(မြန်မာအချိန်)

📚 受講期間(じゅこうきかん)
👉 3ヶ月

💰 参加費(さんかひ)
100,000 MMK

👉 ပါဝင်လိုပါက
Page မှတစ်ဆင့် Message ပို့၍ ဆက်သွယ်နိုင်ပါသည် 📩

皆さまのご参加を心よりお待ちしております。

🌸 一緒に頑張りましょう!


#日本語会話 #日本語勉強 #会話練習
#日本語初心者 #日本語学習

Photos from Aozora's post 14/03/2026

🇯🇵 ဂျပန်လူငယ်တွေကြား အသုံးများတဲ့ Slang / Casual Words

ဂျပန်မှာ လူငယ်တွေ conversation တွေမှာ အောက်ပါ စကားလုံးတွေကို မကြာခဏ အသုံးပြုကြပါတယ် 😄👇

🌟 やばい (Yabai)
👉 အရမ်းကောင်းတယ် / အရမ်းဆိုးတယ် / အံ့ဩစရာ

🌟 まじか (Majika)
👉 တကယ်လား? / Seriously? 😲

🌟 キモイ (Kimoi)
👉 မုန်းစရာ / စိတ်မကောင်းစရာ / creepy

🌟 りょうかい(了解)(Ryōkai)
👉 နားလည်ပြီ / OK / Got it

🌟 最高(さいこう)(Saikō)
👉 အကောင်းဆုံး / Awesome ✨

🌟 ありえない (Arienai)
👉 မဖြစ်နိုင်ဘူး / Unbelievable

🌟 ひどい (Hidoi)
👉 ဆိုးလွန်းတယ် / မတရားဘူး

✨ Japanese ကို Natural ဖြစ်အောင် ပြောနိုင်ဖို့ စာအုပ်ထဲက Japanese ပဲ မဟုတ်ဘဲ လူငယ်တွေ နေ့စဉ် conversation တွေမှာ အသုံးများတဲ့ Real Japanese expressions တွေကိုလည်း လေ့လာထားရင် အရမ်းအသုံးဝင်ပါတယ် 🇯🇵📚

ဒီလို Japanese words၊ expressions နဲ့ Japan culture ဆိုင်ရာ ဗဟုသုတတွေကို နောက်ထပ်လည်း ဆက်လက် Sharing လုပ်ပေးသွားမှာမို့ Page ကို Follow / Like လုပ်ထားဖို့ မမေ့ပါနဲ့နော် ✨







🇯🇵📚✨

Photos from Aozora's post 12/03/2026

🇯🇵 ဂျပန်နေ့စဉ်သုံးစကား (Daily Japanese Words)

ဂျပန်နိုင်ငံမှာ နေ့စဉ်ဘဝအတွင်း
လူတွေ မကြာခဏ အသုံးပြုကြတဲ့
ဂျပန်စကားလုံးများနှင့် စကားစုများ ကို
မျှဝေပေးလိုက်ပါတယ် 📚

ဂျပန်ဘာသာစကားကို လေ့လာနေသူများအတွက်
စကားလုံးအဓိပ္ပါယ်ကို သိရုံသာမက
အသုံးပြုပုံကိုပါ သိထားဖို့ အရေးကြီးပါတယ်။

ဒီလို ဂျပန်နေ့စဉ်သုံးစကားများ ကို
နောက်လည်း ဆက်လက် မျှဝေပေးသွားမယ်နော် 😊

#日本語勉強
#日本語会話
#日本語学習
#日本生活

Photos from Aozora's post 08/03/2026

Kanji လေးတွေက တကယ်စိတ်ဝင်စားဖို့ကောင်းပါတယ် 🇯🇵
ပထမဆုံးကြည့်လိုက်ရင် Kanji တွေက ခက်ခဲပြီး မှတ်ရခက်တယ်လို့ ထင်ရတတ်ပါတယ် 🤔💭
ဒါပေမယ့် သေချာကြည့်ပြီး လေ့လာသွားရင် Kanji တစ်လုံးချင်းစီမှာ အဓိပ္ပါယ်ရှိတဲ့ ပုံစံတွေ၊ စိတ်ဝင်စားဖို့ကောင်းတဲ့ အချက်လေးတွေ ပါဝင်နေတာကို တွေ့ရပါလိမ့်မယ် 📚✨

Kanji ကို နည်းနည်းချင်း လေ့လာသွားရင်း ပုံစံ၊ အသံထွက်၊ အဓိပ္ပါယ်တွေကို နားလည်လာတဲ့အခါ ဂျပန်စာကို သင်ယူရတာ ပိုပြီး လွယ်ကူလာသလို ပိုပြီး စိတ်ဝင်စားဖို့လည်း ကောင်းလာပါတယ် 😄🇯🇵

ဒီ Aozora Page မှာလည်း ဂျပန်စာကို စိတ်ဝင်စားတဲ့သူတွေ၊ JLPT ဖြေဖို့ ပြင်ဆင်နေတဲ့သူတွေ၊ Nihongo ကို စတင်လေ့လာနေတဲ့သူတွေအတွက် Vocabulary 📝 / Kanji Knowledge ✍️ / Kaiwa Tips 🗣️ / Japanese Culture 🇯🇵 စတဲ့ အသုံးဝင်တဲ့အကြောင်းအရာလေးတွေကို မကြာခဏ Sharing လုပ်ပေးသွားမှာပါ ✨

ဒါကြောင့် ဂျပန်စာကို စိတ်ဝင်စားတယ်ဆိုရင်
Page လေးကို Follow လုပ်ထားပြီး အတူတူ ဆက်လေ့လာကြရအောင်နော် 📚🇯🇵✨

🇯🇵 ✍️ 📚 ☁️

Photos from Aozora's post 07/03/2026

🇯🇵 生活(せいかつ) Vocabulary Sharing

ဂျပန်မှာနေထိုင်ရင်း မကြာခဏ ကြားရတဲ့
生活 (ဘဝနေထိုင်မှု) နဲ့ပတ်သက်တဲ့ စကားလုံးလေးတွေကို ဒီ Post မှာ Sharing လုပ်ထားပါတယ် 📚✨

ဂျပန်မှာ အလုပ်လုပ်နေသူတွေ၊ ကျောင်းတက်နေသူတွေ၊ ဒါမှမဟုတ် ဂျပန်ကို သွားဖို့ ပြင်ဆင်နေသူတွေအတွက် ဒီလို Vocabulary တွေက တကယ် လက်တွေ့အသုံးဝင်ပါတယ် 🇯🇵

ဒီလို စကားလုံးတွေကို သိထားရင်
ဂျပန်တွေ ပြောတဲ့ နေ့စဉ် Kaiwa (စကားပြော) တွေကို
ပိုပြီး နားလည်လာမှာ ဖြစ်ပါတယ် ✨

Save ထားပြီး တဖြည်းဖြည်း လေ့လာကြည့်ပါ 📖
ဂျပန်စာလေ့လာမှုအတွက် အထောက်အကူဖြစ်စေပါတယ်။ 🇯🇵

#日本語勉強


07/03/2026

💼 ဂျပန်မှာ 面接(めんせつ) – Interview သွားတဲ့အခါ သတိထားရမည့်အချက်များ 🇯🇵

① အချိန်တိကျမှု(時間厳守 / じかんげんしゅ)
⏰ Interview အချိန်မတိုင်ခင် ၅–၁၀ မိနစ်ခန့် စောရောက်ပါ။
ဂျပန်မှာ အချိန်တိကျမှုကို ယုံကြည်စိတ်ချရမှု အဖြစ် အလွန်အရေးကြီးစွာ သတ်မှတ်ကြပါတယ်။

② ဝတ်စားဆင်ယင်မှု(身だしなみ / みだしなみ)
👔 သန့်ရှင်းသပ်ရပ်ပြီး ရိုးရိုးရှင်းရှင်း ဝတ်ဆင်ပါ။
• အနက် / မဲရောင် / အပြာရောင် အကျီ
• ဆံပင် သပ်သပ်ရပ်ရပ်
• မိတ်ကပ်နှင့် လက်ဝတ်လက်စား များများ မသုံးသင့်ပါ။

③ မိမိကိုယ်ကို မိတ်ဆက်ခြင်း(自己紹介 / じこしょうかい)
🗣️ အသံရှင်းလင်းပြီး ပြတ်ပြတ်သားသား ပြောပါ။
အမည် + အတွေ့အကြုံ / လေ့လာနေသည့်အရာ ကို
တိုတိုချုပ်ချုပ် မိတ်ဆက်နိုင်အောင် ကြိုတင်ပြင်ဆင်ထားပါ။

④ အမူအရာနှင့် အပြုအမူ(態度・マナー / たいど・マナー)
🙏 ဝင်တဲ့အခါ၊ ထွက်တဲ့အခါ お辞儀(おじぎ) လေး ပြုလုပ်ပါ။
👀 Interview လုပ်နေသူကို မျက်လုံးနဲ့ ကြည့်ပြီး သေချာနားထောင်ပါ။
📵 ဖုန်းကို Silent / Off လုပ်ထားပါ။

⑤ မေးခွန်းဖြေတဲ့အခါ(受け答え / うけこたえ)
✔️ မေးတဲ့အရာကို တိုတိုနဲ့ တိတိကျကျ ဖြေပါ။
✔️ မသိပါက မသိကြောင်း ယဉ်ကျေးစွာ ပြောပါ။
❌ မသေချာတဲ့အရာတွေကို မမှန်ဘဲ မပြောသင့်ပါ။

⑥ နောက်ဆုံးပိတ်(最後に / さいごに)
🙏 Interview ပြီးဆုံးချိန်တွင်

「本日はお時間をいただき、ありがとうございました。」

လို့ ပြောပါက အလွန်ယဉ်ကျေးပြီး ကောင်းမွန်တဲ့ အမှတ်အသား ဖြစ်ပါတယ်။

📌 မှတ်သားရန်
ဂျပန်အင်တာဗျူးတွေမှာ

👉 ဂျပန်စကားကို ပြောနိုင်ခြင်းထက်
👉 態度(たいど) – အပြုအမူ
👉 責任感(せきにんかん) – တာဝန်ခံမှု

တွေကို ပိုမိုအရေးကြီးစွာ ကြည့်ကြပါတယ်။

✨ အားလုံးပဲ Interview အောင်မြင်ကြပါစေ ☺

#面接



#ဂျပန်ဗဟုသုတ 🇯🇵

04/03/2026

🌸✨ Cherry Blossom 2026 ✨🌸

🇯🇵 ဂျပန်နိုင်ငံတစ်လျှောက် Sakura ပန်းပွင့်ရာသီရောက်လာပြီ 🇯🇵💗
ပန်းဖူးဖွင့်ချိန်နဲ့ ပန်းအပြည့်ပွင့်ချိန်ကို မလွတ်အောင် Date လေးတွေ Save ထားကြနော် 🌸

📍 Tokyo (ပန်းအပြည့်ပွင့် – March 26 ဝန်းကျင်)

🌸 Ueno Park – March 24–28
👉 Sakura လမ်းတန်းအရှည်ကြီးနဲ့ ပျော်ပွဲစားသွားဖို့ အရမ်းကောင်း 🍱🌸

🌸 Meguro River – March 23–27
👉 မြစ်ဘေးတစ်လျှောက် Sakura ပန်းရိပ်အောက်မှာ လမ်းလျှောက်ရတာ အရမ်းလှ ✨

📍 Kyoto (ပန်းအပြည့်ပွင့် – March 31 ဝန်းကျင်)

🌸 Maruyama Park – March 29–April 2
👉 ရိုးရာမြို့တော်အလှနဲ့ Sakura ပန်းပေါင်းစပ်ပြီး ဓာတ်ပုံရိုက်လို့ အရမ်းကောင်း 📸🌸

📍 Nara (ပန်းအပြည့်ပွင့် – March 31 ဝန်းကျင်)

🌸 Nara Park – March 29–April 2
👉 သဘာဝပတ်ဝန်းကျင်နဲ့ သမင်လေးတွေကြားမှာ Sakura ပန်းပွင့်အလှကို ခံစားနိုင် 🦌🌸

📍 Aomori (ပန်းအပြည့်ပွင့် – April 22 ဝန်းကျင်)

🌸 Hirosaki Park – April 20–24
👉 နန်းတော်နောက်ခံနဲ့ Sakura ပန်းပွင့်လမ်းကြားတွေ အရမ်းလှ 🌸🏯

✨ Sakura ပန်းအပြည့်ပွင့်ရက် မတိုင်ခင် ၂–၃ ရက်ကနေ သွားရင် အလှဆုံးပါနော် 🌸

ဒီနှစ် 🌸花見🌸ကို ဘယ်မြို့တွေသွားကြည့်ကြမလဲ?

ပြီးတော့ နောက်တစ်ခု မမေ့ဖို့လည်း သတိပေးချင်ပါတယ်😋Hanami သွားရင်🍡Dangoလေးစားကြည့်ပါနော်😋

🍡 Dango (だんご) ဆိုတာက

👉 ဆန်မှုန့်နဲ့လုပ်ထားတဲ့ မုန့်လုံးလေးတွေကို တုတ်တစ်ချောင်းထဲ ချည်ပြီး ရောင်းတဲ့ ဂျပန်ရိုးရာအချိုမုန့်ပါ။
👉 Hanami (Sakura ကြည့်ပွဲ) သွားတဲ့အခါ လူတွေ အများဆုံး ဝယ်စားကြတဲ့ မုန့်တစ်မျိုးပါ 🌸

အထူးသဖြင့် 🌸 Hanami Dango လို့ခေါ်တဲ့ အမျိုးအစားမှာ ပန်းရောင် – အဖြူ – အစိမ်း ၃ရောင် ပါပြီး နွေဦးရာသီကို ကိုယ်စားပြုထားပါတယ် 💕

Sakura ပန်းကြည့်ရင်း 🍡 Dango လေးကိုင်ပြီး ဓာတ်ပုံရိုက်ရင်Hanami Mood အပြည့်ပဲနော် 😁🌸

――――――――――

📚🇯🇵 March Kaiwa Class (စကားပြောတန်း) ဖွင့်လှစ်ထားပါပြီ🌸

Sakura ကြည့်ရင်း ဂျပန်စကားလည်း ပိုမိုကျွမ်းကျင်လာချင်ရင်March လ Kaiwa တန်းကို Join လုပ်လို့ရပါပြီ 😍

📍အသေးစိတ် Page Messenger ကတဆင့်ဆက်သွယ်ပေးပါရန် 🙏


#ဂျပန်နွေဦး 🌸🇯🇵

03/03/2026

🎎 ひな祭(まつ)り について(詳(くわ)しく)覚えましょう!

① ひな祭りとは?

ひな祭(まつ)りは、毎年(まいとし)3月3日(さんがつみっか)に行(おこな)われる日本(にほん)の伝統行事(でんとうぎょうじ)です。
→ ひな祭り သည် နှစ်စဉ် မတ်လ ၃ ရက်နေ့တွင် ကျင်းပသော ဂျပန်ရိုးရာပွဲတော် ဖြစ်ပါသည်။

「桃(もも)の節句(せっく)」とも呼(よ)ばれます。
→ ၎င်းကို “မုန်တိုင်းပန်းပွင့်ရာသီပွဲ” ဟုလည်း ခေါ်ကြသည်။

女(おんな)の子(こ)の健(すこ)やかな成長(せいちょう)と幸(しあわ)せを願(ねが)う日(ひ)です。
→ မိန်းကလေးများ ကျန်းမာစွာ ကြီးထွားဖွံ့ဖြိုးပြီး ပျော်ရွှင်စေရန် ဆုတောင်းပေးသည့်နေ့ လည်းဖြစ်ပါသည်။

② ひな祭りの由来(ゆらい)

昔(むかし)、紙(かみ)で作(つく)った人形(にんぎょう)に自分(じぶん)の悪(わる)い運(うん)や病気(びょうき)を移(うつ)して、川(かわ)に流(なが)す風習(ふうしゅう)がありました。
→ အရင်ခေတ်က စက္ကူအရုပ်များထဲသို့ မကောင်းမှုများနှင့် ရောဂါများကို လွှဲပြောင်းထည့်ပြီး မြစ်ထဲသို့ စီးဆင်းစေသော အစဉ်အလာ ရှိခဲ့ပါသည်။

これが、ひな人形(にんぎょう)を飾(かざ)る文化(ぶんか)の始(はじ)まりと言(い)われています。
→ ထိုအစဉ်အလာမှ ひな人形 ကို အလှဆင်စီထားသည့် ယဉ်ကျေးမှု စတင်ခဲ့သည်ဟု ဆိုကြပါသည်။

③ ひな人形について

ひな人形(にんぎょう)は、天皇(てんのう)と皇后(こうごう)を表(あらわ)すお内裏様(だいりさま)とお雛様(ひなさま)を中心(ちゅうしん)に飾(かざ)ります。
→ ひな人形 သည် ဘုရင်နှင့် ဘုရင်မ ကို ကိုယ်စားပြုသော အရုပ်များကို အလယ်ဗဟိုထား၍ စီထားသည်။

その下(した)には、三人官女(さんにんかんじょ)、五人囃子(ごにんばやし)、随身(ずいじん)などが並(なら)びます。
→ အောက်အဆင့်များတွင် နန်းတွင်းဝန်ထမ်းများနှင့် တူရိယာသမားများ အရုပ်များကို စီထားကြသည်။

④ 食べ物(たべもの)と意味(いみ)

ひなあられは、健康(けんこう)と幸(しあわ)せを願(ねが)うお菓子(かし)です。
→ ひなあられ သည် ကျန်းမာရေးနှင့် ကံကောင်းမှုအတွက် ဆုတောင်းသည့် မုန့်ဖြစ်သည်။

菱餅(ひしもち)は、緑(みどり)・白(しろ)・桃色(ももいろ)の三色(さんしょく)があります。
→ 菱餅 သည် အစိမ်း၊ အဖြူ၊ ပန်းရောင် သုံးရောင် ပါဝင်သည်။

緑は健康(けんこう)、白は清潔(せいけつ)、桃色は魔除(まよ)けの意味(いみ)があります。
→ အစိမ်းသည် ကျန်းမာရေး၊ အဖြူသည် သန့်ရှင်းမှု၊ ပန်းရောင်သည် မကောင်းမှုကာကွယ်ခြင်းကို ဆိုလိုသည်။

⑤ まとめ

ひな祭(まつ)りは、日本(にほん)の春(はる)の訪(おとず)れを感(かん)じる大切(たいせつ)な行事(ぎょうじ)です。
→ ひな祭り သည် ဂျပန်နွေဦးရာသီရောက်ရှိမှုကို ခံစားနိုင်သည့် အရေးကြီးသော ပွဲတော်တစ်ခု ဖြစ်ပါသည်။

文化(ぶんか)を学(まな)ぶことは、言葉(ことば)だけでなく心(こころ)も理解(りかい)することです。
→ ယဉ်ကျေးမှုကို လေ့လာခြင်းသည် စကားလုံးများသာမက ဂျပန်လူမျိုး တို့၏စိတ်ဓာတ်ကိုပါ နားလည်ခြင်း ဖြစ်သည်။

🗣 ただいま、日本語(にほんご)会話(かいわ)クラス開講中(かいこうちゅう)です。
→ လက်ရှိ ဂျပန်စကားပြော Kaiwa တန်း ဖွင့်လှစ်ထားပါသည်။

どなたでもご参加(さんか)いただけます。お友達(ともだち)との参加(さんか)も大歓迎(だいかんげい)です。
→ မည်သူမဆို Join လုပ်နိုင်ပါသည်။ သူငယ်ချင်းများနှင့်အတူ လာတက်လည်း ရပါတယ် 🥰

一緒(いっしょ)に楽(たの)しく日本語(にほんご)を話(はな)しましょう 🇯🇵✨
→ အတူတူ ပျော်ပျော်ရွှင်ရွှင် ဂျပန်စကား ပြောလေ့လာကြရအောင် 🇯🇵✨

📍အသေးစိတ် Page Messenger ကတဆင့် ဆက်သွယ်မေးမြန်းနိုင်ပါတယ်ရှင်🙏🙆‍♀️

#日本語会話

#日本語勉強
#にほんご



#ミャンマー日本語

Want your school to be the top-listed School/college in Ahlone?

Click here to claim your Sponsored Listing.

Location

Telephone

Website

Address

Ahlone