TKEC Day Care & Pre-School Mandalay

TKEC Day Care & Pre-School Mandalay Education

ကလေးက ဘယ်သူနဲ့တူလို့တော်တာလဲဆိုသူများဖတ်ဖို့ 🤭😄မျိုးရိုးဗီဇပညာရှင်တွေကလေနောက်ဆုံးတွေ့ရှိချက်အရ ကလေးငယ်တစ်ယောက်ရဲ့ ဥာဏ်ရည...
19/10/2024

ကလေးက ဘယ်သူနဲ့တူလို့
တော်တာလဲဆိုသူများဖတ်ဖို့ 🤭😄

မျိုးရိုးဗီဇပညာရှင်တွေကလေနောက်ဆုံးတွေ့ရှိချက်အရ
ကလေးငယ်တစ်ယောက်ရဲ့ ဥာဏ်ရည်သည်
မိခင်ဖြစ်သူပေါ်မှာ အဓိကမူတည်ပါတယ်တဲ့။

ပုံမှန်အားဖြင့်
မိခင်ဖြစ်သူမှာ X chromosomes 2 ခုပါပြီး၊
ဖခင်မှာ X chromosome နဲ့ Y chromosome
တခုစီပါပါတယ်၊

အဆိုပါ XX နဲ့ XY အထဲကမှ
ကလေးရဲ့ intelligence ဖွံ့ဖြိုးမှုဟာ
မိခင်ရဲ့ X chromosome ကနေဆင်းသက်တယ်လို့
အသစ်တွေ့ရှိတာပါ။

ဒါကြောင့် သင်ဟာ problem solving skill တို့
creative thinking တို့ကောင်းတယ်ဆိုရင်
သင့်မိခင်ကိုကျေးဇူးတင်လိုက်ပါ။

ဥပမာထပ်ပေးရရင်
ဥာဏ်ရည်မြင့်တဲ့ မျိုးရိုးဗီဇလိုချင်လို့
သိပ္ပံပညာရှင်ကြီးတွေထံ အလှုခံရင်အလကားပါပဲ၊

အဲဒီအစား သူတို့ အမေ သို့မဟုတ်
အဘွားရဲ့ မျိုးရိုးဗီဇကိုသာအလှုခံပါ။

စိတ်ဝင်စားစရာကောင်းလို့
ဖတ်မိတာကိုနားလည်သလောက်ဘာသာပြန်ထားတာပါ။

Credit

17/05/2024

KG ပြီးဆုံးတဲ့ကျောင်းသားတစ်ယောက်မှာ ဒါတွေကျွမ်းကျင်ပြီးမြောက်ပြီးသားဖြစ်ရပါမယ်…

1. အရောင်တွေကို သိရပါမယ်
2. ဘယ်ဖက်လက်၊ ညာဖက်လက်ကို သိရပါမယ်
3. မိမိအိမ်လိပ်စာကို ပြောပြတတ်ရပါမယ်
4. ဖခင်အမည်၊ မိခင်အမည် ပြောပြတတ်ရပါမယ်
5. ရက်သတ္တပတ်နေ့ရက်တွေကို ပြောပြတတ်ရပါမယ်
6. နွေ၊ မိုး၊ ဆောင်း ရာသီဥတုတွေကို ပြောပြတတ်ရပါမယ်
7. ခု၊ ဆယ်၊ ရာ၊ ထောင် ငွေကြေးအသုံးကို ပြောပြတတ်ရပါမယ် (ခု နဲ့ ဆယ်ကတော့ မသုံးသလောက်ဖြစ်၍ အနည်းငယ်အခက်အခဲတွေ့နိုင်)
8. မိမိနာမည်ကို ဖတ်တတ်ရပါမယ်
9. မိမိနာမည်ထဲက ပထမအမည်စာလုံးကို ရေးတတ်ရပါမယ်
10. ကိန်းဂဏန်း ၂၀ အထိ ရေတွက်နိုင်ရပါမယ်
11. စာအုပ်ကို အတည့်အတိုင်း ကိုင်တွယ်နိုင်ရပါမယ်
12. ပုံပြင်ဖတ်ပြတာကို ကောင်းကောင်း နားထောင်တတ်ရပါမယ်
13. ကာရံစကားလုံး (rhymes) များကို သတိထားတတ်ရပါမယ်
14. KG သီချင်းများ သီဆိုတတ်ရပါမယ်
15. သီချင်းထဲက စာသားအတိုင်း လိုက်လုပ်တတ်ရပါမယ်
16. ရွှံ့၊ ရွှံ့တု စသည်တို့ဖြင့် ကစားတတ်ရပါမယ်
17. ပုံဆွဲ၊ ရောင်စုံခြယ်တတ်ရပါမယ်
18. ပန်းချီဆေးဖြင့် ပုံဆွဲတတ်ရပါမယ်
19. ကတ်ကြေးအသုံးပြု၍ စာရွက် ဖြတ်/ညှပ်တတ်ရပါမယ်
20. ဘလော့တုံးလေးများ တည်ဆောက်ဆော့ကစားတတ်ရပါမယ်
21. သဲကန်အတွင်း သဲများဖြင့် အဆင်ပြေစွာ ဆော့ကစားတတ်ရပါမယ်
22. သစ်စေ့လေးများဖြင့် အပင်လေးတွေစိုက်တတ်ရပါမယ်
23. အစားအစာတစ်မျိုးမျိုး ချက်ပြုတ်ပြင်ဆင်တဲ့အတွေ့အကြုံတစ်ခုခု ရှိထားရပါမယ်
24. အပ်နှင့် အပ်ချည် အသုံးပြုတတ်ရပါမယ်
25. တကိုယ်ရည်သန့်ရှင်းမှု ဂရုပြုတတ်ရပါမယ်
26. ခြေသည်းလက်သည်း သန့်ရှင်းနေစေရန် ဂရုပြုတတ်ရပါမယ်
27. ထမင်းစားစဉ် လက်ကိုင်ပုဝါအား ကောင်းစွာ အသုံးပြုတတ်ရပါမယ်
28. စည်းကမ်းရှိရှိ စားသောက်တတ်ရပါမယ်
29. မိမိကိုယ်တိုင် ဖိနပ်စီး/ခြေနင်းကြိုးချည် လုပ်ဆောင်တတ်ရပါမယ်
30. ယဉ်ယဉ်ကျေးကျေး ပြောဆိုတတ်ရပါမယ်
31. တဖက်သားအပေါ် ကြင်နာတတ်သလို ကူညီပေးတတ်ရပါမယ်
32. အများနဲ့ဆောင်ရွက်စဉ် လုမလုပ်ပဲ မိမိအလှည့်ရောက်ရန် စောင့်နေတတ်ရပါမယ်
33. ကစားစရာနှင့် အခြားအများပိုင်ပစ္စည်းများအား အသုံးပြုပြီး နေရာတကျ ပြန်ထားတတ်ရပါမယ်
34. မိမိနေရာမှာ ငြိမ်ငြိမ်ထိုင်ပြီး တစ်ခုခုပြောစရာရှိလျင် လက်မြှောက်ပြပြီး အခွင့်တောင်းတတ်ရပါမယ်
35. မိမိ၏ စာသင်စားပွဲခုံအား စာရေးကိရိယာများဖြင့် ရှုပ်ပွမနေအောင် ထားတတ်ရပါမယ်
36. ကျောင်းမှ အိမ်အပြန် မိမိ၏ပစ္စည်းပစ္စယများအား သေချာစစ်ဆေးတတ်ရပါမယ်

မူလတန်းမှ အလယ်တန်းအထိ ကလေးများအတွက် Fun Brainကလေးတွေ အိမ်မှာ စာဖတ်နေဖို့အရေးကြီးပါတယ်။ အိမ်မှာ Internet ရှိသူ မိဘများကို...
02/05/2024

မူလတန်းမှ အလယ်တန်းအထိ ကလေးများအတွက် Fun Brain

ကလေးတွေ အိမ်မှာ စာဖတ်နေဖို့အရေးကြီးပါတယ်။

အိမ်မှာ Internet ရှိသူ မိဘများကို Fun Brain ဆိုတဲ့ free သုံးလို့ရတဲ့ website လေးကို မိတ်ဆက်ပေးချင်ပါတယ်။ KG မှ Grade 8 အထိ သင့်တော်ပါတယ်။

ဒီ website မှာ ကလေးတွေ အင်္ဂလိပ်စာဖတ်မှုစွမ်းရည် reading skills တိုးတက်စေဖို့ ပုံပြင်စာအုပ်လေးတွေ အများကြီး ဖတ်ဖို့ တင်ပေးထားပါတယ်။

အင်္ဂလိပ်စာအပြင် သင်္ချာအတွက်လည်း topic အလိုက် interactive game လေးတွေ ဆော့ဖို့ အများကြီးပေးထားတယ်။ comics တွေလည်းပါတယ်။

ကျွန်တော် သဘောအကျဆုံးကတော့ Reading section ပါပဲ။
အောက်မှာပေးထားတဲ့ link လေးကို နှိပ်ပြီး ဝင်ကြည့်နိုင်ပါတယ်။

https://www.funbrain.com/books

22/10/2023

** ပထမနှစ်ဝက် ကျောင်းပိတ်ရက်‌ ကြေငြာခြင်း**

DailyClass နဲ့ Online အတန်းများအတွက် ပထမနှစ်ဝက် ‌ကျောင်းပိတ်ရက်ဟာ **အောက်တိုဘာ ၂၂ရက်** နေ့တွင် စတင်မည်ဖြစ်ပြီး **အောက်တိုဘာ ၃၁၊ ၂၀၂၃** အထိဖြစ်ပါတယ်။
Young Learners Weekends Class များကတော့ October 27 ရက် မှာ စတင်ပိတ်ပါမည်
Young Learners Weekends အတန်းများကို နိုဝင်ဘာ ၄ရက်နေ့မှာ ပြန်လည်ဖွင့်လှစ်မှာဖြစ်ပြီး Daily Class နဲ့ Online တန်းများကိုတော့ ၁ရက်နေ့မှစပြီး အတန်းအလိုက် သက်ဆိုင်ရာရက်များမှာ ပုံမှန်အတိုင်း ပြန်လည် ဖွင့်လှစ်သွားမှာ ဖြစ်ပါတယ်။

လူကြီးမင်းတို့မိသားစု မင်္ဂလာရှိတဲ့ သီတင်းကျွတ် အားလပ်ချိန်ကို ပျော်ရွှင်စွာ ဖြတ်သန်းနိုင်ပါစေလို့လည်း တောင်းဆုပြုအပ်ပါတယ်။

ပျော်ရွှင်သောအားလပ်ရက်ဖြစ်ပါစေ။

TKECTeam

24/05/2023
2023-2024 ပညာသင်နှစ်KG to G6🕵️‍♂️ 👩‍⚕️ သားသား / မီးမီးလေးများဘက်စုံထူးချွန်ပြီး ဥာဏ်ရည်ထက်မြက်သောလူတော်လူကောင်းလေးများ ဖ...
28/04/2023

2023-2024 ပညာသင်နှစ်
KG to G6
🕵️‍♂️ 👩‍⚕️ သားသား / မီးမီးလေးများ
ဘက်စုံထူးချွန်ပြီး ဥာဏ်ရည်ထက်မြက်သော
လူတော်လူကောင်းလေးများ ဖြစ်လာစေရန် TKEC Education Center မှ
ရှေ့ဆက်ပြီးလည်း အကောင်းဆုံးကြိုးစား
သွားမှာ ဖြစ်သလို ယုံကြည်စွာ အပ်နှံကြတဲ့
မိဘများကိုလည်း ကျေးဇူးအထူးတင်ရှိ
ပါသည် 🙏🏽🙏🏽🙏🏽
🗣 🗣 🗣 #ရှေ့ဆက်ပြီးလည်း
"TKEC Education Center " ကျောင်းတော်ကြီးအနေနဲ့ လူကြီးမင်း တို့၏ ယုံကြည်မှု အားကိုးမှု တွေနဲ့ ထိုက်တန်တဲ့ ပံ့ပိုးမှု ကြိုးစားမှု အားဖြည့်မှုတွေကို အကောင်းဆုံး လုပ်ဆောင် ကြိုးစားပေးသွားမှာဖြစ်ကြောင်း မိဘများအား အသိပေးအပ်ပါတယ် ရှင်🎈 🎈 🎈
✅ သင်ကြားရေးမှာဆိုရင်တော့
👉 အစိုးရသင်ရိုးအပြင် ထပ်ဆောင်းသင်ကြားပေးမည့် ဘာသာရပ်များ
- English Speaking 4 Skills
-Oxford Maths
-Computer (Coding)
- Phonics
- Art & Craft
- Music
-Physical Exercise
တို့ကိုလည်း စာသင်နှစ်အပြည့် သင်ကြားပေးသွားမှာ ဖြစ်ပါတယ် 💕
👍 ကဲ ဘာလိုသေးလဲ
ဘက်စုံပညာရေးခေတ်မှာ သားသား/မီးမီးလေးတွေ ဘက်စုံထူးချွန်စေဖို့
အပြေးလေးအမြန် အပ်နှံထားမှ စိတ်ချရမှာနော် OK👌

🏛ကျောင်းအပ်စတင်လက်ခံပြီ 🏛
(လူဦးရေကန့်သတ်ထားပါသည်)
👉 လက်ခံရာနေရာ
ပန/181 ၊ကျိုက်ထီးရိုးလမ်း
ပေါက် နေရပ်ကွက် ၊နမ့်ခမ်းမြို့
09-444412112
09-966266626
09-444121112

25/03/2023

Summer Art & Craft

13/11/2022

ဆရာအမည်ခံတော့မယ်ဆိုရင်..

ကလေးတစ်ယောက်ကို စာသင်တာ
လွယ်တယ်ထင်ပြီး စာတွေဖတ်တတ်လာရင်
စာလုံးတွေပေါင်းတတ်လာရင် သင်တတ်ပြီလို့ အတွေးမှား
အယူမမှားစေချင်ဘူး။

စာသင်ဖို့အတွက် ပထမဆုံး professional teaching
Methods ကို ကောင်းကောင်းသိရပါမယ်။

ကလေးတွေက ဉာဏ်ရည်မတူကြပါဘူး။
သင်ယူချိန်မှာ
ဒီကလေးက တတ်မြောက်မှုမြန်ပေမယ့် ကိုယ့်ကလေးက
တတ်မြောက်မှုနှေးနေတတ်တာကိုလည်း ကြုံဖူးကြမှာပါ။

တစ်ချို့ မေမေအချို့ စာတွေသင်မိနေတဲ့အခါ ‌မှားယွင်းနေတာ
အတွက် ဝေမျှချင်တာပါ။

ဘာသာရပ်တခုကိုသင်တော့မယ်ဆိုရင် ဥပမာ english ပေါ့။
Lesson plan အရင်ပြင်ထားရပါတယ်။

ကိုယ့်ကလေးက ဘယ်လောက်ထိ အခြေခံပါလဲ။
A to Z သိပြီလား။
မသိသေးရင် အသက်ဘယ်လောက်ဖြစ်ဖြစ် အခြေခံကစသင်ရပါမယ်။

စနစ်တကျရော ရေးတတ်ပြီလား။
မရေးတတ်ရင် အစကနေပဲ ပြန်သင်ရပါမယ်။

‌ကလေးကို အလိုလိုက်မိနေလား။
သင်ချင်တဲ့အချိန်သင်လိုက် မရေးချင်ပစ်ထားလိုက်။
မေ့လောက်မှ ထသင်လိုက်ဆိုပြီး
အချိန်မှန်မှန် မသင်ယူရင်လည်း မရပါဘူး။

တစ်နေ့ဘယ်လောက်သင်ရမလဲ။
ကလေးရဲ့ အာရုံစူးစိုက်မှုကို ထည့်တွက်ပြီး စိတ်ဝင်စားမှု
အချိန်လောက်သာ သင်ကြားတတ်ရပါမယ်။
စာဖတ်နိုင်တယ်ရေးနိုင်တယ်ဆ်ုပြီး ဇွတ် ထိုးထည့်ပြီးသင်လို့
မရပါဘူး။

ဖြည်းဖြည်းနဲ့အချိန်မှန်မှန် သင်ပေးရပါမယ်။
နည်းနည်းချင်း စုလာရတဲ့သဘောပါပဲ။
စိတ်ရှည်ရမယ်။
ကလေးကို နားလည်တတ်ရပါမယ်။

English speaking ပြောတတ်ချင်တယ်။
ပြောတတ်ချင်ရင် အခြေခံကနေ ဖြည်းဖြည်းပဲသွားရပါမယ်။
ဇွတ်သင်နေလို့လည်း မရပါဘူး။

နောက်တခုက ဆရာအယူမှားတတ်တာပါ။
ဘယ်သူနဲ့ပဲသင်သင် professional teacher နဲ့သာသင်ပါ။

ဆရာဖြစ်လာဖို့အတွက်
Child psychology
Lesson plan
Teaching methods
Teaching process
Teaching knowledge
Teaching aids
Time limit
Assessment

Daily lesson plan
Weekly lesson plan
Monthly lesson plan စသဖြင့် တကယ်သင်တတ်သူ ဆရာအများစုက အဲ့အတိုင်းသွားကြတယ် ...

Subject တစ်ခုကို စာဖတ်တတ်ရုံနဲ့မသင်ကြဘူး။
တစ်ချို့ english စာသင်တာတော်ရင် တော်မယ်။
ကလေးကျ စိတ်မရှည်တတ်ဘူး။
ကလေး ဝေယျာဝစ္စ စာသင်နေရင်း မလုပ်ပေးချင်ဘူး။
စာကို စာလိုပဲ သင်ချင်တယ်။
တခြားဟာ ထလုပ်ပေးရရင် စိတ်မရှည်တော့ဘူး
လူကြီးတွေသင်သလိုပဲ သင်ချင်တယ်။
အဲ့လိုလည်း မရပါဘူး။

အငယ်တန်းသင်ရင် early childhood care and
Development ကိုပါ တာဝန်ပူးတွဲယူရပါတယ်။
Care ကို % များများ လုပ်ရင်း တွဲသင်ရတာပါ။

ဒီတော့ မိမိကလေးအသက်အတိုင်း ကလေးပိစိတွေကိုပါ
စသင်တဲ့ဆရာတွေဆီ အပ်ပါ။
ပိစိလေးတွေသင်ရတာ ပိုခက်တော့ ကလေးအကြောင်း
ကောင်းကောင်းသိမှ အဆင်ပြေမှာမို့ပါ။

ဆရာဆိုတာ ဘာဘွဲ့ ဘာလက်မှတ်ဆိုတာကို ထိုက်သင့်သလောက်တော့ အရေးပါပါတယ်။
သို့သော်
သင်ကြားနေချိန်မှာ ဘယ်လိုတတ်မြောက်အောင် သင်သွားလဲ
ဆိုတဲ့ experience က ဆရာတယောက်ရဲ့ သင်နေချိန်မှာ
သူ့အချိန်အလိုက် teaching process က ပိုအရေးပါပါတယ်။

ဆရာလောကမှာတောင်
မူကြိုဆရာ
မူလတန်းပြဆရာ
အလယ်တန်းပြဆရာ
အထက်တန်းပြဆရာစသဖြင့် ကလေးတွေသင်ရတဲ့ အတွေ့အကြုံက ကွာခြားကြပါတယ်။
ဘယ်ဟာမှ မလွယ်ပါဘူး။

ပညာရေးက သင်ရတာလွယ်ထင်ပေမယ့်
သင်ကြားရေးကတော့ နက်နဲတာမို့
ကလေးတွေအတွက် သေချာလေး သင်ကြပါ။

အချို့မေမေများ စာသင်တဲ့အခါ
မိမိစိတ်ရှိသလို ဇွတ်ထိုးပြီး စာတွေကို ခေါင်းထဲအတင်း
ဖိထည့်ခြင်း ရှောင်ကြပါလို့ပဲ အကြံပေးပါရစေ။

မေမေတွေ သင်ချင်တယ်ဆိုရင် အရင်ဆုံး
Teaching knowledge
Teaching methods
Child psychology စသဖြင့် သင်တန်းတွေကိုအရင်တက်ပြီးမှသာ သင်ကြပါလို့အကြံပေးပါရစေ။

Credit to

Tr Bella ...

10/10/2022

ဝါလကင်းလွတ်သီတင်းကျွတ်မှာ ကောင်းခြင်းမင်္ဂလာအဖြာဖြာနဲ့ပြည့်စုံနိုင်ကြပါစေလို့ ဆုမွန်ကောင်းတောင်းပေးလိုက်ပါတယ်။ လုပ်ငန်းစီးပွားများလည်း အောင်မြင်တိုးတက်ပြီး ဘေးအန္တရာယ်ကင်းရှင်းကြပါစေ 😊😊😊

04/07/2022

တစ်နေကုန် ဖုန်းကြည့်၊ you tube ကြည့်ပြီး
မြန်မာစကားတောင် မပြောတတ်ဘဲ ဘိုလိုတွေဘဲ
ပြောတတ်တဲ့ ကလေးတွေ ဒီခေတ်အတော်ပေါလာပါပြီ
သာမန်ကြည့်ရင် ကလေးကတော်လိုက်တာပေ့ါ
တကယ်တော့ screetime များပြီးside effects တွေပိနေတဲ့ ကလေးတွေ ဖြစ်လာတာပါ

သင်တန်းမှာလာတဲ့ အချို့ကလေးတွေ
အသက် ၅ နှစ်ပြည့်ပြီးတာတောင်
ခဲဖျက်တောင် လက်ထဲမြဲအောင် မကိုင်နိုင်တော့တာ
Grip တွေမကောင်းတော့တာ
Body က passive ဖြစ်ပြီး
သေးသေး လီလီ ဖြစ်နေတာတွေ
လက်တွေ့ မြင်နေရပါတယ် …

ဘိုစကားတတ်ဖို့က
တစ်နေ့နည်းနည်း သင်လည်းတတ်ပါတယ်
လောဘမကြီးပါနဲ့
ဖုန်းအပေးလွန်ပြီး
ကလေး physical/ mental abnormal ဖြစ်သွားတာက
ပိုဆိုးပါတယ်

♦️♦️♦️♦️♦️♦️

မိဘများအချိန်ပေးပြီးဖတ်ပေးပါရန်💕💕💕

ယနေ့မှစ ကလေးငယ်များကိုဖုန်းဖြတ်ကြပါရန်။မည် မည်သူမှ ဖုန်းမပြရန်တောင်းဆိုချင်ပါသည်။

ဖုန်းနဲ့ ငြိမ်တယ်
ကလေး၏ လူမှု့ဘ၀ပါ ငြိမ်သွားစေနိုင်ပါတယ်။
ကလေးများကို ငြိမ်နေဖို့ ဖုန်း TV လုံး၀မပေးပါနှင့်။

Phone, Tablet, Games, TV, ကာတွန်း စသည့်
Screen Time ၏ ဆိုးကျိုးများ

ဦးနှောက်အားရုံကြော ပုံမှန်အလုပ်မလုပ်ခြင်း။
လူတွေနဲ့ စကားပြောဆက်သွယ်မှုမလုပ်နိုင်ခြင်း။
မှတ်ဥာဏ်သာကောင်းပြီး ပုံမှန်မတွေးခေါ်နိုင်ခြင်း။
နေ့စဉ် အီးသေးကိစ္စပင် မတောင်းဆိုတတ်ခြင်း။
ထမင်းဟင်းအာဟာရကို ပုံမှန်ကလေးများလို မစားတတ်ခြင်း၊
လိုချင်တာ ဖြစ်ချင်တာ မတောင်းတတ်ခြင်း။
စိတ်ကစင့်ကလျားဖြစ်နေခြင်း။
ကိုယ်ခန္ဓာကို မထိန်းချူပ်နိုင်ခြင်း။
ခံစားမှုကို မဖော်ပြတတ်ခြင်း ။
အမြဲ ဂဏာမငြိမ်ခြင်း။
အိပ်စက်နိုင်မှုမရှိခြင်း၊

ကလေးငယ်စဉ်မှာ မိသားစုများ မအားလပ်လို့ ကလေးအား
Phone, Tablet, Games, TV, ကာတွန်း စသည့်တို့ဖြင့်
ငြိမ်နေအောင် အချိန်ကုန် အဖော်ပြုစေပါက
ကလေးသည် လူမှု့ဘ၀တွင် အခက်အခဲများစွာ ရင်ဆိုင်နိုင်ဖို့ ကလေးမိသားစုများ အဆင်သင့်ပြင်ထားပါ။

ယနေ့ သင်မအားလပ်မှုသည်
သင်ကလေး၏ လူမှု့ဘ၀ကို ပေးဆပ်ရပါလိမ့်မည်။

ကလေးများ ငယ်စဉ်မှာ သင်အားအောင်လုပ်ပါ။
သင့်ကလေးကို အဖေါ်အဖြစ် အုပ်ထိန်းသူအဖြစ်
နေ့စဉ် သင်ကြားကစားပေးပါ။

ကလေးများကို ငြိမ်နေဖို့ ဖုန်း TV လုံး၀မပေးပါနှင့်။
ကလေး၏ လူမှု့ဘ၀ပါ ငြိမ်သွားစေနိုင်ပါတယ်။

မိသားစုအတော်များများထဲက
၅နှစ်အောက် ကလေးတွေ ဒီပြသနာတွေနဲ့
ရင်ဆိုင်နေရပါတယ်။

နေ့စဉ်နဲ့အမျှ ဒီလိုကလေးတွေကို တွေ့ရတာများလာတော့
ရင်ထဲ စိတ်မကောင်းလွန်းလို့ပါ။

ကလေးက စကားသိပ်မပြောဘူး
မိဘက မအားလို့
အဖိုးအဖွားတွေ မရှိလို့ မထိန်းနိုင်လို့
ကလေးထိန်းနဲ့ပဲထားရလို့
ဘယ်သူမှ ကလေးနား နေချိန်မပေးနိုင်လို့
အကြောင်းပြချက်များစွာသည်
ကလေးဘ၀ကို တကယ်ပင် ငြိမ်သွားစေတာပါပဲ။

ကလေးကို ကလေးမိသားစုက ကူညီမှ ဖြစ်မှာပါ။

ကလေးကို ချစ်ရင် ကလေးနဲ့အတူ အချိန်ကုန်လွန်ပါစေ
ကလေးနဲ့အတူ ကလေးလို ဆော့ကစားပါ။
ကလေးနဲ့အတူ ပြေးလွှားခုန်ကစားပါ။
ကလေးနဲ့အတူ ပြောဆိုငြင်းခုံကာ ကစားပါ။
သင်ကလေးသည် ပုံမှန်ထက် ထူးချွန်နေပါလိမ့်မည်။

သင့်ကလေးကို တကယ်ချစ်သလား။
အထပ်ထပ် အခါခါ မိမိကိုယ်ကို မေးကြည့်ပါ။
သင့်ကလေးကို သင်ချစ်ပေးပါ။

လူတိုင်း မိသားစုတိုင်း ဘ၀အခက်အခဲများစွာ ရင်ဆိုင်ရပါတယ်
ဘယ်လောက်ကြီးသော ရည်မှန်းချက် နဲ့ အခက်အခဲရှိရှိ
သင့်ကလေးဘ၀ကို စတေးမခံပါနဲ့။

တကယ်ချစ်ပေးပါ❤❤❤

Address

ဒေါနလမ်းသွယ် 105 * 106 , 64* 65 မန္တလေးမြို့
မန္တလေးမြို့

Opening Hours

Monday 09:00 - 16:00
Tuesday 09:00 - 16:00
Wednesday 09:00 - 16:00
Thursday 09:00 - 16:00
Friday 09:00 - 16:00

Telephone

+959444412112

Website

Alerts

Be the first to know and let us send you an email when TKEC Day Care & Pre-School Mandalay posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Contact The School

Send a message to TKEC Day Care & Pre-School Mandalay:

Shortcuts

Share

Category