24/03/2026
ယနေ့ ကိုရီးယား အချိန် ညနေ ၈နာရီခွဲမှာ အားလုံး နားထောင်လို့ရအောင် Pageကနေလည်း Live လွင့်တင်ပေးသွားမှာဖြစ်ပြီး formတင်ထားတဲ့ participantsတွေကိုတော့ Mail/Kakaoက zoomlinkပို့ထားတာမလို့ တိုက်ရိုက် မေးလို့ရပါတယ်။
-Ph.D Student Blogger from South Korea.
-Engineering Trainer for City&Guilds (UK) Engineering Diploma (Level 4/5 - Civil).
24/03/2026
ယနေ့ ကိုရီးယား အချိန် ညနေ ၈နာရီခွဲမှာ အားလုံး နားထောင်လို့ရအောင် Pageကနေလည်း Live လွင့်တင်ပေးသွားမှာဖြစ်ပြီး formတင်ထားတဲ့ participantsတွေကိုတော့ Mail/Kakaoက zoomlinkပို့ထားတာမလို့ တိုက်ရိုက် မေးလို့ရပါတယ်။
17/03/2026
📢 Zoom Inclusive Panel Discussion Webinar 🎓 Academic & Career Pathways in Korea 🇰🇷
အားလုံးပဲ မင်္ဂလာပါဗျာ~
Koreaမှာ Scholarship နဲ့ ကျောင်းတက်လာတက်ပြီး ရှေ့ဆက် ပညာရေး/အလုပ်အကိုင်အခွင့်အလမ်းတွေနှင့် ပတ်သက်ပြီးစိတ်ဝင်စားကြတဲ့ ညီ၊ညီမများရှိကြလားဗျ !!
ကဲ ဒါဆိုရင်တော့ ကျွန်တော်တို့ မြန်မာကျောင်းသားကျောင်းသူတွေအတွက် ကိုရီးယားနိုင်ငံနဲ့ပတ်သက်ပြီး ပညာရေးလမ်းကြောင်း၊ အလုပ်အကိုင်အခွင့်အလမ်းတွေနဲ့ ကျောင်းသားဘဝနှင့်လုပ်ငန်းခွင်ဆိုင်ရာ အတွေ့အကြုံများ ကို အိတ်သွန်ဖာမှောက် တိုက်ရိုက်မျှဝေပေးသွားမယ့် Panel Discussion Webinar လေးတစ်ခုကို ကျင်းပပေးသွားဖို့ အစီအစဉ်ရှိပါတယ် 🎉
ဒီ Webinarလေးကိုတော့ MinChingu ရဲ့ ပဲ့ကိုင်ရှင်ဖြစ်တဲ့ ကျွန်တော် မင်းထက်မြင့်မှ Host အနေနဲ့ကော Panelist တစ်ဦးအနေနဲ့ပါ ပါဝင်အားဖြည့်ပေးထားပါတယ်။ ဒါ့အပြင် မတူညီတဲ့ Fieldတွေမှာ အတွေ့အကြုံရှိတဲ့ panelists (၃)ဦးနဲ့အတူ ကိုရီးယားမှာ ကျောင်းတက်ချင်သူတွေ အလုပ်လုပ်ချင်သူတွေ ရေရှည်နေထိုင်လိုသူတွေအတွက် ဗဟုသုတရစေမယ့် အကြောင်းအရာများကို အဓိကထား မျှဝေပေးသွားမှာဖြစ်ပါတယ် 🥳
ကဲဒါဆိုPanelistလေးတွေက ဘယ်သူဖြစ်မလဲ ကြည့်ကြည့်လိုက်ရအောင် !!!
👨🏫 Panelists တွေကတော့
🔹 Min Htet Myint
STEM Education Mentor & Instructor
Ph.D Student (Global Smart City) at Sungkyunkwan University, M.Eng (Civil) SeoulTech, B.E.,B.Tech (Civil) WYTU.
🔹 Moe Moe Than
Research Engineer at Samsung Group
M.Eng (Mechanical Engineering) Sungkyunkwan University, B.E.,B.Tech (Mechanical) WYTU.
🔹 Kay Zin Thaw
Founder 's Search History - 케이 검색기록
Interpreter & Korean Language Instructor
M.A Candidate (Culture Content), Konkuk University.
🔹 Khin Wai Yan
Software Engineer at Hanwha Group
Bachelor Degree in Computer Science and Engineering, Seoul National University.
တို့ဖြစ်ပါတယ်။
(Panelist တဦးချင်းစီရဲ့ Biography ကို တပုံချင်းစီ လေ့လာကြည့်နိုင်ပါတယ်)
⸻
🎯 Who should join?
✅ Myanmar students planning to study in Korea
✅ Students preparing for university admission
✅ D-4 / D-2 / D-10 visa holders in Korea
✅ Anyone interested in academic and career pathways in Korea
⸻
📅 Date: Tuesday, 24 March 2026 (Tuesday)
⏰ Time: 8:30 PM – 10:00 PM (KST)
‼️မြန်မာစံတော်ချိန် ။ (၆)နာရီမှ (၇)နာရီခွဲအထိ
💻 Platform: Zoom
⚠️ Registration Required
👉 Please register via Google Form before
23 March 2026 (5:00 PM KST)
(Registration link is provided in the comment)
⸻
ဒီ Webinar မှာ
📚 Korea မှာ ဘယ်လို University တက်နိုင်မလဲ
💼 Engineering / Tech job ဘယ်လိုရှာမလဲ
🧑🎓 Scholarship & student life experience
🇰🇷 Korean language & culture experience
စတဲ့ အကြောင်းအရာများကို မတူညီတဲ့ background မှ Panelistsများရဲ့ အတွေ့အကြုံများ အပေါ် အခြေခံပြီး တိုက်ရိုက် ထုတ်လွှင့် မျှဝေပေးသွားမှာဖြစ်ပါတယ်။
📢 Korea မှာပညာသင်ချင်သူ၊ ကာလရေရှည်ကြာ နေထိုင်အလုပ်လုပ်ချင်သူတိုင်းအတွက် တကယ်အသုံးဝင်မယ့် discussion session ဖြစ်လို့ လုံးဝလက်မလွှတ်သင့်တဲ့ အခွင့်အရေးဖြစ်ပါတယ်။
ကဲ ဒါဆို Registration Formကို ခုပဲ ဖြည့်လိုက်ကြရအောင်နော် 🤗
Student Discount နဲ့ တစ်နှစ်တခါ Apple new-release products တွေ ဝယ်ကြမယ် 🤩💯
Yearly Promotion Period: January – March (Korea Region)
ကျောင်းသားတွေ အသုံးများတဲ့ Mac, iPad စတဲ့ Apple products တွေကို Apple Back-to-School (학생 할인) promotion နဲ့ ပုံမှန်အားဖြင့် Mac / iPad ကို 5%–15% လောက် စျေးလျော့ပေးပါတယ်။
Apple Back to School promotion (BtS) မှာတော့ Student ID တစ်ခုကို တစ်နှစ်လျှင်
• MacBook တစ်လုံး
• Mac Desktop တစ်လုံး
• Mac mini တစ်လုံး
• iPad နှစ်လုံး
• Accessories နှစ်ခု
ကို ဝယ်ယူနိုင်ပါတယ်။
Admin iPad ဝယ်တဲ့အခါ တက္ကသိုလ်ကျောင်းသားဖြစ်ကြောင်း UNiDAYs ကနေ အလွယ်တကူ confirm လုပ်လို့ရပြီး iPad ကို ပုံမှန်စျေးထက် ၈သောင်းဝန်းကျင်လောက် လျော့တဲ့အပြင် Apple Pencil Pro (သို့) AirPods တစ်ခုကိုပါ လက်ဆောင် ရပါတယ်။BtS ကာလမှာ new release products တွေပါ ထုတ်ပြတာမလို့ အသစ်ထွက်တာကို တစ်ခါတည်း ဝယ်လို့ရတာ အတော်အဆင်ပြေပါတယ်။
Admin ကတော့ iPad Air (M4) ကို Apple Official Website ကနေ pre-order တင်ထားတာ ဒီနေ့မှ official sale စတဲ့နေ့ပေမယ့် မနက်အိပ်ရာနိုးတဲ့အချိန်မှာတောင် အိမ်ရှေ့တံခါးမှာ ပစ္စည်းရောက်နေပါပြီ 😍
Apple Official Website ကနေ တိုက်ရိုက်ဝယ်ရတာကို ပိုကြိုက်တဲ့အကြောင်းက Showroom သွားဖို့ အချိန်မကုန်, တန်းစီစရာမလိုတဲ့အပြင် iPad / Apple Pencil ပေါ်မှာ ကိုယ့်နာမည် engraving ထိုးလို့ရတာကြောင့် Limited edition လို ခံစားရပါတယ်။
အခုတော့ ကိုရီးယားမှာ ဒီနှစ် Back-to-School promotion ကာလ ပြီးဆုံးသွားပါပြီ။ နောက်နှစ်မှာ ကိုယ်တွေလို စျေးသက်သက်သာသာနဲ့ Apple products အသစ်တွေ ဝယ်ချင်တဲ့သူတွေ အတွက် share လုပ်ပေးလိုက်ပါတယ်။
Admin ဝယ်ထားတဲ့ iPad Air အသစ်ကတော့
M4 chip နဲ့ lightweight design ကြောင့် study, work, drawing နဲ့ multitasking အတွက် အရမ်းအဆင်ပြေတဲ့ tablet မျိုးလို့ပြောလို့ရပါတယ်။ Apple Pencil Pro နဲ့ Magic Keyboard support လုပ်လို့ laptop လို productivity + tablet flexibility ကို တစ်ခါတည်း ရနိုင်ပါတယ်။
Admin အဓိက အသုံးပြုချင်တာ study, note taking, drawing နဲ့ တွက်စာMathsလိုအပိုင်း စာသင်တဲ့အလုပ်လောက်ပဲဖြစ်လို့ iPad Air ရဲ့ M4 performance က လုံလောက်နေပြီး price-performance ratio က ပိုကောင်းတယ်လို့ ရွေးချယ်လိုက်တာပါ။ Pro လောက်လည်း စျေးမများဘဲ Mid-premium product တစ်ခုဖြစ်လို့ သုံးရတာ သဘောကျပါတယ် 🤩
10/03/2026
📢 တောင်ကိုရီးယားနိုင်ငံ ဆိုးလ်မြို့အတွင်း D-10 ဗီဇာနဲ့နေထိုင်သူ နိုင်ငံခြားသားများအတွက် AI Marketing Training + Internship = Full-time Employment ရနိုင်မယ့် အခွင့်အရေး
Marketing field မှာ career စတင်ချင်တဲ့ နိုင်ငံခြားသားများအတွက် Generative AI အခြေခံ Content Marketer Training Program ကို 모집 လုပ်နေပါတယ်။
ဒီ program မှာ
✔ Generative AI အသုံးပြုပြီး Content ဖန်တီးနည်း
✔ SNS Marketing Strategy (Instagram / YouTube / TikTok)
✔ Portfolio & Job Application Consulting
✔ Company Project (Brand Promotion Planning)
တို့ကို လက်တွေ့သင်ကြားပေးမည် ဖြစ်ပါတယ်။
သင်ကြားမည့်အကြောင်းအရာများ (Curriculum)
• အလုပ်လျှောက်လွှာရေးခြင်း၊ Portfolio ပြုလုပ်ခြင်း၊ ကိုရီးယားဘာသာ အလုပ်အတွက်ပြင်ဆင်ခြင်း
• Target Audience အလိုက် Content Strategy ပြုလုပ်ခြင်း
• Generative AI Tools အသုံးပြုပြီး Content ဖန်တီးခြင်း
• SNS Channel (Instagram, YouTube, TikTok စသည်) များအတွက် Content Planning နှင့် Marketing Strategy
• Digital Advertisement လုပ်ငန်းဆိုင်ရာ လက်တွေ့ကျင့်သုံးမှု
• ကုမ္ပဏီနှင့် ပူးပေါင်းလုပ်ဆောင်သည့် Brand Promotion Project
📍 သင်တန်းနေရာ – Seoul (뚝섬역 အနီး)
📅 သင်တန်းကာလ
2026 April 15 – June 16
(စုစုပေါင်း 280 hours)
💰 Benefits
• Training fee – Free
• Training allowance – 25,000 won/day
• Internship salary – 2,533,280 won/month (3 months)
👩💻 Apply လုပ်နိုင်သူ
• D-10 visa holder
• TOPIK Level 4+
• Age 18 – 39
• Seoul resident
📌 Application Deadline
March 31, 2026
AI + Digital Marketing လောကမှာ career စတင်ချင်သူများအတွက် အရမ်းကောင်းတဲ့ အခွင့်အရေးပါ။
အသေးစိတ်ကို အောက်ဖော်ပြပါ Linkမှာ လေ့လာနိုင်ပါတယ်။
https://kowork.kr/post/5233
ဒီ Programက Adminကိုယ်တိုင် တတ်ခဲ့ဖူးတာမလို့ ကကြီးက Start-ups ကုမ္ပဏီတွေမှာ Sales & Marketing အပိုင်း အလုပ်လုပ်ချင်တဲ့ Fresherတွေအတွက် Recommend ပေးပါတယ်။
09/03/2026
📢 ၂၀၂၆ ခုနှစ် Hyundai Engineering & Construction (현대건설) ဝန်ထမ်းသစ် 계약직 ခေါ်ယူနေပါပြီ …
✅ လျှောက်ထားနိုင်သည့်ကာလ
📅 ၂၀၂၆ မတ် ၆ ရက် – မတ် ၂၄ ရက်
⏰ ည 11:59pm အထိ
✅ လျှောက်ထားနည်း
Hyundai Construction ၏ Recruitment Website မှ Online လျှောက်ထားရန်
⸻
🏗 ခေါ်ယူမည့် အလုပ်အကိုင်အမျိုးအစားများ
• Civil Engineering (토목) – Civil Engineering
• Architecture & Housing (건축주택) – Architecture / Facility / Electrical / Civil
• Plant – Mechanical / Chemical Engineering
• New Energy – Nuclear / Mechanical / Chemical / Electrical / Civil / Architecture
• Support Division (지원본부) – General Management
• Safety & Quality (안전품질) – Safety & Quality Management
⸻
🎯 Hyundai Construction Pop-up Recruiting Event
Hyundai Construction မှ Secret Recruitment Information Session ကို ကျင်းပမည်ဖြစ်ပြီး
စိတ်ဝင်စားသူများအား ဖိတ်ခေါ်နေပါတယ်
📅 Event Date
၂၀၂၆ မတ် ၁၆ ရက် – မတ် ၂၀ ရက်
📍 Venue
DHC Gallery, Sinsa-dong
🗓 Session Schedule
• Mar 16 (Mon) – Civil Engineering
• Mar 17 (Tue) – Architecture / Housing
• Mar 18 (Wed) – Architecture / Housing
• Mar 19 (Thu) – Plant / New Energy
• Mar 20 (Fri) – Support Division / Safety & Quality
📌 Participation
Recruitment announcement အတွင်းရှိ QR Code မှတဆင့် 신청လုပ်နိုင်ပါသည်။
⸻
📎 အသေးစိတ်အချက်အလက်များကို Hyundai Construction Recruitment Website တွင် ကြည့်ရှုနိုင်ပါသည်။
https://recruit.hdec.co.kr/?directpage_id=english #/JobPosting
03/03/2026
Samsung C&T Construction Division – 2026 First Half Recruitment
ကိုရီးယားနိုင်ငံထဲမှာ အကြီးမားဆုံး ဆောက်လုပ်ရေးကုမ္ပဏီများထဲမှ တစ်ခုဖြစ်တဲ့ Samsung C&T (삼성물산 건설부문) မှ 2026 ခုနှစ် ပထမနှစ်ဝက်အတွက် New Graduate (신입사원) Recruitment ကို ဖွင့်လှစ်လိုက်ပါပြီ။
📌 ခေါ်ယူမည့် ရာထူးများ
• 🏗 ဆောက်လုပ်ရေး (Architecture / Civil)
• ⚙ မက်ခနစ် (Mechanical)
• ⚡ လျှပ်စစ် (Electrical)
• 🦺 လုံခြုံရေး (Safety)
• 💻 IT
• 📊 စီမံခန့်ခွဲရေး ထောက်ပံ့မှု
🎓 အင်ဂျင်နီယာနှင့် IT ဆိုင်ရာ ဘွဲ့ရများအတွက် အလွန်ကောင်းမွန်သော အခွင့်အရေး ဖြစ်ပါသည်။
⸻
💙 Campus Recruiting Tour
Samsung C&T မှ ကျောင်းသားများနှင့် တိုက်ရိုက်တွေ့ဆုံနိုင်ရန်
ကိုရီးယားထိပ်တန်းတက္ကသိုလ်များတွင် Campus Recruiting ကို ပြုလုပ်မည်ဖြစ်ပါသည်။
📅 Recruiting Fair Schedule
• 3/3 – POSTECH
• 3/4 – Hanyang Univ.
• 3/5 – Seoul National Univ.
• 3/6 – Sogang Univ.
• 3/9 – Konkuk Univ.
• 3/10 – Chung-Ang Univ.
• 3/11 – Inha Univ.
နှင့် အခြား တက္ကသိုလ်များ (KAIST, Yonsei, SKKU, Korea Univ., Kyunghee, Soongsil, Kyungpook စသည်)
📢 Samsung C&T ဝန်ထမ်းများနှင့် တိုက်ရိုက်ဆွေးနွေးနိုင်မည့် အခွင့်အရေးဖြစ်ပြီး
အလုပ်လျှောက်ထားရန် စိတ်ဝင်စားသူများအတွက် အသေးစိတ်သိရှိနိုင်မည်ဖြစ်ပါသည်။
⸻
🌏 Global Mega Projects များတွင် ပါဝင်လုပ်ကိုင်လိုသူများ
🏢 Landmark Projects များတွင် Career တည်ဆောက်လိုသူများ
🚀 Samsung Brand နှင့်အတူ Professional Growth ရယူလိုသူများအတွက်
ဒါဟာ အကောင်းဆုံး အခွင့်အရေးဖြစ်ပါတယ်။
အားလုံးပဲ Good luckပါ ✨
24/02/2026
✨ ၂၀၂၆ ခုနှစ် SAMSUNG E&A နိုင်ငံခြားသား ကျောင်းသား အလုပ်ခေါ်ယူမှု ✨ နှင့် ကျောင်းများတွင် လာရောက်ကျင်းပမယ့် Job Fair Schedule
📌 လျှောက်လွှာ လက်ခံကာလ
၂၀၂၆ ဖေဖော်ဝါရီ ၂၄ ရက် (အင်္ဂါ) မှ
၂၀၂၆ မတ်လ ၉ ရက် (တနင်္လာ) ညနေ ၅ နာရီ (17:00) အထိ
⸻
🧩 ခေါ်ယူမည့်ရာထူးများ
🔹 [Technical R&D | အတွေ့အကြုံရှိသူများအတွက် အချိန်ပြည့် ဝန်ထမ်းရာထူးများ]
• Design Specialty Engineering
• Modular Engineering
• Smart Factory
• Precast Concrete
• Biogas Technology
• Organic Material Energy Conversion Technology
• Biological Wastewater Treatment Technology
• Construction 3D Printer
• AI Engineer
🔹 [Design & Construction | Freshmenများပါ လျှောက်ထားနိုင်သော စာချုပ်ဝန်ထမ်းရာထူးများ]
• Design
• Procurement
• Project Management
• Construction Management
• Quality
• Data Engineer
⸻
✅ အခြေခံ လိုအပ်ချက်များ
• ကိုရီးယားတွင် ဗီဇာထုတ်ပေးခြင်းနှင့် အလုပ်လုပ်ကိုင်ခြင်းအတွက် အတားအဆီးမရှိသော နိုင်ငံခြားသား ဖြစ်ရမည်
• TOPIK (ကိုရီးယားဘာသာ စာမေးပွဲ) အဆင့် ၃ သို့မဟုတ် ထက်မနည်း ရရှိထားရမည်
📝 TOPIK မှတ်ချက်
• လက်ခံမည့် အမှတ်တမ်းကာလ – ၂၀၂၄ မတ်လ ၉ ရက် မှ ၂၀၂၆ မတ်လ ၉ ရက် အတွင်း
• TOPIK ရမှတ် မရသေးပါက ၂၀၂၆ ခုနှစ် ဩဂုတ်လ မတိုင်မီ ရရှိပါက နောက်ပိုင်း တင်ပြနိုင်သည်
⸻
🌟 ဦးစားပေး သတ်မှတ်ချက်များ
• ဘွဲ့ (Bachelor) ရရှိပြီးနောက် ဆိုင်ရာလုပ်ငန်းအတွေ့အကြုံ ၂ နှစ်နှင့်အထက်
• Master / PhD (သို့မဟုတ် မျှော်မှန်းထားသူ) သင်ကြားချိန်ကို အတွေ့အကြုံအဖြစ် တွက်ချက်ပေးနိုင်သည်
• အသေးစိတ်အချက်အလက်များသည် ရာထူးအလိုက် ကွာခြားနိုင်သောကြောင့် အပြည့်အစုံ ကြေညာချက်ကို စစ်ဆေးပါ
⸻
📅 Career Fair အချိန်ဇယား (10:00 – 17:00)
📍 ၃/၃ – 서울대 (Seoul National University)
📍 ၃/၃ – KAIST
📍 ၃/၃ – 고려대 (Korea University)
📍 ၃/၃ – 중앙대 (Chung-Ang University)
📍 ၃/၄ – 연세대 (Yonsei University)
📍 ၃/၄ – 성균관대 (Sungkyunkwan University – Suwon Campus)
📍 ၃/၄ – 서강대 (Sogang University)
📍 ၃/၅ – POSTECH
📍 ၃/၅ – 한양대 (Hanyang University)
📍 ၃/၅ – 인하대 (Inha University)
လိုအပ်ချက်များနှင့် ကိုက်ညီပါက အချိန်မီ လျှောက်ထားနိုင်ပါသည်။
အခွင့်အလမ်းကောင်းကို လက်လွတ်မခံရပါစေနဲ့ ✨
အားလုံးပဲ လိုချင်သော အလုပ်များ ရရှိနိုင်ကြပါစေ။ Fighting !
⸻
28/12/2025
ကိုရီးယားမှာ သွေးလှူချင်ရင် ဘယ်လိုလှူရတာလဲ 🩸
သွေးလှူရင် ကိုရီးယားနိုင်ငံမှာ F-2-7 Visa Pointsအတွက် ဘယ်လို အကျိုးကျေးဇူး ရနိုင်တာလဲ🤷♂️ [Reading Time : ~1 min]
သွေးလှူဖို့ Processက တကယ် အရမ်းရိုးရှင်းပါတယ်။ သွေးလှူရှင်ရဲ့ ကျန်းမာရေး ကောင်းမွန်ဖို့နဲ့ သွေးလှူဖို့ ကန့်သတ်ချက်တွေနဲ့ မညှိစွန်းဖို့ပဲ လိုအပ်တာပါ။
1️⃣Stage (1) သွေးမလှူခင် -
ကိုရီးယားမှာ သွေးလှူမယ်ဆိုရင်
၁။ ‘레드커넥트‘ appကို ဒေါင်းပြီး အကောင့်ဖွင့်ပါ။
၂။ ကိုယ့်တည်နေရာLocationဖွင့်ပြီး “헌혈의집“ကိုရှာပါ။
၃။ နေရာရှာပြီးရင် ကိုယ်လှူချင်တဲ့အမျိုးအစား(현혈 종료 선택) နဲ့ ရက်/အချိန် (시간 예약) တို့ကို ရွေးပါ။
ဒါဆိုရင် ကိုယ်ရွေးတဲ့ရက်ကြရင် 신분증 (ARC card) [mobile IDမရပါ] ယူသွားရင် လှူလို့ရပါပြီ။
(ps. 예약 မလုပ်ပဲ walk-inလည်းရပေမယ့် ချိန်းပြီးသွားလှူတာကို recommendပေးပါတယ်)
………
2️⃣Stage (2) သွေးလှူတဲ့စင်တာရောက်တဲ့အချိန်
မလှူခင် 전자문지 မေးခွန်းလေးတွေအရင် ကြိုဖြေရပါတယ်။ အဲ့တာက appထဲက မရောက်ခင်ကြိုဖြေထားလည်းရသလို blood donation center ရောက်မှ ဖြေလည်းရပါတယ်။
နောက် အသေးစား ကျန်းမာရေးစစ်ဆေးချက် လုပ်ပါတယ်။ သွေးပေါင်ချိန်၊ သွေးစစ်ရန် သွေးဖောက် ၊ ပြည်ပခရီးစဉ်သွားဖူးလား ခွဲစိတ်ဖူးထားသလား ၊ မနေ့ညက အိပ်ရေးဝဝ အိပ်ခဲ့လား ၊ အရက်သောက်ဖူးလား ၊ ရေရှည်ကုသတဲ့ဆေးတွေသောက်ဖူးသလား စတဲ့မေးခွန်းတချို့ မေးပါတယ်။
ပြီးမှ သွေးထုတ်ယူတဲ့အဆင့်ရောက်ပါတယ်။ သွေးထုတ်ယူတဲ့အချိန်ကတော့ ကိုယ်လှူတဲ့အမျိုးအစားပေါ်မူတည်ပါတယ်။
Adminကတော့ 전혈 (သွေးအပြည့်လှူတာ)ပဲ လှူဖူးပါတယ်။ တခါလှူပြီး ၉ပတ်လောက်ခြားလှူလို့ရပေမယ့် တနှစ်ကို (၅)ကြိမ်က အများကြိမ်လှူလို့ရတဲ့ပုံပေါ်ပါတယ်။
[သွေးလှူတဲ့ပုံစံအသေးစိတ်ကို ပုံမှာရှင်းပြထားပါတယ်]
…….
3️⃣Stage (3) သွေးလှူပြီးနောက်တနေ့
သွေးလှူပြီး နောက်နေ့ရက်ကြရင် သွေးစစ်ဆေးထားတဲ့ရလဒ်ကို Appကနေ စစ်ဆေးလို့ရပြီး ကိုယ့်သွေးကို သူတို့ လက်ခံ၏/မခံ၏ statusကိုပါ ပြပေးပါတယ်။
혈액 출고 ဆိုရင် ကိုယ့်သွေးလှူခြင်းကို အောင်မြင်စွာလက်ခံလိုက်ပါပြီ 👏👏👏
……
သွေးလှူခြင်းဟာ ဘာအကျိုးကျေးဇူးတွေရမှာလဲ 🎁
သွေးလှူခြင်းဟာ Personally ဘာသာရေးအရကြည့်ရင်တော့ ကိုယ်ခန္ဓာကို စွန့်လွှတ်ပြီး အသက်ကယ်တင်ပေးခြင်းဟာ အဘယဒါန အဓိက၊ အာမိသဒါန ပါဝင်ပြီး ကိုယ်ခန္ဓာဒါန အမြင့်ဆုံးဖြစ်ပါတယ်။
ကိုရီးယားမှာတော့ သွေးလှူခြင်းနဲ့ပတ်သက်ပြီး အကျိူးခံစားခွင့်တွေက
-Point-based Visa (Eg: F-2-7) အတွက် 봉사활동 အနေနဲ့ အသိအမှတ်ပြုခြင်း။
သွေးလှူတာကို 봉사활동 (အလှူဒါန/ဝန်ဆောင်မှု လုပ်အားပေး) အဖြစ် အသိအမှတ်ပြုခံရနိုင်ပါတယ်။ ကိုရီးယားမှာ သွေးလှူရင် ပုံမှန်အားဖြင့် Volunteer hours (လုပ်အားပေးအချိန်) အဖြစ် မှတ်တမ်းတင်ပေးတာရှိပါတယ်။ KIIP-5 Point(၁၀)မှတ်အတွက် သွေးတခါလှူရင် (၄)နာရီစာ လုပ်အားပေးရပါတယ်။
-ကျန်းမာရေး အခြေခံ အခမဲ့စစ်ဆေးပေးခြင်း။
အသည်းရောင် B / C, HIVစတဲ့ ကူးစက်ရောဂါ စစ်ဆေးမှု)စသည့် ရောဂါကို အခမဲ့ စစ်ဆေးနိုင်ပါတယ်။ ABO friends memberဖြစ်ရင် သွေးလှူအကြိမ်များရင် များသလို အစိုးရ ဆေးရုံ/ဆေးခန်းတွေမှာ General Medical Check-up စတဲ့ စစ်ဆေးချက်လိုမျိုး အခမဲ့တွေလုပ်လို့ ရတာတွေရှိပါတယ်။
-သွေးလှူ အတည်ပြုလက်မှတ် (증서) ရရှိခြင်း။
သွေးလှူတဲ့အခါတိုင်း သွေးလှူအတည်ပြုစာရွက် (헌혈증서) ပေးပါတယ်။ အဲ့စာရွက်က မိမိ သို့မဟုတ် မိသားစုဝင်တွေ ဆေးရုံမှာ အရေးပေါ် သွေးလိုအပ်ရင် အသုံးချနိုင်ပါတယ်။
-စသည့် အကျိုးကျေးဇူးတွေလည်း ရနိုင်ပါတယ်။
“Your blood is someone’s life” ဆိုတဲ့ စကားလုံးလေးနဲ့ အားပေးရင် နိဂုံးချုပ်လိုက်ပါတယ်။
အားလုံးကျန်းမာစွာဖြင့် လူမှုအသိုင်းအဝိုင်းကို အကျိူးပြုနိုင်ကြပါစေလို့ ဆုတောင်းလျက်-
Min Chingu
မင်းချင်းဂု ~ မင်းရဲ့ချင်းဂူ
28.12.2025
….
08/12/2025
STEM (သိပ္ပံနဲ့နည်းပညာ) မေဂျာသမားတွေအတွက် တောင်ကိုရီးယားမှာ ရေရှည်အလုပ်လုပ်နေထိုင်ဖို့ အခွင့်ထူး ထပ်ပေးလိုက်တဲ့ K-STAR Visa အကြောင်း ⭐️⁉️ [Reading Time : ~ 1 min]
🇰🇷✨ K-STAR Visa Track ဆိုတာဘာလဲ?
Korea-Science & Technology Advanced human Resources (K-STAR) Visa Track ဟာ သတ်မှတ်ထားသော တက္ကသိုလ် (၃၂)ကျောင်းမှာ STEM မေဂျာနှင့် Master / PhD program ပညာသင်ကြားနေသူများအတွက် F-2 (Resident) Visa ရေရှည်နေထိုင်ခွင့်ဗီဇာကို လုပ်ငန်းခွင်ဝင်ရန် လိုအပ်ချက်တော့မပါပဲ ဘွဲ့ရတာနဲ့ တန်းပေးမယ့် အခွင့်ထူးခံ လမ်းကြောင်းတခုဖြစ်ပါတယ်။
တိုတိုနဲ့ရှင်းရှင်းပြောရရင်-
ပုံမှန် D-2 ကနေ E-7 (Professional Job Visa) အရင်ပြောင်းပြီး သတ်မှတ်ချက်(Points)မှီမှ ရတဲ့ F-Visa မျိုးကို အဲ့တက္ကသိုလ်တွေက STEMမေဂျာနဲ့ကျောင်းပြီးရင် F-27S တန်းပေးမယ်…. နောက်ပိုင်း
Path(1) 연구지속 ~ ပုံမှန် F-2 ဗီဇာကိုင်ဆောင်ထားတာ ၃နှစ်ပြည့်တာနဲ့ F-5 (Permanent Visa) လျှောက်ထားနိုင်ခြင်း (ပုံမှန် F-2 ကနေ F-5ကို ၆နှစ်အနည်းဆုံး လိုအပ်ပါသော်လည်း ချွင်းချက်အနေဖြင့် နှစ်လျော့ပေါ့ပေးခြင်း)
Path(2) 연규실적 우수 (특히 박사연구원 + 대기업 입사 같은) ~ ဥပမာ Ph.Dဘွဲ့ရပြီး Research Contributions ထူးချွန်ရင် (သို့) ကကြီးက Top-tierကုမ္ပဏီ မှာ အလုပ်ဝင်ခြင်း စသည့်ဖြင့် F-2 ဗီဇာကနေ F-5ပြောင်းစရာမလိုတော့ဘဲ နိုင်ငံသားခံယူခြင်း (특별 귀화) တန်းလျှောက်လို့ပါရနိုင်ပါတယ်တဲ့။
K-STAR Track Visa က ယခင် KAIST, DGIST, UNIST, GIST,UST ကျောင်း (၅)ကျောင်းသာ ပေးခဲ့သော်လည်း အခု ထပ်ပေါင်း (၂၇) ကျောင်းရွေးချယ်ခဲ့ပြီး စုစုပေါင်း တက္ကသိုလ် (၃၂)ကျောင်းတိတိ ရွေးချယ်သတ်မှတ်ထားပါတယ်။
ကျောင်း ၃၂ ကျောင်း Listကတော့ -
1. 한국과학기술원 — Korea Advanced Institute of Science and Technology (KAIST)
2. 대구경북과학기술원 — Daegu Gyeongbuk Institute of Science & Technology (DGIST)
3. 울산과학기술원 — Ulsan National Institute of Science & Technology (UNIST)
4. 광주과학기술원 — Gwangju Institute of Science & Technology (GIST)
5. 과학기술연합대학원대학교 — University of Science & Technology (UST)
6. 강원대학교 — Kangwon National University
7. 경북대학교 — Kyungpook National University
8. 경상국립대학교 — Gyeongsang National University
9. 경희대학교 — Kyung Hee University
10. 고려대학교 — Korea University
11. 고려대학교 세종캠퍼스 — Korea University Sejong Campus
12. 동아대학교 — Dong-A University
13. 부산대학교 — Pusan National University
14. 부경대학교 — Pukyong National University
15. 서강대학교 — Sogang University
16. 서울대학교 - Seoul National University
17. 성균관대학교 — Sungkyunkwan University
18. 순천향대학교 — Soonchunhyang University
19. 아주대학교 — Ajou University
20. 연세대학교 미래캠퍼스 — Yonsei University Mirae Campus
21. 연세대학교 - Yonsei University
22. 인하대학교 — Inha University
23. 전남대학교 - Chonnam National University
24. 전북대학교 — Jeonbuk National University
25. 제주대학교 — Jeju National University
26. 충남대학교 — Chungnam National University
27. 충북대학교 — Chungbuk National University
28. 포항공과대학교 - POSTECH
29. 중앙대학교 - Chung Ang University
30. 한국해양대학교 — Korea Maritime & Ocean University
31. 한양대학교 — Hanyang University
32. 한양대학교 ERICA캠퍼스 — Hanyang University ERICA Campus
တို့ဖြစ်ပါတယ်။
Admin သိရသလောက်တော့ တောင်ကိုရီးယားမှာ နိုင်ငံခြားသားကျောင်းသား/သူတွေ သိသိသာသာ တိုးတက်လာပေမယ့် STEMမေဂျာနဲ့ ပညာသင်သူ အရေအတွက် ပိုမိုကျဆင်းလာခြင်း ၊ နိုင်ငံရဲ့ ပညာရှင်လိုအပ်ချက်အရလည်း STEMမေဂျာ R&Dအပိုင်းကို တိုးချဲ့ဆောင်လိုခြင်းတို့ကြောင့် ဒီလို ကျောင်းတွေထပ်တိုးပြီး အခွင့်ထူးပေး စွဲဆောင်ထားတယ်လို့ထင်ပါတယ်။
📌ထပ်တိုးရွေးချယ်ခံရတဲ့ တက္ကသိုလ် List reference pdf (တရားဝင် ပြဌာန်းတဲ့စာတမ်း) ကို Commentမှာ တင်ပေးထားပါတယ်
နေ့စဉ်နဲ့အမျှ အချိန်တိုင်း Research မှာ လှောင်မြိုက်နေကြတဲ့ STEM မေဂျာ 대학원ကျောင်းသား/သူများကို ကိုယ်ချင်းစားအားပေးရင်း Motivationဖြစ်စရာ သတင်းကောင်းကို ထပ်ဆင့်မျှဝေပေးလိုက်ရပါတယ်။
အားလုံးပဲ Fighting 💪🏻🥹
MinChingu မင်းရဲ့ချင်းဂူ
08.12.2025
#유학정보 #한국유학
| Monday | 21:00 - 00:00 |
| Tuesday | 21:00 - 00:00 |
| Wednesday | 21:00 - 12:00 |
| Thursday | 21:00 - 00:00 |