27/10/2025
မျှော်လိုက်ရတဲ့ F3-1 မှီခိုဗီဇာ Visa လေးရလာ။
အမေနဲ့သား ရတာပါ။
2025ခုနှစ် 7လပိုင်းနောက်ပိုင်း မူဝါဒလေးတချို့ပြောင်းလဲကြောင့် ပိုကြာသွားပေမယ့် စောင့်ရကျိုးနပ် ☺️👏🙏💪
အရင်ပေ့စ်မှာ K-Visa ဗီဇာနဲ့ပက်သက်ပြီး ပို့စ်တွေ တင်ထားတာ ရှ်ပါတယ်။ အဲ့ပေ့စ် အက်မင် ဖေ့ဘုတ်အကောင့်ပျက်တော့ ပေ့စ်မှာ အက်မင်မဝင်တော့ပါဘူး။🤧😖
ပြန်ရှယ်တင်ပါတယ်။👇👇👇
K-Visa များထဲမှ F-3 Visa ဆိုတာ အတူလိုက်ပါနေထိုင်လို့ရတာဖြစ်ပါတယ်။
တောင်ကိုရီးယားနိုင်ငံတွင်း တရားဝင် နေထိုင်ခွင့် ဗီဇာအမျိုးအစားများပေါ်မူတည်ပြီး
အိမ်ထောင်ရှိသူများ မိမိ အိမ်ထောင်ဖက် နှင့် သားသမီးရှိရင် (အိမ်ထောင်မပြုရသေးသူ 21နှစ်အောက်) အတူလိုက်ပါ နေထိုင်ခွင့်ရတဲ့ ဗီဇာဖြစ်ပါတယ်။ )
K-Visa ဘယ်လိုအမျိုးအစားတွေကိုင်ဆောင်သူများက ဖိတ်ခေါ်လို့ရကြတာလဲ။
👇
👉D-1,D-2,D-5,D-6, D-7,D-8,D-9,D-10
(*D-2 Visa ကိုရီးယားကိုရောက်ပြီး အိုင်ဒီကဒ် ရပြီး6လကျော်မှ ဖိတ်ခေါ်လို့ရ/
* D-10-1 ကတော့ သတ်မှတ်တဲ့ အမှတ်80ကျော်ရှိမှသာ ဖိတ်ခေါ်လို့ရမှာဖြစ်ပါတယ်။)
👉E-1, E-2, E-3, E-4 ,E-5 ,E-6, E-7
👉F-2, F-4 ,H-2
F-3 သည် ဖိတ်ခေါ်သူ ဗီဇာသက်တမ်းရှိတဲ့နှစ်ပေါ်မူတည်ပြီး နေထိုင်လို့ရပါတယ်။
(ဥပမာ E-7-4 ၁နှစ်ကျန်ရင် အိမ်ထောင်ဖက် F-3 လဲ ၁နှစ်ရ)
* F-3 Visa များလဲ နောက်ပိုင်း တရားဝင် အလုပ်လုပ်ခွင့်ပြုထားပါတယ်။ အလုပ် ကန့်သတ်ချက်ရှိပါတယ်။ *
* မြန်မာနိုင်ငံရှိ ကိုရီးယားသံရုံးမှထုတ်ပြန်သော ကဏ္ဍအလိုက် ဗီဇာနဲ့ဆိုင်တဲ့ စာရွက်စာတမ်းများပြည့်စုံမှသာ ဗီဇာလျောက်လွှာလက်ခံတာဖြစ်ပါတယ်။
ဗီဇာရမရကတော့ သံရုံးကနေထုတ်ပေးတာမို့ (သေချာပေါက်အာမခံပြောလို့မရပါဘူး)
* ဗီဇာဖောင်တင်ဖို့ အရင် တိုကင်နံပတ် ယူရပါတယ်။*
မိမိဘာသာ လျှောက်လိုသူများ သံရုံးဝိတ်ဆိုက်မှာဝင်လေ့လာနိုင်ပါတယ်။
👉 https://overseas.mofa.go.kr/mm-my/index.do
👉 ဆားဗစ်အပ်မယ်ဆိုရင်တော့ အစအဆုံး သံရုံးဖောင်တင်ပြီး ဗီဇာရပြီးနောက် လေယာဥ် လက်မှတ်ဝယ်ခြင်းနှင့် ကိုရီးယားရောက်တဲ့အခါ အိုင်တီကဒ် လျှောက်တဲ့အထိ အတက်နိုင်ဆုံး အဆင်ပြေအောင်လုပ်ဆောင်ပေးသွားမှာပါ။
F-3 Visa အပြင် ကိုရီးယားတွင်း ဗီဇာတခုခုကိုင်ဆောင်သူများ တိုင်ပင်ဆွေးနွေးနိုင်ပါသည်။
CB or Viber
+82105729-7444
ဘိုကင်ယူပြီးသေချာ တိုင်ပင်ဆွေးနွေးလျှင်ပိုပြီးအကျိုးရှိနိုင်ပါတယ်။
(K-point E-7-4 and F-3 Visa အခမဲ့ဆွေးနွေးပေးခြင်း)
Visa ပြောင်းအလဲအတွက် ဆားဗစ်ခတွေကတော့ သီးသန့်ရှိပါတယ်နော်။
😍ကျွန်မဆီ E-7-4 ဝန်ဆောင်မှုအပ်သူများ ဗီဇာရရှိသူများ မိသားစုအလည် အိမ်ထောင်ဖက်ဖိတ်ခေါ်အတွက် ဆားဗစ်ရှိပါတယ်နော်။ 🥰
ကူးယူမယ်ဆိုရင် Credit ပေးပါ။