Bright Future Education Service

Bright Future Education Service

Share

Contact information, map and directions, contact form, opening hours, services, ratings, photos, videos and announcements from Bright Future Education Service, Educational consultant, Seoul.

15/03/2026

🎓 ထိုင်းနိုင်ငံရှိ တက္ကသိုလ်တွေမှာ ဘယ်ဘာသာရပ်တွေက အကောင်းဆုံးလဲ?

ထိုင်းနိုင်ငံမှာ ပညာသင်ဖို့ စဉ်းစားနေတဲ့ မြန်မာကျောင်းသားများအတွက် အရေးကြီးတဲ့အချက်တစ်ခုက — တက္ကသိုလ်ကိုပဲ မရွေးဘဲ “ဘာ Major (ဘာသာရပ်)” ကို ရွေးမလဲဆိုတာပါ။

တက္ကသိုလ်တစ်ခုချင်းစီမှာ အထူးသဖြင့် အားကောင်းတဲ့ ဘာသာရပ်တွေ ရှိပါတယ်။

🇹🇭 ထိုင်းနိုင်ငံရှိ နာမည်ကြီး တက္ကသိုလ်များနှင့် အားကောင်းဆုံး Major များ —

📚 Chulalongkorn University
• Engineering
• Business Administration / Finance
• Political Science / International Relations
• Medicine & Dentistry

📚 Mahidol University
• Medicine
• Pharmacy
• Biomedical Science
• Public Health
• Music

📚 Thammasat University
• Law
• Economics
• Political Science
• Business Administration
• Journalism / Mass Communication

📚 Kasetsart University
• Agriculture
• Veterinary Medicine
• Engineering
• Food Science
• Computer Science / IT

📚 Bangkok University
• Marketing
• International Business
• Film & Media Production
• Creative Design / Digital Media
• Game Development

📚 Rangsit University
• Aviation / Pilot Training
• International Business
• Medical Technology
• Film & Digital Media
• Animation / Game Design

📚 Assumption University (ABAC)
• International Business
• Finance
• Marketing
• Business IT
• Hospitality & Tourism Management

💡 ထိုင်းနိုင်ငံမှာ ပညာသင်ပြီး အလုပ်အကိုင်အခွင့်အလမ်းကောင်းရနိုင်တဲ့ Major များ —

✔ Computer Science / IT
✔ Business & Finance
✔ Engineering
✔ Digital Marketing
✔ Hospitality & Tourism

ထိုင်းနိုင်ငံမှာ ပညာသင်ဖို့ စိတ်ဝင်စားတဲ့ ကျောင်းသားများအတွက်
တက္ကသိုလ်ရွေးချယ်မှု၊ Major ရွေးချယ်မှု၊ Visa လုပ်ငန်းစဉ်များကို Bright Future Education Service မှ အကြံပေးကူညီပေးနေပါတယ်။

📩 အသေးစိတ်သိရှိလိုပါက Page Messenger မှာ ဆက်သွယ်မေးမြန်းနိုင်ပါတယ်။


27/07/2025

🇹🇭 ထိုင်းနိုင်ငံမှာ ပညာသင်ယူဖို့ ပြင်ဆင်နေတဲ့ကျောင်းသားများနှင့်မိဘများသိသင်တဲ့ အချက်များ🌟

ထိုင်းနိုင်ငံရဲ့ ပညာရေးစနစ်ဟာ အခုဆိုရင်တော့အရှေ့တောင်အာရှမှာ လူကြိုက်အများဆုံးစနစ်တစ်ခုဖြစ်လာပြီး နိုင်ငံတကာအဆင့်မီ သင်ကြားရေးစနစ်တွေကြောင့် မြန်မာကျောင်းသားများအတွက် အကောင်းဆုံးရွေးချယ်မှုတစ်ခု ဖစ်လာပါတယ်။ ပညာသင်ကြားဖို့ နဲ့ ခိုင်မာတဲ့ visa ရရှိဖို့ အတွက် အဓိက လမ်းကြောင်း (၂) ခု ရှိပါတယ်။

၁။ Language School Programs (ဘာသာစကားသင်တန်းများ)

ဒါကတော့ ထိုင်းဘာသာစကား (Thai) | တရုတ်ဘာသာစကား(Chinese) | ဂျပန်ဘာသားကား(Japanese) သို့မဟုတ် အင်္ဂလိပ်ဘာသာစကား (English) ကို ကျွမ်းကျင်စွာ တတ်မြောက်လိုသူတွေနဲ့ ထိုင်းနိုင်ငံမှာ အခြေချနေထိုင်ခွင့် ED Visa ရယူလိုသူတွေအတွက် အသင့်တော်ဆုံး ဖြစ်ပါတယ်။ သင်တန်းကာလတွေကတော့ -
* ၆ လ Program: အခြေခံစကားပြောနှင့် အရေးအသားကို အဓိကထားပြီး ရေတိုအတွင်း ထိရောက်စွာ တတ်မြောက်လိုသူများအတွက်။

* ၉ လ Program: Intermediate level အထိ ရောက်ရှိအောင် သင်ကြားပေးပြီး အလုပ်အကိုင် သို့မဟုတ် နေ့စဉ်ဘဝမှာ ကျွမ်းကျင်စွာ အသုံးချနိုင်မယ့် ကာလ။

* ၁၅ လ Program: အခြေခံမှသည် အဆင့်မြင့် (Advanced level) အထိ သေချာစနစ်တကျ လေ့လာလိုသူများအတွက် အထူးသင့်တော်ပြီး မိမိသင်တန်းအပ်ထားတဲ့ကာလအတိုင်း visa ရရှိမှာဖစ်ပါတယ်။

၂။ University Programs (တက္ကသိုလ်ပညာရေး)

မြန်မာနိုင်ငံတွင်အထက်တန်းအောင်မြင်ပီး Higher Education ကို စနစ်တကျ တက်ရောက်လိုသူများအတွက် ဖြစ်ပါတယ်။ ထိုင်းနိုင်ငံရဲ့ ထိပ်တန်းတက္ကသိုလ်တွေမှာ International Programs တွေ အများအပြားရှိပြီး အင်္ဂလိပ်ဘာသာစကားနဲ့ တိုက်ရိုက်သင်ကြားပေးပါတယ်။
* Bachelor’s Degree (ဘွဲ့ကြိုသင်တန်း): (၄) နှစ်။
* Master’s Degree (မာစတာဘွဲ့): (၁) နှစ်ခွဲ မှ (၂) နှစ်။
* အဓိကဘာသာရပ်များ: Business Administration, IT, Hospitality Management, Engineering နှင့် Arts ဘာသာရပ်များကို စိတ်ကြိုက်ရွေးချယ်နိုင်ပါတယ်။

💡 ဘာကြောင့် ထိုင်းနိုင်ငံကို ရွေးချယ်သင့်တာလဲ?

* Affordability: ဥရောပ၊ အမေရိကနိုင်ငံတွေနဲ့ ယှဉ်ရင် ကုန်ကျစရိတ် သက်သာစွာနဲ့ နိုင်ငံတကာအဆင့်မီ ပညာရေးကို ရရှိနိုင်ပါတယ်။

* Global Recognition: ထိုင်းနိုင်ငံကရတဲ့ ဘွဲ့တွေဟာ ကမ္ဘာတစ်ဝှမ်းမှာ အသိအမှတ်ပြုခြင်းခံရပါတယ်။

* Lifestyle & Safety: မြန်မာနိုင်ငံနဲ့ ယဉ်ကျေးမှုချင်း နီးစပ်ပြီး သွားလာရလွယ်ကူသလို၊ စားဝတ်နေရေး စရိတ်စကလည်း မျှတပါတယ်။

သင်က ဘာသာစကား လေ့လာချင်တာလား? ဒါမှမဟုတ် ဘွဲ့တစ်ခုခု တက်ချင်တာလား? ကိုယ့်ရဲ့ Goal ပေါ်မူတည်ပြီး အချိန်ကာလတွေကို မှန်ကန်စွာ ရွေးချယ်ဖို့ အကြံပြုလိုပါတယ်။
ဒီ Post လေးမှာ ထိုင်းနိုင်ငံရဲ့ ပညာရေးအကြောင်း ရှင်းပြပေးထားတာဖစ်ပါတယ် ပိုမိုသေချာတဲ့အချက်အလက်တွေနဲ့ ပတ်သက်ပြီး ထပ်မံသိရှိလိုတာ ဒါမှမဟုတ် ပညာရေးအစီအစဉ် တစ်ခုခုကို စိတ်ဝင်စားပါက page messenger တွင်လာရောက်မေးမြန်းနိုင်ပါတယ်ဗျ 🙏🏼

23/07/2025

ဘာကြောင့် မြန်မာကျောင်းသားများစွာထိုင်းနိုင်ငံကို ပညာသင်ဖို့ ရွေးချယ်လာကြတာလဲ? 🇹🇭

• မြန်မာ ၁၂ အောင်လက်မှတ် သို့မဟုတ် GED/IGCSE ရှိယုံနဲ့လွယ်ကူလျှင်မြန်စွာအပ်နိုင်ခြင်း

• စျေးနှုန်းသက်သာစွာနဲ့ရမဲ့ International standard ပညာရေး

• ကုန်ကျစရိတ် အခြားနိုင်ငံများထက် သက်သာခြင်း

• အစားအသောက်နှင့်နေထိုင်မှုပုံစံနီးစပ်ခြင်း

• မြန်မာနိုင်ငံနှင့် နီးစပ်ပြီး သွားလာရလွယ်ကူခြင်း မိသားစုဝင်များလာရောက်လည်ပတ်ရန်လွယ်ကူခြင်း

ဒါတွေကြောင့် မြန်မာကျောင်းသားများစွာ ထိုင်းနိုင်ငံမှာ ပညာသင်လာကြပါတယ်။

Bright Future Page မှလည်း ထိုင်းနိုင်ငံပညာရေးအကြောင်းအသုံးဝင်တဲ့ အချက်အလက်များကို ဆက်လက်မျှဝေပေးသွားပီး ထိုင်းနိုင်ငံတွက်လာရောက်ကျောင်းတက်ချင်တဲ့လူငယ်များအတွက်လည်း ကျောင်းလျောက်ပေးချင်း နှင့် Visa service များ လုပ်ဆောင်ပေးနေတာကြောင့် like and follow လုပ်ထားကြဖို့မမေ့ပါနဲ့နော်🙏🏼💗

23/07/2025

အားလုံးပဲမင်္ဂလာပါ Bright Future Online Page မှ ကြိုဆိုလိုက်ပါတယ်!❤️

ထိုင်းနိုင်ငံတွင် ပညာသင်ကြားရန် ရည်ရွယ်ထားသော ကျောင်းသား၊ ကျောင်းသူများအတွက် Language School ဖြစ်စေ၊ University ဖြစ်စေ အဆင်ပြေချောမွှေ့စွာ တက်ရောက်နိုင်ရေးနှင့် နေထိုင်ရေးတို့ကို အစအဆုံး ကူညီဆောင်ရွက်ပေးနေသည့် One Stop Service Agency တစ်ခု ဖြစ်ပါတယ်။

ကျွန်တော်တို့ Bright Future မှာ ရရှိနိုင်တဲ့ ဝန်ဆောင်မှုတွေကတော့ -

Flight Ticket: လေယာဉ်လက်မှတ်များကို ဈေးနှုန်းသက်သာစွာဖြင့် ဝယ်ယူနိုင်ခြင်း ✅

TR Visa: ထိုင်းနိုင်ငံတွင် (၂) လ နေထိုင်ခွင့်ဗီဇာအား လူကိုယ်တိုင် ပင်ပန်းစရာမလိုဘဲ လွယ်ကူလျင်မြန်စွာ ရရှိစေရန် ကိုယ်စားလှယ်အဖြစ် လျှောက်ထားပေးခြင်း ✅

Airport VIP Pass: ထိုင်းနိုင်ငံသို့ ဝင်ရောက်ရာတွင် အခက်အခဲမရှိစေရန် လေဆိပ်တွင် လူကြီးမင်းတို့အား လာရောက်ကြိုဆိုပေးမည့် VIP ဝန်ဆောင်မှု ✅

Accommodation: ကျောင်းသား၊ ကျောင်းသူများအတွက် အသင့်နေထိုင်ရုံ Condo နှင့် Apartment များကို ကြိုတင်စီစဉ်ပေးခြင်း ✅

Visa Extension: ဗီဇာသက်တမ်းတိုးခြင်းဆိုင်ရာ ဝန်ဆောင်မှုများ ဆောင်ရွက်ပေးခြင်း ✅

Education Consultancy: မိမိတက်ရောက်လိုသည့် Language School နှင့် University များသို့ ကျောင်းအပ်နှံခြင်းဆိုင်ရာ လုပ်ငန်းစဉ်များကို ကူညီပေးခြင်း ✅
ဝန်ဆောင်မှုအားလုံးကို တစ်နေရာတည်းမှာ ယုံကြည်စိတ်ချစွာ ရရှိနိုင်ဖို့ ကျွန်တော်တို့ရဲ့ Page လေးကို Like and Follow လုပ်ထားဖို့ မမေ့နဲ့နော်။ ❤️🍀

Want your school to be the top-listed School/college in Seoul?

Click here to claim your Sponsored Listing.

Location

Culinary Team

Attire

Website

Address

Seoul