Teacher Chan Chan

Teacher Chan Chan Language study�, self improvement articles�, travel knowledge � general knowledge,
(2110)

15/07/2025

စာရေးတဲ့ ဒီ ပေ့ချ်လေးကို မသုံးဖြစ်တာ ကြာပြီ။ အခုထိ အတူ ရှိနေပေးသူတွေ အားလုံးကို ကျေးဇူးတင်ပါတယ်။

15/07/2025

အခုတလော စိတ်ပင်ပန်းလို့လား၊ လူပင်ပန်းလို့လား မသိ။ မွေးရပ်မြေကို ခဏ ခဏ လွမ်းမိ သတိရမိနေတယ်။ ရေခြားမြေခြားမှာ အသားကျနေတဲ့ ကျွန်မအတွက် ဒီလို မဖြစ်တော့တာ အချိန် အတိုင်းအတာ တစ်ခု ရှိခဲ့ပြီ။ တော်ရာမှာ နေတတ်အောင် နေတယ်။ အစားအသောက်လည်း ရှိတာ၊ ရတာနဲ့ အဆင်ပြေအောင် စားတယ်။ ဟိုဟာ စားချင်လိုက်တာ၊ ဒီဟာ စားချင်လိုက်တာဆိုတဲ့ ပြင်းပြတဲ့ ဆန္ဒတွေ ဘာတွေလည်း မရှိတော့တာ ကြာပြီ။ တစ်နည်းအားဖြင့် အသားကျတယ်လို့ ဆိုရမှာပေါ့။

ဒါပေမယ့် အခုတလော မွေးရပ်မြေကို သတိရမိ၊ လွမ်းမိနေတယ်။ အပြီး ပြန်ပြီး နေချင်တာမျိုးလည်း မဟုတ်။ ဟိုဟိုဒီဒီ လျှောက်လည်ချင်တာမျိုးလည်း မဟုတ်။ သိပ် ပြင်းပြတဲ့ ဆန္ဒမျိုး မရှိပေမယ့် ဒီအတိုင်း အငွေ့အသက်လေးတွေကို သတိရလွမ်းဆွတ်တာမျိုး။

ရာသီဥတု ပူတာကို ကျွန်မ မကြိုက်ပေမယ့် အညာ နွေပူပူ ဘုန်းကြီးကျောင်း ၀န်းကျယ်ကြီးထဲက သရက်ပင်အုပ်တွေတို့၊ အရမ်းကြီး မတိတ်ဆိတ်သလို အရမ်းကြီး မဆူညံတဲ့ ဘုရားကျောင်း၀န်းထဲက ဆည်းလည်းသံ၊ ပုတီးစိပ်သံ သဲ့သဲ့ ကြားနေရတဲ့ ခံစားချက် အငွေ့အသက်လေးတွေကို ခံစားနေရတာမျိုး။

ကိုရီးယားလိုဆိုရင် 향수병လို့ ခေါ်တာပေါ့။ မွေးရပ်မြေတို့၊ နေနေကျ နေရာတို့ကနေ ထွက်ခွာလာတဲ့ လူတစ်ယောက် ခံစားရတဲ့ အထီးကျန်ခြင်း၊ လွမ်းဆွတ်ခြင်း၊ ညှိုးငယ်ထိုင်းမှိုင်းခြင်း စတဲ့ ခံစားချက်တွေကို ခံစားရတာကို 'အိမ်လွမ်းဝေဒနာ'ဆိုပြီး "ဝေဒနာ"နဲ့ နှိုင်းယှဥ်ပြီး သုံးနှုန်းတာပေါ့။ အင်္ဂလိပ်ဘာသာမှာတော့ Homesick/Homesickness လို့ သုံးတာပေါ့။ သူတို့လည်း ရောဂါလို့ သမုတ်တာပဲ။ မြန်မာလိုတော့ သူ့ကို "အိမ်လွမ်းနာ"တဲ့။ ရိုးရိုးလေး ကိုယ် နေထိုင်ခဲ့တဲ့ အိမ်ကိုပဲ လွမ်းတာ မဟုတ်၊ ကိုယ် နေထိုင်ရာ အရပ်၊ ဒေသရဲ့ ဘာသာစကား၊ အစားအသောက်၊ မိသားစု၊ အနံ့အသက်၊ ပတ်၀န်းကျင် အငွေ့အသက် စတဲ့ အရာအားလုံးကို လွမ်းဆွတ်မိလို့ "နာကျင်"ရတဲ့ ခံစားချက် အခြေအနေဆိုတဲ့ အဓိပ္ပါယ်တွေ ပါ၀င်နေတာမျိုးပေါ့။

အညာရဲ့ ခြောက်သွေ့သွေ့ ထန်းပင်ထန်းတောကြီးတွေ၊ ထနောင်းပင်၊ ကုက္ကိုပင်၊ မန်ကျည်းပင်ကြီးတွေ၊ ပူပူငွေ့ငွေ့ လေပွေကြီးတွေ၊ ဘုရားကျောင်းကန်ထဲက ဘုရားအရိပ်၊ ကျောင်းအရိပ် စတဲ့ အရိပ်အာ၀ါသတွေ...... အလိုလို သတိရနေမိပါတယ်။

အညာသူ ဆရာမ

စိတ်ခွန်အားဖြည့် ဗဟုသုတ စာစုလေးတွေကို ကိုရီးယားလိုနဲ့ မြန်မာလို နှစ်ဘာသာနဲ့ ရေးထားတာမို့ ကိုရီးယားဘာသာ ကျောင်းသားတွေအတွက...
14/12/2021

စိတ်ခွန်အားဖြည့် ဗဟုသုတ စာစုလေးတွေကို ကိုရီးယားလိုနဲ့ မြန်မာလို နှစ်ဘာသာနဲ့ ရေးထားတာမို့ ကိုရီးယားဘာသာ ကျောင်းသားတွေအတွက် အရေးအဖတ် လေ့ကျင့်လို့ ရမယ့် စာအုပ်လေးပါ။ အောက်က ပို့စ်ကို သေသေချာချာ ဖတ်ပြီး ကြိုတင် မှာယူနိုင်ပါပြီနော် ♥
https://www.facebook.com/newideapublisher/posts/4592467300842211?__cft__[0]=AZWlTCiYZTkaMiLyMVQonjlDoLoNby8fNIkyIiP-TkGJPT5YblWIF4R1fh8AhzGdYwrdi_x5uVJ5B_W3YToTIOO4xEhfMJAQrB0b4LoyoVmpeS0VqC7NPUTY883gDyTeEERxhaAMcdKDwZeIOMVyNvhnKwHm7XeOstx3e-90OobkB-_HFZyPw38vjYixZX4kVco&__tn__=%2CO%2CP-R

Running Man အဖွဲ့ဝင်တွေရဲ့ နာမည်အသံထွက် အစစ်တွေကို သေသေချာချာ လေ့လာကြမယ်
26/01/2021

Running Man အဖွဲ့ဝင်တွေရဲ့ နာမည်အသံထွက် အစစ်တွေကို သေသေချာချာ လေ့လာကြမယ်

Running Man members' namesRunning Man အဖွဲ့ရဲ့ နာမည် အသံထွက် အစစ် 런닝맨 매버들의 이름의 실제 발음

25/01/2021

ကိုရီးယား မြန်မာ အစားအသောက် ယဥ်ကျေးမှု အကြောင်းလေး ပြောပြထားတယ်

https://youtu.be/UDdk14yj9To

ဆရာမရဲ့ ဒီ စာအုပ် နှစ်အုပ်ဟာ အရမ်း ရောင်းအား ကောင်းပါတယ်။ အခြေခံအဆင့်ဆိုရင် ပြန်ထုတ်ရတာ ငါးကြိမ်လောက် ရှိသလို အခု အလယ်တန...
22/01/2021

ဆရာမရဲ့ ဒီ စာအုပ် နှစ်အုပ်ဟာ အရမ်း ရောင်းအား ကောင်းပါတယ်။ အခြေခံအဆင့်ဆိုရင် ပြန်ထုတ်ရတာ ငါးကြိမ်လောက် ရှိသလို အခု အလယ်တန်းအဆင့်ကိုလည်း သုံးကြိမ်မြောက်လောက် ပြန်ထုတ်ရပါတယ်။ စာအုပ်ကို အားပေးကြတဲ့ ကျောင်းသူကျောင်းသား အားလုံးကို ရင်ထဲက ကျေးဇူး အထူး တင်ရှိပါတယ်။ အခု အသစ် ပြန်ရိုက်နေတာမို့ မကြာခင် စာအုပ်ဆိုင်တွေမှာ ရနိုင်ပါတယ်နော်။ မိမိနဲ့ နီးစပ်ရာ စာအုပ်ဆိုင်မှာ မေးမြန်းဝယ်ယူပေးပါ။ ဆရာမ ကိုယ်တိုင်က စာအုပ် မရောင်းတာမို့ လိုအပ်ရင် စာအုပ်တိုက်နဲ့ ဆက်သွယ်ပြီး ဝယ်ယူနိုင်ပါတယ်။

ချမ်းမြမြသော် (KHU,Seoul,Korea)

TOPIK lesson 2 ကိုရီးယား သံရုံးစာမေးပွဲ မေးခွန်းဟောင်းတွေ ဖြေကြမယ်
20/01/2021

TOPIK lesson 2 ကိုရီးယား သံရုံးစာမေးပွဲ မေးခွန်းဟောင်းတွေ ဖြေကြမယ်

Study Korean and Burmese language with Chan Chan Ph.D in Korean Teaching KHU, south Korea.

BTSရဲ့ Spring Dayနဲ့ ကိုရီးယားစာ သင်ကြမယ်
13/01/2021

BTSရဲ့ Spring Dayနဲ့ ကိုရီးယားစာ သင်ကြမယ်

Study Korean by BTS Spring Day 찬찬 선생님과 함께 BTS 봄날로 한국어 공부하기노래도 배우고 한국어 표현도 배우자

နှင်းတွေ ကျတဲ့နေ့ အမှတ်တရ ရယ်ချင်ရင် ကြည့်ဖြစ်အောင် ကြည့်နော်
12/01/2021

နှင်းတွေ ကျတဲ့နေ့ အမှတ်တရ
ရယ်ချင်ရင် ကြည့်ဖြစ်အောင် ကြည့်နော်

ကျွန်မ စိတ်ရင်းနဲ့ ခင်ရတဲ့ အစ်မရဲ့ သားလေး ဒုံးဂျင်း(DongJin)ရဲ့ ယူကျု ချန်နယ်လေးပါ။ ကလေးက အစားစားတဲ့ ပရိုဂရမ် လုပ်ချင်နေ...
12/01/2021

ကျွန်မ စိတ်ရင်းနဲ့ ခင်ရတဲ့ အစ်မရဲ့ သားလေး ဒုံးဂျင်း(DongJin)ရဲ့ ယူကျု ချန်နယ်လေးပါ။ ကလေးက အစားစားတဲ့ ပရိုဂရမ် လုပ်ချင်နေတာမို့ မေမေက ရိုက်ပေးထားပါတယ်တဲ့။ ဒုံးဂျင်းက ကိုရီးယားမှာ မွေး ကိုရီးယားမှာ ကြီးတဲ့ မြန်မာစစ်စစ် ကလေးလေးပါ။ ချစ်တဲ့ စိတ်နဲ့ ကလေးကို Subscribe လုပ်ပြီး အားပေးပေးကြပါဦးနော် ♥

Share your videos with friends, family, and the world

လမ်းလျှောက်ရင်း ကျောက်ခဲကို တွေ့တဲ့အခါ အားနည်းသူကတော့ ဒါကို ခလုတ်ကသင်းလို့ ယူဆတတ်ပြီးအားကြီးသူကတော့ ဒါကို အခင်းလမ်းလို့ ...
11/01/2021

လမ်းလျှောက်ရင်း ကျောက်ခဲကို တွေ့တဲ့အခါ
အားနည်းသူကတော့ ဒါကို ခလုတ်ကသင်းလို့ ယူဆတတ်ပြီး
အားကြီးသူကတော့ ဒါကို အခင်းလမ်းလို့ ယူဆတတ်တယ်။

Thomas Carlyle

ချမ်းမြမြသော် (KHU, Seoul, Korea) ဘာသာပြန်

Address

119 Street
Seoul

Alerts

Be the first to know and let us send you an email when Teacher Chan Chan posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Shortcuts

Share