Dare to Dream - D to D

Dare to Dream - D to D Korean Language School

ဒီနေ့ စသင်တဲ့ ကိုရီးယားအခြေခံအတန်း(Batch-2)မှာ ကျောင်းသူ/သားတွေ စာကုန်းရေးနေတာကို ထိုင်ကြည့်နေရတာနဲ့တင် ပီတိပျော်ပျော်နေ...
27/04/2024

ဒီနေ့ စသင်တဲ့ ကိုရီးယားအခြေခံအတန်း(Batch-2)မှာ
ကျောင်းသူ/သားတွေ စာကုန်းရေးနေတာကို ထိုင်ကြည့်နေရတာနဲ့တင် ပီတိပျော်ပျော်နေသောက ဒီကဆရာမခံစားချက်ပေါ့နော်~ 😄
ကလေးတွေ စာကြိုးကြိုးစားစားလုပ်နေကြတာကို ကြည့်နေတာလည်း ကိုယ့် Paradiseတွေထဲက တစ်ခုပဲ..။

အခြေခံ၃လအတန်းမှာ သေချာသာ စာလိုက်လုပ်ပေးရင် ၃လအချိန်ပေးရတာနဲ့ ထိုက်တန်တဲ့ အနေအထားတစ်ခုအထိ ရောက်မယ်ဆိုတာက Dare to Dream - D to D သင်တန်းကျောင်းရဲ့ အာမခံချက်ပါ🤎

Level-1အတန်းက စတာမကြာသေးဘဲ သင်္ကြန်ခံသွားလို့ စာတွေဝေးသွားမှာစိုးတာနဲ့ အိမ်စာတွေ အများကြီး ပေးလိုက်တာ..။ သင်္ကြန်ကာလကြီး...
21/04/2024

Level-1အတန်းက စတာမကြာသေးဘဲ သင်္ကြန်ခံသွားလို့ စာတွေဝေးသွားမှာစိုးတာနဲ့ အိမ်စာတွေ အများကြီး ပေးလိုက်တာ..။ သင်္ကြန်ကာလကြီးမှာတောင် deadlineမကျော်ဘဲ အိမ်စာတွေ သေချာ ထပ်ပေးကြတယ် ~ 🫰🤩
အဲ့ဒါကြောင့် 이 쌤이 미안하기도 하고 고맙기도 해요 ~ 🫶

**ထပ်တဲ့အိမ်စာတွေထဲက Grammarအိမ်စာအချို့ရဲ့ ပုံလေးတွေ ပြန်တင်ထားတာပါ**

Youtubeကြည့်ရင်း မွန်ဂိုကျောင်းသူလေးတစ်ယောက် ကိုရီးယားစကားပြောကို ဘယ်လိုလေ့ကျင့်ခဲ့သလဲဆိုတာ နားထောင်မိရင်း ကိုယ်လေ့ကျင့်...
19/04/2024

Youtubeကြည့်ရင်း မွန်ဂိုကျောင်းသူလေးတစ်ယောက် ကိုရီးယားစကားပြောကို ဘယ်လိုလေ့ကျင့်ခဲ့သလဲဆိုတာ နားထောင်မိရင်း ကိုယ်လေ့ကျင့်ခဲ့တုန်းကနဲ့ တော်တော်များများ တူနေလို့ sharingလုပ်လိုက်ပါတယ်..။
🌿🌿🌿🌿🌿🌿🌿🌿🌿🌿🌿🌿🌿🌿🌿🌿🌿🌿

၁။ ကိုယ့်ဘာသာတစ်ယောက်တည်းရှိနေရင် ပြောဖြစ်တဲ့စကားတွေကို ရသလောက် ကိုရီးယားလို ထည့်ထည့်ပြောကြည့်ပါ..။ ဖြစ်နိုင်ရင် နေ့စဥ် ကိုယ် တစ်ယောက်တည်းရှိချိန် ပါးစပ်က ထွက်သမျှတွေကို ကိုရီးယားလိုသာ ထွက်ပြောပါ..။ မှားမှားမှန်မှန် ကိုရီးယားလိုသာ ပြောပါ..။ တစ်ချို့တွေက native speakerတွေနဲ့ ပြောကြည့်ပါဆိုပေမယ့် ဒီအပိုင်းက မြန်မာမှာရှိနေကြတဲ့သူတွေအတွက်ကျ ထင်သလောက်မလွယ်ကူတာကြောင့် အခု အပေါ်က ပြောတဲ့အတိုင်းလုပ်တာ ပိုထိရောက်ပါတယ်..။ ကိုယ်လည်း တကယ် မြန်မာမှာတုန်းက အဲ့လိုလုပ်ခဲ့တာပါ..။ မှန်ကြည့်ရင်လည်း မှန်ထဲက ကိုယ့်ကို ကိုရီးယားလိုပြောပါတယ်..။ Dramaကားတွေကြည့်ပြီး အဲ့ထဲက သူတွေကို ပြောချင်တဲ့စကားကိုလည်း ကိုရီးယားလို ထည့်ထည့်ပြောပါတယ်..။ ဘာသာစကားတစ်ခု သင်တဲ့အခါ ရှက်ကြောကို ဖြတ်ထားရပါတယ်..။ ရှက်နေသမျှတော့ မိမိတိုးတက်ရာကို ဟန့်တားထားသလို ဖြစ်နေမှာပါပဲ..။ ဘယ်သူတွေ ဘယ်လိုလာပြောပြော မရှက်တတ်တဲ့စိတ်ကို ဘာသာစကားသင်နေတဲ့အခါ ထည့်ထားပါ..။

၂။ ကိုရီးယားစာကြောင်းတွေကို ဖတ်တဲ့အခါ စိတ်ထဲကနေ မဖတ်ဘဲ အသံထွက်ဖတ်ပါ..။ "ကိုရီးယားစာကြောင်း"ဆိုတဲ့နေရာမှာ Textbookက စာတွေချည်းကို မဆိုလိုဘဲ စာရေးဆရာတွေ ရေးထားတဲ့ ကိုရီးယားစာအုပ်တွေ ဝတ္တုတွေ ကဗျာတွေ အစရှိတာတွေကို အသံထွက်ပြီးဖတ်ပါ..။ ဖတ်ရင်း မသိတဲ့စာလုံးတွေ အများကြီးလည်း ပါကောင်းပါနိုင်ပါတယ်..။ ဒါပေမယ့် ဒီအတိုင်း အသံသာထွက်ပြီး ဖတ်သွားပါ..။ အဓိကက ကိုယ့်လျှာ၊ ကိုယ့်ပါးစပ်က ကိုရီးယားစာတွေကို မှတ်မိနေဖို့ပါ..။ တစ်နေ့ကို ၂ရွက်ဆို ၂ရွက်၊ ၃ရွက်ဆို ၃ရွက် targetထားပြီး ပုံမှန် အသံထွက်ဖတ်သွားပါ..။ Textbookကစာတွေချည်း ဖတ်ရင်ရော မရဘူးလားဆိုရင် အဲ့လိုလည်း ရပေမယ့် Textbook ထဲမှာကကျ သူ့ levelအလိုက်အတိုင်းကန့်သတ်ထားသလိုဖြစ်နေတဲ့အပြင် စာစကားတွေအများစု ပါတာကြောင့်ပါ..။ စာရေးဆရာတွေ ရေးထားတဲ့ စာအုပ်တွေမှာကကျ စကားအမြင့်တွေ အလှတွေပါတဲ့အပြင် ဘောင်လည်း ကျယ်တာကြောင့် လေ့ကျင့်တဲ့သူတွေအတွက် ပိုကောင်းတဲ့ နည်းလမ်းမို့ အဲ့ဒါကို ပိုrecommendလုပ်ချင်တာပါ..။

၃။ မိမိ ပြောဖြစ်သမျှတွေကို အသံသွင်းပြီး ပြန်နားထောင်ပါ..။ တစ်ယောက်တည်း စကားပြောဖြစ်တဲ့အခါ၊ စာကို အသံထွက် ဖတ်တဲ့အခါ၊ ကိုရီးယားလူမျိုးတစ်ယောက်ယောက်နဲ့ စကားပြောရတဲ့အခါမျိုးတွေမှာ အဆင်ပြေရင်ပြေသလို အသံသွင်းပြီး ပြန်နားထောင်ကြည့်ပါ..။ အဲ့အခါ မိမိရဲ့ အသံနေအသံထား၊ ပြင်ဖို့လိုတဲ့အချက်တွေကို သူများကို သွားမေးစရာတောင် မလိုတော့ဘဲ ကိုယ့်အားနည်းချက် အားသာချက်တွေကို ထင်ထင်ရှားရှား သိလာနိုင်ပါလိမ့်မယ်..။ ကိုယ့်အသံကို ကိုယ် ပြန်ရှက်နေဖို့ မလိုပါဘူး..။ ကိုယ်လည်း အဲ့လို လုပ်ရင်း ကိုယ့်အားနည်းချက်တွေကို ရှာတွေ့ခဲ့တာပါ..။

ဒီအပေါ်က ၃ချက်ကို လုပ်တဲ့အခါ တစ်ပတ်တည်း တစ်လတည်း လုပ်ရမှာမဟုတ်ဘဲ ရေရှည် လေ့ကျင့်သွားဖို့ အထူးလိုပါတယ်..။ ကိုယ် အမြဲတမ်း ပြောလေ့ရှိတဲ့စကားကို ပြောရရင် ဘာသာစကားဟာ ကောက်ရိုးမီးလုပ်လို့မရတဲ့အထဲမှာ ထိပ်ဆုံးကပါပါတယ်..။ တာတိုခရီးမဟုတ်ဘဲ တာရှည်ခရီးဖြစ်တာကြောင့် တာအထွက်မှာ အားအပြည့်နဲ့ အရှိန်လည်း အရမ်းကြီး မြန်စရာမလိုဘဲ မိမိ သတ်မှတ်ထားတဲ့ အရှိန်လေးအတိုင်း ပုံမှန်လေး လှိမ့်ပေးရင် အချိန်တန်တဲ့အခါ မိုင်တိုင်တစ်ခုကို ရောက်ကိုရောက်ပါလိမ့်မယ်..။

ရေးထားတဲ့စာတွေထဲက တစ်ချို့အကြောင်းအရာအနည်းငယ်ကို ကြည့်ခဲ့တဲ့ youtube videoကနေ မှီငြမ်းထားတာမို့ မွန်ဂိုကျောင်းသူလေး ပြောတာကို အစအဆုံး နားထောင်ချင်ရင် commentမှာ linkချပေးထားပါ့မယ်..။ နားထောင်ထောင်ချင်း ကိုယ်ဆို သူ့ကို ကိုရီးယားလို့တောင် ထင်သွားရတဲ့အထိ အသံထွက် တော်တော်ကောင်းတာပါ..။

ကဲ~ အဲ့ဒါဆို အားလုံးပဲ အိမ်မက်တွေကို အမိအရ ဖမ်းဆုပ်နိုင်တဲ့သူတွေ ဖြစ်ကြပါစေနော်..🍀

🚨 ယခုစာအား ပြန်လည်ကူးယူတင်ခွင့်မပြုပါ။ 🚨

စကားတစ်ခွန်း ကြားဖူးတယ်။ "ဘာသာစကားတစ်ခုက Powerတစ်ခုနဲ့ မျှခြေညီတယ်..။ အဲ့ဒါကြောင့် ဘာသာစကားတစ်ခု ပိုတတ်မြောက်သွားတိုင်းမ...
15/03/2024

စကားတစ်ခွန်း ကြားဖူးတယ်။
"ဘာသာစကားတစ်ခုက Powerတစ်ခုနဲ့ မျှခြေညီတယ်..။ အဲ့ဒါကြောင့် ဘာသာစကားတစ်ခု ပိုတတ်မြောက်သွားတိုင်းမှာ ကိုယ့်မှာ Powerတွေတိုးလေပဲ"တဲ့

ပြီးတော့ စကားပုံတွေလည်း ရှိကြတယ်ဟုတ်..?
"ပညာရွှေအိုး လူမခိုး၊ ပညာရဲရင့်ပွဲလယ်တင့်၊ ပညာလို အိုသည်မရှိ" စသဖြင့် ပညာရဲ့အဖိုးအနဂ္ဂကို ဖော်ကျူးထားတဲ့ စာသားတွေ~
အဲ့လို ပညာတွေထဲက တစ်ခုဖြစ်တဲ့ ကိုရီးယား ဘာသာစကားကို သင်ယူတတ်မြောက်ချင်သူများအတွက် Dare to Dream - D to D မှ အောက်ပါအတန်းများကို ဖွင့်လှစ်ထားလျက်ရှိပါတယ်..။ 🍀

▪︎Basic class
▪︎Level-1(A+B)
▪︎Level-2(A+B)
▪︎Level-3(A+B)

သင်ကြားသူ Mentorများဘက်မှ သင်ကြားမှုကို တာဝန်အပြည့်ယူမှာဖြစ်တဲ့အတွက် သင်ယူသူဘက်ကသာ မိမိ သင်ယူမှုကို တာဝန်ကျေပေးရင် ဒီ သင်တန်းကို လာတက်ရတာ နောင်တမရှိဖို့ကို အာမခံနိုင်ပါတယ်။

အတန်းနဲ့ ပတ်သတ်တဲ့ အသေးစိတ်အကြောင်းအရာကို ပုံနဲ့ commentထဲတွင် ကြည့်နိုင်ပါတယ်ရှင့်..။

28/02/2024

အသတ်သံ(받침)အုပ်စုထဲက "တ်"သတ်သံ ပထမဆုံးသင်တဲ့နေ့ရဲ့ အမှတ်တရ တစ်စိတ်တစ်ပိုင်းလေးတွေ ~ 🫶
မီးပျက်နေလည်းပဲ၊ အလုပ်တွေပင်ပန်းနေကြလည်းပဲ အတန်းချိန်ဆို နောက်မကျဘဲအရောက်လာပြီး အားကြိုးမာန်တက်သင်ကြလို့ သင်တဲ့ဆရာမမယ်လည်း ကျေနပ်အမောပြေရတယ် ~💐🍀

ဒီအတန်းလေးဟာဆိုရင်ဖြင့် နောက်လကုန်လောက်မှာ basic classကို ပြီးသွားကြတော့မှာပါ။
Dare to Dream - D to D သင်တန်းကျောင်းရဲ့ basic classက တစ်ပတ် ၂ရက်၊ တစ်နေ့ ၂နာရီနဲ့ ပုံမှန်အားဖြင့် ၃လကြာမြင့်ပါတယ်။
💫အခြေခိုင်အောင် တစ်ယောက်ချင်းစီ focusထားပြီး သင်ရသော အတန်းဖြစ်သောကြောင့် Basic classတွင် အတန်းသားအများကြီး လက်မခံပါ။💫

အတန်းစုံစမ်းချင်ရင်(သို့) မိမိ တက်ရောက်ရမယ့် Levelနဲ့ပတ်သတ်ပြီး တိုင်ပင်ချင်ပါက သင်တန်းကျောင်းရဲ့ Messengerမှာ လာရောက် ဆွေးနွေးမှုခံယူနိုင်ပါတယ်..။

22/02/2024

စကားပြောတဲ့အခါ စကားပုံတွေကို ညှပ်ညှပ်သုံးတတ်ရင် ပိုပြီးတော့ ဆိုလိုရင်းကို ပေါ်လွင်စေတတ်ပါတယ်..။ ကိုရီးယားဘာသာစကားမှာလည်း ထိုနည်းလည်းကောင်းပါပဲ..။ ကိုရီးယားစကားပုံတွေကို စကားပြောတဲ့အခါ၊ Topikစာမေးပွဲတွေဖြေတဲ့အခါမျိုးတွေမှာ အသုံးချတတ်ရင် ချတတ်သလို အကျိုးကျေးဇူးတွေများတာမို့ ဒီတစ်ခေါက်မှာတော့ စကားပုံနဲ့ပတ်သတ်တဲ့ video clipကို တင်ပေးလိုက်ပါတယ်..။

ဒီလို စကားပုံတွေ၊ idiomတွေ၊ သမိုင်းတွေနဲ့ ဗဟုသုတပိုင်းဆိုင်ရာ အကြောင်းအရာတွေကို မှန်ကန်တဲ့အချက်အလက်တွေနဲ့တကွ researchလုပ်ပြီး Dare to Dream - D to D Pageကနေ တင်ပေးလျက်ရှိတာကြောင့် Pageကို followingလုပ်ပေးကြသူများအတွက် အကျိုးတစ်စုံတစ်ရာ ပေးနိုင်ဖို့ဆိုတဲ့ ကိုယ်တွေရဲ့ အဓိက ရည်ရွယ်ချက်ကြီး ၂ခုထဲက တစ်ခုဆိုတာကို ပေါ်လွင်စေမယ်လို့ထင်ပါတယ်..။

ရဲရင့်သန်မာသော အိမ်မက်ဖမ်းကြသူများ ဖြစ်ကြစေရန် ရည်ရွယ်ချက် Dare to Dream 🍀

Dare to Dream - D to D  သင်တန်းကျောင်းကနေ ပထမဆုံးဖွင့်တဲ့ Basic class batch(1)အတန်းက သင်တန်းသားတွေရဲ့ တိုးတက်မှုလေးတွေ.....
03/02/2024

Dare to Dream - D to D သင်တန်းကျောင်းကနေ ပထမဆုံးဖွင့်တဲ့ Basic class batch(1)အတန်းက သင်တန်းသားတွေရဲ့ တိုးတက်မှုလေးတွေ..။
ဒီအတန်းဆို စခဲ့တာ တစ်လပြည့်ခါနီးနီးလေးရှိပြီပေါ့..။ အခုလက်ရှိအချိန်မှာ သူတို့လေးတွေ meaningအချို့ကို ကြိုးကြိုးစားစား ဖတ်တတ်နေကြပြီ..။ အသံတွေချည်း ဆက်တိုက်ချပေးနေရတဲ့ ကာလဆိုတော့ ပင်ပန်းကြပေမယ့် တက်တက်ကြွကြွနဲ့ စာလိုက်လုပ်ပေးလို့ ဒီက သင်ပေးရသူမယ်လည်း တကယ့်ကို နှလုံးပီတိဂွမ်းဆီထိဖြစ်ရကြောင်းပါပဲ..။

ဒီလထဲ Levelတန်းအချို့ ဖွင့်ဖို့ထပ်ရှိသေးကြောင်း တစ်ခါတည်း သေးသေးလေး ကြိုကြေငြာထားမယ်နော်။❣️

지속된 노력을 유지하면 우리는 언젠가에 꿈을 현실로 데려올 수 있습니다!!!🍀

14/01/2024

မနက်ဖြန် ရုံးတွေတက်ရတော့မှာဆိုတော့ တစ်ချို့တွေလည်း (월요병)တနင်္လာနေ့ကြောက်တဲ့ရောဂါတွေ ခံစားနေရမယ်ထင်တယ်နော်~
ဘဝခရီးလမ်း အရှည်ကြီးမှာ မျက်တောင်တစ်ထောက်စာ မကြည့်ဘဲ မျက်စိတစ်ဆုံးစာကြည့်မယ်ဆိုရင် အရာအားလုံး ခဏတာပါပဲဆိုတာ နားလည်လာပါလိမ့်မယ်..။ ဒီ တနင်္လာကိုဖြတ်ကျော်မှ, ဒီကြားရက်တွေကိုဖြတ်ကျော်မှ, ဒီလိုအပတ်စဥ်တွေကို ဖြတ်ကျော်မှ တစ်နေ့နေ့မှာ ကိုယ်အရောက်သွားချင်တဲ့ပန်းတိုင်ကို ဝင်နိုင်ကြမှာပေါ့..။
ဖြတ်သန်းရတဲ့နေ့ရက်တွေထဲမှာ ဒီဗီဒီယိုလေးက တစ်စုံတစ်ယောက်ကို တစ်ထောက်နားပြီး အားဖြည့်ပေးနိုင်တဲ့ အရိပ်ရအပင်လိုမျိုးဖြစ်စေဖို့ ရည်ရွယ်ပါတယ်..။

အားလုံးပဲ မင်္ဂလာညချမ်းလေးပါ~🌙

01/01/2024

"2024"ဆိုတဲ့ စာအုပ်တစ်အုပ်ရဲ့ ပထမဆုံးစာမျက်နှာမှာ မိတ်ဆက်ပေးချင်တဲ့ နေရာလေးတစ်ခုရှိပါတယ်..။ ဒီနေရာကတော့ ကိုယ်တိုင်ကိုယ်ကျ နှစ်ခါသွားရောက်ခဲ့ပြီးတာတောင် နောက်ထပ်လည်း အခွင့်ရှိခဲ့ရင် သွားချင်နေဆဲနေရာတစ်ခုလို့တောင် ပြောရပါမယ်..။
ကိုရီးယားနိုင်ငံရဲ့ ပထမဆုံးအနေနဲ့ UNESCO ဝင်ထားတဲ့
ဒီနေရာလေးအကြောင်းကို ဖော်ပြရင်း ပိုမိုကောင်းမွန်လာမယ့် နှစ်တစ်နှစ်ဖြစ်စေဖို့ရာ ဆုတောင်းလိုက်ပါတယ်..။ 🌿

Note: ယခု တင်ပြထားသော videoအား ကူးယူဖော်ပြခွင့်(လုံးဝ)မပြုပါ...။

18/12/2023

အားလုံးပဲ မင်္ဂလာပါ..။ “Dare to Dream” သင်တန်းကျောင်းမှ ကိုရီးယားဘာသာစကား သင်တန်းကို ဖွင့်လှစ်ထားပါတယ်..။

Levelတန်းများအတွက် ကိုင်မယ့် သင်ရိုးညွှန်းတမ်းကတော့ Seoul National Universityရဲ့ ဘာသာစကားသင်ရိုးညွှန်းတမ်းကို အသုံးပြုမှာဖြစ်ပါတယ်..။
သင်ကြားမယ့် platformကတော့ “ZOOM”ဖြစ်ပါတယ်။

📔Class Schedule အနေနဲ့ကတော့
➡️ Basic class - Sat,Sun (6-8 pm) / 100,000ks
➡️ Level 1 class(A+B) - Thu,Fri (6-8 pm) / 200,000ks
➡️ Level 2 class(A+B) - Wed, Thu (3-5 pm) /220,000ks

သင်တန်းနဲ့ပတ်သတ်တဲ့ အသေးစိတ်ကိုတော့ commentမှာ ကြည့်ရှုနိုင်ပါတယ်..။

သင်ကြားပေးမယ့် ဆရာမတွေကတော့ တီချယ်ဆုလဒ်နဲ့ တီချယ်စုလတို့ပဲဖြစ်ပြီး ဆရာမနှစ်ယောက်လုံးက ကိုရီးယားနိုင်ငံ ဆိုးလ်မြို့ Soongsil Universityတွင် Bachelor Degreeတက်ရင်း ၄နှစ်နဲ့အထက် နေခဲ့ကြပြီး လက်ရှိမှာလည်း ကိုရီးယားမှာ နေထိုင်လျက်ရှိနေကြပါတယ်..။ တီချယ်ဆုလဒ် ရရှိထားသောဘွဲ့မှာ Business Management(Bachelor)နဲ့ တီချယ်စုလရရှိထားသော ဘွဲ့မှာ Korean Language And Literature(Bachelor)တို့ပဲ ဖြစ်ပါတယ်..။

Dare to Dream - D to D သင်တန်းကျောင်းရဲ့ သင်ကြားရေးမှာ အရေအတွက်ထက် အရည်အသွေးကို ဦးစားပေးလျှောက်လှမ်းသွားမှာဖြစ်တဲ့အတွက် ကျောင်းသား/သူများအနေဖြင့် အချိန်ပေး စိတ်ပါဝင်စားစွာ လေ့လာမှုကို အလိုရှိပါတယ်..။ ထို့ကြောင့် ငွေကုန် အချိန်ကုန်မဖြစ်ရအောင် သေချာ စာလိုက်လုပ်နိုင်ပြီး သင်တန်းကျောင်းက ဆရာတွေရဲ့ သင်ကြားမှု စည်းကမ်းချက်များကို လိုက်နာနိုင်မှသာ သင်တန်းကို အပ်နှံဖို့ရာ တိုက်တွန်းချင်ပါတယ်..။ သင်ကြားမှုအပိုင်းကို သင်တန်းဘက်မှ ဆရာများက တာဝန်ယူပေးမှာဖြစ်တဲ့အတွက် သင်ယူမှုအပိုင်းကို ကျောင်းသား/သူများမှ တာဝန်ကျေပေးရန် အထူးလိုအပ်ပါတယ်..။ အတတ်ပညာတစ်ခု သင်ကြားမှုမှာ နေ့စဥ်မပြတ် ထိတွေ့ပေးနေမှသာ အချိန်တစ်ခုအကြာမှ အသီးအပွင့်ကို ခံစားရသောကြောင့်ဖြစ်ပါတယ်..။

ရဲရင့်သန်မာသော အိမ်မက်ဖမ်းသူများ ဖြစ်ကြစေရန် ရည်ရွယ်လျက်
Dare to Dream - D to D

14/12/2023

“စိတ်အားထက်သန်မှုအပြည့်နဲ့ မျှော်လင့်မယ်ဆိုရင် တစ်ချိန်ချိန်မှာ တစ်နည်းနည်းနဲ့ ဖြစ်မြောက်လာလိမ့်မယ်..။ တွေးတောင်မတွေးဖူးတဲ့ နည်းလမ်းတွေနဲ့ပေါ့”
간절하게 바라면 언젠가 어떻게든 이루어진다고,
생각하지 못한 방식으로..🍀

ဒီတစ်ခေါက် မျှဝေပေးချင်တဲ့ အေးချမ်းမှုလေးကတော့ Castaway Diva (무인도의 디바) ဇာတ်လမ်းထဲက မင်းသမီး Park Eunbin (박은빈) ကိုယ်တိုင် သီဆိုထားတဲ့ “Someday” ဆိုတဲ့ သီချင်းလေးပဲ ဖြစ်ပါတယ်..။
Castaway Diva ရဲ့ နာမည်ကြီး dialogue (명대사) ထဲကလိုပဲ မဝေးတော့တဲ့ တစ်နေ့မှာ အားလုံးရဲ့
အိမ်မက်တွေ အကောင်အထည်ဖော်နိုင်ပါစေလို့ ဆုတောင်းပေးပါတယ်..။

Note : ယခု တင်ထားသော ဘာသာပြန်ဗီဒီယိုကို ပြန်လည်ကူးယူတင်ပြခွင့်မပြုပါ..။

Source : by 1theK live

Disclaimer : I do not own any rights to the video and audio. I didn't intend to infringe copyrights. All copyrights credits to rightful owners. This is for entertainment purpose only.

Address

Seoul

Website

Alerts

Be the first to know and let us send you an email when Dare to Dream - D to D posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Shortcuts

Share