Future Economists and Financiers

Future Economists and Financiers " EF EF WILL BE THE BEST "

10/08/2026

ရွေးရခက်နေရင် EF major ကိုသာ လာခဲ့ကြနော် ❤️💸

07/08/2026

EF Final year က internship အတွေ့အကြုံရှိတဲ့စီနီယာတွေကို အင်တာဗျူးထားတဲ့ video လေးကို ညီလေး ညီမလေးတို့ ဗဟုသုတရအောင်တင်ပေးလိုက်ပါတယ်နော် ❤️

Economics and Finance Major ကိုစိတ်ဝင်စားတဲ့ ညီလေး/ညီမလေးတို့အတွက် ဘယ်ဘာသာရပ်တွေကို သင်ယူရမလဲ ဘယ်ဘာသာရပ်တွေက ညီလေး/ညီမလေ...
01/08/2026

Economics and Finance Major ကိုစိတ်ဝင်စားတဲ့ ညီလေး/ညီမလေးတို့အတွက် ဘယ်ဘာသာရပ်တွေကို သင်ယူရမလဲ ဘယ်ဘာသာရပ်တွေက ညီလေး/ညီမလေးတို့ စိတ်ဝင်စားတဲ့အပိုင်းတွေရှိမလဲဆိုတာနဲ့ ပတ်သတ်ပြီး လေ့လာနိုင်စေဖို့အတွက် မျှဝေပေးလိုက်ပါတယ်

31/07/2026

G12 အောင်ပြီး “ဘာ Major ယူရမလဲ?” လို့ စဉ်းစားနေတုန်းလား? 👀

💸 Money အကြောင်း
📊 Market အကြောင်း
📈 Business အကြောင်း
🌍 Economy အကြောင်း

ဒါတွေအားလုံးကို စိတ်ဝင်စားရင် NMDC မှာရှိတဲ့ Economics & Finance Major က ညီလေး၊ ညီမလေးတို့အတွက်ပါပဲနော် !

Financial Analyst ? 📈
Banking Officer ? 🏦
Accountant ? 💵
Economist ? 👨‍💼
Entrepreneur ? 🚀

Your journey starts here. ✨

မေဂျာမိတ်ဆက်📣ဒီနေ့မှာတော့ အမျိုးသားစီမံခန့်ခွဲမှုပညာဒီဂရီကောလိပ်(NMDC) စီးပွါးရေး+ဘဏ္ဍာရေးပညာဘာသာရပ် နှင့်ပတ်သတ်ပြီး စိတ...
29/07/2026

မေဂျာမိတ်ဆက်📣

ဒီနေ့မှာတော့ အမျိုးသားစီမံခန့်ခွဲမှုပညာဒီဂရီကောလိပ်(NMDC) စီးပွါးရေး+ဘဏ္ဍာရေးပညာဘာသာရပ် နှင့်ပတ်သတ်ပြီး စိတ်ဝင်စားသော ညီလေး၊ညီမလေးတို့အတွက် မေဂျာအကျဉ်းချုံးလေးမိတ်ဆက်ပေးသွားမှာဖြစ်ပါတယ်။
BEF မေဂျာလို့ လူအသိများပြီး မြန်မာတစ်နိုင်ငံလုံးမှာ တစ်ခုတည်းသာရှိတဲ့ Economics နဲ့ Finance တို့ကို ပူးတွဲသင်ယူရတဲ့ မေဂျာပဲဖြစ်ပါတယ်။ 2022 ခုနှစ်တွင် နိုင်ငံတော်အစိုးရရဲ့ ညွှန်ကြားချက်နှင့်အညီ applied subject ဘာသာရပ်အဖြစ် စတင်သင်ကြားစေခဲ့ပြီးတော့ ဒီမေဂျာနဲ့ ဘွဲ့ရထားတဲ့ကျောင်းသား၊ကျောင်းသူ တစ်ယောက်မှ မြန်မာတစ်နိုင်ငံလုံးတွင်မရှိသေးပါဘူးခင်ဗျာ။ အခုလက်ရှိမှာတော့ 4th Batch ကိုရောက်ရှိနေပြီဖြစ်ပြီးတော့ ယခုနှစ် G12 အောင်မြင်ထားသော ကျောင်းသား/သူများ တက်ရောက်မည်ဆိုပါက 5th Batch ကိုတက်ရောက်ရမှာဖြစ်ပါတယ်။ လေးနှစ်ပညာသင်ယူရမှာဖြစ်ပြီးတော့ Bachelor ဘွဲ့ကို ရန်ကုန်စီးပွါးရေးတက္ကသိုလ်မှပေးအပ်မှာဖြစ်ပါတယ်။ စီးပွါရေးပညာနဲ့ပတ်သတ်ပြီး စိတ်ဝင်စားတဲ့ ညီငယ်၊ညီမငယ်တို့အတွက် အထူးအခွင့်အလမ်းဖြစ်တဲ့အတွက် သေချာပေါက် ရွေးချယ်သင့်ပါတယ်လို့ 💯 recommend ပေးပါတယ်။အသေးစိတ်ကို ထပ်ပြီးတင်ပေးသွားပါ့မယ်။သိချင်တာရှိရင်လဲ comment မှာရေးခဲ့လို့ရပါတယ်ခင်ဗျ။

24/07/2026
Back-to-Back NMDC’s MLBB Champions 🏆🎉အမျိုးသားစီမံခန့်ခွဲမှုပညာဒီဂရီကောလိပ်၊ ၂၀၂၅-၂၀၂၆ ပညာသင်နှစ်၊ ကျောင်းတွင်း MLBB ပြိ...
24/06/2026

Back-to-Back NMDC’s MLBB Champions 🏆🎉

အမျိုးသားစီမံခန့်ခွဲမှုပညာဒီဂရီကောလိပ်၊ ၂၀၂၅-၂၀၂၆ ပညာသင်နှစ်၊ ကျောင်းတွင်း MLBB ပြိုင်ပွဲမှာ ကျွန်တော်တို့ BEF major မှ Allergic to failure အသင်းဟာ ပြိုင်ဘက်အသင်း Nexus Titans ကို 2-0 ဆိုတဲ့ရလဒ်နဲ့အနိုင်ပိုင်းပြီး Champion ဆုကို ထိုက်ထိုက်တန်တန်ရရှိသွားခဲ့ပါတယ်။🥳
ပြိုင်ပွဲကို စုစုပေါင်း အသင်း ၈ သင်းဝင်ရောက်ယှဉ်ပြိုင်ခဲ့ပြီး ၂ ရက်တိုင်တိုင် Offline ကျင်းပခဲ့တာဖြစ်ပါတယ်။
ဒီအသင်းဟာ အရင် sem တုန်းကလည်း VEC ကကျင်းပပေးခဲ့တဲ့ ကျောင်းတွင်း MLBB online ပြိုင်ပွဲမှာ Team Finance ဆိုတဲ့ နာမည်နဲ့ဝင်ဆော့ခဲ့ပြီး Champions ဆုကို
လောလောလတ်လတ် ရရှိထားခဲ့တာပါ။🔥
အခုပွဲမှာလည်း Line up အပြောင်းအလဲရှိခဲ့ပေမယ့် လက်ရည်ကျမသွားဘဲ နှစ်ထပ်ကွမ်း Champion အနေနဲ့ပါ Major ဂုဏ်ဆောင်ပေးသွားတာဖြစ်ပါတယ်။
အခုလို အားကြိုးမာန်တက်ကြိုးစားပြီး Champion ဆုကိုထပ်မံရယူနိုင်ခဲ့တဲ့အတွက် Allergic to failure အသင်းနဲ့ထပ်တူဝမ်းမြောက်ကြောင်းပြောချင်ပါတယ်။
Esports မှာတော့ BEF major ကိုယှဉ်နိုင်သေးတဲ့အသင်းဆိုတာမရှိသေးပါဘူး🥇💪

Congratulations to Allergic to failure (BEF) 🎉
“EF EF We’ll Be The Best”

BEF’s First Yangon Zone Women Volleyball Team Member 🎉Official Announcement 📣ရန်ကုန်ဇုန် အမျိုးသမီးဘော်လီဘောလက်ရွေးစင်အသ...
22/06/2026

BEF’s First Yangon Zone Women Volleyball Team Member 🎉

Official Announcement 📣
ရန်ကုန်ဇုန် အမျိုးသမီးဘော်လီဘောလက်ရွေးစင်အသင်းအတွက် လူရွေးချယ်ရာတွင် NMDC , BEF Major မှ တတိယနှစ်ကျောင်းသူ မသင်းသီရိလှိုင်ဟာ တရားဝင်ရွေးချယ်ခံခဲ့ရပြီး နေပြည်တော်သို့ သွားရောက်ယှဉ်ပြိုင်ရမှာဖြစ်ပါတယ်။
BEF Major ကိုဖလားရအောင်စွမ်းဆောင်ပေးခဲ့သလို ကျောင်းကိုယ်စားပြုဆော့ကစားရာကနေတစ်ဆင့် အခုလို ရန်ကုန်ဇုန်အသင်းအတွက် ထပ်မံရွေးချယ်ခံခဲ့ရလို့ BEFer အနေနဲ့ ဂုဏ်ယူဝမ်းမြောက်မိပါကြောင်းပြောကြားလိုပါတယ်။
EF ရဲ့ ပထမဆုံး နေပြည်တော်ပါသွားတဲ့ လက်ရွေးစင် အားကစားသမားဆိုလည်း မမှားပါဘူး။🥇
နေပြည်တော်ပြိုင်ပွဲမှာလည်း အခုလိုမျိုး လက်စွမ်းကောင်းတွေ ထပ်မံပြသနိုင်ပါစေလို့ ဆုတောင်းပေးလိုက်ပါတယ်။
🎉
“EF EF We’ll Be The Best”

ဂုဏ်ယူဝမ်းမြောက်ခြင်း၂၀၂၅-၂၀၂၆ ပညာသင်နှစ်အတွက် တက္ကသိုလ် လူရည်ချွန်အဖြစ်ရွေးချယ်ခြင်းခံရပါသော စီးပွါးရေးနှင့်ဘဏ္ဍာရေးပညာ...
07/03/2026

ဂုဏ်ယူဝမ်းမြောက်ခြင်း
၂၀၂၅-၂၀၂၆ ပညာသင်နှစ်အတွက် တက္ကသိုလ် လူရည်ချွန်အဖြစ်ရွေးချယ်ခြင်းခံရပါသော စီးပွါးရေးနှင့်ဘဏ္ဍာရေးပညာဘာသာရပ်မှ မောင်ဟန်ထွန်း (နှစ်ထပ်ကွမ်းလူရည်ချွန်)အတွက် Economics and Finance Family မှစိတ်ရင်းနဲ့ဂုဏ်ပြုမှတ်တမ်းတင်အပ်ပါသည်။
ပညာရေးတွင်သာမက ကျောင်းရဲ့ activites များတွင်စွမ်းစွမ်းတမံကြိုးစားပါဝင်သော မောင်ဟန်ထွန်း၏ အနာဂတ်ပညာရေးနှင့် ဘဝလမ်းကြောင်းများတွင်လည်း ထပ်မံအောင်မြင်မှုများ ဆက်လက်ရရှိပါစေကြောင်း ဆုမွန်ကောင်းတောင်းအပ်ပါသည်။

မောင်ဟန်ထွန်း
EF 3rd Batch
2024-2025 ပညာသင်နှစ်လူရည်ချွန်🌟
2025-2026 ပညာသင်နှစ်လူရည်ချွန်🌟🌟

Address

Seoul

Website

Alerts

Be the first to know and let us send you an email when Future Economists and Financiers posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Shortcuts

Share

Category