MT Coding - Tech

MT Coding - Tech

Share

IT field ထဲမှာ career တစ်ခုအနေနဲ့ရပ်တည်ချင်သူများအတွက် အခြေခံကစပြီး သင်ပေးနေတဲ့ Online Class ပါရှင်✨✨✨
Class - Web Design Basic, React JS, Software QA

Photos from MyanGoal Edu 's post 11/06/2026

🇰🇷 တောင်ကိုရီးယားမှာ ကျောင်းတက်နေရင်း ကိုယ်ယူထားတဲ့ Major အတွက် credit ပြည့်အောင် ဖြည့်တဲ့အခါမှာ ကိုယ်မကျွမ်းကျင်တဲ့၊ အခုမှစတင်မယ့် ဘာသာရပ်အနေနဲ့ IT တို့ Engineering တို့ကို ယူရရင် ဘာသာစကား အခက်အခဲကြောင့်‌ရော၊ အသင်အပြကြောင့်‌ရော အနည်းနဲ့အများတော့ တိုင်ပတ်တာလေးတွေ ရှိတတ်ပါတယ်။

🎓 Computer Science၊ Computer Software အစရှိတဲ့ IT နဲ့ပတ်သက်တဲ့ မေဂျာတွေအပြင် Engineering ပိုင်း Major ယူထားတဲ့သူတွေအနေနဲ့ Coding တွေ Web design တွေ သင်ရတဲ့အခါမှာ အခက်အခဲ ဖြစ်နေတဲ့သူတွေ ရှိကြလား? Coding ‌ရေးတဲ့အခါ တိုင်ပတ်နေတဲ့သူတွေရော ရှိကြလား?

🇲🇲 MyanGoal Edu မှာ ကိုရီးယားရောက် မြန်မာကျောင်းသူ/ကျောင်းသားတွေအတွက် ကိုယ်ရဲ့ မိခင်ဘာသာစကားနဲ့ဘဲ သင်ကြားပေးမယ့် MT Coding - Tech က ဖွင့်လှစ်တဲ့ Web Design Basic အတန်းတွေကို ပြောပြပေးသွားပါမယ်ဗျ။

🎓 Website တွေရေးဆွဲရမှာဖြစ်လို့ Facebook, YouTube, Netflix တို့လို Website UI လှလှလေးတွေလဲ တည်ဆောက်နိုင်သွားမှာဖြစ်ပြီး၊ Frontend Developer တစ်ယောက်ဖြစ်ဖို့ ပထမဆုံး ခြေလှမ်းဆိုရင်လည်းမမှားပါဘူး။ ဒီအတန်းကတော့ basic အတန်းဖြစ်တဲ့အတွက် Computer နဲ့ Computer Basic ရှိရင် join လို့ရပါတယ်၊ အဓိကက ဝါသနာပါပြီး အချိန်ပေးနိုင်ရင် အကောင်းဆုံးပါပဲ။

🏛️ Web Design Basic (Frontend Development) Online Class
Web Design Basic အတန်းကိုဘယ်သူတွေတက်သင့်လဲ❓
✅ IT နဲ့ Career စတင်မယ့်သူတွေ
✅ Long term life plan အတွက် Career ချိန်းမယ့်သူတွေ
✅ Software Engineer, Web Developer ဖြစ်ချင်သူတွေ
✅ Coding ရေးရတာဝါသနာပါတဲ့သူတွေ
✅ Income များများနဲ့ နိုင်ငံခြားဝင်ငွေ ရချင်သူတွေ
✅ Remote or freelancer အလုပ်တွေနဲ့ရပ်တည်ချင်သူတွေအတွက် သင့်တော်ပါတယ်။

Web Design Basic အတွက်ကို အတန်းပုံစံ 3 မျိုးရှိပြီး
👉🏻 ဆရာနဲ့ One by one သင်ယူချင်လား?
👉🏻 Normal Group Class (max 5 person) လိုမျိုးရော စိတ်ဝင်စားလား?
👉🏻 ကိုယ့်ရဲ့လိုအပ်ချက်အလိုက် ညှိနှိုင်းပြီးသင်လို့ရတဲ့ custom course အတန်းကိုပါ ထပ်တိုးဖွင့်လှစ်ထားပါတယ်။

အရင်ဆုံး One by one အတန်းကို ဘယ်လိုလူတွေတက်သင့်လဲ❓
✅ ကိုရီးယား မှာ IT ဒါမှမဟုတ် Engineering နဲ့ကျောင်းတက်နေပြီး အခက်အခဲတခုခုကြောင့် Coding ကို သေချာလေ့လာလိုသူ‌တွေ၊ အလုပ်တစ်ဖက် ကျောင်းတစ်ဖက်နဲ့ group အတန်းချိန်တွေ join ဖို့ အဆင်မပြေနိုင်တဲ့သူတွေ အတွက် အချိန်ညှိနှိုင်းပြီး တက်နိုင်ပါတယ်။

Custom course အတန်းကို‌ရော ဘယ်လိုလူတွေတက်သင့်လဲ ❓
✅ Web design ဆွဲတာကို အရင်ကလေ့လာဖူးတဲ့ အခြေခံရှိပြီး detail ကျကျမသိဘူးဆိုသူတွေ၊ design တစ်ခုမြင်ရင် coding နဲ့ဘယ်လိုပြောင်းရမယ်ဆိုတာ စဉ်းစားဖို့အခက်အခဲရှိသူတွေ၊ Practice အားနည်းသူတွေအတွက် ပိုသင့်တော်ပါတယ်။ Frontend ပိုင်းကို skill ပိုမြှင့်ချင်တဲ့ developer တွေလဲ တက်သင့်ပါတယ်။

သင်ကြားပေးမယ့် ပုံစံကတော့ Google Meet နဲ့ သင်မှာဖြစ်ပြီး အတန်းမှာသင်ခဲ့တဲ့ Video Record တွေကို ပြန် share ပေးသွားမှာ ဖြစ်ပါတယ်။
🎓 သင်ပေးမှာတွေကတော့
HTML, CSS, JavaScript, Bootstrap, Tailwind CSS, Mini projects, Hand-on project training, AI Knowledge, Git & GitHub

⏰ သင်တန်းစတင်မယ့်ရက်
(Tue, Fri)
✅ 23 June 2026
⏲️ 8:00PM - 9:30PM (MM time) 2Months

👩‍💻 သင်ကြားပေးမယ့်သူ
လုပ်သက်အတွေ့အကြုံ 9နှစ် ကျော်ရှိပြီဖြစ်တဲ့ Senior Frontend Developer Tr. May Thinn Khine ဖြစ်ပါတယ်။ Language တစ်ခုကို သူငယ်ချင်း အချင်းချင်း အတူတူလေ့လာတဲ့ ပုံစံမျိုးနဲ့ သင်ယူရမှာမို့ အရမ်း pressure မဖြစ်စေဘဲ Discussion များများလုပ်ပြီး လေ့လာသွားမှာမို့သင်တန်းပြီးသွားရင်လည်း self study ကောင်းကောင်း လုပ်တတ်သွားမှာဖြစ်ပါတယ်။ တစ်တန်းမှာ အများဆုံး 5ယောက် လက်ခံမှာပါ။

💸💰သင်တန်းကြေး
မြန်မာငွေ 4 သိန်းကျပ်ဖြစ်ပြီး တစ်ဝက်စီ ခွဲပေးလဲ ရပါတယ်။ One by One နဲ့ Custom Course အတွက် fees နဲ့ အသေးစိတ်ကို page messenger မှာ လာရောက်ဆွေးနွေးလို့ရပါတယ်။
တစ်ယောက်ချင်းစီ သေချာကြည့်ပေးမှာမို့ သေချာအချိန်‌ပေးပြီး စာလိုက်လုပ်ဖို့လဲ လိုအပ်ပါတယ်။ ဘယ်လိုပဲဖြစ်ဖြစ် IT Career Road Map ပေါ်ရောက်ချင်တဲ့သူ၊ လျှောက်လှမ်းနေတဲ့သူတွေအတွက် အကျိုးရှိစေတဲ့ Class လေးဆိုလဲ မမှားပါဘူးဗျ။

မိမိရဲ့အားလပ်တဲ့ အချိန်တွေမှာ Website နဲ့ Coding Language ရေးတာ သင်ယူပြီး Professional IT Career နဲ့ future plan ခိုင်မာချင်တဲ့ ကျောင်းသူ/ကျောင်းသားများအတွက် MyanGoal Edu x MT Coding - Tech ကို အခုပဲ ဆက်သွယ်လိုက်ပါ။

အသေးစိတ် ဆက်သွယ်မေးမြန်းရန်
➡️ ဖုန်းနံပါတ် - 010-7675-8498
➡️ ဘူဖျောင်းဘူတာ Shopping Mall, Lotte Mart မြေညီထပ် 11, အင်ချွန်း။

#နည်းပညာသင်တန်း #နည်းပညာဝန်ဆောင်မှု

26/05/2026

"ကျွန်မအတန်းထဲမှာ စာမသင်တော့ပါဘူး" 🙅‍♀️

"စာမသင်ဘူး" ဆိုတာက အတန်းထဲမှာ စာအုပ်ကြီးအတိုင်း Theory လိုက်ရှင်းပြနေမယ့် အချိန်တွေကို လျှော့ချလိုက်တာပါ။ အဲ့ဒီအစား Flipped Classroom ဆိုတဲ့ လက်တွေ့ Project တွေချည်းပဲ အတူတူဖိရေးမယ့် ပုံစံသစ်နဲ့ သွားပါမယ်။ အပြောင်းအလဲမြန်တဲ့ AI ခေတ်ကို အမီလိုက်ဖို့ သမားရိုးကျ သင်ကြားနည်းတွေထက် ဒီပုံစံက Time Saving လည်းဖြစ်သလို Hand On Project လည်း ပိုလုပ်နိုင်ပါတယ်ရှင်။

စဉ်းစားကြည့်ပါနော်၊ ပုံမှန်သင်တန်းမှာ ဆရာမက ရေးပြ၊ ကိုယ်က လိုက်ကူးတုန်းကတော့ အားလုံးက
အိုကေနေတာပဲ။ ဒါပေမဲ့ အိမ်ရောက်လို့ ကိုယ်တိုင် Project စရေးမယ်ဆိုတော့ အဲ့ဒီအချိန်ကျမှ Error တွေတက်၊ ဘယ်ကစရမှန်းမသိ၊ အမြဲမေးဖို့ကျအားနာနဲ့ တိုင်ပတ်တတ်ကြတယ်။ အတန်းမှာလိုက်ရေးရင်လည်း ကိုယ်က Typing နှေးတော့ ပိုကြာပြီး သူများကစောင့်နေရတာကို အားနာ‌နေရတာမျိုး ခံစားမိကြလိမ့်မယ်။ ဒါကြောင့် ပုံစံအသစ်နဲ့သင်သွားပါမယ်။ ပြီးခဲ့တဲ့ Batch 18 မှာ ဒီပုံစံအတိုင်းသွားတာ ထိရောက်မှုရှိခဲ့ပါတယ်ရှင်။

သင်ကြားရေးပုံစံသစ်မှာ ဘာတွေပါမလဲ
✅ Theory တွေကို ၅ မိနစ်ဝန်းကျင် ဗီဒီယိုတိုလေးတွေနဲ့ အိမ်မှာ ကြိုကြည့်ထားမယ်။
✅ အတန်းထဲရောက်ရင်တော့ ကျွန်မနဲ့အတူ လက်တွေ့ Project တွေပဲ အတူတူလုပ်ပါမယ်။
✅ မရှင်းတာရှိရင် ချက်ချင်းမေး၊ ချက်ချင်းရှင်းပြီး တစ်ဆင့်ချင်း အတူတူသွားမယ်။ စာသင်တာနဲ့တင် အချိန်ကုန်သွားလို့ မေးခွန်းမေးဖို့ အားနာနေရတဲ့ အခက်အခဲမျိုး ဒီမှာ မရှိစေရပါဘူး။

Coding ဘာအခြေခံမှမရှိလည်း တက်လို့ရသလို၊ အရင်ကလေ့လာဖူးတယ်၊ အခြေခံတွေကို ပိုပြီးပိုင်နိုင်ချင်တယ်၊ Hand On Project များများရေးချင်တယ်ဆိုရင်လည်း Join နိုင်ပါတယ်ရှင်။

ဘာတွေ ပိုရလာမလဲ
ကျွန်မရဲ့ 9 နှစ်ကျော် Experience ထဲက တကယ်အသုံးဝင်မယ့် Point တွေနဲ့ Interview Tips တွေကိုပါ တစ်ခါတည်း ရမှာပါ။ အတန်းချိန်တိုင်း Code အတူတူရေးမှာဖြစ်လို့ သင်တန်းပြီးရင် "တကယ်လုပ်တတ်" သွားဖို့ အာမခံပါတယ်။ အချိန်ပေးပြီး စာလုပ်ဖို့တော့လိုပါမယ်ရှင်။

စိန်ခေါ်မှုတစ်ခုဖြစ်တဲ့ အိမ်မှာ စာကြိုမကြည့်မိရင် အတန်းထဲမှာ ဘာလုပ်ရမှန်းမသိ ဖြစ်မှာကိုဘယ်လိုလုပ်မလဲ?။
ဗီဒီယိုတွေကို (5) မိနစ်ဝန်းကျင်စာလောက်ပဲ တိုတိုရှင်းရှင်း လုပ်ပေးထားတာမို့ အားရင်အားသလိုကြည့်နိုင်လို့ ဝန်မပိစေပါဘူး။ အတန်းထဲမှာလည်း အမြန် Recap ပြန်လုပ်ပေးသွားမှာမို့လို့ စိတ်ပူစရာ မလိုပါဘူး။ အင်တာနက် အခက်အခဲရှိတဲ့သူတွေအတွက်လည်း Offline Download ဆွဲထားလို့ရအောင် စီစဉ်ပေးထားပါတယ်ရှင်။

❓Web Design Basic အတန်းကိုဘယ်သူတွေတက်သင့်လဲ
✅ IT နဲ့ Career စတင်မယ့်သူတွေ
✅ International University တွေ မှာ IT major နဲ့ကျောင်းတက်ဖို့ပြင်ဆင်နေသူတွေ၊ ကျောင်းတက်နေသူတွေ
✅ Long term life plan အတွက် Career ချိန်းမယ့်သူတွေ
✅ Software Engineer, Web Developer ဖြစ်ချင်သူတွေ
✅ အရင်ကလေ့လာဖူးပြီး၊ YouTube က Tutorial တွေ လိုက်ကြည့်လုပ်ဖူးပေမယ့် တကယ်တမ်း Project လုပ်ဖို့ကျ လမ်းစပျောက်နေသူတွေ။
✅ စာအုပ်ကြီးအတိုင်း ထိုင်ကျက်ရတာထက် လက်တွေ့စမ်းသပ် ရေးသားရတာကို ပိုသဘောကျသူတွေ။
✅ Income များများနဲ့ နိုင်ငံခြားဝင်ငွေရချင်သူတွေ
✅ Remote or freelancer အလုပ်တွေနဲ့ရပ်တည်ချင်သူတွေအတွက်သင့်တော်ပါတယ်ရှင်

Website တွေရေးဆွဲရမှာဖြစ်လို့ Facebook, YouTube, Netflix တို့လို Website UI လှလှလေးတွေလည်းတည်ဆောက်နိုင်မှာပါ။
Frontend Developer တစ်ယောက်ဖြစ်ဖို့ ပထမဆုံးခြေလှမ်းဆိုလည်းမမှားပါဘူး။

ဒီအတန်းကတော့ Basic အတန်းဖြစ်တဲ့အတွက် Computer နဲ့ Computer Basic ရှိရင် joinလို့ရပါတယ်။ အဓိကက ဝါသနာပါပြီး အချိန်ပေးနိုင်ရင်အဆင်ပြေပါတယ်။

MT Coding - Tech ရဲ့ class တွေကို
🇬🇧 UK
🇨🇦 ကနေဒါ
🇸🇬 စင်ကာပူ
🇯🇵 ဂျပန်
🇰🇷ကိုရီးယား
🇹🇭 ထိုင်း
🇲🇲 မြန်မာ
🇰🇭 ကမ္ဘောဒီးယား
🇲🇾 မလေးရှား
🇻🇳 ဗီယက်နမ်
🇦🇪 Dubai
နိုင်ငံ‌တွေမှာ International University တက်နေတဲ့ကျောင်းသားတွေ၊ Career ပြောင်းတဲ့သူတွေ၊ Frontend Skill မြှင့်ချင်တဲ့ Software Engineer တွေ၊ Developer တွေတက်ရောက်ကြပါတယ်ရှင်။

သင်တန်းကာလတစ်လျှောက်လုံး သင်တန်းသားတစ်ယောက်ချင်းစီကို အနီးကပ်ဂရုစိုက် သင်ကြားပေးမှာပါ။ ဒါ့အပြင် သင်တန်းပြီးဆုံးတဲ့အခါမှာလည်း Project အပ်ပါက Certificate ပေးမှာပါရှင်။ Career အတွက် ဘာတွေဆက်လေ့လာရမယ်ဆိုတာတွေ၊ အလုပ်အကိုင် အခွင့်အလမ်းတွေ ရှာဖွေရာမှာ၊ အင်တာဗျူး ဖြေဆိုရာမှာ လိုအပ်တဲ့ လမ်းညွှန်မှုတွေနဲ့ အကြံဉာဏ်တွေကိုပါ ပေးသွားမှာဖြစ်ပါတယ်။

🎓 သင်ပေးမှာတွေကတော့
HTML,
CSS,
JavaScript,
Bootstrap,
Tailwind CSS,
Mini projects,
Hand-on project training,
AI Knowledge,
Git & GitHub

⏰ Start date
23 June 2026 (Tue)
Tue, Fri
8:00 PM - 9:30 PM (MMT)

⏰ Duration
2 months ဒီထက်လည်းပိုချင်ပိုပါမယ်ရှင်။

👩‍💻သင်ကြားမည့်သူ
Tr. May Thinn Khine
Founder of MT Coding Tech
Senior Frontend Developer/Freelancer
Experience အနေနဲ့ Teaching ပိုင်းမှာ (5) နှစ်ကျော်၊ Frontend Development မှာ (9) နှစ်ကျော် အတွေ့အကြုံရှိထားပါတယ်။

💰 သင်တန်းကြေး
4သိန်း (တစ်လ 2သိန်း ပေးနိုင်ပါတယ်)
လူအရေအတွက် (5) ယောက်သာလက်ခံတာမို့ အတန်းပြီးဆုံးအောင်တက်ရပါမယ်ရှင်။

သင်ကြားမည့်ပုံစံ
အပေါ်မှာရှင်းပြခဲ့တဲ့ Flipped Classroom ပုံစံ
(Recorded Video + Live Class)

Live Class တက်ဖို့ အချိန်အဆင်မပြေတဲ့သူတွေအတွက် Recorded Video Class သီးသန့်လည်းရှိပါတယ်။ အဲ့ဒါကတော့ ၃သိန်းပါရှင်။

လူပြည့်မြန်တာမို့ စောအပ်ထားလို့ရပါတယ်။ "Post ကိုအခုမှ တွေ့တာ လူပြည့်သွားပြီလား" ဆိုတာမျိုးလည်း မစိုးရိမ်ပါနဲ့။ စာရင်းပေးထားနိုင်ပါတယ်ရှင်။ Batch 18 တုန်းက ထပ်တိုးဖွင့်ပေးခဲ့ပါတယ်ရှင်။

တက်ရောက်ပြီးသူများရဲ့ Feedback အချို့ ကို comment နဲ့ page ရဲ့ review မှာကြည့်နိုင်ပါတယ်ရှင်။

အချိန်ညှိနိုင်တဲ့ One on one နဲ့ Custom course အတန်းကတော့ Page chat box မှာ စုံစမ်းနိုင်ပါတယ်ရှင်။

24/05/2026

UK က ညီမလေးရဲ့ Feedback လေးပါရှင်။ ဒီညီမလေးကတော့ UK မှာ Master ပြီးထားပြီးသား၊ အခြေခံလည်းရှိထားပြီး Junior အနေနဲ့ လုပ်ငန်းခွင်လည်း ဝင်ဖူးပါတယ်။ ပထမဆုံးလာတိုင်ပင်ဝောာ့ React JS အတန်းလေး join ဖို့ပါ။ အတန်းကလူပြည့်သွားတာမို့ နောက်အတန်းဖွင့်ရင် ဦးစားပေးပါမယ်လို့ ပြောခဲ့ရပါတယ်။ နောက်ပိုင်း ထပ်တိုင်ပင်ဖြစ်ပြီး သူလိုအပ်တာလေးတွေ၊ မသိတာလေးတွေ ဖြည့်သင်ပေးတဲ့ Custom Course လေး join လို့ရတယ်လို့ အကြံပေးဖြစ်ပါတယ်။ အဲ့ဒါနဲ့ သူတက်ဖြစ်သွားပါတယ်။ စာလည်းသေချာလိုက်လုပ်သလို၊ အရမ်းကြိုးစားတဲ့ညီမလေးပါ။ နည်းနည်းပြောလိုက်ရင် အများကြီး လိုက်လုပ်နိုင်ပါတယ် ☺️🥰

ညီမလေးရဲ့ Feedback လေးကတော့ 👇
"ပထမဆုံး စေတနာထားပြီး သင်ပြပေးတာ ကျေးဇူးတင်ပါတယ်တီချယ်။ web development အတွေ့အကြုံရှိဖူးပေမယ့် UI design မရှိဘဲ စလုပ်ရမယ်ဆို ကြောက်နေခဲ့တာ အခု တီချယ်နဲ့ စာပြန်လေ့လာရင်း project တွေလုပ်ရင်းကနေ အများကြီး တိုးတက်ခဲ့ပါတယ်။ သင်ကြားပေးတာအပြင် self-study လုပ်တတ်ဖို့ပါ သင်ကြားပေးလို့ ကျေးဇူးတင်ပါတယ် တီချယ်။ စိတ်ရှည်ပြီး အသင်အပြကောင်းလို့ တခြား အတန်းတွေလည်း ဆက် join ချင်ပါတယ်။ တီချယ်က အချိန်ပိုတွေပါ ပေးပြီး ဆွဲခေါ်ပေးလို့ ကျေးဇူးပါ တီချယ်☺️🤭"

အတန်းများနှင့် ပတ်သက်ပြီး အသေးစိတ်သိရှိလိုပါက Page chat box or 09798383201 (Viber) ကိုဆက်သွယ်စုံစမ်းနိုင်ပါတယ်ရှင်။






Photos from MT Coding - Tech's post 06/05/2026

သင်တန်းစစချင်း စကားတွေပြောကြတော့
မောင်လေးဆိုရင် "AI မသုံးပဲ ကိုယ်တိုင်ရေးတတ်ချင်တာ တီချယ်" ဆိုပြီး တမျိုး၊
ညီမလေးဆိုရင်လည်း "ဒါတွေကိုတခါမှ မလေ့လာဖူးဘူး၊ ရနိုင်ပါ့မလားတီချယ်" ဆိုပြီး စိုးရိမ်စိတ်လေးနဲ့ ပြောပြကြတယ်။
သင်တန်းပြီးတဲ့အချိန်မှာ သူတို့လေးတွေဆီက ဒီလိုမျိုး feedback လေးတွေကြားရတော့ ဝမ်းသာရပါတယ်ရှင် ☺️
အတန်းမှာလည်း ရယ်နေရပြီး ပျော်စရာကောင်းတဲ့ အတန်းလေးဖြစ်ခဲ့ပါတယ်။ React JS အတန်းကိုလည်း နှစ်ယောက်တန်း ထပ်အပ်ထားကြပါသေးတယ်။ ညီမလေးသီရိဆိုလည်း သူ့ညီမလေးကိုပါ အတန်းအပ်ပေးခဲ့ပါတယ်။ စေတနာတွေကိုမြင်ပေးပြီး တန်ဖိုးထားပေးကြလို့လည်း တီချယ်ကကျေးဇူးတင်ပါတယ်ရှင်။

Web Design Basic နှစ်ယောက်တန်းလေးယူပြီး ကြိုးစားကြတဲ့ မောင်လေးနဲ့ညီမလေးတို့ရဲ့ Feedback လေးတွေကတော့ 👇

Wai Yan Min Thwin
"Programming ကို basic to advance ကို တကယ်နားလည်အောင်လို့ စိတ်ရှည်ရှည်နဲ့ စာသင်သလိုမျိုးမဟုတ်ဘဲ အချင်းချင်း discuss ပုံစံမျိုးနဲ့ လေ့လာချင်တယ်ဆိုရင် MT coding ကို 100% join စေချင်ပါတယ်။ စာတွေ့အပြင် ဆရာမရှေ့မှာပါ live coding screen share ပြီး ရေးပြရတော့ job interview live coding အတွက်ပါအလေ့ကျင့်ရပါတယ်။"

Thiri Zin Myo Myat
"ဒီနှစ်စမှာတီချယ့်အတန်းကိုစjoinတုန်းကတကယ်ဒါကိုစိတ်ဝင်စားမယ်လို့မတွေးခဲ့ပါဘူး တီချယ်နဲ့စသင်တဲ့နေ့မှာပဲတီချယ်ကကိုယ်နဲ့အရမ်းကိုအံကိုက်ဖြစ်နေတာကိုသိလိုက်ရပြီးအရမ်းကိုစိတ်ဝင်စားသွားခဲ့ပါတယ် သင်တဲ့ဆရာကအစအရမ်းဂျီးများတဲ့ကိုယ့်အတွက်တော့တီချယ်ကတကယ်ကိုအကောင်းဆုံးပါပဲ web development ကိုဘာဆိုဘာမှမသိတဲ့ကိုယ်ကနေ၃လအတွင်းမှာအလုပ်တစ်ဖက်နဲ့frontend mentor ကproject လေးတွေအမှားတွေတော့ရှိနေဆဲဆိုပေမယ့်ရေးနိုင်လာတဲ့အထိယုံကြည်မှုတိုးလာရပါတယ် အကြိုက်ဆုံးကတော့တီချယ်ကlive ပဲသင်သင် video ပဲဖြစ်ဖြစ် recordလေးတွေကအရမ်းတိုတော့ ဘယ်အချိန်ဖြစ်ဖြစ်ရွေးကြည့်လို့ရတော့ကြည့်ဖြစ်တာကိုပါပဲ ကိုယ်ကစာမလုပ်ဖြစ်ရင်တောင်တီချယ့်စေတနာကိုမြင်နေရတော့မဖြစ်သေးပါဘူး တီချယ်ကိုအားနာပါတယ်ဆိုပြီး နည်းနည်းဖြစ်ဖြစ်စာလုပ်ဖြစ်တာပါပဲ တကယ်မကောင်းရင်ဘယ်သူ့ကိုမှrecommend မပေးတတ်တဲ့ကိုယ့်အတွက်ကတော့ 200/100 honest review ပါရှင် အစစအရာရာအတွက်ကျေးဇူးတင်ပါတယ် တီချယ်🍀"

အတန်းနဲ့ ပတ်သက်ပြီး အချိန်ညှိနိုင်တဲ့ One on One အပြင် ဒီလိုမျိုး နှစ်ယောက်တန်းလေးတွေ ယူချင်ရင်လည်း Page Chat Box မှာ စုံစမ်းနိုင်ပါတယ်ရှင်။

01/05/2026

အခုမှ Programming နဲ့ ထိတွေ့မယ့် Beginner တွေအတွက် ဒီလိုအခက်အခဲတော့အနည်းနဲ့အများ ရှိတတ်ကြမှာပါ။
💻 JavaScript တော့သိတယ်၊ ဒါပေမဲ့ ကိုယ်တိုင်‌စဉ်းစားပြီး မရေးတတ်ဘူး...
အများစုဖြစ်တတ်တာက Code တစ်ကြောင်းချင်းစီရဲ့ အဓိပ္ပာယ်ကို သိပေမယ့် "ဘာကို၊ ဘယ်လို ပေါင်းစပ်ရမလဲ" ဆိုတဲ့ Logic ပိုင်းမှာ လမ်းပျောက်နေတာပါ။
'စာသင်တုန်းက Video တွေကြည့်ရင် သဘောပေါက်တယ်၊ တကယ်တမ်း ကိုယ်တိုင်ရေးမယ်ဆိုတော့မှ ဘယ်ကစရေးရမှန်းမသိဘူး' ဆိုပြီး ခဏခဏ ဖြစ်ကြတယ်မလား။

အဲဒါက တကယ်တော့ JavaScript ကို မသိလို့၊ မကျွမ်းကျင်လို့ မဟုတ်ဘူးနော်။ အဓိက ပြဿနာက 'Problem Solving Process ကို ဘယ်လိုစဉ်းစားဖြေရှင်းမလဲ' ဆိုတဲ့ အကျင့် မရှိသေးလို့ ဖြစ်တာပါ။ ကျွန်မတို့တုန်းကလည်း ဒီလိုပဲ ဖြတ်သန်းခဲ့ရတာပါပဲ။ အစပိုင်းမှာ "မစဉ်းစားတတ်ဘူး၊ မရေးတတ်ဘူး၊ ဒီလမ်းကြောင်းနဲ့ ငါအဆင်မပြေလောက်ဘူးထင်တယ်" ဆိုပြီး လွယ်လွယ်နဲ့လက်မလျှော့သွားကြပါနဲ့‌နော်။ အလေ့အကျင့်ဆိုတာ မွေးမြူရတာပါ။

Code ရေးတော့မယ်ဆိုရင် ဘယ်ကစရေးရမလဲ မသိတော့တဲ့အချိန်တိုင်း ဒီအဆင့်လေးတွေကို အမြဲကျင့်သုံးပေးပါရှင်။

✅ အဆင့် ၁။ Problem ကိုအရင်နားလည်အောင်လုပ်ပါ၊
❌ "ဟာ... JS နဲ့ ဘယ်လိုရေးရမလဲ" ဆိုပြီး ချက်ချင်း မတွေးပါနဲ့။
ကိုယ့်ကိုယ်ကိုယ် ဒီမေးခွန်း (၂) ခု အရင်မေးပါ-
၁။ ငါ့ဆီမှာ ဘာအချက်အလက်တွေ ရှိနေသလဲ?(Input)
၂။ နောက်ဆုံး ဘယ်လိုရလဒ်မျိုး ထွက်လာရမှာလဲ? (Output)
ဆိုတာကို အရင်ဆုံး ရှင်းရှင်းလင်းလင်း သိပါစေ။

ဥပမာ - User ဆီက ဂဏန်း (၂) ခု ယူရမယ်(input)၊ ပေါင်းလဒ်ကို ပြန်ပြမယ်(Output)။

✅ အဆင့် ၂။ လူတစ်ယောက်လို စဉ်းစားပါ
ဒီအဆင့်မှာ JavaScript လုံးဝ မလိုသေးဘူး‌နော်။Programming syntax တွေကို ခဏမေ့ထားပြီး ကိုယ်တိုင်ဆို ဘယ်လိုလုပ်မလဲ အရင်စဉ်းစားမယ်။ ကိုယ်ဘာလုပ်ချင်တာလဲဆိုတာကို စာအုပ်ထဲမှာ အဆင့်လိုက် မြန်မာလို အရင်ချရေးပါ။ ဒါကို Pseudocode ရေးတယ်လို့ ခေါ်ပါတယ်။
🟢 ဂဏန်း ၂ ခု ယူမယ်။
🟢 အဲဒီနှစ်ခုကို ပေါင်းမယ်။
🟢 ရလာတဲ့ အဖြေကို ပြန်ထုတ်ပေးမယ်။

💡 Trick - ကွန်ပျူတာဆိုတာ ကိုယ်တိုင် မစဉ်းစားတတ်တဲ့ စက်ပါ။ ဒါကြောင့် "၅ နှစ်အရွယ် ကလေးကို ရှင်းပြသလို" အသေးစိတ် အဆင့်လိုက် ခိုင်းဖို့ လိုပါတယ်။

✅ အဆင့် ၂။ ဘာသုံးရမလဲဆိုတာ Code နဲ့ပြန်တွဲဆက်ပါ
မြန်မာလို ချရေးထားတဲ့ အဆင့်တွေကို JavaScript Syntax တွေနဲ့ ဘယ်လိုပြောင်းမလဲ စဉ်းစားပါ။
🟢 အချက်အလက် သိမ်းချင်တာလား Variables (let, const) သုံးမယ်။
🟢 အခြေအနေပေါ်မူတည်ပြီး ဆုံးဖြတ်ချင်တာလား If / Else သုံးမယ်။
🟢 အကြိမ်ကြိမ် ထပ်ခါတလဲလဲ လုပ်ချင်တာလား Loops (for, while) သုံးမယ်။

လက်တွေ့ စမ်းကြည့်ရအောင်...
👉 "စုံဂဏန်းလားစစ်ပါ" လို့ ပြောရင်၊ "JS နဲ့ ဘယ်လိုရေးမလဲ" မတွေးပါနဲ့ဦး။ "စုံဂဏန်းဆိုတာ ဘာလဲ? လူတစ်ယောက်အနေနဲ့ စုံဂဏန်းမှန်း ဘယ်လိုသိလဲ?" ၂ နဲ့စားလို့ ပြတ်ရင် (အကြွင်းသုညရရင်) စုံဂဏန်းပဲ။ အဲဒီတော့မှ if (number % 2 === 0) ဆိုတာ ထွက်လာတာ။
👉 "Array ထဲက အကြီးဆုံး ဂဏန်း ရှာပါ" ဆိုရင်ကော။ လူတစ်ယောက်ရဲ့ တွေးပုံက - ပထမဆုံး ဂဏန်းကို အကြီးဆုံးလို့ ခဏမှတ်ထားမယ်။ ပြီးရင် နောက်ဂဏန်းတွေနဲ့ တစ်ခုချင်းစီ လိုက်တိုက်ကြည့်မယ်။ ကိုယ့်ဆီကကောင်ထက် ကြီးနေရင် အသစ်ပြောင်းမှတ်မယ်။ ဒါပါပဲ။

✅ အဆင့် ၃။ အကြီးကြီးမတွေးပါနဲ့၊ အသေးဆုံးကနေစပါ။
Project တစ်ခုလုံးကို တစ်ခါတည်းပြီးအောင် မစဉ်းစားပါနဲ့။ ဥပမာ - Calculator ရေးမယ်ဆိုရင် အပေါင်း၊ အနှုတ် တွေအကုန်လုံး တစ်ခါတည်းစဉ်းစားမယ့်အစား "ခလုတ်နှိပ်ရင် ဂဏန်းလေး ပေါ်လာအောင် အရင်လုပ်မယ်" ဆိုပြီး အသေးဆုံးအဆင့်ကနေ စမ်းရေးပါ။

✅ အဆင့် ၄။ Tutorial ဆိုတာ ဟင်းချက်စာအုပ် ဖတ်တာနဲ့ တူပါတယ်။
Tutorial Video တွေကြည့်ပြီး နားလည်နေတာက ဟင်းချက်စာအုပ်ဖတ်ပြီး နားလည်နေတာမျိုးပါ။ တကယ်တမ်း ဆီပူထိုး၊ ဓားကိုင်ပြီး ကိုယ်တိုင်ချက်ကြည့်မှ ဘယ်အချိန် မီးလျှော့ရမလဲ၊ ဆားဘယ်လောက်ထည့်ရမလဲ ဆိုတာကို အလိုလို သိလာမှာပါ။ အမှားလုပ်မိမှာ၊ Error တက်မှာကို လုံးဝ မကြောက်ပါနဲ့။ console.log() သုံးပြီး အမြဲတမ်း အဖြေတိုက်ကြည့်ပါ‌နော်။

❌ "Syntax သိတာ Programming မဟုတ်ပါဘူး။"
✅ "Problem တစ်ခုကို Step-by-step ဖြေရှင်းနိုင်တာမှ Programming အစစ်ပါ။"
နောက်တစ်ခါ Code ရေးရင်း Stuck ဖြစ်သွားပြီဆိုရင် တစ်ယောက်ယောက်ကို ချက်ချင်းမမေးခင်၊ Code တွေကို လိုက်မမွှေခင်... ကိုယ့်ကိုယ်ကိုယ် ဒီ မေးခွန်း (၃) ခု အရင်ပြန်မေးပါ-
၁။ Input က ဘာလဲ?
၂။ နောက်ဆုံး ထွက်လာရမယ့် Output က ဘာလဲ?
၃။ အဲဒီနှစ်ခုကြား အလယ်မှာ ဘာတွေ လုပ်ပေးရမလဲ?
ဒီ ၃ ခုကို သေချာ အဖြေထွက်သွားပြီဆိုရင် Code က သူ့အလိုလို လိုက်ရေးနိုင်သွားပါလိမ့်မယ်‌နော်။

JavaScript ကို အခြေခံကစပြီးလေ့လာချင်တယ်ဆိုရင်တော့ ကျွန်မရဲ့ Web Design Basic အတန်းမှာပါပါတယ်။ One on one support ပေးတဲ့ Recorded Video Class လည်းရှိတာမို့ အတန်းတွေနဲ့ပတ်သက်ပြီး အသေးစိတ်သိချင်ရင် chat box မှာ စုံစမ်းနိုင်ပါတယ်ရှင်။

08/04/2026

"Basic တွေတော့ရနေပြီ၊ ဒါပေမယ့် Frontend Developer အနေနဲ့ တကယ့်အလုပ်ခွင်ဝင်ဖို့ကျ မဝံ့မရဲဖြစ်နေသေးလား။ React ကို ဟိုတစ်စဒီတစ်စ လျှောက်ကြည့်ပြီး အချိန်ကုန်ခံနေမယ့်အစား အလုပ်တန်းဝင်နိုင်တဲ့အဆင့်ထိ တစ်ခါတည်း စနစ်တကျလေ့လာနိုင်ဖို့ React JS Batch (6) ကိုဖွင့်လှစ်တော့မှာပါရှင်"🍀✨

ထုံးစံအတိုင်း (5) ယောက်ပဲ လက်ခံမှာပါရှင်။ အခုထိ 2ယောက်စာ နေရာကျန်ပါသေးတယ်ရှင်။

ဘယ်သူတွေ တက်သင့်လဲ?
✅ HTML, CSS နဲ့ JavaScript အခြေခံလေးတွေ သိထားပြီးပြီ၊ ဒါပေမယ့် လုပ်ငန်းခွင်မှာသုံးတဲ့ React တို့၊ Next.js တို့လို Modern Technology တွေကို စနစ်တကျလေ့လာချင်တဲ့သူတွေ တက်ဖို့ အသင့်တော်ဆုံးပါပဲ။
✅ Frontend Developer တစ်ယောက်အနေနဲ့ အလုပ်ခွင်ဝင်ဖို့ ပြင်ဆင်နေတဲ့သူတွေအတွက်လည်း သင်တန်းမှာ Interview Q&A ရော၊ လက်တွေ့ Project တွေပါ ပါတဲ့အတွက် အလုပ်လျှောက်တဲ့အခါ ယုံကြည်မှု အပြည့်ရှိသွားစေမှာပါ။
✅ ကိုယ့်ဘာသာ Self-study လုပ်နေပေမယ့် လမ်းစပျောက်နေတဲ့သူတွေ၊ Web App တစ်ခုကို အစအဆုံး ဘယ်လိုတည်ဆောက်ရမလဲဆိုတာ လက်တွေ့ သိချင်တဲ့သူတွေလည်း သင့်တော်ပါတယ်ရှင်။

ဘာတွေသင်ရမလဲ
✅ ပထမဆုံးအနေနဲ့ React မသင်ခင် မဖြစ်မနေ သိထားရမယ့် ES6, NPM အခြေခံတွေကို အရင်ဆုံး ပြန်နွှေးပါမယ်။ အဲဒီနောက်မှာမှ Code တွေ အမှားကင်းကင်းနဲ့ ပိုသေချာအောင် ရေးတတ်ဖို့ TypeScript ကို ဆက်လေ့လာပါမယ်။
✅ အခြေခံရပြီဆိုရင်တော့ သင်တန်းရဲ့ အဓိကဖြစ်တဲ့ React JS ကို စသွားပါမယ်။ UI တွေကို အပိုင်းလေးတွေ ဘယ်လိုခွဲမလဲဆိုတာကို လေ့လာမယ်။ ပြီးရင်တော့ Data အပြောင်းအလဲတွေကို ထိန်းချုပ်ဖို့အတွက် အရေးပါတဲ့ React Hooks တွေကို သေချာ လက်တွေ့သုံးကြည့်ပါမယ်။
✅ Project နည်းနည်းကြီးလာတဲ့အခါ Data တွေ အများကြီးကို စနစ်တကျ ထိန်းသိမ်းဖို့ လိုအပ်လာပါပြီ။ ဒါကြောင့် Redux ရဲ့ အခြေခံ သဘောတရားတွေကို လေ့လာမယ် Redux-Toolkit ကိုသုံးပြီး Code ကို ပိုတို၊ ပိုရှင်းအောင် ဘယ်လိုရေးမလဲဆိုတာကို ဆက်သင်ပါမယ်။ အခုနောက်ပိုင်းမှာ အသုံးများလာတဲ့ Zustand ကိုလည်းသင်ပါမယ်။
✅ API တွေကို handle လုပ်ဖို့ Tanstack query (React Query) သင်ပါမယ်။
✅ ပြီးရင်တော့ ကိုယ့်ရဲ့ Web App လေး ပိုလှသွားအောင် အလှဆင်တဲ့ အပိုင်းကို သွားပါမယ်။ Tailwind CSS ကိုသုံးပြီး မြန်မြန်ဆန်ဆန် Design ဆွဲပါမယ်။ အဲဒီနောက် အသင့်ယူသုံးလို့ရတဲ့ Component တွေဖြစ်တဲ့ Material UI နဲ့ Shadcn တို့ကို ကိုယ့် Project ထဲ ဘယ်လို ထည့်သွင်း အသုံးပြုမလဲဆိုတာတွေကိုပါ လေ့လာပါမယ်။
✅ ဒါတွေသိသွားရင် တော်တော်လေး ပြည့်စုံနေပါပြီ။ ဒါပေမယ့် React ကိုမှ SEO ပိုကောင်းပြီး Production Level Web App တွေရေးနိုင်ဖို့ Next JS ကို ဆက်ပြီး လေ့လာပါမယ်။
✅ တခြား Developer တွေနဲ့ အတူ Collaboration လုပ်နိုင်ဖို့ Git ကိုလည်းထည့်‌ပြောပါမယ်။

✅ ဒါ့အပြင် စာတွေချည်းပဲ မဟုတ်ဘဲ အလုပ်ခွင်ဝင်ဖို့ တကယ်လိုအပ်တဲ့ Interview အမေးအဖြေတွေကိုပါ သေချာ ထည့်သွင်းဆွေးနွေးပေးသွားမှာပါ။
✅ သင်ထားတာတွေ အကုန်လုံးကို ပေါင်းပြီးတော့ တကယ့်လက်တွေ့ အသုံးချနိုင်မယ့် Mini Project လေးတွေကိုလည်း အစအဆုံး ကိုယ်တိုင် ရေးကြည့်ကြပါမယ်။
✅ အရေးအကြီးဆုံးကတော့ သင်တန်းပြီးသွားတဲ့အခါမှာလည်း ရပ်မနေဘဲ ကိုယ့်ဘာသာ ဆက်ပြီး Self Study လုပ်နိုင်အောင် ဘယ်လိုလေ့လာရမလဲဆိုတဲ့ နည်းလမ်းတွေကိုပါ သေချာ လမ်းညွှန်ပေးသွားမှာပါ။

ဒါဆိုရင်တော့ အလုပ်ခွင်ဝင်ဖို့ အပြည့်အဝ အဆင်သင့်ဖြစ်နေမယ့်အပြင် ရှေ့ဆက်ပြီး ကိုယ့်ဘာသာ ရပ်တည်နိုင်မယ့် Frontend Developer တစ်ယောက် ဖြစ်လာစေမှာ အသေအချာပါပဲ။

အတန်းပြီးတာနဲ့ အလုပ်တန်းလျှောက်လို့ ရပြီလား?
ရပါတယ်။ ဒါပေမယ့် ဒါက Magic တော့ မဟုတ်ပါဘူး။အခုသင်မယ့် Tech Stack တွေက လက်ရှိ Market မှာ ကုမ္ပဏီတိုင်းနီးပါး အရှာဆုံးတွေ ဖြစ်တဲ့အတွက် သေချာလိုက်လုပ်ဖို့တော့ လိုပါတယ်။ ဘာလို့ ၃လပြီးတာနဲ့ လျှောက်ကြည့်ဖို့ပြောလဲဆိုရင် ကျွန်မဘက်ကပြင်ဆင်ပေးနိုင်တာက
✅ ပထမဆုံးအနေနဲ့ ကျွန်မတို့က သုညကနေ စမှာ မဟုတ်လို့ပါ။ HTML, CSS, JS အခြေခံရှိပြီးသားသူတွေကိုပဲ သီးသန့်လက်ခံမှာဖြစ်လို့ ဒီ ၃ လလုံးကို React, Next.js နဲ့ တကယ့် Project တွေပေါ်မှာပဲ အပြည့်အဝ အချိန်ပေးသွားမှာပါ။
✅ ဒုတိယအချက်ကတော့ ခိုင်မာတဲ့ Portfolio ရသွားမှာမို့လို့ပါ။ အလုပ်ခွင်က ဘာလုပ်တတ်လဲဆိုတဲ့ လက်တွေ့ကို ပိုကြည့်ပါတယ်။ သင်တန်းမှာကတည်းက Mini Project တွေကို အစအဆုံး ကိုယ်တိုင်ရေးရမှာဖြစ်လို့ Interview သွားတဲ့အခါ ပြစရာ ကိုယ်ပိုင် Project တွေ သေချာရှိသွားပါပြီ။
✅ တတိယအချက်ကတော့ Interview အတွက်ပါ အဆင်သင့်ဖြစ်နေစေမှာပါ။ Coding တတ်ရုံတင်မဟုတ်ဘဲ အလုပ်ခွင်မှာ တကယ်မေးတတ်တဲ့ Interview Q&A၊ AI ကိုအသုံးချပြီး Code တွေ ပိုမြန်ပိုကောင်းအောင် ရေးနည်းတွေနဲ့ Error ရှင်းတဲ့ Debugging နည်းလမ်းတွေကိုပါ လက်တွေ့သင်ပေးသွားမှာပါ။

ကျွန်မဘက်ကနေ လုပ်ငန်းခွင်ဝင်ဖို့ လိုအပ်တာတွေကို အပြည့်အဝ လမ်းညွှန်သင်ကြားပေးမှာ ဖြစ်ပေမယ့်၊ တကယ်တမ်း အလုပ်ရဖို့ဆိုတာ ကျောင်းသားကိုယ်တိုင်ရဲ့ ကြိုးစားအားထုတ်မှုနဲ့ အမြဲမပြတ် Practice လုပ်ခြင်းပေါ်မှာပဲ ရာခိုင်နှုန်းပြည့် မူတည်နေပါတယ်။ သင်တန်းကချပေးတဲ့ Project တွေကိုသာ ကိုယ်တိုင်သေချာရေးပြီး Portfolio အနေနဲ့ ပြနိုင်ပြီဆိုရင်တော့ Junior ကနေစလို့ ကိုယ်ကြိုးစားရင် ကြိုးစားသလို Mid-level အထိ ယုံကြည်မှုရှိရှိ ရဲရဲဝံ့ဝံ့ လျှောက်ပါ။ Interview Experience တွေယူပါလို့ အကြံပေးချင်ပါတယ်ရှင်။

သင်တန်းစတင်မည့်ရက်
25 April 2026 (Sat)
Sat, Sun
8:00PM - 10:00PM (MMT)

သင်တန်းကာလ
3 Months+
(သင်ယူသူတွေရဲ့ အခြေအနေပေါ်မူတည်ပြီး ဒီထပ်ပိုကြာနိုင်ပါတယ်။ Course ပြီးတဲ့အထိသင်မှာပါ)

သင်တန်းကြေး
၄ သိန်းခွဲ (နှစ်ခါခွဲပေးနိုင်ပါတယ်)

သင်ကြားမည့်ပုံစံ
Live Class (Microsoft Teams)

အတန်းမှာသင်တာတွေကို Recorded Video လည်းပေးပါမယ်၊ Final Project အပ်နိုင်ရင်လည်း Certificate ပေးပါမယ်ရှင်။

အတန်းနဲ့ပတ်သက်ပြီး ကိုယ်နဲ့ ကိုက်ညီမှုရှိမရှိ အသေးစိတ်သိချင်တာလေးတွေရှိရင် Messenger မှာ လာရောက်ဆွေးနွေးလို့ရပါတယ်ရှင်။

Frontend Development ပတ်သက်တဲ့ Content တွေကို Comment က Link တွေမှာ ဖတ်ကြည့်နိုင်ပါတယ်ရှင်။

04/04/2026

Web Design Basic Batch (18) 5 ယောက်တန်းလေးကတော့ လူပြည့်သွားလို့ အတန်းအပ်ကြတဲ့ တစ်ယောက်ချင်းစီကို ကျေးဇူးတင်ပါတယ်ရှင်။

မမီလိုက်တဲ့သူတွေက "အတန်းအပ်လို့ရသေးလား" ထပ်မေးနေကြလို့ အားလုံးအဆင်ပြေသွားအောင် ဧပြီလ ၂၀ ရက်နေ့မှာ အတန်းသစ်လေးတစ်ခု ထပ်တိုးဖွင့်ပေးလိုက်ပါပြီ။

သင်တန်းချိန်လေးကတော့ အပတ်စဉ် Monday, Thursday 8:00PM - 9:30PM (MMT) ဖြစ်ပါတယ်။ အတန်းချိန်နဲ့ ရက်ပဲ‌ပြောင်းတာပါ၊ ကျန်တာအတူတူပါပဲ။ သင်တန်းအသေးစိတ်ကို အရင်ပို့စ်လေးမှာ ပြန်ဝင်ဖတ်လို့ရပါတယ်ရှင်။ Comment မှာလည်း link ပေးထားပါတယ်။ အတန်းမတိုင်ခင် စာကြိုကြည့်ပြီးရင် live class မှာအတူတူရေးကြမှာဆိုတော့ စာလိုက်လုပ်ဖြစ်မှာ သေချာပါတယ်။

အတန်း Quality ကိုထိန်းချင်တာကြောင့် ၅ယောက်ပဲလက်ခံတာပါရှင်။ ဒီအတန်းလေးကလည်း အရင်လိုပဲ လူမြန်မြန်ပြည့်သွားနိုင်တာကြောင့် သေချာပေါက် တက်ချင်တယ်ဆိုရင်တော့ အခုပဲ Page Messenger ကနေ နေရာလေး အမြန်ဆုံး လာဦးထားဖို့ တိုက်တွန်းလိုက်ပါတယ်ရှင့်။

04/04/2026

🇸🇬 Singapore က Senior Web Developer အစ်မရဲ့ သင်တန်း Feedback လေးပါရှင် ✨
ဒီအစ်မကတော့ React Advance (Customized Course) ကို One-on-One တက်ရောက်နေတာ ဖြစ်ပါတယ်။

Senior တစ်ယောက်ကို ပြန်သင်ရတဲ့အခါ Beginner တွေလို မဟုတ်ဘဲ သိချင်တဲ့ Point တွေကိုပဲ Deep Dive ဆွေးနွေးရင်း အမေးအဖြေလုပ်ပြီး သင်သွားတဲ့ပုံစံမျိုးပါ။

အစ်မရဲ့ Feedback လေးကတော့ 👇
"တီချယ်နဲ့ စာသင်ရတာ အဆင်ပြေပါတယ် ရှင်းရှင်းလင်းလင်းနဲ့ နားလည်လွယ်တဲ့အတွက် မှတ်မိလွယ်တယ်။ သင်နေရင်းနဲ့ လိုအပ်တာတွေ အင်တာဗျူးမှာ ကြုံရတာတွေပါထည့်ပြောပေးတဲ့ အတွက်လဲ ကျေးဇူးတင်ပါတယ်။ နောက်တစ်ခုက တခါတလေ ကိုယ်မေ့နေတာ၊ မသိသေးတာတွေပါ သိရတဲ့အတွက် တကယ့် တကယ်ကို အဆင်ပြေရပါတယ်။ တီချယ်နဲ့ စာသင်ရတာ တကယ်ကံကောင်းသောပါ 😍"

အတွေ့အကြုံရှိ Senior အစ်မတစ်ယောက်ဆီက Feedback ကောင်းလေးရလို့ ပီတိဖြစ်ရသလို၊ ကျေးဇူးလည်း အများကြီးတင်ပါတယ်ရှင် ☺️

ဒီလိုမျိုး ကိုယ်လိုချင်တဲ့ ခေါင်းစဉ်တွေကိုပဲ သီးသန့်ရွေးချယ်ပြီး တစ်လချင်းစီ တက်လို့ရတဲ့ Custom Course တွေ ရှိပါတယ်။
အထူးသဖြင့် အလုပ်ခွင်ထဲက Senior ဒါမှမဟုတ် Middle level developer တွေအတွက် Discussion လုပ်ရင်း Deep Dive သွားလို့ရတဲ့အပြင် Real-world usage နဲ့ Interview Tips တွေကိုပါ တစ်ခါတည်း မျှဝေပေးသွားမှာပါ။ စိတ်ဝင်စားလို့ အသေးစိတ် သိချင်တယ်ဆိုရင်တော့ cb မှာ စုံစမ်းလို့ ရပါတယ်ရှင်။

Want your school to be the top-listed School/college?

Telephone

Website