18/10/2024
ကာရာအိုကေကို သီချင်းဖို့သွားတဲ့အခါ ကိုရီးယားလူမျိုးတွေက ဒီလိုပြောလေ့ရှိတတ်ကြပါတယ်။
'이 곡은 내 노래방 18번이야' (ဒီသီချင်းက ငါ့ကာရာအိုကေ နံပါတ် ၁၈ပဲ)
'먼저 내 18번이나 불러야지' ( အရင်ဆုံး ငါ့ နံပါတ် ၁၈ပဲဖြစ်ဖြစ် အရင်ဆိုရမယ်)
ဒီလိုပြောတဲ့အခါ နံပါတ်၁၈ရဲ့ အဓိပ္ပါယ်ကို မသိရင် နားလည်ရခက်ပါတယ်။ ဒါဆို ကိုရီးယားလူမျိုးတွေပြောတဲ့ '18번 (နံပါတ် ၁၈)'ဆိုတာ ဘယ်လို အဓိပ္ပါယ်လဲဆိုတာ လေ့လာကြည့်ကြရအောင်နော်။
ကာရာအိုကေသွားတဲ့အခါ မိမိ အကြိုက်ဆုံး အကောင်းဆုံးဆိုနိုင်တဲ့ သီချင်းကို ဒါ ငါ့ နံပါတ်၁၈ဆိုပြီး ခေါ်ဝေါ်ပြောဆိုလေ့ရှိပါတယ်။
ဘာကြောင့် တခြားနံပါတ်မဟုတ်ပဲ နံပါတ်၁၈ကိုမှ ရွေးချယ်ပြောဆိုရလဲဆိုတာကလဲ စိတ်၀င်စားစရာပါ။ ဒီအသုံးဟာဆိုရင် ဂျပန်နိုင်ငံရဲ့ '가부키(ဂါဘူခီ)'ဆိုတဲ့ ရိုးရာပြဇာတ်အမျိုးအစားကနေ စတင်ပေါ်ပေါက်လာခဲ့တာဖြစ်ပါတယ်။
ဒီ ရိုးရာပြဇာတ်ဟာဆိုရင် နှစ်ပေါင်း ၄၀၀နီးပါး အဆင့်ဆင့်လက်ဆင့်ကမ်း ထိန်းသိမ်းလာကြပြီး ဂျပန်နိုင်ငံရဲ့ ချစ်ခင်နှစ်သက်ခြင်းကို ခံရတဲ့အပြင် ယူနက်စကိုမှာလဲ မှတ်တမ်းတင်ထားပါတယ်။
ဒီပြဇာတ်ရဲ့ ထူးခြားချက်တစ်ခုကတော့ ဇာတ်ပေါင်း ၁၈မျိုးရှိပြီး အဲ့ထဲမှာမှ နာမည်အကြီးဆုံးနဲ့ ပရိသတ်တွေ သဘောအကျဆုံးကတော့ ၁၈ပုဒ်မြောက် ဇာတ်ပဲဖြစ်ပါတယ်။ ဒီအချက်ကို အစွဲပြုပြီး ဂျပန်နိုင်ငံမှာ မိမိ အကောင်းဆုံး ဆိုနိုင်တဲ့ သီချင်းကို နံပါတ် ၁၈လို့ ခေါ်ဝေါ်လာကြပါတယ်။ ဒီနံပါတ် ၁၈ဆိုတဲ့ အသုံးဟာ ကိုရီးယားကိုလဲ ရောက်လာပြီးတော့ မိမိ ကာရာအိုကေမှာ ခဏခဏဆိုတတ်တဲ့ အကြိုက်ဆုံး သီချင်းကို '18번'အနေနဲ့ သုံးစွဲခေါ်ဝေါ်လာကြတာပဲဖြစ်ပါတယ်။
ဒါပေမဲ့ '18번'ဆိုတဲ့အသုံးဟာ အဘိဓါန်မှာ မရှိတဲ့ အသုံးဖြစ်တာကြောင့် အဲ့အစား '애창곡(ဆိုရတာ သဘောကျတဲ့ သီချင်း)'ဆိုတဲ့ စာလုံးကိုလဲ သုံးစွဲနိုင်ပါတယ်။
11/08/2024
𝐎𝐧𝐞 𝐛𝐲 𝐎𝐧𝐞 𝐎𝐧𝐥𝐢𝐧𝐞 𝐂𝐥𝐚𝐬𝐬 📣
Topik စာမေးပွဲအတွက် သေချာလေး ပြင်ဆင်လိုသူ၊ မိမိရဲ့ ကိုရီးယားစာ အရည်အသွေးကို အဆင့်မြှင့်တင်လိုသူလေးများအတွက် တစ်ဦးချင်း သီးသန့်သင်တန်းကိုလည်း ဖွင့်လှစ်ထားပါတယ်။
ဆရာနှင့် အချိန်ညှိသင်ကြားနိုင်ပြီး မိမိနဲ့ ကိုက်ညီတဲ့ အတန်းကို သေချာလေး ဆွေးနွေးတက်ရောက်နိုင်ပါတယ်။
သင့်ရဲ့ ကိုရီးယားစာအိပ်မက်ကို Koreanaနဲ့အတူ စတင်လိုက်ပါ!
Contact us: 010-9593-2538 / Page Messenger
06/08/2024
TOPIK II ONLINE INTENSIVE CLASS
TOPIK II စာမေးပွဲအတွက် စနစ်တကျ ပြင်ဆင်နိုင်ဖို့ရာ သင်တန်းလေး ဖွင့်လှစ်လိုက်ပါတယ်။
Day & Time - Sun, Sat (4PM- 6PM)
Start Date - 17. 8. 24
Duration- 2months (32hrs)
Class Fees - 60,000 KRW/100,000 MMK per month
Reading, Listening နဲ့ Writing ၃မျိုးစလုံးအတွက် ဖြေပုံဖြေနည်းနဲ့ မေးခွန်းပုံစံများကို စနစ်တကျ သင်ကြားပေးသွားမှာဖြစ်ပါတယ်။
သင်ကြားပေးမည့် ဆရာကတော့ စာသင်နှစ်အတွေ့အကြုံ ၄နှစ်ကျော် သက်တမ်းရှိပြီး Topik Level 6၊ B.A(Korean) ဘွဲ့ရရှိထားကာ လက်ရှိ ကိုရီးယားနိုင်ငံတွင် Korean Education Major Master Degreeကို တက်ရောက်နေတဲ့ Tr. Htet Htet Aungမှ သင်ကြားပေးသွားမှာ ဖြစ်ပါတယ်။
Trနဲ့ တူတူ ကြိုးစားကြရအောင်ပါ။💪
📲 01095932538
Page Messenger မှာလဲ အသေးစိတ် လာရောက်စုံစမ်းနိုင်ပါတယ်။
16/07/2024
Topik စာမေးပွဲ အချိန်စာရင်းထွက်ပါပြီ👀
TOPIK 한국어능력시험
12/07/2024
신조어란?
신조어ဆိုတာကတော့ 'ခေတ်ရေစီးကြောင်းအလိုက် အသစ်ထွက်ပေါ်လာတဲ့ စကားအသုံးအနှုန်း'ကို ဆိုလိုပါတယ်။ 유행어လို့လည်း ခေါ်ဝေါ်လေ့ရှိပါတယ်။
တစ်နေ့ထက် တစ်နေ့ အသစ်အသစ်တိုးလာတဲ့ 신조어တွေထဲမှာမှ စိတ်၀င်စားဖို့ကောင်းတဲ့ စာလုံး ၈လုံးကို တူတူ ဖတ်ကြည့်ကြရအောင် 👀
05/07/2024
'대한민국의 국보'(National Treasure)
국보ဆိုတာဟာ '나라의 보물'(နိုင်ငံ့ ရတနာ)လို့ အဓိပ္ပါယ်ရပါတယ်။ တောင်ကိုရီးယားနိုင်ငံဟာဆိုရင် မိမိနိုင်ငံရဲ့ ယဥ်ကျေးမှုအမွေအနှစ်တွေထဲမှာမှ ခေတ်တစ်ခုကို ကိုယ်စားပြုတာသော်လည်းကောင်း လက်မှုပညာပိုင်းဆိုင်ရာ စာပေပိုင်းဆိုင်ရာ ပြောင်မြောက်ထူးချွန်ပြီး အဖိုးတန်လှတယ်လို့ သတ်မှတ်တဲ့ အစဥ်အတိုင်းကို 국보 1호, 2호ဆိုပြီး နံပါတ်အလိုက် သတ်မှတ် မှတ်တမ်းတင်ထားပါတယ်။
ဒါဆိုရင် ကိုရီးယားနိုင်ငံရဲ့ ရတနာ နံပါတ် ၁ က ဘာဖြစ်မလဲဆိုတာဟာ စိတ်၀င်စားစရာပါ။🤔
대한민국의 국보 1호를 같이 알아볼까요?
နိုင်ငံ့ ရတနာ နံပါတ် ၁ကတော့ ဆိုးမြို့မှာရှိတဲ့ ဂျိုဆွန်းခေတ်(조선 시대)က မြို့တော် ဟန်ယန်း(한양)ရဲ့ တံတိုင်းကြီးရှိ တံခါးလေးပေါက်ထဲက တောင်ဘက်မှာရှိတဲ့ တံခါးပေါက်ပဲဖြစ်ပါတယ်။ 승례문 တစ်နည်းအားဖြင့် 남대문လို့ခေါ်ပါတယ်။
ကိုရီးယားနိုင်ငံမှာ 국보အပြင် 보물ဆိုတဲ့ အမည်နဲ့ ထပ်ပြီးသက်သက် နံပါတ်အစဥ်လိုက်သတ်မှတ်ထားတာရှိပါသေးတယ်။ 대한민국의 보물ဆိုတာကလဲ အဓိပ္ပာယ်အရတော့ သူ့အမည်အတိုင်း နိုင်ငံ့ရတနာပါပဲ။ ဒါပေမဲ့ ရှေးခေတ်အဆောက်အအုံ၊ ပန်းချီ၊ စာပေလက်ရာ၊ ရုပ်ထုစတဲ့ လက်ရာအမွေအနှစ်စံနှုန်းနဲ့ကိုက်တဲ့ အရာမှန်သမျှကို မှတ်တမ်းတင်ထားတာကြောင့် 국보ထက် အရေအတွက်ပိုများပါတယ်။ အဲ့အတွက်ကြောင့် 국보ကတော့ ၃၀၀ကျော်ပဲရှိပေမဲ့ 보물ကတော့ နံပါတ် ၂၀၀၀ကျော်အထိ သတ်မှတ်ထားပါတယ်။
ကိုရီးယားနိုင်ငံရဲ့ (보물 1호) ရတနာ နံပါတ် ၁အနေနဲ့ကတော့ 흥인지문(동대문)ဖြစ်ပါတယ်။ အရှေ့မှာပြောခဲ့တဲ့ တံခါးကြီး၄ပေါက်ထဲက အရှေ့ဘက်မှာရှိတဲ့ တံခါးပေါက်ပါ။
တစ်ခါတစ်ခေါက် ကိုရီးယားနိုင်ငံ ဆိုးလ်မြို့ကို ရောက်ဖြစ်ရင် အရောက်သွားကြည့်ကြပါနော်💕
05/07/2024
여러분 안녕하세요👋
Adminကတော့ လက်ရှိ Keimyung University မှာ Korean Language Education Major ကို တက်ရောက်သင်ကြားလျက်ရှိပါတယ်။
ဒီ Pageလေးကတော့ ကိုရီးယားရဲ့ စာပေ၊ ယဥ်ကျေးမှုစတာနဲ့ ပတ်သက်ပြီးတော့ ကိုယ်သိထားတဲ့...အသစ်သိလာရတဲ့ အကြောင်းအရာလေးတွေကို မျှဝေချင်တာရယ်💕 ကိုယ်သိထားတဲ့ သင်ကြားရေးနည်းစနစ်တွေကို အသုံးချပြီး
စာသင်တာလေးကို သေချာ ပြန်စလုပ်ချင်တာရယ်ကြောင့် ဖွင့်ဖြစ်သွားပါတယ်💕
ကိုရီးယားစာကို လေ့လာလိုသူတွေ...ကိုရီးယားအကြောင်း စိတ်၀င်စားတဲ့သူလေးတွေအတွက် အကျိုးရှိပြီး စိတ်၀င်စားစရာကောင်းတဲ့ content လေးတွေ ကြိုးစားရေးမယ့် အစီအစဥ်ရှိပါတယ်💪
Stay Tuned!