ဓာတုဗေဒ -Chemistry

ဓာတုဗေဒ -Chemistry Sharing Chemistry knowledge
For work - 09883752689
(1)

"Bomb Calorimeter ဆိုတာ တကယ်ပဲ ဗုံးတစ်လုံးလား?" 💣💥✅​အစားအစာတွေရဲ့ စွမ်းအင် (Food Calories) ကို ဘယ်လိုတိုင်းတာသလဲ?✅လောင်စ...
26/08/2026

"Bomb Calorimeter ဆိုတာ တကယ်ပဲ ဗုံးတစ်လုံးလား?" 💣💥

✅​အစားအစာတွေရဲ့ စွမ်းအင် (Food Calories) ကို ဘယ်လိုတိုင်းတာသလဲ?

✅လောင်စာတွေရဲ့ စွမ်းအင် ပမာဏကိုော ဘယ်လို တွက်ထုတ်သလဲ?

​ဒီနေရာမှာ အဓိက အရေးပါတဲ့ ကိရိယာတစ်ခုကတော့ Bomb Calorimeter (ပိတ်လှောင်လောင်ကျွမ်းမှု အပူတိုင်းတာကိရိယာ) ဖြစ်ပါတယ်။

​နာမည်က "Bomb" လို့ ဆိုထားပေမယ့် ပေါက်ကွဲစေတဲ့ ဗုံးမဟုတ်ဘဲ High-pressure အောက်မှာ လောင်ကျွမ်းမှု (Combustion Reaction) ဖြစ်ပေါ်စေတဲ့ သံမဏိ ပိတ်လှောင်အခန်း (Steel Vessel) လေးတစ်ခုပါ။

💠ဒီကိရိယာနဲ့ ပတ်သက်ပြီး သိထားရမယ့် အဓိက ဓာတုဗေဒအချက်များ -

Bomb Calorimeter ဟာ Constant Volume (V) အခြေအနေမှာ အလုပ်လုပ်တာကြောင့် ထွက်လာတဲ့ Heat က Enthalpy Change (∆ H) မဟုတ်ဘဲ Internal Energy Change (∆U) ဖြစ်တဲ့ q(v) = ∆ U ကို တိုက်ရိုက် တိုင်းတာပေးတာ ဖြစ်ပါတယ်။

∆H လိုချင်ရင်တော့ Ideal Gas Formula ဖြစ်တဲ့ ∆H = ∆U + ∆ n(gas)RT ကို သုံးပြီး ပြန်လည်ပြောင်းလဲ တွက်ထုတ်ရပါတယ်။

အသုံးပြုပုံ
သာမန် q = mc∆ T ထက် ပိုမိုနက်ရှိုင်းတဲ့ q(cal)= C(cal)∆ T နဲ့ q(rxn)= -q(cal)သဘောတရားတွေကို အသုံးပြုပါတယ်။

​ဒါ့ပြင် Coffee-cup Calorimeter နဲ့ Bomb Calorimeter ရဲ့ Constant Pressure vs Constant Volume ကွဲပြားချက်တွေ၊ Calculation တွက်ချက်ပုံ နမူနာတွေကို စနစ်တကျ လေ့လာချင်တယ်ဆိုရင်တော့...

​📌 Private Telegram Channel မှာ အသေးစိတ် အပြည့်အစုံ တင်ပေးထားပါတယ်။ Telegram Channel ဝင်ရောက်ရန်နှင့် အသေးစိတ် လေ့လာရန် Link ကို Message ကနေ ဆက်သွယ် မေးမြန်းနိုင်ပါတယ်။




Pic by Pinterest

“Silicon ရဲ့ Electron 4 လုံးကနေ Semiconductor ဖြစ်လာပုံ”💠Silicon (Si) ရဲ့ Atomic Number က 14 ဖြစ်တဲ့အတွက် Neutral Silico...
26/08/2026

“Silicon ရဲ့ Electron 4 လုံးကနေ Semiconductor ဖြစ်လာပုံ”

💠Silicon (Si) ရဲ့ Atomic Number က 14 ဖြစ်တဲ့အတွက် Neutral Silicon Atom တစ်ခုမှာ Electron 14 လုံး ရှိပါတယ်။

ဒါကြောင့် Electronic Configuration ကို
1s² 2s² 2p⁶ 3s² 3p²လို့ ရေးနိုင်ပါတယ်။

ဒါမှမဟုတ် Shell အလိုက်ဆိုရင်—2, 8, 4ဖြစ်ပါတယ်။
ဒီမှာ အပြင်ဆုံး Shell (Third Shell) မှာ Electron 4 လုံး ရှိတာကို အားလုံးသိကြမှာပါ။

ဒီ Valence Electrons 4 လုံး ကြောင့် Silicon ဟာ အနီးအနား Silicon Atom တွေနဲ့ Covalent Bond တွေ ဖွဲ့ပြီး Crystal Structure တည်ဆောက်နိုင်ပါတယ်။

ဒါပေမယ့် စိတ်ဝင်စားစရာက—
စာသင်ခန်းထဲမှာ “Silicon ရဲ့ Electronic Configuration = 2,8,4” လို့ သင်ပြီးတဲ့နောက် အဲဒီ Electron 4 လုံးက Silicon ကို Computer Chip ဖြစ်လာစေတဲ့အထိ ဘယ်လိုအခန်းကဏ္ဍကနေ ပါဝင်သွားသလဲဆိုတာပါ?

💠အဲဒီ 3s² 3p² ဆိုတဲ့ Electronic Configuration ကို ပိုနက်နက်ရှိုင်းရှိုင်း ကြည့်လိုက်ရင်—

Valence Electron 4 လုံး->Covalent Bonding->Silicon Crystal->Energy Bands->
Valence Band + Conduction Band->Band Gap
->Electron–Hole Pair->Semiconductor
ဆိုတဲ့ လမ်းကြောင်းကို တွေ့လာရပါတယ်။

💠ဒါကြောင့် “Silicon ရဲ့ Electronic Configuration = 2,8,4” ဆိုတဲ့ စာသင်ခန်းထဲက အခြေခံအချက်လေးတစ်ခုကနေ Computer Chip ရဲ့ Semiconductor Physics အထိ ဘယ်လိုဆက်သွားသလဲဆိုတာက တကယ်စိတ်ဝင်စားစရာကောင်းပါတယ်။

📚 ဒီ Series ရဲ့ Part 2 မှာတော့ Silicon ရဲ့ Electronic Configuration ကို အခြေခံပြီး Valence Electron တွေ၊ Energy Band၊ Band Gap နဲ့ Electron တွေ ဘာကြောင့် “လွတ်လပ်စွာ” မရွေ့နိုင်သလဲဆိုတာအထိ ဆက်ပြီး လေ့လာထားပါတယ်။

👉 အပြည့်အစုံကို Paid Telegram Private Channel မှာ ဝင်ဖတ်နိုင်ပါတယ်။


Pic by Pinterest

Telegram channel တလ-၅၀၀၀ကျပ်
Kpay -09883752689

Calorimeter - ဓာတုဓာတ်ပြုမှု တစ်ခုမှာ ထွက်လာတဲ့ “အပူ” ကို မမြင်ရဘဲ ဘယ်လိုတိုင်းတာနိုင်မလဲ?💠Reaction တစ်ခုဖြစ်တဲ့အခါ အပူထ...
25/08/2026

Calorimeter - ဓာတုဓာတ်ပြုမှု တစ်ခုမှာ ထွက်လာတဲ့ “အပူ” ကို မမြင်ရဘဲ ဘယ်လိုတိုင်းတာနိုင်မလဲ?

💠Reaction တစ်ခုဖြစ်တဲ့အခါ အပူထွက်လာတယ်၊ အပူစုပ်ယူသွားတယ်လို့ ပြောကြပါတယ်။ ဒါပေမယ့် အပူကို မျက်စိနဲ့မမြင်ရဘူး။ ဒါဆို Laboratory ထဲမှာ Chemist တွေက Reaction တစ်ခုက အပူဘယ်လောက်ထွက်လာတယ်၊ ဘယ်လောက်စုပ်ယူသွားတယ် ဆိုတာ ဘယ်လိုသိကြတာလဲ?

💠ဒီနေရာမှာ Calorimeter (အပူတိုင်းတာကိရိယာ) ကို အသုံးပြုပါတယ်။

အပူကို တိုက်ရိုက်ဖမ်းတိုင်းတာတာမဟုတ်ဘဲ
Reaction → အပူလွှဲပြောင်းမှု → အပူချိန်ပြောင်းလဲမှု → Heat ပမာဏတွက်ချက်ခြင်း → Enthalpy Change (ΔH)
ဆိုတဲ့ Chemistry ကို အသုံးပြုပြီး မမြင်ရတဲ့အပူကို ကိန်းဂဏန်းအဖြစ် သိရှိနိုင်တာပါ။

✅Coffee-cup Calorimeter က ဘယ်လိုအလုပ်လုပ်သလဲ?

✅ Bomb Calorimeter က Coffee-cup Calorimeter နဲ့ ဘာကွာသလဲ?

✅Combustion Reaction တစ်ခုက ထွက်လာတဲ့အပူကို ဘယ်လိုတိုင်းမလဲ?

✅အစားအစာထုပ်ပိုးပေါ်က Calories တွေနဲ့ Calorimeter က ဘယ်လိုဆက်စပ်နေလဲ?

✅ q = mcΔT ဆိုတဲ့ Formula နောက်ကွယ်မှာ တကယ်ဘာ Chemistry ရှိနေလဲ?

✅ပြီးတော့ “Calorimeter က တိုင်းလိုက်တဲ့ Heat က တကယ် Reaction ရဲ့ Heat အတိအကျလား?

ဆိုတဲ့ မေးခွန်းအထိ Heat Loss, Calorimeter Heat Capacity, Experimental Error တွေနဲ့ ဆက်ပြီး နက်နက်ရှိုင်းရှိုင်း လေ့လာနိုင်ပါတယ်။

📚 ဒီလို စာအုပ်ထဲက Formula တစ်ကြောင်းကို လက်တွေ့ Laboratory Chemistry နဲ့ ချိတ်ဆက်ပြီး နားလည်အောင်ရှင်းပြထားတဲ့ Content တွေကို ပိုပြီးအသေးစိတ်ဖတ်ချင်ရင်—Paid Telegram Private Channel မှာ ဝင်ဖတ်နိုင်ပါတယ်။

✅ဒီတစ်ခါ “q = mcΔT” ကို မှတ်ဖို့မဟုတ်ဘဲ ဘာကြောင့် အဲဒီ Formula ကို သုံးရတာလဲ ဆိုတာကနေ စပြီး Chemistry ကို နားလည်အောင် သွားကြပါမယ်ဗျ။
Formula ကို မှတ်ထားရုံနဲ့ Chemistry သိပြီလို့ မဆိုနိုင်ဘူး။
Formula နောက်က Chemistry ကို နားလည်မှ တကယ်သိတာပါ။


Pic by Pinterest

Telegram channel=တလ5000ကျပ်
Kpay -09883752689

24/08/2026

💫ဓာတ်ပုံဟောင်းတွေရဲ့ လျှို့ဝှက်ချက် – Silver Chloride

​အလင်းနဲ့ တွေ့တာနဲ့ အရောင်ပြောင်းသွားတဲ့ AgCl ရဲ့ သဘောတရားဟာ ရှေးခေတ် Film Photography ရဲ့ အရေးပါတဲ့ အခြေခံတစ်ခုဖြစ်ခဲ့ပါတယ်။

​Light Energy ကို စုပ်ယူပြီး အဖြူရောင် chloride ကနေ မီးခိုးရောင် ငွေအမှုန်အမွှားလေးတွေအဖြစ် ပြောင်းလဲသွားတဲ့ ဖြစ်စဉ်ကို ဒီ video မှာ တွေ့ရမှာပါဗျ။


Video credit by original uploader


telegram private channel တွင် ဖတ်ရှူနိုင်မယ့် Silver nitrate Series

အပိုင်း (၁) - Silver Nitrate (AgNO3) နဲ့ မှုခင်းဆိုင်ရာ လက်ဗွေရာ ဖော်ထုတ်ခြင်း နည်းပညာ

အပိုင်း (၂) - Silver Nitrate ကိုပဲ အခြေခံပြီး ရှေးခေတ် ဓာတ်ပုံရိုက်ကူးရေး ပညာရပ် (Daguerreotype Photography) ထဲက Darkroom Chemistry အကြောင်း

အပိုင်း(၃) Silver Nitrate — ဆေးပညာနဲ့ ဇီဝဗေဒဓာတ်ခွဲခန်းထဲက ငွေဓာတုဗေဒ

မီးလောင်ပြင်မှာ "အပူ" ထက် "မီးခိုး" က ဘာကြောင့် ပိုအန္တရာယ် များတာလဲ?💠​မီးလောင်မှုတော်တော်များများမှာ သေဆုံးရခြင်းရဲ့ ၇၀...
24/08/2026

မီးလောင်ပြင်မှာ "အပူ" ထက် "မီးခိုး" က ဘာကြောင့် ပိုအန္တရာယ် များတာလဲ?

💠​မီးလောင်မှုတော်တော်များများမှာ သေဆုံးရခြင်းရဲ့ ၇၀% မှ ၈၀% အထိဟာ မီးလောင်ဒဏ်ရာကြောင့် မဟုတ်ဘဲ "မီးခိုးရှူမိခြင်း " ကြောင့်ဖြစ်တယ်ဆိုတာ သတိထားမိကြရဲလားဗျ?

​ဒါကို Chemistry & Toxicology အမြင်နဲ့ ကြည့်ရင် ပိုပြီး ထိတ်လန့်စရာကောင်းတဲ့ အချက်တွေကို တွေ့ရပါလိမ့်မယ်။

✅၁။ မပြည့်ဝသော လောင်ကျွမ်းခြင်း (Incomplete Combustion)

အခန်းတွင်း အောက်ဆီဂျင် အကန့်အသတ်ကြောင့် သာမန် CO₂ အစား အလွန်အဆိပ်ပြင်းတဲ့ Carbon Monoxide (CO)၊ Hydrogen Cyanide (HCN) နဲ့ ကျေးမှဲ့ (Carbon particles) အများအပြား ထွက်ရှိလာပါတယ်။
​Organic Matter + Limited O₂ --(Heat)--> CO + C + HCN + H₂O

✅၂။ Hemoglobin ကို လုယူသွားတဲ့ CO ဓာတ်ငွေ့

Carbon Monoxide (CO) ဟာ သွေးထဲက Hemoglobin နဲ့ ပေါင်းစပ်ဖို့ အောက်ဆီဂျင် (O₂) ထက် အဆ ၂၀၀ မှ ၂၅၀ ခန့် Binding Affinity ပိုမြင့်မား ပါတယ်။
သွေးထဲမှာ Carboxyhemoglobin (HbCO) တွေ ရုတ်တရက် များလာပြီး ဦးနှောက်နဲ့ အင်္ဂါတွေဆီ အောက်ဆီဂျင် မရောက်တော့ဘဲ စက္ကန့်ပိုင်းအတွင်း သတိလစ်သွားစေပါတယ်။

✅​၃။ Cellular Respiration ကို ပိတ်ပစ်တဲ့ HCN

ပလတ်စတစ်၊ နိုင်လွန် နဲ့ ကော်ဇောတွေ လောင်ကျွမ်းရာမှထွက်တဲ့ Hydrogen Cyanide (HCN) ထဲက CN⁻ (Cyanide ion) ဟာ Mitochondria ထဲက အင်ဇိုင်းတွေကို ပိတ်ပစ်လိုက်တာကြောင့် အောက်ဆီဂျင် ရှူနေရရင်ပင် ဆဲလ်တွေက အောက်ဆီဂျင်ကို မသုံးနိုင်တော့ဘဲ ဆဲလ်အဆင့် သေဆုံးမှု ဖြစ်သွားရတာပါ။

အပူ (Heat) က ခန္ဓာကိုယ် ပြင်ပဆီ အပူကူးပြောင်းပြီး ဒဏ်ရာရစေတာဖြစ်ပေမဲ့၊ မီးခိုး (Smoke) ကတော့ ခန္ဓာကိုယ်ရဲ့ Biochemical System တစ်ခုလုံးကို တိုက်ရိုက်ဖျက်ဆီး ပစ်တာဖြစ်ပါတယ်။


Pic by Pinterest

✅​နေ့စဉ်ဘဝထဲက စိတ်ဝင်စားစရာ Chemistry Mechanism များ
✅​စာမေးပွဲနဲ့ အထွေထွေဗဟုသုတအတွက်textbook base chemistry concept များ
✅​ဓာတုဗေဒဆိုင်ရာ ပဟေဠိများနှင့် ပုစ္ဆာဖြေရှင်းနည်း deep-dive များကို...​ကျွန်‌ေတာ်တို့ရဲ့ Private Telegram Channel မှာ အသေးစိတ် ပြည့်ပြည့်စုံစုံ တင်ဆက်ပေးနေပါတယ်။

Private Channel ဝင်ရောက်လေ့လာချင်သူများ ပေ့ချ် Messenger (CB) သို့ စာပို့ပြီး အသေးစိတ် စုံစမ်းနိုင်ပါတယ်။

ရေက ကမ္ဘာ့ရာသီဥတုကို ဘယ်လို “ထိန်းညှိ” ပေးနေလဲ?💠ရေဆိုတာ ကျွန်တော်တို့နေ့စဉ်ဘဝမှာ သောက်သုံးဖို့၊ ချက်ပြုတ်ဖို့၊ သန့်ရှင်း...
23/08/2026

ရေက ကမ္ဘာ့ရာသီဥတုကို ဘယ်လို “ထိန်းညှိ” ပေးနေလဲ?

💠ရေဆိုတာ ကျွန်တော်တို့နေ့စဉ်ဘဝမှာ သောက်သုံးဖို့၊ ချက်ပြုတ်ဖို့၊ သန့်ရှင်းရေးလုပ်ဖို့ လိုအပ်တဲ့ အရာတစ်ခုလို့ပဲ ထင်ရလွယ်ပါတယ်။

ဒါပေမယ့် ရေဟာ ကမ္ဘာ့ရာသီဥတုစနစ်ထဲမှာ အပူစွမ်းအင်ကို စုပ်ယူ၊ သိမ်းဆည်း၊ သယ်ဆောင်ပြီး ပြန်လည်ဖြန့်ဝေပေးနေတဲ့ သဘာဝအပူထိန်းစနစ်ကြီးတစ်ခု ဖြစ်ပါတယ်။ ဒီအရာရဲ့ နောက်ကွယ်မှာလည်း ရေမော်လီကျူးတွေရဲ့ Hydrogen Bond နဲ့ Thermal Properties တွေက အဓိကပါဝင်နေပါတယ်။

ဥပမာ-

💠နေရောင်ကနေ အပူစွမ်းအင်ရလာတဲ့အခါ ရေက ဘာကြောင့် အပူချိန်ချက်ချင်း မတက်သွားတာလဲ?

💠 သမုဒ္ဒရာတွေက ကမ္ဘာကြီးရဲ့ Heat Reservoir (အပူစွမ်းအင်သိုလှောင်ရာ) ကြီးတစ်ခုလို ဘယ်လိုအလုပ်လုပ်နေတာလဲ?

💠 သဲကန္တာရလို ကုန်းမြေဒေသတွေနဲ့ ပင်လယ်နားဒေသတွေမှာ နေ့နဲ့ည အပူချိန်ကွာခြားမှု ဘာကြောင့် ဒီလောက်ကွာရတာလဲ?

💠 ရေက အငွေ့ပျံသွားတဲ့အခါ ကမ္ဘာ့မျက်နှာပြင်က အပူစွမ်းအင်ကို ဘယ်လို “ယူဆောင်” သွားတာလဲ?

💠အဲဒီရေငွေ့တွေ တိမ်ဖြစ်လာတဲ့အခါ အပူစွမ်းအင်က ဘာဖြစ်သွားသလဲ?

💠ပြီးတော့သမုဒ္ဒရာရေစီးကြောင်းများ က အပူစွမ်းအင်ကို ကမ္ဘာ့ဒေသတစ်ခုကနေ တစ်ခုဆီ ဘယ်လို သယ်ဆောင်ပေးနေတာလဲ?

ဒီဖြစ်စဉ်တွေ အားလုံးကို တစ်ခုချင်းစီ ခွဲကြည့်လိုက်ရင် Chemistry နဲ့ Physics concept တွေ ဖြစ်ပေမယ့်၊ အားလုံးပေါင်းစပ်သွားတဲ့အခါ ကမ္ဘာ့ရာသီဥတုကို သဘာဝအတိုင်း ထိန်းညှိပေးနေတဲ့ စနစ်ကြီးတစ်ခု ဖြစ်လာပါတယ်။

📚 ဒီအကြောင်းအရာကို Paid Telegram Private Channel မှာတော့

✅ High Specific Heat Capacity ကြောင့် ရေက အပူကို ဘယ်လိုသိုလှောင်နိုင်သလဲ?
✅ ရေမော်လီကျူးတွေကြားက Hydrogen Bond တွေက ဒီဂုဏ်သတ္တိနဲ့ ဘယ်လိုဆက်စပ်နေလဲ?
✅သမုဒ္ဒရာတွေက Heat Reservoir အဖြစ် ဘယ်လိုအလုပ်လုပ်သလဲ?
✅Latent Heat of Vaporization ကြောင့် အငွေ့ပျံခြင်းက အပူစွမ်းအင်ကို ဘယ်လိုသယ်ဆောင်သွားသလဲ?
✅Condensation ဖြစ်တဲ့အခါ အဲဒီ Latent Heat ကို ဘယ်လိုပြန်လွှတ်ပေးသလဲ?
✅Ocean Currents တွေက ကမ္ဘာ့အပူစွမ်းအင်ဖြန့်ဝေမှုနဲ့ ရာသီဥတုအပေါ် ဘယ်လိုသက်ရောက်သလဲ?
✅ဒီဖြစ်စဉ်အားလုံးကို Molecular Level ကနေ Global Climate System အထိ ဘယ်လိုချိတ်ဆက်နားလည်ရမလဲ?

ဆိုတာတွေကို Chemistry Concept တွေနဲ့ ချိတ်ဆက်ပြီး အသေးစိတ် ရှင်းပြထားပါတယ်။ Paid Telegram Private Channel မှာ ဒီအကြောင်းအရာကို အသေးစိတ် ဝင်‌ေရာက်‌ေလ့လာနိုင်ပါပြီ။


Pic by Pinterest

"Silver Nitrate -လက်ဗွေရာ ၊ဓာတ်ပုံပညာ နဲ့ လူ့ခန္ဓာကိုယ်ထဲက ဓာတုဗေဒ" 💠Silver Nitrate လို့ပြောလိုက်ရင် ဓာတုဗေဒလေ့လာဖူးသူတွ...
23/08/2026

"Silver Nitrate -လက်ဗွေရာ ၊ဓာတ်ပုံပညာ နဲ့ လူ့ခန္ဓာကိုယ်ထဲက ဓာတုဗေဒ"

💠Silver Nitrate လို့ပြောလိုက်ရင် ဓာတုဗေဒလေ့လာဖူးသူတွေအနေနဲ့ အဖြူရောင် Silver Halide precipitate တွေ၊ ဓာတ်ပုံပညာ၊ Ag⁺ ion စတာတွေကို အရင်ဆုံး သတိရကြမှာပါ။

💠ဒါပေမယ့် Silver Nitrate ရဲ့ ဇာတ်လမ်းက အဲဒီမှာ မပြီးပါဘူးဗျ။ လွန်ခဲ့တဲ့ ရာစုနှစ်တစ်ခုကျော်က ပဋိဇီဝဆေးတွေ မပေါ်သေးခင် မွေးကင်းစကလေးတစ်ယောက်ရဲ့ မျက်စိကို ပြင်းထန်တဲ့ ပိုးဝင်ရောဂါကနေ ကာကွယ်ဖို့ Silver Nitrate Eye Drops ကို အသုံးပြုခဲ့ကြပါတယ်။

💠တစ်ဖက်မှာလည်း Silver ရဲ့ ပိုးမွှားတားဆီးနိုင်တဲ့ ဂုဏ်သတ္တိကြောင့် အနာနဲ့ မီးလောင်ဒဏ်ရာတွေကို ကုသရာမှာ Silver-based treatment တွေ အသုံးပြုလာခဲ့ကြပါတယ်။

✅ဒါပေမယ့် ဒီထက်ပိုစိတ်ဝင်စားစရာက—

တစ်ချိန်တည်းမှာပဲ Biology Laboratory ထဲမှာ Silver Chemistry ကို အသုံးပြုပြီး မျက်စိနဲ့ တိုက်ရိုက်မမြင်နိုင်တဲ့ Protein Band တွေကို မြင်လာအောင် ဖော်ထုတ် နေကြပါတယ်။

Electrophoresis နဲ့ Gel ထဲမှာ Protein တွေကို ခွဲထားပြီးတဲ့နောက် Silver Staining လုပ်လိုက်တဲ့အခါ အလွန်နည်းပါးတဲ့ Protein တွေတောင် အရောင်ရင့်တဲ့ Band တွေအဖြစ် ပေါ်လာနိုင်ပါတယ်။

💠ဒီနေရာမှာ Silver Nitrate ထဲက Ag⁺ ion ရဲ့ Chemistry က အဓိကပါ။

Ag⁺ → Ag⁰ ဆိုတဲ့ Reduction Chemistry ကို အသုံးချပြီး မမြင်နိုင်သေးတဲ့ Biological Molecules တွေကို မြင်နိုင်တဲ့ Signal အဖြစ် ပြောင်းလဲပေးတာပါ။

ဒါကြောင့် Silver Nitrate တစ်မျိုးတည်းကို ကြည့်လိုက်ရင်—

✅ရှေးခေတ်ဓာတ်ပုံပညာ
✅မွေးကင်းစကလေးတွေရဲ့ မျက်စိပိုးဝင်မှုကာကွယ်ရေး
✅အနာနဲ့ မီးလောင်ဒဏ်ရာကုသရေး
✅ Protein Electrophoresis
✅ DNA/Nucleic Acid Detection
လို မတူညီတဲ့နယ်ပယ်တွေထဲမှာ အသုံးချထားတာကို တွေ့ရပါတယ်။

အဲဒီအသုံးချမှုတွေဟာ သီးခြားစီ ဖြစ်နေတာမဟုတ်ပါဘူး။နောက်ကွယ်မှာတော့ Silver ion (Ag⁺) ရဲ့ ဓာတုတုံ့ပြန်နိုင်စွမ်း ဆိုတဲ့ အခြေခံ Chemistry တစ်ခုတည်းက အားလုံးကို ဆက်သွယ်ပေးနေတာပါ။

✅ဒါက အပေါ်ယံ ဗဟုသုတပဲရှိပါသေးတယ်။

Silver Nitrate Series ကို ကျနော့် paid telegram private channel မှာ အပိုင်း (၃)ပိုင်းနဲ့ အသေးစိတ် ဖော်ပြထားပါတယ်။

အပိုင်း (၁) - Silver Nitrate (AgNO3) နဲ့ မှုခင်းဆိုင်ရာ လက်ဗွေရာ ဖော်ထုတ်ခြင်း နည်းပညာ

အပိုင်း (၂) မှာတော့ - Silver Nitrate ကိုပဲ အခြေခံပြီး ရှေးခေတ် ဓာတ်ပုံရိုက်ကူးရေး ပညာရပ်

အပိုင်း(၃) ဆေးပညာနဲ့ ဇီဝဗေဒဓာတ်ခွဲခန်းထဲက ငွေဓာတုဗေဒ အစသဖြင့် PDF file နဲ့ အသေးစိတ် လေ့လာလိုရပါတယ်ဗျ။


Pic by Pinterest
Telegram channel ဝင်ရန် အသေးစိတ် comment တွင်ဖတ်ပါ။

"Silver Nitrate နဲ့  မှုခင်းဆိုင်ရာ လက်ဗွေရာ ဖော်ထုတ်ခြင်း နည်းပညာ"💠မှုခင်းတစ်ခုဖြစ်တဲ့အခါ တရားခံက စားပွဲ၊ စက္ကူ၊ သစ်သား...
22/08/2026

"Silver Nitrate နဲ့ မှုခင်းဆိုင်ရာ လက်ဗွေရာ ဖော်ထုတ်ခြင်း နည်းပညာ"

💠မှုခင်းတစ်ခုဖြစ်တဲ့အခါ တရားခံက စားပွဲ၊ စက္ကူ၊ သစ်သားလို မျက်နှာပြင်တွေကို လက်နဲ့ထိပြီး နောက်မှ အဲဒီနေရာကို သုတ်ဖျက်သွားခဲ့ရင်တောင်… လက်ဗွေရာရဲ့ ဓာတုဗေဒအထောက်အထားတွေက ကျန်နေနိုင်ပါတယ်။

ဒီနေရာမှာ အသုံးဝင်လာတာက Silver Nitrate (AgNO₃) ဆိုတဲ့ Inorganic Reagent တစ်မျိုးပါ။

လက်ချောင်းက ထွက်တဲ့ချွေးထဲမှာ ပါဝင်တဲ့ Chloride ions (Cl⁻) တွေကို AgNO₃ က ဖမ်းယူပြီး—

Ag⁺ + Cl⁻ → AgCl(s)

ဆိုတဲ့ တုံ့ပြန်မှုကနေ အဖြူရောင် Silver Chloride (AgCl) အနည် ဖြစ်လာစေပါတယ်။

ပြီးတော့ အဲဒီ AgCl ကို အလင်းရောင်/UV Light နဲ့ ထိတွေ့စေတဲ့အခါ—

✅2AgCl → 2Ag + Cl₂

အဖြစ် ပြောင်းလဲပြီး Metallic Silver ဖြစ်ပေါ်လာတာကြောင့် မူလက မမြင်နိုင်ခဲ့တဲ့ လက်ဗွေရာပုံစံက ပိုမိုထင်ရှားလာနိုင်ပါတယ်။

ဒါပေမယ့် ဒီနေရာမှာ စိတ်ဝင်စားစရာက “AgNO₃ ဖြန်းလိုက်ရုံနဲ့ လက်ဗွေရာပေါ်လာတယ်” ဆိုတာလောက်နဲ့ မပြီးပါဘူး။

💠ဘာကြောင့် AgNO₃ ကို သာမန်ရေနဲ့ပဲ မဖျော်သုံးဘဲ alcohol/water mixture ကို အသုံးပြုတာလဲ?

💠 ဘာကြောင့် AgNO₃ solution ကို အလင်းမဝင်တဲ့ amber glass bottle ထဲမှာ သိမ်းရတာလဲ?

💠 Ninhydrin နဲ့ Iodine Fuming တို့နဲ့ယှဉ်ရင် Silver Nitrate က ဘယ်လိုကွာခြားသလဲ?

💠ရေစိုဖူးတဲ့ စက္ကူမှာ ဒီနည်းလမ်းက ဘာကြောင့် အလုပ်မဖြစ်နိုင်တော့တာလဲ?

ဒီအပိုင်းတွေကတော့ Forensic Chemistry ရဲ့ တကယ့်စိတ်ဝင်စားစရာ Chemistry တွေပါ။

ဒီ “Silver Nitrate နဲ့ မှုခင်းဆိုင်ရာ လက်ဗွေရာဖော်ထုတ်ခြင်း” အကြောင်းကို Reaction mechanism, experiment video, reagent preparation, laboratory insights နဲ့ limitation တွေအထိ တစ်ဆင့်ချင်း အသေးစိတ်ရှင်းပြထားတဲ့ Paid Telegram Private Channel မှာ ဆက်ဖတ်နိုင်ပါတယ်။


Pic by Pinterest
Telegram channel ဝင်ရန် အသေးစိတ် comment တွင်ဖတ်ပါ။

21/08/2026

ပင်လယ်ပြင်မှာ သဘ်ောတွေ လမ်းမပျောက်အောင် "Calcium carbide" ကျောက်ခဲ တစ်တုံးက ဘယ်လို ကူညီခဲ့တာလဲ?

💠​မှောင်မိုက်နေတဲ့ ညဘက် ပင်လယ်ပြင်ကြီးထဲမှာ မိုင်ပေါင်းများစွာ အဝေးကနေ စူးရှတောက်ပတဲ့ အဖြူရောင် မီးတောက်ကြီးတွေကို ရှေးခေတ် မီးပြတိုက်တွေနဲ့ Marine Flares တွေမှာ ဘယ်လို ထွန်းညှိခဲ့ကြတယ်လို့ ထင်ပါသလဲ?

​လျှပ်စစ်မီးတွေ မပေါ်ခင်/မခေတ်စားခင် ခေတ်က ပင်လယ်ပြင် ကယ်ဆယ်ရေးနဲ့ လမ်းညွှန်စနစ်တွေမှာ Calcium Carbide (CaC2) ဆိုတဲ့ ရိုးရိုး ကျောက်ခဲအသွင် မီးသွေးခဲလို အစိုင်အခဲလေးတွေက အသက်တမျှ အရေးပါခဲ့တာပါ။

💠CaC2 ဟာ ပင်လယ်ရေ (သို့) ရေနွေးငွေ့နဲ့ ထိတွေ့လိုက်တာနဲ့ ရေနွေးငွေ့နဲ့ အလွန်လျင်မြန်စွာ ဓာတ်ပြုပြီး Acetylene ဓာတ်ငွေ့ကို ထုတ်ပေးပါတယ်။

ဒီ Acetylene ဓာတ်ငွေ့ဟာ အောက်ဆီဂျင်နဲ့ လောင်ကျွမ်းတဲ့အခါ အဝေးကနေ အလွယ်တကူ မြင်နိုင်တဲ့ စူးရှတောက်ပလွန်းတဲ့ အဖြူရောင်မီးတောက် ကို ပေးစွမ်းနိုင်တာကြောင့် ပင်လယ်ပြင် မီးပြအချက်ပြစနစ်တွေမှာ မရှိမဖြစ် သုံးခဲ့ကြတာဖြစ်ပါတယ်။

💠ဒါနဲ့... ဒီကျောက်ခဲလေးက ပင်လယ်ပြင် မီးပြတိုက်တင် မကဘဲ ငါးပျောသီး၊ သရက်သီးတွေကို အတင်းမှည့်အောင် လုပ်ပေးနိုင်တဲ့ လျှို့ဝှက်ချက်ကော ဘာများဖြစ်မလဲဗျ?

💠​သက်မဲ့ ကျောက်ခဲထဲက ထွက်တဲ့ ဓာတ်ငွေ့က သစ်သီးတွေရဲ့ Cell Receptors တွေကို ဘယ်လို လှည့်စားလိုက်တာလဲ?

💠​Ethylene hormone နဲ့ Acetylene တို့ရဲ့ Molecular Structure တူညီပုံ Chemistry နောက်ကွယ်...
💠​Industrial Grade CaC2 မှာ ပါတတ်တဲ့ Arsenic & Phosphine ကြောင့် စားသောက်ကုန်လုံခြုံရေး ပိတ်ပင်ထားရပုံတွေအကြောင်း...

အသေးစိတ် Explanation စာမူ အပြည့်အစုံကိုတော့ ကျ‌ေနာ် တို့ရဲ့ Paid Telegram Private Channel မှာ ဝင်ရောက် ဖတ်ရှုလေ့လာနိုင်ပါပြီ။


Calcium Carbide နဲ့ ရေ တို့ ပေါင်းစပ် ဓာတ်ပြုလိုက်တဲ့အခါ Acetylene ဓာတ်ငွေ့ နဲ့ Calcium Hydroxide တို့ ထွက်ရှိပုံ



Video source by Internet
educational purposes only

Hydrogen gas - မျက်စိနဲ့မမြင်ရတဲ့ “မီးတောက်” 💠​ဓာတုဗေဒလောကမှာ အန္တရာယ်အရှိဆုံးအရာတွေထဲကတစ်ခုကတော့ Hydrogen Gas (H2) မီးလ...
21/08/2026

Hydrogen gas - မျက်စိနဲ့မမြင်ရတဲ့ “မီးတောက်”

💠​ဓာတုဗေဒလောကမှာ အန္တရာယ်အရှိဆုံးအရာတွေထဲကတစ်ခုကတော့ Hydrogen Gas (H2) မီးလောင်တဲ့အခါ ထွက်လာတဲ့ “Invisible Flame” (မမြင်ရတဲ့ မီးတောက်) ပဲ ဖြစ်ပါတယ်။

✅နေ့ခင်းဘက်မှာ မျက်စိနဲ့ လုံးဝမမြင်ရတဲ့ မီး

​သာမန် ဟိုက်ဒရိုဂျင်ဓာတ်ငွေ့ မီးလောင်တဲ့အခါ ထွက်လာတဲ့ စွမ်းအင်လှိုင်း ဟာ ကျွန်တော်တို့ လူသားတွေရဲ့ မျက်စိနဲ့ မြင်နိုင်စွမ်းရှိတဲ့ အလင်း (Visible Light) အပိုင်းမှာ မရှိသလောက် နည်းပါးပါတယ်။​ဒါကြောင့် နေ့ခင်းဘက် အလင်းရောင်အောက်မှာ ဟိုက်ဒရိုဂျင် မီးလောင်နေရင် ဘေးကနေ ကြည့်ရုံနဲ့ လုံးဝ (လုံးဝ) မသိနိုင်ပါဘူး။ မီးလောင်နေတာကို မမြင်ရဘဲ အနားသွားမိမှ အသားတွေ လောင်ကျသွားတတ်လို့ သိပ္ပံပညာရှင်တွေက ၎င်းကို “တစ္ဆေမီးတောက်” (Ghost Flame) လို့တောင် တင်စားကြပါတယ်။

💠ဒီ “မမြင်ရတဲ့ မီးတောက်” ရဲ့ နောက်ကွယ်က ဓာတုဗေဒ မေးခွန်းတိုများ -

✅ Hydrogen မီးတောက်က ဘာကြောင့် Visible Spectrum ထဲမှာ မရှိဘဲ မျက်စိနဲ့ မမြင်နိုင်ရတာလဲ?

✅အနံ့လည်းမရှိ၊ အရောင်လည်းမရှိတဲ့အပြင် မီးတောက်ပါ မမြင်ရတဲ့ ဒီဓာတ်ငွေ့ ယိုစိမ့်မှုကို ဘယ်လိုမျိုး ခြေရာခံနေကြတာလဲ?

✅ Minimum Ignition Energy က အလွန်နည်းတာမို့ Static Electricity နဲ့တင် Hydrogen က ဘာလို့ ပေါက်ကွဲနိုင်ရတာလဲ?

[ဒီလိုမျိုး “အပေါ်ယံစာအုပ်ထဲမှာ မပါဝင်တဲ့ Hydrogen ၏ Invisible Flame နှင့် Quantum Emission Spectrum” ရဲ့ နောက်ကွယ်က chlorine gas ရဲ့ chemical/physical properties တွေအပြင်
တကယ့်အဖြေ အပြည့်အစုံကို..ကျွန်တော်တို့ရဲ့ Paid Telegram Private Channel မှာ အသေးစိတ် Mechanism တွေနဲ့ ပညာရပ်ဆိုင်ရာ သိပ္ပံအမြင်တွေကို အစအဆုံး လေ့လာချင်တယ်ဆိုရင်တော့—
pdf file အနေနဲ့ လေ့လာလို့ရပါပြီဗျ။]

#ဓာတုဗေ‌ဒ
Pic by Pinterest

Telegram channel တလ-၅၀၀၀ကျပ်
Kpay -09883752689

Address

Busan

Website

Alerts

Be the first to know and let us send you an email when ဓာတုဗေဒ -Chemistry posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Shortcuts

Share