K Scholar

K Scholar Unlock Your Next Chapter with K_Scholar

Hello everyone,ဒီနေ့တော့ page ကိုမကြည့်နိုင်လောက် အောင်အလုပ်များတဲ့  admin တွေက သတင်းကောင်းလေးကိုမျှ‌ဝေချင်လို့ ရောက်လာပ...
23/07/2026

Hello everyone,

ဒီနေ့တော့ page ကိုမကြည့်နိုင်လောက် အောင်အလုပ်များတဲ့ admin တွေက သတင်းကောင်းလေးကိုမျှ‌ဝေချင်လို့ ရောက်လာပါတယ်ရှင့်။

ကျွန်မတို့နဲ့ တူတူပြင်ဆင်ပြီး ကျောင်းလျှောက်ပေးခဲ့တဲ့ ကလေး၂ယောက်ဂာ SeoulTech( Seoul National University of Science and Technology) ကျောင်းမှာ 70% scholarship နဲ့ အောင်မြင်စွာ ဝင်ခွင့်ရရှိသွားပြီပဲ ဖြစ်ပါတယ်။

Final Admission Stage ကို အောင်မြင်စွာ ကျော်ဖြတ်ပြီး ကျောင်းဝင်ခွင့် ရရှိသွားကြတဲ့ ကျွန်မတို့ K Scholar ရဲ့ Undergraduate ကျောင်းသား (၂) ဦးအတွက် ဂုဏ်ယူပါတယ်။

အိမ်မက်ထဲက နိုင်ငံခြားတက္ကသိုလ်တစ်ခုမှာ ပညာသင်ခွင့်ရဖို့ဆိုတာ ကံတိုက်ဆိုင်မှုတစ်ခုတည်း မဟုတ်ပါဘူး။ မှန်ကန်တဲ့ လမ်းညွှန်မှု၊ သေချာတဲ့ ပြင်ဆင်မှုတွေနဲ့မှ ဖြစ်လာနိုင်တာပါ။ K Scholar ကျောင်းသားတွေရဲ့ အောင်မြင်မှုအတွက် တကယ်ကို ဝမ်းမြောက်ရပါတယ်။ 🌟

နောက်လာမယ့် Intake အတွက် ကျောင်းလျှောက်ထားလိုသူများအတွက် လျှောက်လွှာများကိုလည်း စတင်လက်ခံနေပြီဖြစ်လို့ အချိန်မနှောင်းခင် အခုပဲ ပြင်ဆင်လိုက်ပါ။

**ဝန်ဆောင်မှု ပေးနိုင်မယ့် ကျောင်းသားအရေအတွက် ကန့်သတ်ထားတာကြောင့် လက်မနှေးဖို့ လိုပါမယ်ရှင်။ အချိန်မီ ပြင်ဆင်နိုင်ဖို့ K Scholar Page Messenger မှာ အခုပဲ စုံစမ်းမေးမြန်းလိုက်ပါနော်! 📥💬

ကိုရီးယားမှာ ကျောင်းတက်ဖို့ ပြင်ဆင်နေသူတွေ အသိချင်ဆုံးထဲက တစ်ခုကတော့ "ကျောင်းတက်ရင်း အလုပ်လုပ်လို့ရလား" ဆိုတာပါပဲ 🇰🇷ဒါကြ...
03/04/2026

ကိုရီးယားမှာ ကျောင်းတက်ဖို့ ပြင်ဆင်နေသူတွေ အသိချင်ဆုံးထဲက တစ်ခုကတော့ "ကျောင်းတက်ရင်း အလုပ်လုပ်လို့ရလား" ဆိုတာပါပဲ 🇰🇷

ဒါကြောင့် ကျောင်းစရိတ်နဲ့ နေထိုင်စရိတ်အတွက် အထောက်အကူပြုတဲ့ ကိုရီးယား 𝐏𝐚𝐫𝐭-𝐭𝐢𝐦𝐞 𝐣𝐨𝐛 လေးတွေအကြောင်း သိထားသင့်သမျှကို 𝐊 𝐒𝐜𝐡𝐨𝐥𝐚𝐫 က မျှဝေပေးသွားမယ်နော် 🤗

ဆိုတော့... ကိုရီးယားမှာ ကျောင်းသားဗီဇာနဲ့ အလုပ်လုပ်မယ်ဆိုရင် "တရားဝင်ခွင့်ပြုချက်" က အသက်ပါ။ ခွင့်ပြုချက်မရှိဘဲ ခိုးလုပ်ပြီးမိသွားရင် ဗီဇာပယ်ဖျက်ခံရတာမျိုးအထိ ဖြစ်နိုင်တာမို့ အောက်ပါအချက်တွေကို သေချာဂရုစိုက်ဖို့ လိုပါတယ် 👇

📌 တရားဝင်ခွင့်ပြုချက် (𝐏𝐚𝐫𝐭-𝐭𝐢𝐦𝐞 𝐖𝐨𝐫𝐤 𝐏𝐞𝐫𝐦𝐢𝐭) ➡️ အားလုံးထင်သလို ကိုရီးယားရောက်တာနဲ့ အလုပ်တန်းလုပ်လို့မရပါဘူးနော်။ 𝐃-𝟒(𝐋𝐚𝐧𝐠𝐮𝐚𝐠𝐞 𝐒𝐜𝐡𝐨𝐨𝐥)နဲ့လာရင် ရောက်ပြီး ၆ လပြည့်မှ အလုပ်လုပ်လို့ရပြီး 𝐃-𝟐(𝐁𝐚𝐜𝐡𝐞𝐥𝐨𝐫 𝐨𝐫 𝐌𝐚𝐬𝐭𝐞𝐫 / 𝐏𝐡𝐃)နဲ့လာရင်တော့ ရောက်ရောက်ချင်း တစ်နည်းအားဖြင့် ကျောင်းစတက်တာနဲ့ လုပ်လို့ရနိုင်ပါတယ် ✅

အဓိကက ကျောင်းရဲ့ နိုင်ငံတကာရုံး (𝐈𝐧𝐭𝐞𝐫𝐧𝐚𝐭𝐢𝐨𝐧𝐚𝐥 𝐎𝐟𝐟𝐢𝐜𝐞)ကို အရင်အကြောင်းကြားပြီး 𝐈𝐦𝐦𝐢𝐠𝐫𝐚𝐭𝐢𝐨𝐧 မှာ ခွင့်ပြုချက်ယူကာ လုပ်ရမှာဖြစ်ပါတယ် ❗

📌 𝐖𝐨𝐫𝐤 𝐇𝐨𝐮𝐫 ကန့်သတ်ချက် ➡️ ကိုယ့်ရဲ့ ဗီဇာအမျိုးအစားနဲ့ 𝐓𝐎𝐏𝐈𝐊 𝐋𝐞𝐯𝐞𝐥 ပေါ်မူတည်ပြီး အလုပ်လုပ်ခွင့်နာရီ ကွာခြားသွားပါတယ်
⏰ 𝐃-𝟒 (𝐋𝐚𝐧𝐠𝐮𝐚𝐠𝐞): 𝐓𝐎𝐏𝐈𝐊 𝐋𝐞𝐯𝐞𝐥 𝟐 အထက်ဆိုရင် တစ်ပတ် ၂၀ နာရီအထိ (ပိတ်ရက် ကန့်သတ်ချက်ရှိနိုင်)
⏰ 𝐃-𝟐 (𝐁𝐚𝐜𝐡𝐞𝐥𝐨𝐫): 𝐓𝐎𝐏𝐈𝐊 𝐋𝐞𝐯𝐞𝐥 𝟑 အထက်ရှိရင် တစ်ပတ် ၂၅ နာရီအထိ (ပိတ်ရက် ကန့်သတ်ချက်မရှိ အပြည့်လုပ်နိုင်)
⏰ 𝐃-𝟐 (𝐌𝐚𝐬𝐭𝐞𝐫/𝐏𝐡𝐃): 𝐋𝐞𝐯𝐞𝐥 𝟒 အထက်ရှိရင် တစ်ပတ် ၃၀ နာရီအထိ (ပိတ်ရက် ကန့်သတ်ချက်မရှိ အပြည့်လုပ်နိုင်)

📌 လုပ်ခနှုန်းထား ➡️ လက်ရှိ ၂၀၂၅-၂၀၂၆ ပညာသင်နှစ်အတွက် ကိုရီးယားအစိုးရ သတ်မှတ်ထားတဲ့ အနိမ့်ဆုံးလုပ်အားခက ၁ နာရီကို ဝမ် ၁၀,၀၃၀ ဖြစ်ပါတယ် 💵

ဒါဆိုရင် ကိုရီးယားမှာ ဘယ်လို 𝐏𝐚𝐫𝐭-𝐓𝐢𝐦𝐞 𝐉𝐨𝐛 တွေ လုပ်ကြလေ့ရှိလဲ ❓ အများအားဖြင့်...

◾ 𝟐𝟒 𝐇𝐨𝐮𝐫𝐬 𝐂𝐨𝐧𝐯𝐞𝐧𝐢𝐞𝐧𝐜𝐞 𝐒𝐭𝐨𝐫𝐞𝐬
◾ စားသောက်ဆိုင်အကူ သို့မဟုတ် မီးဖိုချောင်အကူ
◾ ကော်ဖီဆိုင်
◾ ကျောင်းရုံးခန်း 𝐀𝐬𝐬𝐢𝐬𝐭𝐚𝐧𝐭 ... ဒီလို အလုပ်မျိုးတွေကို အဓိက လုပ်လေ့ရှိကြပါတယ်

ဒါ့အပြင် ကိုရီးယားမှာ ကျောင်းတက်ရင်း အလုပ်လုပ်တယ်ဆိုတာလည်း လုပ်ခွင့်ရရုံနဲ့ မပြီးပါဘူးနော်။ ကိုယ့်ကိုယ်ကိုယ် တာဝန်ယူမှုရှိဖို့လိုသလို ဥပဒေဘောင်အတွင်းကဖြစ်ဖို့လည်း အထူးအရေးကြီးပါတယ်။ သက်ဆိုင်ရာ စည်းကမ်းသတ်မှတ်ချက်တွေနဲ့အညီ စနစ်တကျ လုပ်ဆောင်နိုင်မှသာ အလုပ်ကြောင့် အခက်အခဲပေါ်လာတာမျိုးမရှိဘဲ အေးအေးဆေးဆေး ပညာသင်ကြားနိုင်မှာဖြစ်ပါတယ် 🎓

ကိုရီးယားမှာကျောင်းသွားတက်ဖို့ ဘယ်ကစပြင်ဆင်ရမလဲ ဝေခွဲမရဖြစ်နေရင် ကျောင်းလျှောက်တာကနေ ဗီဇာကိစ္စတွေအထိ အမှားအယွင်းမရှိ ချောချောမွေ့မွေ့ဖြစ်အောင် ကူညီလမ်းပြပေးနေတဲ့ 𝐊 𝐒𝐜𝐡𝐨𝐥𝐚𝐫 ကို အခုပဲ ဆက်သွယ်မေးမြန်းပြီး 𝐒𝐞𝐩𝐭𝐞𝐦𝐛𝐞𝐫 𝐈𝐧𝐭𝐚𝐤𝐞 အမီ ကျောင်းလျှောက်လိုက်တော့နော် 🙋‍♀️

#𝐊𝐒𝐜𝐡𝐨𝐥𝐚𝐫
#𝐒𝐭𝐮𝐝𝐲𝐈𝐧𝐊𝐨𝐫𝐞𝐚
#𝐎𝐧𝐞𝐒𝐭𝐨𝐩𝐒𝐞𝐫𝐯𝐢𝐜𝐞
#𝐕𝐢𝐬𝐚 #𝐃𝟒𝐕𝐢𝐬𝐚 #𝐃𝟐𝐕𝐢𝐬𝐚
#𝐔𝐧𝐝𝐞𝐫𝐠𝐫𝐚𝐝𝐮𝐚𝐭𝐞𝐏𝐫𝐨𝐠𝐫𝐚𝐦
#𝐋𝐚𝐧𝐠𝐮𝐚𝐠𝐞𝐏𝐫𝐨𝐠𝐫𝐚𝐦
#𝐄𝐝𝐮𝐜𝐚𝐭𝐢𝐨𝐧𝐂𝐨𝐧𝐬𝐮𝐥𝐭𝐚𝐭𝐢𝐨𝐧
#𝐒𝐞𝐩𝐭𝐞𝐦𝐛𝐞𝐫𝐈𝐧𝐭𝐚𝐤𝐞

ဒီနေ့တော့ ကိုရီးယားမှာ ကျောင်းတက်ဖို့ ပြင်ဆင်နေတဲ့လူငယ်တွေ ကြုံရလေ့ရှိတဲ့ ရွေးချယ်စရာနှစ်ခုအကြောင်း ပြောကြမယ်နော် အဲဒါကတ...
30/03/2026

ဒီနေ့တော့ ကိုရီးယားမှာ ကျောင်းတက်ဖို့ ပြင်ဆင်နေတဲ့လူငယ်တွေ ကြုံရလေ့ရှိတဲ့ ရွေးချယ်စရာနှစ်ခုအကြောင်း ပြောကြမယ်နော်

အဲဒါကတော့ 𝐋𝐚𝐧𝐠𝐮𝐚𝐠𝐞 𝐒𝐜𝐡𝐨𝐨𝐥 (𝐃𝟒) အရင်တက်မလား ❓
ဒါမှမဟုတ် 𝐔𝐧𝐢 𝐃𝐢𝐫𝐞𝐜𝐭 (𝐔𝐧𝐝𝐞𝐫𝐠𝐫𝐚𝐝𝐮𝐚𝐭𝐞 - 𝐃𝟐) ပဲ သွားမလား ❓
.. ဆိုတာပဲ ဖြစ်ပါတယ်။ ဒါကြောင့် ဘယ်လမ်းကြောင်းက ကိုယ့်အတွက် ပိုအဆင်ပြေမလဲဆိုတာ စဉ်းစားလို့ရအောင် 𝐊 𝐒𝐜𝐡𝐨𝐥𝐚𝐫 က အားနည်းချက် / အားသာချက်လေးတွေကို သုံးသပ်ပြောပြပေးသွားပါမယ် ✌️

1️⃣ 𝐋𝐚𝐧𝐠𝐮𝐚𝐠𝐞 𝐒𝐜𝐡𝐨𝐨𝐥 (𝐃𝟒)ကတော့ ကိုရီးယားစာ အခြေခံ သိပ်မရှိသေးသူတွေနဲ့ ပတ်ဝန်းကျင်သစ်မှာ အေးအေးဆေးဆေး အသားကျချင်သူတွေအတွက် အသင့်တော်ဆုံးပါပဲ ✅

📌 𝐓𝐎𝐏𝐈𝐊 𝐋𝐞𝐯𝐞𝐥 မရှိလည်း 𝐋𝐞𝐯𝐞𝐥 𝟏 ကနေ စတက်လို့ရပြီး ရောက်ရောက်ချင်း 𝐒𝐭𝐫𝐞𝐬𝐬 အများကြီးမရှိဘဲ ကိုရီးယားဘာသာစကားကို ကိုရီးယားမှာ တိုက်ရိုက်သင်ယူရတာကြောင့် ဘာသာစကားစွမ်းရည်လည်း မြန်မြန်ဆန်ဆန် ကျွမ်းကျင်လာမယ်။ ပြီးတော့ ကိုယ်တက်ချင်တဲ့ 𝐔𝐧𝐢 မှာပဲ ဘာသာစကားအရင်သင်ရင်းနဲ့ နောက်ပိုင်း 𝐒𝐜𝐡𝐨𝐥𝐚𝐫𝐬𝐡𝐢𝐩 ရဖို့လည်း အခွင့်အလမ်း ပိုများပါတယ်။

ဒါပေမဲ့... 𝐕𝐢𝐬𝐚 သက်တမ်း ၆ လတစ်ခါ တိုးရတတ်ပြီး 𝐏𝐚𝐫𝐭-𝐭𝐢𝐦𝐞 𝐉𝐨𝐛 ကိုလည်း ကိုရီးယားရောက်ပြီး ၆ လပြည့်မှ စလုပ်ခွင့်ရမှာလေးတစ်ခုတော့ သတိထားရပါမယ် ‼️

2️⃣ 𝐔𝐧𝐢 𝐃𝐢𝐫𝐞𝐜𝐭 (𝐃𝟐) ကတော့ အချိန်ကုန်သက်သာပြီး ဘွဲ့မြန်မြန်ရချင်တဲ့သူတွေ အများဆုံး ရွေးချယ်ကြပါတယ် ✅

ကိုယ့်နိုင်ငံမှာတင် ကိုရီးယားဘာသာစကားကို ကျွမ်းကျင်အောင် လေ့လာပြီးသားဖြစ်လို့ ဘာသာစကားအတွက် အချိန်သီးသန့်ပေးစရာမလိုတော့ဘဲ အချိန်ရော ငွေကြေးရော သက်သာပါတယ် 💯

ဒါ့အပြင် 𝐓𝐎𝐏𝐈𝐊 အမှတ်ကောင်းရင် ကောင်းသလို ကျောင်းလခ 𝟓𝟎 % ကနေ 𝟏𝟎𝟎 % အထိလည်း 𝐒𝐜𝐡𝐨𝐥𝐚𝐫𝐬𝐡𝐢𝐩 ရနိုင်တဲ့ အခွင့်အရေးတွေပြီး ရောက်တာနဲ့ 𝐏𝐚𝐫𝐭-𝐓𝐢𝐦𝐞 𝐉𝐨𝐛 ကို သတ်မှတ်ထားတဲ့စည်းကမ်းနဲ့အညီ ချက်ချင်းလုပ်လို့ရနိုင်ပါတယ် 🤩

ဒါပေမဲ့လည်း အနည်းဆုံး 𝐓𝐎𝐏𝐈𝐊 𝐋𝐞𝐯𝐞𝐥 𝟑/𝟒 ရှိမှ လျှောက်လို့ရတာမို့ ဝင်ခွင့်နည်းနည်းခက်ခဲနိုင်သလို ကိုရီးယားစာ အခြေခံမခိုင်ရင် စာလေ့လာမှုကိုပါ ထိခိုက်ပြီး 𝐏𝐫𝐞𝐬𝐬𝐮𝐫𝐞 ပိလာနိုင်ပါတယ် ‼️

ဒါကြောင့် ချစ်ရတဲ့ မောင်လေး ညီမလေးတို့က...

👉 အခြေခံကနေ စချင်တယ်၊ ကိုရီးယားရောက်ရောက်ချင်း ပေါ့ပေါ့ပါးပါးနေထိုင်ပြီး ကိုရီးယားယဉ်ကျေးမှုနဲ့ အရင်အသားကျချင်တယ်၊ နာမည်ကြီးကျောင်းတွေကို သေချာပြင်ဆင်ပြီးမှ 𝐒𝐜𝐡𝐨𝐥𝐚𝐫𝐬𝐡𝐢𝐩 နဲ့ တက်ချင်တယ်ဆိုရင်တော့ 𝐋𝐚𝐧𝐠𝐮𝐚𝐠𝐞 𝐒𝐜𝐡𝐨𝐨𝐥(𝐃𝟒)

👉 𝐓𝐎𝐏𝐈𝐊 𝐋𝐞𝐯𝐞𝐥 ရထားပြီးသားဖြစ်လို့ အချိန်နဲ့ငွေကို ချွေတာချင်တယ်၊ ဘာသာစကားအခက်အခဲကို ကျော်လွှားနိုင်ပြီလို့ ကိုယ့်ကိုယ်ကိုယ် ယုံကြည်မှုရှိတယ်ဆိုရင်တော့ 𝐔𝐧𝐢 𝐃𝐢𝐫𝐞𝐜𝐭 (𝐔𝐧𝐝𝐞𝐫𝐠𝐫𝐚𝐝𝐮𝐚𝐭𝐞 - 𝐃𝟐)

ဒီလိုလေး ကိုယ့်အခြေအနေအလိုက် စဉ်းစားသုံးသပ်ပြီး ရွေးချယ်လို့ရမှာ ဖြစ်ပါတယ်။ ဒီထက်ပိုပြီး ကိုရီးယားပညာရေးအတွက် အသေးစိတ်တိုင်ပင်ချင်တယ်ဆိုရင်လည်း စိတ်ရှည်လက်ရှည်နဲ့ ဂရုတစိုက် ဆွေးနွေးကာ ရှင်းပြပေးတဲ့ 𝐊 𝐒𝐜𝐡𝐨𝐥𝐚𝐫 ရှိသလို... 🤗

ကျောင်းလျှောက်တဲ့ 𝐏𝐫𝐨𝐜𝐞𝐬𝐬 တစ်ခုလုံးကို ကူညီပေးဖို့ ယုံကြည်စိတ်ချရစွာလက်တွဲလိုတယ်ဆိုရင်လည်း 𝐏𝐚𝐠𝐞 𝐂𝐡𝐚𝐭 𝐁𝐨𝐱 မှာ လာရောက်ဆက်သွယ်လိုက်ရုံပါပဲနော် 💭

#𝐊𝐒𝐜𝐡𝐨𝐥𝐚𝐫
#𝐒𝐭𝐮𝐝𝐲𝐈𝐧𝐊𝐨𝐫𝐞𝐚
#𝐎𝐧𝐞𝐒𝐭𝐨𝐩𝐒𝐞𝐫𝐯𝐢𝐜𝐞
#𝐕𝐢𝐬𝐚 #𝐃𝟒 #𝐃𝟐
#𝐔𝐧𝐝𝐞𝐫𝐠𝐫𝐚𝐝𝐮𝐚𝐭𝐞𝐏𝐫𝐨𝐠𝐫𝐚𝐦
#𝐔𝐧𝐢𝐃𝐢𝐫𝐞𝐜𝐭
#𝐋𝐚𝐧𝐠𝐮𝐚𝐠𝐞𝐒𝐜𝐡𝐨𝐨𝐥
#𝐄𝐝𝐮𝐜𝐚𝐭𝐢𝐨𝐧𝐂𝐨𝐧𝐬𝐮𝐥𝐭𝐚𝐭𝐢𝐨𝐧
#𝐒𝐞𝐩𝐭𝐞𝐦𝐛𝐞𝐫𝐈𝐧𝐭𝐚𝐤𝐞

ကိုရီးယားကျောင်းလျှောက်တာက လွယ်လား ❓ကိုရီးယားမှာ ကျောင်းတက်ဖို့ ပြင်ဆင်တော့မယ်ဆိုရင် အားလုံးရဲ့ ခေါင်းထဲမှာ ပထမဆုံးဝင်လာ...
20/03/2026

ကိုရီးယားကျောင်းလျှောက်တာက လွယ်လား ❓

ကိုရီးယားမှာ ကျောင်းတက်ဖို့ ပြင်ဆင်တော့မယ်ဆိုရင် အားလုံးရဲ့ ခေါင်းထဲမှာ ပထမဆုံးဝင်လာတဲ့ မေးခွန်းက "ကိုယ်တိုင်လျှောက်ရင်ရော အဆင်ပြေနိုင်မလား" ဆိုတာပါပဲ။ ဒါပေမဲ့ လက်တွေ့ 𝐏𝐫𝐨𝐜𝐞𝐬𝐬 ထဲ ရောက်သွားတဲ့အခါ ကြုံတွေ့ရမယ့် 𝐏𝐫𝐨𝐜𝐞𝐬𝐬 တွေက စိန်ခေါ်မှုတွေဖြစ်သွားတတ်ပါတယ် 💢

ဒါကြောင့် ကိုယ်တိုင်လျှောက်ဖို့ စိတ်ကူးထားရင်တော့ ဒီလို အခက်အခဲလေးတွေ ကြုံတွေ့ရနိုင်တယ်ဆိုတာကို သိထားဖို့ လိုမယ်နော် 👇

◾ စာရွက်စာတမ်းပြင်ဆင်မှု

𝐍𝐨𝐭𝐚𝐫𝐲 ပြန်တာကစလို့ 𝐌𝐎𝐅𝐀 ဝင်တာ၊ သံရုံးတံဆိပ်တုံး(𝐒𝐞𝐚𝐥 𝐁𝐨𝐨𝐤𝐢𝐧𝐠)ယူတာတွေအထိ အဆင့်တိုင်းက အမှားခံလို့ မရပါဘူး။ လိုအပ်တဲ့ စာရွက်စာတမ်းတစ်ခုခု ကျန်ခဲ့တာ ဒါမှမဟုတ် အချက်အလက် မှားယွင်းတာမျိုးတွေဟာ ကျောင်းဝင်ခွင့်ရော ဗီဇာပါ ငြင်းပယ်ခံရနိုင်လောက်တဲ့ အခြေအနေထိ‌ ရောက်စေတတ်ပါတယ်

◾ အချိန်နဲ့ လူပင်ပန်းမှု

သံရုံး 𝐁𝐨𝐨𝐤𝐢𝐧𝐠 ရဖို့ နေ့မနား ညမနား စောင့်ကြည့်ရတာ၊ 𝐀𝐩𝐩𝐥𝐢𝐜𝐚𝐭𝐢𝐨𝐧 𝐅𝐨𝐫𝐦 တွေ ဖြည့်ရတာကအစ ကိုယ်တိုင် 𝐍𝐨𝐭𝐚𝐫𝐲 ပြန်ရ 𝐒𝐞𝐚𝐥 𝐁𝐨𝐨𝐤𝐢𝐧𝐠 ယူရ ဟို​ပြေးဒီ​​ပြေးနဲ့ အချိန်လည်းပေးရသလို လူရောစိတ်ပါ ပင်ပန်းရတတ်ပါတယ်

◾ အတွေ့အကြုံ မရှိခြင်း

ကျောင်းဝင်ခွင့်အတွက် အဆုံးအဖြတ်ပေးတဲ့ 𝐏𝐞𝐫𝐬𝐨𝐧𝐚𝐥 𝐒𝐭𝐚𝐭𝐞𝐦𝐞𝐧𝐭 နဲ့ 𝐒𝐭𝐮𝐝𝐲 𝐏𝐥𝐚𝐧 ရေးသားရာမှာ ဘယ်လိုအချက်တွေက ဆွဲဆောင်မှုရှိလဲဆိုတာ မသိနိုင်သလို၊ ကျောင်း 𝐈𝐧𝐭𝐞𝐫𝐯𝐢𝐞𝐰 အတွက်လည်း ဘာတွေပြင်ဆင်ရမလဲမသိဘဲ ရင်တထိတ်ထိတ်နဲ့ ဖြစ်နေတတ်ပါတယ်။

📌 ဒီလိုမျိုး အခက်ခဲတွေရှိတဲ့ ကိုယ်တိုင်လျှောက်တာရဲ့ ဆန့်ကျင်ဘက်ကတော့ 𝐀𝐠𝐞𝐧𝐜𝐲 နဲ့ လက်တွဲတာပါ။ ဒါဟာ စောစောက ပြောခဲ့တဲ့ အခက်အခဲတွေကို လွယ်ကူအဆင်ပြေပြီး အပင်ပန်းသက်သာအောင် ဖြေရှင်းနိုင်တဲ့ ထွက်ပေါက်တစ်ခုပါပဲ။ ဘာလို့လဲဆိုတော့...

အတွေ့အကြုံပြည့်ဝတဲ့ 𝐀𝐠𝐞𝐧𝐜𝐲 တစ်ခုက သင့်ရဲ့ စာရွက်စာတမ်းတွေကို အမှားအယွင်းမရှိအောင် သေချာပြင်ဆင်ပေးနိုင်သလို၊ 𝐌𝐎𝐅𝐀 ဝင်ဖို့နဲ့ သံရုံးတံဆိပ်တုံး (𝐒𝐞𝐚𝐥) ယူဖို့ ကိစ္စတွေမှာလည်း စိတ်ပူစရာမလိုအောင် အနီးကပ် လိုက်ပါကူညီပေးပါတယ် ✅

𝐎𝐧𝐥𝐢𝐧𝐞 ရော 𝐎𝐟𝐟𝐥𝐢𝐧𝐞 ပါ ကျောင်းလျှောက်တဲ့ 𝐏𝐫𝐨𝐜𝐞𝐬𝐬 တစ်ခုလုံးကို တာဝန်ယူပေးနိုင်တဲ့အပြင်၊ အရေးကြီးတဲ့ 𝐈𝐧𝐭𝐞𝐫𝐯𝐢𝐞𝐰 အတွက် ထိရောက်တဲ့ ဖြေဆိုမှုတွေကိုလည်း သေချာ 𝐌𝐨𝐜𝐤 𝐈𝐧𝐭𝐞𝐫𝐯𝐢𝐞𝐰 လုပ်ပြီး လေ့ကျင့်ပေးပါတယ်

ကျောင်းဝင်ခွင့်ရပြီးရင်လည်း 𝐕𝐢𝐬𝐚 𝐏𝐫𝐨𝐜𝐞𝐬𝐬 မှသည် ကျောင်းတက်မယ့် ကိုရီးယားမြေပေါ်ကို ခြေချသည်အထိ လိုအပ်တာမှန်သမျှကို တစ်ဆင့်ချင်း လမ်းညွှန်ဆောင်ရွက်ပေးလေ့ရှိပါတယ် 💯

ဒါဟာ ကိုရီးယားကျောင်းလျှောက်ရတာလွယ်လားဆိုတဲ့ မေးခွန်းရဲ့အဖြေကို အခြေအနေ နှစ်ရပ်နဲ့ ဖော်ပြပေးတာပါ။ ကိုယ်တိုင်ကျောင်းလျှောက်မယ့်သူတွေအနေနဲ့လည်း အခုပြောခဲ့တာလေးကို ဖတ်မိတယ်ဆိုရင် ဖြစ်တတ်တဲ့ အခက်အခဲလေးတွေကို သိထားပြီး လျှောက်ကြည့်ဖို့ အကြုံပြုလိုပါတယ် ✌️

အဲဒီလိုမဟုတ်ဘဲ စိတ်အေးလက်အေးနဲ့ ကိုရီးယားကျောင်းလျှောက်တဲ့ လမ်းကြောင်းကို ချောချောမွေ့မွေ့ ဖြတ်သန်းဖို့ စိတ်ရှည်ပြီး အတွေ့အကြုံရှိတဲ့ 𝐀𝐠𝐞𝐧𝐜𝐲 နဲ့ လက်တွဲချင်တယ်ဆိုရင်တော့ 𝐊 𝐒𝐜𝐡𝐨𝐥𝐚𝐫 က အသင့်ရှိနေပါတယ် 🥰

𝐊 𝐒𝐜𝐡𝐨𝐥𝐚𝐫 ရဲ့ ကျွမ်းကျင်တဲ့ ဝန်ဆောင်မှုတွေနဲ့အတူ ကိုယ့်ရဲ့ အိပ်မက်တွေကို အမှားအယွင်းမရှိဘဲ အောင်မြင်စွာ အကောင်ထည်ဖော်ချင်တယ်ဆိုရင်တော့ 𝐂𝐨𝐦𝐦𝐞𝐧𝐭 မှာ 𝐊 လို့ ရေးခဲ့လိုက်‌နော် 💭

#𝐊𝐒𝐜𝐡𝐨𝐥𝐚𝐫
#𝐒𝐭𝐮𝐝𝐲𝐈𝐧𝐊𝐨𝐫𝐞𝐚
#𝐎𝐧𝐞𝐒𝐭𝐨𝐩𝐒𝐞𝐫𝐯𝐢𝐜𝐞
#𝐕𝐢𝐬𝐚 #𝐃𝟒𝐕𝐢𝐬𝐚 #𝐃𝟐𝐕𝐢𝐬𝐚
#𝐔𝐧𝐝𝐞𝐫𝐠𝐫𝐚𝐝𝐮𝐚𝐭𝐞𝐏𝐫𝐨𝐠𝐫𝐚𝐦
#𝐋𝐚𝐧𝐠𝐮𝐚𝐠𝐞𝐏𝐫𝐨𝐠𝐫𝐚𝐦
#𝐄𝐝𝐮𝐜𝐚𝐭𝐢𝐨𝐧𝐂𝐨𝐧𝐬𝐮𝐥𝐭𝐚𝐭𝐢𝐨𝐧
#𝐒𝐞𝐩𝐭𝐞𝐦𝐛𝐞𝐫𝐈𝐧𝐭𝐚𝐤𝐞

WE ARE HIRING! - K Scholar Team မှာ အလုပ်အကိုင်အခွင့်အလမ်းလာပါပြီ 📣ကျွန်မတို့ K Scholar Education Consultancy Team ရဲ့ အ...
18/03/2026

WE ARE HIRING! - K Scholar Team မှာ အလုပ်အကိုင်အခွင့်အလမ်းလာပါပြီ 📣
ကျွန်မတို့ K Scholar Education Consultancy Team ရဲ့ အဖွဲ့ဝင်တစ်ဦးအဖြစ် တက်ကြွစွာ လက်တွဲလုပ်ကိုင်နိုင်မယ့် Admin တစ်ဦးကို ဖိတ်ခေါ်ပါတယ်ရှင့်။

✨ Position: Admin (1 Post)
ကျွန်မတို့နဲ့အတူ ပညာရေးဝန်ဆောင်မှုလုပ်ငန်းတွေကို စိတ်အားထက်သန်စွာ လုပ်ကိုင်လိုစိတ်ရှိပြီး အောက်ပါအရည်အချင်းများနဲ့ ကိုက်ညီသူဆိုရင် ဒီအခွင့်အရေးက သင့်အတွက်ပါပဲ။

🎯 Key Responsibilities
💻 Social Media Management & Content ရေးသားခြင်း
Page Admin အဖြစ် လူမှုကွန်ရက်များကို နေ့စဉ်တက်ကြွစွာ စီမံခန့်ခွဲရမည်။
Team နှင့်အတူတိုင်ပင်ပြီး စိတ်ဝင်စားဖို့ကောင်းသော Content နှင့် Idea အသစ်များကို ဖန်တီးရမည်။
Work from home လုပ်နိုင်သည်။

📂 Document Handling & Verification
(စာရွက်စာတမ်းကိစ္စများ ဆောင်ရွက်ခြင်း)
ကျောင်းသား/သူများ၏ ပညာရေးဆိုင်ရာ စာရွက်စာတမ်းများကို တိကျစွာ စစ်ဆေးပေးရမည်။
လိုအပ်ပါက MOFA ရုံး၊ သက်ဆိုင်ရာသံရုံးများသို့ သွားရောက်၍ စာရွက်စာတမ်းကိစ္စများ ဆောင်ရွက်နိုင်ရမည်။

🤝 Community Management
Comments, Page Messenger မှတစ်ဆင့် မေးမြန်းစုံစမ်းမှုများကို ပြန်လည်ဖြေကြားပေးရမည်။

✅ Who We Are Looking For (လိုအပ်သော အရည်အချင်းများ)
Social Media Platform များ (အထူးသဖြင့် Facebook) ကို ကောင်းမွန်စွာ အသုံးပြုနိုင်သူ။
ပညာရေးဝန်ဆောင်မှုလုပ်ငန်း (Education Consultancy) ကို စိတ်ဝင်စားသူ။
အသင်းအဖွဲ့နှင့် ပူးပေါင်းလုပ်ဆောင်လိုပြီး တက်ကြွသူ။
Remote အနေဖြင့် အဓိကလုပ်ကိုင်ရမည်ဖြစ်သော်လည်း လိုအပ်လျှင် ရုံးအပြင်သို့ သွားလာနိုင်သူ။
Topik level 3 အထက်ရှိပြီး video အတိုများ ဘာသာပြန်နိုင်သူဖြစ်ရမည်။

🎁 What We Offer
Remote Working: မိမိအိမ်မှ အဆင်ပြေစွာ လုပ်ကိုင်နိုင်ခြင်း။
On-the-job Training: လုပ်ငန်းခွင်အတွေ့အကြုံမရှိသေးသူများအတွက် လက်တွဲခေါ်ယူ သင်ကြားပေးမည့် အခွင့်အရေး။
Career Growth: ပညာရေးဝန်ဆောင်မှုနယ်ပယ်တွင် ရေရှည်တိုးတက်နိုင်မည့် အခွင့်အလမ်း။
Supportive Team: အချင်းချင်းကူညီဖေးမသော Team Environment တွင် လုပ်ကိုင်ခွင့်။

📧 How to Apply (လျှောက်ထားရန်)
အထက်ပါအချက်အလက်များကို စိတ်ဝင်စားပြီး ကျွန်မတို့ K Scholar Team နှင့်အတူ လက်တွဲလုပ်ကိုင်လိုပါက သင်၏ CV Form ကို မျှော်မှန်းလစာနှင့်အတူ အောက်ပါ Email သို့ ဖြစ်​စေ page messenger သို့ဖြစ်​စေ ပေးပို့လျှောက်ထားနိုင်ပါတယ်ရှင့်။

Email: [email protected]
အသေးစိတ်သိရှိလိုသည်များရှိပါက Page Messenger မှတစ်ဆင့် အချိန်မရွေး ဆက်သွယ်စုံစမ်း မေးမြန်းနိုင်ပါတယ်။ 🤗






လာမယ့် 𝐒𝐞𝐩𝐭𝐞𝐦𝐛𝐞𝐫 𝐈𝐧𝐭𝐚𝐤𝐞 အမီ ကိုရီးယားမှာ ကျောင်းတက်ဖို့ ဘာတွေပြင်ဆင်ထားရမလဲ ❓လာမယ့် 𝐒𝐞𝐩𝐭𝐞𝐦𝐛𝐞𝐫 𝐈𝐧𝐭𝐚𝐤𝐞 အတွက် 𝟐𝟎𝟐𝟔 𝐀𝐩𝐫𝐢𝐥 နဲ...
09/03/2026

လာမယ့် 𝐒𝐞𝐩𝐭𝐞𝐦𝐛𝐞𝐫 𝐈𝐧𝐭𝐚𝐤𝐞 အမီ ကိုရီးယားမှာ ကျောင်းတက်ဖို့ ဘာတွေပြင်ဆင်ထားရမလဲ ❓

လာမယ့် 𝐒𝐞𝐩𝐭𝐞𝐦𝐛𝐞𝐫 𝐈𝐧𝐭𝐚𝐤𝐞 အတွက် 𝟐𝟎𝟐𝟔 𝐀𝐩𝐫𝐢𝐥 နဲ့ 𝐌𝐚𝐲 မှာ ကျောင်းလျှောက်လွှာတွေကို စတင်လက်ခံနေပြီဆိုတာ အားလုံးလည်း သိကြမှာပါ 📃

ဒီနေ့တော့ 𝐒𝐞𝐩𝐭𝐞𝐦𝐛𝐞𝐫 𝐈𝐧𝐭𝐚𝐤𝐞 အမီ ကျောင်းလျှောက်ဖို့အတွက် ဘာတွေကြိုတင်ပြင်ဆင်ထားဖို့ လိုမလဲဆိုတာ 𝐊 𝐒𝐜𝐡𝐨𝐥𝐚𝐫 က ပြောပြပေးသွားမှာ ဖြစ်ပါတယ် 💁‍♀️

1️⃣ စာရွက်စာတမ်း (𝐃𝐨𝐜𝐮𝐦𝐞𝐧𝐭𝐚𝐭𝐢𝐨𝐧)

ကိုယ်ရေးအချက်အလက်နဲ့ ပညာအရည်အချင်းဆိုင်ရာ စာရွက်စာတမ်းတွေကို ဘာသာပြန်ထားရုံတင်မကဘဲ ဝန်ကြီးဌာနတံဆိပ်တုံး(𝐌𝐎𝐅𝐀) နဲ့ ကိုရီးယားသံရုံးမှာ 𝐂𝐨𝐧𝐬𝐮𝐥𝐚𝐫 𝐒𝐞𝐚𝐥 (သံရုံးတံဆိပ်တုံး) ထုထားဖို့ လိုပါတယ်။ ဒါက အချိန်ယူရတတ်တဲ့အပိုင်းမို့ စောစောလုပ်ထားနိုင်လေ စိတ်အေးရလေ ဖြစ်ပါတယ်

2️⃣ ဘာသာစကား (𝐋𝐚𝐧𝐠𝐮𝐚𝐠𝐞 𝐏𝐫𝐨𝐟𝐢𝐜𝐢𝐞𝐧𝐜𝐲)

𝐔𝐧𝐝𝐞𝐫𝐠𝐫𝐚𝐝𝐮𝐚𝐭𝐞 𝐏𝐫𝐨𝐠𝐫𝐚𝐦 တွေကို တက်ရောက်မယ့် ကျောင်းသူ / သားတွေအတွက် အနည်းဆုံး 𝐓𝐎𝐏𝐈𝐊 𝐋𝐞𝐯𝐞𝐥 𝟑 ရှိထားမှ စိတ်ချရမှာဖြစ်ပြီး 𝐓𝐎𝐏𝐈𝐊 𝐋𝐞𝐯𝐞𝐥 မြင့်ရင်မြင့်သလောက် 𝐒𝐜𝐡𝐨𝐥𝐚𝐫𝐬𝐡𝐢𝐩 တွေရနိုင်ဖို့ အခွင့်အလမ်း ရှိတတ်ပါတယ်

3️⃣ ငွေကြေးအထောက်အထား (𝐒𝐡𝐨𝐰 𝐌𝐨𝐧𝐞𝐲)

ကိုရီးယားဗီဇာအတွက် ဘဏ်စာရင်းထဲမှာ ငွေပမာဏတစ်ခုကို သတ်မှတ်ကာလတစ်ခုအထိ ပြသထားနိုင်ဖို့ (𝐒𝐡𝐨𝐰 𝐌𝐨𝐧𝐞𝐲) ကြိုတင်ပြင်ဆင်ထားရပါမယ်။ ဒါကလည်း ကျောင်းလျှောက်တဲ့အခါ အရေးကြီးဆုံးအပိုင်းတွေထဲက တစ်ခုဖြစ်ပါတယ်

ဒီအချက်တွေကတော့ 𝐒𝐞𝐩𝐭𝐞𝐦𝐛𝐞𝐫 𝐈𝐧𝐭𝐚𝐤𝐞 အမီ ကျောင်းတက်မယ့်သူတွေအတွက် မသိမဖြစ် သိထားရမယ့် အဓိကအချက်တွေ ဖြစ်ပါတယ်။ ဒါဆိုရင်...

📌ကျောင်းလျှောက်တဲ့ 𝐏𝐫𝐨𝐜𝐞𝐬𝐬 အဆင့်ဆင့်ကရော ဘယ်လိုရှိမလဲ ❓

အပေါ်မှာပြောထားတဲ့ ပြင်ရမယ့်အရာတွေ ပြင်ထားပြီးပြီဆိုရင်တော့ ဒီ 𝐏𝐫𝐨𝐜𝐞𝐬𝐬 အဆင့်ဆင့်အတိုင်း လုပ်ဆောင်သွားရုံပဲ ဖြစ်ပါတယ်

1️⃣ ကိုယ်နဲ့ကိုက်ညီမယ့် တက္ကသိုလ်နဲ့ 𝐌𝐚𝐣𝐨𝐫 ကို ရွေးချယ်မယ်
2️⃣ သတ်မှတ်ထားတဲ့ ရက်အတွင်း ကျောင်းလျှောက်လွှာ (𝐎𝐧𝐥𝐢𝐧𝐞 𝐀𝐩𝐩𝐥𝐢𝐜𝐚𝐭𝐢𝐨𝐧) တင်မယ်
3️⃣ ကျောင်းကခေါ်တဲ့ အင်တာဗျူးကို ဖြေဆိုမယ်
4️⃣ ဝင်ခွင့်ရပြီဆိုရင်တော့ ကျောင်းလခသွင်းပြီး ဗီဇာလျှောက်ဖို့ ပြင်ဆင်မယ်

ဒီလုပ်ငန်းစဉ်တွေက ကြည့်လိုက်ရင် ရိုးရှင်းသလိုရှိပေမဲ့ တကယ်တမ်းမှာတော့ အမှားအယွင်းမရှိဖို့နဲ့ စောနိုင်သမျှစောပြီး အချိန်မီဖို့ အရမ်းအရေးကြီးပါတယ် ✅

အဲဒီအတွက် စိတ်အေးလက်အေးနဲ့ ခေါင်းမရှုပ်ချင်လို့ 𝐂𝐨𝐧𝐬𝐮𝐥𝐭𝐚𝐭𝐢𝐨𝐧 ယူချင်တာပဲဖြစ်ဖြစ်၊ စာရွက်စာတမ်းကိစ္စကအစ ဗီဇာကိစ္စနဲ့ ဝန်ကြီးဌာနတံဆိပ်တုံးကိစ္စတွေအထိ လိုလေသေးမရှိ လှည့်ကြည့်စရာမလိုအောင် လမ်းညွှန်လုပ်ဆောင်ပေးတဲ့ 𝐀𝐠𝐞𝐧𝐜𝐲 ဝန်ဆောင်မှုကို ရယူချင်တာပဲဖြစ်ဖြစ် 𝐊 𝐒𝐜𝐡𝐨𝐥𝐚𝐫 ကိုသာ 𝐏𝐚𝐠𝐞 𝐂𝐡𝐚𝐭 𝐁𝐨𝐱 ကနေ အချိန်မရွေး ဆက်သွယ်လိုက်ပါနော် 🤗

#𝐊𝐒𝐜𝐡𝐨𝐥𝐚𝐫
#𝐒𝐭𝐮𝐝𝐲𝐈𝐧𝐊𝐨𝐫𝐞𝐚
#𝐎𝐧𝐞𝐒𝐭𝐨𝐩𝐒𝐞𝐫𝐯𝐢𝐜𝐞
#𝐕𝐢𝐬𝐚 #𝐃𝟒𝐕𝐢𝐬 #𝐃𝟐𝐕𝐢𝐬𝐚
#𝐔𝐧𝐝𝐞𝐫𝐠𝐫𝐚𝐝𝐮𝐚𝐭𝐞𝐏𝐫𝐨𝐠𝐫𝐚𝐦
#𝐋𝐚𝐧𝐠𝐮𝐚𝐠𝐞𝐏𝐫𝐨𝐠𝐫𝐚𝐦
#𝐄𝐝𝐮𝐜𝐚𝐭𝐢𝐨𝐧𝐂𝐨𝐧𝐬𝐮𝐥𝐭𝐚𝐭𝐢𝐨𝐧
#𝐒𝐞𝐩𝐭𝐞𝐦𝐛𝐞𝐫𝐈𝐧𝐭𝐚𝐤𝐞

ကိုရီးယားတက္ကသိုလ်လျှောက်ဖို့ ဘာစာရွက်စာတမ်းတွေ အဓိကလိုမလဲ။"ကျောင်းလျှောက်ဖို့ ဘာတွေပြင်ဆင်ထားရမလဲ။" ဆိုတာက အမေးအများဆုံ...
02/03/2026

ကိုရီးယားတက္ကသိုလ်လျှောက်ဖို့ ဘာစာရွက်စာတမ်းတွေ အဓိကလိုမလဲ။
"ကျောင်းလျှောက်ဖို့ ဘာတွေပြင်ဆင်ထားရမလဲ။" ဆိုတာက အမေးအများဆုံးမေးခွန်းပါ။ စာရွက်စာတမ်းတစ်ခုမှ မကျန်ခဲ့အောင် K Scholar ကနေ အဓိကလိုအပ်ချက်တွေကို Checklist အနေနဲ့ စုစည်းပေးလိုက်ပါတယ်။

✅ ပညာရေးဆိုင်ရာ စာရွက်စာတမ်းများ (Academic Documents)
o အထက်တန်း (သို့) ဘွဲ့ရ Certificate (မူရင်းနှင့် ဘာသာပြန်)
o အမှတ်စာရင်း (Official Transcript) (မူရင်းနှင့် ဘာသာပြန်)
o တက္ကသိုလ်အလိုက် Notarization, Apostille/MOFA လိုအပ်ချက် ကွာခြားနိုင်ပါတယ်။
✅ ကိုယ်ရေးအချက်အလက်ဆိုင်ရာ စာရွက်စာတမ်းများ (Personal Documents)
o နိုင်ငံကူးလက်မှတ် (Passport) မိတ္တူ
o လျှောက်ထားသူနှင့် မိဘနှစ်ပါး၏ နိုင်ငံသားစိစစ်ရေးကတ်ပြား
o အိမ်ထောင်စုစာရင်း (Family Register)
✅ ဘာသာစကား အရည်အချင်း (Language Proficiency)
o TOPIK သို့မဟုတ် IELTS/TOEFL အမှတ် (သက်တမ်းမကုန်သေးသော)
✅ Application Essays
o Personal Statement
o Study Plan
✅ ငွေကြေးအထောက်အထား (Proof of Finances)
o Bank Statement/Certificate (သတ်မှတ်ထားသော ပမာဏပြည့်မီရန် လိုအပ်သည်)
✅ အခြား (Others)
o ထောက်ခံစာ (Recommendation Letters)
o ဆုတံဆိပ်၊ လက်မှတ်များ (Awards/Certificates) (ရှိလျှင်)

K Scholar's Expert Tip: တက္ကသိုလ်တစ်ခုချင်းစီရဲ့ Admission Guideline ကို သေချာဖတ်ပါ။ စာရွက်စာတမ်းတစ်ခုချင်းစီအတွက် သတ်မှတ်ချက်တွေ (ဥပမာ- ဘယ်ရက်စွဲနောက်ပိုင်းထုတ်ပေးရမယ်) ကွဲပြားနိုင်လို့ပါ။

စာရွက်စာတမ်းတွေ ပြင်ဆင်ရတာဟာ အချိန်ကုန်ပြီး အသေးစိတ်ကျတဲ့အလုပ်ပါ။ တစ်ခုမှ မလွဲချော်ရအောင် သေချာအသေးစိတ် ပြင်ဆင်ချင်တယ်ဆိုရင်တော့ K Scholar ရဲ့ Page Messenger ကို အခုပဲ ဆက်သွယ်လိုက်ပါရှင့်။

ကိုရီးယားတက္ကသိုလ်တွေကို လျှောက်တော့မယ်ဆို ဘယ်လို ပြင်ဆင်ရမလဲ? (Step-by-Step Guide)✅ကိုရီးယားမှာ ကျောင်းတက်ဖို့ စိတ်ကူးန...
28/02/2026

ကိုရီးယားတက္ကသိုလ်တွေကို လျှောက်တော့မယ်ဆို ဘယ်လို ပြင်ဆင်ရမလဲ? (Step-by-Step Guide)✅

ကိုရီးယားမှာ ကျောင်းတက်ဖို့ စိတ်ကူးနေပေမယ့် Application Process က ရှုပ်ထွေးတော့ ဘယ်ကစရမှန်းမသိ ဖြစ်နေပါသလား။
စိတ်မပူပါနဲ့။ K Scholar ကနေ အမှားအယွင်းမရှိအောင် အဓိက လိုက်နာရမယ့် အဆင့်တွေကို ရိုးရှင်းအောင် ဖော်ပြပေးလိုက်ပါတယ်။

အဆင့် ၁: Self-Assessment လုပ်ခြင်း & University Research လုပ်ခြင်း
• ကိုယ့် GPA, ဘာသာစကားအရည်အချင်းနဲ့ ဘယ်မေဂျာကို စိတ်ဝင်စားလဲဆိုတာ သေချာသုံးသပ်ပါ။ ပြီးရင် ကိုယ်နဲ့ကိုက်ညီမယ့် တက္ကသိုလ်နဲ့ မေဂျာတွေကို အနည်းဆုံး ၃-၅ ခု shortlist လုပ်ထားပါ။
အဆင့် ၂: Application Deadline တွေကို သေချာစစ်ဆေးခြင်း (Check Deadlines)
• ကိုရီးယားမှာ Spring Intake (March လ) နဲ့ Fall Intake (September လ) ဆိုပြီးရှိပါတယ်။ ကိုယ်လျှောက်မယ့် Intake ရဲ့ Deadline တွေကို တက္ကသိုလ် Website မှာ သေချာစစ်ပြီး မှတ်ထားပါ။
အဆင့် ၃: လိုအပ်တဲ့ စာရွက်စာတမ်းတွေ ပြင်ဆင်ခြင်း (Prepare Documents)
• ပညာရေးဆိုင်ရာ စာရွက်စာတမ်းတွေ၊ Language Certificate (TOPIK/IELTS)၊ Passport စတာတွေကို စတင်စုဆောင်းပြီး လိုအပ်ရင် Notary/MOFA အဆင့်ထိ ပြင်ဆင်ထားပါ။
အဆင့် ၄: Personal Statement & Study Plan ရေးသားခြင်း (Drafting Essays)
• ဒါက Application မှာ အရေးအကြီးဆုံးအပိုင်းပါ။ ကိုယ်က ဘယ်သူလဲ၊ ဒီမေဂျာကို ဘာကြောင့်သင်ချင်တာလဲဆိုတာကို ဆွဲဆောင်မှုရှိရှိ ရေးသားပြရမှာပါ။
အဆင့် ၅: Online Application တင်ခြင်း (Submit Application)
• တက္ကသိုလ်အများစုက Online System နဲ့ လျှောက်ရတာပါ။ Application Fee ပေးသွင်းပြီး လိုအပ်တဲ့ Document တွေကို Upload လုပ်ရပါမယ်။

K Scholar's Expert Tip: Application Process တစ်ခုလုံးအတွက် အနည်းဆုံး ၆ လ ကြိုတင်ပြင်ဆင်ပါ။ အချိန်မီပြီး အကောင်းဆုံးဖြစ်ဖို့ အာမခံနိုင်ဆုံးနည်းလမ်းပါပဲ။ 💕

ဒီအဆင့်တွေအားလုံးကို တစ်ယောက်တည်းလုပ်ရမှာ စိတ်ရှုပ်နေလား။ အဆင့်တိုင်းကို အမှားအယွင်းမရှိ၊ စိတ်အေးချမ်းသာစွာ ဖြတ်ကျော်နိုင်ဖို့ ကျွန်မတို့ K Scholar က ကူညီပေးဖို့ အသင့်ရှိနေပါတယ်။ Page Messenger မှာ အသေးစိတ် လာရောက်ဆွေးနွေးနိုင်ပါတယ်ရှင့်။

#ကိုရီးယားကျောင်းလျှောက်နည်း #ပညာရေး

𝐊𝐨𝐫𝐞𝐚 မှာ ကျောင်းတက်ချင်တဲ့သူတွေအတွက် အကောင်းဆုံးအဖော်မွန် 𝐊 𝐒𝐜𝐡𝐨𝐥𝐚𝐫 ✅ဘာလို့ အကောင်းဆုံးအဖော်မွန်အဖြစ် လက်တွဲသင့်တာလဲ ❓ ...
23/02/2026

𝐊𝐨𝐫𝐞𝐚 မှာ ကျောင်းတက်ချင်တဲ့သူတွေအတွက် အကောင်းဆုံးအဖော်မွန် 𝐊 𝐒𝐜𝐡𝐨𝐥𝐚𝐫 ✅

ဘာလို့ အကောင်းဆုံးအဖော်မွန်အဖြစ် လက်တွဲသင့်တာလဲ ❓

1️⃣ စာရွက်စာတမ်းကိစ္စတွေ အားလုံး တာဝန်ယူတယ် 📄
𝐍𝐨𝐭𝐚𝐫𝐲 ပြန်တာ၊ 𝐌𝐎𝐅𝐀 တင်တာအပြင် 𝐒𝐞𝐚𝐥 𝐁𝐨𝐨𝐤𝐢𝐧𝐠 နဲ့ 𝐕𝐢𝐬𝐚 𝐁𝐨𝐨𝐤𝐢𝐧𝐠 ကိစ္စတွေအထိ
လှည့်ကြည့်စရာမလိုဘဲ အားလုံး အဆင်ပြေချောမွေ့စွာ ပြီးမြောက်အောင် စိတ်ရှည်လက်ရှည်နဲ့ ကူညီဝန်ဆောင်ပေးပါတယ် 💯

2️⃣ ကိုယ်နဲ့ကိုက်ညီမယ့် ကျောင်းကို ရွေးပေးတယ် 🏫
ဘယ်ကျောင်းက ကိုယ့်အတွက် အဆင်ပြေမလဲ ❓
ကိုယ်သွားချင်တဲ့ ပညာရေးလမ်းကြောင်းက ဘယ်လိုလဲ ❓ .. စတာတွေကို အသေးစိတ် 𝐂𝐨𝐧𝐬𝐮𝐥𝐭𝐚𝐭𝐢𝐨𝐧 ရယူကာ ဆွေးနွေးတိုင်ပင်နိုင်မှာဖြစ်ပြီး ကျောင်းလျှောက်တာ၊ ကျောင်းကပေးတဲ့ 𝐒𝐜𝐡𝐨𝐥𝐚𝐫𝐬𝐡𝐢𝐩 လျှောက်တာတွေကိုလည်း ယုံကြည်စိတ်ချရစွာ အကောင်းဆုံး ဆောင်ရွက်ပေးပါတယ် 💯

3️⃣ 𝐊𝐨𝐫𝐞𝐚 စာကိုလည်း အခြေခံကစပြီး သင်ပေးတယ် 📖
တစ်ယောက်တည်းပဲ သီးသန့်သင်ယူချင်တာဖြစ်ဖြစ်၊ သူငယ်ချင်းတွေနဲ့ 𝐆𝐫𝐨𝐮𝐩 လိုက် သင်ယူချင်တာပဲဖြစ်ဖြစ် ကိုယ်အားတဲ့အချိန်ကိုညှိပြီး ကိုယ်ကြိုက်တဲ့ပုံစံအတိုင်း 𝐊𝐨𝐫𝐞𝐚 နိုင်ငံမှာ လက်ရှိနေထိုင်နေတဲ့တီချယ်တွေက 𝐎𝐧𝐥𝐢𝐧𝐞 ပေါ်ကနေ ထိထိရောက်ရောက် သင်ကြားပေးသွားမှာပါ 💯

ဒါကြောင့် 𝐊𝐨𝐫𝐞𝐚 မှာကျောင်းတက်ဖို့အတွက်ဆို 𝐊 𝐒𝐜𝐡𝐨𝐥𝐚𝐫 နဲ့ လက်တွဲလိုက်ရုံနဲ့ ဘာသာစကားသင်ကြားမှုကအစ ကျောင်းလျှောက်တာအဆုံး အားလုံးကို တစ်နေရာတည်းမှာ အပြီးအစီးလုပ်ဆောင်နိုင်မှာဖြစ်လို့...

📌 ကိုယ့်ရဲ့ ပညာရေးရည်မှန်းချက်တွေ လွယ်လွယ်ကူကူ လျင်လျင်မြန်မြန် ဖြစ်မြောက်လာစေဖို့ အခုပဲ 𝐊 𝐒𝐜𝐡𝐨𝐥𝐚𝐫 ရဲ့ 𝐏𝐚𝐠𝐞 𝐂𝐡𝐚𝐭 𝐁𝐨𝐱 ကို လာရောက်ဆက်သွယ်ပြီး စတင်လိုက်တော့နော် 🤝 🙆‍♂️







𝐊𝐨𝐫𝐞𝐚 မှာ 𝐋𝐚𝐧𝐠𝐮𝐚𝐠𝐞 𝐒𝐜𝐡𝐨𝐨𝐥 ပြီး တက္ကသိုလ် ဆက်တက်ဖို့အတွက် 𝐕𝐢𝐬𝐚 ကိစ္စတွေနဲ့ ခေါင်းရှုပ်နေပြီလား ❓ဒီလို ခေါင်းရှုပ်နေရတဲ့အထ...
18/02/2026

𝐊𝐨𝐫𝐞𝐚 မှာ 𝐋𝐚𝐧𝐠𝐮𝐚𝐠𝐞 𝐒𝐜𝐡𝐨𝐨𝐥 ပြီး တက္ကသိုလ် ဆက်တက်ဖို့အတွက် 𝐕𝐢𝐬𝐚 ကိစ္စတွေနဲ့ ခေါင်းရှုပ်နေပြီလား ❓

ဒီလို ခေါင်းရှုပ်နေရတဲ့အထဲ ကျောင်းလျှောက်ဖို့ စာရွက်စာတမ်းကိစ္စတွေ၊ ဘယ်ကျောင်းက အဆင်ပြေပြီး ဘယ်မေဂျာယူရမလဲ ဆိုတဲ့ကိစ္စတွေကလည်း ရှိသေးတာမို့ ဘယ်လိုလုပ်ရမလဲ မသိဘူးဆိုရင်တော့ အားလုံးကို ကူညီဖြေရှင်းပေးဖို့ 𝐊 𝐒𝐜𝐡𝐨𝐥𝐚𝐫 က အသင့်ရှိနေပါတယ် 🙋‍♀️

📌 𝐊 𝐒𝐜𝐡𝐨𝐥𝐚𝐫 က မြန်မာပြည်တွင်းက 𝐊𝐨𝐫𝐞𝐚 မှာ ကျောင်းတက်ချင်သူတွေတင်မက 𝐊𝐨𝐫𝐞𝐚 က ကျောင်းသူ / သားတွေ အတွက်လည်း 𝐕𝐢𝐬𝐚 အပြောင်းအရွှေ့ (𝐃𝟒 𝐭𝐨 𝐃𝟐) ကိစ္စတွေကို ယုံကြည်စိတ်ချရစွာနဲ့ အပြီးအစီး ကူညီဝန်ဆောင်ပေးနေပါတယ် ✅

ဒါ့အပြင် ကျောင်းရွေးဖို့အတွက် အကြံပေးဆွေးနွေးတာ၊ ကျောင်းလျှောက်ဖို့အတွက် စာရွက်စာတမ်းပြင်ဆင်ပေးတာ၊ 𝐔𝐧𝐝𝐞𝐫𝐠𝐫𝐚𝐝𝐮𝐚𝐭𝐞 𝐏𝐫𝐨𝐠𝐫𝐚𝐦 တွေအတွက် 𝐒𝐜𝐡𝐨𝐥𝐚𝐫𝐬𝐡𝐢𝐩 လျှောက်ပေးတာ စတဲ့ ဝန်ဆောင်မှုတွေကိုလည်း သင့်တင့်မှန်ကန်တဲ့ Service ခနဲ့အတူ ရယူနိုင်မှာပါ 🤩

ဒါကြောင့် 𝐃𝟒 𝐕𝐢𝐬𝐚 နဲ့ 𝐋𝐚𝐧𝐠𝐮𝐚𝐠𝐞 𝐒𝐜𝐡𝐨𝐨𝐥 ပြီးလို့ 𝐃𝟐 𝐕𝐢𝐬𝐚 နဲ့ 𝐔𝐧𝐝𝐞𝐫𝐠𝐫𝐚𝐝𝐮𝐚𝐭𝐞 𝐏𝐫𝐨𝐠𝐫𝐚𝐦 တွေကို ဆက် 𝐉𝐨𝐢𝐧 မယ့်သူတွေအနေနဲ့ 𝐕𝐢𝐬𝐚 အပြောင်းအလဲကိစ္စတွေ၊ မေဂျာလျှောက်တဲ့ကိစ္စတွေမှာ အချိန်ကုန်လူပင်ပန်းပြီး ခေါင်းမရှုပ်ချင်ဘူးဆိုရင်တော့ 𝐊𝐨𝐫𝐞𝐚 ပညာရေးအတွက် အားထားရာ 𝐊 𝐒𝐜𝐡𝐨𝐥𝐚𝐫 နဲ့သာ လက်တွဲလိုက်တော့နော် 🤝

📍 အခုလက်ရှိ 𝟗 လပိုင်း 𝐈𝐧𝐭𝐚𝐤𝐞 အတွက် 𝐃𝟒 𝐕𝐢𝐬𝐚 ကနေ 𝐃𝟐 𝐕𝐢𝐬𝐚 ကိုပြောင်းဖို့ စဉ်းစားနေတဲ့သူတွေအနေနဲ့လည်း 𝐊 𝐒𝐜𝐡𝐨𝐥𝐚𝐫 မှာ အခုချိန်ကစပြီး လာရောက်အပ်နှံထားလို့ရပြီဖြစ်ကြောင်း အသိပေးစကားလေးပါးရင်း...

𝐊 𝐒𝐜𝐡𝐨𝐥𝐚𝐫 က ကျောင်းသူကျောင်းသားအားလုံး အဆင်ပြေပြေ ချောချောမွေ့မွေ့နဲ့ ကိုယ်လိုရာခရီးကို ဆက်ပြီးတက်လှမ်းနိုင်ဖို့ ပါဝင်ကူညီအားဖြည့်ပေးလိုက်ပါရစေ 🥰








Address

Busan

Website

Alerts

Be the first to know and let us send you an email when K Scholar posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Shortcuts

Share