Korean language. thae su

Korean language. thae su

Share

Contact information, map and directions, contact form, opening hours, services, ratings, photos, videos and announcements from Korean language. thae su, Education, Busan.

31/12/2022

နှစ်သစ်မှာ ပျော်ရွှင်ကျန်းမာကြပါစေဗျ

25/12/2022

Merry christmas ☃❄️
메리 크리스마스!☃️⛄❄️

15/12/2022

ဒီနေ့တေယ့ ပျင်းရိတဲ့သူလေးတေအတွက်ပါ☺️😸

14/12/2022

ㅋㅋㅋ🤣🤣🤣

Photos from Korean language. thae su's post 12/12/2022

ဟယ်လို ဒီနေ့ မင်က
သူများ‌ပြောခဲ့တဲ့စကားကို ပြန်ပြောတဲ့အခါ တယ်လိုပြောတယ် အဲ့တာကို 다고하다 ဆိုပီးသုံးရပါတယ်
Adj+다고하다

09/12/2022

먹다စားသည်ကို သိပေမယ့်
မျိုချတာတို့ ထွေးသည်ကို သိထားဖို့ လိုအပ်ပါတယ်ရှင့်😊
မျိုချသည် 삼키다(삼켜요) ဆားမ်ခီဒါ
삼키지 마세요မမျိုချပါနဲ့ ဆားမ်ခီဂျီမာဆယ်ယို
삼키세요မျိုချလိုက်ပါ ဆားမ်ခီဆယ်ယို

‌ထွေးသည် 뱉다 (뱉어요)ဘဲ့ဒ်ဒါ
이거뱉지말고 삼켜요ဒါကိုမထွေးပဲမျိုချပါ
အီဂေါဘဲ့ဒ်ဂျီမားလ်ဂို ဆားမ်ခယောယို

အသံထွက်က မြန်မာလို ပြန်ထားတာဆို့တော့ နည်းနည်း အဆင်မပြေတာလေးတွေလည်းရှိနိုင်ပါတယ်ရှင့်😊
#한국어배우기 #한국어공부

04/12/2022

안녕하세요 여러분
ဒီနေ့မာတော့ သဲစုက‌ရေးတဲ့ ကိုရိးယားစကားလုံးကို မြန်မာလို ဘာသာပြန့် ဖို့ ဖိတ်ခေါ်ပါတယ်
ဘာသာပြန်ကြည့်ခဲ့ကြပါရှင့်
엄마가 집에 들어오자 공부하는 척했어요.

#한국어공부 #한국어배우기

06/11/2022

ကဲရွေးကြည့်ကြပါ
မင် ‌တွေ့တာလေးလာတင်တာ

13/10/2022

ဒီနေ့ သင်ပေးချင်တဲ့ စကားလေးကတော့ တွန်းသည် ဆွဲသည် ဆိုတာလေးပါ
밀다 တွန်းသည်밀어요တွန်းတယ်
밀어주세요တွန်းပေးပါ

옆으로 밀어주세요ဘေးဘက်ကို တွန်းပေးပါ
당기다 ဆွဲသည်당겨요ဆွဲတယ် 땡겨 လို့လဲ ထွက်တာတွေရှိပါတယ်
당겨주세요ဆွဲပေးပါ

11/10/2022

လွယ်ကူရိုးရှင်းပီး မှတ်ရလွယ်ကူစေမဲ့ စကားလေးတေ သင်ပေးပါမယ်ရှင့်

무မုန်လာဥ
해နေ
무해하다ဘေးကင်းသည်

08/10/2022

안녕 오랜만이야
ဒီနေ့မှာ မင်မင်က ခူးသည်ဆိုတဲ့ စကားပြောလေးမျှဝေပေးပါမ
်ယ်
ခူးတာကို အခုထိမသိသေးရင် မင်မင်နဲ့အတူ ဥပမာလေးတေ နဲ့သင်ကြပါမယ်
따다 သာဒါ ခူးသည်
예1: 제가 사과를 땄어요
ကျွန်တော် ပန်းသီးကို ခူးခဲ့တယ်

예2: 제가 귤을 땄어요
ကျွန်တော် လိမ်မော်သီးခူးခဲ့တယ်
예3: 나 배를 따 먹었어요
ငါ သစ်တော်သီး🍐ကိုခူးစားခဲ့တယ်
예4 : 저 귤 좀 따 주세요
ကျွန်တော်ကို လိမ်‌မော်သ်ီးလေး ခူးပေးပါ
‌လိမ်မော်သီးကို မင်မင် keyboard ကရေးမရလို့ ပါ
အခုလို စလုံးပေါင်းလိုက်ရတာပါ
ဒီလောက်ဆို နားလည်မယ်လို့ထင်ပါတယ်
နောက်ထက်ကောင်းတဲ့ စကား‌ပြောလေး‌တေ တင်ပေးဖို့ရှိပါတယ်

19/09/2022

ကိုရီးယားနိုင်ငံမှ ပထမဆုံး ထုတ်လုပ်ခဲ့တဲ့ ပစ္စည်း ၅မျိုး

ဒီပစ္စည်း ၅မျိုးကတော့ ကိုရီးယားကနေ ပထမဆုံး ထုတ်လုပ်ခဲ့ကြောင်း လူတွေ သိပ်မသိကြတဲ့ ပစ္စည်းတွေပဲ ဖြစ်ပါတယ်။ဗဟုသုတ အနေနဲ့ မှတ်ထားလို့ရအောင် ပြောပြပေးလိုက်ပါတယ်နော်

1.삼각지봉 모양 우유 팩 (ခေါင်မိုးပုံစံ စက္ကူဘူး နွားနို့)
ခေါင်မိုးပုံစံ စက္ကူဘူး နွားနို့ကို ကိုရီးယားနိုင်ငံက ပထမဦးဆုံး တီထွင်ခဲ့တာပဲဖြစ်ပါတယ်။ ဒီလို စက္ကူဘူးပုံစံနဲ့ မထုတ်ပိုးခင်ကတော့ နွားနို့ကို ပုလင်းတွေ, ရိုး"စက္ကူဘူး တွေနဲ့ပဲ ထုတ်ပိုးပြီး တင်ပို့လေ့ရှိပါတယ်။ ခေါင်မိုးပုံစံ စက္ကူဘူးကို ကိုရီးယားနိုင်ငံရဲ့ Edison လို့ ခေါ်ကြတဲ့ 신석균(Shin Suk Guun)ဆိုတဲ့ တီထွင်သူက 1953 ခုနှစ်(ကိုရီးယားနိုင်ငံ ပြည်တွင်းစစ်) အတွင်းမှာ ပြုလုပ်ဖန်တီးခဲ့တာပဲဖြစ်ပါတယ်။နွားနို့ကို ပုလင်းနဲ့ ထည့်ထားရင် ကွဲလွယ်ရှလွယ်ပြီး ရိုး" စက္ကူဘူးနဲ့ ဆိုရင်လဲ ဖောက်သောက်ဖို့ ဓားတို့ ကတ်ကြေးတို့ လိုအပ်တဲ့ အတွက်ကြောင့် တီထွင်ခဲ့တာပါ။ ခေါင်မိုးပုံစံလေးနဲ့ ကျတော့ ဖောက်သောက်ရလွယ်ကူပြီး ကွယ်ရှမှာလဲ စိတ်ပူစရာမလိုတော့တဲ့ အပြင် ပေါ့"ပါး" နဲ့ သယ်သွားနိုင်ဖို့ ရည်ရွယ်ချက်နဲ့ တီထွင်ခဲ့တာပဲ ဖြစ်ပါတယ်။အခုဆိုရင် အဲ့လို ထုတ်ပိုးမှုပုံစံကို Gable Top လို့ လူသိများကြပြီး နိုင်ငံပေါင်း(၁၇၀)ကျော်မှာ ဒီလို Packaging ကို အသုံးပြုလာကြပါတယ်။

2.MP3 Player
MP3 ဆိုတာနဲ့ လူတော်" များ"က Apple ရဲ့ ipodတို့ Sony ရဲ့ Walkman တို့ကို အရင်ဆုံး ပြေးမြင်ကြည့်ကြပေမယ့် တကယ်တော့ ကိုရီးယားနိုင်ငံက ပထမဆုံးတီထွင်ခဲ့တာပဲဖြစ်ပါတယ်။ပထမဆုံး MP3 Player ဖြစ်တဲ့ MPMan ကိုတော့ 1997 ခုနှစ်မှာ SaeHan ကုမ္ပဏီက စတင် တီထွင်ခဲ့တာပဲဖြစ်ပါတယ်။

3.커피믹스 (Coffee Mix)
တတိယပစ္စည်းကတော့ ကော်ဖီမစ်ပဲဖြစ်ပါတယ်။ကော်ဖီမှုန့် , creamer, သကြားတို့ ပေါင်းစပ်ထားတဲ့ 3in1 coffee mix ကို “동서식품 “ကုမ္ပကီကနေ 1976 ခုနှစ်က "맥심”ဆိုတဲ့ နာမည်နဲ့ စတင်ပြီး ထုတ်လုပ်ခဲ့တာပဲ ဖြစ်ပါတယ်။

4.쿠션팩트 (Cushion Pact) Cosmetics
Powder Pact ကိုတော့ အမေရိကန်နိုင်ငံကနေ ပထမဆုံး တီထွင်ခဲ့တာဖြစ်ပေမယ့် cushion pact ကိုတော့ ကိုရီးယားနိုင်ငံက ပထမဆုံးတီထွင်ခဲ့တာပဲဖြစ်ပါတယ်။ ကိုရီးယားက နာမည်ကြီး cosmetics brand IOPE ရဲ့ ဝန်ထမ်းတယောက်က ကားပါကင်စာရွက်ရဲ့ မှင်ခံပေါ်မှာ ရိုက်နိုပ်ထားတဲ့ တံဆိပ်တုံးကို မြင်ပြီး cushion pact ကို ထုတ်လုပ်ဖို့ idea ရသွားတာပဲဖြစ်ပါတယ်။ IOPE ရဲ့ Air Cushion ဆိုရင် ပထမဆုံး ထုတ်လုပ်ချင်းမှာပဲ ၁စက္ကန့်ကို ၁ခု နှုန်းလောက် ရောင်းထွက်တဲ့ အထိ ရောင်းအား တအားသွက်ပြီး လူကြိုက်လဲ အရမ်းများခဲ့ပါတယ်။

5.PC 방 (ဂိမ်းဆိုင်)
နောက်ဆုံးတခုကတော့ ဂိမ်းဆိုင်ပဲဖြစ်ပါတယ်။ကိုရီးယားနိုင်ငံက ဂိမ်းဆိုင်တွေက သူများနိုင်ငံတွေနဲ့ မတူဘဲ ထူးခြားရတဲ့ အကြောင်းအရင်းကတော့ ၂၄ နာရီ ဖွင့်ထားတဲ့ အပြင် ဈေးနှုန်းလဲ အရမ်းချိုသာရုံသာမက ကိုယ်စားချင်တဲ့ အစားအသောက်မျိုးစုံကို ဝယ်ယူစားသောက်နိုင်ပြီး ဝန်ထမ်းတွေက နေရာအရောက် လာချပေးတဲ့ အထိ သက်သောင့် သက်သာနဲ့ ကစားနိုင်တာပဲ ဖြစ်ပါတယ်။ ဂိမ်းဆိုင်ကိုတော့ 1995 ခုနှစ်မှာ 압구정 PC ဂိမ်းဆိုင်က ပထမဆုံး စတင်ဆောက်လုပ်ခဲ့တာပဲဖြစ်ပါတယ်။
အဆုံးထိ ဖတ်ပေးလို့ကျေးဇူးပါ

Want your school to be the top-listed School/college in Busan?

Click here to claim your Sponsored Listing.

Location

Category

Website

Address


Busan

Opening Hours

Monday 09:00 - 20:00
Tuesday 09:00 - 20:00
Wednesday 09:00 - 18:00
Thursday 09:00 - 20:15
Friday 09:00 - 20:30
Saturday 09:00 - 20:15