Stella’s Learning Hub

Stella’s Learning Hub Sharing English tips and insights from my learning journey

 ~ like & share လေးကို July 24 ရက်နေ့ထိ နောက်ဆုံးထားပီးလုပ်လို့ရပါတယ် တက်ခွင့်ရသူစာရင်းကို တီချယ်က July 25 ရက်နေ့ ကြော်င...
10/07/2025

~ like & share လေးကို July 24 ရက်နေ့ထိ နောက်ဆုံးထားပီးလုပ်လို့ရပါတယ် တက်ခွင့်ရသူစာရင်းကို တီချယ်က July 25 ရက်နေ့ ကြော်ငြာပေးပါမယ်ရှင် ❤️

Hello dears,
Good Afternoon!

တီချယ်ကတော့ စိုးယုပါ
တီချယ် free class လေးတွေ ဖွင့်ပေးမယ်နဲ့ မဖွင့်ဖြစ်နေလို့ အခု ကတိပေးထားတဲ့အတိုင်း ဒီ page မှာ ပထမဆုံး free class လေးကို စတင်ဖွင့်ပေးမှာဖြစ်ပါတယ်

တီချယ် class မှာ ဘာတွေသင်မှာလဲ?
Duolingo test မှာဖြေရမဲ့ all question types ရဲ့ ဖြေပုံဖြေနည်းတွေ နဲ့ test ဖြေတဲ့အခါမှာ လိုအပ်တဲ့ rules and regulations တွေကိုပါတစ်ခါတည်းပြောပေးမှာဖြစ်လို့ ဒီ class ပီးတာနဲ့ ကိုယ့်ဘာသာ self study ကောင်းကောင်းလုပ်နိုင်မှာဖြစ်ပါတယ်

ဘလိုလူတွေ join သင့်လဲ?
Duolingo ဖြေဖို့ ပြင်ဆင်နေတဲ့သူတွေ ၊ self study လုပ်ချင်တဲ့သူတွေ join လို့ရပါတယ် (တီချယ် ဒီနေရာမှာ student က English ဘယ် level ရှိမှ join လို့ရမယ်လို့မသတ်မှတ်ထားပါဖူး စိတ်ဝင်စားရင် ဘယ် level ဖြစ်ဖြစ် join လို့ရပါတယ်)

တီချယ့် ဒီ free အတန်း join ချင်လို့ ဘယ်လိုလုပ်ရမလဲ?
တီချယ့် page ကို like and follow လုပ်ထားတဲ့ Ss လေးကို ဒီပို့စ်အောက်မှာ comment ပေးပီး အခု ပို့စ်လေးကို share ပေးရင် ရပါပီရှင် ( free class ဆိုပေမဲ့ လူတွေအများကြီးဆို မထိရောက်မှာစိုးလို့ only 15 students ပဲ လက်ခံပါမယ်နော် ၊ တကယ်လို့ တက်ချင်တဲ့သူ 15 ယောက်ထက် များနေရင် တီချယ်က comment picker နဲ့ မဲပြန်နှိုက်ပီး တက်ခွင့်ရတဲ့သူစာရင်းကို July 25 ရက်နေ့မှာ page မှာကြော်ငြာပေးပါမယ်ရှင်

မှတ်ချက်။ free class join ခွင့်ရတဲ့သူတွေက သေချာလေး ၇ ရက်လုံး တက်ပေးရပါမယ် ၊ အကယ်၍ တက်ခွင့်ရပီး ခိုင်လုံတဲ့အကြောင်းပြချက်မရှိပဲ ရုတ်တရက်မတက်တော့ဖူးဆို နောက် free class တွေကို join ခွင့်မပြုပါရှင်

Good luck to all ☘️

Hello dears! Long time no see ☺️တီချယ်လည်း စာမေးပွဲရော personal ကိစ္စလေးတွေရော ရှိနေတာနဲ့ ဒီ page လေးကိုရော student တွေက...
01/07/2025

Hello dears!
Long time no see ☺️

တီချယ်လည်း စာမေးပွဲရော personal ကိစ္စလေးတွေရော ရှိနေတာနဲ့ ဒီ page လေးကိုရော student တွေကိုပါ ပစ်ထားမိသလိုဖြစ်နေလို့ Really sorry about that 🥹

တီချယ် student အများစုက Duolingo ဖြေပီး US သွားကြတာများတဲ့အတွက် အခုလက်ရှိ US visa ကိစ္စကြောင့်လည်း students အများစု စိတ်ညစ်နေတာရော တီချယ်ကို လာတိုင်ပင်ကြတာရော ရှိတဲ့အတွက် ဒီပို့စ်လေးကို တင်ပေးလိုက်ရတာဖြစ်ပါတယ်ရှင် ☺️

ပထမဆုံး တချက်ပြောချင်တာကတော့ US မှ US ဆိုသူတွေကတော့ တီချယ်တို့လောလောဆယ် ဘာမှမတတ်နိုင်တဲ့အခြေနေမို့ သတင်းကြည့်ပီး စောင့်ရုံအပြင်မရှိပါဖူးလို့ပဲ ပြောပါရစေရှင် 😒

1st Option ✅
တီချယ်ရေ US က ဘယ်အချိန်ပြန်ဖွင့်မှာလဲ မသိတဲ့အတွက် မစောင့်ချင်တော့ဖူး တခြား English Speaking နိုင်ငံတခုခုကိုကျောင်းသွားတက်ချင်တယ် ဒါပေမဲ့ IELTS ကလည်း မဖြေချင်ဖူး Duolingo နဲ့ PTE လောက်ပဲ မြန်မြန်လုပ်ပီး မြန်မြန်သွားချင်တဲ့သူတွေကတော့ Canada/ UK/Australia/ New Zealand တို့ရှိပါတယ် (မကောင်းတာတစ်ခုက နိုင်ငံ 4 ခုလုံးက ကျောင်းလခရော living expenses ရော တအားမြင့်ပီး လောလောဆယ်မှာ UK နဲ့ New Zealand က လွဲရင် Visa ရနိုင်ခြေက နည်းပါတယ်)

2nd Option ✅
တီချယ်ရေ ရတယ် ကျွန်တော်ကျွန်မတို့က IELTS လုပ်နိုင်တယ်ဆိုတဲ့သူတွေအတွက်ကတော့ Europe ထဲက နိုင်ငံတွေကို စဉ်းစားလို့ရပါတယ် လက်ရှိထိ တီချယ်သိရသလောက် Europe ထဲမှာ international students တွေကြားထဲမှာ ရေပန်းစားနေတဲ့ နိုင်ငံတွေကတော့ Germany/France/ Netherlands/Finland (ဒီနေရာမှာက တီချယ်ကိုယ်တိုင်လည်း Europe နဲ့က အလှမ်းဝေးတဲ့အတွက် Europe ဘက်စဉ်းစားရင်တော့ တီချယ် mentioned လုပ်ထားတဲ့ နိုင်ငံတွေအပြင် တခြားနိုင်ငံတွေပါ ကိုယ့်ဘာသာ research လုပ်သင့်ပါတယ်နော်) (Europe မှာ ကျောင်းတက်ရင်ကောင်းတာတစ်ခုက ကျောင်းလခက စျေးသိပ်မကြီးတာရယ် လက်ရှိအချိန်ထိတော့ Visa လည်း အရမ်းမခက်သေးတာပါပဲ၊ မကောင်းတာကတော့ ကျောင်းလခ စျေးသက်သာပေမဲ့ living expenses က စျေးကြီးပါတယ်၊ တစ်ဖက်မှာလည်းကိုယ်က ကျောင်းတက်ရင် English track နဲ့ တက်ပေမဲ့ part-time လုပ်ဖို့ ကျောင်းပီးအလုပ်ရဖို့ daily life မှာ အဆင်ပြေချောမွေ့ဖို့ဆိုရင်က ကိုယ်ရွေးချယ်လိုက်တဲ့နိုင်ငံရဲ့ ဘာသာစကားကိုပြောနိုင်မှ အဆင်ပြေမှာဖြစ်တဲ့အတွက် language ထပ်သင်ရမယ် language မရခင်စပ်ကြားမှာ ကြုံရမဲ့ အခက်ခဲလေးတွေပါ ကြိုပြင်ဆင်ထားဖို့လိုပါတယ်)

အခုကတော့ စာရှည်ပီမို့ ဒီလောက်နဲ့ရပ်လိုက်ပီး နောက်ပိုစ့်ကြရင် ကျောင်းလျှောက်တဲ့အခါ နိုင်ငံရွေးတဲ့အခါ ဘာတွေစဉ်းစားသင့်တယ် ဆိုတာလေးတွေပါ sharing လုပ်ပေးပါမယ်
သွားချင်တဲ့နိုင်ငံတွေကို အမြန်ဆုံး သွားရပါစေရှင် good luck ☘️

Hello dears,Good Evening! အားလုံးပဲ နှစ်သစ်မှာ စိတ်၏ ချမ်းသာခြင်း ကိုယ်၏ကျန်းမာခြင်းတွေနဲ့ ပြည့်စုံပီး ဖြေသမျှ စာမေးပွဲတ...
07/01/2025

Hello dears,
Good Evening!

အားလုံးပဲ နှစ်သစ်မှာ စိတ်၏ ချမ်းသာခြင်း ကိုယ်၏ကျန်းမာခြင်းတွေနဲ့ ပြည့်စုံပီး ဖြေသမျှ စာမေးပွဲတွေမှာ လိုချင်တဲ့ အမှတ်တွေ ရကြပါစေရှင် ☺️🍀

ဒီနေ့ကတော့ sharing လုပ်ပေးတာမျိုး မဟုတ်ပဲ တီချယ်ရဲ့ old students လေးတွေကို congratulations လုပ်ပေးတဲ့ post လေးပါ🥳

အခုလိုမျိုး အမှတ်ကောင်းကောင်းလေးတွေရဖို့ဆိုရင် students လေးတွေမှာ General English အခြေခံကောင်းကောင်းလေးတွေရှိဖို့က အရေးအကြီးဆုံးဖြစ်ပြီးတော့ တီချယ်နဲ့ စာသင်နေစဉ်ကာလအတွင်း သေချာကြိုးစားပီး စာလိုက်လုပ်ဖို့လိုပါတယ်ရှင်

တီချယ် students လေးတွေလိုမျိုး အမှတ်ကောင်းကောင်းလေးတွေရချင်တယ်ဆိုရင်တော့ တီချယ်က page စဖွင့်ကတည်းက promise ပေးထားတဲ့အတိုင်း တီချယ်ရဲ့ page လေးမှာ မကြာခဏ CSR (Corporate Social Responsibility) activity တစ်ခုအဖြစ် ပညာဒါန class လေး မကြာခင် 1st batch ကို စတင်ဖွင့်တော့မှာမို့ တီချယ်နဲ့ စာအတူတူ လုပ်ချင်တဲ့ သူလေးတွေရှိရင် page ကို like & follow လေးလုပ်ပီး စောင့်ပေးနော် 😊

Yayyy! Congratulations once again to all my dears! I am so proud of each and every one of you. Always remember, Tchel misses you so much and is cheering for your success from the bottom of my heart. 🤍🍀

Hello dears, Good Evening! တီချယ် ဒီနေ့ sharing လုပ်ပေးချင်တာလေးကတော့ students တွေ အမေးအများဆုံးဖြစ်တဲ့ Test score (တစ်န...
23/12/2024

Hello dears,
Good Evening!
တီချယ် ဒီနေ့ sharing လုပ်ပေးချင်တာလေးကတော့ students တွေ အမေးအများဆုံးဖြစ်တဲ့
Test score (တစ်နည်းအားဖြင့် desired score နဲ့ ပတ်သက်တာလေးတွေကို sharing လုပ်ပေးပါမယ်)

1. General English ဘယ်လောက် level ရှိရင် Duolingo ကို စလုပ်လို့ရလဲ?
ဒီမေးခွန်းနဲ့ ပတ်သက်ပြီး အရှင်းဆုံးဖြေပေးရမယ်ဆိုရင် Duolingo test ဖြေဖို့ အနိမ့်ဆုံး ရှိရမည့် level ရယ်ဆိုပီး သတ်မှတ်ထားတာမရှိပါဖူး၊အဲ့အတွက် ကိုယ့်မှာ ဘယ် level ပဲ ရှိရှိ Duolingo test ဖြေဖို့ စတင်လေ့လာလို့ရပါတယ်

2. General English ကတော့ Elementary ပဲ ရှိတော့ desired score က 120 ရနိုင်လား?
ဒီမေးခွန်းကတော့ Definitely No ပါ၊ Elementary ပဲ ရှိတာမှန်ရင် သိကြားမင်းဆင်းသင်လည်း 120 မရပါဖူး၊ 120 ရမှကို ဖြစ်မှာဆိုရင်တော့ General English ကို အနည်းဆုံး Upper Intermediate အထိရောက်အောင်လုပ်ပီးမှ Duolingo ကို ဖြေဖို့အကြံပေးပါရစေ ၊ False hope ကြီးနဲ့ 120 ရနိုး ရနိုးနဲ့ ဖြေနေရင် အချိန်တွေရော ငွေတွေရော ကုန်တာပဲ အဖတ်တင်ပါတယ်

3. General English ကို ဘာလို့ အရင်လုပ်သင့်တာလဲ?
Duolingo Test ကလည်း one of the academic tests တစ်ခုဖြစ်တဲ့အတွက် အခြား academic tests တွေဖြစ်တဲ့ IELTS/ TOEFL / PTE တို့လိုပဲ Reading/ Listening/ Writing/ Speaking ဆိုတဲ့ four skills လုံးကို စစ်တဲ့ စာမေးပွဲဖြစ်တဲ့ အတွက် ကိုယ့်မှာ Reading ဖတ်ဖို့ Listening နားထောင်ဖို့ လိုအပ်တဲ့ General English Level မရှိရင် မရနိုင် သလို Elementary level နဲ့ Writing and Speaking စလုပ်ဖို့ ဆိုတာလည်း အတော်လေး ခက်ခဲပါလိမ့်မယ်

4. ကိုယ်လိုချင်တဲ့ desired score ရဖို့ ဘယ် level လောက်ရှိထားရင် အဆင်ပြေဆုံးလဲ တီချယ်?
ဒါကတော့ တစ်ယောက်နဲ့ တစ်ယောက် ရှိနေတဲ့ level တွေ မတူတာဖြစ်သလို လိုချင်တဲ့ desired score တွေလည်း မတူတာဖြစ်တဲ့အတွက် Duolingo Test ရဲ့ Official Website မှာ ပြပေးထားတဲ့ ဘယ်လောက် level ဆို ဘယ်လောက်အမှတ်ရနိုင်ပါတယ်ဆိုတဲ့ chart လေးကိုထည့်ပေးထားတာဖြစ်လို့ ကိုယ်လက်ရှိ ရှိနေတဲ့ level နဲ့ ရနိုင်တဲ့ အမှတ်ကို အကြမ်းဖျင်း တွက်ကြည့်လို့ရပါတယ် (ဒီနေရာမှာ exactly ဆိုတာထက် estimated လို့ပဲ သုံးနှုန်းပါရစေ ကိုယ့်ရဲ့ကြိုးစားမှုပေါ်မူတည်ပီး အမှတ်က အနည်းအများတော့ အနည်းငယ်ကွာခြားတတ်လို့ပါ)

5. ကျွန်တော်၊ ကျွန်မက စာနဲ့ ဝေးနေတာဖြစ်တဲ့အတွက် General English က ဘယ် Level ရှိနေမှန်း မသိလို့ ဘယ်လိုလုပ်ရမလဲ?
ဒီ Website Links တွေကနေ ဝင်စစ်ကြည့်လို့ရပါတယ် ၊ ကိုယ်ရှိနေတဲ့ level နဲ့ အနီးစပ်ဆုံးကို ပြပေးပါလိမ့်မယ်

https://learnenglish.britishcouncil.org/online-english-level-test (British Council Online English Level Test)
https://www.cambridgeenglish.org/test-your-english/ (Cambridge English Language Assessment)
https://www.englishscore.com/ (British Council- English Score> App ကို ကိုယ့်ဖုန်းမှာ download ဆွဲပြီးမှ ဖြေလို့ရပါမယ်)

အခုလောက်ဆို test score နဲ့ပတ်သက်တာလေးတွေလည်း သိလောက်ပြီလို့ မျှော်လင့်ပါတယ်ရှင် တီချယ်လည်း စာတော်တော်ရှည်သွားပီမို့ ဒီမှာပဲ ရပ်လိုက်ပါတော့မယ်နော် တစ်ခြားသိချင်တာရှိရင်လည်း comment or chat box မှာ မေးလို့ရပါတယ်ရှင်

Stay tuned for the next post!☺️

住所

Yokohama, Kanagawa

ウェブサイト

アラート

Stella’s Learning Hubがニュースとプロモを投稿した時に最初に知って当社にメールを送信する最初の人になりましょう。あなたのメールアドレスはその他の目的には使用されず、いつでもサブスクリプションを解除することができます。

ショートカット

  • 住所
  • アラート

共有する

カテゴリー