Japanese

Japanese Japanese, 教育, Yokohamaの連絡先情報、マップ、方向、お問い合わせフォーム、営業時間、サービス、評価、写真、動画、お知らせ。

30/09/2025

အသက်30 ဂျပန်လူမျိုးတစ်ယောက်ရဲ့စုငွေ

30/09/2025

こころのとも❤️(နှလုံးတားအဖော်)

30/09/2025

ဂျပန်လူမျိုးတွေ ဘယ်လိုချမ်းသာကြသလဲ?
လျှ်ု့ဝှက်နည်း (၅)သွယ်

もっと がんばって  行く,
05/07/2023

もっと がんばって 行く,

16/09/2022

✅ဂျပန်ရောက်မြန်မာများဖြစ်ပြီး အခြေအနေကြောင့် မြန်မာနိုင်ငံကို မပြန်ပဲ とくていかつどう၆လ သို့ ၁ နှစ် ဗီဇာနဲ့ နေထိုင်အလုပ်လုပ်နေသူများအတွက် အချိန်ပိုအပါအဝင် 💪ကြိုးစားလုပ်ကိုင်မယ်ဆိုရင် တစ်လကို 💴သောင်း ၃၀ လောက်ရနိုင်တဲ့ 🚗ကားစက်ရုံအလုပ်🚗

ခုခေတ်စားနေတဲ့ とくていかつどう သမားအတွက် ဂျပန်မှာ ရှိနေတုန်း အတတ်နိုင်ဆုံး ငွေရှာပြီး ပိုက်ဆံစုဖို့ အသင့်တော်ဆုံးနေရာပါ။

😀ဝန်ဆောင်ခ အခမဲ့
👨‍🦰လစဉ် ၁၀ ယောက် အလိုရှိတယ်။ သူငယ်ချင်းနဲ့ အတူတူပြောင်းမယ်၊ အမျိုးသမီးနဲ့ အတူတူပြောင်းလုပ်မယ်ဆိုရင်လည်းလက်ခံပါတယ်။

✅ဂျပန်ရောက်မြန်မာများဖြစ်ပြီး မည်သည့်လုပ်ငန်းမဆို အချိန်အပြည့်အလုပ်လုပ်ကိုင်နေတဲ့ ဗီဇာရှိသူဖြစ်ရမယ်( တိုခုတဲခဆုဒိုဗီဇာ(အချိန်ပြည့်)/နန်းမင်း အချိန်ပြည့်သမားများ)

🗾အလုပ်နေရာ
အိုအီတာခရိုင် နာခါဆူမြို့နယ်

⏱အလုပ်အချိန်
မနက်ဆိုင်း ၆း၃၀ - ၁၅း၀၀
ညဆိုင်း ၁၈း၀၀-၂း၄၀

💴လုပ်အားခ
တစ်နာရီကို ယန်း ၁၃၅၀
အချိန်ပိုဆင်းရင် တစ်နာရီကို ယန်း ၁၆၈၀
ညဆိုင်း ည ၁၀နာရီနောက်ပိုင်း ယန်း ၁၆၈၀

💴ဆုကြေး
လုပ်သက် ၁ နှစ်ခွဲရှိသူအား ၁၅သောင်း နောက်ပိုင်း ၆ လတိုင် ယန်း ၁၅ သောင်း

🏘အဆောင်
အဆောင်စီစဉ်ပေးပါမယ်။ တစ်ယောက်ခန်း အတွက် တစ်လ ယန်း ၂၀၀၀၀ ၊ နှစ်ယောက်တစ်ခန်းနေမယဆိုရင် ယန်း ၁၀၀၀၀
အိမ်ပြောင်းဖို့ ကုမ္ပဏီမှာ လမ်းစာရိတ် အများဆုံး ၂၅၀၀၀အထိ ကျခံပေးပါမယ်။

ဤအလုပ်လျှောက်မယ်ဆိုပါက ဂျပန်ကြီးကို CBကနေ ဆက်သွယ်ပါ။ ဆက်သွယ်တဲ့အခါ နာမည် ဗီဇာအမျိုးအစား ဆက်သွယ်ရန်ဖုန်းနံပါတ် ကိုပြောပြပေးပါ။

ဖုန်းဖြင့် တိုက်ရိုက်မေးမြန်းလိုပါက 0345007385 ကို ဖုန်းဆက်မေးမြန်းနိုင်ပါတယ်

✨✨✨✨✨✨✨
FAQ
🎤အခု အလုပ်ခေါ်စာ တင်တဲ့လူများနေတယ်။ ဘယ်သူကို ယုံရမှန်းမသိဘူး။ အလုပ်မိတ်ဆက်ခပေးရပြီး အလိမ်ခံရမှာကို စိုးရိမ်းနေတယ်။ ဂျပန်ကြီးက တရားဝင်အလုပ်ကို မိတ်ဆက်ပေးနေသလား။
🧓ဟုတ်ကဲ့ ဂျပန်ကြီးက ဂျပန်လူမျိုးမို့လို့ ဂျပန်နိုင်ငံရဲ့ ဥပဒေအတိုင် တရားဝင် အလုပ်ကို မိတ်ဆက်ပေးနေတာမို့ စိတ်ချရပါတယ်။ ဂျပန်ကြီး ဦးဆောင်တဲ့ အောင်ကုမ္ပဏီသည် ဂျပန်နိုင်ငံ ကျန်းမာရေးနှင့်အလုပ်သမားဝန်ကြီးဌာနမှ တရားဝင် အလုပ်အကိုင်ရှာဖွေရေးလုပ်ငန်းလိုင်စင်ရထားသည့် ကုမ္ပဏီဖြစ်ပါတယ်။ ဂျပန်နိုင်ငံမှာ တရားဝင်အလုပ်ကို မိတ်ဆက်တဲ့အခါ အလုပ်ကို ရှာနေသူဘက်ကနေ အကျိုးဆောင်ခယူလို့မရပါဘူး။

🎤ဆရာ ဘယ်သူကို မေးမေး ကျွန်တော် တရားမဝင်လုပ်နေပါတယ်လို့ ပြောမယ့်လူမရှိပါဘူး။
ဂျပန်ကြီးက တကယ် တရားဝင်လုပ်နေတယ်ဆိုတာ ဘယ်လို သက်သေပြနိုင်သလဲ။
🧓ဂျပန်နိုင်ငံမှာ အလုပ်အကိုင်ကို တရားဝင်မိတ်ဆက်ပေးနေတဲ့ကုမ္ပဏီစာရင်းကို ဂျပန်အစိုးရ ဝက်ဘ်ဆိုက်မှာ လေ့လာနိုင်ပါတယ်။

https://jinzai.hellowork.mhlw.go.jp/JinzaiWeb/GICB101010.do?action=transition&screenId=GICB101010¶ms=1

ဒီဆိုက်ထဲဝင်ပြီး ဂျပန်ကြီး ဦးဆောင်တဲ့ အောင်ကုမ္ပဏီကို လိုင်စင်နံပါတ် 13ーユー312593နဲ့ ရှာမယ်ဆိုရင် အောင်ကုမ္ပဏီက တကယ် တရားဝင်အလုပ်ကို မိတ်ဆက်ပေးနေတာကို တွေ့ပါလိမ့်မယ်။ တစ်ခြား အလုပ်အကိုင်ရှာဖွေရေးအေဂျင့်လည်း လိုင်စင်နံပါတ်နဲ့ ရှာလို့ရတယ်။ စိတ်ပူတယ်ဆိုရင် ကိုယ့်ကိုယ်တိုင်လင့်ထဲဝင်ပြီး ရှာကြည့်ပါ။

🎤တရားဝင်လုပ်နေတယ်ဆိုတာ သဘောပေါက်ပါပြီ။ အောင်ကုမ္ပဏီမှာ ဘယ်သူက အလုပ်အကိုင်မိတ်ဆက်ပေးတာကို တာဝန်ယူနေသလဲ။
🧓အောင်ကုမ္ပဏီမှာ ဂျပန်ကြီးကိုယ်တိုင် အလုပ်မိတ်ဆက်ပေးတာကို တာဝန်ယူဆောင်ရွက်ပေးနေပါတယ်။ ဂျပန်ကြီးလည်း သင်တန်းတက်ပြီး အလုပ်အကိုင်မိတ်ဆက်ရေးတာဝန်ခံလက်မှတ်ကို ရယူထားပါတယ်။

職業紹介責任者 細川隆憲
電話 03-4500-7385

🎤ဂျပန်ကြီးဆီမှာ လက်ရှိ ရှိတဲ့အလုပ်ကို ဘယ်မှာလေ့လာနိုင်သလဲ။
🧓အောင်ကုမ္ပဏီအနေနဲ့ လက်ရှိရှိတဲ့အလုပ်ခေါ်စာများကို ဂျပန်ကြီး ဝက်ဘ်ဆိုက်မှာ တင်ပေးထားပါတယ်။ စိတ်ဝင်စားတယ်ဆိုရင် အောက်က လင့်ကနေ ဝင်လေ့လောနိုင်ပါတယ်။
https://www.japangyi.com/work/

🎤အလုပ်ခေါ်စာမှာ မပါတဲ့အလုပ်ကိုလည်း ရှာပေးသလား
🧓ဟုတ်ကဲ့ ရှာပေးပါတယ်။ အလုပ်အသစ်ရှာချင်တယ်ဆိုရင် ဂျပန်ကြီးကို ဆက်သွယ်နိုင်ပါတယ်။

🎤ဂျပန်ကြီးက နိုတြီဘာသာပြန်ပေးသလား။
🧓ဟုတ်ကဲ့ ဂျပန်နိုင်ငံအစိုးရရုံးကို တင်မယ့်စာရွက်စာတမ်းဆိုရင် မြန်မာဘာသာနဲ့ အင်္ဂလိပ်ဘာသာကနေ ဂျပန်ဘာသာကို ဘာသာပြန်ပေးနေပါတယ်။ အခွန်သက်သာခွင့်လျှောက်ဖို့ အိမ်ထောင်စုစာရင်း၊ ဗီဇာအတွက် ဘွဲ့လက်မှတ်၊ လက်ထပ်ဖို့ လက်ထပ်စာချုပ်၊ ယာဉ်မောင်းလိုင်စင်အတွက် ထောက်ခံစာ၊ စာရွက်စာတမ်းမျိုးစုံကို ဘာသာပြန်ပေးနေပါတယ်။

15/09/2022

🛑 Up to date: PJ / PV passport ကိုင်ဆောင်ထားသူများ မြန်မာနိုင်ငံလေဆိပ်မှ ထွက်ခွါခွင့်အကြောင်း
_______________________________________________________________________________________

{ ♨️Hot ဖြစ်နေတဲ့ သတင်း }

🔘 Passport ကို PV အမျိုးအစား ကိုင်ဆောင်ထားသူတွေ လေဆိပ်မှာ ထွက်ခွင့်ပိတ်လိုက်တာလား...?
🔘 PJ တွေ ထွက်မရဘူး (သို့) ထွက်ဖို့မလွယ်ဘူးလား...?

------------------------------------

[❗️Information အမှန် ]

📕If you are PV type passport holder :

PV = passport for Visit
အလည်အပတ်သီးသန့် သတ်မှတ် ထုတ်ပေးထားတဲ့ passport ဖြစ်ပါတယ်၊
အရင်ကတော့ ဒီအမျိုးအစားနဲ့ အလုပ်ဗီဇာနဲ့ နေလို့ ရကောင်းရခဲ့ပါမယ်၊
အခုက rules တိုင်း အတိအကျသတ်မှတ်တဲ့အခါ မရတော့တာပါ၊
visit အမျိုးအစား passport ကိုင်ထားသူသည် မည်သည့်နိုင်ငံမဆို
only for visit သွားရောက်လည်ပတ်ရုံသာ ခွင့်ပြုပါတော့တယ်။

-------------------

🟩 PV passport ဖြင့် Visitor အဖြစ်အလည်သွားတဲ့သူများ
မြန်မာလေဆိပ်မှ ထွက်ခွါခွင့်ရရန် လိုအပ်သည့်စာရင်း👇

✅ Flight ticket ✈️ two way (အသွားအပြန်)
✅ မြန်မာနိူင်ငံသား မှတ်ပုံတင်
✅ Hotel Booking
✅ Show Money ($500 or ထိုင်း B20000 ကို
cash in hand ငွေသား လက်ဝယ်ပြရပါမယ် ဘဏ်အကောင့်မရပါ)

အဆိုပါ documentation (၄) မျိုး မပြည့်စုံရင် မြန်မာနိုင်ငံက ထွက်ခွါခွင့် မရပါဘူး… ❌

------------------------

📕If you are PJ type passport holder :

PJ = Passport for Job
ပြည်ပနိုင်ငံများမှာ အလုပ်သွားရောက်လုပ်ကိုင်ဖို့ ထုတ်ပေးထားတဲ့ နိုင်ငံကူးလက်မှတ်အမျိုးအစားဖြစ်ပါတယ်၊
ဒါကြောင့် Visitor passport များ
Job Visa ဖြင့်သွား၍မရပါ ❌

PV passport ကိုင်ဆောင်ထားပြီး job visa (non-B / non-LA) စသဖြင့် တစ်ခုခု ဖြစ်နေတယ်၊
မြန်မာနိုင်ငံက ထွက်ခွါခွင့် မရပါဘူး… ❌

👉 Job Visa သမားများ PJ type ကို ပြောင်း၍ အခွန် ဆောင်ထားကြောင်း ပြနိုင်မှသာ
မြန်မာနိုင်ငံက ထွက်ခွါခွင့် ရပါလိမ့်မယ် .. 💯✔️

PV with work visa မြန်မာနိုင်ငံ အလည်ပြန်လာလိုပါက ဆောင်ရွက်ရမည့် အချက်များ
✅ မိမိရောက်ရှိရာ နိုင်ငံ သံရုံးမှာ PV to PJ ပြောင်းပါ
✅ အခွန်ဆောင်ခဲ့ပါ
✅ Owic card မရှိသေးပါက မြန်မာနိူင်ငံ ရောက်ရောက်ခြင်းလျှောက်ပါ။

PJ passport နှင့် work visa ရှိသူများကို OWIC card + မိမိအလုပ်အတွက်
အခွန်ဆောင်ထားရင် လေဆိပ်မှ ထွက်ခွါခွင့်ပြုပါတယ် ✅

PJ (Job passport) အသစ်များ သို့ PJ ကိုင်ထားပြီး နိုင်ငံခြားအလုပ် မရှိဖူးသေးသူများကတော့
နိုင်ငံခြားမှ အလုပ်ခေါ်စာဖြင့် တရားဝင်
OWIC ကဒ်ကိုင်ဆောင်ထားပြီး လေဆိပ်မှာ ပြနိုင်ရင်ရပါတယ်… ✅

PJ ဖြင့် ကျောင်းသွားတက်မည့်သူများ 👇
__________________________________

👉 ရန်ကုန်ထိုင်းသံရုံးမှာ Student Visa ရရှိပြီး၍ passports ထဲ non-immigrant visa ဖြင့် ကျောင်းသွားတက်သူများ ကျောင်းနဲ့ဆိုင်တဲ့ စာရွက်စာတမ်းတွေလိုပါတယ် ✅

👉 PJ နှင့် Ed visa သမားဖြင့် ထိုင်းနိုင်ငံမှာ လက်ရှိနေထိုင်သူများကတော့ ခုထိတော့ ဘာမှ မကြားသေးပါ၊
ဖြစ်နိုင်ရင်တော့ Education visa ရှိနေပါက PE type ပြောင်းသင့်ပါတယ်၊

Nothing is 100% certain ပါ။

📕If you are seaman with PS type passport:

PS = Passport for Seaman
သင်္ဘောသားတွေကတွေကတော့ အရင်လိုပဲ ထွက်စာ DO ပါရင်ရပါတယ် ✅

______________________________________________________________________________________________.................................................................................................................................................................

🇲🇲 ကျောင်းသား Visa ပတ်စပို့က PV or PE ဖြစ်နေဖို့လိုပါတယ် 🇰🇷

______________________________________________________________________________________________.................................................................................................................................................................

🛑 PV/ PJ passport ကိုင်ဆောင်ထားသူများ ပြည်ပထွက်ခွါခွင့်ဆိုင်ရာ အမေးများသော မေးခွန်းများ 🛑
_______________________________________________________________________________________

🤔 Passport အသစ်လုပ်မလို့ ဘာအမျိုးအစားလုပ်ရမလဲ ?

အဖြေ:👇
ရကိုရမယ့် အလုပ်နှင့် တရားဝင်အလုပ်ခေါ်စာ ရဖို့မရှိသေးဘူးဆိုပါက
လူတိုင်းလုပ်ဖို့ အသင့်တော်ဆုံး passport အမျိုးအစားက PV ပဲဖြစ်ပါတယ်၊
နိုင်ငံကူးလက်မှတ် အသုံးပြုတဲ့ အများဆုံး အကြောင်းပြချက်က ပြည်ပကို အလည်အပတ်သွားဖို့ (သို့) ပြည်ပသို့ ကျောင်းသွားတက်ဖို့ အတွက်ပဲ ဖြစ်တာမို့ PV passport အမျိုးအစားက အကောင်းဆုံးပဲ ဖြစ်ပါတယ်။

PE PJ PS PT စသည့် အခြား အမျိုးအစားများက visa ရပြီးမှသာ
မိမိကိုယ်တိုင် passport type အပြောင်းလျှောက်ခြင်း၊ သို့ passport သက်တမ်းတိုးသည့်အချိန်တွင်
passport type ပြောင်းသွားခြင်း ဖြင့် ရရှိနိုင်ပါတယ်။

----------------

🤔 PV နဲ့ ပြည်ပထွက်လို့ ရသေးရဲ့လား ?

အဖြေ:👇
အလည်အပတ်အတွက်က ရပါတယ်။ အလုပ်အတွက်တော့ မရပါ၊
အလုပ်ဗီဇာရှိနေပါကလည်း မရပါ၊

PV က Passport for Visit အလည် passport အမျိုးအစားဖြစ်ပါတယ်၊
ဒါကြောင့် အလည်အတွက်ဆို Visa on arrival ခေါ် free visa နဲ့ဆို ၁၄ ရက်၊
ထိုင်းသံရုံးမှာ visa ဝင်သွားမယ်ဆို နှစ်လ အလည်အပတ် သွားလို့ ရပါတယ်။

*** လိုအပ်တဲ့ Basic requirements တွေတော့ ပြည့်စုံရပါမယ်။ အသွားအပြန်လက်မှတ်၊ ဟိုတယ် booking အပြည့်အစုံ၊ show money usd 500 သို့ ဘတ် ၂၀၀၀၀ အနဲဆုံး ဆောင်သွားရပါမယ်။

--------------

🤔 Show Money က ဘဏ်ပြလို့မရဘူးလား ?

အဖြေ:👇
မရပါဘူး။
show money သည် ငွေသားဖြစ်ရပါတယ်၊
ထိုင်းပြည်တွင်းမှာ လည်ပတ်တဲ့အခါ သုံးဖို့ပိုက်ဆံပါကြောင်း ပြခိုင်းတာ ဖြစ်တဲ့အတွက် ငွေသားသာ ပြသရပါတယ်၊ မြန်မာငွေက လွဲလို့ any currency (ဘယ်နိုင်ငံပိုက်ဆံဖြစ်ြဖစ်) ကို ဘတ် ၂၀၀၀၀ နဲ့ ညီသော Amount ကို အနဲဆုံးထားပြီး ပြရပါတယ်။ များများပြလဲရပါတယ်။ 😁

--------------

🤔 show money က ပေါင်းပြလို့ရလား ?

အဖြေ:👇
မိသားစု တူတူသွားတာဆို အထူးသဖြင့် ကလေးတွေနဲ့ဆိူ ပေါင်းပြလို့ရပါတယ်၊
ကလေး တစ်ယောက်ဆို ဘတ် ၃၀၀၀၀၊ ၃၅၀၀၀ တူတူပါသွားရင် ကလေးနှစ်ယောက်နဲ့ဆို ဘတ် ၅၀၀၀၀ လောက်ပါသွားရင် အဆင်ပြေပါတယ်။ တစိမ်းတွေ ဆိုရင်တော့ ပေါင်းပြလို့မရပါဘူး။

------------

🤔 Tourist Visa နဲ့သွားမှာ ပြန်မဲ့ရက်က confirm မဖြစ်သေးဘူး။ Booking only ပဲ ပြလိူ့မရဘူးလား ?

အဖြေ:👇
အရင်က Tourist Visa ကို one way ticket လက်ခံပါတယ်၊
အခုက လက်ခံ လက်မခံက ၅၀-၅၀ ပါ၊
လက်မခံခဲ့ရင် ကောင်တာရှေ့ လက်မှတ် တန်းဝယ် ပြရပါမယ်၊
(အမြန် လက်မှတ်ဝယ်ဖို့ကတော့ မေ ကူညီ ဝန်ဆောင်ပေးလို့ရပါတယ် ***
but risk တော့ ယူထားလိုက်ရတာပေါ့နော်)

👉အကောင်းဆုံးက ရက်ပြောင်းလို့ရတဲ့ အပြန်လက်မှတ်ကို ဝယ်ထားတာပါပဲ၊
လိုအပ်ချက် မရှိတော့ဘူးပေါ့၊ ဟိုတယ် booking ကလဲ လိုပါတယ်၊
နောက်ပိုင်း trip အတွက် မသေချာသေးဘူး ဆိုရင် booking only ရပေမယ့် ရောက်ရောက်ခြင်းရက်တွေကတော့ paid booking ပြဖို့လိုပါလိမ့်မယ်။

---------------

🤔 Tourist visa ကို show money ပြရမှာလား ?

အဖြေ :👇
ဒါလဲ 50-50 ပါပဲ။
မေးချင်မေးမယ် မမေးချင် မမေးပါဘူး၊
14 days လိုတော့ မဖြစ်မနေ ၁၀၀% တော့ ပြရမယ်မရှိပါဘူး၊
အဖြေက safe ဖြစ်ချင်ရင် ယူသွားပါ၊
ရင်ခုန်ချင်ရင် ယူမသွားပါနဲ့ 😁

-----------------

🤔 သူငယ်ချင်းအိမ် အမျိုးအိမ်မှာ နေမှာ ဟိုတယ် booking ပဲလက်ခံတာလား ? အိမ်လိပ်စာ ပြောလို့မရဘူးလား ?

အဖြေ: 👇
အမျိုး/မိတ်ဆွေအိမ်တွင်တည်းမည်ဆိုပါက လိပ်စာ ပြောလို့ ပြလို့ရပါတယ်၊
သို့သော်စာရွက်စာတမ်းအပြည့်အစုံကိုတော့ တင်ပြဖို့လိုပါတယ်၊
မြန်မာ နှင့် ထိုင်း immigration counter နှစ်ခုလုံးမှာ ပြသဖို့ လိုတာလေးတွေက အလည်လာဖို့ ဖိတ်ခေါ်သူ၏အမည်၊ လိပ်စာ၊ ph no., English လို invitation letter တည်းခွင့်ပြုကြောင်းစာ၊ အိမ်/အခန်းပိုင်ဆိုင်/ငှာရန်းစာချုပ်မိတ္တူ အိမ်ရှင်ရဲ့ ထိုင်း ID တို့ ဖြစ်ပါသည်။

-----------------

🤔 PV အဟောင်း အရင်တုန်းက အလုပ်ခဲ့ဖူးတယ် မလုပ်တာလဲ ကြာလှပြီး အခွန်တွေလဲ မဆောင်ခဲ့ဖူးဘူး
ခုလဲ အလုပ်မရှိတာကြာပြီး အလည်ထွက်လို့ရလား ?

အဖြေ: 👇
ယခင်ကပြည်ပကိုကာလကြာမြင့်စွာထွက်ဖူးသော PV passport ဖြင့် ထွက်မည်ပါက လဝကအဝင်/အထွက်တုံးများကိုကြည့်၍ အလုပ်ထွက်လုပ်ဖူးကြောင်း သင်္ကာမကင်းအဖြစ်ခံရနိုင်ပြီးအထက်ပါစာရွက်စာတမ်းမျာ ပြည့်စုံသော်လည်း ထွက်ခွာခွင့်အပိတ်ခံရနိုင်ခြေရှိပါသည်။

----------------

🤔 PV နဲ့ အလုပ်လုပ်နေတာ ကြာပြီး မြန်မာပြည် ခဏ ပြန်လာလည်မလို့စီစဉ်ထားတယ် လာလို့ရမလား ?

အဖြေ : 👇
မိမိတိုင်းပြည်ဖြစ်တဲ့အတွက် ဘာ passport နဲ့နေနေ ဘာ ဗီဇာနဲ့နေနေ တရားဝင် ပြည်ပထွက်ခွါထားပါက အချိန်မရွေး ပြန်ဝင်လာလိူ့ ရပါတယ်။ တရားမဝင်
ထွက်ထားပါကတော့ အရေးယူခံရမှာပေါ့။

သို့သော် ခဏတဖြုတ် ပြန်လာမည်ဆိုပါက အောက်ပါလိုအပ်သည့်
အရာလေးများကို ဆောင်ရွက်လာကြစေလိုပါတယ်👇

📍Owic card ရှိရပါမယ် မရှိရင် ပြည်တွင်းရောက်တာနဲ့ လျောက်ရပါမယ်။ Owic card အတွက် လျောက်ထားချိန် ဘယ်လောက်ကြာမလဲ မိမိခွင့်သက်တမ်းနဲ့ ချိန်ဆဖို့လိုပါမယ်။

📍အခွန်ဆောင်ထားရပါမယ် ပြည်ပမှာ မြန်မာသံရုံးတွေမှာ ဆောင်လို့ရပါတယ်။ ဘယ်လောက်အတိအကျ ဆောင်ရမလဲကို သက်ဆိုင်ရာ ဝန်ထမ်းများထံ စုံစမ်းလို့ရပါတယ်။ Owic card ပြုလုပ်ဖို့ဆိုပါက အိမ်ပြန်ပို့သည် လစာ ၂၅% slip လဲ လိုအပ်သည်ဟု သိရှိရပါတယ်။ တာဝန်ရှိသည့် ရုံးဌာန (ပြည်ပတွင်ဖြစ်ပါက မြန်မာသံရုံး ပြည်တွင်းဖြစ်ပါက labor ရုံး သို့ မြောက်ဒဂုံ ပင်လုံခန်းမ စသဖြင့်) တွင် သေချာထပ်မံ စုံစမ်းစေလိုပါတယ်။

📍PV + အလုပ်ဆိုပါက ပြည်ပသို့ ပြန်လည်ထွက်ခွါလို့ မရပါဘူး။ ထို့ကြောင့် PJ ပြောင်းရပါမယ်။ အလုပ်ဗီဇာဖြင့် တရားဝင် အခွန်လဲ ဆောင်ထားပါက မိမိနေထိုင်ရာ ပြည်ပရှိ မြန်မာသံရုံးမှာ တရားဝင် passport type ကို PJ ပြောင်းခဲ့သင့်ပါတယ်။ ပြည်တွင်းမှာ long processing period (အနဲဆုံး ၃ လ ၄ လ ကြာမှာဖြစ်ပါတယ်)

📍pv မှ pj လဲ ဖြစ်သွားပြီး Owic card လဲရှိ အလုပ်လဲရှိ အခွန်လဲ ဆောင်ထားပါက
ရှင်းရှင်းလင်းလင်း ပြည်ပ ပြန်လည်ထွက်ခွါပီး အလုပ်ပြန်ဝင်လို့ရပါတယ်။

----------------

🤔 Owic Card ဆိုတာ ဘာလဲ?

အဖြေ: 👇
Oversea Worker Identification Card 🪪 ကိုခေါ်တာ ဖြစ်ပါတယ်၊
ပြည်ပအလုပ်လုပ်ကိုင်သူဖြစ်ပါက လက်ဝယ်ရှိနေရမည့် အလုပ်သမားကတ် ဖြစ်ပါတယ်။

----------

🤔 Owic card က အသက်အရွယ်မရွေး လျှောက်လို့ရတာလား ?

အဖြေ:👇
မရပါဘူး၊
အမျိုးသား အသက် ၂၃ နှစ် မှ ၃၂ နှစ် အတွင်းဖြစ်ပါက အလုပ်ခေါ်စာရှိနေပါသော်လည်း
Owic card မထုတ်ပေးပါဘူး၊
ထို့နောက် PJ ကိုင်ထားပြီး Owic မရှိတဲ့အတွက် ပြည်ပထွက်လို့လဲ မရပါဘူး။

--------------

🤔 PV နဲ့ကျောင်းတက်နေပါတယ်၊ မြန်မာနိုင်ငံ အလည်ပြန်လာလို့ ရပါသလား ?

အဖြေ👇 :
ကျောင်းသားက PV passport ဖြင့်အလည်အပတ်ပြန်လာလို့လဲ ရပါတယ်၊
Uni Ed visa သမားဖြစ်ပါက ကျောင်းသားကတ်ရှိရပါမယ်၊
ထိုင်းမှာ language school ဖြင့် Ed visa နှင့်နေပါက ကျောင်းရဲ့ acceptance letter ယူလာသင့်ပါတယ်၊
ပြန်အထွက် မြန်မာလေဆိပ်မှာ ပြရပါမယ် that’s all ပါ၊
ထိုင်း Ed visa ယူထားပြီး ပြန်လာမှာဆိုရင်တော့ ထိုင်းလေဆိပ်မှာ re entry တုံးထုလာဖို့ မမေ့နဲ့နော်
visa cancel မဖြစ်အောင်ပါ၊
📍အသွားအပြန်လေယာဥ် လက်မှတ်၊ show money, hotel booking ပြရန်မလိုပါ။

----------

🤔PV နဲ့ Ed visa / guardian visa စသဖြင့် မြန်မာနိုင်ငံမှာပဲ လျှောက်ထားပြီးထွက်မယ် အဆင်ပြေပါ့မလား?

အဖြေ:👇
အဆင်ပြေပါတယ်၊
PV passport မှာ visa sticker ရရှိပြီး ကျောင်းမှ ပို့လိုက်တဲ့ စာရွက်စာတမ်း အပြည့်အစုံကိုပါ
လေဆိပ်မှာ တင်ပြမယ်၊ အသွားလက်မှတ်လဲ ပါမယ်၊ သွားသွားချင်းနေဖို့ ဟိုတယ် Booking လဲရှိမယ်၊
show money တစ်ယောက် usd 500 သို့ ဘတ် နှစ်သောင်းပါ ပါသေးတယ်ဆို ဘာလိုသေးလဲပေါ့နော်၊
အဆင်ပြေပြေနဲ့ သွားလို့ရပါတယ်လို့နော်။

---------

>> PV နဲ့ Retirement visa နဲ့နေပါတယ်၊ သို့ Dependent Visa နဲ့နေ့ပါတယ်။ အလည်ပြန်လာလို့ရလား။ return ticket ရော ပြရဦးမှာလား?
အဖြေ: 👉 မြန်မာနိုင်ငံကို အလည်ပြန်လာလို့ ရပါတယ်၊
long term visa သမား ဖြစ်တဲ့အတွက် ပြန်အထွက်မှာ အသွားအပြန်လေယာဥ် လက်မှတ်၊
show money, hotel booking ပြရန်မလိုပါ။

…. PV….

-------------

🤔ပြည်ပနိုင်ငံများသို့သွားရောက်မည့် pj (job passport)ကိုင်ဆောင်ထားသူများအလည်အပတ်သွားလို့ရလား ?

အဖြေ :👇
PJ passport ရှိသူများ လက်ရှိအချိန်တွင်
အလည်အပတ်ဖြင့် ထွက်၍မရပါ။

📍ယခုမှအသစ်သွားရောက်မည့်သူများဖြစ်ပါကလည်း Owic+pj+offer letter လက်ဝယ်ရှိရမည်၊
📍အပြည့်အစုံရှိပါကလဲ အမျိုးသားအသက် 23 နှစ် မှ 32 နှစ် အတွင်းအသက်အပိုင်းအခြားများ
ကန့်သတ်ထားဆဲ ဖြစ်ပါတယ်။

--------------

🤔 PV ခွင့်ပြန်များ မြန်မာပြည် အလည်ပြန်လို့ အဆင်ပြေပါသလား ?

အဖြေ :👇
အဆင်ပြေပါတယ်၊
သက်တမ်းရှိ Owic Card ရှိပါက အဆင်ပြေပါတယ်၊
work permit ရှိပြီး valid passport နှင့် smart card (UID/EID) ရှိနေပါက ပြန်ထွက်လို့ရပါတယ်။

📍owicမရှိသေးသူများကတော့ ကဒ်လျှောက်ထားရန်လိုပါတယ်၊
အောက်ဖော်ပြပါအထောက်အထားများသည်ကဒ်လျှောက်ထားရန်မဖြစ်မနေလိုအပ်သည်👇
1. ခွင့်စာ
2. ပါမစ်
3. 25%ငွေလွှဲအထောက်အထား
4. 2%ဝင်ငွေခွန်ပေးဆောင်ပြီးကြောင်းပြေစာ

*အခွန်သည်မိမိတို့နေထိုင်ရာနိုင်ငံသံရုံးများတွင်
ဆောင်ခဲ့လို့ရသလို မြန်မာပြည်ရောက်မှ အခွန်ဆောင်လျှင်လည်းရသည်။

-------------

🤔 UID / EID ဆိုတာ ဘာလဲ?

အဖြေ :👇
Smart card ကိုခေါ်တာပါ
Smart card စမတ်ကဒ်ဆိုတာ လဝက လူဝင်မှုကြီးကြပ်ရေးက လက်ရှိကိုင်ဆောင်ထားသော
မိမိမှတ်ပုံတင်အစစ်အမှန်ဖြစ်ကြောင်းကို တစ်ဖန်ပြန်လည်စစ်ဆေးမှတ်ကျောက်တင်ထားသော
သက်သေခံကဒ်ပြားတစ်ခုပါ။

📍PV / PJ မည်သည် passport အမျိုးအစားဖြစ်စေ smart card နှင့် UID လိုပါတယ်၊
ပြည်ပမှ ပြန်လာပါက smart card ကို မြန်မာပြည်ကို ရောက်ရောက်ခြင်း ပြုလုပ်ပါ၊
မှတ်ပုံတင် သန်းခေါင်စာရင်းရှိပါက မိမိအဆင်ပြေရာ ခေတ္တနေထိုင်ရာ ရပ်ကွက် မြို့နယ်မှာ ပြုလုပ်လို့ရပါတယ်၊ မွေးရပ်မြေက နယ်ဖြစ်နေလို့ နယ်ပြန်မလုပ်လဲရပါတယ်၊
ပြည်တွင်း ပြည်ပ ခရီးသွားရန်
Owic card ပြုလုပ်ရန်
passport သက်တမ်းတိုးရန် အသစ်လျောက်ထားရန်
အကုန်လုံးမှာ smart card ကလိုအပ်ပါတယ်။

------------------

🛑မှတ်ချက် ။ ။
PV passport ကိုင်ဆောင်ထားသူများသည် အထက်ပါအထောက်အထားများတင်ပြနိုင်သည့်တိုင်
တာဝန်ကျ/တာဝန်ခံအရာရှိမှ ထိုသူအားအမှန်တကယ် အလည်အပတ်သွားရောက်ခြင်းဖြစ်ကြောင်း
မယုံကြည်လျှင် သို့တည်းမဟုတ် သံသယရှိလျှင် pass မပေးသည့် အခြေအနေရှိနိုင်ပါတယ်။

#အမျိုးသားများ အသက်အရွယ်ကန့်သတ်မှုသည် ဝန်ကြီးဌာနတည်မြဲအမိန့်ဖြစ်သဖြင့်
ယင်းအမိန့် မပယ်ဖျက်မချင်း ဘာမှလုပ်မရပါ
သည်းခံစောင့်ကြရုံသာ ရှိပါတယ်။

Crd;https://www.facebook.com/share/p/QUhTCbLo4KUaADJR/

🌸မေ 🌸




______________________________________________________________________________________________.................................................................................................................................................................

📣အခုတလောအမေးများနေတဲ့ PJ passport နဲ့မြန်မာနိုင်ငံကို အလည်ပြန်ရင် 🔁 ပြန်၀င်လိုရပါ့မလား...?

✅️PJ Passport ဆိုရင် OWIC card သက်တန်းရှိရမယ်
Passport သက်တန်း ၆လကျော် ကျန်သေးတယ်
ကိုရီးယားမှာ တရား၀င်နေထိုင်တဲ့ ID cardသက်တန်းရှိတယ်ဆိုရင်
မြန်မာကနေ 🔄 ကိုရီယားကိုပြန်လာလိုရပါတယ် အမျိုးတို့ရေ 🤗

🇰🇷ကိုရီးယား ကနေ 🔁 🇲🇲 မြန်မာ အလည်ပြန်မယ်ဆိုရင် ✈️

✅️1. Passport

✅️2. Air ticket

✅️3. ID card

✅️4. Owic card တွေသက်တမ်းရှိရင် ပြန်လို့ရပါတယ်၊
ကိုရီးယား ပြန်၀င်လာရင် Q code လဲ မလိုတော့ပါဘူး၊
Owic card သက်တမ်းရှိဖို့တော့ လိုပါတယ်...။

______________________________________________________________________________________________.................................................................................................................................................................

✅မြန်မာနိုင်ငံမှာ passport စုစုပေါင်း ၉ မျိုးရှိပါတယ်။

✅အလည်passport မှ အလည် Visa နှင့်သွားလို့ရပါမယ် ။

✅ကျန်passport ဆို သက်ဆိုင်ရာ ခွင့်ပြုချက် စာရွက်စာတမ်းတွေ လိုအပ်ပါလိမ့်မယ်။

1. PB = Business Passport.
ပြည်ပသို့စီးပွားရေး အရ သွားရောက်လုပ်ကိုင်မည့်နိုင်ငံသားများအားထုတ်ပေး

2. PT = Dependent Passport ပြည်ပတွင် အလုပ်လုပ်နေသော ခင်ပွန်း/ဇနီး နှင့် လိုက်ပါနေထိုင်သော မှီခို နိုင်ငံသားအားထုတ်ပေး

3. PJ = Job Passport ပြည်ပမှာ တရားဝင် အလုပ်လုပ်ကိုင်သော နိုင်ငံသားများ ကို ထုတ်ပေး

4. PR = Religirous Passport.
ပြည်ပသို့ သာသနာရေး ဘာသာရေးနှင့် ပတ်သတ်သော နိုင်ငံသားများအားထုတ်ပေး

5. PS = Seaman Passport.
ပြည်ပသို့ သဘောင်္သား ပင်လယ်ခရီးနှင့်ပတ်သတ်သောနိုင်ငံသားများအားထုတ်ပေး

6. PE = Student Passport.
ပြည်ပသို့ ကျောင်းသား ပညာတော်သင် နိုင်ငံသားများအား ထုတ်ပေး

7. PV = Visit Passport.
ပြည်ပသို့ အလည်အပတ် short visit ခရီးတို အလည်အပတ်နိုင်ငံသားများအားထုတ်ပေး

8. PD = Diplomatic Passport.
ပြည်ပသို့ သံတမန်ရေးရာ ကိစ္စရပ်များနှင့်ပတ်သတ်သောနိုင်ငံသားများအားထုတ်ပေး

9. PO = Official Passport.
ပြည်ပသို့ အရာရှိ နိုင်ငံတော်အရေးအရာနှင့်ပတ်သတ်သောနိုင်ငံသားများအားထုတ်ပေး

👉အထက်ပါ ပတ်စပို့တ် များကို အရောင်သုံးမျိုးခွဲခြားထားပါတယ်

1- အနီရောင်
နိုင်ငံသူ/သား သာမန် ပြည်သူလူထုအတွက်.

2- အပြာရောင်
နိုင်ငံရေး သံတမန်ကိစ္စနှင့် အပ်နှင်းခံရသူနိုင်ငံသားများအတွက်.

3- အစိမ်းရောင်
အစိုးရရုံး နိုင်ငံတော်အကြီးအကဲ အုပ်ချုပ်မှုပိုင်းဆိုင်ရာနိုင်ငံသားများအတွက် ဖြစ်ပါတယ်။

4-ပန်းရောင်
ယာယီနိုင်ငံကူးလက် မှတ်...

"နိုင်ငံကူးလက် မှတ် Passport အတိုသင်္ကေတ

PB -Passport for Business (စီးပွားရေးပတ်စ်ပို့)
PT -Passport for Dependent (မှီခိုပတ်စ်ပို့)
PJ -Passport for Job(အလုပ်အကိုင်ပတ်စ်ပို့)
PR -Passport for Religious (ဘာသာရေးပတ်စ်ပို့)
PS -Passport for Seaman (သင်္ဘောသားပတ်စ်ပို့)
PE -Passport for Student (ကျောင်းသားပတ်စ်ပို့)
PV -Passport for Visit (အလည်အပတ်ပတ်စ်ပို့)
PD -Passport for Diplomatic (သံတမန် ပတ်စ်ပို့)
PO -Passport for Official (အစိုးရဝန်ထမ်း ပတ်စ်ပို့)

👉 PD ပတ်စပို့သည် အပြာရောင်၊
👉PO ပတ်စပို့မှာ အစိမ်းရောင်ပါ။

Crd;အဆင်ပြေကြပါစေ 🇲🇲🇰🇷

24/08/2022

သားသားမီးမီးလေးတွေနှင့်ဂျပန်သီးချင်းဆိုပြီးဆော့ရအောင်

22/08/2022

住所

Yokohama, Kanagawa

電話番号

+959426919067

ウェブサイト

アラート

Japaneseがニュースとプロモを投稿した時に最初に知って当社にメールを送信する最初の人になりましょう。あなたのメールアドレスはその他の目的には使用されず、いつでもサブスクリプションを解除することができます。

ショートカット

共有する

カテゴリー