Aozora ဂျပန်စာ စာသင်ခန်း

Aozora ဂျပန်စာ စာသင်ခန်း Aozora ဂျပန်စာ စာသင်ခန်း, Mie, Yokkaichi-shiの連絡先情報、マップ、方向、お問い合わせフォーム、営業時間、サービス、評価、写真、動画、お知らせ。

၂၀၁၂မှာ ဂျပန်ရောက်ပြီး Phd in engineering ရထားပါတယ်။ အခု ကော်ပိုရိတ်မှာ JP-Eng technical interpreter လုပ်ပါတယ်။
၂၀၂၀ မှာ N1 အောင်ထားပါတယ်။
ဒိပေ့ချ်မှာ Japanese ပညာဒါန ပို့စ်တွေ ဂျပန်မှာ နေထိုင်တဲ့ lifestyle and tips တွေတင်ပါတယ်။ Aozora Page ကနေ ကြိုဆိုလိုက်ပါတယ်။ ဒီပေ့ချ်တည်ထောင်သူ ကျွန်မ အကြောင်းလေးကို မိတ်ဆက်ပါရစေ။ ကျွန်မက အခုလက်ရှိ ဂျပန်နိုင်ငံ မီအဲပြည်နယ် ယော့ကအိချိမြို့မှာ နေထိုင်နေပါတယ်။
ကျွန်မမှာ Career နှစ်ခုရှိပါတယ်။ IT and language ပါ။ ၂၀၀၈ ခုနှစ်မှာ ရန်ကုန်ကွန်ပျူတာ တက္ကသိုလ်ကနေ M.C.Tech (Distinction) မာစတာဘွဲ့ရရှိထားပါတယ်။ ရန်ကုန်ကွန်ပျူတာ တက္ကသိုလ်မှာ နည်းပြ၊ လက်ထောက်ကထိက များအဖြစ် ဆယ်နှစ် တာဝန်ထမ်းဆောင်ခဲ့ပါတယ်။ ၂၀၁၂ မှာ UCSY ကနေပဲ Ph.D (IT) ဘွဲ့ကို ရရှိပါတယ်။ ၂၀၁၂ မှာပဲ ကျွန်မ ဂျပန်ကို Monbugaksho Scholarship နဲ့ ရောက်လာခဲ့ပါတယ်။ Nagoya Institute of Technology မှာ လေးနှစ် သုတေသနလုပ်ခဲ့ပြီး ၂၀၁၆ မှာ Dr.Engineering ဘွဲ့ကို ယူခဲ့ပါတယ်။ ငယ်ငယ်တည်းက Language ကိုလည်း အရမ်းသဘောကျလို့ မိခင်ဘာသာ မြန်မာစာနဲ့ English မှာ ကျွန်မ အားစိုက်ဖြစ်ခဲ့ပါတယ်။ စာစီစာကုံးပြိုင်ပွဲတွေ စကားပြောပြိုင်ပွဲတွေ ဝင်လေ့ရှိခဲ့ပါတယ်။ English နဲ့ ပတ်သက်တဲ့ အမှတ်တရကတော့ ယခင် သိပ္ပံနှင့်နည်းပညာဝန်ကြီးဌာန English Speaking Contest ပြိုင်ပွဲမှာ ဝန်ကြီးဌာန အဆင့် တစ်နိုင်ငံလုံး ပထမ ရရှိခဲ့တာပါ။ ၂၀၁၂ မှာ ကျွန်မ ဂျပန်စာနဲ့ စထိတွေ့ဖြစ်ပါတယ်။ ဂျပန်မှာ နေခဲ့တဲ့ ကာလအတွင်း ဂျပန်စာနဲ့ ပတ်သက်ပြီး အမျိူးမျိုး လေ့လာရ ကျော်ဖြတ်ခဲ့ရပါတယ်။ N1 အောင်ထားပါတယ်။ နှစ်ပေါင်းများစွာ စာသင်လာတဲ့ အတွေ့အကြုံရော ဘာသာစကားနဲ့ ပတ်သက်ပြီး ကူညီချင် အလုပ်လုပ်ချင်တဲ့ စိတ်နဲ့ ကျွန်မ Aozora ကောင်းကင်ပြာ ပေ့ချ်လေးကို တည်ထောင်ဖြစ်တာပါ။ ဂျပန်စာတစ်ခုတည်းတင် မကပဲ Language Learning Tips တွေ Study Hacks တွေကိုပါ တင်ဆက်ပေးသွားဖို့ စိတ်ကူးထားပါတယ်။ ဘာသာစကားတွေကို စိတ်ဝင်စားလို့ ကျွန်မ လက်ရှိ ကိုရီးယားဘာသာနဲ့ စပိန်ဘာသာစကားတို့ကိုပါ ထပ်မံစတင်လေ့လာနေပါတယ်။

ဂျပန်စာလေ့လာနေသူတွေအတွက် "Kizana" (キザな) ဆိုတဲ့ အသုံးအနှုန်းလေးအကြောင်း ဗဟုသုတရနိုင်အောင်  ရေးပေးလိုက်ပါတယ်ရှင်။📢 ဂျပန်စာ...
05/04/2026

ဂျပန်စာလေ့လာနေသူတွေအတွက် "Kizana" (キザな) ဆိုတဲ့ အသုံးအနှုန်းလေးအကြောင်း ဗဟုသုတရနိုင်အောင် ရေးပေးလိုက်ပါတယ်ရှင်။

📢 ဂျပန်စာလေ့လာသူများအတွက် "Kizana" (キザな) ဆိုတာ ဘာလဲ?
ဂျပန်စကားပြောတွေ၊ Anime တွေထဲမှာ ခဏခဏကြားရတတ်တဲ့ "Kizana" (キザな) ဆိုတဲ့ ဒီစကားရဲ့ အဓိပ္ပာယ်ကို သိကြပါလား?

Kizana (気障な/キザな) ဆိုတာကို မြန်မာလို အနီးစပ်ဆုံး ဘာသာပြန်ရရင် "လေကြီးတဲ့သူ"၊ "လွန်စွာပဲများသူ"၊ "အပိုတွေလုပ်တဲ့သူ" လို့ ပြောလို့ရပါတယ်။

🤔 ဘယ်လိုလူမျိုးကို သုံးတာလဲ?
တကယ်တော့ သူက အကောင်းပြောတာထက် နည်းနည်းလှောင်တဲ့ သဘောမျိုး (သို့မဟုတ်) ကြည့်ရတာ တစ်မျိုးကြီးဖြစ်နေတဲ့ အခြေအနေမျိုးမှာ သုံးတာပါ။

အပိုတွေလုပ်တာ: ကိုယ့်ကိုယ်ကိုယ် ချောတယ်၊ မိုက်တယ်လို့ ထင်ပြီး မင်းသားရှုံးအောင် ဟန်ပန်လုပ်လွန်းတဲ့သူ။

စကားလုံးအကြီးကြီးတွေသုံးတာ: ရိုးရိုးပြောလို့ရတာကို အရမ်းချိုသာလွန်းတဲ့ စကားတွေ၊ ကဗျာဆန်လွန်းတဲ့ စကားတွေနဲ့ ပြောတတ်တဲ့သူ။

Cheesy ဖြစ်တာ: တစ်ဖက်လူက နားထောင်ရင်း မျက်နှာပူလာရလောက်အောင် အပိုတွေ ပြောတာမျိုးပေါ့။

💡 ဥပမာလေးတွေနဲ့ ကြည့်ရအောင်
Kizana serifu (キザなセリフ)

(အရမ်းအပိုဆန်တဲ့ စကားလုံးများ)

ဥပမာ - "မင်းရဲ့မျက်ဝန်းတွေက ကောင်းကင်က ကြယ်တွေထက်တောင် တောက်ပနေတယ်" လို့ ပြောတာမျိုးကို "Kizana serifu" လို့ ပြောကြပါတယ်။

Kizana yatsu (キザなやつ)

(ဟန်ပန်များတဲ့ကောင်)

ကိုယ့်ကိုယ်ကိုယ် စမတ်ကျတယ်ထင်ပြီး နေပူထဲမှာမဟုတ်ဘဲ မျက်မှန်အမည်းကြီးတပ်၊ စတိုင်လ်တွေ အလွန်အကျွံထုတ်နေတဲ့သူကို မြင်ရင် "Kizana yatsu da ne" လို့ နောက်ပြောင်နိုင်ပါတယ်။

⚠️ သတိထားဖို့က...
သူငယ်ချင်းအချင်းချင်း "မင်းကတော့ မင်းသားကြီးကျနေတာပဲ (ဟန်များလိုက်တာ)" လို့ စနောက်တဲ့အခါ သုံးလို့ရပေမယ့်၊ လူကြီးတွေကိုတော့ သွားမသုံးမိဖို့ သတိထားရပါမယ်နော်။

ဂျပန်စကားလုံးတွေမှာ အဘိဓာန်ထဲက အဓိပ္ပာယ်တင်မကဘဲ အပြင်မှာ ဘယ်လိုအခြေအနေမျိုးမှာ သုံးသလဲဆိုတာ သိထားတာက စကားပြောပိုပီသစေပါတယ်။

#ဂျပန်စာလေ့လာသူများအတွက်

ဒီနှစ်ခုနစ်လပိုင်းဂျပန် အွန်လိုင်းဖောင်တွေက N3 N4 ပိတ်သွားပြီနော်လေးလပိုင်း ခုနစ်ရက်နေ့ထိ တင်လို့ရတာကို ကျန်တဲ့ level တွ...
27/03/2026

ဒီနှစ်ခုနစ်လပိုင်းဂျပန် အွန်လိုင်းဖောင်တွေက N3 N4 ပိတ်သွားပြီနော်
လေးလပိုင်း ခုနစ်ရက်နေ့ထိ တင်လို့ရတာကို ကျန်တဲ့ level တွေပဲရတော့တယ်

ရှိဂက တနုကိတွေရှိတဲ့နေရာသွားကြတယ်ထမင်းကို ပေါင်းအိုးအကြီးကြီးတွေနဲ့ချက်လို့ အရသာရှိတယ်လို့ပြောတဲ့ဆိုင်မှာ တစ်နာရီတန်းစီခ...
23/03/2026

ရှိဂက တနုကိတွေရှိတဲ့နေရာသွားကြတယ်
ထမင်းကို ပေါင်းအိုးအကြီးကြီးတွေနဲ့ချက်လို့ အရသာရှိတယ်လို့ပြောတဲ့ဆိုင်မှာ တစ်နာရီတန်းစီခဲ့ရတယ်

27/02/2026

နွေဦးအတွက် ဖက်ရှင်တွေပြောင်းကြတော့မယ်ထင်တယ်နော်
ဆောင်းကုတ်ထူကြီးတွေသိမ်း
ပေါ့ပေါ့ပါးပါးလွင်လွင်လေးတွေ ဝတ်ကြမယ်ထင်တယ်
ကျွန်မကြည့်ဖြစ်နေတဲ့ ဂျပန်ဖက်ရှင် ဘလော့ဂါတစ်ယောက်က ညွှန်းတဲ့ Coca ဆိုတဲ့ app လေး down ဖြစ်တယ်
စျေးလေးတွေမဆိုးဘူးရယ်
ခုဆို spring wear လေးတွေ စျေးတန်တာလေးတွေရှိတယ် ကြည့်ကြည့်နော်

新年おめでとうございます。ကြံစည်ရာတွေ အောင်မြင်ပြီး ကျန်းမာခြင်း ချမ်းသာခြင်းတွေ ပြည့်စုံတဲ့နှစ်လေး ဖြစ်ကြပါစေနော် 😍😍😍
01/01/2026

新年おめでとうございます。
ကြံစည်ရာတွေ အောင်မြင်ပြီး ကျန်းမာခြင်း ချမ်းသာခြင်းတွေ ပြည့်စုံတဲ့နှစ်လေး ဖြစ်ကြပါစေနော်
😍😍😍

🦢 ငန်းဖြူကြီးရဲ့  မျက်နှာပြင်နှစ်ဘက် 🦢ဒီနေ့မှာတော့ ရှင်းကန်ဇန် N1 Reading Textbook ထဲက စာသားလေးတွေ ထပ်ဖတ်ကြည့်လေ့လာကြည့်...
30/12/2025

🦢 ငန်းဖြူကြီးရဲ့ မျက်နှာပြင်နှစ်ဘက် 🦢

ဒီနေ့မှာတော့ ရှင်းကန်ဇန် N1 Reading Textbook ထဲက စာသားလေးတွေ ထပ်ဖတ်ကြည့်လေ့လာကြည့်ရအောင်နော်။

ဒီနေ့ဖတ်မှာက နာမည်ကျော် ဂျပန်စာရေးဆရာမ 向田邦子 (Kuniko Mukoda) ရဲ့ 『女の人差し指』 (The Woman's Index Finger) ဆိုတဲ့ အက်ဆေးစုစည်းမှု စာအုပ်ထဲက ဖြစ်ပါတယ်။

စာရေးဆရာမ 向田邦子 ဟာ နေ့စဉ်ဘဝထဲကနေ ဘဝသင်ခန်းစာတွေကို ဖော်ထုတ်ရေးသားတတ်သူပါ။ ဒီစာအုပ်ဟာ သူမ ၁၉၈၁ ခုနှစ် ထိုင်ပေမှာပျက်ကျခဲ့တဲ့ လေယာဉ်ပျက်ကျမှုနဲ့ မကွယ်လွန်ခင်မှာ နောက်ရေးဆုံးရေးသားခဲ့တဲ့ လက်ရာလည်းဖြစ်ပါတယ်။

ကဲ ဖတ်ကြည့်ကြရအောင်နော်

🎭金沢の兼六園で白鳥におどろかされたのは10年以上前のことである。
(かなざわのけんろくえんでしろとりにおどろかされたのは10ねんいじょうまえのことである。)

ခနဇဝရဲ့ ခန်းရောခုအန်း ပန်းခြံမှာ ငန်းဖြူကြီးကြောင့် အံ့အားသင့်ခဲ့ရတာက လွန်ခဲ့တဲ့ ဆယ်နှစ်ကျော်ကပေါ့။

🎭友人と三人で能登半島めぐりをやり、金沢にも立ち寄った。
(ゆうじん と さんにん で のとはんとう めぐり を やり、かなざわ にも たちよった。)

သူငယ်ချင်းတွေနဲ့ သုံးယောက်သား နိုတိုကျွန်းဆွယ်ကို လှည့်လည်ပြီး အပြန်မှာ ခနဇဝကို ဝင်ခဲ့ကြတယ်။

🎭このときのことは、ほかにも書いたが、兼六園の池のほとりでお弁当を食べているときに、大きな白鳥が泳ぎながら、上陸して、ガー、ガー、ググと、品の悪い声を上げて、餌をよこせと催促する。
(このとき の こと は、ほか にも かいた が、
けんろくえん の いけ の ほとり で おべんとう を たべている とき に、おおきな はくちょう が およぎながら、じょうりく して、ガー、ガー、ググ と、ひん の わるい こえ を あげて、えさ を よこせ と さいそく する。)

အဲဒီအချိန်က အကြောင်းတွေကို တခြားမှာလည်း ရေးခဲ့ဖူးပေမဲ့ ရောခုအန်းပန်းခြံက ရေကန်နားမှာ ထမင်းဘူးဖွင့်စားနေကြတုန်းမှာ ငန်းဖြူကြီးက ရေကူးကုန်းပေါ်တက်လာပြီး ဂါးဂါးဂုဂုဆို အသံဆိုးကြီးပေးပြီး အစာပေးဆို အတင်းတောင်းတော့တာပါပဲ။

知らん顔をして食べていると、嘴で私たちの膝小僧を突っく。
(しらん かお を して たべている と、くちばし で わたしたち の ひざこぞう を つつく。)

မသိချင်ယောင်ဆောင်ပြီး ဆက်စားနေတော့ ကျွန်မတို့ ဒူးခေါင်းကို နှုတ်သီးကြီးနဲ့ထိုးတယ်။

🎭痛いしうるさいので、食べかけをほうってやると、飛びつくようにして食べる。
(いたい し うるさい ので、たべかけ を ほうって やる と、とびつく よう に して たべる。)

နာလည်းနာ နားလည်းငြီးတာနဲ့ စားလက်စကို ပစ်ပေးလိုက်တော့ ခုန်ပျံသလို ဟန်ရေးလုပ်ပြီး စားပါတော့တယ်။

🎭エビの尻っぽ。お多福豆の皮。投げてやって食べないものはひとつもなかった。
(えび の しっぽ。おたふくまめ の かわ。
なげて やって たべない もの は ひとつ も なかった。)

ပုစွန်အမြီးတို့ အိုတဖုခုပဲစေ့အခွံတို့ကို ပစ်ပေးလိုက်ရင် ဘာမဆို စားတာပဲ။

🎭その食べかたの品のないことといったらない。
(その たべかた の ひん の ない こと と いったら ない。)

အဲဒီစားပုံစားနည်းလောက် ဆိုးရွားကျက်သရေတုံးတာ မရှိတော့ပါဘူး။

🎭そう思ってみるせいか、顔つきにも品というものがない。
(そう おもって みる せい か、かおつき にも ひん という もの が ない。)

အဲဒီလိုတွေးမိလို့များလား သူ့မျက်နှာပေါ်မှာလည်း ကြည့်ကောင်းတာမရှိတော့ဘူး။

🎭目つきも鋭い。
(めつき も するどい。)

မျက်လုံးကြည့်ပုံကလည်း စူးစူးရှရှ

🎭何よりびっくりしたことは、上半身は、たしかに美しくバレリーナの如く優雅なのだが、下半身は労働者もかくやというほど、妙にたくましいことである
(なにより びっくり した こと は、じょうはんしん は、たしかに うつくしく バレリーナ の ごとく ゆうが なのだ が、かはんしん は ろうどうしゃ も かくや と いう ほど、みょう に たくましい こと で ある。)

အအံ့ဩရဆုံးကိစ္စကတော့ သူ့ခန္ဓာကိုယ်ရဲ့ အပေါ်ပိုင်းက တကယ်ကို လှပချက်က ဘဲလေးကချေသည်တစ်ယောက်လို ကျော့ရှင်းနေပြီး အောက်ပိုင်းကတော့ ကာယလုပ်သားတစ်ယောက််တောင် အံ့ဩရလောက်အောင် သန်မာနေတာပါပဲ။

🎭食べ終わってもキョロキョロとあたりを見回し、二、三度、私たちの膝小僧を突っき、もう無いと見るや、池にもどっていった。
(たべおわって も キョロキョロ と あたり を みまわし、に、さんど、わたしたち の ひざこぞう を つっき、もう ない と みる や、いけ に もどって いった。)

စားပြီးသွားတော့ ပတ်ဝန်းကျင်ကို ဟိုကြည့်ဒီကြည့်ကြည့် ကျွန်မတို့ ဒူးခေါင်းကို နှစ်ချက် သုံးချက် နှုတ်သီးနဲ့ထိုးပြီး ဘာမှမရှိတာလည်းသိရော ရေကန်ကို ပြန်သွားပါတော့တယ်။

🎭スーと音もなく水面を滑ってゆく姿は、まぎれもなく美しい白鳥で、私はその二重人格(?)に関して眺めていた。
(スー と おと も なく すいめん を すべって ゆく すがた は、まぎれ も なく うつくしい はくちょう で
わたし は その にじゅうじんかく(?)に かんして ながめて いた。)

ရွှတ်ခနဲ အသံတောင်မထွက်ဘဲ ရေမျက်နှာပြင်ပေါ်မှာ လျောတိုက်ကူးခတ်သွားတာ တကယ်ကြီးကို လှပလွန်းလို့ ကျွန်မကတော့ သူရဲ့ မျက်နှာပြင်နှစ်ဘက် စရိုက်လက္ခဏာနှစ်မျိုးအကြောင်းကို ငေးမောတွေးတောနေမိခဲ့ပါတယ်။

ျပန်စာစာသင်ခန်း

おはようございます😃🌞🌟 ဂျပန်စာလေ့လာသူများအတွက် N1 Reading လေ့ကျင့်မှုလေးလုပ်ရအောင်နော်🌟🙋‍♀️ ဒီနေ့မှာတော့ ကျွန်မက JLPT N1 Reading အ...
27/12/2025

おはようございます😃🌞
🌟 ဂျပန်စာလေ့လာသူများအတွက် N1 Reading လေ့ကျင့်မှုလေးလုပ်ရအောင်နော်🌟
🙋‍♀️ ဒီနေ့မှာတော့ ကျွန်မက JLPT N1 Reading အတွက် စိတ်ပညာနဲ့ လူမှုဆက်ဆံရေးအကြောင်း ရေးသားထားတဲ့ အင်မတန်နက်ရှိုင်းတဲ့ စာပိုဒ်လေးတစ်ခုကို ဝေမျှပေးချင်ပါတယ်။

ဒီစာပိုဒ်လေးရဲ့ မူရင်းစာအုပ်ကတော့ စိတ်ကျန်းမာရေးဆရာဝန် 春日武彦 (Takehiko Kasuga) ရေးသားထားတဲ့ 『精神科医は腹の底で何を考えているか』 (စိတ်ကျန်းမာရေးဆရာဝန်တွေ သူတို့ရဲ့စိတ်ထဲမှာ တကယ်တမ်း ဘာတွေတွေးနေကြသလဲ) ဆိုတဲ့ စာအုပ်ဖြစ်ပါတယ်။ အချစ်၊ ထိန်းချုပ်လိုစိတ်နဲ့ နာခံမှုတို့ကြားက ဆက်နွယ်မှုကို အမြင်သစ်နဲ့ ရေးသားထားတဲ့စာအုပ်ပါ။ ဒီကောက်နုတ်ချက်က ရှင်းကန်ဇန် စာအုပ်ထဲမှာလည်း ဖတ်စရာတစ်ပုဒ်အနေနဲ့ ပါဝင်ပါတယ်။

📚 ထုတ်နှုတ်ချက်များနှင့် မြန်မာပြန် 📚

1. 愛情には、相手を尊重し、相手に不快感を与えたくないといった気持ちが含まれているだろう。
(あいじょうには、あいてをそんちょうし、あいてにふかいかんをあたえたくないといったきもちがふくまれているだろう)
ချစ်ခြင်းမေတ္တာမှာတော့ တစ်ဖက်သားကို အလေးထားပြီး၊ တစ်ဖက်သားအပေါ်မှာ စိတ်မသက်မသာ မဖြစ်စေချင်ဘူးဆိုတဲ့ ခံစားချက်ပါဝင်နေပါတယ်။

2. けれども、相手を束縛せずにはいられない側面を持つ。
(けれども、あいてをそくばくせずにはいられないそくめんをもつ)
ဒါပေမဲ့၊ တစ်ဖက်သားကို မချုပ်နှောင်ဘဲနဲ့ မနေနိုင်ဘူးတဲ့ အချက်ကလည်း တဖက်မှာရှိနေပြန်တယ်။

3. つまり相手に関心があり好意があればあるほど、無意識のうちにその相手をコントロールしたくなる。
(つまりあいてにかんしんがありこういがあればあるほど、むいしきのうちにそのあいてをコントロールしたくなる)
တစ်နည်းအားဖြင့် တစ်ဖက်သားအပေါ်မှာ စိတ်ဝင်စားမှုရှိပြီး ချစ်မြတ်နိုးရင် ချစ်မြတ်နိုးသလောက် မသိစိတ်အတွင်းမှာ အဲဒီတစ်ဖက်သားအပေါ်ကို ထိန်းချုပ်ချင်လာပါတယ်။

5. 人の心にはそのような宿命がある
(ひとのこころにはそのようなしゅくめいがある)
လူတွေရဲ့ စိတ်နှလုံးသားမှာ အဲဒီလို ရှောင်လွှဲလို့မရတဲ့ အကြောင်းတရားရှိနေကြတယ်။

6. さらに、他人にコントロールされることは押し付け・強制・無理強いで不快だというマイナスイメージで想像してしまいがちだが、必ずしも不快で窮屈だとは限らない。

(さらに、たにんに コントロールされることは おしつけ・きょうせい・むりじいで ふかいだという マイナスイメージで そうぞうしてしまいがちだが、かならずしも ふかいで きゅうくつだとは かぎらない)
အဲဒီအပြင် အခြားသူရဲ့ ထိန်းချုပ်မှုကို ခံရတယ်ဆိုတာက ဖိအားပေးခံရတာ အတင်းအကျပ် ခိုင်းစေခံရတာ ချုပ်ချယ်ခံရတာ အစရှိတဲ့ စိတ်မသက်သာစရာ အနုတ်လက္ခဏာတွေအနေနဲ့ မြင်တတ်ကြပေမဲ့လည်း၊ အမြဲတမ်းတော့ စိတ်မချမ်းမြေ့စရာနဲ့ စိတ်ကျဉ်းကျပ်စရာပဲလို့တော့ သတ်မှတ်လို့ မရနိုင်ဘူး။

7. もしわたしが本気で陶芸家になりたいと考え、尊敬する作家のところへ弟子入りするとする。

(もし わたしが ほんきで とうげいかに なりたいと かんがえ、そんけいする さっかのところへ でしいりするとする)
တကယ်လို့ ကျွန်မက အိုးလုပ်တဲ့သူ ဖြစ်ချင်တယ်လို့ တွေးပြီး၊ တကယ်လေးစားရတဲ့ ပညာရှင်တစ်ယောက်ဆီမှာ တပည့်ခံမယ် ဆိုပါစို့။

8. 私は師匠に指導を受けることのみならず、あれこれ命じられたり無理難題を言われたり罵声を浴びせられることにすら充実感と喜びを覚えるのではないだろうか。

(わたしは ししょうに しどうを うけることのみならず、あれこれ めいじられたり むりなんだいを いわれたり ばせいを あびせられることにすら じゅうじつかんと よろこびを おぼえるのではないだろうか)

ကျွန်မက ဆရာ့ဆီမှာ သင်ကြားပေးတာခံယူရရုံတင်မကဘဲ၊ ဟိုဟာဒီဟာ အမိန့်ပေးခံရတာ၊ မဖြစ်နိုင်တာတွေကို လုပ်ဖို့ အပြောခံရတာ အော်ဟစ်ဆဲဆို ကြိမ်းမောင်းခံရတာ အဲဒါမျိုးတွေမှာတောင် ပြီးပြည့်စုံမှုနှင့် ဝမ်းမြောက်တဲ့ ခံစားချက်ကို ခံစားရမိမည် မဟုတ်ပါလား။

9. 尊敬する師匠にコントロールされることが、ひたらす嬉しく感じられそうに思える。

(そんけいする ししょうに コントロールされることが、ひたすら うれしく かんじられそうに おもえる)
မိမိလေးစားရတဲ့ ဆရာရဲ့ ထိန်းချုပ်မှုကို ခံရတာကကို အလွန်တရာ ဝမ်းမြောက်စရာကောင်းတယ်လို့ခံစားရမိနိုင်ပါတယ်။

10. おそらくアスリートとコーチとの関係にも似たところがありそうな気がするし、監督と俳優との間にもそんな図式が成立することはあるかもしれない。

(おそらく アスリートと コーチとの かんけいにも にたところが ありそうな きがするし、かんとくと はいゆうとの あいだにも そんな ずしきが せいりつすることは あるかもしれない)
ခန့်မှန်းရသလောက် အားကစားသမားနှင့် နည်းပြရဲ့ဆက်ဆံရေးမှာလည်း အဲဒီလိုမျိုး ရှိနိုင်သလို၊ ဒါရိုက်တာနှင့် သရုပ်ဆောင်ကြားမှာလည်း အဲဒီလို ပုံစံမျိုး ဖြစ်တည်နေနိုင်ပါတယ်။

(စာရေးသူပြောချင်တာက တစ်ချို့က ငါ့မို့လို့သာ ဆူတာ ငါ့မို့လို ကောင်းစေချင်လို့ပြောတာ ငါသာဒီအခွင့်အရေးရတာဆိုပြီး ထူးခြားတဲ့ ခံစားချက်နဲ့ ပျော်တာမျိုး)

✨ N1 Grammar & Vocab လေ့လာရန် ✨
ဒီစာပိုဒ်တွေထဲက အရေးကြီးတဲ့ အချက်တွေကို ဥပမာတွေနဲ့ မှတ်သားကြည့်ရအောင်။

💡 N1 Grammar
• ~ずにはいられない (Zu ni wa irarenai): "မ...ဘဲ မနေနိုင်ဘူး"
• Example: 彼の悲しい話を聞いて、泣かずにはいられない။ (သူ့ရဲ့ ဝမ်းနည်းစရာစကားကို ကြားပြီး မငိုဘဲ မနေနိုင်ဘူး။)

• ~とは限らない (To wa kagiranai): "အမြဲတမ်း ... လို့ မဆိုနိုင်ဘူး"
• Example: 練習したからといって、必ず勝てるとは限らない။ (လေ့ကျင့်ထားရုံနဲ့ အမြဲတမ်း နိုင်မယ်လို့ မဆိုနိုင်ဘူး။)

• ~のみならず (Nomi narazu): "...တင်မကဘဲ"
• Example: 彼は日本文化のみならず、歴史にも詳しい။ (သူက ဂျပန်ယဉ်ကျေးမှုတင်မကဘဲ သမိုင်းကိုလည်း နှံ့စပ်တယ်။)

💡 Vocabulary

• 束縛 (Sokubaku): ချုပ်နှောင်ခြင်း
• Example: 自由を束縛されたくない။ (လွတ်လပ်ခွင့်ကို အချုပ်နှောင် မခံချင်ဘူး။)

• 宿命 (Shukumei): ကံကြမ္မာ
• Example: これも私の宿命だと思って受け入れる။ (ဒါကလည်း ငါ့ရဲ့ကံကြမ္မာပဲလို့ တွေးပြီး လက်ခံလိုက်တယ်။)

• 弟子入り (Deshi-iri): တပည့်အဖြစ် ခံယူခြင်း
• Example: 陶芸家に弟子入りして修行する။ (အိုးလုပ်ငန်းပညာရှင်ဆီမှာ တပည့်ခံပြီး ပညာသင်တယ်။)
• 窮屈 (Kyuukutsu): ကျဉ်းကျပ်ခြင်း
• Example: 規則が厳しすぎて窮屈に感じる(စည်းကမ်းတွေ အရမ်းတင်းကျပ်လွန်းလို့ ကျဉ်းကျပ်တယ်လို့ ခံစားရတယ်။)

N1 Reading ကို လေ့လာတဲ့အခါမှာ စာလုံးတွေကိုပဲ ဘာသာပြန်နေမယ့်အစား စာရေးသူရဲ့ စိတ်ခံစားချက်နဲ့ တင်ပြပုံကိုပါ မြင်အောင်ကြည့်နိုင်ရင် ပိုပြီးတိုးတက်လာမှာပါ! ဖိုက်တင်းနော် 💪

အားလုံးပဲ N1 အောင်မြင်ကြပါစေရှင်။ 🌸
#日本語勉強

とんかつ トンテキ သွားစားတယ်
26/12/2025

とんかつ トンテキ သွားစားတယ်

Merry Christmas ပါဗျ
25/12/2025

Merry Christmas ပါဗျ

横浜ラメンミュージアムYokohama Ramen Museumရောက်ဖြစ်တုန်းလေးရာမန်ကြိုက်တဲ့သူဆို ရာမန်ဘယ်လိုမွေးဖွားလာလဲဘယ်လိုတိုးတက်ပြောင်းလဲလာလဲလေ...
23/12/2025

横浜ラメンミュージアム
Yokohama Ramen Museum
ရောက်ဖြစ်တုန်းလေး

ရာမန်ကြိုက်တဲ့သူဆို
ရာမန်ဘယ်လိုမွေးဖွားလာလဲ
ဘယ်လိုတိုးတက်ပြောင်းလဲလာလဲလေ့လာလို့ရတယ်

ကိုယ်ပိုင်စတိုင်နဲ့ ခေါက်ဆွဲခြောက်ဘူးလုပ်ကြည့်တာတို့
ခေါက်ဆွဲဖတ်ကို ဂျုံကနေ တစ်ဆင့်ချင်းကိုယ်တိုင် လုပ်တဲ့ 体験ယူတာမျိုးတွေရော ကိုယ်တိုင်ပါဝင်လို့ရတယ်

တစ်ချို့မြို့တွေမှာ နာရီတော်တော်ကြာတန်းစီပြီးမှ စားရမယ့် ရာမန်ကို ဒီမှာ အချိန်တိုနဲ့ စားကြည့်လို့ရတယ်

ရာမန်ကြိုက်ရင် သွားလည်ကြည့်နော် 🍜

ကျွန်မတော့ Kanagawa ရဲ့ 赤味噌ラメンစားခဲ့ပါတယ်

ဒီစာလုံးလေးတွေကိုလေ့လာပြီး အောက်ကစာပိုဒ်လေးကို ဖတ်ကြည့် အဖြေလေးတွေ ထည့်ကြည့်ပါနော် ဒါShinkanzen N2 ထဲက ပါ...ひとりっこ (一人っ子 ...
16/12/2025

ဒီစာလုံးလေးတွေကိုလေ့လာပြီး အောက်ကစာပိုဒ်လေးကို ဖတ်ကြည့် အဖြေလေးတွေ ထည့်ကြည့်ပါနော် ဒါShinkanzen N2 ထဲက ပါ...

ひとりっこ (一人っ子 - Only child တစ်ဦးတည်းသား/သမီး)
なかよし (仲よし - Close friends ရင်းနှီးသူ ခင်မင်သူ)
つきあい (付き合い - Socializing/Relationship ခင်မင်ကြသည် တွဲကြသည်)
あつまり (集まり - Gathering စုဆုံသည်)
なつかし (懐かしい - Nostalgic/Dear အတိတ်အားလွမ်းမောမိသော)
こうはい (後輩 - Junior ကျောင်း၊အလုပ်ရှိ ဂျူနီယာ)
しごとなかま (仕事仲間 - Work colleagues လုပ်ဖော်ကိုင်ဘက်)

先週、いとこの結婚式に行った。彼も僕も(①ひと   )なので、子供のころはとても(②   よし)で、まるで兄弟のように、よく一緒に遊んだ。でも、大人になってからは、あまり親しい(③   あい)をしなくなってしまった。最近は、お正月の親類の(④あつ   )のときに会うだけだったので、久しぶりに会うことができて、とても(⑤   かし)かった。
いとこの結婚する相手は、職場の(⑥こう   )の女性だそうで、とてもきれいな人だった。結婚式には、二人の(⑦しごと   )がたくさん出席していて、とてもにぎやかだった。

住所

Mie
Yokkaichi-shi, Mie

ウェブサイト

アラート

Aozora ဂျပန်စာ စာသင်ခန်းがニュースとプロモを投稿した時に最初に知って当社にメールを送信する最初の人になりましょう。あなたのメールアドレスはその他の目的には使用されず、いつでもサブスクリプションを解除することができます。

ショートカット

  • 住所
  • アラート

共有する