ဂျပန်ရောက်မြန်မာများ အထူးသတိပြုရန် - !
၁၀ နှစ်အတွင်း အဆိုးရွားဆုံး နှင်းမုန်တိုင်း သတိပေးချက်] ❄️⚠️
🇯🇵ဂျပန်နိုင်ငံမှာ လာမယ့် ဇန်နဝါရီ ၂၀ ရက် (အင်္ဂါ) နဲ့ ၂၁ ရက် (ဗုဒ္ဓဟူး) နေ့တွေမှာ
"၁၀ နှစ်မှာ တစ်ကြိမ်" သာ ကြုံရလေ့ရှိတဲ့
👉အလွန်ပြင်းထန်တဲ့ နှင်းမုန်တိုင်းကြီး ဝင်ရောက်ဖို့ ရှိနေပါတယ်။
📍 အဓိက သတိပြုရမည့် ဒေသများ:❗️
* ဇန်နဝါရီ ၂၀ မှစ၍: တိုဟိုကု၊ ဟော့ကုရိခု၊ ကန်ဆိုင်း (ဂျပန်ပင်လယ်ဘက်ခြမ်း) နှင့် ဆန်းအင်းဒေသများ။
* ဇန်နဝါရီ ၂၁ မှစ၍: ဟော့ကိုင်းဒိုး၊ နာဂါနို၊ ဂွန်မာ နှင့် ဂိဖုခရိုင်ရှိ တောင်တန်းဒေသများ။
🛡️ ဘာတွေ ကြိုတင်ပြင်ဆင်ထားရမလဲ?
* 🍱 ရိက္ခာစုဆောင်းပါ: နှင်းပိတ်လို့ အပြင်ထွက်မရနိုင်တဲ့အတွက် အနည်းဆုံး ၃ ရက်စာ အစားအသောက်နဲ့ သောက်ရေ ကြိုဝယ်ထားပါ။
* 🔌 လျှပ်စစ်/စွမ်းအင်: မီးပြတ်နိုင်ခြေရှိလို့ Power Bank တွေ အားသွင်းထားပါ။ ရေနံဆီ (Kerosene) သုံးတဲ့သူတွေ ရေနံအပိုဆောင်ထားပါ။
* 🚰 ရေပိုက်များ သတိပြုရန်: အပူချိန် အလွန်ကျမှာမို့ ရေပိုက်ခဲတာမျိုး မဖြစ်အောင် ရေကို အစက်ချထားတာမျိုး လုပ်ပေးပါ။
* 🚗 သယ်ယူပို့ဆောင်ရေး:
ရထားနဲ့ လေယာဉ်ခရီးစဉ်တွေ နောက်ကျတာ ဒါမှမဟုတ် ဖျက်သိမ်းတာမျိုး ရှိနိုင်ပါတယ်။
💥ကားမောင်းသူတွေ နှင်းသုံးတာယာ (Studless tires) မဖြစ်မနေ လဲထားပါ။
ဒီရက်ပိုင်းအတွင်း ဂျပန်ပင်လယ်ဘက်ခြမ်းက သူငယ်ချင်းတွေ အချင်းချင်းလည်း သတင်းပေးကြပါဦး။
‼️အားလုံးပဲ ဘေးကင်းကြပါစေ။ 🙏
Only Me
ကောင်းတာလုပ်ရင်ကောင်းတာဖြစ်မယ်
01/12/2025
I've just reached 300 followers! Thank you for continuing support. I could never have made it without each one of you. 🙏🤗🎉
15/09/2024
မြန်မာပြည်ကြီးလည်းအမြန်ဆုံးအေးချမ်းပါစေ
ဂျပန်ခရီးလည်းအမြန်ဆုံးနီးရပါစေသား🙏🏾🙏🏾🙏🏾
場所
ウェブサイト
住所
Toshima, Tokyo