Busy dayyy 🥹
၄ လပိုင်း စာသင်နှစ်စလည်း ရောက်လာပြီမလို့ ကျောင်းမှာ medical checkup သွားစစ်ကြမယ်… ✨
Eain’s Tokyo Diary
university student lifestyle in Japan
second year ရဲ့ ( first day of uni 😆) မှာ ကျောင်းအတူတူသွားကြမယ်..✨
စပ်စလူးစိန်တစ်ယောက်ရဲ့ speech contest memo: 💁♀️ အခုလိုမျိုး ပါလေရာငပိချက်လုပ်တာက 先生တွေနဲ့ ပိုပြီးရင်းနှီးလွယ်တာမလို့ おすすめပါ 🤫 #スピーチ
ဂေါင်းကြီးတို့
ဒါ အရမ်းအသုံးဝင်တယ်နော် 🤫
ဂျပန်ရဲ့ ချစ်စရာကောင်းတာလေးတစ်ခု ပြောပြမယ် 🤭
အိမ်က ပါးနဲ့မားကတော့ ဒီ video ကို မတွေ့ပါစေနဲ့ပေါ့ကွယ် 🤫
( မသိသေးတဲ့သူတွေအတွက်ပဲ တင်ပေးတာနော် ၊ သိပြီးသားသူတွေ ကျော်သွားကြပါ 🙏 )
Day-1
Unit- 1 to 8 ( 38 pages )
3 hours
( တောကျောင်း ၊ တော uni လေး ) ရဲ့ တောပွဲလေး တစ်စိတ်တစ်ဒေသ အမှတ်တရ🥹
တော* ဆိုတဲ့ စကားလုံးကို အရမ်းစွဲလမ်းနေလို့ပါ:3 🤣
ဒါက ကျောင်းရဲ့ နေရာလေးတစ်ခုထဲကိုပဲ ရိုက်ပြပေးထားတာပါ 🙇♀️
ကျောင်းက အရမ်းကျယ်တော့ တခြားနေရာတွေမှာ စိတ်ဝင်စားစရာပေါင်းစုံ activities ပေါင်းစုံတွေ မရေမတွက်နိုင်အောင် အများကြီး ရှိပါသေးတယ်
အဲ့ဒါတွေကိုက နောက် video တစ်ခုနဲ့ သီးသန့်တင်ပေးသွားပါ့မယ် 🙇♀️
29/10/2025
ကျောင်းထဲကနေ တစ်နေကုန် မြင်နေရတဲ့ Mount.Fuji 🗻
ညနေစောင်းက sunset လေးနဲ့အတူဆိုတော့ ပိုလှနေရော 🫶
အိမ်တံခါးအဖွင့်အပိတ်လုပ်နေကျ bitkey အားကုန်သွားခဲ့ရင် ….🗝️🪫
I just want to share what I know about Japan, not to show off.🙇♀️
ဒီနေ့ကတော့ အိမ်စည် အခုတက်နေတဲ့ကျောင်းလေးကို အလည်လိုက်ခဲ့ပေးကြပါဦးနော်🙇♀️
မြန်မာပြည်က တက္ကသိုလ်တွေနဲ့ မတူတဲ့အချက်တွေ အများကြီးတွေ့ရမှာမလို့ အလည်လိုက်ခဲ့ဖို့ ဖိတ်ခေါ်ပါတယ် 🙇♀️
1. စာသင်ချိန်တစ်ချိန်နဲ့တစ်ချိန်က သင်ရတဲ့အဆောက်အဦးတွေ စာသင်ခန်းတွေ မတူကြပါဘူး
အဲ့တော့ ကျောင်းသားတွေက တစ်ချိန်နဲ့တစ်ချိန်ကြားမှာ အမြဲ အကူးအပြောင်းလုပ်ရပါတယ်
2. First year မှာကထဲက major ချင်းတူရင်တောင် ကျောင်းသားတစ်ယောက်နဲ့တစ်ယောက်နဲ့က ဘာသာရပ်တွေ စာသင်ချိန်တွေ မတူကြပါဘူး ကိုယ်ကြိုက်တဲ့ တခြားနယ်ပယ်က ပညာရပ်တွေကို ကိုယ့်စိတ်ကြိုက်သင်လို့ရပါတယ်🙇♀️
3. ပြီးတော့ အတန်းချိန်တွေကလည်း မြန်မာက uni တွေလို အစဉ်လိုက်မရှိပါဘူး ( ဥပမာ - ပထမအချိန်ရှိပြီး ဒုတိယအချိန်မရှိဘဲ တတိယအချိန်ကျမှ ပြန်ရှိတာလိုမျိုးပါ)
4. ကျောင်းပေါ်မူတည်ပြီး အနည်းငယ်ကွာဟချက်ရှိပေမယ့် အိမ်စည် အခုတက်နေတဲ့ကျောင်းဆိုရင် မနက် ၉ နာရီကနေ ည ၉ နာရီထိ စာသင်ချိန်တွေ အများကြီးရှိပါတယ်
အဲ့ထဲကမှ အိမ်စည်တို့က ကိုယ်ကြိုက်တဲ့၊ ကိုယ်စိတ်ဝင်စားတဲ့ ဘာသာရပ်တွေရဲ့ အချိန်တွေကို ပြန် choice ရတာမျိုးပါ
တခြားမတူတဲ့အချက်တွေလည်း အများကြီးရှိပါသေးတယ်
အခုက စာရှည်နေမှာစိုးလို့ နောက်မှ video တစ်ခုနဲ့ အသေးစိတ်ထပ်ပြောပြပေးသွားပါ့မယ်ရှင့်🙇♀️