18/08/2026
隣地斜線制限
Part 4 – 1.25 / 2.5(勾配)ဆိုတာ ဘာလဲ?
勾配(こうばい) ဆိုတာ
အဆောက်အဦးရဲ့ 斜線(အစောင်းမျဉ်း) ဘယ်လောက်စောင်းမလဲ ဆိုတာ သတ်မှတ်တဲ့ အချိုးပါ။
住居系用途地域 の一部
勾配 = 1.25
その他の用途地域 の一部
勾配 = 2.5
နားလည်လွယ်အောင်
勾配 1.25
→အမြင့် 1m တိုးလာတိုင်း
→အလျားလိုက် 1.25m ခွာသွားတဲ့ 斜線
勾配 2.5
→အမြင့် 1m တိုးလာတိုင်း
→အလျားလိုက် 2.5m ခွာသွားတဲ့ 斜線
ဒါကြောင့် 2.5 က 1.25 ထက် ပိုပြီး အပြင်ဘက်ကို ဖြန့်ထွက်တဲ့斜線 ဖြစ်ပါတယ်။
သတိပြုရန်
1.25 / 2.5 ကို 用途地域 တစ်ခုတည်းကြည့်ပြီး အမြဲတမ်းသတ်မှတ်တာ မဟုတ်ပါဘူး။ ဒေသအလိုက် သတ်မှတ်ချက်တွေ ရှိနိုင်တာကြောင့် တကယ့် Design မှာ သက်ဆိုင်ရာ ဒေသရဲ့ စည်းမျဉ်းကို စစ်ဆေးရပါတယ်။
Part 5 မှာတော့
Setback လုပ်လိုက်ရင် 隣地斜線制限 ဘယ်လိုအကျိုးရှိလဲ? ကို ပုံနဲ့ ဥပမာတွက်ချက်ပြီး ဆက်ရှင်းပြပေးသွားပါမယ်။
#建築 #建築基準法 #隣地斜線制限 #建築意匠設計
17/08/2026
隣地斜線制限
Part 3 – 20m / 31m ဆိုတာ ဘာလဲ?
隣地斜線制限 မှာ
20m / 31m ဆိုတာ အဆောက်အဦးရဲ့ အမြင့်ဆုံးအမြင့် မဟုတ်ပါဘူး။
立上り高さ(たちあがりたかさ)
ဆိုတဲ့ 隣地境界線 ဘက်ကနေ စတင်တွက်တဲ့ အခြေခံအမြင့် ဖြစ်ပါတယ်။
住居系用途地域 の一部
立上り高さ = 20m
勾配 = 1.25
→隣地境界線 ကနေ 20m အထိကို အခြေခံအမြင့်အဖြစ်ထားပြီး၊ အဲဒီနောက်ပိုင်းမှာ 1.25 နဲ့斜線ကို သတ်မှတ်ပါတယ်။
→その他の用途地域
立上り高さ = 31m
勾配 = 2.5
※31m အထိကို အခြေခံအမြင့်အဖြစ်ထားပြီး၊ အဲဒီနောက်ပိုင်းမှာ 2.5 နဲ့斜線ကို သတ်မှတ်ပါတယ်။
※မှတ်ရန်
20m / 31m = အဆောက်အဦးရဲ့ အမြင့်ဆုံး မဟုတ်ပါ
20m / 31m = 立上り高さ
ပြီးတော့ 用途地域 နဲ့ ဒေသအလိုက် သတ်မှတ်ချက်တွေ ကွာနိုင်ပါတယ်။ ဥပမာ 第一種・第二種中高層住居専用地域မှာ 20m/1.25 သို့မဟုတ် သတ်မှတ်ထားတဲ့ဧရိယာတွေမှာ 31m/2.5 ဖြစ်နိုင်ပါတယ်။
Part 4 မှာတော့ 1.25 / 2.5 ဆိုတဲ့ 勾配 ကို ဘယ်လိုဖတ်ပြီး တွက်မလဲ? ကို ဥပမာနဲ့ ဆက်ရှင်းပြပါမယ်။
#建築 #建築基準法 #隣地斜線制限 #建築意匠設計
16/08/2026
隣地斜線制限
Part 2 – ဘယ် 用途地域 တွေမှာ သက်ရောက်လဲ?
隣地斜線制限 က 用途地域 (ဇုန်အမျိုးအစား) ပေါ်မူတည်ပြီး သက်ရောက်မှုကွာခြားပါတယ်။
သက်ရောက်မှုမရှိတဲ့ ဇုန်များ
第一種低層住居専用地域
第二種低層住居専用地域
田園住居地域
→ ဒီဇုန်တွေမှာ 隣地斜線制限 မသက်ရောက်ပါဘူး။
ဘာကြောင့်လဲဆိုတော့ ဒီဇုန်တွေမှာ 絶対高さ制限 နဲ့ 北側斜線制限 စတဲ့ အခြားအမြင့်ကန့်သတ်ချက်တွေကို အသုံးပြုထားတာကြောင့်ပါ။
※隣地斜線制限 သက်ရောက်နိုင်တဲ့ ဇုန်များ
第一種・第二種中高層住居専用地域
第一種・第二種住居地域
準住居地域
近隣商業地域・商業地域
準工業地域・工業地域・工業専用地域
အဓိကမှတ်ရန်
隣地斜線制限 = 隣地境界線 (အိမ်နီးချင်းမြေ နယ်နိမိတ်) ဘက်ကနေ အဆောက်အဦးရဲ့ အမြင့်ကို ကန့်သတ်တဲ့ စည်းမျဉ်း ဖြစ်ပါတယ်။
Part 3 မှာတော့
「20m / 31m ဆိုတာ ဘာလဲ?」
ဆိုတာကို ဆက်လက်ရှင်းပြပေးသွားပါမယ်။
#建築 #建築基準法 #隣地斜線制限 #建築意匠設計
10/08/2026
隣地斜線制限
Part 1 – 隣地斜線制限 ဆိုတာ ဘာလဲ?
隣地斜線制限(りんちしゃせんせいげん) ဆိုတာ
အဆောက်အဦးရဲ့ အမြင့်နဲ့ ပုံသဏ္ဍာန်ကို အိမ်နီးချင်းမြေဘက်ကနေ ကန့်သတ်တဲ့ စည်းမျဉ်း ဖြစ်ပါတယ်။
အဆောက်အဦးတွေကို အိမ်နီးချင်းမြေဘက်မှာ အလွန်မြင့်မားစွာ တည်ဆောက်ထားတာကြောင့် ဖြစ်လာနိုင်တဲ့—
☀️ နေရောင်ရရှိမှု
🌬️ လေဝင်လေထွက်
🏠ပတ်ဝန်းကျင်အခြေအနေ
တွေကို ထိန်းညှိပေးဖို့ ရည်ရွယ်ပါတယ်။
ဘယ်လိုပုံစံလဲ?
အိမ်နီးချင်းမြေဘက်ကနေ 斜線(အစောင်းမျဉ်း) သတ်မှတ်ပြီး
အဲဒီမျဉ်းကို ကျော်လွန်မဆောက်နိုင်အောင် အဆောက်အဦးရဲ့ အမြင့်နဲ့ ပုံသဏ္ဍာန်ကို ကန့်သတ်ပါတယ်။
道路斜線制限 က လမ်းဘက် ကနေ ကန့်သတ်တာဖြစ်ပြီး၊
隣地斜線制限 ကတော့ အိမ်နီးချင်းမြေဘက် ကနေ ကန့်သတ်တာပါ။
Part 2 မှာတော့
「ဘယ် 用途地域 တွေမှာ 隣地斜線制限 သက်ရောက်လဲ?」
ဆိုတာကို ဆက်လက်ရှင်းပြပေးသွားပါမယ်။
#建築 #建築基準法 #隣地斜線制限 #建築意匠設計
02/08/2026
Part 6 – 道路斜線制限の見方
道路斜線制限 Diagram ကို ဘယ်လိုဖတ်မလဲ?
ဒီ Series မှာ 道路斜線制限 ရဲ့ အခြေခံအယူအဆနဲ့ တွက်ချက်ရာမှာ အသုံးပြုတဲ့ အချက်တွေကို လေ့လာခဲ့ကြပါတယ်။
အခု Part 6 မှာတော့ 道路斜線制限 Diagram ကို ဘယ်လိုဖတ်ရမလဲဆိုတာကို ကြည့်ရအောင်။
Diagram မှာ အဓိကကြည့်ရမယ့် အချက်များ
※道路幅員 (Road Width) – လမ်းအကျယ်
※用途地域 (Zoning) – ဇုန်အမျိုးအစား
※適用距離 (20m / 25m)
※勾配 (1.25 / 1.5)
※Setback (後退距離)
ဒီအချက်တွေကို ပေါင်းစပ်စစ်ဆေးပြီးမှ 道路斜線制限 အရ ခွင့်ပြုနိုင်တဲ့ အဆောက်အဦးရဲ့ အမြင့်နဲ့ ပုံသဏ္ဍာန်ကို ဆုံးဖြတ်ပါတယ်။
လက်တွေ့ဒီဇိုင်းလုပ်တဲ့အခါ အချက်တစ်ခုတည်းကို ကြည့်ပြီး ဆုံးဖြတ်လို့မရပါဘူး။ အချက်အားလုံးကို ပေါင်းစပ်စဉ်းစားဖို့ လိုအပ်ပါတယ်။
🙏 道路斜線制限 Series ကို အဆုံးထိ ဖတ်ရှုပေးတဲ့အတွက် ကျေးဇူးတင်ပါတယ်။
နောက် Series မှာလည်း 建築基準法 နဲ့ဆိုင်ရာ အကြောင်းအရာတွေကို ဆက်လက်မျှဝေပေးသွားပါမယ်။
#建築 #建築基準法 #道路斜線制限 #建築意匠設計
26/07/2026
道路斜線制限を学ぼう
Part 5 – 道路幅員が変わるとどうなる?
လမ်းအကျယ် ပြောင်းရင် ဘာပြောင်းလဲသလဲ?
道路斜線制限 မှာ လမ်းအကျယ် (道路幅員) က အရေးကြီးတဲ့ အချက်တစ်ခု ဖြစ်ပါတယ်။
ဥပမာ—
Road Width = 4m
Road Width = 6m
Road Width = 8m
Road Width = 10m
လမ်းပိုကျယ်လေလေ၊ 道路斜線制限 အရ ခွင့်ပြုနိုင်တဲ့ အဆောက်အဦးပုံစံနဲ့ အမြင့်က ပိုအဆင်ပြေလာနိုင်ပါတယ်။
သို့သော် တကယ့်ခွင့်ပြုအမြင့် ကတော့ 用途地域、勾配 (1.25 / 1.5)、Setback၊ 適用距離 (20m / 25m) နဲ့ အခြားစည်းမျဉ်းတွေကိုပါ ပေါင်းစပ်စစ်ဆေးပြီးမှ ဆုံးဖြတ်ရပါတယ်။
Part 6 မှာတော့ 道路斜線制限 ကို တရားဝင် Diagram နဲ့ ဘယ်လိုဖတ်ရမလဲ ဆိုတာကို ဆက်လက်ရှင်းပြပေးသွားပါမယ်။
#建築 #建築基準法 #道路斜線制限 #建築意匠設計
18/07/2026
道路斜線制限ကို အပိုင်းလိုက် လေ့လာကြရအောင်
Part 4 – ဥပမာနဲ့ Step by Step တွက်ကြည့်ရအောင်!
ဒီတစ်ခေါက် 住居系用途地域 (勾配 = 1.25) ကို ဥပမာယူပြီး တွက်ကြည့်ရအောင်။
ဥပမာ
用途地域:住居系用途地域
လမ်းအကျယ် (道路幅員):4m
勾配:1.25
Step ①
လမ်းအကျယ် = 4m
Step ②
အဆောက်အဦးကို Setback 2m နောက်ဆုတ်ထားမယ်။
Step ③
တွက်ချက်ပုံ
4 + (2 × 1.25) = 6.5m
ခွင့်ပြုအမြင့် = 6.5m
Setback များလေလေ၊ ခွင့်ပြုနိုင်တဲ့ အမြင့်လည်း ပိုများလာပါတယ်။
Part 5 မှာတော့ လမ်းအကျယ် 6m၊ 8m၊ 10m ဆိုရင် ဘယ်လိုပြောင်းလဲသလဲဆိုတာကို ဆက်လက်ရှင်းပြပေးသွားပါမယ်။
14/07/2026
道路斜線制限ကို အပိုင်းလိုက် လေ့လာကြရအောင်
Part 3
1.25 / 1.5 (勾配) ဆိုတာ ဘာလဲ?
1.25 နဲ့ 1.5 က 勾配(こうばい) လို့ခေါ်တဲ့ အစောင်းအချိုး (Slope Ratio) ဖြစ်ပါတယ်။
勾配 က 用途地域 ပေါ်မူတည်ပြီး ကွာခြားပါတယ်။
※住居系用途地域
➔勾配 = 1.25
※住居系以外の用途地域
(近隣商業地域・商業地域・準工業地域・工業地域・工業専用地域)
➔勾配 = 1.5
ဥပမာ
1m နောက်ဆုတ် (Setback) လုပ်လိုက်ရင်…
勾配 1.25 → 1.25m အမြင့်တိုးနိုင်ပါတယ်။
勾配 1.5 → 1.5m အမြင့်တိုးနိုင်ပါတယ်။
ဒါကြောင့် 1.5 ကို အသုံးပြုတဲ့ ဇုန်တွေမှာ 1.25 ထက် အမြင့်ပိုဆောက်လုပ်နိုင်ပါတယ်။
Part 4 မှာတော့ ဥပမာဂဏန်းနဲ့ Step by Step တွက်ချက်ပုံ ကို ပုံလေးတွေနဲ့ ဆက်လက်ရှင်းပြပေးသွားပါမယ်။
#建築 #建築基準法 #道路斜線制限 #建築意匠設計
12/07/2026
道路斜線制限ကို အပိုင်းလိုက် လေ့လာကြရအောင်
Part 2
20m / 25m ဆိုတာ ဘာလဲ?
20m / 25m က 用途地域 (ဇုန်အမျိုးအစား) ပေါ်မူတည်ပြီး ကွာခြားပါတယ်။
※住居系用途地域
➔ 適用距離 = 20m
※住居系以外の用途地域
(近隣商業地域・商業地域・準工業地域・工業地域・工業専用地域)
➔ 適用距離 = 25m
※適用距離 ဆိုတာ 道路斜線制限 ကို စစ်ဆေးရာမှာ အသုံးပြုတဲ့ အခြေခံသတ်မှတ်အကွာအဝေး ဖြစ်ပါတယ်။
⚠️ 20m / 25m ဆိုတာ အဆောက်အဦးရဲ့ အမြင့်ကန့်သတ်ချက် မဟုတ်ပါ။ အမှန်တကယ် ဆောက်လုပ်နိုင်တဲ့ အမြင့်ကတော့ 用途地域、道路幅員 (လမ်းအကျယ်)、勾配 (1.25 / 1.5)、Setback နဲ့ အခြားစည်းမျဉ်းများပေါ် မူတည်ပါတယ်။
Part 3 မှာတော့ 1.25 / 1.5 (勾配) ဆိုတာ ဘာလဲ? ဘယ်လိုအသုံးပြုလဲ? ကို ဆက်လက်ရှင်းပြပေးသွားပါမယ်။
#建築 #建築基準法 #道路斜線制限 #建築意匠設計
11/07/2026
🙇♂️ နောက်အပတ်ကျရင် Building / 建築 Knowledge လေးတွေကို ပြန်ပြီး Share ပေးသွားပါမယ်နော်။
အခုတလော အလုပ်လေးတွေများနေလို့ အချိန်မရသေးတာကြောင့် ခဏနားထားတာပါ။ 😀
ဒီကြားထဲမှာတော့ Tokyo မှာ ကျင်းပနေတဲ့ စိတ်ဝင်စားဖို့ကောင်းတဲ့ Exhibition လေးတစ်ခုကို မျှဝေပေးချင်ပါတယ်။
🇯🇵 2026 特別展「大南極展」 (Great Antarctica Exhibition) 🧊🐧
✨ South Pole (南極) ကို စိတ်ဝင်စားသူတွေအတွက် မလွတ်သင့်တဲ့ ပြပွဲတစ်ခုပါ။
🧊 နှစ်သိန်းပေါင်းများစွာ သက်တမ်းရှိတဲ့ South Pole ရေခဲ (Ice Core)
🐧 ပင်ဂွင်းနဲ့ South Pole သတ္တဝါများအကြောင်း
☄️ South Pole မှာ တွေ့ရှိတဲ့ ဥက္ကာခဲ (Meteorites)
🌨️ Blizzard (နှင်းမုန်တိုင်း) ကို ကိုယ်တိုင်ခံစားနိုင်တဲ့ Experience
🌌 Aurora (တောင်ပိုင်းအလင်းတန်း) နဲ့ ရေခဲတောင်ကြီးတွေကို အကြီးစားဗီဒီယိုနဲ့ ကြည့်ရှုနိုင်ခြင်း
🏠 Showa Station (昭和基地) မှာ ဂျပန်သုတေသီတွေ ဘယ်လိုနေထိုင်ပြီး သုတေသနလုပ်ကြသလဲဆိုတာ လေ့လာနိုင်ခြင်း
🌍 Climate Change (ရာသီဥတုပြောင်းလဲမှု) ကို South Pole ရဲ့ အချက်အလက်တွေနဲ့ ဘယ်လိုသုတေသနလုပ်နေကြသလဲဆိုတာ သိရှိနိုင်ခြင်း
🎯 ပြပွဲဝင်တဲ့သူတိုင်း Mission Sheet ရရှိပြီး Mission တွေကို လုပ်ဆောင်နိုင်ပါတယ်။
🧊 ဒါ့အပြင် လာရောက်သူအမှတ် နောက်ဆုံး (၃) လုံး 777 ဖြစ်သူများကို တကယ့် South Pole ရေခဲ လက်ဆောင်ပေးတဲ့ အထူးအစီအစဉ်လည်း ရှိပါတယ်။ ✨
📍 日本科学未来館 (Miraikan), Odaiba, Tokyo
📅 2026/7/1 ~ 2026/9/27
Admin ကတော့ ၈ လပိုင်း ပိတ်ရက်ရှည် (お盆休み) မှာ သွားကြည့်ဖို့ စဉ်းစားထားပါတယ် 😄
အသေးစိတ်ကို အောက်က Official Website မှာ ကြည့်နိုင်ပါတယ်👇
https://www.google.com/url?sa=t&source=web&cd=&ved=2ahUKEwjO4-K88bqVAxVcjK8BHZjZGQoQFnoECBEQAQ&url=https%3A%2F%2Fdainankyokuten.jp%2F&usg=AOvVaw2DkJN-7ZELEg_9CFhkeg3n&opi=89978449
#大南極展 #南極
【公式】特別展「大南極展」 | 2026年7月1日(水)〜9月27日(日)日本科学未来館にて開催
特別展「大南極展」公式サイト。この夏、東京に南極がやってくる。南極観測70周年記念 特別展「大南極展」、2026年7月1日~9月27日、日本科学未来館にて開催!