𝐏𝐡𝐮𝐞'𝐬 𝐉𝐚𝐩𝐚𝐧𝐞𝐬𝐞 𝐂𝐡𝐚𝐧𝐧𝐞𝐥

𝐏𝐡𝐮𝐞'𝐬 𝐉𝐚𝐩𝐚𝐧𝐞𝐬𝐞 𝐂𝐡𝐚𝐧𝐧𝐞𝐥

Share

Teaching & knowledge sharing..🇯🇵

Photos from 𝐏𝐡𝐮𝐞'𝐬 𝐉𝐚𝐩𝐚𝐧𝐞𝐬𝐞 𝐂𝐡𝐚𝐧𝐧𝐞𝐥 's post 07/12/2024

𝗛𝗼𝘁𝗲𝗹 𝗜𝗻𝘁𝗲𝗿𝘃𝗶𝗲𝘄 𝗤𝘂𝗲𝘀𝘁𝗶𝗼𝗻𝘀 𝗪𝗶𝘁𝗵 𝗦𝗮𝗺𝗽𝗹𝗲 𝗔𝗻𝘀𝘄𝗲𝗿𝘀
…………………………………………………………………….
皆さん、久しぶり。ただいま戻ってきました!
ဖူးအလုပ်လေးတွေများနေတာကြောင့် အင်တာဗျူးမေးခွန်းလေးတွေမတင်ဖြစ်တာတော်တော်ကြာသွားပြီပေါ့နော်..🙇‍♀️
ဒီတစ်ခေါက်မှာတော့ 皆さんတို့တောင်းဆိုထားကြတဲ့

-ဂျပန်နိုင်ငံကို ဟိုတယ်လုပ်ငန်းနဲ့လာရောက်
လုပ်ကိုင်လိုတဲ့သူလေးတွေနဲ့
-ဂျပန်မှာホテル専門တက်ရောက်နေပြီးမကြာခင်မှာ
ကျောင်းပြီးတော့မဲ့သူလေးတွေအတွက်

ဟိုတယ်အလုပ်ဝင်ဖို့အင်တာဗျူးဖြေဆိုတဲ့အခါမှာအကောင်းဆုံးဖြေဆိုအောင်မြင်နိုင်ဖို့ အင်တာဗျူးမှာမေးလေ့မေးထရှိတတ်တဲ့မေးခွန်းလေးတွေနဲ့နမူနာအဖြေလေးတွေကို စုစည်ပြီးတင်ပေးလိုက်ပါတယ်နော်…📚

🔹နမူနာအဖြေလေးတွေဖြစ်လို့မိမိစိတ်ကြိုက်ကိုး
ကားပြီးဖြေဆိုလို့ရပါတယ်..
🔹ဒီဟာတွေဘဲမေးမယ်လို့မဟုတ်ပေမဲ့ မေးလေ့
မေးထရှိတတ်တာလေးတွေမို့ လေ့ကျင့်ထားရင်
သူများထပ်ပိုပြီးသာနေမှာအမှန်ပါဘဲနော်..

📌ဂျပန်စာဗဟုသုတလေးတွေကိုနေ့စဉ်မပြတ်
လေ့လာနိုင်ဖို့ Pageလေးကို Like & Followလုပ်ထားဖို့လည်းမမေ့ကြနဲ့နော်…

Photos from 𝐏𝐡𝐮𝐞'𝐬 𝐉𝐚𝐩𝐚𝐧𝐞𝐬𝐞 𝐂𝐡𝐚𝐧𝐧𝐞𝐥 's post 06/11/2023

コスモス花...🌺

皆さんတို့ ဂျပန်မှာ အခုဆိုရင် ဆောင်းရာသီ
ဝင်စပြုလာပြီမို့ မြန်မာမှာလိုဘဲ Cosmoပန်းလေးတွေ ပွင့်နေကြပါပြီ..

🔸 Cosmoပန်းလေးတွေက ငြိမ်းချမ်းမှု၊အပြစ်ကင်းစင်မှု၊ပျော်ရွှင်မှုတို့ကို ကိုယ်စားပြုတဲ့ပန်းလေးတွေဖြစ်တာမို့ ဂျပန်မှာနေ့စဉ်လုပ်ငန်းတာဝန်တွေကြား ရုန်းကန်နေရတဲ့ 皆さんတို့ ပန်းလေးတွေနဲ့ ပုံလှလှလေးတွေသွားရိုက်ပြီး ခနတာ စိတ်ပင်ပန်းမှုတွေကို ဖြေဖျောက်ကြစို့နော်..

📌အင်တာဗျူးမေးခွန်းပုံစံလေးတွေ တောင်းဆိုထားတဲ့သူလေးတွေအတွက် နောက်ရက်တွေမှာ နမူနာအမေးအဖြေလေးတွေထပ်တင်ပေးဖို့ရှိတာမို့ Page လေးကို အစဉ်မပြတ်စောင့်ကြည့်ပေးကြဖို့ မမေ့ကြနဲ့နော်..

Photos from 𝐏𝐡𝐮𝐞'𝐬 𝐉𝐚𝐩𝐚𝐧𝐞𝐬𝐞 𝐂𝐡𝐚𝐧𝐧𝐞𝐥 's post 13/10/2023

𝐓𝐨𝐤𝐮𝐭𝐞𝐢 𝐀𝐠𝐫𝐢𝐜𝐮𝐥𝐭𝐮𝐫𝐞 (စိုက်ပျိုးရေး) 𝐈𝐧𝐭𝐞𝐫𝐯𝐢𝐞𝐰 𝐐𝐮𝐞𝐬𝐭𝐢𝐨𝐧𝐬 𝐖𝐢𝐭𝐡 𝐒𝐚𝐦𝐩𝐥𝐞 𝐀𝐧𝐬𝐰𝐞𝐫𝐬
..................................................................
皆さん、久し振り。ဒီနေ့မှာတော့ စိုက်ပျိုးရေးပိုင်းနဲ့ ဂျပန်နိုင်ငံကို အလုပ်
လာရောက် လုပ်ကိုင်လိုသူလေးတွေအတွက် စိုက်ပျိုးရေးအင်တာဗျူးတွေမှာ မေးလေ့ရှိတတ်တဲ့ မေးခွန်းလေးတွေနဲ့ နမူနာအဖြေလေးတွေကို တင်ပေးလိုက်ပါတယ်...

🔹အဖြေလေးတွေက နမူနာအဖြေလေးတွေ
ဖြစ်လို့ မိမိစိတ်ကြိုက် ကိုးကားပြီး ဖြေဆိုလို့
ရပါတယ်..
🔹စိုက်ပျိုးရေးနဲ့ဆိုင်တဲ့မေးခွန်းလေးတွေဘဲ
ဖြစ်လို့ အင်တာဗျူးမှာ ဒါတွေကြီးဘဲ မေးမယ်
လို့တော့လဲ မဟုတ်ပါဘူးနော်..တခြားအခြေခံ
မေးတတ်တဲ့ဟာ‌လေးတွေနဲ့ပါ တွဲပြီးလေ့ကျင့်
ထားမှ သူများထက် ခြေတစ်လှမ်းသာနေမှာဘဲ
ဖြစ်ပါတယ်..

အခြေခံအင်တာဗျူးမေးခွန်းlink...👇
https://m.facebook.com/story.php?story_fbid=122130094286010247&id=61550307418085&mibextid=Nif5oz

#ဂျပန်စာအင်တာဗျူး
#ဂျပန်စာပညာဒါန

📌ဂျပန်စာပညာဒါနလေးတွေကို အမြဲမပြတ်
စောင့်ကြည့်လေ့လာနိုင်ဖို့ Pageလေးကို Like & Follow လုပ်ထားဖို့လဲ မမေ့ကြနဲ့နော်...

Photos from 𝐏𝐡𝐮𝐞'𝐬 𝐉𝐚𝐩𝐚𝐧𝐞𝐬𝐞 𝐂𝐡𝐚𝐧𝐧𝐞𝐥 's post 30/09/2023

𝐆𝐚𝐢𝐬𝐡𝐨𝐤𝐮 (စားသောက်ဆိုင်) 𝐈𝐧𝐭𝐞𝐫𝐯𝐢𝐞𝐰 𝐐𝐮𝐞𝐬𝐭𝐢𝐨𝐧𝐬 𝐖𝐢𝐭𝐡 𝐒𝐚𝐦𝐩𝐥𝐞 𝐀𝐧𝐬𝐰𝐞𝐫𝐬
.................................................................
Tokutei Gaishoku(စားသောက်ဆိုင်)
အင်တာဗျူးဖြေဆိုမဲ့သူလေးတွေအတွက်
အင်တာဗျူးဖြေဆိုတဲ့အခါမှာ သူများထက်
ခြေတစ်လှမ်းသာစေဖို့ ကြိုတင်လေ့ကျင့်ထားရအောင် မေးလေ့မေးထရှိတတ်တဲ့ မေးခွန်းလေး
တွေနဲ့ နမူနာအဖြေလေးတွေကို တင်ပေးလိုက်ပါတယ်။
皆さん 頑張ってくださいね..📘

🔹အဖြေလေးတွေက နမူနာဖြေပြထားတာဖြစ်လို့
မိမိစိတ်ကြိုက်ကိုးကားပြီးဖြေဆိုလို့ရပါတယ်။
🔹ဒီအပိုင်းလေးကတော့ စားသောက်ဆိုင်
သီးသန့်မေးခွန်းလေးတွေဖြစ်တာမို့ အခြေခံ
အင်တာဗျူးမေးခွန်းလေးတွေကိုတော့
အောက်က linkလေးမှာ လေ့လာလို့ရပါတယ်။

အခြေခံအင်တာဗျူးမေးခွန်းလေ့လာရမဲ့link..👇
https://m.facebook.com/story.php?story_fbid=122130094286010247&id=61550307418085&mibextid=Nif5oz

📌皆さんတို့ Phue မျှဝေပေးတဲ့ ဂျပန်စာ
ဗဟုသုတလေးတွေကို နှစ်သက်သဘောကျတယ်ဆိုရင် Pageလေးမှာ reviewလေးတွေ ရေးပေးဖို့နဲ့ Page လေးကို Like & Follow လုပ်ထားဖို့လဲ မမေ့ကြနဲ့နော်...

Photos from 𝐏𝐡𝐮𝐞'𝐬 𝐉𝐚𝐩𝐚𝐧𝐞𝐬𝐞 𝐂𝐡𝐚𝐧𝐧𝐞𝐥 's post 24/09/2023

𝐊𝐚𝐢𝐠𝐨 𝐈𝐧𝐭𝐞𝐫𝐯𝐢𝐞𝐰 𝐐𝐮𝐞𝐬𝐭𝐢𝐨𝐧𝐬 𝐖𝐢𝐭𝐡
𝐒𝐚𝐦𝐩𝐥𝐞 𝐀𝐧𝐬𝐰𝐞𝐫𝐬
............................................................. ဒီနေ့မှာတော့ ဂျပန်နိုင်ငံသို့ ဘိုးဘွားစောင့်ရှောက်ရေးအပိုင်းနဲ့ အလုပ်သွားရောက်လုပ်ကိုင်လိုသူတွေအတွက် Kaigo Interview တွေမှာ အမေးများတဲ့ မေးခွန်းလေးတွေနဲ့ နမူနာအဖြေလေးတွေကို ဖြေပြပေးထားတာ ဖြစ်ပါတယ်။

🔷အဖြေလေးတွေက နမူနာပုံစံဖြေပြထားတာမို့
မိမိစိတ်ကြိုက်ကိုးကားပြီးဖြေဆိုလို့ရပါတယ်။
🔷Kaigoအပိုင်းသီးသန့် မေးခွန်းနဲ့အဖြေလေး
တွေဖြစ်လို့自己紹介(မိမိကိုယ်ကိုမိတ်ဆက်)
နဲ့ တစ်ခြားအခြေခံမေးတတ်တဲ့မေးခွန်းလေး
တွေကိုတော့ အောက်က linkလေးမှာ လေ့လာ
လို့ရပါတယ်။

အခြေခံအင်တာဗျူးမေးခွန်းလေ့လာရမဲ့link..👇
https://m.facebook.com/story.php?story_fbid=122130094286010247&id=61550307418085&mibextid=Nif5oz

#ဂျပန်စာအင်တာဗျူး
#ဂျပန်စာပညာဒါန

📌ဂျပန်စာနဲ့ပတ်သတ်တဲ့ ဗဟုသုတလေးတွေကို
အမြဲမပြတ်လေ့လာနိုင်ဖို့ Pageလေးကို Like & Follow လုပ်ထားဖို့လဲမမေ့ကြနဲ့နော်...

Photos from 𝐏𝐡𝐮𝐞'𝐬 𝐉𝐚𝐩𝐚𝐧𝐞𝐬𝐞 𝐂𝐡𝐚𝐧𝐧𝐞𝐥 's post 20/09/2023

𝐈𝐧𝐭𝐞𝐫𝐯𝐢𝐞𝐰 𝐪𝐮𝐞𝐬𝐭𝐢𝐨𝐧𝐬 𝐰𝐢𝐭𝐡 𝐬𝐚𝐦𝐩𝐥𝐞 𝐚𝐧𝐬𝐰𝐞𝐫𝐬
..................................................................
皆さんတို့ ဂျပန်ကို အလုပ်နဲ့သွားရောက်လိုတာဘဲဖြစ်ဖြစ်၊ ကျောင်းသွားတက်ချင်တာဘဲဖြစ်ဖြစ် အင်တာဗျူး မဖြစ်မနေဖြေဆိုကြရမှာဘဲဖြစ်ပါတယ်။ ဒါကြောင့်မို့ ဒီနေ့မှာတော့အင်တာဗျူး ဖြေဆိုတဲ့အခါမှာ အခက်အခဲမရှိရလေအောင် ယေဘူယျအားဖြင့် မေးလေ့မေးထရှိတတ်တဲ့ မေးခွန်းလေးတွေနဲ့ နမူနာအဖြေလေးတွေကို လေ့လာလိုက်ကြရအောင်...📙

🔹အဖြေလေးတွေက နမူနာဖြေပြထားတာဖြစ်လို့
မိမိစိတ်ကြိုက်ကိုးကားပြီးဖြေဆိုလို့ရပါတယ်။
🔹ဒီမေးခွန်းလေး‌တွေတင်မဟုတ်ဘဲ တစ်ခြား
မေးနိုင်‌လောက်တဲ့ မေးခွန်းလေးတွေကိုပါ
ထပ်တလဲလဲ လေ့ကျင့်ထားမယ်ဆိုရင်တော့
အင်တာဗျူးမှာ ဖြေဆိုအောင်မြင်နိုင်မှာ
အသေအချာဘဲဖြစ်ပါတယ်။

#ဂျပန်အင်တာဗျူး
#ဂျပန်စာပညာဒါန

📌ဂျပန်စာနဲ့ပတ်သတ်တဲ့ဗဟုသုတလေးတွေကို
အမြဲမပြတ် စောင့်ကြည့်လေ့လာနိုင်ဖို့ Pageလေးကို Like & Follow လုပ်ထားဖို့လဲ မမေ့ကြနဲ့နော်..

12/09/2023

📄10လပိုင်း COEတွေထွက်ပြီးပြီဆိုတော့
မကြာခင် သံရုံးဝင်ရမဲ့သူလေးတွေအတွက်
ကျောင်းသားဗီဇာအတွက် သံရုံးဝင်တဲ့အခါမှာ
သိထားရမည့် ဆောင်ရန်/ရှောင်ရန် အချက်လေးတွေကို ပြောပြပေးသွားမှာဖြစ်ပါတယ်။
[ ဒီတစ်ခေါက် မသွားရသေးတဲ့သူလေးတွေကလဲ ကိုယ့်အလှည့်ကျ သံရုံးဝင်တဲ့အခါ အခက်အခဲမရှိ
အောင် ကြိုတင်ဖတ်ထားကြနော် ]

1️⃣ပထမဆုံးအနေနဲ့ သံရုံးဝင်တဲ့အခါမှာ
မပါမဖြစ် ယူသွားရမဲ့အရာတွေကတော့...
- ပတ်စပို့(passport)
- Visa Application Form
(Visa Formကိုတော့ သံရုံးရဲ့websiteကနေ
download လုပ်ပြီးဖြည့်ရမှာဖြစ်ပါတယ်)
📝Visa Form ဒေါင်းရမည့် website..👇
https://www.mm.emb-japan.go.jp/itprtop_en/index.html

- COE မူရင်း+မိတ္တူ
(သို့မဟုတ်)
- အီလက်ထရောနစ် COE
(ဒါလေးနဲ့တင်မဲ့သူတွေကတော့ ဒီတစ်ခုထဲဆို
ရပါတယ်။မိတ္တူမလိုပါဘူးနော်)
- နှစ်လက်မပတ်လည် နောက်ခံအဖြူ ဓာတ်ပုံ
(ဓာတ်ပုံကို Visa Formမှာ တစ်ခါတည်းကပ်‌
ပေးရမှာပါ။ပုံကပ်တဲ့အခါ ကော်နဲ့ဘဲကပ်တာ
ပိုကောင်းပါတယ်။တချို့တိပ်နဲ့ကပ်တဲ့သူတွေ
ကို လက်မခံတာမျိုးတွေ ရှိတတ်ပါတယ်)

2️⃣အပေါ်က စာရွက်စာတမ်းတွေပြည့်စုံပီဆိုရင်
သံရုံးဝင်ဖို့ bookingရထားတဲ့ ရက်မှာသွားရ
ပါမယ်။bookingမှာပါတဲ့ လာရမဲ့အချိန်ထက်
စောပြီးသွားရင် ပိုကောင်းပါတယ်။သံရုံးက
ကိုးနာရီမထိုးခင်လောက်မှာ ပေးဝင်တာဆိုပေ
မဲ့ မနက်အစောထဲက လာတန်းဆီနေတဲ့သူ
တွေများတာကြောင့် ကိုယ်က booking
အစောပိုင်းရထားတယ်ဆိုရင်တောင်
Phue တို့တုန်းကတော့ အရင်ရောက်အရင်ဝင်
စနစ်နဲ့ဘဲ သုံးယောက်တစ်ခါ ပေးဝင်ပါတယ်။

3️⃣ကိုယ်ဝင်ရမဲ့အလှည့်ရောက်ပီဆိုရင် အရင်ဆုံး
ဝင်"ချင်း အပေါက်နားက ကောင်တာမှာ
ပတ်စပို့ ပြရပါတယ်။ပြပီးရင် သူပေးတဲ့
လည်ဆွဲလေးဆွဲပီး ဝင်ရပါတယ်။အဲ့တာ
ပီးရင်တော့ ကိုယ်နဲ့ပါလာတဲ့ အိတ်တွေကို စစ်
ပါတယ်။ဖုန်းပါလာရင် ဖုန်းကို လော့ကာထဲမှာ
သော့ခတ်ပီး ထားခဲ့ရပါတယ်။သော့ခတ်ပီးရင်
သော့လေးကို ပြန်ယူခဲ့ဖို့လဲ မမေ့ကြနဲ့နော်။

4️⃣ပြီးရင်တော့ ခြေရာလေးတွေအတိုင်း
လိုက်သွားလိုက်ရင် "ဗီဇာဌာနသို့ဆိုတဲ့"
လမ်းညွှန်လေးကို တွေ့ပါလိမ့်မယ်။အဲ့ဒီ
အဆောက်အဦးထဲကို ဝင်သွားရင်တော့ ခုံတွေ
တန်းဆီထားတဲ့ အခန်းကိုတွေ့ပါလိမ့်မယ်။
ခုံလေးတွေရဲ့ ရှေ့မှာ ကောင်တာငါးခုရှိပါ
တယ်။အဲ့ဒီကောင်တာတွေရဲ့ဘေးမှာ Tablet
တစ်လုံးရှိပါတယ်။အဲ့Tabletမှာ မြန်မာ/ဂျပန်/
အဂ်လိပ် သုံးဘာသာထဲကနေ မြန်မာကိုရွေးပြီး
တော့ "ကျောင်းသားဗီဇာလျှောက်ရန် COE"
ဆိုတဲ့ဟာလေးကို ရွေးပေးရပါမယ်။ပီးရင်
တော့ တုံကင်နံပါတ်နဲ့စာရွက်လေးထွက်လာပါ
လိမ့်မယ်။အဲ့စာရွက်လေးကိုယူပီး ခုံလေးတွေ
မှာ ထိုင်စောင့်နေပါ။ကောင်တာမှာ ကိုယ့်နံပါတ်
ပေါ်လာရင် ကောင်တာကိုသွားပြီး အပေါ်က
(No-1)မှာပါတဲ့ စာရွက်စာတမ်းတွေနဲ့ တုံကင်
စာရွက်လေးကိုပါ ပေးရပါမယ်။

5️⃣အဲ့တာတွေပေးပြီးရင်တော့ အထဲကလူကြီး
တစ်ယောက်က စာရွက်တွေကိုစစ်ပါမယ်။
အမှားပါရင် ပြန်ပြင်ခိုင်းပါလိမ့်မယ်။
ကော်ရက်ရှင်နဲ့ ဖျက်ပြင်လို့ရပါတယ်။
Phue အလှည့်တုန်းကတော့ Visa Formမှာ
(COE NO-)ဆိုတာလေးမပါလို့ သံရုံးက
ဖောင်အသစ်နဲ့အစအဆုံး ပြန်ဖြည့်ပေးရပါ
တယ်။အဲ့လိုအချိန်မှာ ပြာမသွားဘဲနဲ့
စိတ်အေးအေးထားပြီး ပြန်ပြင်ပါနော်။
နောက်တစ်ခါ ထပ်ပြင်ရရင် အချိန်တွေ ပိုကြာ
လို့ပါ။ကိုယ်က အမှားမပြင်ခင် ခုနက
Tabletလေးမှာ တုံကင်နံပါတ် ပြန်ယူထားရပါ
မယ်။ဖောင်အကုန်ပြန်ဖြည့်ပီးမှ ယူရင် နောက်
ဝင်လာတဲ့သူတွေနဲ့ဆိုတော့ ကိုယ်က အနောက်
ကို အရမ်းရောက်သွားနိုင်လို့ပါ။လိုအပ်တာ
ရှိရင် ပြင်ဖို့အတွက် (ဘောလ်ပင်မှင်အမဲ၊
ကော်ဘူး၊ကော်ရက်ရှင်)ယူလာတာ ပိုကောင်းပါ
တယ်။မပါလာလဲ ကိစ္စမရှိပါဘူး အထဲကသူ
တွေ အချင်းချင်းငှားပေးကြပါတယ်။အမှား
ပြင်ပီးသွားပီဆိုရင်တော့ ကိုယ့်နံပါတ်ရောက်တဲ့
အထိစောင့်ပီး ရောက်ရင် ခုနကလိုဘဲ
ကောင်တာမှာ သွားပေးလိုက်ရင် ရပါပြီ။

6️⃣အဲ့မှာ စစ်ဆေးပြီး ပြည့်စုံပီဆိုရင်တော့ ဗီဇာ
ပြန်လာယူရမဲ့ စလစ်လေး ပြန်ပေးပါလိမ့်မယ်။
အမှားပြင်စရာမလိုတဲ့ သူတွေကတော့ No-5
အချက်လုပ်စရာမလိုဘဲ တစ်ခါတည်း စလစ်
လေးရပါလိမ့်မယ်။အဲ့စလစ်လေး ရပီဆိုရင်
တော့ ပြန်ထွက်လာလို့ရပါပြီ။

7️⃣ဗီဇာပြန်လာယူရမဲ့နေ့မှာတော့ စလစ်လေးထဲ
မှာပါတဲ့ နေ့ရက်နဲ့ အချိန်အတိုင်းသွားရ
ပါမယ်။ဗီဇာကြေးကိုလဲ စလစ်ထဲမှာပါတဲ့
ပမာဏလေးအတိုင်း အတိအကျယူသွားပါ။
ပီးရင်တော့ အဲ့စလစ်လေးရယ်၊
မှတ်ပုံတင်(လိုရမယ်ရ)ယူသွားပြီး ဟိုနေ့က
အတိုင်းဘဲ သံရုံးဝင်ရပါမယ်။အကုန်လုပ်ပြီး
သွားပြီဆိုရင် သူတို့က ဟိုနေ့ကပေးထားခဲ့တဲ့
ပတ်စပို့တွေဘာတွေ ပြန်ပေးပါလိမ့်မယ်။
(ဗီဇာကို ပတ်စပို့ထဲမှာ ကပ်ပေးလိုက်မှာပါ)
ဒါတွေအားလုံး ပြီးသွားပြီဆိုရင်တော့
သံရုံးဝင်ခြင်းအဆင့် အောင်မြင်စွာ ပြီးဆုံးပြီ
ဘဲ ဖြစ်ပါတယ်။

❗皆さんတို့ အပေါ်က ဖူးပြောပြခဲ့တဲ့ အချက်
လေးတွေထဲမှာ မရှင်းတာ/သိချင်တာလေးတွေ
ရှိရင်လဲ cbမှာလာမေးလို့ရပါတယ်နော်။

📌ဂျပန်စာပညာဒါနလေးတွေကို အမြဲမပြတ်
လေ့လာနိုင်ဖို့ Pageလေးကို Like & Follow
လုပ်ထားဖို့လဲ မမေ့ကြနဲ့နော်...

Photos from 𝐏𝐡𝐮𝐞'𝐬 𝐉𝐚𝐩𝐚𝐧𝐞𝐬𝐞 𝐂𝐡𝐚𝐧𝐧𝐞𝐥 's post 11/09/2023

𝐍-𝟑 𝐒𝐡𝐢𝐧𝐤𝐚𝐧𝐳𝐞𝐧 𝐆𝐫𝐚𝐦𝐦𝐚𝐫 𝐏𝐚𝐫𝐭-𝟒
..............................................................
Grammar စာပိုဒ်ကွက်လပ်ဖြည့် အပိုင်းမှာ ကိုယ် တွေးထားတဲ့အဖြေနဲ့ အဖြေမှန်နဲ့ မကိုက်လို့ ဘယ်လိုလေ့ကျင့်ရမလဲ မသိဖြစ်နေကြပီလား??
ဒါဆိုရင်တော့ ဒီနေ့ တင်ပေးထားတဲ့ အပိုင်းလေးကို သေချာလေ့လာထားမှဖြစ်မယ်နော်။📒

❗ဒီအပိုင်းလေးကို ကျက်မှတ်ပြီးသွားပြီဆိုရင်တော့ shinkanzen grammarစာအုပ်ရဲ့
နောက်ပိုင်းမှာပါတဲ့ grammarစာပိုဒ်လေ့ကျင့်ခန်းလေးတွေကိုပါ တစ်ခါတည်းတွဲပြီး
ဖြေကြည့်ထားမယ်ဆိုရင် စာမေးပွဲမှာ အခက်အခဲ
မရှိဖြေဆိုနိုင်မှာ အသေအချာဘဲဖြစ်ပါတယ်...

📚Part-1..👇
https://m.facebook.com/story.php?story_fbid=122103537656010247&id=61550307418085&mibextid=9R9pXO

📚Part-2..👇
https://m.facebook.com/story.php?story_fbid=122106267032010247&id=61550307418085&mibextid=9R9pXO

📚Part-3..👇
https://m.facebook.com/story.php?story_fbid=122110321928010247&id=61550307418085&mibextid=9R9pXO

📝ကဲဲ皆さんတို့ ဒီနေ့အပိုင်းထိဆိုရင်
N-3 Shinkanzen grammarတစ်အုပ်လုံးရဲ့ grammar notes တွေအကုန် တင်ပေးပြီးသွားပြီဘဲဖြစ်ပါတယ်။ဒီပို့စ်လေးထဲမှာ အပိုင်းအားလုံးကို စုစည်းပေးထားတာဖြစ်လို့ စာမေးပွဲဖြေခါနီး စာပြန်နွှေးတဲ့အခါမှာ အထောက်အကူပြုစေမယ်လို့ မျှော်လင့်ပါတယ်။

📌ဂျပန်စာပညာဒါနလေးတွေကို အမြဲမပြတ်
စောင့်ကြည့်လေ့လာနိုင်ဖို့ Pageလေးကို
Like & Follow လုပ်ထားဖို့လဲ မမေ့ကြနဲ့နော်..

27/08/2023

皆さんတို့ စာတွေလေ့လာနေရတာ ခေါင်းပူနေကြပီလား.👀
ဒါဆိုရင်တော့ ပိတ်ရက်လေးမှာ အပန်းလဲဖြေရင်း
ပေါ့ပေါ့ပါးပါးလေးဘဲ Listening လေးတွေ နားထောင်လိုက်ကြရအောင်...

📒ဒီVideoလေးမှာတော့ kaiwaပိုင်းဘာသာပြန်
လေးတွေပါ ထည့်ပေးထားတာဖြစ်လို့
Listening နားထောင်ရင်း လိုက်ပြောကြည့်
မယ်ဆိုရင် kaiwaပိုင်းအတွက်ပါ လေ့ကျင့်
ပြီးသားဖြစ်စေမှာပါနော်..

📌ဂျပန်စာပညာဒါနလေးတွေကို နေ့စဉ်လေ့လာ
နိုင်ဖို့ Pageလေးကို like & follow လုပ်ထား
ဖို့လဲ မမေ့ကြနဲ့နော်..


#ဂျပန်စာပညာဒါန

Photos from 𝐏𝐡𝐮𝐞'𝐬 𝐉𝐚𝐩𝐚𝐧𝐞𝐬𝐞 𝐂𝐡𝐚𝐧𝐧𝐞𝐥 's post 25/08/2023

ဂျပန်စာlevelတွေသာ မြင့်လာပြီး kaiwaပိုင်းမှာတော့ အားနည်းနေတာမျိုးမဖြစ်ရအောင် N-4 ကတည်းကစပြီး kaiwa‌လေးတွေ လေ့ကျင့်ထားမှဖြစ်မယ်နော်..ဒါကြောင့်မို့ ဒီနေ့မှာတော့
(N-4 kaiwa)လေးတွေကို တင်ပေးလိုက်ပါတယ်.

✅皆さんတို့ kaiwaပိုင်းလေ့လာတဲ့အခါမှာ
အရင်ဆုံး အောက်က linkလေးကနေ native
speaker တွေပြောတာကို နားထောင်ပြီးမှ
ပုံလေးတွေကိုကြည့်ပီး အပြောလေ့ကျင့်
ကြပါနော်...🗣️
(ဘာသာပြန်လေးတွေပါ ရေးပေးထားတာမို့
အဓိပ္ပါယ်နားမလည်မှာလဲစိတ်ပူစရာမလိုဘူးနော်)

Kaiwa နားထောင်ရမဲ့ link...👇
http://mm-biz.com/minna_no_nihongo_myanmar/category/conversation/

📌ဂျပန်စာပညာဒါနလေးတွေကို အမြဲမပြတ်
လေ့လာနိုင်ဖို့ Pageလေးကို like & follow
လုပ်ထားဖို့လဲမမေ့ကြနဲ့နော်...

Photos from 𝐏𝐡𝐮𝐞'𝐬 𝐉𝐚𝐩𝐚𝐧𝐞𝐬𝐞 𝐂𝐡𝐚𝐧𝐧𝐞𝐥 's post 22/08/2023

𝐍-𝟑 𝐒𝐡𝐢𝐧𝐤𝐚𝐧𝐳𝐞𝐧 𝐆𝐫𝐚𝐦𝐦𝐚𝐫 (𝐀-𝐉) 𝐏𝐚𝐫𝐭-𝟑
..................................................................
ဒီအပိုင်းလေးကတော့ N-3 levelရဲ့ grammar ပိုင်းမှာသာမက reading ပိုင်းမှာပါ အထောက်အကူပြုစေမဲ့ 副詞(Adverb)
လေးတွေနဲ့ မေးခွန်းဟောင်းတွေမှာ တွေ့ရများတဲ့
grammar patternလေးတွေပါဝင်တဲ့အပိုင်းလေးဖြစ်လို့ 皆さんတို့ သေချာလေ့လာထား
သင့်တဲ့ အပိုင်းလေးဖြစ်ပါတယ်နော်...

📚Part-1..👇
https://m.facebook.com/story.php?story_fbid=122103537656010247&id=61550307418085&mibextid=Nif5oz

📚Part-2..👇
https://m.facebook.com/story.php?story_fbid=122106267032010247&id=61550307418085&mibextid=Nif5oz

📌ဂျပန်စာပညာဒါနလေးတွေကို နေ့စဉ်မပြတ်
စောင့်ကြည့်လေ့လာနိုင်ဖို့ Pageလေးကို
like & follow လုပ်ထားဖို့လဲ မမေ့ကြနဲ့နော်...

20/08/2023

皆さんတို့ မနက်ဖြန် မြန်မာစံတော်ချိန် (နံနက်7:30)မှစတင်ပြီး 7လပိုင်း JLPT result
များကိုကြည့်ရှုလို့ရပါပြီနော်..💙

Result ကြည့်ရမည့်link..👇
https://www.jlpt.jp/e/guideline/results_online.html?fbclid=IwAR21gZOgXw4M-fqTrpea9Nx_VzMH2tdgoJM8jWs_oEnntOMoT_3azR-bYgA

❗အပေါ်က linkလေးကနေတစ်ဆင့်>
other countries>မိမိခုံနံပါတ်>မိမိထည့်သွင်း
ခဲ့တဲ့ password (8)လုံး ကို ရိုက်ထည့်ပြီး
ကြည့်ရှုရမှာဖြစ်ပါတယ်..

"အားလုံးပဲ အမှတ်ကောင်းကောင်းနဲ့ အောင်မြင်ကြပါစေ"လို့ Phueက ဆုတောင်းပေးလိုက်
ပါတယ်...

Want your school to be the top-listed School/college?

Website

Opening Hours

Monday 09:00 - 11:00
Tuesday 09:00 - 11:00
Wednesday 09:00 - 11:00
Thursday 09:00 - 11:00
Friday 09:00 - 11:00