Rennovate

Rennovate

共有する

🌏 Empowering Burmese youth to work smart, adapt fast, and build global careers through Salesforce and the digital economy.

04/06/2026

ဘဝထဲက နေ့ရက်တိုင်းကို ဖြတ်သန်းရင်း
သင်ခန်းစာတွေ သင်ယူရင်း
အတွေ့အကြုံတွေ စုဆောင်းရင်း
ပိုနားလည်လာတာက

'Experience shapes wisdom.'
အတွေ့အကြုံဆိုတာ စာအုပ်တွေ
မသင်ပေးနိုင်တဲ့ သင်ခန်းစာတွေကို
သင်ပေးတဲ့ ဆရာတစ်ယောက်ဆိုတာပဲ

တချို့သင်ခန်းစာတွေက
Failure အဖြစ် ရောက်လာတတ်တယ်

တချို့သင်ခန်းစာတွေက
Fear အဖြစ် ရောက်လာတတ်တယ်

တချို့သင်ခန်းစာတွေက Comfort zone ထဲက
အပြင်ထွက်ဖို့ တွန်းပို့တဲ့ challenge အဖြစ်
ရောက်လာတတ်တယ်

အဲ့ဒီအချိန်တွေမှာ ‘ဘာလို့ ဒီလိုဖြစ်ရတာလဲ’ လို့
တွေးမိကောင်းတွေးမိနိုင်ပေမဲ့

နောက်ပြန်ကြည့်လိုက်တဲ့အခါ ကိုယ့်ကို
ပိုသန်မာစေခဲ့တာ ပိုရင့်ကျက်စေခဲ့တာ
ပိုနားလည်တတ်စေခဲ့တာက

အောင်မြင်မှုတွေထက်
အတွေ့အကြုံတွေ ဖြစ်နေတတ်တယ်

ဒါကြောင့် Fail ဖြစ်ခဲ့တဲ့နေ့တွေအတွက်လည်း
ကျေးဇူးတင်သင့်သလို ကြောက်ရွံ့ခဲ့တဲ့
အချိန်တွေအတွက်လည်း ကျေးဇူးတင်သင့်တယ်

အဲ့ဒီနေ့တွေကပဲ
ဒီနေ့ရဲ့ ကိုယ့်ကိုတည်ဆောက်ပေးခဲ့တာမို့လို့

Every experience teaches something.
Every lesson transforms someone.

すべての経験には学びがある。
そして、すべての学びは人を成長させる。✨

Rennovate
__________

02/06/2026

Salesforce က students, educators,
universities တွေအတွက် dedicated learning
resources တွေ သီးသန့်ထုတ်ပြန်လိုက်ပါပြီ

Classroom ကနေတစ်ဆင့် confidence ရှိတဲ့
Careers ဆီကိုလျှောက်လှမ်းဖို့ တကယ့်ကို
တန်ဖိုးရှိတဲ့ ရတနာသိုက်ဖြစ်တာကြောင့်
အားတဲ့အချိန်မှာ လေ့လာစေချင်တယ်

India မှာဆိုရင် ကျောင်းတွေမှာ လူငယ်လေးတွေ
Group တွေဖွဲ့ပြီး teamwork နဲ့ပါ တစ်ခါတည်း
လေ့ကျင့်နေကြပြီ

တကယ်လုပ်တဲ့သူက တကယ်ရမှာပါ
အောက်က link ကနေ Step by step
တစ်ဆင့်ချင်းစီ လေ့လာကြည့်စေချင်တယ်

📌 https://www.salesforce.com/workforce-development/higher-education/

📚 Industry-aligned learning
🤖 AI & emerging technology skills
🏅 Certifications & career pathways
🚀 Career-ready talent development

01/06/2026

Growth ဆိုတာ comfort zone ကို
တဖြည်းဖြည်း ချဲ့ထွင်သွားရတဲ့
process တစ်ခုပါ

Hard workouts.
Difficult books.
Uncomfortable conversations.
Taking risks. That's how you grow.

တကယ်တော့
ခက်ခဲတဲ့ workout တွေက body ကို
stronger ဖြစ်စေသလို

ခက်ခဲတဲ့ စာအုပ်တွေက
အတွေးအခေါ် ကို ပို deeper ဖြစ်စေတယ်

Uncomfortable conversations တွေက
communication skill နဲ့ maturity ကို
တည်ဆောက်ပေးသလို

Risks တွေက ကိုယ်မသိသေးတဲ့ potential
တွေကို ဖော်ထုတ်ပေးတယ်

စိတ်ဝင်စားစရာကောင်းတာက
လူတွေဟာ growth ကို လိုချင်ကြပေမဲ့
growth ဖြစ်စေတဲ့ discomfort ကိုတော့
မကြိုက်ကြဘူး

ဒါပေမဲ့
ဘဝမှာ meaningful changes အများစုက
certainty ထဲမှာ မဟုတ်ဘဲ
uncertainty ထဲကနေ ပေါ်ထွက်လာတာ
များတယ်

ဒါကြောင့်
အခုလက်ရှိ နည်းနည်း challenging ဖြစ်နေတဲ့
အခြေအနေတစ်ခုကို ရင်ဆိုင်နေရရင်

အဲ့ဒါက failure ရဲ့ sign မဟုတ်ဘဲ
growth ရဲ့ sign ဖြစ်နေနိုင်တယ်

Not every difficult season is breaking you.
Some seasons are building you.

တိုးတက်မှုဆိုတာ
ပိုလွယ်လာတဲ့ဘဝကို ရတာမဟုတ်ဘူး

ပိုခက်တဲ့အရာတွေကို handle လုပ်နိုင်တဲ့
ကိုယ့်ရဲ့ version အသစ်တစ်ခုကို
ဖန်တီးနိုင်လာတာပါ✨

Rennovate

30/05/2026

ဒီနေ့ ၃လတာ Road to Salesforce program
လေးအောင်မြင်စွာ ပြီးမြောက်ခဲ့ပါပြီ

တကယ်ကြိုးစားပြီး Own project တွေ
ဖန်တီးခဲ့ကြတဲ့ member တွေကိုလည်း
ချိီးကျူးဂုဏ်ယူရသလို

လိုက်မလုပ်နိုင်ခဲ့တဲ့သူတွေရှိရင်လည်း
အားမလျှော့ပဲ ဆက်လုပ်ဖို့အားပေးချင်ပါတယ်

Salesforce က ကမ္ဘာ့ထိပ်တန်းပညာရပ်တစ်ခု
မလို့ အချိန်တစ်ခုပေးပြီး လေ့လာတဲ့အခါ
စိတ်ရှည်ဖို့တော့လိုပါတယ်

လာမယ့် 2026 Summer program မတိုင်ခင်
Webinar တစ်ခုတော့ဖန်တီးပေးပါမယ်✨

29/05/2026

Trailblazer mindset နဲ့ နေ့တိုင်း အနည်းဆုံး
15 mins ပဲဖြစ်ဖြစ် Trailhead ကနေ
ပုံမှန်လေ့လာတဲ့ habit တစ်ခုက

Career growth အတွက်တင်မကဘဲ
Life တစ်ခုလုံးကိုပါ quietly upgrade
လုပ်ပေးနေတယ်ဆိုတာ နောက်ပိုင်း
ပိုသတိထားမိလာတယ်

သေရေးရှင်ရေး emergency ကိစ္စတွေကလွဲရင်
မိုးရွာရွာ နေပူပူ motivation ရှိရှိ မရှိရှိ
ပျော်တဲ့နေ့ဖြစ်ဖြစ် မပျော်တဲ့နေ့ဖြစ်ဖြစ်

‘NO REASON schedule’ အနေနဲ့
ဆက်လုပ်တတ်တဲ့ အကျင့် ကပဲ
လူတစ်ယောက်ကို next level ဆီဆွဲခေါ်သွားတာ

ဒါကြောင့်
How you do anything is how you do everything.
ဆိုတဲ့ စကားက တကယ်မှန်တာကိုး

လွန်ခဲ့တဲ့ရက်တွေမှာ ဆရာတော်ဦးဇောတိကရဲ့
မကြာသေးခင်က Singapore မှာဟောတဲ့
‘Life & Rebirth’ တရားကို နားထောင်ရင်း
အရမ်းသဘောကျတဲ့ line တွေရှိတယ်

‘Every moment is so precious.’
‘We are here to learn.’
‘Life is for learning.’

ဘဝမှာ ဘယ်အသက်အရွယ်
ဘယ်ရာထူးပဲရောက်ရောက်
မသေခင်အချိန်ထိ joyful learning လုပ်ဖို့ဆိုတာ
တကယ် အရေးကြီးတယ်

Salesforce professional တစ်ယောက်အနေနဲ့
အခုနောက်ပိုင်း ပိုနားလည်လာတာက

Future မှာ survive လုပ်နိုင်ဖို့ဆိုတာ
Talent တစ်ခုတည်းနဲ့ မရတော့ဘူး

Continuous evolution လုပ်နိုင်တဲ့ mindset
ကပဲ တကယ်အရေးကြီးလာတာ

Learning habit ကို ထမင်းစား ရေသာက်သလို
နေ့စဉ်ဘဝထဲမှာ မရှိမဖြစ်အနေနဲ့ ထည့်သင့်တယ်

15 mins က ဘာမှမဟုတ်ပါဘူး
ဒါပေမဲ့ နေ့တိုင်း ဆက်လုပ်တဲ့ 15 mins က

တစ်နှစ်နောက်မှာ လူတစ်ယောက်ကို
နေရာတစ်ခုကို ရောက်အောင်ရွှေ့ပေးနိုင်တယ်

အသစ်အသစ်တွေ လေ့လာရတာ နှစ်သက်တဲ့
သူတွေဆိုရင် IT + Business + Global skills
တွေကို Trailhead ကနေ လေ့လာကြည့်ပါ

https://trailhead.salesforce.com/

Admin study plan ကို comment မှာ
ပေးထားပါမယ် ✨

📌Salesforce album
https://www.facebook.com/share/1G9XnS73nu/?

24/05/2026

Outcome ထက် process ကို ပိုချစ်အောင်
mindset ကို ဖန်တီးထားတယ်

‘ဒါကိုရမှ ငါပျော်ရွှင်မယ်’
‘ဒါကိုရမှ ငါ့ဘဝ meaningful ဖြစ်မယ်’
ဆိုတာထက်

‘ဒီအရာတွေကို လုပ်နေရင်းကို ပျော်ရွှင်နေရမယ်’

‘ဘဝကို အဓိပ္ပါယ်ရှိနေတယ်လို့ ခံစားနေရမယ်’
ဆိုတဲ့ဘက်ကို ပိုသွားဖြစ်တယ်

ဘဝဆိုတာ မသေချာမှုတွေနဲ့ ပြည့်နေတဲ့
journey မလို့ နောက်နေ့ဆိုတာတောင်
ရှိချင်မှရှိနိုင်တယ်

ဒါကြောင့် အရေးကြီးဆုံးက

• အခုလက်ရှိအချိန်ကို အတတ်နိုင်ဆုံး
နောင်တကင်းကင်း ဖြတ်သန်းဖို့

• ကိုယ့်အတွက် တန်ဖိုးရှိတဲ့သူတွေကို
သေချာဂရုစိုက်ဖို့

• ကိုယ့်ကိုယ်ကိုလည်း unconditional love နဲ့
ချစ်တတ်ဖို့ အပြင်

နေ့စဉ်စောင့်ကြိုနေတဲ့ တစ်ချို့ responsibilities
တွေကို လှည့်မကြည့်ချင်တဲ့နေ့တွေ ရှိရင်တောင်

သူတို့ဆီကို အနုနည်းနဲ့ ချဉ်းကပ်ကြည့်ပြီး

ပိုနီးစပ်လာအောင် ပိုပျော်ရွှင်လာအောင်
ပို sustainable ဖြစ်လာအောင်
ပုံစံအမျိုးမျိုးနဲ့ solution ထုတ်ကြည့်ဖြစ်တယ်

တခါတလေ ဘဝမှာ destination ကိုရောက်ဖို့ပဲ
ဟောဟဲဟောဟဲ လိုက်နေရင်း

လက်ရှိအသက်ရှင်နေရတဲ့ အခိုက်အတန့်တွေကို
မေ့မသွားဖို့နဲ့ Process ထဲက ဘဝရဲ့
အဓိပ္ပါယ်ကို ရှာတတ်ဖို့လည်းလိုတယ်

အဲ့ဒါအပြင်
‘ငါ ဘာကြောင့် ဒီ destination ဆီကိုရောက်ဖို့
ကြိုးစားနေတာလဲ’ ဆိုတဲ့ ‘WHY’ မေးခွန်းကိုလည်း
မကြာခဏ ပြန်မေးဖို့ လိုတယ်

A meaningful life is built in the process,
not just the outcome. 💫

Rennovate

21/05/2026

ကိုယ့်ကိုယ်ကို စိတ်ရှည်ဖို့လိုတယ်
အရိုးစွဲလာတဲ့ အကျင့်ဟောင်းတွေကို
ချက်ချင်းဖျောက်ဖို့ ကြိုးစားရင်

မထင်မှတ်ပဲ panic state ကို
ရောက်သွားတတ်တယ်

Emotion နဲ့ ကိုင်တွယ်ဖြေရှင်းနေတာထက်
ကိုယ့်အတွက် ရေရှည်အလုပ်ဖြစ်မယ့်

‘Problem List & Solution List’ တစ်ခု
ရှိထားသင့်တယ်

(ဥပမာ)

• Japanese weak?
→ Daily speaking routine

• Skill require?
→ 90 days learning project

• Money stress?
→ Expense tracking + extra income skill

• Confidence low?
→ Small wins

• Direction unclear?
→ Quiet thinking time + journaling

ဘဝက တခါတလေ chaos လိုထင်ရပေမဲ့
Solution ထုတ်ကြည့်ရင်
clear pattern တွေ မြင်လာနိုင်တယ်

အရေးကြီးတာက problem ရှိတာ မဟုတ်ဘူး
problem ရှိနေပြီး မကြည့်ရဲတာက
ပိုအန္တရာယ်ရှိတယ်

တကယ်တော့ Growth ဆိုတာ
Overnight transformation မဟုတ်ဘူး

ကိုယ်ကြုံနေရတဲ့ problem lists ကို
ရှင်းရှင်းလင်းလင်း မြင်နိုင်လာတာ

Mini steps ပါတဲ့ solution lists ကို
တည်ဆောက်နိုင်လာတာကပဲ
တကယ့် real progress ဖြစ်နိုင်ပါတယ်

Small steps solve big chaos.
小さな一歩が、大きな混乱を整えていく。💫

Rennovate

19/05/2026

ဘဝမှာ Do or Die mindset နဲ့
ဖြတ်ကျော်ခဲ့ရတဲ့ အချိန်တွေက
အပြောင်းလဲဆုံး version တွေ
ဖန်တီးပေးခဲ့တာ သတိထားမိတယ်

Options တွေများလာတဲ့အခါ
လူက safe mode ထဲကို မသိမသာ
ဝင်သွားတတ်တယ်

‘အဆင်မပြေရင် နောက်တစ်ခုရှိသေးတယ်’
ဆိုတဲ့ mindset က
တခါတလေ freedom ပေးပေမဲ့
တစ်ဖက်မှာ intensity ကို လျော့သွားစေ
တတ်တယ်

ဒါပေမဲ့
‘ဒီတစ်ခါတော့ ဖြစ်အောင်လုပ်မှရမယ်’ဆိုတဲ့
mode ထဲ ဝင်သွားတဲ့အချိန်မှာတော့
လူတစ်ယောက်ရဲ့ hidden abilities တွေက
အံ့အားသင့်စရာကောင်းလောက်အောင်
ထွက်လာတတ်တယ်

• မလုပ်ရဲတာတွေကို သတ္တိရှိရှိလုပ်နိုင်လာတယ်
• fear ထက် mission ကို ပိုမြင်လာတယ်
• distractions တွေကို ဖြတ်တောက်နိုင်လာတယ်
• survival instinct က အားအင်အသစ်တွေကို
မွေးဖွားပေးတယ်

တခါတလေ
တောင်ကမ်းပါးစွန်းလို အခြေအနေတွေကပဲ
ကိုယ့်မှာရှိမှန်းတောင် မသိသေးတဲ့ potential ကို
ဆွဲထုတ်ပေးတတ်တယ်

အဲ့ဒါကြောင့်
Life-changing moments တွေက
အဆင်ပြေလွန်းတဲ့ comfort zone ထဲမှာ
မမွေးဖွားဘူး

‘မဖြစ်မနေ ရှေ့ဆက်ရမယ်’ဆိုတဲ့ pressure တွေ
ကြားမှာပဲ ကိုယ့်ရဲ့ next-level version ကို
တွေ့ရတတ်တယ်

Alice in Borderland ထဲကလို
survival mode ထဲ ရောက်သွားတဲ့အချိန်မှာမှ
လူတစ်ယောက်ရဲ့

Real character.
Real intelligence.
Real courage. ကို အရှင်းဆုံး မြင်ရတတ်တယ်

Pressure sometimes reveals the power
you never knew you had.

追い込まれた時こそ、
自分でも知らなかった力が現れる。💫

Rennovate

18/05/2026

❓Salesforce က နောက် ၁၀နှစ်အတွင်းမှာ
ဘာဖြစ်လာနိုင်လဲ

❓Salesforce က ဘယ်လောက်ထိ အာမခံချက်ရှိလဲ

❓License cost အရမ်းစျေးကြီးတော့ Business
အများစုက မသုံးနိုင်ရင် ရေရှည်တည်ရှိနိုင်ပါ့မလား

❓အချိန်တွေ အများကြီး ပေးဆပ်လေ့လာရင်ကော
ထိုက်တန်နိုင်ပါ့မလား

◾️ဒီမေးခွန်းတွေက Career လမ်းကြောင်းတစ်ခု
ရွေးချယ်တဲ့အချိန် မေးသင့်မေးထိုက်တယ်လို့ ထင်တယ်

◾️ကျွန်မကိုယ်တိုင် သူများပြောတိုင်း
လက်မခံတတ်တဲ့ Type မလို့ စလေ့လာခဲ့တဲ့အချိန်ကတည်းက အပေါ်က မေးခွန်းတွေကို မေးခဲ့ဖူးတယ်

◾️အဲ့တုန်းက experience လည်းနည်းသေးတာကြောင့်
ကိုယ်မြင်နိုင်တဲ့ ကမ္ဘာကြီးက ကျဉ်းသေးသလို

Business တွေရဲ့ လည်ပတ်ပုံကို ကိုယ်ပုံဖော်ထားတဲ့
အမြင်သေးသေးလေးနဲ့ပဲ ကြည့်တတ်ခဲ့တယ်

◾️ အခုလက်ရှိမှာ Organisation မျိုးစုံအတွက် problems တွေအများကြီးဖြေရှင်းပေးပြီးနောက်
ကျွန်မရခဲ့တဲ့ Valuable skills တွေဆိုရင်

• Understanding business processes
• Solving operational problems
• Designing automation
• Communicating with stakeholders
• Thinking like a consultant

◾️အရိုးရှင်းဆုံးပြောရရင် ကျွန်မက Salesforce
ကို Software တစ်ခုထက်ပိုပြီး အပေါ်က skills တွေ
လေ့လာသင်ယူခွင့်ရခဲ့တဲ့ Powerful ecosystem
တစ်ခုလို့ မြင်လာတယ်

◾️Platform တွေက အချိန်နဲ့အမျှ ပြောင်းလဲနိုင်တယ်

ဒါပေမဲ့
• Problem-solving skill
• Business understanding
• Communication skill တွေကတော့bဘယ်တော့မှ
မပျောက်သွားဘူး

◾️အဲ့ဒါအပြင် အခုဆိုရင် Salesforce က
Agentforce နဲ့ Data Cloud လိုမျိုး AI Ecosystem ဘက်ကို အရှိန်အဟုန်နဲ့ ကူးပြောင်းနေတဲ့အတွက်

Automation တစ်ခုတည်းမဟုတ်တော့ပဲ

• AI + Data + Business Operations ကို ဘယ်လိုချိတ်ဆက်မလဲ
• Customer experience ကို ဘယ်လို optimize လုပ်မလဲ
• Organisation level problems တွေကို ဘယ်လို design thinking နဲ့ ဖြေရှင်းမလဲ

ဆိုတဲ့ High-level business thinking ပိုင်းအထိ
စဉ်းစားတတ်လာစေတယ်

◾️ဒီ skills တွေကို အသုံးချပြီး အခုဆို ကျွန်မက
တခြား technologies တွေ၊ AI tools တွေ၊ own systems တွေကိုပါ ဆက်လေ့လာဖန်တီးနိုင်လာတယ်

◾️ဒါကြောင့် Salesforce ecosystem ကနေ
Future-ready skill set တည်ဆောက်တတ်ဖို့
အရေးကြီးတယ်

💥တကယ်လို့ ကိုယ်ရဲ့ရည်ရွယ်ချက်က

◾️Global Market က business operations
တွေကို လေ့လာချင်တယ်

◾️Large-sized companies တွေမှာ အလုပ်လုပ်ချင်တယ်

◾️Career growth အတွက် နေ့တိုင်း အသစ်တွေ လေ့လာချင်တယ်

◾️Global communities တွေနဲ့ connect လုပ်ချင်တယ်

ဆိုရင်တော့ Free platform ဖြစ်တဲ့ Trailhead မှာ
အခမဲ့လေ့လာကြည့်နိုင်ပါတယ်

📌Global career paths တွေကို လေ့လာချင်ရင်
https://trailhead.salesforce.com/career-path

◾️နောက်ဆုံးအနေနဲ့ ပြောရရင်

Technology world က နေ့တိုင်း ပြောင်းလဲနေတဲ့အတွက်

‘ဒါကတော့ 100% သေချာတယ်’လို့
ဘယ်သူမှ မပြောနိုင်ဘူး

ဒါကြောင့် False hope တွေပေးပြီး
အတင်းကြီး တိုက်တွန်းတာထက်

ကိုယ်တိုင် market ကို လေ့လာသုံးသပ်ပြီး
Realistically ဆုံးဖြတ်နိုင်ဖို့က ပိုအရေးကြီးတယ်
လို့ ထင်ပါတယ်ရှင်

Rennovate

16/05/2026

‘鬼に金棒’ ဆိုတဲ့ ဂျပန်စကားပုံတစ်ခုရှိတယ်

အဓိပ္ပါယ်က
‘Oni (鬼) လို အားကြီးပြီးသားသူကို
Kanabō (金棒) ထပ်ပေးလိုက်တာ’

Already powerful ဖြစ်နေတဲ့အရာကို
နောက်ထပ် strength တစ်ခု ထပ်ပေါင်း
လိုက်တဲ့အခါ unstoppable version
ဖြစ်သွားတာမျိုး⚡

ဒါပေမဲ့ လူအများစုက ကိုယ့်မှာ မရှိသေးတဲ့
အရာတွေကိုပဲ အမြဲလိုက်ရှာနေတတ်ကြတယ်

• Skill အသစ်
• Knowledge အသစ်
• Opportunity အသစ်

‘More’ ကိုပဲ chase လုပ်နေကြတယ်

ဒါပေမဲ့ တကယ် life-changing ဖြစ်တာက
already strong ဖြစ်နေတဲ့နေရာကို
strategically amplify လုပ်တတ်တဲ့အချိန်
ကိုယ့်ရဲ့strength ကို multiply လုပ်တတ်တဲ့အချိန်

• Skill ရှိပြီးသားလား?
→ Discipline ထပ်ထည့်

• Talent ရှိပြီးသားလား?
→ Consistency ထပ်ထည့်

• Knowledge ရှိပြီးသားလား?
→ Communication ထပ်ထည့်

• Confidence ရှိပြီးသားလား?
→ Ex*****on ထပ်ထည့်

• Vision ရှိပြီးသားလား?
→ Patience ထပ်ထည့်

အဲဒီ combination တွေကပဲ ordinary level ကို
ကျော်ပြီး ‘鬼に金棒’ state ထဲကို ခေါ်သွားတာ

အရာအားလုံး perfect ဖြစ်ဖို့ မလိုဘူး

တခါတလေ
weakness အားလုံးကို fix လုပ်ဖို့ထက်
strength တစ်ခုကို world-class ဖြစ်အောင်
တည်ဆောက်နိုင်တာက ပို powerful ဖြစ်တယ်

နောက်တစ်ခါ
‘ငါ မလုံလောက်သေးဘူး’ လို့ တွေးမိရင်
ဒီမေးခွန်းကို ပြန်မေးကြည့်ပါ

‘ငါ already strong ဖြစ်နေတဲ့နေရာမှာ
ဘာကို ထပ်ပေါင်းလိုက်ရင်
Unstoppable version ဖြစ်လာနိုင်မလဲ?’

強みを伸ばした時、人は一気に強くなる。💫

🎧 Podcast Version
https://t.me/rennovatevoice

Rennovate

あなたの学校を学校のトップリストTokyoにしたいですか?

ここをクリックしてあなたのスポンサー付きリスティングを獲得。

場所

ウェブサイト

住所

Tokyo