22/01/2024
🇯🇵ဂျပန်စာမှာ ဘာသာရပ်အစဉ်လိုက် ဘယ်လိုစာလေ့လာကြမလဲ.....🤔
📖ဂျပန်စာလေ့လာနေတဲ့ ကျောင်းသူ၊ကျောင်းသားတွေထဲမှာ
📚ဘာသာရပ်တခုခုကို
ဒါကြီးကိုမလုပ်ပဲ လွှတ်လိုက်ချင်လိုက်တာ...
Kanji နောက်မှလုပ်လို့ မရဘူးလား...
Grammar ပဲ အရင်စကိုင်မယ်... စတဲ့ သူတွေ ရှိကြမှာပါ။
🗂️Kanji, Vocab, Grammar, Reading, Listening ဘာသာရပ်တခုချင်းစီမှာ ဘယ်လိုအစဉ်လိုက်နဲ့ လေ့လာရမလဲဆိုတာကို မသိကြတဲ့ ကျောင်းသူ၊ကျောင်းသားတွေ များမယ်လို့ထင်ပါတယ်။
📚အခြေခံ Level မှာတော့ ဘာသာရပ်တခုချင်းစီရဲ့ အစဉ်လိုက်က အရမ်းအရေးကြီးသလို မထင်ရပေမယ့်၊ N3,N2,N1 Level ရောက်လာပြီဆိုရင်တော့ တခုချင်းစီ အစဉ်လိုက် လေ့လာတာ မှန်ကန်မှသာ စာမေးပွဲအတွက်ကို အချိန်မီမီ လေ့လာနိုင်ပြီး၊ လေ့လာရတာလည်း အဆင်ပြေချောမွေ့မှာပါ။
📚အစဉ်လိုက်လွဲသွားတာနဲ့ စာမေးပွဲအတွက် ပြင်ဆင်မှုတွေပါ ကမောက်ကမ ဖြစ်သွားစေနိုင်ပါတယ်။
📘N3 Level ကနေစပြီး ဒီလို လေ့လာပါ။
📝Kanji ⇒ Vocab ⇒ Grammar ⇒ Reading ⇒ Listening
🔴အရင်ဦးဆုံး Kanji ရအောင် လုပ်ရပါမယ်။
Kanji ရဲ့ 訓読み (くんよみ) - ဂျပန်အသံ၊ 音読み(おんよみ) - တရုတ်အသံတွေကို အရင်ဆုံး လေ့လာမှတ်သားရပါမယ်။
အဲ့ဒီ့လိုမှတ်သားလိုက်တာနဲ့ Kanji တလုံးချင်းစီသိသွားတဲ့အခါမှာ Kanji တွဲလုံး Vocabulary တွေကို လေ့လာဖို့အတွက် မြန်ဆန်လွယ်ကူသွားပါမယ်။
🔴နောက်တဆင့်အနေနဲ့ Grammar ကို ဆက်လေ့လာပါမယ်။
Kanji နဲ့ Vocab ရသွားတဲ့အခါမှာတော့ 👉 Grammar ရဲ့ ဥပမာစာကြောင်းတွေထဲက Kanji နဲ့ ရေးထားတဲ့ စကားလုံးတွေကိုတွေ့တဲ့အခါ (Grammar+Kanji,Vocabပေါင်းစပ်ပြီး) မှန်မှန်ကန်ကန် ဘာသာပြန်ဆိုသွားနိုင်ပါမယ်။
🔴အဲ့ဒီ့လို Kanji, Vocab, Grammar ရသွားပြီဆိုရင် 👉 Reading စဖတ်လို့ ရပါပြီ။
Reading ဆိုတာ Kanji တွေ Vocab တွေကို Grammar တွေနဲ့ ပေါင်းစပ်ဖွဲ့စည်းထားတဲ့ စာကြောင်းတွေကို ဖတ်ရတဲ့ ဖတ်စာအပိုင်းဖြစ်ပါတယ်။
ဒါကြောင့် Kanji, Vocab, Grammar ရသွားပြီဆိုရင်တော့ Reading လည်း ဖတ်နိုင်သွားပြီး၊ စာကြောင်းတကြောင်းလုံးရဲ့ဆိုလိုရင်းကိုလည်း မှန်မှန်ကန်ကန် သဘောပေါက်နားလည်နိုင်ပါပြီ။
🔴နောက်ဆုံးအဆင့်ကျမှ Listening ကို လုပ်ပါမယ်။
Kanji, Vocab တွေကို သိမယ်...
Grammar ကို သဘောပေါက်မယ်...
Reading မှာလဲ ဆိုလိုရင်းနားလည်အောင် ဖတ်နိုင်ပြီ ဆိုရင် Listening အပိုင်းကို အေးအေးဆေးဆေး လေ့ကျင့်လို့ရပါပြီ။
✨ဒါကြောင့် Level မြင့်လာလေ Kanji and Vocab က ပထမဦးစားပေးဖြစ်တာမို့ ဒီနှစ်ခုကို ရနိုင်သမျှ များများခေါင်းထဲထည့်ပါ၊ကျက်မှတ်ပါ။✨
ဒီမှာတခု ထပ်ဖြည့်စွက်ချင်တာကတော့ Level မြင့် Kanji , Vocab တွေကို လေ့လာတဲ့အခါမှာဆိုရင် Kanji ပဲဖြစ်ဖြစ်၊ Vocab ပဲဖြစ်ဖြစ် 例文(れいぶん) ဥပမာစာကြောင်းတွေနဲ့ တွဲမှတ်ပါ။
level အမြင့်မှာ တလုံးချင်းစီကို ကြက်တူရွေးနှုတ်တိုက်ကျက်တာက မြန်မာလိုဘာသာပြန်ကိုသာ ရနိုင်ပေမယ့်၊ တကယ့်လက်တွေ့ စာမေးပွဲရောက်တဲ့အခါမှာဆိုရင်တော့ အနောက်က ဘာနဲ့တွဲတယ်၊ အရှေ့က ဘာနဲ့ တွဲတယ်ဆိုတဲ့ အတွဲ (Collocations) တွေကိုပါ တွဲမှတ်ထားမှသာ စာမေးပွဲရောက်ရင် မှန်ကန်တဲ့အဖြေတခုကို တိတိကျကျ ရွေးချယ်နိုင်မှာဖြစ်ပါတယ်။
ဥပမာ-関心 (かんしん) စိတ်ဝင်စားမှု
ဒီစကားလုံးဆိုရင် "စိတ်ဝင်စားသည်" ဆိုတဲ့အဓိပ္ပါယ်နဲ့သုံးချင်တဲ့အခါ
かんしんする ဆိုရင် မှားပါပြီ❌
関心がある/関心を持つ ဒီလိုပုံစံမျိုးနဲ့ သုံးမှမှန်ပါမယ်။
ဒါမျိုး အလားတူ အများကြီးရှိသေးတဲ့အတွက် စာမေးပွဲမှာ まよう မဖြစ်အောင် (ဘယ်ဟာရွေးရမလဲဆိုတာမတွေဝေသွားအောင်) Kanji ၊ Vocab တွေကို ကျက်တဲ့အခါ Collocations တွေ ဥပမာစာကြောင်းတွေနဲ့ တွဲကျက်ဖို့ တိုက်တွန်းပါရစေ....
ဒီနေ့အတွက် ことわざ စကားပုံလက်ဆောင်
【点滴石を穿つ】 (てんてきいしをうがつ)
意味 👉 努力を続ければ、やがて成功する
🌟နေ့စဉ်တစိုက်မတ်မတ်သာ ကြိုးစားမယ်ဆိုရင် နောက်ဆုံးမှာ အောင်မြင်မှာပါပဲ🌟
#ကိုယ်သဘောကျလို့saveထားတာလေးအသုံးဝင်မယ်ထင်လို့ပြန်မျှဝေပါရစေ🙇♀️
#日本語勉強