De De Japanese Language Class

De De Japanese Language Class Traveling with you 🩷

04/01/2022

ဂျပန် Vs ကိုးရီးယား

ဘာသာစကား 📖
အပြောကတော့ အတူတူပါပဲ ကိုယ်အားသာရာပေါ့။
အရေးအဖတ်ကတော့ ဂျပန်ကပိုခက်ပါတယ်။ ဟိရဂန အပြင် ခတခန နဲ့ ခန်းဂျိ (တရုတ်စာလုံး) ပါလို့ပါ။
ကိုးရီးယားစာကတော့ ဗျည်း ၁၉ လုံး နဲ့ သရ ၂၁ လုံး စုစုပေါင်းမှ အလုံး ၄၀ ထဲရှိတာမို့ ပိုလွယ်ပါတယ်။ ကိုးရီးယားစာမှာ ဂျပန်စာခန်းဂျိလိုပဲ ဟန်ဂျာ (တရုတ်စာ) ရှိပါတယ်။ ဒါပေမယ့် ဟန်ဂျာစာလုံးက ဒီနေ့ခေတ်မသုံးတော့ပါဘူး။

ကျောင်းသွားတက်မယ်ဆို 📚
Language School ရော Uni ရောက ဂျပန်လိုပဲတက်လို့ရပါတယ် အဲတာကတော့အတူတူပါပဲ။

အလုပ်လုပ်မယ်ဆို 👷
အခြေခံလစာက အတူတူလောက်ပါပဲ
ကိုးရီယားက များသောအားဖြင့် စိုက်ပျိုး မွေးမြူ စက်ရုံ ခေါ်တာများပါတယ်။ သူနာပြုခေါ်တာသိပ်မတွေ့မိပါဘူး။
ဂျပန်ကျတော့ အဲတာတွေအပြင် မီးဖိုချောင်အကူ သူနာပြု ဟိုတယ်ဝန်ထမ်း စသဖြင့်အစုံခေါ်ပါတယ်။ အလုပ်ပိုပေါပါတယ်။
ဂျပန်က အသက် ၁၈ ကနေ ၃၀/၃၅ ထိလျှောက်လို့ရပါတယ်။ အေဂျင်စီမတူရင် အဲ့ထက်ကြီးရင်ရချင်လည်းရမှာပေါ့။ ကိုးရီးယားက ၁၈ကနေ အသက်၃၉ ထိ‌သွားလို့ရပါတယ်။
ပြီးတော့ ဂျပန်က ကျားမမ‌ရွေး ခေါ်ပေမယ့် ကိုးရီးယားက မိန်းကလေးအလုပ်သမားမခေါ်ပါဘူး။ (သူတို့အစိုးရက မိန်းကလေးအာမခံမပေးပါဘူး as I know)

Visa 📝
Training visa, Student Visa, Work Visa ကအတူတူပေမယ့် ဂျပန်လို ကျွမ်းကျင်လုပ်သားဗီဇာမတွေ့မိပါဘူး (ရှိရင်ပြောကြပါနော်) ။ ဂျပန်ကကျ Tokutei visa ခေါ် ကျွမ်းကျင်လုပ်သားဗီဇာရှိပြီး အနည်းဆုံး ၅နှစ်လုပ်ရပါတယ်။

ဝင်ငွေ 💰
ကုန်ကျစရိတ်‌တွေ ထူးမခြားနားမို့ စုမိဆောင်းမိတာ သိပ်မကွာပါဘူး။ တချို့ကလည်း ဂျပန်က နည်းနည်းပိုစုမိတယ်လို့ပြောကြပါတယ်။ အဓိကက ဂျပန်မှာက အချိန်ပိုတို့ ညဆိုင်းတို့ လုပ်ရတာပိုများတတ်လို့ပါ။ ပိတ်ရက်အချိန်ပိုဆင်းတဲ့အခါကျ ပိုက်ဆံပိုရတဲ့အပြင် အပြင်လျှောက်လည်ဖို့မအားတော့ ပိုစုမိတာကြောင့်ပါ။
(အခွန်ဖြတ်တာဂျပန်ကပိုများပြီး OT ကြေးကကိုးရီးယားကပိုရတာမို့ ကိုးရီးယားမှာပိုစုမိတဲ့သူလည်းရှိပါတယ်တဲ့ - from comment)

အစားအသောက် နဲ့ ရာသီဥတု🍱🍜
ရာသီဥတုက အတူတူပါပဲ။
အစားသောက်ကတော့ နှစ်ခုလုံး မြန်မာတွေနဲ့ရင်းနှီးနေပါပြီ။ ကင်မ်ချီရော ဆူရှီရောလူတိုင်းကြိုက်ကြသလိုပါ။ အထူးသဖြင့်ကိုးရီယားအစားအစာတွေက ပိုရင်းနှီးပါတယ်။ တချို့ဂျပန်အစားစာတွေက မြန်မာအဖို့စားရခက်ပါတယ်။ ဥပမာ ဝါဆာဘိလိုဟာပေါ့။ ဂျပန်ခေါက်ဆွဲကျ အရသာတစ်မျိုးပါ။ ပဲငံပြာရည် ပဲပိစပ်စတာတွေကိုအခြေခံပြီးချက်တာမို့ ပထမတစ်ကြိမ်လောက်က ငံတယ်လို့ခံစားမိနိုင်ပါတယ်။ အဲတာကိုမှ ဂျပန်တွေက ငံပြာရည်ထပ်ထည့်စားကြသေးတယ်။

ယဉ်ကျေးမှုနဲ့ သမိုင်း🎎
ယဉ်ကျေးမှုက နှစ်နိုင်ငံလုံးက အရမ်းကြီးမကွဲပါဘူး။ ဒုတိယကမ္ဘာစစ်တုန်းက ကိုးရီးယားကို ဂျပန်က‌တော်‌တော်ကြာ သိမ်းပိုက်အုပ်ချုပ်ခဲ့ပါသေးတယ်။ ဒါကြောင့်မို့ တချို့ကိုးရီးယားတွေ ဂျပန်ဆိုမုန်းကြတယ်။ ဂျပန်ကိုယှဉ်နိုင်အောင် အမြဲကြိုးစားကြတယ်။ ဒီနေ့အထိလည်း သူတို့နှစ်နိုင်ငံက အဆင်မပြေသေးတာတွေရှိတယ်။ တချို့စီးပွားရေးပိတ်ဆို့တာ၊ ကိုးရီးယားရှိုးပွဲ ဂျပန်မှာလုပ်ရင် ကိုးရီးယားတွေကိုဝင်ကြည့်ခွင့်မပေးတာ အခြားဘလာဘလာ.. အပြင်ပိုင်းကတော့အဆင်ပြေကြပါတယ်။ ဒါက ပြသနာကြီးတော့မဟုတ်ပါဘူး anime fan ကိုးရီးယားတွေရှိသလို၊ kpop fan ဂျပန်တွေလည်းရှိပါတယ်။ ပွဲတော်၊ ပိတ်ရက်နဲ့ ရိုးရာယဉ်ကျေးမှုကတော့ သူ့နိုင်ငံအလျောက်ပေါ့။

နိုင်ငံသားဖြစ်ခွင့်👘
သူတို့နိုင်ငံ‌တွေမှာ အနည်းဆုံး ၅နှစ်တောက်လျှောက်နေထိုင်ရမယ်။
ကိုးရီယားက အဲတာကြောင့် training visa တွေကို ၄နှစ်နဲ့ဆယ်လအထိပဲ အများဆုံးအလုပ်လုပ်ခွင့်ပေးတယ်။ သူဌေးကသဘောကျလို့စာချုပ်သက်တမ်းတိုးရင်ရတယ်)
ဂျပန်ကကျ ၅နှစ်ပေးပေမယ့် နိုင်ငံသားဖြစ်နိုင်ချေနည်းတယ်။ သူတို့ဆီနေရင် လက်ရှိဝင်ငွေ အလုပ် စုထားတဲ့‌ငွေ စတာတွေလိုအပ်တဲ့အပြင် ဂျပန်နိုင်ငံသားဖြစ်ခွင့်တောင်းခံတဲ့ အနောက်နိုင်ငံသားနဲ့ အခြားနိုင်ငံခြားသားတွေ အရမ်းများလို့ ရဖို့ခက်တယ်။
ဂျပန်ရော ကိုးရီးယားရောက Dual Citizenship (နှစ်နိုင်ငံသားဖြစ်ခွင့်) မပေးဘူး။

အခြား 👇
လူမှုဆက်ဆံရေးက ကိုးရီးယားလူမျိုးတွေကပိုနွေးထွေးပါတယ်။ ကိုးရီးယားလူမျိုးတွေရဲ့စိတ်နေစိတ်ထားပုံစံက မြန်မာနဲ့ဆင်ပါတယ်။ ဂျပန်လူမျိုးတွေက နည်းနည်းပိုပြီးအေးတိအေးစက်နိုင်တယ် ထင်ရပါတယ်။ စကားကိုတော့ယဉ်ယဉ်ကေးကျေးပြောကြပါတယ်။
ကိုးရီးယားနဲ့မြန်မာ ဘယ်လောက်ထိဆင်လဲဆို စိတ်နေစိတ်ထား ကြင်နာနွေးထွေးတတ်တာအပြင်၊ လူလိမ်တွေပေါတာလည်းတူပါတယ်။ သားသမီးနဲ့မိဘကြားက ပဋိပက္ခတွေနဲ့ တာဝန်ယူရတာ‌တွေလည်းတူပါတယ်။ ငယ်ရွယ်ချိန်ဆို ကလေးက စာကလွဲပြီး ဘာမှမလုပ်ရ၊ မိဘက ပိုက်ဆံရှာပြီးသားသမီးဂရုစိုက် ကြီးလာရင်မိဘပြန်ပြုစုလုပ်ကျွေး အဲလိုတွေပေါ့။
ဂျပန်ကကျ ငယ်ငယ်ထဲက ကိုယ့်တာဝန်ကိုယ်ယူရတယ်။ အိမ်မှုကိစ္စလည်း သားသမီးနဲ့မိဘ ခွဲတမ်းကျလုပ်ရတယ်။ တစ်ယောက်တစ်လှည့်ထမင်းချက် အဲလိုငယ်ငယ်ထဲက အရာရာလုပ်တတ်အောင်သင်ပေးတယ်။ မိဘကကျောင်းမထားနိုင်ရင် ကိုယ့်ဘာကိုယ်ရှာကျောင်းတက်၊ ပိုက်ဆံမရှိလို့ မိဘကိုအပြစ်ရှာတာ သူတို့အတွက်ရှက်စရာလိုပဲ။ အဲတာကြောင့် အချိန်ပိုင်းအလုပ်က ကျောင်းသားတွေဦးစားပေးတယ်။ မြန်မာတွေလို နွေးထွေးပြီး ပြသနာရှာတတ်တဲ့ ဂျပန်တွေလည်းရှိပါတယ်။

နောက်တချက်က ဂျပန်နိုင်ငံက စီးပွားရေးနဲ့ နည်းပညာ ကြောင့် အမေရိကန် တရုတ် ရုရှားတို့နဲ့ ရင်ဘောင်တန်းနိုင်တဲ့ ကမ္ဘာ့ထိပ်တန်းစာရင်းဝင်နိုင်ငံဖြစ်လာတာပါ။ သူတို့လူမျိုးတွေကလည်း အရမ်းကြိုးစားကြပါတယ်။
တောင်ကိုးရီးယားက နည်းပညာ‌တဟုန်ထိုးတိုးတက်လာတာ ဆယ်စုနှစ်တစ်ခုကျော်‌လောက်ပဲရှိပါသေးတယ်။ အဓိကက kdrama kpop တို့ကြောင့်ကမ္ဘကသိလာတာပါ။
ခရီးထွက်မယ်ဆိုရင်တော့ နှစ်နိုင်ငံလုံး လည်စရာတွေချည်းပါပဲ။

အခုတလော ဂျပန်နဲ့ကိုးရီးယားယှဉ်တာ ခဏခဏ တွေ့နေရလို့ သိသလောက်လေး ပြန်ဝေမျှလိုက်ပါတယ်။ ကိုယ်ကတော့ နှစ်နိုင်ငံလုံးသဘောကျတာမို့ လွဲနေတာလေးတွေတွေ့ရင်ပြန်ပြင်ပေးနိုင်ပါတယ်။

#အနာဂတ်အတွက်_BYF


to owner
Vs Korea

23/11/2019
ဂျပန်စာလေလေ့လာသူနေများအတွက် kotoba များကို ပုံပြလေတွေ နဲ့ မှတ်သားရတာ လွယ်ကူးစေပါတယ်
23/11/2019

ဂျပန်စာလေလေ့လာသူနေများအတွက် kotoba များကို ပုံပြလေတွေ နဲ့ မှတ်သားရတာ လွယ်ကူးစေပါတယ်

 #  De Japanese Language online Class ဂျပန်စာ သင်ကြားမှု *အခမဲ့ ဂျပန်နိုင်ငံသို့ ကျွမ်းကျင်လုပ်သား သို့မဟုတ် ကျန်းမာရေးစ...
23/11/2019

# De Japanese Language online Class ဂျပန်စာ သင်ကြားမှု *အခမဲ့

ဂျပန်နိုင်ငံသို့ ကျွမ်းကျင်လုပ်သား သို့မဟုတ် ကျန်းမာရေးစောင့်ရှောက်မှုဘာသာရပ် သို့မဟုတ်ပညာတော်သင် အနေဖြင့် သွားရောက် နေထိုင် လုပ်ကိုင်ရန် ဆန္ဒရှိသူများအတွက် ဂျပန်စာသင်ကြားမှု *အခမဲ့* onlineသင်တန်းများဖွင့်လှစ် သင်ကြားပေးနေပါပြီ။

(Unicode)နာရီ၊ မိနစ်၊ နေ့ရက် ကြာချိန်တွေကို ရေတွက်ပုံတွေပါ။ကျန်တဲ့ကြာချိန်ရေတွက်ပုံတွေကိုလည်း ထပ်တင်ထားပေးပါမယ်။(Zawgyi)...
22/11/2019

(Unicode)
နာရီ၊ မိနစ်၊ နေ့ရက် ကြာချိန်တွေကို ရေတွက်ပုံတွေပါ။
ကျန်တဲ့ကြာချိန်ရေတွက်ပုံတွေကိုလည်း ထပ်တင်ထားပေးပါမယ်။
(Zawgyi)
နာရီ၊ မိနစ်၊ နေ့ရက် ကြာချိန်တွေကို ရေတွက်ပုံတွေပါ။
ကျန်တဲ့ကြာချိန်ရေတွက်ပုံတွေကိုလည်း ထပ်တင်ထားပေးပါမယ်။

ဂျပန်လို ဖုန်း‌ေြပာဖို့ ခက်နေပြီးလား save ထားလိုက်ပြီး သူငယ်ချင်တွေ နဲ့ ပြောလိုက်ကျရအောင်နော်🤗🤗🤗
22/11/2019

ဂျပန်လို ဖုန်း‌ေြပာဖို့ ခက်နေပြီးလား save ထားလိုက်ပြီး
သူငယ်ချင်တွေ နဲ့ ပြောလိုက်ကျရအောင်နော်🤗🤗🤗

(Unicode)၁၂လ နဲ့ နှစ် ရေတွက်ပုံပါ။ လွယ်ပေမယ့် အနီနဲ့ ပြထားတဲ့ နေရာလေးတွေ ရောနေတတ်ပါတယ်။(Zawgyi)၁၂လ နဲ့ နှစ် ရေတွက်ပုံပါ။...
22/11/2019

(Unicode)
၁၂လ နဲ့ နှစ် ရေတွက်ပုံပါ။ လွယ်ပေမယ့် အနီနဲ့ ပြထားတဲ့ နေရာလေးတွေ ရောနေတတ်ပါတယ်။
(Zawgyi)
၁၂လ နဲ့ နှစ် ရေတွက်ပုံပါ။ လွယ်ပေမယ့် အနီနဲ့ ပြထားတဲ့ နေရာလေးတွေ ရောနေတတ်ပါတယ်။

ဂျပန်စာလေ့လာနေသူတွေအတွက်တော်တော်လေးကောင်းတဲ့ application လေးတွေ့လို့ ဝေမျှပေးလိုက်ပါတယ်N1 ကနေ N5 အထိ စကားလုံးတွေကိုအကုန်...
22/11/2019

ဂျပန်စာလေ့လာနေသူတွေအတွက်

တော်တော်လေးကောင်းတဲ့ application လေးတွေ့လို့ ဝေမျှပေးလိုက်ပါတယ်

N1 ကနေ N5 အထိ စကားလုံးတွေကို
အကုန်ဘာသာပြန်ထားပြီး ဥပမာစာကြောင်းလေးတွေလည်းပါတယ်။

Downloadလုပ်ပြီး မြန်မြန်ယူထားပါနော်။
အခုလို app ကို ဖန်တီးပေးထားသူလည်း
ပိုမိုအောင်မြင်ပါစေနော်

Android သီးသန့်
https://www.mediafire.com/download/xtjhqpuysove2ki

မှတ်ချက်
Link ကိုဝင် ဒေါင်းလောစ့် လုပ်ပြီး download folder မှာ ဖွင့်ပြီး app ကို install ပြန်လုပ်ရတယ်။

ဂျပန်ကိုအလုပ်နဲ့သွားချင်တဲ့သူတွေအတွက်စေတနာသတိစကားလေးပေးချင်ပါတယ်။ #ဂျပန်သွားမယ်ဆိုရင်အရင်ဆုံး ဂျပန်စာသင်ရမယ် အနည်းဆုံး၆လ...
22/11/2019

ဂျပန်ကိုအလုပ်နဲ့သွားချင်တဲ့သူတွေအတွက်
စေတနာသတိစကားလေးပေးချင်ပါတယ်။

#ဂျပန်သွားမယ်ဆိုရင်အရင်ဆုံး ဂျပန်စာသင်ရမယ်
အနည်းဆုံး၆လကြာမယ် သင်တန်းတက်ဖို့
စရိတ်စကကုန်မယ် နေထိုင်စားသောက်စရိတ်
သွားလာစရိတ် ကုန်ကျတာတွေ
ဘယ်လောက်ထိ အကုန်ခံနိုင်မလဲ
စဉ်းစားထားပါ။

#အင်တာဗျူး အောင်ဖို့အချိန်ပေးရလိမ့်မယ်။
ကျောင်းမှာကျောင်းသား၁၀၀ ရှိရင်
လူ၅၀ အောင်ဖို့တောင်မှမသေချာပါဘူး ။
အင်တာဗျူး ဖြေတိုင်းအောင်မြင်ဖို့မလွယ်ပါ။
အင်တာဗျူး ဖြေတိုင်းဒီအဆင့်ပဲ
ရှိနေရင်လည်းအဆင်မပြေပါဘူး။
အချိန်ကိုသေချာသတ်မှတ်ပြီး
ကိုယ့်အရည်အချင်းကိုယခုထက်
ပိုမိုမြင့်မားနိုင်ပြင်ဆင်ထားပါ ။

ကို ၄လတက်မယ် အင်တာဗျူး
မဖြေရသေး သို့မဟုတ် မအောင်သေးရင်
N4ဆက်တက်ပါ။
N5စာမေးပွဲအောင်တဲ့အထိဖြေထားပါ။
ပြီးရင် N4ပါ အောင်ထားပြီဆိုရင်
ဂျပန်အင်တာဗျူးတွေအပြင်
ပြည်တွင်းကအလုပ်အကိုင်အတွက်ပါ
စတင်ခြေလှမ်းလို့ရပါပြီ။
မအောင်သေးဘူးလား
အလုပ်လည်းမရသေးဘူးလား
N3ဆက်တက်ပါ ၁နှစ်ခွဲလောက်အချိန်ပေးရမယ်။
ကိုယ့်အတွက်အကောင်းဆုံးအလုပ်တွေ
လာပါလိမ့်မယ်။

#ဒီမှာပြောစရာရှိလာပြီ
အဲလောက်အချိန်တွေကိုပေးဆပ်ဖို့
ကိုယ်ပိုင်ဝင်ငွေရှိပြီလား။
အိမ်ကထောက်ပံ့ပေးနိုင်လား။
အလုပ်တပိုင်းလုပ်ပြီးသင်ယူသင့်လား ။
ကိုယ်တိုင်ဆုံးဖြတ်ပါ။
ဂျပန်စာကိုသင်ယူနေရင်းနဲ့
စာသင်ပေးတဲ့အလုပ်လေးပါတွဲလုပ်ကြည့်ပါ ။
စာလည်းမမေ့တဲ့အပြင်
ဝင်ငွေလည်းရလာပါလိမ့်မယ် ။

#ဘယ်သူမပြုမိမိမှုပါ ။
လူလိမ်ခံရခြင်းဟာ ကိုယ်ညံ့လို့လိမ်ခံရတာပါ။
အခက်အခဲဖြစ်နေချိန်မှာကူညီဖူးသူကိုမမေ့ပါနဲ့။

#ဂျပန်စာသင်ရင်းနဲ့
တချို့ ၁နှစ် ၂နှစ် အင်တာဗျူးသာဝင်ဖြေနေတယ်
စာကမတိုးတက်လာသေးဘူး ။
အမူအရာကမပြောင်းလဲသေးဘူး။
ကြိုးစားလိုစိတ်မရှိတဲ့သူကို
ဘယ်သူကယုံကြည်အားထားမှာလဲ။
ကိုယ့်အရည်အချင်းကိုတိုးတက်လာအောင်
ပြင်ဆင်နိုင်ဖို့ကအဓိကကျပါတယ်။
ဘယ်ကျောင်းမှာပဲတက်တက်
ဘယ်အေဂျင်စီမှာပဲအပ်အပ်
ဘာဗီဇာ ဘာအလုပ်နဲ့ပဲသွားသွား
မိမိရဲ့ကြိုးစားအားထုတ်လိုမှု
မိမိသွားလိုတဲ့လမ်းကြောင်းမှန်ကိုရွေးချယ်နိုင်ဖို့
ကြိုတင်ပြင်ဆင်ထားနိုင်ဖို့ကသာ
ပိုအရေးကြီးပါတယ်။

#သူများလုပ်တိုင်းကိုယ်နဲ့မကိုက်ရင်
လိုက်မလုပ်ဖို့ သေချာစဉ်းစားဆုံးဖြတ်ကြပါ
လမ်းခုလပ်မှာတင်ငွေကုန်လူပင်ပန်း
စိတ်ဓာတ်ကျပြီး ဘာမှမဖြစ်လာသူတွေလည်း
အများကြီးတွေ့ရသလို ကြိုးစားမှုရဲ့နောက်ပိုင်းမှာ
အောင်မြင်မှုတွေရသွားတဲ့သူတွေလည်း
အများကြီးတွေ့ရပါတယ်။

မနိုင်ဝန် မထမ်းကြဖို့
စိတ်ဓာတ်မြှင့်တင်နိုင်ကြဖို့
ကြိုးစားအားထုတ်မှုမလျော့ဖို့
အသိပညာလိုလားတဲ့စိတ်ရှိဖို့
လေးစားသင်ယူလိုစိတ်ရှိဖို့
အနစ်နာခံတတ်တဲ့စိတ်ကောင်းထားတတ်ဖို့
စေတနာစိတ်လေးနဲ့ကူညီတတ်ဖို့
ရိုးသားတဲ့စိတ်နဲ့ပေါင်းသင်းဆက်ဆံကြဖို့
လောဘစိတ်ကိုထိန်းချုပ်ပြီးဇွဲလုံ့လဝီရိယနဲ့
ကြိုးစားပြီးအောင်မြင်မှုရရှိကြစေဖို့
အကြံပေးရေးသားပါရစေ။

_ကိုစိုင်းငွေကြိုးကြာ

住所

Shibuya-ku, Tokyo

電話番号

+959666834131

ウェブサイト

アラート

De De Japanese Language Classがニュースとプロモを投稿した時に最初に知って当社にメールを送信する最初の人になりましょう。あなたのメールアドレスはその他の目的には使用されず、いつでもサブスクリプションを解除することができます。

その学校に問い合わせをする

De De Japanese Language Classにメッセージを送信:

ショートカット

共有する

カテゴリー