Haitatsu Japan

Haitatsu Japan Haitatsu Japan, 教育関連サイト, Shibuya-kuの連絡先情報、マップ、方向、お問い合わせフォーム、営業時間、サービス、評価、写真、動画、お知らせ。

一級建築施工管理技士1次 ရဲ့ အောင်စာရင်းတွေကြည့်လို့ရပါပြီ合格率 48.5%ဘယ်သူတွေအောင်ကြလဲ 😛အောက်ကလင့်ကနေကြည့်ပါ။ https://www.fcip-shiken....
25/08/2026

一級建築施工管理技士1次 ရဲ့

အောင်စာရင်းတွေကြည့်လို့ရပါပြီ

合格率 48.5%

ဘယ်သူတွေအောင်ကြလဲ 😛

အောက်ကလင့်ကနေကြည့်ပါ။

https://www.fcip-shiken.jp/

皆さん お疲れ様です。အားလုံးပဲ မင်္ဂလာပါ။ 🔰 ဂျပန်ကို ဆိုက်အင်ယာအလုပ်နဲ့လာမယ့်သူတွေရော လက်ရှိ 建築တတ်နေပြီး ကျောင်းပြီး အလုပ်ဝင်မယ့်新...
17/01/2026

皆さん お疲れ様です。

အားလုံးပဲ မင်္ဂလာပါ။

🔰 ဂျပန်ကို ဆိုက်အင်ယာအလုပ်နဲ့လာမယ့်

သူတွေရော

လက်ရှိ 建築တတ်နေပြီး ကျောင်းပြီး အလုပ်ဝင်မယ့်

新入社員 တွေအတွက်

🔰建築施工管理( 現場監督)တစ်ယောက်ရဲ့

မိမိရဲ့ 現場မှာ ဘာတွေသင်ယူရမလဲ ?

တတ်မြှောက်ထားရမလဲ ?

ရှိရမယ့် အရည်အချင်း တွေကို

Part 1 အနေနဲ့ sharing လုပ်ပေးသွားပါ့မယ်။

1. レベル•トランシット操作

2• 墨出し

3• 遣り方

4•道路使用作成

5•工事写真撮り方

6•工事報告書の作成

7•安全作業日誌の作成

8•車の運転

9•工程表の作成

🔰Admin ကိုယ်တိုင် ကျောင်းပြီးပြီးချင်း

အလုပ်ဝင်တော့ အဲ့ဒီ အချက် (9)ခုလုံး

တစ်ခုမှ မလုပ်တတ်ခဲ့ဘူး။😁

🔰ဒါကြောင့် 皆さんတို့လဲ စိတ်မပူကြပါနဲ့

အလုပ်ကနေ အရာရာ သင်ပေးသွားပါလိမ့်မယ် ။

အဓိကက やる気 ပဲ လိုအပ်တာပါ။

ဒါဆို ပုံလေးတွေကို တစ်ပုံချင်းစီထောက်ပြီး

လေ့လာမှတ်သားထားကြရအောင် 💪

#建築施工管理
#現場監督
#建築専門用語
#新入社員

ထိရောက်တဲ့ ဆောက်လုပ်ရေးစာချုပ်ဖြစ်ဖို့ ဘာတွေပါရမလဲ… ဘယ်လို ချုပ်ဆိုကြမလဲ…+++++++++++++++++++++++++++++ခေတ်မီ တိုးတက်လာသလ...
15/01/2026

ထိရောက်တဲ့ ဆောက်လုပ်ရေးစာချုပ်ဖြစ်ဖို့
ဘာတွေပါရမလဲ… ဘယ်လို ချုပ်ဆိုကြမလဲ…
+++++++++++++++++++++++++++++

ခေတ်မီ တိုးတက်လာသလို ဆောက်လုပ်ရေးနဲ့ဆိုင်တဲ့ ပညာရပ်တွေကလည်း အရှိန်အဟုန်ပြင်းပြင်းနဲ့ လိုက်ပါ ပြောင်းလဲနေပါတယ်။ တိုးတက်မှုနဲ့အတူ ယှဉ်ပြိုင်မှုတွေလည်း ပြင်းထန်ထာတတ်ပါတယ်။ ဒီအခါ မှာ တရားဝင် ခိုင်မာမှုရှိတဲ့ လုပ်ငန်းတွေမှသာ ဆက်လက် ရပ်တည်နိုင်ဖို့ အလားအလာ ကောင်းမှာ ဖြစ်ပါ တယ်။

တကယ်ဆို ဆောက်လုပ်ရေးလုပ်ငန်းဆိုတာ အလွဲအချော်၊ အမှားအယွင်းမများတာ အကောင်းဆုံးပါ။ အဆောက်ဦကြီးတစ်ခု အကောင်အထည် ပေါ်လာအောင် အပိုအလိုမရှိ စနစ်တကျ လုပ်ဆောင်နေပေမယ် လို့ နည်းနည်းလေး လွဲချော်သွားတာနဲ့ မလိုလားအပ်တဲ့ အလျော်အစား ကိစ္စတွေ ဖြစ်လာတော့ တာပါပဲ။

ဒီလိုဖြစ်လာလျှင် ရာနှုန်းပြည့် ကာကွယ်ဖို့ဆိုတာ မဖြစ်နိုင်ပေမယ့် ဆုံးရှုံးမှု အနည်းဆုံးဖြစ်အောင် ကြိုတင် ပြင်ဆင်တာတွေ လုပ်ထားဖို့တော့ ဖြစ်နိုင်ပါတယ်။ ဆောက်လုပ်ရေး လုပ်ငန်းကိစ္စတွေ လုပ်ဆောင် ဖို့ဆိုရင် လုပ်ထုံးလုပ်နည်းအရ အငြင်းပွားမှု၊ ပိုင်ဆိုင်မှု၊ လုပ်ပိုင်ခွင့် စတာတွေကို သတ်မှတ်ဖို့၊ ထိန်းချုပ်ဖို့ သက်ဆိုင်ရာ နယ်ပယ်အတွက် အထူးပြုလုပ်ထားတဲ့ စာချုပ်တွေကို ချုပ်ဆိုရပါတယ်။

ဆောက်လုပ်ရေး လုပ်ငန်းနဲ့ဆိုင်တဲ့စာချုပ် အမျိုးမျိုး ရှိတဲ့အထဲက အဓိကကျတဲ့ စာချုပ်အမျိုးအစား တစ်ချို့ကို ဖော်ပြပေးသွားမှာ ဖြစ်ပါတယ်။

အဲဒါတွေကတော့
- ဆောက်လုပ်မယ့် လုပ်ငန်းရှင်နဲ့ မြေရှင်တို့အကြား ချုပ်ဆိုတဲ့ စာချုပ်၊
- ဆောက်လုပ်ပြီး ဒါမှမဟုတ် မဆောက်လုပ်ခင်က ရောင်းထားတဲ့ အခန်းတွေအတွက် ဝယ်သူနဲ့ ကန်ထရိုက် တာအကြား ချုပ်ဆိုတဲ့စာချုပ်
- သက်ဆိုင်ရာ နယ်မြေ စည်ပင်ခွင့်ပြုချက်ဆိုင်ရာ စာချုပ်
- ပင်မဆောက်လုပ်သူ(Constructor) နဲ့ တဆင့်ခံဆောက်လုပ်သူ(Subconstructor) တို့ကြားချုပ်ဆိုတဲ့ စာချုပ် (ပန်းရံ၊ လက်သမား၊ ဆေးသုပ်၊ လျှပ်စစ်သွယ်၊ အလှဆင် စတဲ့ အလုပ်တစ်ခုချင်းအတွက် subconstructor တွေနဲ့ ဆောက်လုပ်ရေး လုပ်ငန်းရှင်အကြားချုပ်ဆိုတဲ့ စာချုပ်)
- ပစ္စည်းပေးသွင်းသူနဲ့ ဆောက်လုပ်ရေး လုပ်ငန်းရှင်အကြားချုပ်ဆိုတဲ့ စာချုပ်
စသဖြင့် ရှိကြပါတယ်။ ဒီလိုစာချုပ်တွေမှာ ဘယ်လိုအရာတွေပါမလဲ၊ ဘာတွေ သိထားသင့်လဲဆိုတာကိုတော့ အောက်မှာ ဖော်ပြသွားပါမယ်။

1. Scope of Work (လုပ်ကိုင်ရမယ့် လုပ်ငန်းအတိုင်းအတာ)
*****************************************
ဆောက်လုပ်ရေး လုပ်ငန်းဆိုင်ရာစာချုပ်ရဲ့ အဓိက လိုအပ်ချက် [element] လို့တောင် ဆိုရပါလိမ့်မယ်။ ဒီစာချုပ်မှာချုပ်ဆိုတဲ့ လုပ်ငန်းနဲ့သက်ဆိုင်တဲ့ ဝန်ဆောင်မှုတွေအပြင် အသုံးပြုတဲ့ပစ္စည်း၊ အရည်အသွေး၊ အဆင့်အတန်း၊ အလုပ်အချိန်ဇယား စတာတွေကို အသေးစိတ် ပါဝင်ရပါတယ်။

2. Full Name, Address, License and Signatures of Both Parties (အမည်အပြည့်အစုံ၊ လိပ်စာ၊ လိုင်စင်နံပါတ်နဲ့ နှစ်ဦးနှစ်ဖက်ရဲ့ လက်မှတ်များ)
*****************************************
ဒီအချက်က တချိန်ချိန်မှာ လိုအပ်လာနိုင်ပါတယ်။ ကိုယ်နဲ့စာချုပ်ချုပ်ပြီး တွဲဖက်လုပ်ကိုင်သူဟာ တရားဝင် ဖြစ်တယ်ဆိုရင် ကိစ္စမရှိပေမယ့် တရားမဝင်ဘူးဆိုရင်တော့ နင်ဘယ်သူလဲ ငါဘယ်သူလဲနဲ့ အမြတ်ထုတ် ခံသွားရပါလိမ့်မယ်။ ဒီတော့ စတည်းက လိုအပ်တဲ့ အချက်အလက်တွေ ယူထားတာ မမှားတော့ဘူးပေါ့။ ခင်မင်မှုနဲ့ ယုံကြည်မှုကို စီးပွားလုပ်ငန်းမှာ သွားရောထွေးလိုက်တာမျိုး လုပ်လို့ မရပါဘူး။

3. Project Cost and Payments Terms
(ပရောဂျက် ကုန်ကျစရိတ်နဲ့ ပေးချေမှုပုံစံ)
*****************************************
ဆောက်လုပ်ရေး လုပ်ငန်းမှာ ငွေကြေးဟာ ထိပ်ဆုံးက နေရာယူထားတဲ့ အရေးပါဆုံးအရာ ဖြစ်ပါတယ်။ ဆောက်လုပ်မယ့် ပရောဂျက်က ဘယ်လောက်ကုန်ကျမယ်၊ ဘယ်ချိန်တွေမှာ ငွေပေးချေမယ် စတဲ့ ငွေပေးချေမှုနဲ့ ဆိုင်တဲ့ ကိစ္စရပ်တွေကို တိတိကျကျ သတ်မှတ်ထားရပါမယ်။ ပရောဂျက် တဝက်တပြတ်မှာ ငွေပေးချေမှု ရပ်တန့်သွား တဲ့အဖြစ်ကို ဘယ်သူမှ မကြုံချင်ကြပါဘူး

4. Schedule of Work (အလုပ်အချိန်ဇယား)
*****************************************
ပရောဂျက်စတင်မယ့်ရက်၊ လုံလောက်တဲ့ အချိန်အပိုင်းအခြားတို့ကို တိတိကျကျသတ်မှတ်ပြီး ပြီးဆုံးမယ့်ရက် ဒါမှမဟုတ် အချိန်ကာလကို ရှင်းရှင်းလင်းလင်း ဖော်ပြထားဖို့ လိုပါတယ်။ ပြီးမှ တကယ်နောက်ကျတာမဟုတ်ဘဲ စာချုပ်စာတမ်းပါ အကြောင်းအရာတွေကို မစိစစ်မိတဲ့ အမှားအယွင်းကြောင့် နောက်ကျသလို ဖြစ်သွားရင် လျော်ရမယ့်ကိစ္စက မိအေး နှစ်ခါနာဆိုတာမျိုး ဖြစ်သွားပါလိမ့်မယ်။

5. Authority (လုပ်ပိုင်ခွင့် အခွင့်အာဏာ)
*****************************************
ပရောဂျက် ကြီးလာတာနဲ့အမျှ လုပ်ဆောင်ရမယ့် အလုပ်တွေကလည်း ပိုပြီး ရှုပ်ထွေး များပြားလာတတ်ပါတယ်။ ဒီလို အရှုပ်အထွေးကြားကနေ ဆုံးဖြတ်ချက် မှန်မှန်နဲ့ လုပ်ငန်း တာဝန်တွေကို ဘယ်သူက လုပ်ဆောင်မယ် ဆိုတာပါ ထည့်သွင်း ဖော်ပြထားရမှာ ဖြစ်ပါတယ်။

6. Penalties (ပြစ်ဒဏ်)
*****************************************
ငွေပေးချေဖို့ နောက်ကျတာတို့ စည်းကမ်းချက်ချိုးဖောက်တာတို့ ရှိခဲ့လျှင် လျော်ကြေး၊ ဒဏ်ငွေဘယ်လို ပေးဆောင်ရမယ်ဆိုတာကိုလည်း ဖော်ပြထားဖို့လိုပါတယ်။

5. Recovery Fund Disclosure
*****************************************
ကန်ထရိုက်တာရဲ့ ဥပဒေမဲ့ ပြုမူတာတွေကြောင့် ပရောဂျက် ပြီးဆုံးသွားတဲ့တိုင်အောင် ရလာဒ်မှာ ဆုံးရှုံးမှုတွေ ရှိနေခဲ့ရင် ရပိုင်ခွင့်တွေကို ဘယ်လို စီမံမယ်ဆိုတာကို အကြမ်းဖျဉ်း ဖော်ပြထားရမှာ ဖြစ်ပါတယ်။ ဒါကတော့ ဆောက်လုပ်ရေး လုပ်ငန်း စာချုပ်အများစုမှာ ပါကိုပါရမယ့် အချက်ဖြစ်ပါတယ်။

6. Disputes & Termination
(အငြင်းပွားခြင်းနှင့် လုပ်ငန်းပြီးဆုံးခြင်း)
*****************************************
ဒီလုပ်ငန်းမှာ မိမိနဲ့ပါဝင်ပတ်သက်သူတွေကြား အငြင်းပွားစရာ ပြဿနာတွေ ဖြစ်လာခဲ့လျှင် ဘယ်လို ဖြေရှင်းမှုမျိုးကို ခံယူပါ့မယ်ဆိုတဲ့အကြောင်းလည်း ဖော်ပြထားရပါမယ်။ အဲ့ဒီအတွက်လည်း အထက်မှာ ဖော်ပြခဲ့တဲ့ အချက်အလက်တွေကို ပြည့်ပြည့်စုံစုံ လုပ်ရထားမှာပါ။ law firm အဖွဲ့ တစ်ခုခုရဲ့ ဥပဒေအကြံပြုချက်နဲ့ ကြားဝင် ဖြန်ဖြေတာကို စတင် ရယူတာမျိုး။ အဲလိုမှ အဆင်မပြေသေးရင် ခုံသမာဓိ အဖွဲ့ တစ်ခုခုရဲ့ ဆုံးဖြတ်ချက်ကို ကြားနာပါ့မယ် ဆိုတာမျိုး စတာတွေလည်း ဖြစ်နိုင်ပါတယ်။

7. Insurance (အာမခံကြေး)
*****************************************
ဆောက်လုပ်ရေး လုပ်ငန်းတိုင်းမှာ ကန်ထရိုက်တာဘက်က ကိုယ့်အလုပ်သမားတွေအတွက် လုပ်ငန်းဆိုင်ရာ လျော်ကြေး၊ နစ်နာကြေး စတာတွေကို သေချာ အာမခံထားသင့်ပါတယ်။ ဒီလို ရှိထားမှလည်း ထိခိုက် ဒဏ်ရာရတဲ့အခါမျိုးမှာ Owner အနေနဲ့ သေချာ ဖြေရှင်းလို့ရမှာပဲ ဖြစ်ပါတယ်။

8. Warranties & Statute of Limitations
*****************************************
ဘယ်လို အာမခံနဲ့ဆိုင်တဲ့ ကိစ္စရပ်တွေကို အသုံးပြုရမယ်ဆိုတာ သေသေချာချာ စီစဉ်ထားသင့်ပါတယ်။ အချုပ်အားဖြင့် Warranty သုံးနှစ်တာ ကာလအတွင်းမှာ ကန်ထရိုက်တာတွေအနေနဲ့ စာချုပ်ပါ ကတိကဝတ်ကို ဖောက်ဖျက်လျှင် ရသင့်ရထိုက်တာတွေကို ကန့်သတ်ထားလား၊ ကန့်သတ်ချက်တွေရှိလား ဆိုတာကိုလည်း ဝေခွဲထားရပါမယ်။

ဒီလောက်ဆိုလျှင် construction contract တစ်ခုမှာ မဖြစ်မနေ ပါဝင်သင့်တဲ့ အခြေခံတွေကို လေ့လာမိ လောက်ပြီ ထင်ပါတယ်။ ဒါ့ထက် ပိုကျယ်ပြန့်တဲ့ အကြောင်းအရာတွေလည်း ရှိနိုင်ပါသေးတယ်။ ဆက်လေ့လာ ကြတာပေါ့။

++ How to Write a Construction Contract ++
ဆောက်လုပ်ရေး စာချုပ်တွေကို ဘယ်လိုချုပ်ဆိုကြမလဲ….
*****************************************
ခုဆက်ဖေါ်ပြမယ့် နောက်ခေါင်းစဉ်က Consrtuction Contract တစ်ခုကို ဘယ်လို ရေးဆွဲရမလဲ ဆိုတာ ကို ဆက်လက် ဆွေးနွေးပါ့မယ်။ မိတ်ဆွေတို့လည်း ပါဝင်ဆွေးနွေး ဝေဖန်ပေးဖို့၊ သတိပြုစရာ တွေကို Comment Box မှာ မျှဝေပေးဖို့ မေတ္တာရပ်ခံပါတယ်။

ဖော်ပြခဲ့တဲ့ အချက်တွေက ဆောက်လုပ်ရေး လုပ်ငန်းလုပ်ငန်းရှင်တွေမှသာ သိထားရမယ်ဆိုပြီး တွက်ထားလို့ မရပါဘူး။ ဆောက်လုပ်ရေးလုပ်ငန်းနဲ့ ပတ်သက်ဖို့ လိုတာပဲဖြစ်ဖြစ်၊ စာချုပ်ချုပ်ဆိုဖို့ လိုတာပဲဖြစ်ဖြစ် မှန်ကန်တဲ့ လုပ်ထုံးလုပ်ငန်းနည်းတွေ နားမလည်ထားရင် အင်မတန် ခက်ခဲပါလိမ့်မယ်။

အခုလို ဆောက်လုပ်ရေးလောက၊ အိမ်ခြံမြေလောက မတည်မငြိမ် ဖြစ်နေတဲ့အချိန်မျိုးမှာ ဥပဒေဆိုင်ရာ လုပ်ထုံးလုပ်နည်းတွေကို သိကို သိထားသင့်ပါတယ်။ လေ့လာဖို့ အချိန်မပေးနိုင်ရင်တောင်မှ နားလည်းတတ်ကျွမ်း သူတွေနဲ့ တိုင်ပင်လုပ်ဆောင်ရမှာက ကိုယ့်တာဝန်ပါ။ ဆောက်လုပ်ရေး လုပ်ငန်းကြီးတစ်ခု လုပ်တော့မယ်ဆိုလျှင် ဆိုင်ရာပိုင်ရာသူတွေနဲ့ စာချုပ်စာတမ်းတွေ ချုပ်ဖို့လိုလာပြီဆိုတော့ ကိုယ်က ဦးအောင် ချုပ်မှာလား၊ ကိုယ့်ကို ပြန်ချုပ်တာ ခံမှာလား။ ဘယ်သူမှတော့ ကိုယ့်ကို လာချုပ်တာ မခံချင်ကြပါဘူး။ နှစ်ဦးနှစ်ဖက် အပြန်အလှန် တာဝန်ယူကြတာမျိုးပဲ ဖြစ်ချင်ကြမှာပါ။

စာချုပ်တစ်ခု ချုပ်တော့မယ်ဆိုလျှင် အဲ့ဒီစာချုပ်ထဲမှာ ဘာတွေထည့်ရမယ် ဘာတွေပါရမယ် ဆိုတာကိုတော့ ဗဟုသုတအနေနဲ့ သိကို သိထားရမှာပါ။ ကိုယ့်ရှေ့နေက ချုပ်ပေးသည့်တိုင်အောင် ကိုယ်တိုင်ကပါ သိနေတော့ ပိုကောင်းတာပေါ့။
ဒါဆိုရင် ဆောက်လုပ်ရေးဆိုင်ရာ စာချုပ်တစ်ခု ဘယ်လိုရေးသားမလဲ?
နားလည်လွယ်အောင် အပိုင်း နှစ်ပိုင်းခွဲပြီး ဖော်ပြပေးလိုက်ပါတယ်။

ပထမအနေနဲ့

++ Writing Your Construction Contract ++
ဆောက်လုပ်ရေး စာချုပ်ရေးသားပုံ
*****************************************
(၁) Write the title and a little preamble
ပထမဦးစွာ စာချုပ်ရဲ့ ရည်ရွယ်ချက်ကို ဖော်ပြတဲ့ Title ရေးပါ။ ပြီးရင် စာချုပ်ကို စတင်တဲ့အနေနဲ့ နိဒါန်းရေးရ ပါမယ်။ ဒါကလည်း သိပ်ခက်ခက်ခဲခဲကြီး စဉ်းစားနေစရာ မဟုတ်ပါဘူး။ ဒီစာချုပ်မှာ လက်မှတ် ရေးထိုးမယ့်သူ ဟာ ဘယ်သူတွေဖြစ်တယ်၊ ဘယ်လုပ်ငန်း၊ ဘယ်ရာထူး၊ လုပ်မယ့် ပရောဂျက်၊ တည်နေရာ၊ ပရောဂျက် စတင် မယ့်ရက်၊ အဆုံးသတ်မယ့်ရက် စသဖြင့် စတင်ရပါမယ်။

(၂) Describe the work that will be done
(လုပ်ဆောင်ရမယ့်အရပ်ရှင်းလင်းချက်)
*****************************************
ပြီးတာနဲ့ မိတ်ဆွေတို့ လုပ်ဆောင်မယ့်၊ ဖော်ဆောင်မယ့် ကိစ္စအတွက် စက်ပစ္စည်းတွေကို ဘယ်လိုနေရာမှာ ဘာအတွက်သုံးမယ်၊ အရည်အတွက်၊ အရည်အသွေးတွေနဲ့ ပတ်သက်တဲ့ အကြောင်းအရာ အပြည့်အစုံကို တိတိကျကျ ချရေးထားဖို့ လိုပါတယ်။

(၃) Include financial information
(ဘဏ္ဍာရေးနဲ့ ပတ်သက်တဲ့အချက်အလက်)
*****************************************
ဒီလုပ်ငန်းအတွက် အသုံးပြုမယ့် ဘတ်ဂျက်ကို ခရေစေ့တွင်းကျ တွက်ချက်ဖို့ လိုပါပြီ။ လုပ်ငန်း ပြီးမြောက်အောင် လုပ်ဆောင်ရာမှာ လိုအပ် တဲ့ ငွေကြေးပမာဏ ဘယ်လောက်ကို Owner နဲ့Client တို့အနက် ဘယ်သူက ကျခံမယ်ဆိုတဲ့ သဘောတူညီချက်ကိုလည်း တပါတည်း ထည့်ရေးရမှာပါ။ ဒါ့အပြင် စာချုပ်စာတမ်းဖိုး၊ လုပ်ငန်းကာလအတွင်း ငွေပေးချေရမယ့် စံနှုန်း သတ်မှတ်ချက်၊ နောက်ဆုံးအနေနဲ့ ပေးချေရမယ့်ပမာဏ စတဲ့ ကုန်ကျငွေတွေကို သေသေချာ ရေးဖို့လိုပါတယ်။

(၄) Include payment due dates and fees
(ငွေပေးချေမှုနဲ့ ပတ်သက်တာ)
*****************************************
ဘတ်ဂျက် ပမာဏကို တွက်ချက်ပြီးတဲ့နောက် အဲ့ဒီဘတ်ဂျက်ကို ဘယ်နေ့၊ ဘယ်ရက်မှာ စတင်ပေးအပ်မယ်၊ ဘယ်နှလ တစ်ကြိမ်ပေးချေရမယ် စတဲ့ အချိန်ကာလတွေနဲ့ ဘယ်လိုပုံစံမျိုးနဲ့ ငွေပေးချေရမယ် စတာတွေကို မှန်မှန်ကန်ကန် ဖြည့်စွက်ရပါမယ်။

(၅) Provide a project description
(ပရောဂျက်နဲ့ပတ်သက်တဲ့ ရှင်းလင်းချက်)
*****************************************
ဒီအပိုင်းမှာတော့ ပရောဂျက်ရဲ့ ရည်ရွယ်ချက်၊ တာဝန်တွေကို ဖော်ပြပေးရမှာပါ။ အကျယ်တဝင့် အသေးစိတ် ရေးစရာမလိုပါဘူး။ ပရောဂျက်ရဲ့ တာဝန်ကို အကျဉ်းချုပ်တော့ ဖော်ပြပေးရပါတယ်။

(၆) Describe how any changes to the work order will be handled
*****************************************
Owner ကြောင့်ပဲဖြစ်ဖြစ် Client ကြောင့်ပဲဖြစ်ဖြစ် မမျှော်လင့်ထားတဲ့ အလုပ်နဲ့ အပိုကုန်ကျစရိတ်တွေ ရှိလာခဲ့လျှင် ကိုယ့်ကိုယ်ကိုယ် ကာကွယ်တဲ့အနေနဲ့ စည်းကမ်း သတ်မှတ်ချက်တချို့ကိုလည်း ထည့်သွင်းဖော်ရပါမယ်။

(၇) Create a Signature Line
*****************************************
ဒါကတော့ စာချုပ်ပါ အကြောင်းအရာတွေကို သဘောတူညီကြောင်း ဖော်ပြဖို့အတွက် လက်မှတ် ထိုးဖို့နေရာ ချန်ပေးရမှာပါ။ လက်မှတ်အောက်မှာ လက်မှတ်ပိုင်ရှင်ရဲ့ လိပ်စာ၊ ဖုန်းနံပါတ်တို့ကိုလည်း ထည့်သွင်းနိုင်ပါ သေးတယ်။

ဒုတိယအနေနဲ့

++ Meeting State Requirements ++
နိုင်ငံတော် လိုအပ်ချက်နဲ့ကိုက်ညီအောင်လုပ်တာ

*****************************************
(၁) Check your state law for required inclusions
*****************************************
နိုင်ငံတစ်နိုင်ငံထဲမှာကိုပဲ နေရာဒေသကိုလိုက်ပြီး စာချုပ်စာတမ်း ဥပဒေသတွေက တစ်ခုနဲ့ တစ်ခု မတူညီကြပါဘူး။ ဒီတော့ စာချုပ်စာတမ်းတွေမှာပါတဲ့ ဥပဒေဆိုင်ရာ အချက်အလက်တွေကလည်း အဲ့နယ်မြေဒေသမှာ ကျင့် သုံးနေတဲ့ ဥပဒေနဲ့ ကိုက်ညီမှု ရှိ မရှိ စစ်ဆေးကြည့်ဖို့လည်း လိုပါတယ်။

(၂) Provide a projected construction schedule
*****************************************
ချုပ်ဆိုမယ့် စာချုပ်ထဲမှာ ဘယ်နရက်အတွင်း အလုပ် ဘယ်လောက်ပြီးရမယ်ဆိုတာကို ထည့်သွင်းရပါဦးမယ်။ တစ်ရက်ကို ဘယ်အလုပ်တွေ ပြီးတယ်၊ ဘယ်လောက် အလုပ်ဖြစ်တယ်ဆိုတဲ့ အချိန်ဇယား တစ်ခုကတော့ လိုအပ်ပါတယ်။

သာမာန် လူတစ်ယောက်အတွက်တော့ ဥပဒေဆိုင်ရာ ကိစ္စတွေဟာ တော်တော် ရှုပ်ထွေးသလို စာချုပ် ပြင်ဆင် ရေးဆွဲတယ်ဆိုတာလည်း အတော်ခေါင်းခဲစရာပါ။ စာဖတ်သူ မိတ်ဆွေတို့လဲ ဒီလောက်ထိ ဖတ်လာပြီးပြီဆို တော့ သိလောက်ပါပြီ။ ဒီအထိ ဖတ်လာပေးတဲ့အတွက်လည်း ကျေးဇူးအထူး တင်မိသလို၊ မိတ်ဆွေတို့အတွက် အကျိုးရှိမယ်လို့ မျှော်လင့်ပါတယ်။

နောက်တစ်ခေါက်မှာတော့ အခုဖော်ပြထားတဲ့ ဘယ်လိုအကြောင်းအရာ ပြဿနာတွေကနေ ကာကွယ်ဖို့အတွက် ဘာကြောင့် စာချုပ်သင့်တယ်၊ ဘာတွေ သင်ခန်းစာယူပြီး တရားဝင်ခိုင်မာအောင် လုပ်သင့်လဲဆိုတဲ့အကြောင်းနဲ့ ပတ်သတ်ပြီး ဖော်ပြပေးမှာ ဖြစ်လို့ ဆက်လက် ဖတ်ရှု အားပေးကြပါဦး။

အားလုံးပဲ ကျန်းမာပျော်ရွှင် အောင်မြင်ကြပါစေ…...



Original writer Crd

လေးစားစွာဖြင့်

🇯🇵ဂျပန်ဆိုက်အင်ယာတွေအတွက်ဆောက်လုပ်ရေးလုပ်ငန်းခွင်များမှာ ဖြစ်ပွါးလေ့ရှိတဲ့ ဘေးအန္တရာယ်များက်ို ပြောပြပေးပါ့မယ်။ 🟢 建設現場では...
18/07/2025

🇯🇵ဂျပန်ဆိုက်အင်ယာတွေအတွက်

ဆောက်လုပ်ရေးလုပ်ငန်းခွင်များမှာ ဖြစ်ပွါးလေ့ရှိတဲ့ ဘေးအန္တရာယ်များက်ို ပြောပြပေးပါ့မယ်။

🟢 建設現場では、次のような型の災害(さいがい)が発生します。

⚠️ 墜落ついらく•転落てんらく
ပြုတ်ကျခြင်း၊ လိမ့်ကျခြင်း

⚠️ 転倒てんとう လဲကျခြင်း

⚠️ 激突げきとつ ပြင်းထန်စွာတိုက်မိ

⚠️ 飛来ひらい•落下らっか
ပစ္စည်းလွှင့်စင်ခြင်းနှင့်ပြုတ်ကျခြင်း

⚠️ 崩壊ほうかい•倒壊とうかい
ပြိုကျခြင်း ၊ ပြိုလဲခြင်း

⚠️ 激突され ဝင်တိုက်ခံရခြင်း

⚠️ はさまれ•巻き込まれ(まきこまれ)
ညှပ်မိခြင်း ၊ ညှပ်ပါသွားခြင်း

⚠️ 切れ(きれ) • こすれ
ပြတ်ရှခြင်း ၊ ခြစ်မိခြင်း

⚠️ 踏み抜き(ふみぬき) ထိုးစိုက်မိခြင်း

⚠️ おぼれ ရေနစ်ခြင်း

⚠️ 高温こうおん• 低温の物との接触
အပူချိန်မြင့်သော ၊ နိမ့်သောအရာဝတ္ထုများနှင့်ထိ တွေ့ခြင်း

⚠️ 有害物(ゆうがいぶつ)などとの接触
အန္တရာယ်ရှိသောအရာများနှင့်ထိတွေ့ခြင်း

⚠️ 感電かんでん• 爆発ばくはつ
ဓာတ်လိုက်ခြင်း ၊ ပေါက်ကွဲခြင်း

⚠️ 破裂はれつ ပေါက်ပြဲခြင်း

⚠️ 火災かさい မီးလောင်ကျွမ်းခြင်း

⚠️ 交通事故こうつうじこ(道路)
ယာဉ်မတော်မဆမှု့ (လမ်းမ)

⚠️ 交通事故(その他) တခြား

⚠️ 動作(どうさ)の反動(はんどう)
လှုပ်ရှားမှု့အပေါ်ကန်ထွက်ခြင်း

⁉️ မိမိတာဝန်ယူထားတဲ့ လုပ်ငန်းခွင်မှာ အားလုံးဘေးအန္တရာယ်ကင်းရှင်းကြပါစေ🙆‍♂️

#建築施工管理
#専門用語
#現場監督


#住宅
#ゼネコン
#安全管理

သတင်းစာကျောင်းသားဘဝတုန်းက ကိုယ့်ရဲ့ပိတ်ရက်(အနီရက်)ဆိုတာ တစ်လမှာ ၄/၅ရက်လောက်ပဲ 😂ဥပမာ အပတ်တိုင်း ဗုဒ္ဓဟူးနေ့ပိတ်ရက်ယူထားရင...
17/07/2025

သတင်းစာကျောင်းသားဘဝတုန်းက

ကိုယ့်ရဲ့ပိတ်ရက်(အနီရက်)ဆိုတာ တစ်လမှာ ၄/၅ရက်လောက်ပဲ 😂

ဥပမာ အပတ်တိုင်း ဗုဒ္ဓဟူးနေ့ပိတ်ရက်ယူထားရင်

တစ်လမှာ ဗုဒ္ဓဟူး ၄ရက်ပါရင် ၄ရက်၊
၅ရက်ပါရင် ၅ရက်နားရတယ်။

အနီရက်တွေရောက်လဲ သတင်းစာမနက်တစ်ပိုင်းဝေ ပေးရတာဆိုတော့ အိပ်ယာထရပြန်တာပါပဲ။

社会人ဖြစ်သွားတော့ ပိတ်လိုက်တာဆိုတာ

အဲ့လောက်ကြီးဆိုတော့လဲ

ခေတ်စကားအရဆို မပျော်ချင်တော့ဘူး😂⁉️

#年間カレンダー📅

🇯🇵 5S လှုပ်ရှားမှုဆိုတာ ဘာလဲ?5S လှုပ်ရှားမှုသည် ဂျပန်နိုင်ငံမှ ပေါ်ထွက်လာသော အရည်အသွေးစီမံခန့်ခွဲမှုနည်းလမ်းတစ်ခုဖြစ်ပြီ...
16/07/2025

🇯🇵 5S လှုပ်ရှားမှုဆိုတာ ဘာလဲ?

5S လှုပ်ရှားမှုသည် ဂျပန်နိုင်ငံမှ ပေါ်ထွက်လာသော အရည်အသွေးစီမံခန့်ခွဲမှုနည်းလမ်းတစ်ခုဖြစ်ပြီး လုပ်ငန်းခွင် ပိုမိုတိုးတက်ကောင်းမွန်စေရေးနှင့် ထိရောက်မှုရှိစေရေးတို့အတွက်လုပ်ဆောင်သည့် လှုပ်ရှားမှုဖြစ်ပါသည်။

(1)စီစဉ်တကျထားခြင်း(Seiri)၊ 整理
(2)စနစ်တကျထားခြင်း(Seiton)၊ 整頓
(3)သန့်ရှင်းမှု(Seisou)၊ 清掃
(4)သန့်စင်မှု(Seiketsu)清潔 နှင့်
(5)စည်းကမ်းကျခြင်း(Sh*tsuke) しつけတို့မှ
ထိပ်စာလုံးများကိုယူပြီး "5S” ဟုခေါ်ခြင်းဖြစ်ပါသည်။

🇯🇵 5S ရဲ့ ရည်ရွယ်ချက်နဲ့
ဂျပန်ဆောက်လုပ်ရေးလုပ်ငန်း ခွင်များရဲ့
5S လှုပ်ရှားမှု့တွေကို ပြောပြပေးပါ့မယ်။

🟢 5S လှုပ်ရှားမှု၏ ရည်ရွယ်ချက်

ကုမ္ပဏီအနေနှင့် 5S လှုပ်ရှားမှုလုပ်ရသည့် ရည်ရွယ်ချက်မှာ ယုံကြည်အားထားရသော ကုမ္ပဏီဖြစ်ရန်အတွက် ဖြစ်ပါသည်။ ကုမ္ပဏီအနေဖြင့် လုပ်ငန်းခွင်ထံမှ မျှော်လင့်ထားသည့်အရာများမှာ အောက်ပါ 3 ခု ဖြစ်ပါသည်။

1•(作業員の自主性向上)

~ဝန်ထမ်းများအားလုံး (လုပ်သား) ၏ ကိုယ်ပိုင်အသိစိတ်ဖြင့်လုပ်ဆောင်မှုများ မြှင့်တင်ခြင်း
5S လှုပ်ရှားမှုမှ "စည်းကမ်းကျခြင်း"ကို "အလေ့အထ (Syuukan)"ဖြင့်လည်း အစားထိုးနိုင်
ပါသည်။ မိမိကိုယ်တိုင် 5S လှုပ်ရှားမှုအတွက် ဆက်လက်ကြိုးပမ်းနိုင်လာခြင်းအားဖြင့် လုပ်သားများ၏ ကိုယ်ပိုင်အသိစိတ်ဖြင့်လုပ်ဆောင်မှုများ မြင့်တက်လာရန် မျှော်လင့်ထားပါသည်။

2•(良好なチームワークづくり)

~ကောင်းမွန်သော အဖွဲ့လိုက်လုပ်ဆောင်မှု့များ တည်ဆောက်ခြင်း လုပ်သားအားလုံးပူးပေါင်းပါဝင်ပြီး 5S လှုပ်ရှားမှုကို ကြိုးပမ်းခြင်းအားဖြင့် ကောင်းမွန်သော အဖွဲ့လိုက်လုပ်ဆောင်မှုများ ဖြစ်လာနိုင်ရန် မျှော်လင့်ထားပါသည်။

3• (リーダーシップの養成)

~ခေါင်းဆောင်မှု ပျိုးထောင်ခြင်း
5S လှုပ်ရှားမှုကို လုပ်သားမှူးမှဦးဆောင်ပြီး ရှေ့ဆက်ဆောင်ရွက်ခြင်းအားဖြင့် လုပ်သားမှူး၏ ခေါင်းဆောင်မှုစွမ်းရည် မြင့်တက်လာရန် မျှော်လင့်ထားပါသည်

🟢 ဂျပန်ဆောက်လုပ်ရေး
လုပ်ငန်းခွင်များရှိ 5Sလှုပ်ရှားမှု

ဆောက်လုပ်ရေးလုပ်ငန်းခွင်များရှိ 5S လှုပ်ရှားမှုကို ဘေးကင်းမှုနှင့် လုပ်ငန်းထိရောက်မှုတို့ မြှင့်တင်ရေးနှင့်စပ်လျဉ်းသည့် ကြိုးပမ်းမှုအဖြစ် အောက်ပါကဲ့သို့သော အကြောင်းအရာများကို လုပ်ဆောင်ကြပါသည်။

ဆိုက်ထဲမှာတော့
整理整頓(せいりせいとん)လို့အလွယ်ပြောပါတယ်။

1• စီစဉ်တကျထားခြင်း(Seiri)整理

[要るものといらないものを分けて、要らないものを捨てる]

လိုအပ်သောပစ္စည်းများကို လိုအပ်သောအရေအတွက်သာ ထားရှိပြီး မလိုအပ်သောပစ္စည်းများကို စွန့်ပစ်ခြင်းအားဖြင့် စီစဉ်တကျထားရပါမည်။ ဆောက်လုပ်ရေးလုပ်ငန်းခွင်များတွင် မလိုအပ်သောကုန်ကြမ်းပစ္စည်းများနှင့် ကိရိယာတန်ဆာပလာများ၊ ဆောက်လုပ်ဆဲနေရာမှ စွန့်ပစ်ပစ္စည်းများနှင့် အမှိုက်များ စသည်တို့ကို စွန့်ပစ်ဖယ်ရှားခြင်းလည်း ပါဝင်ပါသည်။

2•စနစ်တကျထားခြင်း(Seiton)整頓

[使いやすいようにきちんと置き、表示する]

စီစဉ်တကျထားထားသော ပစ္စည်းများကို ရှာဖွေရလွယ်ကူအောင်ထားရန် ဖန်တီးမှုများလုပ်ပြီး စနစ်တကျထားခြင်းကို လုပ်ဆောင်ရပါမည်။ ဆောက်လုပ်ရေးလုပ်ငန်းခွင်များတွင် ကုန်ကြမ်းပစ္စည်းများနှင့် ကိရိယာတန်ဆာပလာများကို လုပ်ငန်းစီးဆင်းမှုအတိုင်း စဉ်းစားပြီး သင့်လျော်သည့်နေရာ၌ နေရာချထားရပါမည်။

3•သန့်ရှင်းမှု(Seisou)清掃

[掃除をして、ゴミや汚れのないきれいな
状態にする]

လုပ်ငန်းဆောင်ရွက်သည့်လုပ်ငန်းခွင်ကို သန့်စင်မှုရှိအောင် ထိန်းထားပြီး ဘေးကင်းမှုသေချာစွာရှိရန်အတွက သန့်ရှင်းမှုကို နှံ့နှံ့စပ်စပ် လုပ်ဆောင်ရပါမည်။ ဆောက်လုပ်ရေးလုပ်ငန်းခွင်များတွင် ဆောက်လုပ်နေစဉ်အတွင်း ထွက်ရှိသော အညစ်အကြေးနှင့် ဖုန်မှုန့်များ၊ ဆောက်လုပ်ရေးကုန်ကြမ်းများ၏ ဖြတ်စများ စသည်တို့ကို သန့်ရှင်းရေးလုပ်ခြင်းလည်း ပါဝင်ပါသည်။

4•သန့်စင်မှု (Seiketsu)清潔

[整理•整頓•整掃の3Sを徹底し、維持す]

ထိရောက်သော လုပ်ငန်းဆောင်ရွက်မှုပတ်ဝန်းကျင်ကို ထိန်းသိမ်းရန်အတွက် သပ်ရပ်မှုနှင့် သန့်ရှင်းမှုတို့ရှိစေရန် အမြဲလုပ်ဆောင်ကာ သန့်စင်မှုရှိသောအခြေအနေကို အမြဲထိန်းသိမ်းရပါမည်။ ဆောက်လုပ်ရေးလုပ်ငန်းခွင်များတွင် အလုပ်သမားများ၏ အကာအကွယ်ဖိနပ်နှင့် ဟဲလ်မက်စသည့် ဘေးကင်းရေးပစ္စည်းများကို စီမံခန့်ခွဲခြင်း၊ ဆောက်လုပ်ရေးစက်ယန္တရားများနှင့် ယာဉ်များ ပြုပြင်ထိန်းသိမ်းခြင်း စသည်တို့ ပါဝင်ပါသည်။

5• စည်းကမ်းကျခြင်း(Sh*tsuke)しつけ

[決められたことやルールをいつも正しく寄る]

5S ကို စဉ်ဆက်မပြတ် အကောင်အထည်ဖော်ရန်အတွက် စည်းမျဉ်းများနှင့် ကျင့်ဝတ်များကို သတ်မှတ်ပြီး ၎င်းတို့ကိုလိုက်နာကာ ပြုမူဆောင်ရွက်နိုင်ရန်အတွက် သင်ကြားပေးခြင်းနှင့် စောင့်ကြပ်ကြည့်ရှုခြင်းတို့ လုပ်ဆောင်ရပါမည်. ဆောက်လုပ်ရေးလုပ်ငန်းခွင်များတွင် ဘေးကင်းရေးဆိုင်ရာစည်းကမ်းများနှင့် ဆောက်လုပ်ရေးလုပ်ငန်းခွင်စည်းမျဉ်းများကို အပြည့်အဝလိုက်နာခြင်း၊ လုပ်ငန်းခွင်မှ အထက်အောက်ဆက်ဆံရေးနှင့် ကျင့်ဝတ်များကို စောင့်ထိန်းခြင်းတို့ ပါဝင်ပါသည်။

#建築施工管理
#専門用語
#ဂျပန်ဆောက်လုပ်ရေး
#現場監督

#ゼネコン

住所

Shibuya-ku, Tokyo

ウェブサイト

アラート

Haitatsu Japanがニュースとプロモを投稿した時に最初に知って当社にメールを送信する最初の人になりましょう。あなたのメールアドレスはその他の目的には使用されず、いつでもサブスクリプションを解除することができます。

ショートカット

  • 住所
  • アラート

共有する