Zinmar's Japanese Language and Conversation Class

Zinmar's Japanese Language  and Conversation Class Education

10/12/2022

ကဲ JLPT exam result စောင့်ရင်း Reading ပိုင်းလေး ပြန်လေ့ကျင့်ရအောင် စာအုပ်ကောင်းလေး တအုပ် ညွှန်းပေးချင်ပါတယ် ဒုတိယ ကမ္ဘာစစ်အပြီးက ဖြစ်ရပ်မှန်ဇာတ်လမ်းလေး တအားစိတ်ဝင်စားဖို့ကောင်းပါတယ် အထဲမှာပါတဲ့ kanji နဲ့အကြောင်းအရာကလည်း နားလည် လွယ်မှာပါ
窓ぎわのトットちゃん မြန်မာက ဆရာရဲမြလွင်လည်း ဘာသာပြန်ထားတာ တွေ့မိတယ် မြန်မာလိုတော့ မဖတ်ဖူးသေးဘူး ☺️ အားလုံးကို အမြည်းလေး ဖတ်ပြထားတယ်နော် နည်းနည်းလောက် နားထောင်ကြည့်ပါ 😍 မူလတန်းကတည်းက ကျောင်းထုတ်ခံရတဲ့ トットちゃん ဘယ်လိုတွေဆက်ဖြစ်သွားလဲ ဝယ်သာ ဖတ်ကြည့်ပါနော်

Hello everyone Morning ဂျပန်မှာဖြေဆိုကြမယ့် 2022ရဲ့ ၁၂လပိုင်း JLPT ဖောင်တင်ရမယ့် ရက်လည်း တဖြည်းဖြည်း နီးကပ်လို့လာပြီနော်...
10/08/2022

Hello everyone Morning
ဂျပန်မှာဖြေဆိုကြမယ့် 2022ရဲ့ ၁၂လပိုင်း JLPT ဖောင်တင်ရမယ့် ရက်လည်း တဖြည်းဖြည်း နီးကပ်လို့လာပြီနော်

⚠️August -25 to September -15အထိဘဲနော်

❇️Exam fee (any level) ¥6500

⭕N1 news

🆙 ဒီနှစ် ၁၂လပိုင်းကတော့ အပြောင်းအလဲလေး နည်းနည်းရှိပါတယ် 👇

2022/7 လပိုင်း exam အထိ 文字、語彙、文法、読解 က စုစုပေါင်းကြာချိန် 110 min က ဒီနှစ် ၁၂လပိုင်းလည်း အပြောင်းအလဲမရှိပေမယ့်

Listening 👂 (聴解) ကတော့ မိနစ်-၆၀ ကနေ ၅၅မိနစ်သို့ အချိန်ပြောင်းလဲ သွားမှာဖြစ်ပြီး
မေးခွန်း အရေအတွက်လည်း အနည်းငယ်လျော့သွားပါမယ်လို့ JLPT page မှာ 8/9ရက်နေ့ မနေ့က နေ့စွဲနဲ့ တင်ထားပါတယ် ရှငျ့

အသေးစိတ်အချက်အလက်ကို website မှာဝင်ရောက်ကြည့်ရှု့နိုင်ပါတယ်ရှင့် 👇

https://info.jees-jlpt.jp

အားလုံးဘဲကျန်းမာရွှင်လန်းချမ်းမြေ့ကြပါစေရှင်
皆さん、ごきげんよ〜

26/06/2022

အားလုံးဘဲ ကျေးဇူးတင်ပါတယ်
2022/6/26ရက်နေ့
ဒီနေ့နောက်ဆုံးမှာဘဲ N1 /N2/N3 Class လေး ၆လခွဲကြာ ပြီးဆုံးသွားပါပြီ တက်ရောက်ကြတဲ့ တစ်ယောက်စီတိုင်းကို အမက ကျေးဇူးအများကြီးတင်ပါတယ်
အမ ဘက်က မမှီလိုက်တာတွေ မသင် ဖြစ်လိုက်ရတာတွေအများကြီးရှိခဲ့ပါတယ် အဲ့ အတွက်လည်း အလွန်တောင်းပန်ပါတယ်🙏 7လပိုင်း JLPT ဖြေမယ့် သူတွေလည်း အောင်မြင်အောင်ဖြေနိုင်ပါစေ

စာမရှင်းတာ အခက်အခဲရှိတာ ဘာမဆို အမကို လာပြောပြ တိုင်ပင်နိုင်ပါတယ် 🥰
Sat Sun ညနေတွေဆို အားလုံးကို လွမ်းနေတော့မှာဘဲ 🥺တကယ်အမှတ်တရတွေ ရှိခဲ့တဲ့ Class နဲ့ သင်တန်းသူ/သားတွေ ပါ
ဒီClass မှာမှ စပြီးခင်ကြတဲ့ တဦးတယောက်ချင်းစီလည်း ဖေးမပြီး ဆက်လက်ခင်မင်သွားကြပါနော် 🤗 တကယ့်ကို့ဘဲ အားလုံးရဲ့ အတွေ့အကြုံတွေ ဗဟုသုတတွေ ဖလှယ်ခဲ့ရပါတယ် လူ့ဘဝရဲ့ ဖြစ်ရပ်မှန် ဆန်းကြယ်ဖွယ်ရာ ဇာတ်လမ်းတွေလည်း နားထောင်ရင်း အချင်းချင်း ရင်းနှီးနွေးထွေးခဲ့ရပါတယ် အမလည်း နောက်များအချိနိ အဆင်ပြေခဲ့ရင် အတန်းအသစ်တွေ ထပ်ဖွင့်ပေးပါ့မယ် 🙏

လူဆိုတာကကိုယ်လုပ်ခဲ့တဲ့အရာတွေကကိုယ့်ဆီပြန်လာတယ်အဲ့တာက အမှန်တကယ်ဘဲဖြစ်တယ် 100% ပြန်လာတက်တယ် ချက်ချင်းမဟုတ်တောင် လှည့်လည် ...
31/05/2022

လူဆိုတာကကိုယ်လုပ်ခဲ့တဲ့အရာတွေကကိုယ့်ဆီပြန်လာတယ်အဲ့တာက အမှန်တကယ်ဘဲဖြစ်တယ် 100% ပြန်လာတက်တယ် ချက်ချင်းမဟုတ်တောင် လှည့်လည် ပတ်ပြီး တချိန်ချိန်မှာပြန်လာတယ်
ကောင်းတဲ့အရာဖြစ်စေ ဆိုးတဲ့အရာဖြစ်စေ အဲ့အတိုင်း ကိုယ့်ဆီပြန်ရောက်လာတယ် ဆိုတာက ရိုးရှင်းပြီး နားလည်ရလွယ်တဲ့ တကယ့်လောကရဲ့ ဖွဲ့စည်းပုံ သီအိုရီ တခုဘဲဖြစ်တယ်
ကိုယ်ကဘယ်လိုပုံစံမျိုးအဖြစ်ချင်ဆုံးလဲ ဘယ်လိုလူသားတယောက်ဖြစ်ချင်တာလဲဆိုတာကို ပြန်လည်ဆန်းစစ်ပြီး သုံးသပ်ကြည့်ပါ
လူတွေကို ဘယ်လိုဆက်ဆံရမယ် ဆိုတဲ့ စိတ်နေစိတ်ထားနဲ့ ဘယ်လိုသဘောထားရမယ်ဆိုတာကို ခု နောက်ထပ်တကြိမ်လောက် ပြန်လည်စမ်းစစ်ကြည့်ကြပါစို့လား .......

自分のやったことは自分に返ってくる。
これは本当です。100%自分に返ってきます。
巡り巡って必ず自分に返ってきます。
良いことも悪い事も、そのまま自分に返ってきます。シンプルで分かりやすいこの世の仕組みですが自分が一番どうなりたいか、どのような人間でありたいかを改めて考え、人へ察し方を今一度振り返ってみましょう。

ဝတ္ထုစာအုပ်တွေနဲ့Page တွေ အမြဲဖတ်တော့ အားလုံးလည်း နားလည်ရလွယ်ပြီး ဖတ်လို့ကောင်းတာလေးတွေ တင်ပေးမယ်ဆိုပြီး အချိန်မရနေတာနဲ့ ခုတော့ နည်းနည်းစီ တင်ပေးသွားမယ်နော်
ဒီ စာလေးတွေကတော့ ig က ဆီကနေ ကောက်နှုတ်ပြီး ဘာသာပြန်ပေးထားခြင်းဖြစ်ပါတယ်🤍 ဒါမျိုးလေးတွေဖတ်ပြီးလည်း ဂျပန်စကားကိုလေ့လာနိုင်တယ် ဖတ်ပြီးရင်လည်း အရမ်း ရင်ထဲကျန်ခဲ့ရတယ်
မြန်မာလိုလည်း သိနေပြီးသား ကိစ္စရပ်လေးတွေပါဘဲ 💛
အားလုံးဘဲ 勉強になれると嬉しいです〜
Crd

သင်တန်းကျောင်းရဲ့ Logo လေးပါ ရှင့် CDM support အတွက် JUNE လကုန်အထိ Sat Sun ညနေ 17:30~23:30အထိ သင်နေပေမယ့် နောက်ပိုင်းတွေ...
22/05/2022

သင်တန်းကျောင်းရဲ့ Logo လေးပါ ရှင့်
CDM support အတွက် JUNE လကုန်အထိ Sat Sun ညနေ 17:30~23:30အထိ သင်နေပေမယ့် နောက်ပိုင်းတွေမှာတော့ Level အလိုက် သီးသန့် Class လေးတွေဘဲ သင်သွားပါတော့မယ် 🧡

01/05/2022

N3 文法
〜うちに
ဘာလိုလိုနဲ့ Grammer ပြီးတော့မယ် ဒီနေ့ဒီအချိန် ကြိုးစားပြီးသင်ယူကြတဲ့ N3/N2/N1 က ကျောင်းသားတွေအားလုံး ချစ်လိုက်တာ 🥰

04/03/2022

N2 文法
〜というものだ
〜というものではない
〜というものでもない
ညနက်တဲ့အထိ သင်ယူကြတဲ့ ချစ်လှစွာသော ကလေးတွေ🥰

13/02/2022

ကျွန်မတို့ရဲ့ N1 class လေး
​မီးတွေပျက် လိုင်းတွေဖြတ်တဲ့ကြားထဲကနေကြိုးစားကြတဲ့မြန်မာကကလေးတွေနဲ့ ညလုံးပေါက်အလုပ်ဆင်းပြီး တနေကုန်ပင်ပန်းနေတာတောင်မပျက်မကွက်တက်ကြတဲ့ဂျပန်ကကျောင်းသူတွေနဲ့ သင်တန်းပျက်ရင်တယောက်ချင်းစီသွားသွားခေါ်တဲ့ဆရာမ😬
Sentence တခုကလည်း လေရှည်းစွာရှင်းတက်လွန်းလို့ကျောင်းသားတွေပြေးကုန်မှာတောင်ကြောက်ရတယ်😂
တို့ရဲ့ ပျော်စရာ Class လေး🥰

27/01/2022

N3 အတန်းက မြန်မာကနေ Join တဲ့ကျောင်းသားများလို့ မီးပျက်တာရယ် Wifi မရတာရယ် Zoom Class join လို့ Data Bill ဈေးကြီးတာရယ်နဲ့
N3 အတန်း သီးသန့်ကိုဘဲ Video record လေး လုပ်ဖြစ်တယ် လုပ်ချင်တာတွေများပြီး အများကြီးလုပ်ပေးချင်ပေမယ့်လည်း အချိန် အခက်အခဲတွေကြောင့် သေချာမရိုက်နိုင်ခဲ့တာ တောင်းပန်ပါတယ်

အမကို နားလည်ပေးကြပါ ဗီဒီယိုကို ပြင်ဖို့ အချိန်ယူလိုက်ရင် ရှေ့မရောက်တော့မှာစိုးလို့ 😬 အမ မျက်နှာလေးကိုဘဲ ကြည့်ပြီး စာကျက်ကြပါလို့ 🙈

Messenger လည်း အမ သိပ်မသုံးဖြစ်လို့ စာမေးဖို့အကြီးရေးတဲ့အခါ Ph ခေါ်ပေးပါနော်ရပါတယ် 😊

Goi နဲ့ Grammar ကိုတော့ Group ထဲမှာ တင်ပေးသွားပါ့မယ် မမှီလိုက်တဲ့သူတွေအတွက်
ဖိုင်ဘဲတင်လို့ သင်တန်းမရှိတာ မဟုတ်ပါဘူးနော် တပတ်၂ရက်ကပုံမှန်ရှိတယ် အတက်နိုင်ဆုံးတော့ Join ပေးကြပါရှင့်

N1 Class 4skill
Sat JP21:30~23:30(MM Time 19:00~21:00)
Sun JP17:30~19:30(MM Time 15:00~17:00)

N2 Class 4skill
Sun JP21:30~23:30(MM Time 19:00~21:00)
Mon JP21:30~23:30(MM Time 19:00~21:00)

N3 Class 4skill
Sun JP19:30~21:30(MM Time 17:00~19:00)
Mon JP19:30~21:30(MM Time 17:00~19:00)

မင်္ဂလာပါရှင့်2022မှာလည်း စိတ်​၏ကျန်းမာခြင်း ကိုယ်​၏ချမ်းသာခြင်းနှင့် ကောင်းကျိုးအဖြာဖြာလိုအင်ဆန္ဒပြည့်ဝကြပါစေလို့ဆုမွန်...
02/01/2022

မင်္ဂလာပါရှင့်
2022မှာလည်း စိတ်​၏ကျန်းမာခြင်း ကိုယ်​၏ချမ်းသာခြင်းနှင့် ကောင်းကျိုးအဖြာဖြာလိုအင်ဆန္ဒပြည့်ဝကြပါစေလို့ဆုမွန်ကောင်းတောင်းပေးလိုက်ပါတယ်🙏

December -26ရက်နေ့တွင်စတင်ဖွင့်လစ်ခဲ့တဲ့ Online Zoom Class လေး လူဦးရေအားဖြင့်ပြည့်သွားခဲ့ပါပြီ တကယ်တက်လိုသူတွေ ၇ရက်နေ့အထိနောက်ဆုံးထားပြီး လက်ခံပေးပါ့မယ်ရှင့်
အတန်းချိန်ကတော့ မညှိပေးနိုင်တော့လို့ခွင့်လွှတ်ပေးပါ အောက်မှာဖော်ပြထားတဲ့အချိန်တွေနဲ့ကိုက်ညီရင် တက်ရောက်နိုင်ပါတယ်

N1 Class 4skill
Sat JP21:30~23:30(MM Time 19:00~21:00)
Sun JP17:30~19:30(MM Time 15:00~17:00)

N2 Class 4skill
Sun JP21:30~23:30(MM Time 19:00~21:00)
Mon JP21:30~23:30(MM Time 19:00~21:00)

N3 Class 4skill
Sun JP19:30~21:30(MM Time 17:00~19:00)
Mon JP19:30~21:30(MM Time 17:00~19:00)

သင်တန်းကြေး👇
မြန်မာနိုင်ငံမှသင်ယူသူတွေအတွက် လစဉ်
N1-20000MMK
N2-20000MMK
N3-20000MMK

Japan နိုင်ငံမှသူယူသူတွေအတွက်👇လစဉ်
N1-¥5500
N2-¥5500
N3-¥5000

အလုပ်အခက်အခဲရှိသူနှင့် CDM ဝန်ထမ်းများအားကျွန်မ​၏ပညာဖြင့် ဂုဏ်ပြုချ်ီးမြှင့်ပါတယ် 🙏

သင်ရိုးညွှန်းတန်းစာအုပ်တွေကတော့ 👇👇👇

-総まとめ 漢字
-総まとめ 語彙
-総まとめ 読解
-完全マスター 文法 


-トレーニング 文法
-総まとめ 漢字
-総まとめ 語彙 
-総まとめ 読解 


-スピードマスター 語彙
-総まとめ 語彙 
-総まとめ 漢字
-総まとめ 文法 
-総まとめ 読解 

ဒီစာအုပ်တွေနှင့်အတွ ကျွန်မ ကိုယ်တိုင်ရေးဆွဲထုတ်လုပ်မယ့် ဂျပန်ကျောင်းသုံးဖတ်စာအုပ် Kanji+Reading ドリル
အောက်ကပုံပါ စာတမ်းမျိုးသင်မှာဖြစ်ပါတယ်
(အပြင်ကိုထုတ်ပြီး တခြားသင်တန်းများကို Copy ပေးခြင်းသည်းခံပါ)

#မှတ်ချက်
စာမေးပွဲကိုအောင်ရမယ်ဆိုပြီး အာမခံပြီးမသင်ပေးပါဘူး ကျွန်မစာသင်ရင် ကြာတက်တယ် တခါတည်းသင်ရင်းနဲ့ကျက်ပေးတယ် နားလွယ်လွယ်အောင်ရှင်းပြပေးပါတယ်
Jun လအကုန်အထိ တော့ ဖတ်စာအုပ်တွေအကုန်အပြတ်နဲ့ လိုအပ်မယ့်စာအုပ်တွေ ထပ်မံဖြည့်စွက်ပြီးသင်ပေးသွားပါ့မယ် Video Record ယူထားတာမျိုးမရှိပါဘူး Face to Face ဘဲသင်ပါတယ်

အသေးစိတ်သိချင်တာကို chat box ကနေ မေးမြန်းစုံစမ်းနိုင်ပါတယ်ရှင့်

လစဉ်မြန်မာနိုင်ငံအတွက်ထောက်ပံ့နေသော CDM Support နှင့် တခြားသော Support ငွေသည် ကျွန်မထံမှာတက်ရောက်နေသော သင်တန်းသူ သင်တန်းသားများနှင့်လည်းသက်ဆိုင်ပါသည်

住所

東京都
Setagaya-ku, Tokyo

ウェブサイト

アラート

Zinmar's Japanese Language and Conversation Classがニュースとプロモを投稿した時に最初に知って当社にメールを送信する最初の人になりましょう。あなたのメールアドレスはその他の目的には使用されず、いつでもサブスクリプションを解除することができます。

ショートカット

  • 住所
  • アラート

共有する

カテゴリー