Darcy’s beloved Lizzy

  • Home
  • Darcy’s beloved Lizzy

Darcy’s beloved Lizzy - In a world full of Wickhams,be a Darcy’s Only One - 💞💎 If you are a learner then join with us.

25/02/2026

2025 February’s memo ❄️☃️🧤🧣

နိဟွန်းမှာ ရောက်နေတဲ့ မိနစံတို့ ❄️အခုလို အေးနေတဲ့ အချိန်မှာ အစားကောင်းလေး ညွှန်းပေးချင်လို့ 😁ဒီခေါက်ဆွဲဗူးလေးလေ စားလို့အ...
06/12/2025

နိဟွန်းမှာ ရောက်နေတဲ့ မိနစံတို့ ❄️
အခုလို အေးနေတဲ့ အချိန်မှာ အစားကောင်းလေး ညွှန်းပေးချင်လို့ 😁

ဒီခေါက်ဆွဲဗူးလေးလေ စားလို့အရမ်းကောင်းတယ်
သူက တို့တွေ မြန်မာပါးစပ်နဲ့ အဆင်ပြေတယ် သိလား

အရသာက လေးလေးနဲ့ စပ်စပ်လေး 🥵
အမဲသား ဝက်သား မစားတဲ့ သူလည်း အဆင်ပြေပါတယ်နော် သူ့ထဲပါတာက ကြက်သား တဲ့ ပြီးတော့ ဂျပန်လို ‘နီရ’လို့ ခေါ်တဲ့ အရွက်လေးတွေရော ပါတယ်

သူက ဘူးအရောင်အလိုက် အရသာကွဲတယ်
ကျွန်မ တခါစားပြီး ဗူးအရောင်ကို မှတ်မထားမိဘူး
တံဆိပ်တူတယ် ဆိုပြီး ဝယ်လာတာ အနီရောင်ဗူး
သူက အရသာ နည်းနည်းပေါ့တာပေါ့နော် ဒီအမဲဗူးထက်စာရင်တော့
ဒီအမဲရောင်ဗူးလေးကတော့ ကျွန်မ အကြိုက်ဆုံးပါလို့🫠

Family Mart မှာ ရှိတယ်နော် ဒီခေါက်ဆွဲဗူးလေးတွေ 🍜
စားကြည့်ကြပါလို့ おすすめပါနော် ⚡️✨



#おすすめ

Let it beလက်ခံလိုက်ပါ ဘာလို့ ငါ့ကျမှ ဒီလိုလုပ်ရတာလဲကိုယ့်ကိုပဲ ကွက်ဖယ်ပြီး သူတို့ချင်းပဲ အဆင်ပြေနေကြတယ်မို့လား …..Let it...
03/11/2025

Let it be
လက်ခံလိုက်ပါ

ဘာလို့ ငါ့ကျမှ ဒီလိုလုပ်ရတာလဲ

ကိုယ့်ကိုပဲ ကွက်ဖယ်ပြီး သူတို့ချင်းပဲ အဆင်ပြေနေကြတယ်မို့လား …..Let it be

အစစအရာရာ လိုက်ပြီး မခံစားတော့နဲ့

လျစ်လျူရှုလိုက်ပါ

ကိုယ့်ဘာကိုယ်လေးသာ နေလိုက်

ကိုယ့်ကို ကွက်ဖယ်ထားလား ကိုယ်ကလည်း ပြန်ဖယ်ထားလိုက်

ပေါင်းသင်းဆက်ဆံရေးတွေက အမြဲကိုယ်က လိုက်ပေါင်းနေရအောင် တန်လို့လား

ကိုယ့်စေတနာ ကိုယ့်စိတ်ကို အသိအမှတ်မပြုရင် ကိုယ်ကပဲ လျစ်လျူရှုလိုက်ပါ

ကိုယ့်စိတ်ကို လူပိုတွေကြောင့် အပင်ပန်းမခံနဲ့လေ

ကိုယ့်စိတ် အေးချမ်းစေမဲ့အရာတွေလုပ်

ပျော်အောင်နေ

လက်ခံလိုက်ပါ

Let it be ✌🏻

,2025

တခါတလေ တွေးမိတာက ‘ဘဝက ဒီလိုနဲ့ပဲ ပြီးသွားတော့မှာလားလို့ ‘ကျွန်မက ငြီးငွေ့လွယ်တဲ့ လူမျိုးပါကျွန်မက နေ့စဉ်နဲ့အမျှ ဒီအရာကို...
12/10/2025

တခါတလေ တွေးမိတာက
‘ဘဝက ဒီလိုနဲ့ပဲ ပြီးသွားတော့မှာလားလို့ ‘

ကျွန်မက ငြီးငွေ့လွယ်တဲ့ လူမျိုးပါ

ကျွန်မက နေ့စဉ်နဲ့အမျှ ဒီအရာကိုပဲ ထပ်ခါ ထပ်ခါ လုပ်နေရမဲ့ ဘဝကြီးကို မကြိုက်ဘူး

ကိုယ့်ရဲ့ daily lifeလေးမှာ ကိုယ်တိုင်သဘောကျလို့ ထပ်ခါ ထပ်ခါ လုပ်တတ်တဲ့ အရာတွေက လွဲရင် ကျန်တာတွေကို ကျွန်မ ထပ်ခါထပ်ခါလုပ်မနေချင်ဘူး
ကိုယ့်ရဲ့ daliy lifeမှာ အသစ်အဆန်း ထူးခြားပြောင်းလဲလာတာတွေ ရှိချင်တယ်
အများကြီးမဟုတ်ရင်တောင်မှပေါ့လေ
ကျွန်မ မျှော်လင့်မိပါတယ် နည်းနည်းလေးပဲ ဖြစ်ဖြစ်ပါ🦋

Small target လေးတွေတွက် နေ့စဉ် ရင်ခုန်ရင်း
ဘဝရဲ့ big target တွေကို
ခပ်မိုက်မိုက် ထက်ထက်မြက်မြက်နဲ့
ရောက်သွားချင်တယ်ရှင် 💖✨

3:37am
10月13日

မနက်ခင်းဆို အမေကြော်နေကြ ပဲပြုတ်ထမင်းကြော်လေးအပြင်က ပြန်လာရင် အဖေ ဝယ်ခဲ့တဲ့မုန့် မိသားစုလက်စုံစားတဲ့ ထမင်းဝိုင်းအမေ့ရဲ့ ...
05/07/2025

မနက်ခင်းဆို အမေကြော်နေကြ ပဲပြုတ်ထမင်းကြော်လေး
အပြင်က ပြန်လာရင် အဖေ ဝယ်ခဲ့တဲ့မုန့်
မိသားစုလက်စုံစားတဲ့ ထမင်းဝိုင်း
အမေ့ရဲ့ ဆွမ်းတော်ကပ်ချိန် ဘုရားစာရွတ်သံ
မိုးအေးအေးနဲ့ အိပ်ရတဲ့ညတွေ
မောင်နှမတွေ တည့်နေချိန်တစ်ယောက်တစ်လှည့် စလိုက် ရယ်လိုက်မောလိုက်
ဆောင်းမနက်ခင်းတွေ အမေနဲ့ မိုးမလင်းဈေး အတူသွားခဲ့တာတွေ
ညတွေ မိသားစုလိုက် အတူတူ တီဗီ ကြည့်ကြတာတွေ

ဒီလိုအချိန်တွေက တန်ဖိုးရှိမှန်း အရင်က မသိခဲ့ဘူး
နိုင်ငံရပ်ခြား မိသားစုနဲ့ ခွဲပြီး ရောက်လာမှ အဲ့ဒိအရာတွေကို ပြန်တမ်းတမိတယ်

“ဘဝမှာ အခက်ခဲဆုံးအချိန်ဆိုတာ တစ်ကြိမ်ထဲ တစ်ခါထဲ မဟုတ်ဘူး”ဘာလို့လဲ သိလား???🫧ငါတို့ဟာ နေ့စဉ်သွားလာလှုပ်ရှား ရုန်းကန်နေရတဲ့...
29/06/2025

“ဘဝမှာ အခက်ခဲဆုံးအချိန်ဆိုတာ တစ်ကြိမ်ထဲ တစ်ခါထဲ မဟုတ်ဘူး”

ဘာလို့လဲ သိလား???

🫧ငါတို့ဟာ နေ့စဉ်သွားလာလှုပ်ရှား ရုန်းကန်နေရတဲ့ လူသားတွေ ဖြစ်တာကြောင့် ပြဿနာလေးတွေကတော့ အနည်းနဲ့အများ ရှိကြမှာပဲလေ နော်

🫧အဲ့ဒိပြဿနာတွေထဲကမှ တချို့ပြဿနာတွေဟာ လွယ်လွယ်ကူကူပြီးသွားကြတယ်
ဒီ့အတွက် ငါတို့ မပင်ပန်းဘူး စိတ်သောကလည်း မရောက်တော့ဘူး

🫧အေး ဒါမဲ့ တချို့ပြဿနာတွေကျ တော်တော်နဲ့ ဖြေရှင်း မရနိုင်တာတွေ ရှိတယ်
ဘေးကျပ်နံကြပ် အခြေအနေတွေကြောင့် ပိုဆိုးလာတာတွေ ရှိတယ်
ရှင်းလေ ရှုပ်လေ ဆိုတာတွေလည်း ရှိတာပေါ့

🫧ဒီလိုကနေမှ ဝုန်းဒိုင်းဆို ချက်ချင်းပြေလည်သွားတာလည်း ရှိသလို
တဖြည်းဖြည်းချင်း ဖြေရှင်းရတာတွေလည်း ရှိတာပေါ့

🫧ဒါကြောင့် လူသားမှန်ရင် ပြဿနာတွေ စိတ်ညစ်စရာတွေနဲ့ မကင်းပါဘူး
ဘာလို့ဆို “ကိုယ်က လူဖြစ်နေလို့ပါပဲ “ လို့ ပြောချင်တယ်

🫧ဒါကြောင့် ပြောချင်တာက ဘဝအတွက်ရုန်းရင်းကန်ရင်း ပေါ်လာတဲ့ ပြဿနာတွေကို ဘဝအတွက် ရုန်းရင်းကန်ရင်းနဲ့ပဲ ရင်ဆိုင်လိုက်ပါ

အဓိကက ဆက်သွားနေဖို့ပါပဲ
Keep going and continue your step🧡

ကျွန်မအသက် (၂၅) နှစ်ပြည့်ပြီ။ကျွန်မကိုယ်ကျွန်မမယုံနိုင်လောက်အောင်ပဲ။ မကြာခင် (၂၈) (၃၀) ရောက်သွားတော့မှာ။ကျွန်မအသက်မကြီးခ...
16/04/2025

ကျွန်မအသက် (၂၅) နှစ်ပြည့်ပြီ။
ကျွန်မကိုယ်ကျွန်မမယုံနိုင်လောက်အောင်ပဲ။
မကြာခင် (၂၈) (၃၀) ရောက်သွားတော့မှာ။
ကျွန်မအသက်မကြီးချင်‌သေးဘူး။
ကျွန်မအနားက လူတွေကိုကြည့်လိုက်ရင်သူတို့ကသူတို့ဘ၀ကို ကောင်းကောင်းကြီး ကုန်ဆုံးနေကြတယ်။
ချစ်သူရည်းစားတွေ အိမ်ထောင်ဖက်ကောင်းတွေ၊အလုပ်အကိုင်ကောင်းတွေ၊ ကျွန်မတစ်ယောက်တည်းလွန်ခဲ့တဲ့(၈)နှစ်လောက်ကအချိန်တွေကြားမှာပိတ်မိနေသလို။ အဲ့တာကအရမ်းကို၀မ်းနည်းစရာကောင်းတယ်။ အချိန်တွေကသာ ကျွန်မကို အသက်ကြီးသွားစေပြီးကျွန်မကတော့ဘာမှမပြောင်းလဲသွားခဲ့ဘူး။

ကျွန်မ အသက် (၂၅) နှစ်ပါလို့ ခံယူဖို့အဆင်သင့်မဖြစ်သေးဘူးထင်တယ်။ငယ်ငယ်က ကျွန်မ တွေးဖူးတာကကျွန်မအသက်(၂၅)နှစ်ရောက်ရင် တစ်ယောက်တည်းခရီးတွေသွားနေနိုင်ပြီးနေ၀င်ချိန်တွေကိုငေးမောနေရမယ်လို့လေ။ ဒါပေမဲ့ တကယ်တမ်းအသက်(၂၅)နှစ်ကိုရောက်လာတဲ့အခါမှာတော့အသက် (၂၀) တုန်းကလိုကျွန်မလမ်းပျောက်နေတုန်းပဲ။

🧡

အမေ့ကို အခုကြုံတွေ့နေရတဲ့ ပြဿနာမျိုးစုံအကြောင်း ရင်ဖွင့်ချင်တယ်။ရွယ်တူတွေရဲ့ ပြိုင်ဆိုင်မှုတွေကြားက ဖိအားတွေ၊ အသည်းကွဲတာ...
16/04/2025

အမေ့ကို အခုကြုံတွေ့နေရတဲ့ ပြဿနာမျိုးစုံအကြောင်း ရင်ဖွင့်ချင်တယ်။
ရွယ်တူတွေရဲ့ ပြိုင်ဆိုင်မှုတွေကြားက ဖိအားတွေ၊ အသည်းကွဲတာတွေ၊ ကိုယ့်ရည်မှန်းချက်နဲ့လုပ်နေတဲ့အရာတွေ လုံးဝမကိုက်ညီလို့ လမ်းပျောက်နေရတာတွေ၊
အမေမျှော်မှန်းသလောက် ဖြစ်မလာမှာကို တွေးပြီး အကြောက်ကြီးကြောက်နေတာတွေ။
ဘာလို့ ဒီတစ်ခါ ဘယ်သူငယ်ချင်းမှ မတဘဲ အမေ့ကိုဘဲ အားကိုးတကြီး တမိနေမိလဲ မသိဘူး။
အမေ နားထောင်ပေးပြီး နားလည်ပေးရင် သိပ်ကောင်းမှာပဲ။

ဘာလို့ချစ်ရတဲ့လူတွေဆီကနေ အမြဲထွက်ပြေးနေရတာလဲတဲ့!ကျွန်မကစိတ်ရှုပ်တာလည်း မခံနိုင်သလိုနားပူတာလည်း မခံနိုင်ဘူး ။လူတစ်ယောက်က ...
14/04/2025

ဘာလို့ချစ်ရတဲ့လူတွေဆီကနေ အမြဲထွက်ပြေးနေရတာလဲတဲ့!
ကျွန်မကစိတ်ရှုပ်တာလည်း မခံနိုင်သလို
နားပူတာလည်း မခံနိုင်ဘူး ။

လူတစ်ယောက်က ကျွန်မကိုစိတ်ပင်ပန်းစေရင်
ချစ်ခြင်းမေတ္တာနဲ့သံယောဇဉ်တွေကိုလည်း
ကျွန်မငဲ့ညှာနေမှာ မဟုတ်တော့ဘူး ။

တစ်ကိုယ်ကောင်းဆန်တယ်လို့ပြောချင်ပြောနိုင်ပါတယ်
တစ်ခုခုဆို လူတွေအပေါ် တိတ်ဆိတ်ဖို့နဲ့
ချစ်ခြင်းမေတ္တာနဲ့ဝေးရာ ထွက်ပြေးဖို့ပဲ ရွေးချယ်ပါရစေ ။

တန်ဖိုးမသိတဲ့အရပ်နဲ့
စိတ်မအေးချမ်းစေတဲ့အရပ်ကို ကျွန်မဘယ်တော့မှ အခြေချမှာ မဟုတ်ဘူး ။

Address


Website

Alerts

Be the first to know and let us send you an email when Darcy’s beloved Lizzy posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Shortcuts

  • Want your school to be the top-listed School/college?

Share