Shinsetsu-SST Japanese Knowledge & Learning

Shinsetsu-SST Japanese Knowledge & Learning Welcome from GoーKaigofukushishi

10/01/2022
မင်မင်တို့ကျောင်းရဲ့ဆရာမလေးအ၀င်းရဲ့ဂျပန်ရောက်ရှိနေတဲ့ပုံရိပ်များ😊😊😊😊
08/01/2022

မင်မင်တို့ကျောင်းရဲ့ဆရာမလေးအ၀င်းရဲ့ဂျပန်ရောက်ရှိနေတဲ့ပုံရိပ်များ😊😊😊😊

ပြည်၀င်ခွင့်အတွက်ဒီlink ထဲ၀င်ပြီး လက်မှတ်ထိုးပေးကြပါအုန်းနော်။Crd Link
08/01/2022

ပြည်၀င်ခွင့်အတွက်ဒီlink ထဲ၀င်ပြီး လက်မှတ်ထိုးပေးကြပါအုန်းနော်။

Crd Link

1日でも早く外国人留学生や労働者等の入国許可を!

သက်ကြီးရွယ်အိုပြုစုစောင့်ရှောက်ရေး အလုပ်အကိုင်ဖြင့် ဂျပန်နိုင်ငံမှာ အလုပ်လုပ်ချင်သူများအတွက် တက်သင့်သော သင်တန်းလေး ဖြစ်ပ...
23/12/2021

သက်ကြီးရွယ်အိုပြုစုစောင့်ရှောက်ရေး အလုပ်အကိုင်ဖြင့် ဂျပန်နိုင်ငံမှာ အလုပ်လုပ်ချင်သူများအတွက် တက်သင့်သော သင်တန်းလေး ဖြစ်ပါတယ်။
သက်ကြီးရွယ်အိုပြုစုစောင့်ရှောက်ရေး သင်ယူပြီးသွားပါက ဂျပန်နိုင်ငံမှ အလုပ်အကိုင်အခွင့်လမ်းများနှင့်လည်း မိတ်ဆက်သွားမည့်အပြင် COE ၊ အလုပ် ဗီဇာ ကျသည့်အထိ ဆောင်ရွက်ပေးမှာလည်းဖြစ်ပါတယ်။
🔴 Kaigo အွန်လိုင်းအတန်းချိန် 🔴
အတန်းချိန် - နေ့လည် ၁၂နာရီ မှ ၂နာရီအထိ
သင်ကြားမည့်ရက် - တနလ်ာနေ့ ၊ အဂ်ါနေ့
သင်တန်းကာလ - (၂) လခွဲ
သင်တန်းကြေး (၁၅၀,၀၀၀) ကျပ်
သင်တန်းကြေးကို (၂)ရစ်ခွဲ သွင်းနိုင်ပါသည်။
📕📚 Kaigoအတန်းများ Tokutei Ginou စာမေးပွဲဖြေဆိုနိုင်အောင် သင်ကြားပေးသွားလည်းဖြစ်ပါတယ်။
👨‍🏫သင်ကြားမည့်ပုံစံ👩‍🏫
ဒီနေ့ သင်တဲ့ စာများကို နောက်နေ့ တွင် စစ်ဆေးပါမည်။
ဝေါဟာရ (Kotoba)တွေကို အသံထွက်ကအစသေချာအောင် စစ်ဆေးလေ့ကျင့်ပေးမှာလည်းဖြစ်ပါတယ်
Kaigo နဲ့ပတ်သက်သော အကြောင်းများနှင့် ဗဟုသုတများကို သေသေချာချာ သင်ကြားပေးသွားမည်။
Kaigo မေးခွန်းဟောင်းများကို လေ့ကျင့်ပေးသွားမှာလည်းဖြစ်ပါတယ်
‼️အွန်လိုင်းအတန်းကို ၈​ ယောက် မှ ၁၀ယောက်အထိသာ လက်ခံသင်ကြားမည်ဖြစ်တာကြောင့် ခုပဲ Page Messenger (or) YS FLORA MYANMAR (09 750 232 070, 09 777 666 402) ဖုန်းနံပါတ်များသို့ ဆက်သွယ်ပြီး စာရင်းပေးနိုင်ပါပြီ။

Flora Myanmar

♻️အမြန်ဆုံးအလိုရှိပါသည်♻️♻️ဂျပန်နိုင်ငံ Ishikawa ken (石川県)♻️♻️အချိန်ပိုအများကြီးလုပ်ချင်ပါတယ်ဆိုတဲ့သူ​လေး​တွေအတွက် သတင်း...
23/12/2021

♻️အမြန်ဆုံးအလိုရှိပါသည်♻️

♻️ဂျပန်နိုင်ငံ Ishikawa ken (石川県)♻️

♻️အချိန်ပိုအများကြီးလုပ်ချင်ပါတယ်ဆိုတဲ့သူ​လေး​တွေအတွက် သတင်း​ကောင်း​လေးပါပဲ

♻️ကြက်ဉနဲ့ပြုလုပ်တဲ့ စားသောက် ကုန် လုပ်ငန်း

💠 အခြေခံလစာ -၁နာရီ၉၀၀

💠 ပုံမှန်အလုပ်ချိန် - ၁ရက် ၈နာရီ

💠 အချိန်ပို - နာရီ၄၀~၇၀ ရှိ

💠 အချိန်ပို ၁နာရီ​ကြေး - ယန်း ၁၁၂၅

💠 အလုပ်ပိတ်ရက် - ၁လ (၇ရက်မှ ၉ရက်)

💠လက်ကျန်ငွေ ( ၁၆သောင်းမှ ၂၀သောင်းထိ)

💠 အဆောင်ခ - ၁ယောက်ခန်းအပြီးစီး၃သောင်း
၂ယောက်ခန်းအပြီးစီး၂သောင်း
( မီးဖို /ရေချိုးခန်း ရှယ်ယာသုံး)

𝗢𝘁𝗵𝗲𝗿 𝗕𝗲𝗻𝗲𝗳𝗶𝘁𝘀
🟡 နေထိုင်ဖို့အတွက် အဆောင် ရှိပါသည်
🟡 Over Time လဲရရှိနိုင်ပါမည်။
🟡 လမ်းခရီးစရိတ် ​ထောက်ပံ့မည်။
🟡 အိမ်အ​ပြောင်း​ရွေ့စရိတ် ​ထောက်ပံ့ပါမည်။
𝗥𝗲𝗾𝘂𝗶𝗿𝗲𝗺𝗲𝗻𝘁𝘀
🔻အသက် မကန့်သတ်ထားပါ
🔻Tokutei Ginou Visa ဖြင့် လုပ်ကိုင်ရပါမည်။

အလုပ်အကိုင်အကြောင်း အသေးစိတ် သိရှိလို့ပါက ရုံးချိန် ၉:၀၀မှ၁၈:၀၀ အထိ Works Amie Japan page တွင် လည်း မေးမြန်းစုံးစမ်းနိုင်ပါသည်။

Amie Japan

🚝🚊🚉ရထားဆိုတာ ဂျပန်နိုင်ငံရှိ နေရာမျိုးစုံသို့ သွားရောက်လည်ပတ်ရန် အကောင်းဆုံးပို့ဆောင်ရေးယာဉ်တစ်ခုဖြစ်ပါတယ်။ သို့သော်လမ်း...
22/12/2021

🚝🚊🚉ရထားဆိုတာ ဂျပန်နိုင်ငံရှိ နေရာမျိုးစုံသို့ သွားရောက်လည်ပတ်ရန် အကောင်းဆုံးပို့ဆောင်ရေးယာဉ်တစ်ခုဖြစ်ပါတယ်။ သို့သော်လမ်းကြောင်းအမျိုးမျိုးနှင့် ဦးတည်ရာများရှိသောကြောင့် သင်နားမလည်တဲ့အခြေအနေမျိုးတွေရှိတတ်ပြီး ရထားစီးတဲ့အခါအခက်ကြုံတာမျိုးတွေလည်း ရှိတတ်ပါတယ်။
ဂျပန်မှာခရီးသွားလို့ရထားစီးတဲ့အခါ လက်မှတ်ဘယ်လို၀ယ်ရမလဲ (ဒါမှမဟုတ်)ရထားကိုဘယ်လိုစီးရမလဲ မသိတဲ့အတွက် ဒုက္ခရောက်ဖူးပါသလား။
ဂျပန်နိုင်ငံရှိ ဘူတာရုံတစ်ခုမှာ သင်အခက်အခဲကြုံနေချိန် အသုံးပြုနိုင်တဲ့ အဆင်ပြေသောစကားစု (မည်ကဲ့သို့ပြောရမည်) ကို စာရေးသူကပြောပြပေးချင်ပါတယ်။ဘူတာရုံဝန်ထမ်း နဲ့ ပတ်ဝန်းကျင်က လူတွေကို မေးခွန်းတွေမေးဖို့ ဂျပန်ဘာသာကို သုံးကြည့်ရအောင်။

(၁)လက်မှတ်၀ယ်တဲ့အခါ။
[チケット うりばは どこですか?]
[chiketto uribawa dokodeska]
|လက်မှတ်‌အရောင်းကောင်တာက ဘယ်မှာပါလဲ|
လက်မှတ်ဝယ်တဲ့အခါ သုံးတဲ့ စကားပါ။ ဘူတာဝန်ထမ်းနဲ့ ပတ်ဝန်းကျင်က လူတွေကို မေးကြည့်ရအောင်။

(၂) ◯◯ ကိုသွားမဲ့လက်မှတ်ကို ပေးပါ။
[◯◯いきの チケットをください]
[ Tokyo ikino Chiketto o kudasai]
|တိုကျိုသို့သွားမဲ့ လက်မှတ်ကိုပေးပါ|
◯◯ တွင် သင်သွားလိုသောနေရာ၏အမည်ကို ထည့်ပါ၊

(၃) ◯◯ ကိုသွားမဲ့ရထားကဘယ်စင်္ကြန်ကစီးရမှာပါလဲ။
[◯◯ いきは なんばん ホームですか]
[Tokyo ikiwa nanbanho: mu deska]
ဤကား ကိုသွားချင်တဲ့နေရာကိုရောက်မဲ့ ရထားစီးရမည့် ပလက်ဖောင်းကို မေးသည့် စကားဖြစ်ပါသည်။

(၄)ဒီရထားက ◯◯ သို့သွားပါသလား။
[ これは◯◯に いきますか]
[korewa ◯◯ni ikimaska]
◯◯မှာ သွားမဲ့နေရာကိုထည့် ပြီးတော့ ဒီရထားကသွားချင်တဲ့ နေရာ ရောက်တာလား မရောက်တာလားဆိုတာကို သေချာစေရန် အတည်ပြုတဲ့အခါမှာသုံးပါတယ်။

(၅) နောက်လာမဲ့ရထားကဘယ်အချိန်လဲ။
|つぎのでんしゃはなんじですか|
[tsugino denshawa nanjideska]
နောက်ရထား ဘယ်အချိန်လာမလဲလို့ သိချင်တဲ့အခါ မေးပါတယ်။ ရထားထွက်ပြီးသွားရင်တောင်မှ သုံးလို့ရပါတယ်။

(၆)◯◯ဘူတာသို့ဘယ်အချိန်ဆိုက်မှာလဲ။
[◯◯えきには、いつ つきますか?]
[◯◯ekiniwa itsu tsukimaska]
သင်သွားလိုသော ဘူတာရုံသို့ ဘယ်အချိန်ရောက်မယ်ဆိုတာကို မေးသော စကားစုဖြစ်ပါသည်။ ရထားပေါ်တွင် ဘူတာရုံဝန်ထမ်း မရှိပါက တခြားလူတွေကို မေးကြည့်လို့ရပါတယ်။

(၇)ထွက်ပေါက်(သို့)၀င်‌ပေါက်က ဘယ်နေရာမှာပါလဲ။
[◯◯ぐちは どちらですか]
[◯◯guchi wa dochiradeska]

出口(iriguchi)=၀င်‌ပေါက်
入り口(deguchi)=ထွက်ပေါက်
改札口(kaisatsuguchi)=လက်မှတ်စစ်အပေါက်

သင်သွားလိုသော ဘူတာရောက်တဲ့အခါ ရထားပေါ်မှ ဆင်းပြီးနောက် ထွက်ပေါက်၏တည်နေရာနှင့် လက်မှတ်ဂိတ်ကို သတိထားရန်လိုပါတယ်။
အထူးသဖြင့် Shinjuku Station နှင့် Shibuya Station ကဲ့သို့သော ဘူတာကြီးများတွင်၊ ထွက်ပေါက်မှားပါက ကိုသွားလိုသောနေရာကို ‌ ချောချောမွေ့မွေ့မရောက်ဘဲလမ်းမှားသွားတတ်ပါတယ်။

(၈)ဒုက္ခရောက်နေသလား။
[トラブルですか?]
[toraburu deska]
လူထိခိုက်မတော်တဆမှု သို့မဟုတ် ငလျင်လှုပ်ခတ်မှုကဲ့သို့ ကံဆိုးသည့် ဖြစ်ရပ်တစ်ခု ကြုံလာသောအခါ ရထားရပ်သွားတဲ့အခြေအနေမျိုးတွေရှိပါတယ်။
ရထားပေါ်မှာတော့ အဲဒီအချိန်က အခြေအနေ (ဖြစ်ရပ်) တွေကို ပြောပြပေးမှာ ဖြစ်ပေမယ့် များသောအားဖြင့် ဂျပန်စကားနဲ့သာပြောတာကြောင့် နားမလည်ရင် ဒုက္ခရောက်နိုင်ပါတယ်။ ဒီလိုအခြေအနေမျိုးမှာ သင့်ပတ်ဝန်းကျင်ကလူတွေနဲ့ ဘူတာဝန်ထမ်း ကို မေးကြည့်ပါ။

(၉)ရထား ဘယ်အချိန်ရွေ့မှာလဲ။
[いつ うごきますか?]
[itsu ugokimasuka]
မတော်တဆမှုကြောင့် ရထားရပ်တန့်သွားတဲ့အခါ ဘယ်အချိန်လောက် ရထားပြန်၇ွေ့မလဲဆိုတာကို သိချင်တဲ့အခါမေးသောစကားဖြစ်ပါတယ်။
ရထားက မတော်တဆဖြစ်တဲ့အကြောင်းရင်းကို အတည်ပြုပြီးတာနဲ့ ချက်ချင်းပြေးဆွဲမယ်လို့ မကြာခဏပြောလေ့ရှိပေမယ့် အခြေအနေအသေးစိတ် သိချင်တဲ့အခါ တစ်ခါတရံ သင့်ပတ်ဝန်းကျင်က လူတွေကိုမေးကြည့်ရအောင်။
ဘူတာရုံမှာ ယခုတစ်ကြိမ်စာ‌ရေးသူပြောပြပေးထားတဲ့ စကားပြောလေးတွေကို အသုံးပြုပြီး ပြဿနာတစ်စုံတစ်ရာ ရှိပါက၊ ဘူတာရုံဝန်ထမ်းများ နှင့်ပတ်ဝန်းကျင်ရှိ လူများကို မေးခွန်းများမေးပြီး အခက်အခဲမရှိ ပျော်ရွှင်စရာ ခရီးစဉ်‌‌လေးတစ်ခုဖြစ်အောင် ပြုလုပ်နိုင်ပါစေနော်။

#

🀄ဂျပန်မှာအမှိုက်အမျိုးအစားဘယ်လိုခွဲလဲ ❓🀄အမှိုက်ဘယ်လိုပုံစံနဲ့ပစ်တာလဲ❓   💢ဂျပန်နိုင်ငံမှာ နေထိုင်တဲ့ နိုင်ငံခြားသားနေထိုင...
28/10/2021

🀄ဂျပန်မှာအမှိုက်အမျိုးအစားဘယ်လိုခွဲလဲ ❓
🀄အမှိုက်ဘယ်လိုပုံစံနဲ့ပစ်တာလဲ❓

💢ဂျပန်နိုင်ငံမှာ နေထိုင်တဲ့ နိုင်ငံခြားသားနေထိုင်သူတွေ ကြုံတွေ့နေရတဲ့ ပြဿနာတွေထဲက တစ်ခုဖြစ်တဲ့ အမှိုက်ကို ဘယ်လိုခွဲပြီး စွန့်ပစ်မလဲ?
💢ဥပမာအားဖြင့်၊ အမေရိကန်ပြည်ထောင်စုရှိ နေရာအများအပြားတွင် အမှိုက်ကို "Recyclable ပြန်လုပ်နိုင်တဲ့စွန့်ပစ်အမှိုက်" ၊ "အိမ်သုံးအမှိုက်" နှင့် "အပင်များ၊သစ်ပင်များ ဟူ၍ သုံးမျိုးခွဲခြားထားသည်။
💢 သို့သော် ဂျပန်နိုင်ငံရှိ နေရာအများစုတွင် မီးလောင်နိုင်သော အမှိုက်များ၊ သတင်းစာ/ မဂ္ဂဇင်း၊ ပလတ်စတစ် စသည်တို့ကို သပ်သပ်ရပ်ရပ်ခွဲ၍ သတ်မှတ်ထားသော နေ့ရက်၊အချိန်တွင်စွန့်ပစ်ကြသည် ။
💢 အမှိုက်စွန့်ပစ်သောအိတ်ကိုလည်း သင်နေထိုင်ရာမြို့အလိုက် ခွဲခြားထားပြီး ဘယ်လိုခွဲပြီး စွန့်ပစ်ရမလဲဆိုတာကတော့ နေထိုင်တဲ့ နေရာပေါ်မူတည်ပြီး ကွဲပြားပါ‌သေးတယ်။
💢မြို့တော်ခန်းမ နှင့် ရပ်ကွက်ရုံး တို့က “အမှိုက်ကင်းစင်ရေးဆိုင်ရာ စည်းကမ်းချက်” ပါ လက်ကမ်း စာစောင်များကို အင်္ဂလိပ်စာ၊ တရုတ်စာဖြင့် ဂျပန်နိုင်ငံတွင် နေထိုင်သော နိုင်ငံခြားသားများထံ ‌
၀ေပေးကြပါသည်။

👉 👉အမှိုက်ခွဲနည်း👈👈

♦️လောင်ကျွမ်းနိုင်သောအမှိုက်(အမှိုက် ၊ စက္ကူ ၊ အဝတ်စုတ် စသည်)
♦️မလောင်ကျွမ်းနိုင်သောအမှိုက်(သတ္တု ၊ ဖန်ခွက်၊ မြေအိုး စသည်)

♦️ပြန်လည်အသုံးပြုနိုင်သောအမှိုက်(ပလပ်စတစ်ဗူးများ၊ ပုလင်းများ၊ ဗူးခွံများ၊သတင်းစာစသည်)

♦️အရွယ်အစားကြီးမားသောအမှိုက်(ပရိဘောဂ၊‌ Tv၊ရေခဲသေတ္တာစသည်)

💢အမှိုက်အမျိုးအစား လေးမျိုးထဲကနေ💢
(Recyclable )ပြန်လုပ်နိုင်တဲ့資源ごみーしげんごみကို စွန့်ပစ်ရန်အသေးစိတ်ထပ်ခွဲကြပါသေးတယ်။
ဥပမာအားဖြင့်၊ နိုင်ငံခြားသားအများအပြားရှိတဲ့ တိုကျိုမြို့၊ Shinjuku ရပ်ကွက်များတွင်資源ごみーしげんごみကို အောက်ပါအတိုင်း ခွဲခြားထားသည်။

⭕ပုလင်း(သောက်ရေပုလင်း၊ အစားအသောက်ပုလင်း၊ မိတ်ကပ်ပုလင်း၊ ဆေးပုလင်း။)

⭕သံဗူး(အလူမီနီယမ်သံဗူး နှင့်စတီးဗူးများ၊အစားအစားအစာစည်သွတ်ဗူး။)

⭕ပလတ်စတစ်ဘူးများ(ရေဘူး၊ပဲငံပြာရည်ဘူး၊ဆန်အရက်ဘူး)

⭕Spray ဗူး(မှုတ်ဗူးများ၊ ကက်ဆက်ဆလင်ဒါ ဓာတ်ငွေ့ဗူးများ)

အဝတ်အစားနှင့် သတင်းစာများကို (Recyclable )ပြန်လုပ်နိုင်တဲ့資源ごみーしげんごみအဖြစ်စွန့်ပစ်တဲ့ နေရာများရှိသလို မှုတ်ဗူးများကို မ‌‌‌လောင်ကျွမ်းနိုင်သောအမှိုက်အဖြစ် စွန့်ပစ်တဲ့နေရာတွေလည်းရှိပါတယ်။
အမှိုက်ပစ်တဲ့နေ့ကျမှ ပစ်တဲ့နေရာမှာ အမှိုက်ခွဲတာမျိုးမလုပ်ဘဲ အခက်အခဲမရှိအောင် အမှိုက်ကိုကြိုတင်ခွဲထားတာအကောင်းဆုံးပါ။
လူများစွာနေထိုင်သည့် တိုက်ခန်းကဲ့သို့ အဆောက်အအုံများတွင် အထက်ဖော်ပြပါပုံကဲ့သို့ အမှိုက်များခွဲထားလေ့ရှိသည်။

🔴အမှိုက်အိတ်ကို သတ်မှတ်ထားတာလား။
လောင်ကျွမ်းနိုင်တဲ့အမှိုက်ပစ်တဲ့အခါ အမှိုက်အိတ်ကိုအသုံးပြုရအောင်။
တိုကျိုမြို့ ၂၃ ရပ်ကွက်တွင် သတ်မှတ်ထားသော အမှိုက်အိတ်မရှိပါ။ အတွင်းကိုဖောက်ပြီးမြင်ရတဲ့ပလတ်စတစ်အိတ်အကြည်လိုမျိုး အလွယ်တကူမပေါက်ပြဲနိုင်တဲ့အိတ်ဆိုရင်အသုံးပြုနိုင်ပါတယ်။
၄၅ လီတာအရွယ်အစားရှိတဲ့အမှိုက်အိတ်ကိုလည်းအသုံးပြုနိုင်ပြီး ယန်း ၁၀၀ ဆိုင်များနှင့်ဆေးဆိုင်များ၊စူပါမားကတ်(သို့မဟုတ်) စတိုးဆိုင်များတွင် ‌ရောင်းတဲ့‌စျေး၀ယ်အိတ်ကိုလည်း သုံးနိုင်ပါတယ်။
တိုကျိုမြို့ 23 ရပ်ကွက်အပြင်တွင်ရှိသော Chofu မြို့နှင့် Machidaမြို့များမှာတော့သတ်မှတ်ထားတဲ့အမှိုက်အိတ်သက်သက်ရှိပါတယ်။
အိတ်အရွယ်အစားပေါ်မူတည်ပြီးစျေးနှုန်းက ယန်း၈၀ကနေ ယန်း၈၀၀ခန့်အထိရှိပါတယ်။သတ်မှတ်ထားတဲ့ အိတ်နဲ့အမှိုက်ကို အသုံးမပြုဘဲ အမှိုက်ပစ်လို့မရတာကို သတိထားပါ။

🔴အမှိုက်ကို ဘယ်‌‌လိုစွန့်ပစ်တာလဲ?
အမှိုက်ကို စွန့်ပစ်ရန် နည်းလမ်းနှစ်သွယ် ရှိသည်-
集積場-shuusekijouနေရာနဲ. 戸別収集-kobetsu shuushuuတို့ဖြစ်သည်။
集積場-shuusekijouနေရာကတော့ ကွန်ဒိုမီနီယံကဲ့သို့ လူအများအပြားနေထိုင်ရာနေရာဖြစ်ပြီး အမှိုက်များ စွန့်ပစ်ရာနေရာဖြစ်သည်။ နေထိုင်သူတိုင်း အသုံးပြုနိုင်တဲ့နေရာမို့ သပ်သပ်ရပ်ရပ် သုံးသင့်ပါတယ်။
戸別収集-kobetsu shuushuuကတော့အိမ်တစ်အိမ်ချင်းစီ၏ ဝင်ပေါက်အနီးရှိ အမှိုက်များကို စုဆောင်းသူများမှ တစ်ခုပြီးတစ်ခု ကောက်ယူသည့် နည်းလမ်းတစ်ခုဖြစ်သည်။

🔴အမှိုက်ကို ဘယ်တော့ စွန့်ပစ်တာလဲ။ အချိန်ကကော?
ဉပမာအားဖြင့် လောင်ကျွမ်းနိုင်သောအမှိုက်ကို ဗုဒ္ဓဟူးနေ့၊မလောင်ကျွမ်းနိုင်သော အမှိုက်ကို သောကြာနေ့စသဖြင့် နေရာပေါ်လိုက်ပြီးအမှိုက်ပစ်မဲ့ရက်ကိုသတ်မှတ်ထားပါတယ်။
အရွယ်အစားကြီးမားတဲ့အမှိုက်တွေ မစွန့်ပစ်ခင်တစ်ရက်အလိုမှာ သက်ဆိုင်ရာCall Centerကိုဖုန်းခေါ်ပြီး အမှိုက်ပစ်ရမဲ့ရက်ကိုမေးမြန်းရပါတယ်။Call Centerဌာန‌က‌ဖုန်းနံပါတ်‌တွေကနေထိုင်တဲ့မြို့နယ်ပေါ်မူတည်ပြီး‌‌ တော့လည်းကွဲလွဲတာတွေရှိပါတယ်။
အမှိုက်ပစ်ရမဲ့အချိန်က နံနက် ၈နာရီဝန်းကျင်အထိဆိုပြီးသတ်မှတ်ထားတဲ့ နေရာ‌ကများပါတယ်။ “အမှိုက်စွန့်ပစ်ရမဲ့နေ့မတိုင်ခင် တစ်ရက်အလိုမှာ အမှိုက်မပစ်ရဘူး” ဆိုတဲ့ စည်းကမ်းချက်တစ်ခုလည်း ရှိပါတယ်။ ဒါကြောင့် အမှိုက်သိမ်းတဲ့နေ့ရဲ့ မနက်ခင်းမှာ အမှိုက်ကိုစွန့်ပစ်‌ပေးရပါတယ်။

November Schedule for class

https://m.facebook.com/story.php?story_fbid=324514649450815&id=104213534814262

23/10/2021

📝မြန်မာပတ်စပို့လျောက်နည်း📝

📕How to Apply Myanmar Passport📕

ပထမဆုံးလျှောက်မယ့်သူတွေအတွက်ပါ

👉ပွဲစားတွေနှင့်လုပ်ပါက ဂျင်းထည့်ခံရနိုင်ပါသည်...

👉Passport ရုံးကမနက်ခြောက်နာရီလောက်သွားရင်ပိုအဆင်ပြေပါတယ်...

⏱ရုံးဖွင့်ချိန်ကတော့ကိုးနာရီမှပါ...

👉တန်းစီရပါတယ် ‌ေနောက်ကျမှသွားရင်တော့ ‌ေနောက်ဆုံးကနေဝင်ရမှာပါ...

💁‍♀️ဘာတွေယူသွားရမလည်း??

👉မှတ်ပုံတင်မိတ္တူနှစ်စောင်

👉အိမ်ထောင်စုစာရင်းမိတ္တူနစ်စောင် နှင့် မူရင်း

🖌🖍ဘောပင် , မင်ဖျက်ဆေး...

📂စာရွက်စာတမ်းထည့်သည့်အိတ်လေးနှင့်သွားပါကပိုအဆင်ပြေပါသည်...

📝အထဲမှာဖောင်ဖြည့်တဲ့အခါ ဘောပင်မပါရင်အခက်အခဲရှိနိုင်ပါသည်...

📝ကိုယ့်ဖာသာဖောင်ဖြည့်ရင်းတိုင်ပတ်နေကြမှာပါ...

🖍ဖောင်ဖြည့်ရင်းမှားသွားတဲ့အခါ မင်ဖျက်ဆေးနဲ့ဖျက်ရအောင်လို့ မင်ဖျက်ဆေးပါယူသွားပါ...

💁‍♀️ဘယ်လိုဝင်ရမလည်း...

🤷🏼‍♀️တန်းစီနေရင်း အကျင့်ပါပြီးကျော်တက်တဲ့သူတစ်ချို့နဲ့ကြုံကောင်းကြုံရလိမ့်မယ်... စိတ်ရှည်ရှည်ထားပါ...

👉အထဲဝင်ရင် အဝင်ဝမှာ အိမ်ထောင်စုစာရင်းမူရင်းပြရပါသည်...

👉အထဲရောက်ရင် ဝင်ခွင့်ကဒ်လေးပေးပါတယ် မရရင်တောင်းပါ လည်ပင်းမှာဆွဲထားပါ...

📝ဖောင်တောင်းပါ....

📝ဖောင်ဖြည့်ပါ...

📝အေးဆေးဖြည့်နေပါက အရင်ဝင်ရလည်း အထဲကိုတစ်ခါဝင်ရတဲ့အခါ သူများနောက်ပြန်ရောက်သွားမှာပါ...

📝သွက်သွက်လက်လက်နဲ့ ပြည့်စုံအောင်ဖြည့်ပါ...

💁‍♀️အထဲကိုတစ်ခါဝင်ဖို့ ပြန်တန်းစီရပါတယ်...

🕵️‍♀️စာသေချာဖတ်ပါ...

🚶‍♀️🚶🏻‍♂️Passport ထုတ်တဲ့သူနဲ့ Passport လုပ်ရန်ဆိုပြီးနှစ်တန်းရှိပါတယ်...

😢Passport စာအုပ်လာထုတ်တဲ့သူတွေဘက်မှာ တန်းစီမိရင်တော့ ဆင်ကောင်ကြီးအမြီးရောက်မှတစ်ဆိုသလို...

😓Passport လုပ်ရန်နေရာမှာ ‌ေနောက်ကနေပြန်တန်းစီရမှာပါ...

📝တန်းစီရင်ဖောင်ဖြည့်တတ်ရင် မှတ်တပ်ရပ်ရင်း အဲ့နားမှာ စာအုပ်လေးခံပြီးဖြည့်ပါ...

💁‍♀️အဲ့တာဆိုရှေ့ရောက်ပြီး အထဲစောစောဝင်ရပါလိမ့်မယ်...

📝အထဲဝင်ရင် အိမ်ထောင်စုစာရင်းမူရင်းရယ် ဖြည့်ထားတဲ့ဖောင်ရယ်ပြန်ပြရပါတယ်..

💁‍♀️ဖောင်မှာဖြည့်တာလိုအပ်တာတွေရှိနေရင် သူတို့ပြန်ဖြည့်ခိုင်းပါတယ်...

💁‍♀️ဝင်ဝင်ချင်းနားမှာပဲ Immigration Counterမှာ Scanဖတ်ရပါတယ်...

🚶🏻‍♂️Immigration Counter ကနေပေးလိုက်တဲ့ ချလံလေးနဲ့ Bank Counter ကိုသွားရပါတယ်...

📷Bank Counter မှာ ပိုက်ဆံသွင်းပြီးရင် ဓါတ်ပုံသွားရိုက်ရပါတယ်..

🚶🏻‍♂️🚶‍♀️လူများရင်တော့တန်းစီပြီးစောင့်ရပါတယ်...

🙃ဓါတ်ပုံရိုက်ရင် အလှဆုံးပြုံးပြီး ဆံပင်တွေပါသပ်ရပ်အောင်လုပ်သွားပါ...

😒လေးနှစ်စာ စာအုပ်ထဲမှာ ကိုယ့်ပုံမလှတာကြီးကိုမြင်နေရမယ်နော်...

👉သူတို့ပြန်ပေးလိုက်တဲ့ ‌ေဘောင်ချာလေးကိုသိမ်းထားပါ...

🗓စာအုပ်ထုပ်ဖို့ဆယ်ရက်လောက်တော့စောင့်ရပါတယ်...

🗓ဘောင်ချာထဲက date ‌ေ‌ရာက်ရင်စာအုပ်သွားထုတ်လိုက်ရုံပါပဲ...

🚶🏻‍♂️🚶‍♀️စာအုပ်ထုတ်ရန်တစ်ခြားတစ်ဖက်မှာတန်းစီပြီးဝင်ရပါတယ်...

👆အထဲရောက်ရင် အပေါ်ထပ်ကိုတက်သွားပါ...

စာအုပ်ထုတ်ပြီးရင်ပြီးပါပြီ...

လေးနှစ်စာအေးဆေးနေလို့ရပါပြီ..

👶👵🏻👴🏻ကလေးငယ်နဲ့ အသက်ခြောက်ဆယ်ကျော် လူကြီးတွေဆိုရင် တန်းစီစရာမလိုပါ...

👮🏻‍♂️ရုံးအပေါက်ဝနားက တာဝန်ကျဝန်ထမ်းတွေကိုပြောပြီးဝင်သွားလို့ပါတယ်..

အဖော်တစ်ယောက်လိုက်ဝင်ခွင့်ရှိပါတယ်...

စုစုပေါင်းမှ သုံးသောင်းခွဲလောက်ပဲကုန်ကျမှာပါ...

အားလုံးအဆင်ပြေကြပါစေနော်..

[Zawgyi]

📝မြန်မာပတ်စပို့လျောက်နည်း📝

📕How to Apply Myanmar Passport📕

ပထမဆုံးလျှောက်မယ့်သူတွေအတွက်ပါ

👉ပွဲစားတွေနှင့်လုပ်ပါက ဂျင်းထည့်ခံရနိုင်ပါသည်...

👉Passport ရုံးကမနက်ခြောက်နာရီလောက်သွားရင်ပိုအဆင်ပြေပါတယ်...

⏱ရုံးဖွင့်ချိန်ကတော့ကိုးနာရီမှပါ...

👉တန်းစီရပါတယ် ‌နောက်ကျမှသွားရင်တော့ ‌နောက်ဆုံးကနေဝင်ရမှာပါ...

💁‍♀️ဘာတွေယူသွားရမလည်း??

👉မှတ်ပုံတင်မိတ္တူနှစ်စောင်

👉အိမ်ထောင်စုစာရင်းမိတ္တူနစ်စောင် နှင့် မူရင်း

🖌🖍ဘောပင် , မင်ဖျက်ဆေး...

📂စာရွက်စာတမ်းထည့်သည့်အိတ်လေးနှင့်သွားပါကပိုအဆင်ပြေပါသည်...

📝အထဲမှာဖောင်ဖြည့်တဲ့အခါ ဘောပင်မပါရင်အခက်အခဲရှိနိုင်ပါသည်...

📝ကိုယ့်ဖာသာဖောင်ဖြည့်ရင်းတိုင်ပတ်နေကြမှာပါ...

🖍ဖောင်ဖြည့်ရင်းမှားသွားတဲ့အခါ မင်ဖျက်ဆေးနဲ့ဖျက်ရအောင်လို့ မင်ဖျက်ဆေးပါယူသွားပါ...

💁‍♀️ဘယ်လိုဝင်ရမလည်း...

🤷🏼‍♀️တန်းစီနေရင်း အကျင့်ပါပြီးကျော်တက်တဲ့သူတစ်ချို့နဲ့ကြုံကောင်းကြုံရလိမ့်မယ်... စိတ်ရှည်ရှည်ထားပါ...

👉အထဲဝင်ရင် အဝင်ဝမှာ အိမ်ထောင်စုစာရင်းမူရင်းပြရပါသည်...

👉အထဲရောက်ရင် ဝင်ခွင့်ကဒ်လေးပေးပါတယ် မရရင်တောင်းပါ လည်ပင်းမှာဆွဲထားပါ...

📝ဖောင်တောင်းပါ....

📝ဖောင်ဖြည့်ပါ...

📝အေးဆေးဖြည့်နေပါက အရင်ဝင်ရလည်း အထဲကိုတစ်ခါဝင်ရတဲ့အခါ သူများနောက်ပြန်ရောက်သွားမှာပါ...

📝သွက်သွက်လက်လက်နဲ့ ပြည့်စုံအောင်ဖြည့်ပါ...

💁‍♀️အထဲကိုတစ်ခါဝင်ဖို့ ပြန်တန်းစီရပါတယ်...

🕵️‍♀️စာသေချာဖတ်ပါ...

🚶‍♀️🚶🏻‍♂️Passport ထုတ်တဲ့သူနဲ့ Passport လုပ်ရန်ဆိုပြီးနှစ်တန်းရှိပါတယ်...

😢Passport စာအုပ်လာထုတ်တဲ့သူတွေဘက်မှာ တန်းစီမိရင်တော့ ဆင်ကောင်ကြီးအမြီးရောက်မှတစ်ဆိုသလို...

😓Passport လုပ်ရန်နေရာမှာ ‌နောက်ကနေပြန်တန်းစီရမှာပါ...

📝တန်းစီရင်ဖောင်ဖြည့်တတ်ရင် မှတ်တပ်ရပ်ရင်း အဲ့နားမှာ စာအုပ်လေးခံပြီးဖြည့်ပါ...

💁‍♀️အဲ့တာဆိုရှေ့ရောက်ပြီး အထဲစောစောဝင်ရပါလိမ့်မယ်...

📝အထဲဝင်ရင် အိမ်ထောင်စုစာရင်းမူရင်းရယ် ဖြည့်ထားတဲ့ဖောင်ရယ်ပြန်ပြရပါတယ်..

💁‍♀️ဖောင်မှာဖြည့်တာလိုအပ်တာတွေရှိနေရင် သူတို့ပြန်ဖြည့်ခိုင်းပါတယ်...

💁‍♀️ဝင်ဝင်ချင်းနားမှာပဲ Immigration Counterမှာ Scanဖတ်ရပါတယ်...

🚶🏻‍♂️Immigration Counter ကနေပေးလိုက်တဲ့ ချလံလေးနဲ့ Bank Counter ကိုသွားရပါတယ်...

📷Bank Counter မှာ ပိုက်ဆံသွင်းပြီးရင် ဓါတ်ပုံသွားရိုက်ရပါတယ်..

🚶🏻‍♂️🚶‍♀️လူများရင်တော့တန်းစီပြီးစောင့်ရပါတယ်...

🙃ဓါတ်ပုံရိုက်ရင် အလှဆုံးပြုံးပြီး ဆံပင်တွေပါသပ်ရပ်အောင်လုပ်သွားပါ...

😒လေးနှစ်စာ စာအုပ်ထဲမှာ ကိုယ့်ပုံမလှတာကြီးကိုမြင်နေရမယ်နော်...

👉သူတို့ပြန်ပေးလိုက်တဲ့ ‌ဘောင်ချာလေးကိုသိမ်းထားပါ...

🗓စာအုပ်ထုပ်ဖို့ဆယ်ရက်လောက်တော့စောင့်ရပါတယ်...

🗓ဘောင်ချာထဲက date ‌ေ‌ရာက်ရင်စာအုပ်သွားထုတ်လိုက်ရုံပါပဲ...

🚶🏻‍♂️🚶‍♀️စာအုပ်ထုတ်ရန်တစ်ခြားတစ်ဖက်မှာတန်းစီပြီးဝင်ရပါတယ်...

👆အထဲရောက်ရင် အပေါ်ထပ်ကိုတက်သွားပါ...

စာအုပ်ထုတ်ပြီးရင်ပြီးပါပြီ...

လေးနှစ်စာအေးဆေးနေလို့ရပါပြီ..

👶👵🏻👴🏻ကလေးငယ်နဲ့ အသက်ခြောက်ဆယ်ကျော် လူကြီးတွေဆိုရင် တန်းစီစရာမလိုပါ...

👮🏻‍♂️ရုံးအပေါက်ဝနားက တာဝန်ကျဝန်ထမ်းတွေကိုပြောပြီးဝင်သွားလို့ပါတယ်..

အဖော်တစ်ယောက်လိုက်ဝင်ခွင့်ရှိပါတယ်...

စုစုပေါင်းမှ သုံးသောင်းခွဲလောက်ပဲကုန်ကျမှာပါ...

အားလုံးအဆင်ပြေကြပါစေနော်

[Zawgyi]

⛄⛄ဂျပန်မလာခင်သိထားသင့်တဲ့ အကြောင်းအရာ(8)ချက်⛄(1)ရထားစီးတဲ့အခါ ထားသင့်တဲ့အမူအကျင့်။    ဂျပန်ရထားရထားများသည်ဘူတာရုံသို့အချ...
20/10/2021

⛄⛄ဂျပန်မလာခင်သိထားသင့်တဲ့ အကြောင်းအရာ(8)ချက်⛄

(1)ရထားစီးတဲ့အခါ ထားသင့်တဲ့အမူအကျင့်။
ဂျပန်ရထားရထားများသည်ဘူတာရုံသို့အချိန်မီ‌ရောက်
သလို ဘူတာရုံ (သို့) ရထားအတွင်းပိုင်းသည်လည်း သန့်ရှင်းပြီးအသုံးပြုရလွယ်ကူသည်ဟုပြောတဲ့သူများစွာရှိသည်။
သင်ရထားပေါ်တက်သောအခါမှာ ရထားအတွင်းပိုင်းမှာတိတ်ဆိတ်နေတတ်ပြီး ရထား‌ပေါ်မှ လူများသည် ‌‌ကောင်းမွန်သည့်အမူအကျင့်ကိုလိုက်နာကြသည်။
လက်ကိုင်ဖုန်းနဲ့ဖုန်း‌ပြောတာတွေ၊သူငယ်ချင်းများနဲ့အသံကျယ်ကျယ်ဖြင့်စကားပြောတာတို့၊ရထား‌ပေါ်မှာထမင်းစားခြင်း၊သို့မဟုတ် နားကြပ်မသုံးဘဲသီချင်းနားထောင်တာတွေစတဲ့အမူအကျင့်တွေကို မလုပ်ကြပါဘူး။
ရထားအတွင်းမှာ優先席(yuusenseki)လို့ခေါ်တဲ့ဉီးစားပေးထိုင်ခုံ သီးသန့်ထားပေးထားပြီး အဘိုး၊အဘွားတွေ၊ ခနွာကိုယ်မသန်စွမ်းသူတွေ၊ကိုယ်၀န်ဆောင်အမျိုးသမီးတွေအတွက် ရည်ရွယ်ပါတယ်။သင်က ဉီးစားပေးထိုင်ခုံမှာထိုင်နေတဲ့အခါ အပေါ် ကပြောထားတဲ့ ထိုင်ခုံအတွက်ရည်ရွယ်ထားသောသူများလာရင် ထိုင်ခုံနေရာကနေဖယ်ပေးလိုက်ပါနော်။

(2)လမ်းဘယ်ဘက်ကနေ လမ်းလျောက်သူများ။
လမ်း၊ လှေကားများနှင့်စက်လှေကားအသုံးပြုသူများသည် ဘယ်ဘက်ခြမ်းကနေ အသုံးပြုကြသည်။ခြွင်းချက်အနေနဲ့大阪(おおさか)ရဲ့စက်လှေကားတွေကတော့ ညာဘက်ခြမ်းကိုအသုံးပြုတာကိုတွေ့ရပါတယ်။

(3)အမှိုက်နှင့်အမှိုက်ပုံးများသိပ်မရှိ။
ဂျပန်ကိုခရီးသွားတဲ့အခါမြို့ထဲမှာအမှိုက်နည်းသလိုအမှိုက်ပုံးအ‌
ရေအတွက်နည်းတယ်ဆိုတာကိုသတိထားမိပါလိမ့်မယ်။
ခရီးသွားနေစဉ်အတွင်း ဆိုင်မှာ၀ယ်တဲ့ထမင်း၊မုန့်ပဲသရေစာတွေကိုစားပြီးတဲ့အခါ အမှိုက်တွေကိုစွန့်ပစ်ဖို့နေရာနည်းပါးတာကြောင့် အခက်အခဲတွေ့ကောင်းတွေ့နိုင်ပါတယ်။
အဲ့လိုအချိန်မျိုးမှာ၀ယ်တဲ့ဆိုင်မှာဘဲ တစ်ခါတည်းစားပြီး ဆိုင်ကအမှိုက်ပုံးမှာဘဲ ပစ်ခဲ့တာ‌အကောင်းဆုံးပါ။
ဂျပန်မှာက အမှိုက်တွေကိုအမျိုးအစားခွဲပြီးစွန့်ပစ်ကြပါတယ်။ ‌
လောင်ကျွမ်းနိုင်တဲ့အမှိုက်၊မလောင်ကျွမ်းနိုင်တဲ့အမှိုက်၊Recycleပြန်လုပ်နိုင်တဲ့အမှိုက်၊အမှိုက်စို၊အမှိုက်ခြောက်အစ၇ှိသဖြင့် အမျိုးအစားခွဲပြီး ‌‌နေ့ရက်အလိုက်စွန့်ပစ်ကြပါတယ်။
ပလတ်စတစ်ပုလင်းများ၊ ပုလင်းများနှင့်စက္ကူဗူးများကိုအထူးသတ်မှတ်ထားတဲ့အမှိုက်ပုံးထဲတွင်သာစွန့်ပစ်ကြပါတယ်။

(4) ဘောက်ဆူးပေးရန်မလိုပါ။
ဂျပန်စတိုးဆိုင် ၊ဟိုတယ်များသည်၎င်းတို့၏ယဉ်ကျေးသိမ်မွေ့သော ၀န်ဆောင်မှု (ဆိုင်မှ၀န်ထမ်းများ၏ဧည့်သည်အ‌ပေါ်ထားတဲ့
အပြုအမူ) ကြောင့်ကျော်ကြားသည်။
ဒါကြောင့်မို့လို့ ဒီအံ့သြဖွယ်ကောင်းတဲ့ဧည့်ဝတ်‌‌ကျေပွန်မှုကို တုံ့ပြန်တဲ့အနေနဲ့ ဘောက်ဆူးပေးတာမျိုးတွေမလုပ်ကြပါဘူး။
သို့သော်အရည်အသွေးမြင့်စားသောက်ဆိုင်များတွင်မှာ‌တော့
အစားအစာစျေးနှုန်း၏ ၁၀% ၀န်ဆောင်မှုကိုသင်ပေး‌ရန်လိုအပ်နိုပါသည်။

(5)Coin locker ကိုသုံးပါ။
ခရီးသွားတာနဲ့ပတ်သက်ပြီး‌တော့ပျော်စရာကောင်းသောအရာတစ်ခုကစျေး၀ယ်ခြင်းဘဲဖြစ်ပါတယ်။သင်စျေး၀ယ်ထွက်တဲ့အခါခရီးဆောင်အိတ်အများကြီးသယ်ပြီး‌‌ စျေး၀ယ်တာထက်コインロッカー(coin locker)ထဲမှာထားခဲ့ပြီး ပေါ့ပေါ့ပါးပါးစျေး၀ယ်တာအကောင်းဆုံးပါ။
ဘူတာရုံများနှင့်ကုန်တိုက်များတွင်အကြွေစေ့ lockers များရှိတတ်ပြီး တစ်ကြိမ်လျှင်ယန်း ၃၀၀ မှ ၅၀၀ခန့်ဖြင့်ငှားရမ်းအသုံးပြုနိုင်ပါသည်။

(6)(JAPAN RAIL PASS )ကဲ့စျေးသက်သာသောလက်မှတ်များကိုသုံးပါ။
"JAPAN RAIL PASS" သည်အသုံးပြုရလွယ်ကူပြီးဂျပန်သို့ခရီးသွားလိုသူများကိုသုံးစေချင်ပါတယ်။
JR မှရောင်းချသောပုံမှန်လက်မှတ်‌တွေထက်စျေးပိုသက်သာသောလက်မှတ်ဖြစ်သည်။ ဟော့ကိုင်းဒိုးမှ ခရူးရှုး(Kyushuu )အထိကိုJR ရထားများ၊ JR ကုမ္ပဏီဘတ်စ်ကားများနှင့်လှေများဖြင့်သွားနိုင်ပါသည်။

(7)Convenience Store
Convenience Store သည်၎င်းနာမည်နဲ့လိုက်အောင်
အဆင်ပြေသောစတိုးဆိုင်ဖြစ်သည်။ တစ်နှစ်ပတ်လုံးနီးပါး၊ ၂၄ နာရီ၊ တစ်ပတ်၇ရက် (နားရက်မရှိ)၊ အားလပ်ရက်တွေမှာရော၊ ညမှာဖြစ်ဖြစ်ပစ္စည်းတွေကို လိုချင်တဲ့အချိန် အလွယ်တကူ၀ယ်နိုင်ပါသည်။
ဂျပန်ရဲ့နာမည်ကြီးကုန်စုံဆိုင်စတိုး‌တွေက‌တော့
「セブンイレブン」、「ローソン」နဲ့ 「ファミリーマート」တို့ဘဲဖြစ်ပါတယ်။
စတိုးဆိုင်တွင်ရောင်းချသောပစ္စည်းများကွဲပြားသော်လည်းအများစုမှာအစားအစာ (အအေး)၊ အချိုပွဲ၊ ကော်ဖီပူပူ၊ ဆပ်ပြာ၊ ခေါင်းလျှော်ရည်နှင့်အတွင်းခံဘောင်းဘီများဖြစ်သည်။
ကုန်စုံဆိုင်များမှအစားအစာများသည်စားသောက်ဆိုင်များနှင့်ကဖေးများ (ကော်ဖီဆိုင်) ထက်စျေးပိုသက်သာပါတယ်။ တကယ်လို့သင်က ခရီးသွား‌‌တစ်‌ယောက်ဖြစ်ပြီးပိုက်ဆံအများကြီးမသုံးချင်ဘူးဆိုရင် ကုန်စုံဆိုင်ကိုသုံးပါ။
ဆိုင်မှာဝယ်တဲ့စားစ‌ရာကို ဆိုင်မှာတင် စားနိုင်‌‌အောင်ပြုလုပ်ပေးထားတဲ့နေရာတွေရှိတဲ့ စတိုးဆိုင်‌‌တွေလည်းရှိပါတယ်။

(8)Wi-Fi ပြင်ဆင်ရအောင်။
ဂျပန်မှာမြို့ကြီးတွေမှာကအခမဲ့ Wi-Fi မရှိသလောက်ပါဘဲ။
ဂျပန်မသွားခင် Wi-Fi Router နဲ့ SIM Card ကိုပြင်ဆင်ထားရအောင်။ ခရီးအလိုက်သုံးရလွယ်ကူတဲ့နည်းလမ်းကိုရွေးကြပါ။

November Schedule For Class
https://m.facebook.com/story.php?story_fbid=324514649450815&id=104213534814262

日本の食べ物  🦐🦞🦀🍤🍣🍢🥠
18/10/2021

日本の食べ物 🦐🦞🦀🍤🍣🍢🥠

住所

狭山市
Sayama-shi, Saitama
350-1304

ウェブサイト

アラート

Shinsetsu-SST Japanese Knowledge & Learningがニュースとプロモを投稿した時に最初に知って当社にメールを送信する最初の人になりましょう。あなたのメールアドレスはその他の目的には使用されず、いつでもサブスクリプションを解除することができます。

ショートカット

  • 住所
  • アラート

共有する

カテゴリー