Tegami - Japanese Language Sharing

Tegami - Japanese Language Sharing Be Honest and keep walking.
正直に、歩き続けること。

29/01/2026
09/01/2026

ဂျပန်စာ N3 မရသေးဘဲ စကားပြောကောင်းလာနိုင်မလား? 🤔

ဂျပန်စာ level မြင့်မှ စကားပြောကောင်းလာမယ် လို့ ထင်နေပါသလား?
အဲ့လို မဟုတ်ပါဘူး ❌

👉 လက်ရှိ level နဲ့တင် စကားပြောလို့ရပါတယ်။

✔ အရေးကြီးဆုံးက
・ကိုယ်လေ့လာထားတဲ့ Vocab ကို နှုတ်တိုက်ထွက်နိုင်ရမယ်
・Grammar pattern တွေကို လက်တွေ့သုံးနိုင်ရမယ်

✔ လေ့ကျင့်နည်း
・Vocab / Grammar ကျက်တိုင်း ဥပမာစာကြောင်းတွေကို အသံထွက်နဲ့ ဖတ်ခြင်း
・ဖတ်ပြီး အလွတ်ပြော လေ့ကျင့်ခြင်း
・နေ့စဉ် pattern အသစ်တွေကို လက်တွေ့မှာ သုံးကြည့်ခြင်း
・သက်ဆိုင်ရာ level နဲ့ကိုက်ညီတဲ့ နားထောင်မှု့စွမ်းရည်ကို လေ့ကျင့်ခြင်း

ဒီအလေ့အကျင့်တွေကို ဆက်တိုက်လုပ်သွားရင်
👉 စကားပြောချင်တဲ့အချိန် ဝါကျဖွဲ့တာ မြန်လာပြီး ပြောရ လွယ်လာပါလိမ့်မယ်။

📌 ကိုယ်တိုင်အတွေ့အကြုံအရ
N3 level က စကားပြောအတွက် အကောင်းဆုံး foundation ဆိုပေမယ့်၊
N5/N4 အခြေခံက တော်တော်လေး အရေးပါပါတယ်။

မိတ်ဆွေက အခု ဘယ် level မှာလဲ? 💬
Comment မှာ မျှဝေလိုက်ပါနော် 😊

05/11/2025
04/10/2025

၂၀၂၅ ခုနှစ်၊ ဇူလိုင်လတွင် ဖြေဆိုထားသော JLPT စာမေးပွဲ Result များ ထုတ်ယူခြင်းနှင့်ပတ်သတ်၍

၂၀၂၅ ခုနှစ်၊ ဇူလိုင်လတွင် ဖြေဆိုထားသော JLPT စာမေးပွဲ Result များအား အောက်ဖော်ပြပါအတိုင်း ထုတ်ယူ နိုင်မည် ဖြစ်ပါကြောင်း အသိပေးကြေငြာအပ်ပါသည်။ လာရောက်ထုတ်ယူရာတွင် စာမေးပွဲဖြေဆိုခွင့်ကတ်ပြား (Test Voucher) မူရင်း ယူဆောင်လာရမည်ဖြစ်ပြီး ပျောက်ဆုံး၊ ပျက်စီးပါက မှတ်ပုံတင်မိတ္တူတစ်စောင် နှင့် ခုံနံပါတ် ယူဆောင် လာရပါမည်။

သင်တန်းကျောင်းများအနေဖြင့် မိမိတို့၏ ကျောင်းသားများအတွက် တစုတပေါင်းတည်း ထုတ်ယူမည်ဆိုပါက ကျောင်းသားစာရင်း၊ Test Voucher မူရင်းနှင့် မှတ်ပုံတင်မိတ္တူများကို ပြည့်စုံစွာယူဆောင်လာပြီး ထုတ်ယူနိုင်ပါသည်။

(ရန်ကုန်စာဖြေဌာနတွင်လျှောက်ထားသူများထုတ်ယူရန်)
၈.၁၀.၂၀၂၅ မှ ၁၅.၁၀.၂၀၂၅ ရက်နေ့အတွင်း (ပိတ်ရက်မရှိ)
နေရာ - ရန်ကုန်ပညာရေးတက္ကသိုလ် (Learning Hub)
အမှတ် ၃၁၇၊ ပြည်လမ်း၊ ကမာရွတ်မြို့နယ်၊ ရန်ကုန်မြို့။ (ဂိတ် ၄ မှ ဝင်ရန်။)
အချိန် - မနက် ၉း၃၀ နာရီ မှ ညနေ ၃း၀၀ နာရီအထိ

၁၅.၁၀.၂၀၂၅ ရက်နေ့နောက်ပိုင်း (တနင်္လာ မှ သောကြာနေ့ အထိ။ အစိုးရရုံးပိတ်ရက် နှင့် စနေ၊တနင်္ဂနွေ ပိတ်ပါသည်။)
နေရာ - JLPT Centre
အမှတ်(၂ဘီ-၃)၊ နှင်းဥယျာဥ်အိမ်ရာ ၊ သုမင်္ဂလာလမ်း၊ သင်္ဃန်းကျွန်း မြို့နယ်၊ ရန်ကုန်မြို့။
အချိန် - မနက် ၉း၃၀ နာရီ မှ ညနေ ၄း၀၀ နာရီအထိ

(မန္တလေးစာဖြေဌာနတွင်လျှောက်ထားသူများထုတ်ယူရန်)
၈.၁၀.၂၀၂၅ မှ ၁၅.၁၀.၂၀၂၅ ရက်နေ့အတွင်း (ပိတ်ရက်မရှိ)
နေရာ - မန္တလေးပညာရေးဒီဂရီ ကောလိပ်
၆၆ လမ်း၊ ၃၃ လမ်းနှင့် ၃၅ လမ်းကြား၊ ချမ်းအေးသာစံမြို့နယ်၊ မန္တလေးမြို့။
အချိန် - မနက် ၉း၃၀ နာရီ မှ ညနေ ၃း၀၀ နာရီအထိ

၁၅.၁၀.၂၀၂၅ ရက်နေ့နောက်ပိုင်း (တနင်္လာ မှ သောကြာနေ့ အထိ။ အစိုးရရုံးပိတ်ရက် နှင့် စနေ၊တနင်္ဂနွေ ပိတ်ပါသည်။)
နေရာ - MAJA Office (Mandalay Branch) (ယာယီလိပ်စာ)
၆၈ လမ်း၊ ၂၆*၂၇ လမ်းကြား၊ မန္တလေး ဆွမ်းဟိုတယ် အပြင်ဘက် အနောက်ဘက်ခြမ်း။
အချိန် - မနက် ၉း၃၀ နာရီ မှ ညနေ ၄း၀၀ နာရီအထိ

JLPT စာမေးပွဲကျင်းပရေးကော်မတီ
မြန်မာနိုင်ငံဂျပန်ပြန်ပညာသင်ဟောင်းအသင်း

ဆက်သွယ်ရန် - 01-757 10 15 (Ext- 1) ရန်ကုန်
09-255 162 533 မန္တလေး

買い物に関連する動詞 ဈေးဝယ်ခြင်းနဲ့ဆက်စပ်သောတြိယာများ(အပိုင်း - 4)
16/09/2025

買い物に関連する動詞
ဈေးဝယ်ခြင်းနဲ့ဆက်စပ်သောတြိယာများ(အပိုင်း - 4)

値段・お金 ဈေးနှုန်း/ပိုက်ဆံ(အပိုင်း - 3)
09/09/2025

値段・お金 ဈေးနှုန်း/ပိုက်ဆံ(အပိုင်း - 3)

商品 ကုန်ပစ္စည်း(အပိုင်း - 2)
29/08/2025

商品 ကုန်ပစ္စည်း(အပိုင်း - 2)

買い物 ဈေးဝယ်ခြင်း(အပိုင်း - 1)
28/08/2025

買い物 ဈေးဝယ်ခြင်း(အပိုင်း - 1)

26/08/2025

ဒီနေ့ N4 passed လေးတွေရေ.....

လာတန်းစီကြတော့ .. kaigo scholarship လာပြီနော်

2026 / April Intake အတွက် လက်ခံနေပါပြီ။

အသေးစိတ်ကို MAY သင်တန်းကျောင်း လှိုင်ကျောင်းခွဲ / မဥကျောင်းခွဲ / အင်းစိန်ကျောင်းခွဲ မှာ ကိုယ်တိုင်လာေရာက်လာရောက်စုံစမ်းနိုင်ပြီနော်

Online ကစုံးစမ်းလို့ရလားဆိုလည်းရပါတယ်။ ဒါပေမယ့် အပြင်မှာစုံစမ်းတာက ကိုယ့်အတွက် သေချာတဲ့ကျောင်းလား၊ အမှန်အကန်ကျောင်းလားဆိုတာ ပိုလေ့လာလို့ရတာပေါ့😊

30.8.2025 ထိပဲကျောင်းသားလက်ခံမှာမို့ ၅ ရက်သာအချိန်ရပါတော့မယ်။

9 လပိုင်း ပထမအပတ်အတွင်းကျောင်းအင်တာဗျူးစပါမယ်ရှင့်💥

အခြေခံလိုအပ်ချက် (3) ချက်
- စနစ်ဟာင်း ၁၀ တန်း / စနစ်သစ် ၁၂ တန်းအောင်မြင်ထားသူ
- passport PV
- N4 level passed

Online ကစုံစမ်းချင်ရင်
09-955630503 (viber )
09-766999026 (ရုံးဖုန်း) ကိုဆက်သွယွစုံစမ်းနိုင်ပါတယ်ရှင့်

ကျောင်းလိပ်စာများ
🏘လှိုင်မြို့နယ် (Hlaing Branch)
• တိုက် ၂၃/၂၄၊ အခန်း (၄)၊ ပထမထပ်၊ ဘူတာရုံလမ်းထိပ် (ရွှေပွင့်စံစတိုးအပေါ်ထပ်)

🏘မြောက်ဥက္ကလာပမြို့နယ် (North Okkalapa Branch)
အမှတ် (၇၇/ခ) သုဓမ္မာလမ်းမပေါ်၊ KBZ ဘဏ်ဘေးကပ်၊ ၂ ရပ်ကွက်
ဖုန်း – 09-955 630 578

🏘အင်းစိန်မြို့နယ် (Insein Branch)
နံပါတ် 42(A)၊ အောင်သုခလမ်းထဲ၊ အင်းစိန်စျေးရှေ့ (၁၀အိမ်မြောက်)
ဖုန်း – 09-40 955 7711

မီးပန်းပွဲတော် ကျင်းပမည့်ရက် - 8月2日အချိန် - ည(7:15-8:50)နေရာ - Ashigaka Station အနီး渡良瀬運動公園https://www.ashikaga-kankou.j...
29/07/2025

မီးပန်းပွဲတော် ကျင်းပမည့်ရက် - 8月2日
အချိန် - ည(7:15-8:50)
နေရာ - Ashigaka Station အနီး
渡良瀬運動公園

https://www.ashikaga-kankou.jp/event/ashikaga_hanabi


ပန်းခြံအတွင်း ကျီးကန်းအား အစာ မကျွေးပါနှင့်!
26/07/2025

ပန်းခြံအတွင်း ကျီးကန်းအား အစာ မကျွေးပါနှင့်!

住所

Saku-shi, Nagano

ウェブサイト

アラート

Tegami - Japanese Language Sharingがニュースとプロモを投稿した時に最初に知って当社にメールを送信する最初の人になりましょう。あなたのメールアドレスはその他の目的には使用されず、いつでもサブスクリプションを解除することができます。

その学校に問い合わせをする

Tegami - Japanese Language Sharingにメッセージを送信:

ショートカット

共有する

カテゴリー