𝗜𝘁'𝘀 𝗠𝗲

𝗜𝘁'𝘀 𝗠𝗲 If you have knowledge, let others light their candles in it.

28/08/2025

Application name - Learn Chinese
Listening ရော Readingရော နစ်ခုလုံးရမဲ့ application လေးပါ adsလေးတွေတော့ ကြည့်ပေးရမယ်ရှင့် Video လေးကို အဆုံးထိကြည့်ပီး စမ်းသုံးကြည့်ကြပါအုန်းနော် ❤️

27/08/2025

အရင်ပြောပြဖူးတဲ့ application တွေလဲ ပါပါတယ်ရှင့် time management အတွက် တကယ်ကောင်းတဲ့ application တွေပါ 🙆🏻 စမ်းသုံးကြည့်ကြပါအုန်းနော် Android, Ios နှစ်ခုလုံးရပါတယ်ရှင့် ❤️
Application name
1. Off screen
2. Yeolpumta -YPT
3. Planjoy

26/08/2025

Application name - Hello Chinese
Reading, listening, vocabulary တွေကိုတစ်ခါတည်း လေ့လာချင်တဲ့သူတွေ အတွက် အဆင်ပြေမဲ့ application လေးပါရှင့်
သူ့ရဲ့ ထူးခြားချက်က vocabulary တွေက HSK level ဘယ်လောက်လဲဆိုတာ ကြည့်လို့ရပီး listening ပါ တစ်ခါတည်းလေ့ကျင့်ပီး ဖြစ်သွားမှာပါ စမ်းသုံးကြည့်ကြပါအုန်းရှင့် 🙆🏻

24/08/2025

ဒီနေ့လဲ နောက်တစ်ခု sharing လာလုပ်တာပါ 🙆🏻စကားပြောရင် တစ်လုံးချင်းစီ ပြောတတ်တဲ့သူမလို့
အိပ်ချင်သွားရင် sorry ပါရှင့် 😹 2xလေး နှိပ်ပီးကြည့်ပေးကြပါအုန်းရှင့်
Application name - HSK Study and Exam- Supertest

ဒီနေ့တော့ video editဖို့ လုံးဝမအားတာနဲ့ ဖတ်ဖူးတဲ့သဘောကျမိတဲ့ စကားပုံလေးတစ်ခုကို လာတင်တာပါရှင့်💞ဂျပန်စကားပုံ - "ななころび やおき...
23/08/2025

ဒီနေ့တော့ video editဖို့ လုံးဝမအားတာနဲ့ ဖတ်ဖူးတဲ့သဘောကျမိတဲ့ စကားပုံလေးတစ်ခုကို လာတင်တာပါရှင့်

💞ဂျပန်စကားပုံ - "ななころび やおき" (Nana korobi ya oki)💞

✨"ခုနှစ်ကြိမ်လဲ၊ ရှစ်ကြိမ်ထ" ဟု အဓိပ္ပာယ်ရပါတယ်✨

🍯ဘဝဆိုတာ စိန်ခေါ်မှုတွေ၊ ရှုံးနိမ့်မှုတွေနဲ့ ပြည့်နှက်နေပေမဲ့ အကြိမ်ကြိမ် ရှုံးနိမ့်တဲ့အခါတိုင်း စိတ်ဓာတ်မကျပဲ နောက်ဆုံးအကြိမ်ထိ မျှော်လင့်ချက်မပျက်ဘဲ ထပ်ပီး ထကြိုးစားမယ် ပီးတော့ ကိုယ်လဲကျတဲ့အကြိမ်ထက် ကိုယ်ထတဲ့အကြိမ်က တစ်ကြိမ်ပိုနေရင် အောင်မြင်မှုဆီကို ရောက်ရှိသွားမှာပါဆိုပီး ရှင်းပြထားတာကို ဖတ်ဖူးပါတယ်ရှင့်။🍯

✨ဒီစကားပုံက "がんばる (gambaru - ဇွဲနပဲ လုံ့လစိုက်ထုတ်သည်)" ဆိုတဲ့ ဂျပန်တွေရဲ့ ယဉ်ကျေးမှု အယူအဆနဲ့ ဆက်စပ်နေတယ်ဆိုပီးလည်း ဖတ်ဖူးပါတယ်။

ဘယ်လောက်ပဲ အခက်အခဲတွေ့တွေ့၊ ဘယ်တော့မှ လက်မလျှော့ပဲနဲ့ ဆက်ကြိုးစားသွားကြမယ်နော်
စိတ်ညစ်စရာရှိနေတဲ့သူတွေလည်း ဒီစာလေးမြင်ပီး အားတင်းထားကြပါလို့ အားလုံး အဆင်ပြေသွားမှာပါ 🙆🏻💞🫂

22/08/2025

Hi guys 🙆🏻 ဒီနေ့လဲ ထပ်ရောက်လာပြန်ပါပီ ကျွန်တော်က စာအုပ်ကြီးနဲ့ပဲ လေ့လာရဝာာပျင်းတဲ့သူမလို့ ပျော်စရာကောင်းအောင် စာလုပ်ချင်စိတ်လေးပါ ဖြစ်လာအောင် ကိုယ်တိုင်လည်း သုံးတဲ့ application လေးတွေကို sharing လာလုပ်ပေးတာပါရှင့်

21/08/2025

အရင်တစ်ခါ pageမှာ စာနဲ့ပဲ ပြောဖူးတဲ့ application ပါ ကိုယ့်ရဲ့ Pinyin အသံထွက်မှန်မမှန် ပါစစ်လို့ရပီး grammar ပါလေ့လာလို့ရတာ တော်တော်အဆင်ပြေတယ်လို့ ထင်လို့ sharing လာလုပ်ပေးတာပါရှင့်🙆🏻
Application name - Super Chinese ပါရှင့်

20/08/2025

Hello ဒီနေ့လဲ freeက 14ရက်ပဲ ရပေမဲ့ speaking အပြန်အလှန်ပြောလို့ရပီး Pinyin တွေရော နှစ်ခုလုံးစစ်လို့ရမဲ့ ‌applicationလေးတစ်ခုကို sharing လာလုပ်တာပါ video ထဲမှာ ပြောပြထားပါတယ်ရှင့်
အောက်မှာ play store linkလေးပါ ထည့်ပေးထားပါတယ် 🙆🏻

https://play.google.com/store/apps/details?id=com.talkchinese.app

ဘာလိုလိုနဲ့ 2025နှစ်ဝက်ကျော်လို့ 8လပိုင်းရောက်လာပါပီ ခုတစ်လော အလုပ်များနေလို့ pageမှာ ဘာမှမတင်နိုင်ဘူးဖြစ်သွားတာနဲ့ တစ်ရ...
01/08/2025

ဘာလိုလိုနဲ့ 2025နှစ်ဝက်ကျော်လို့ 8လပိုင်းရောက်လာပါပီ ခုတစ်လော အလုပ်များနေလို့ pageမှာ ဘာမှမတင်နိုင်ဘူးဖြစ်သွားတာနဲ့ တစ်ရက်နေ့ကစပီး post လေးတွေ ပြန်လာတင်တာပါရှင့် 🙆🏻

🌺すこしずつでも、まいにちのどりょくがみらいをつくる。
Even little by little, daily effort builds the future.

🌺どりょくはうらぎらない。
Hard work never betrays you.

🍯がんばってね 🍯

04/06/2025

✨ဒီနေ့တော့ တရုတ်စာလေ့လာချင်ပေမဲ့ သင်တန်းတက်ဖို့ အချိန်မရသေးတဲ့သူတွေ ကိုယ့်ဟာကိုယ်
self study လုပ်ချင်တဲ့သူတွေအတွက် application တွေ YouTube channel တွေ ညွှန်းပေးချင်လို့ပါ
✨HSK 1,2,3အဲ့လိုမျိုး level တွေ မရောက်ခင်မှာ တရုတ်စာကို အသံထွက်နိုင်ဖို့အတွက် Pinyin ကို
အရင်ရ‌နေဖို့လိုပါတယ် pinyinကို ရမှ ကျန်တဲ့ levelကို ဆက်သွားနိုင်မှာပါ
✨HSKနဲ့ Hanyuဆိုပီး ‌သင်ရိုးနှစ်ခုက‌နေ ကိုယ်သဘောကျတာ လေ့လာကြပေမဲ့ scholarships, အလုပ်အတွက်ဆိုပီး တော်တော်များများကတော့ HSK သင်ရိုးကို ရွေးကြတာများပါတယ်ရှင့် နဂိုကတော့ HSK 6 ထိပဲ သတ်မှတ်ထားပေမဲ့ ခုနောက်ပိုင်း သင်ရိုးအသစ် ထပ်ဖြည့်ပီး HSK 9အထိ သတ်မှတ်ထားပါတယ်ရှင့် ဒါမဲ့လဲ HSK6ထိပဲ လေ့လာတဲ့သူလဲ များပါတယ်
✨ ကျွန်တော့်ရဲ့ အတွေ့အကြုံအနေနဲ့ပြောရရင်တော့ budget ကြောင့်ဖြစ်ဖြစ် တစ်ခုခုကြောင့်
self studyလုပ်ချင်တယ်ဆိုရင်တောင် Basicနဲ့ HSK1 လောက်ကိုတော့ ဆရာတွေနဲ့ သင်ပီးမှ ဆက်လုပ်တာကောင်းမယ်ထင်ပါတယ် basic levelမှာကတည်းက အသံထွက်တွေ လွဲခဲ့ရင်နောက်level တွေမှာ အမှားအယွင်းတွေဖြစ်ပီး ဆက်ပီးမလေ့လာချင်တော့တာ ဘာညာဖြစ်တတ်လို့ပါ
🙆ကျွန်တော့်ရဲ့ personal အမြင်ပါ ကိုယ့်ဟာကိုယ် လေ့လာလို့မရဘူးဆိုတာမျိုးတော့ မဟုတ်ပါဘူးရှင့်
📰 ခုအောက်မှာ ကျွန်တော်ကြည့်နေကြ YouTube channel တွေနဲ့ ‌application nameလေးတွေ ရေးပေးထားပါ့မယ် တစ်ခုခုသိချင်ရင်လဲ အချိန်မရွေးလာမေးလို့ရပါတယ်ရှင့် 👈

✨ YouTube Channel ✨

https://youtu.be/FlaJ12tmtu4?si=jwv0ESfP66QLyeVf

https://youtu.be/Vx_o25zVRBo?si=UA64vQrcqLAAxrKd

https://youtu.be/Hv6WEWS_re8?si=2Q8gcNQkJgHlii_d

✨ Application (Pinyin and tone practiceပါလုပ်နိုင်)✨
- Chineseskill
- LingoDeer
- Super Chinese
- Hello Chinese

✨ Others✨
- NinChanese
- Airlearn
- HSK study and exam - supertest
- Pleco (dictionary)
- Du Chinese (reading)

03/06/2025

မင်္ဂလာပါရှင့် စကားပြောတာ တစ်လုံးချင်း‌ပြောတတ်တဲ့သူမလို့ video မိနစ်နဲ့ကိုက်သွားအောင် speedလေး နည်းနည်း editထားပါတယ်ရှင့်🙆နားထောင်ရတာအဆင်မပြေဖြစ်သွားရင် sorry ပါ
ဒီနေ့ကတော့ ကျွန်တော် language လေ့လာရင် သုံးနေကြ application တစ်ခုကို Sharing လာလုပ်တာပါရှင့်

တောင်းပန်ပုံအဆင့်ဆင့် သရုပ်ပြ🤣すみません လောက်ဆိုရပါပြီလို့
26/05/2025

တောင်းပန်ပုံအဆင့်ဆင့် သရုပ်ပြ🤣
すみません လောက်ဆိုရပါပြီလို့

住所

Saitama-shi, Saitama

ウェブサイト

アラート

𝗜𝘁'𝘀 𝗠𝗲がニュースとプロモを投稿した時に最初に知って当社にメールを送信する最初の人になりましょう。あなたのメールアドレスはその他の目的には使用されず、いつでもサブスクリプションを解除することができます。

ショートカット

  • 住所
  • アラート

共有する

カテゴリー