Learn to Code with Su & Rin

Learn to Code with Su & Rin

共有する

Learn to Code with Su & Rin, 教育関連サイト, Osakaの連絡先情報、マップ、方向、お問い合わせフォーム、営業時間、サービス、評価、写真、動画、お知らせ。

ITနဲ့ပတ်သတ်ပြီး စိတ်ဝင်စားတဲ့မြန်မာလူငယ်များ အတွက် ဗဟုသုတတွေမျှဝေပေးသွားပါမယ်
Programming အခြေခံ၊ application, software တစ်ခု ရေးနိုင်/အလုပ်လုပ်နိုင်သည်အထိ သင်တန်းများလည်းတက်ရောက်နိုင်ပါတယ်

04/03/2025

စိတ်မကောင်းစွာနဲ့ ကြေညာပါရစေရှင့် 😔
admin Rin က Japan လိုသင်မယ့် First Step In Programming With C class လေးကို ဖျက်သိမ်းသွားချင်ပါတယ်ရှင့်
အကြောင်းအရင်းကတော့ personal case လေးရှိနေပီး အတန်းအတွက် အဆင်မပြေတော့လို့ပါရှင့်
ဖျက်သိမ်းဖို့နဲ့ ပတ်သတ်ပီး အခုအချိန်ထိလည်း အပ်ထားတဲ့သူတွေမရှိသေးလို့လည်း စိတ်သက်သာရာရပါတယ်ရှင့်
admin Su က မြန်မာလိုသင်မယ့် class ကတော့ ဆက်ဖွင့်သွားပါမယ်ရှင့်
post ရှိနေသေးရင် အတန်းအပ်လို့ရတယ်ထင်မှာစိုးလို့ post ကိုလည်းဖျက်ခွင့်ပြုပါရှင့်😔

Photos from Learn to Code with Su & Rin's post 05/02/2025

Early Birds လေးတွေအတွက် အထူးစျေးလျှော့ပေးထားပါတယ်ရှင့်(post ရဲ့အဆုံးမှာရေးထားတယ်နော်)
စိတ်ဝင်စားတဲ့သူတွေ message box ကတစ်ဆင့် စုံစမ်းမေးမြန်းနိုင်ပါတယ်
---------------------------------------------------
The First Step in Programming with C (Myanmar)



Start Date : April 5
Class Day : Saturday, Sunday
Class Time : 10:30 to 12:00(AM) Myanmar Time
Duration : 2.5 to 3 Months
Fee : 150,000 MMK မြန်မာမှာရှိနေတဲ့သူများအတွက်သာ (15,000 Yen)
Platform : Online (Zoom or Google Meet)
Student limit : Up to 25
Mentor : Su
Class language : Burmese
Material language : English

🌸ဘာတွေသင်ရမလဲ🌸
အခုမှ ပထမဆုံး programming စလေ့လာသူများအတွက် Programming logic နဲ့ C Programming ကိုသင်ယူရပါမယ်
programming language ရဲ့ syntax ရော problem တစ်ခုကို ဘယ်လို solve လုပ်ရမလဲ ဆိုတဲ့ စဉ်စားနည်းရော သင်ပေးသွားမှာဖြစ်ပါတယ်

🌸ဘယ်လိုသင်ရမလဲ🌸
※ခေါင်းစဉ် တစ်ခုချင်းစီတိုင်းမှာ example နဲ့တကွ အသေးစိတ် ပြောပြပေးသွားမှာဖြစ်လို့ mentor နဲ့အတူတူ စာသင်ရင်း Code လိုက်ရေးရပါမယ်※
ဒါ့အပြင် ခေါင်းစဉ်တစ်ခုချင်းစီကို ကိုယ်တိုင် code ရေးပီး self study လုပ်လို့ရအောင် Questions & Answers ပါပါမယ်

🌸ဘယ်လိုသူတွေတက်ရောက်နိုင်မလဲ🌸
အောက်ကသူတွေထဲမှာ Computer နဲ့ English basic level ရှိတဲ့သူတွေတက်ရောက်နိုင်ပါတယ်
・computer ကျောင်းပီး မဟုတ်ပဲ software ရေးတာစိတ်ဝင်စားလို့ စလေ့လာမယ့်သူ
・computer ကျောင်းသူကျောင်းသားများ code ရေးတာမှာအခက်တွေ့နေတဲ့သူ
・career အသစ်ပြောင်းချင်လို့ စလေ့လာချင်တဲ့သူ
※လူငယ်တွေကိုဦးစားပေးပီး သင်ပေးချင်တာဖြစ်လို့ English basic level ရှိတဲ့သူတွေတက်လို့ရပါတယ်

🌸သင်တန်းပီးရင် ဘာတွေရမလဲ🌸
・class ရဲ့ video record ရပါမယ်
・completion certificate ရပါမယ်
・programming ရဲ့ အခြေခံ concepts နဲ့ အလုပ်လုပ်ပုံ၊ C programming ရဲ့ syntax နဲ့ problem solving တွေကို သိရှိနားလည်သွားမှာဖြစ်ပါတယ်
・ဒီအတန်း ပီးသွားရင် Programming ရဲ့အခြေခံသဘောတရားကို နားလည်သဘောပေါက်သွားမှာဖြစ်လို့နောက်ထပ် လေ့လာမယ့် programming language တွေကိုလည်း လွယ်ကူစွာ လေ့လာနိုင်သလို၊ တစ်ခြားဖွင့်မယ့်အတန်း တွေကိုလည်း အဆင်ပြေပြေတက်ရောက်နိုင်မှာဖြစ်ပါတယ်

🌸သင်ဖို့ ဘာတွေလိုအပ်လဲ🌸
・computer ရှိရပါမယ်
・online ကသင်မှာဖြစ်လို့ internet ကောင်းရပါမယ်

---------------------------------------------------

စိတ်ဝင်စားတဲ့ အတန်းများကို page ရဲ့ message box ကနေတစ်ဆင့် စာရင်းပေးသွင်းနိုင်ပါတယ်
သင်ပေးမယ့် mentor တွေရဲ့ profile, work experience နဲ့ မိတ်ဆက် post ကိုလည်းအောက်မှာကြည့်လို့ရပါတယ်
https://fb.watch/xzbIVlJX0G/
❗️❗️❗️❗️❗️❗️❗️❗️❗️❗️❗️❗️❗️❗️❗️❗️
Early Birds လေးတွေအတွက် အထူးစျေးလျှော့ပေးထားပါတယ်ရှင့်☺️
Early Birds 1 ယောက်ကနေ 5 ယောက်မြောက်အထိ:
100,000 MMK (12,000 Yen)
Early Birds 6 ယောက်ကနေ 10 ယောက်မြောက်အထိ:
120,000 MMK (13,500 Yen)
နဲ့စာရင်းသွင်းတက်ရောက်နိုင်ပါတယ်ရှင့်🥰
❗️❗️❗️❗️❗️❗️❗️❗️❗️❗️❗️❗️❗️❗️❗️❗️


05/02/2025

Profile & Work Experience of Su and Rin (Software Engineer in Japan)☺️

あなたの学校を学校のトップリストOsakaにしたいですか?

ここをクリックしてあなたのスポンサー付きリスティングを獲得。

場所

カテゴリー

ウェブサイト

住所

Osaka, Osaka