02/06/2026
Hello work က ထောက်ပံ့ကြေးထက် ၃ ဆ လောက်
ပိုများများ ယူလို့ရတဲ့ နည်းလမ်းရှိတာ သိကြလား?
ပုံကတော့ မင်မင်ရဲ့ ရနိုင်ခြေရှိတဲ့
ထောက်ပံ့ကြေးကို ခန့်မှန်း တွက်ကြည့်ထားတာပါ
ဒီလျှောက်နည်းက ဂျပန်တွေ အတော်သုံးကြပေမဲ့
နိုင်ငံခြားသားတွေကတော့ သိတဲ့သူ နည်းပါတယ်
退職給付金ーたいしょく きゅうふきん လို့ခေါ်ပါတယ်
လျှောက်ကြည့်ချင်တဲ့သူတွေက
ဒီအချက်တွေ သေချာလုပ်ထားမှ ရပါမယ်
✅၁- အလုပ်မထွက်မီကထဲက
ကြားကလျှောက်ပေးတဲ့ ပွဲစားကုမ္ပဏီနဲ့
ကြိုချိတ်ရပါမယ်
✅၂- ပွဲစားကုမ္ပဏီနဲ့ မချိတ်ပဲ
ကိုယ်တိုင်လုပ်လို့ မရနိုင်ပါ ( မင်မင်လဲ ပွဲစား မလုပ်ပါ)
✅၃- အလုပ်မထွက်မီ ၂ လ ၃ လကထဲက
ကြိုပြီးပြင်မှ ရပါမယ်
အလုပ်ထွက်ပြီးမှ တင်ရင် မရနိုင်ပါ
✅၄- အလုပ်မှာ အနိုင်ကျင့်ခံရလို့
စိတ်ပိုင်းဆိုင်ရာ ထိခိုက်တဲ့သူတွေ ပိုပြီး လျှောက်သင့်ပါတယ် ။
ဘာမှမဖြစ်ထားတဲ့သူတွေလဲ လျှောက်လို့ရပါတယ်
✅၅- အသေးစိပ် ဖောင်ဖြည့်နည်းတွေ သေချာ မသိပေမဲ့
အကြမ်းဖျဉ်းကတော့ အလုပ်မှာ စိတ်ဖိစီးပြီး
စိတ်ထိခိုက်ဒဏ်ရာ ရနေပါတယ်ဆိုတဲ့ အကြောင်းအရာမျိုး တင်ပြီး
လျှောက်ပေးတာ များပါတယ်
✅ဆရာဝန်ထောက်ခံချက် ရအောင်ထုတ်နည်း
ထောက်ခံချက်ထုတ်ထားပေမဲ့
မှတ်တမ်းမကျန်အောင်
ဘယ်လိုလုပ်သင့်သလဲ ဆိုတာကအစ
အသေးစိပ် ပြောပြပေးပါလိမ့်မယ်
✅Hello work မှာ ပြောရမဲ့ စကားတွေကအစ
ပွဲစားဂျပန် ကုမ္ပဏီက သင်ပေးပါလိမ့်မယ်
✅သူတို့ကို ၁၀ သောင်းခန့်တော့ ပေးရပါမယ်✅
⭕️သတိထားရမှာက 社会保険ーしゃかいほけん
တစ်နှစ်ကျော် မဆောင်ထားတဲ့သူတွေကတော့ မရနိုင်ပါ
ကိုယ်ရဲ့ လစာနဲ့ 社会保険 ဆောင်ထားတဲ့
အပေါ်မူတည်ပြီး များများ ရနိုင်ပါတယ်
⭕️ဂျပန်မှာ ရေရှည်နေမဲ့သူတွေ မလျှောက်သင့်ပါဘူး
ဂျပန်မှာ ၄/၅ နှစ် အလုပ်လုပ်ပြီး
အပြီးပြန်မဲ့သူတွေ ကတော့လျှောက်သင့်ပါတယ်
⭕️✅- ရေရှည်နေမဲ့သူတွေက
ဒီထောက်ပံ့ကြေးယူလိုက်ရင်
တခြား ပလန်သပ်သပ်နဲ့ ဝင်ရတဲ့
အာမခံပလန်တွေ ဝင်မရတော့တာမျိုး
ဝင်လို့ရခဲ့ရင်လဲ
နောက်နှစ်မှာ လစဉ်ကြေးတွေ
အများကြီး ဆောင်ရတာမျိုး ဖြစ်တတ်ပါတယ်
⭕️အလုပ်ထွက်ဖို့ စဉ်းစားထားပြီး
退職給付金လျှောက်ကြည့်ချင်တဲ့သူတွေကို
မင်မင့် အသိ ချိတ်ဖူးတဲ့
ပွဲစား ကုမ္ပဏီအကောင့်တွေ
ပြောပြပေးလို့ ရပါတယ်
cb မှာ လာယူပါ။
အကောင့်ပဲပြောပြနိုင်ပါတယ်။
အသေးစိတ်တွေတော့ မရှင်းပြနိုင်ပါဘူး ။
04/04/2026
ရေခဲသေတ္တာတွေ အနံ့အသက် မကောင်းရင်
ဒါမျိုး ဘူးလေးတွေ ထည့်ထားပေးရင်
အနံ့ဆိုးတွေ သက်သာစေပါတယ်
¥၁၀၀ တန်ဆိုင်နဲ့ drug store တွေမှာ ရနိုင်ပါတယ်
အနံ့ပျောက်ဆေးဘူးလေးတွေကို
ရိုးရိုးအအေးခန်းနဲ့ အသီးအရွက်အခန်းအတွက်
အမျိုးအစား ခွဲပြီး ထည့်ပေးလို့ရပါတယ်။
ဘယ်ဘက်က ပုံက ရိုးရိုး အအေးခန်းအတွက်
ညာဘက်က ပုံက
ရိုးရိုးအအေးခန်း& အသီးအရွက် ထားတဲ့
အအေးခနိးအတွက်
03/04/2026
မုန့်ဟင်းခါးဖတ် ၊ ရှမ်းခေါက်ဆွဲဖတ်
မုန့်တီ/ မြီးရှည်ဖတ် ၊ ကြာဇံ ဆို
ဘာတံဆိပ်ဝယ်ရမလဲ မသိတဲ့ သူတွေအတွက်
မင်မင်စားနေကျ
မြန်မာအရသာအတိအကျ ရတဲ့
တံဆိပ်လေးတွေ ပြောပြလိုက်ပါတယ်
ထိုင်းနဲ့ ဗီယက်နမ်ဆိုင်တွေမှာ
¥၂၀၀/ ¥၃၀၀ ဝန်းကျင်နဲ့
ဝယ်လို့ရပါတယ်
မြန်မာဆိုင် အများစု
စျေးသာရောင်းနေကြတာ
မုန့်ဟင်းခါးဆို そうめん အဖတ်😑
မုန့်တီ ဆို ဂျပန်うどん အဖတ်😑
ကြေးအိုး/ ကြာဇံကြော်ဆိုလဲ
ပဲကြာဇံတွေနဲ့ လုပ်ရောင်းနေကြတာ
ဘယ်လိုမှ အဆင်မပြေ😅
02/04/2026
ကလီစာ အစုံ နဲ့ ကိုရီးယားစာ
ကြိုက်တတ်တဲ့ သူတွေ
သွားကို သွားသင့်တဲ့နေရာ
鶴橋ーつるはし က Korea town
JR TsuruHashi station ရဲ့
central exit / west exit ကထွက်ပြီး
ညာဘက်ကို ကွေ့လိုက်တာနဲ့
စျေးဆိုင်တန်း လမ်းကျဉ်းလေးကို
တွေ့ရမှာဖြစ်ပါတယ်
တကယ်ပတ်ကြည့်ရင်
တစ်နေကုန် ပတ်လို့ရတဲ့အထိ
ဆိုင်တွေ အများကြီးပါ
အိုဆာကာ က foodie တွေအတွက်
おすすめ😊
12/03/2026
ဂျပန်လို အလုပ်ထွက်စာရေးနည်း
ရေးနည်း အမျိုးမျိုးရှိပေမဲ့
အခြေခံကတော့ အတူတူပါပဲ
✅စာတင်မည့် ရက်စွဲ
✅ကုမ္ပဏီ နာမည်
ရှချော/ ဌာနမှူး နာမည် ရာထူး
✅စာပိုဒ်ကတော့
ကိုယ်ရေးကိုယ်တာ ကိစ္စနဲ့
ဘယ်နေ့ ဘယ်ရက်မှာ ထွက်မယ်ဆိုတာ
ရေးပေးရပါမယ်
ဘယ်ဘက် အောက်နားမှာ
✅ကိုယ်အလုပ်လုပ်တဲ့ ဌာန
✅ကိုယ့် နာမည် ရေးပြီး
တံဆိပ်တုံးပါ နှိပ်ပြီး
✅၁၀၀ တန်ဆိုင်မှာ ရောင်းထဲ
စာအိတ် အညိုလေးထဲ ထည့်ပြီး
တင်ပေးရပါမယ်
အထက်လူကြီးနဲ့ တိုင်ပင်ပြီး
အလုပ်မထွက်မီ ၁ လ အလိုမှာ
တင်ပေးတာ အကောင်းဆုံးပါ
အားလုံး အဆင်ပြေကြပါစေ 😊
#退職届 #退職 #အလုပ်ထွက်စာရေးနည်း
26/02/2026
မှီခိုဗီဇာနဲ့နေတဲ့ အမျိုးသမီးရယ်
အမြဲတမ်းဝန်ထမ်းလုပ်တဲ့ အမျိုးသမီးရယ်
ကလေးမီးဖွားချိန် ခံစားခွင့် ဘာတွေ ကွာခြားသလဲ?
မှီခိုဗီဇာနဲ့ နေတဲ့ အမျိုးသမီးတွေက ထောက်ပံ့ကြေး ၂ မျိုးပဲ ရပါမယ်
✅မွေးဖွားစရိတ် ― 出産育児 一時金
(Shussan Ikuji Ichijikin) ¥၅၀၀,၀၀၀ ရပါမယ်
- ဒါက အမျိုးသားရဲ့ အာမခံ (Kenzou/Shakai Hoken) ကနေ မိသားစုဝင် မွေးဖွားခြင်း ထောက်ပံ့ကြေးအနေနဲ့ ရမှာပါ။
- ဆေးရုံမှာ တိုက်ရိုက်ချေတဲ့ စနစ် (Direct Payment) သုံးမယ် ပြောရင် ရပါတယ် ။
✅ကလေးထောက်ပံ့ကြေး
児童手当 ー Jido Teate
လစဥ် ¥၁၅,၀၀၀ ကလေး ၃ နှစ်ပြည့်သည်အထိ
• ဒါက အလုပ်နဲ့မဆိုင်ဘဲ ဂျပန်မှာနေထိုင်တဲ့ ကလေးရှိသူတိုင်းကို 市役所―しやくしょ (City Hall) က ပေးတာပါ။
🌸🌸🌸 # # # # # #🌸🌸🌸 # # #🌸🌸🌸
✅အမြဲတမ်းဝန်ထမ်း/ အချိန်ပိုင်း လုပ်တဲ့ အမျိုးသမီးတွေကတော့✅
မီးဖွားခွင့် မယူမီ ၂ နှစ်အတွင်းမှာ
雇用保険―こようほけん အလုပ်လက်မဲ့ အာမခံ
ဝင်ထားတဲ့ ကာလ စုစုပေါင်း ၁၂ လအထက် ရှိရပါမယ် ။
雇用保険 ဝင်ထားခဲ့ရင် အပေါ်မှာ ရေးထားတဲ့ ထောက်ပံ့ကြေး ၂ ခုအပြင် နောက်ထပ် ၂ ခု ထပ်ရပါမယ်။
✅မီးဖွားခွင့်လစာ ―
出産手当金 (Shussan Teatekin)
🌸ကလေးမမွေးခင် ၆ ပါတ်စာ၊ ကလေးမွေးပြီး ၈ ပါတ်စာအထိ ရပါမယ်။
✅ကလေးပြုစုခွင့်လစာ ―
育児 休業 給付金 (Ikuji Kyugyo Kyufukin)
🌸မီးဖွားခွင့်ပြီးဆုံးသည့် ရက်မှ ကလေး ၁ နှစ်/ ၂ နှစ်ပြည့်သည်အထိ ထောက်ပံ့ကြေး ရနိုင်ပါတယ်။
✅ကလေး ၁နှစ်ပြည့်/၂ နှစ်ပြည့်အထိ အလုပ်ကို ခွင့်ယူမယ်ဆိုရင်
ခွင့်ယူပြီးရင် အလုပ်ကို ပြန်ဝင်မဲ့အကြောင်း သေချာ ပြောထားသင့်ပါတယ်။✅
✅✅တကယ်လို့ အလုပ်ထွက်ချင်တယ်ဆိုရင် ခွင့်ကာလ အပြီး အလုပ်ခဏ ပြန်ဝင်ပြီး ၂ လ ၃ လ နေမှ ထွက်တာက ပိုကောင်းပါတယ်။
#ဂျပန်မှာကလေးမွေးမည့်သူများ
#နားရက်ခံစားခွင့်
#မီးဖွားခွင့်
#育児休暇
#配属者
#雇用保険加入
#給付金
#
24/02/2026
ကလေးမွေးဖွားစဉ် ထောက်ပံ့ကြေးများ လျှောက်နည်း
ထောက်ပံ့ကြေး အဓိက (၃) မျိုး ရှိပါတယ်
✅၁- မွေးဖွားစရိတ် (¥500,000) -
出産育児一時金
Shussan Ikuji Ichijikin
🌸ဘယ်မှာလျှောက်ရမလဲ- ဆေးရုံမှာပဲ လုပ်လို့ရပါတယ်
🌸ဘယ်လိုလုပ်ရမလဲ -
Direct Payment System
(直接支払制度 - Chokusetsu Shiharai Seido) ကို သုံးချင်တယ်လို့ ဆေးရုံမှာ ပြောလိုက်ပါ။
ဆေးရုံက အစိုးရဆီကနေ ၅ သိန်းကို တိုက်ရိုက်တောင်းပါလိမ့်မယ်။
မွေးစရိတ်က ယန်း ၅ သိန်းထက် ကျော်ရင် ကျော်သွားတဲ့ ပမာဏကို ကိုယ်တိုင် ဆောင်ရပါမယ်
✅၂- မီးဖွားခွင့်လစာ
(Maternity Leave Allowance)
出産手当金
Shussan Teatekin
🌸ဘယ်မှာလျှောက်ရမလဲ
ကုမ္ပဏီ မှတစ်ဆင့် လျှောက်ရပါမယ်
🌸ဘယ်အချိန်မှာလျှောက်ရမလဲ
ကလေးမွေးပြီး (၅၇) ရက်မြောက်နေ့ကစပြီး လျှောက်လို့ရပါတယ်။
🌸လုပ်ဆောင်ရန်
ကုမ္ပဏီကို Shussan Teatekin လျှောက်ချင်တယ်လို့ ပြောရင် Form ပေးပါလိမ့်မယ်။
ဆေးရုံက ဆရာဝန်လက်မှတ် လိုအပ်ပါတယ်။
✅၃- ကလေးပြုစုစဉ် ခံစားခွင့်
(Childcare Leave Allowance) -
育児休業 給付金
Ikuji Kyugyo Kyufukin
🌸ဘယ်မှာလျှောက်ရမလဲ
ဒါလည်း ကုမ္ပဏီကနေတစ်ဆင့် Hello Work ကိုလျှောက်ပေးရတာပါ။
🌸လုပ်ဆောင်ရန်
ခွင့် စ မယူခင် ကုမ္ပဏီကို ကြိုပြောထားရပါမယ်။ လျှောက်လွှာတင်တဲ့အခါ ကုမ္ပဏီကပဲ အစအဆုံး လုပ်ပေးလေ့ရှိပါတယ်။
🌸အားလုံး အဆင်ပြေကြပါစေ😊🌸
23/02/2026
🌸ဂျပန်မှာ ကလေးယူဖို့ စဉ်းစားနေတဲ့
မေမေတွေ အတွက် သိထားသင့်တဲ့ ခံစားခွင့်တွေပါ
✅၁။ ရရှိနိုင်မည့် နားရက်များ (Leave Period)
ဂျပန်ဥပဒေအရ အဓိက နားရက် ၂ မျိုးရှိပါတယ်။
🌸မီးဖွားခွင့်ー産前産後休暇
(Sanzen Sango Kyuka):
🌺မမွေးခင်: ၆ ပတ် (ရက်ပေါင်း ၄၂ ရက်)
🌺မွေးပြီး: ၈ ပတ် (ရက်ပေါင်း ၅၆ ရက်)
🌸ကလေးပြုစုစောင့်ရှောက်ခွင့်ー育児休暇
(Childcare Leave - Ikuji Kyugyo):
🌺မီးဖွားခွင့် ပြီးဆုံးသည့်နောက်နေ့မှစ၍ ကလေးအသက် ၁ နှစ် ပြည့်သည်အထိ (အခြေအနေအရ ၁ နှစ်ခွဲ သို့မဟုတ် ၂ နှစ်အထိ တိုးလို့ရပါတယ်)
✅၂။ ရရှိနိုင်မည့် ထောက်ပံ့ကြေးများ
🌸မီးဖွားခြင်းအတွက် တစ်လုံးတစ်ခဲတည်း ထောက်ပံ့ကြေး
ကလေးတစ်ယောက်အတွက် ယန်း ၅၀၀,၀၀၀ ရပါမယ်။ ဒါကို ဆေးရုံစရိတ်အတွက် တိုက်ရိုက်ပေးချေခိုင်းလို့ရပါတယ်။
🌸မီးဖွားခွင့်ကာလ ထောက်ပံ့ကြေး
မမွေးခင်နဲ့ မွေးပြီး နားရက်တွေအတွက် လူမှုဖူလုံရေး ကျန်းမာရေး အာမခံထဲကနေ (Health Insurance) ပေးတာပါ။
🌺တွက်နည်း: နေ့စဉ်ဝင်ငွေ၏ 2/3 ခန့်
🌺ခန့်မှန်းခြေ: တစ်လလျှင် ၁၆၀,၀၀၀ ယန်း ဝန်းကျင် (နားရက် စုစုပေါင်း ၉၈ ရက်စာအတွက် ရပါမယ်)။
🌸ကလေးထိန်းစရိတ် ထောက်ပံ့ကြေး
အလုပ်ပြန်မဝင်ခင် နားနေတဲ့ ကာလအတွက် ပေးတာပါ။
🌺ပထမ ၆ လ: လစာ၏ ၆၇%
(ခန့်မှန်းခြေ တစ်လ ၁၆၀,၀၀၀ ယန်း)
🌺နောက်ပိုင်းလများ: လစာ၏ ၅၀%
(ခန့်မှန်းခြေ တစ်လ ၁၂၀,၀၀၀ ယန်း)
✅၃။ အရေးကြီးသောအချက်များ
🌸社会保険と厚生年金 ကင်းလွတ်ခွင့်
နားရက်ရှည် ယူထားစဉ်အတွင်း ကျန်းမာရေးအာမခံနဲ့ ပင်စင်ကြေး (Kosei Nenkin) ပေးစရာမလိုပါဘူး (ဒါကြောင့် လက်ကျန်ငွေက ပုံမှန်ထက် ပိုများနိုင်ပါတယ်)
🌸住民税 (Inhabitant Tax)
နေထိုင်ခွန်ကတော့ အရင်နှစ်ဝင်ငွေပေါ် မူတည်တာမို့ နားနေစဉ်မှာ ကိုယ့်ဘာသာ ပေးဆောင်ဖို့ လိုအပ်ပါလိမ့်မယ်။
🌸ကလေးစရိတ် (Child Allowance)
ကလေးမွေးပြီးရင် အစိုးရကနေ ကလေးအတွက် တစ်လကို ၁၅,၀၀၀ ယန်း (အသက် ၃ နှစ်အထိ) ထပ်ပေးပါဦးမယ်။
‼️လစဉ်ရနိုင်မဲ့ ထောက်ပံ့ကြေးတွေကို
လစဉ် 社会保険 、厚生年金စတာတွေ ဆောင်ထားတဲ့
အမြဲတမ်းဝန်ထမ်းတစ်ယောက် ရဲ့ အခွန်ဖြတ်ပြီး လစာ
လက်ကျန် သောင်း၂၀ ရှိတဲ့သူတွေ အတွက်
အကြမ်းဖျဉ်း တွက်ပြထားတာပါ ‼️
တစ်ယောက်နဲ့ တစ်ယောက် လစာမတူတဲ့အတွက်
လစဉ်ရနိုင်မဲ့ ထောက်ပံ့ကြေးကတော့ မတူနိုင်ပါဘူး
အတိုချုပ် နားရက်နဲ့ ရနိုင်မဲ့ လစာ ဇယားကို
ကွန်မန့်မှာ ထည့်ပေးထားပါတယ် 😊
#မီးဖွားခွင့်
#နားရက်ခံစားခွင့်
#ဂျပန်မှာကလေးမွေးမည့်သူများ
23/01/2026
⭕️စက်ဘီးစီးတဲ့သူတွေ သတိထားရန်⭕️
၄ လပိုင်းကစပြီး
တင်းတင်းကြပ်ကြပ် ကိုင်ပါတော့မယ်။
ကိုယ်တွေကနိုင်ငံခြားသားတွေ ဖြစ်နေတာမို့
ပိုပြီး ဂရုစိုက်ရပါမယ်။
ဂျပန်မှာ PR လျှောက်ဖို့၊ နိုင်ငံသားခံဖို့နဲ့
Work Visa ၅ နှစ် လိုချင်တဲ့သူတွေ
လမ်းစည်းကမ်း သေးသေးလေးဖောက်ဖျက်မိရင်လဲ
ရာဇဝတ်မှု record ကျန်တာမို့
ပိုပြီး သတိထားသင့်ပါတယ်။‼️
စက်ဘီးမပြောနဲ့ လမ်းလျှောက်နေရင်း
ဘယ်သူမှ မရှိတဲ့ လူကူးမျဥ်းကြားကို
မီးနီနေချိန် ဖြတ်ကူးမိရင်တောင်
surprised check နဲ့ ဖမ်းခံရတာမျိုး ကြုံရရင်
record ကျန်ပါတယ်။
ပုံထဲမှာ ရေးထားတဲ့ စည်းမျဥ်းတွေက
❌နှစ်ယောက်စီးခြင်း
❌စည်းကမ်းအနည်းငယ်ဖောက်ဖျက်ခြင်း
❌ ဘရိတ် ပျက်နေခြင်း
❌ ခဏရပ်စောင့်ရန် သတ်မှတ်နေရာတွင် မရပ်ခြင်း
❌ လူလျှောက်လမ်းတွင် ရမ်းကားစွာစီးခြင်း
❌ စက်ဘီးစီးနေစဥ် ဖုန်းသုံးခြင်း
❌ မီးနီဖြတ်ကူးခြင်း
❌ ရထားလမ်းမကူးမီ ခဏရပ်ရန် မလိုက်နာခြင်း
❌ ညဘက်တွင် မီးမဖွင့်ပဲ စီးခြင်း
❌ မီးရထားလမ်း ပိတ်ခါနီးတွင် ကပ်၍ ဖြတ်ကူးခြင်း
❌ စက်ဘီး ၂ စီး ဘေးချင်းယှဥ်၍ စီးခြင်း
❌ လမ်းပြောင်းပြန် စီးခြင်း
❌ ထီးဆောင်း၍ စီးခြင်း ..... စသည်များ....
မီးရထားလမ်းမဖြတ်မီ တစ်ခါရပ်ရမယ်၊
一時停止ーいちじていしလို့ ရေးထားတဲ့ မျဥ်းနားမှာ
တစ်ခါရပ်ရမယ် စတဲ့ သတ်မှတ်ချက်တွေက
လိုင်စင်စာမေးပွဲ ဖြေဖူးတဲ့ သူတွေ သိပါလိမ့်မယ်။
စက်ဘီးကိုလဲ ဆိုင်ကယ်တွေ၊ ကားတွေလို
ယာဥ်လို့ သတ်မှတ်တာမို့ ဒီစည်းကမ်းတွေ ပါလာတာပါ။
ဒီအထဲက ဘယ်လိုအချက်တွေ
အများဆုံး လုပ်လေ့ရှိလဲ
ပြောသွားကြပါအုံး။