11/01/2023
皆さん。こんにちは!!
ဒီနေ့ကတော့N3 grammar ထဲက unit 1လေးကို တင်ပေးသွားမာဖြစ်ပါတယ်။လွယ်"ကူ"လေးတွေပြောပြသွားမှာဖြစ်တဲ့အတွက် ဆက်လက်ကြည့်ရှုပေးပါအုံး😁
အရင်ဆုံးပြောပြပေးမဲ့grammarကတော့ ことဆိုတဲ့ grammar လေးပဲဖစ်ပါတယ် N5 N4မှာ ことကိုတော့ အကြောင်းအရာဆိုပီး လေ့လာခဲ့ကြတယ်နော်
N3မှာတော့ ဒီထက်ပိုပီးမြှင့်လာပါပီနော်
N3မှာတော့ ことကို 2မျိုးရှိပါတယ်
1.ことにしている
2.ことになっているပါ
1.ことにしている
-မိမိဆန္ဒ မိမိသဘောနဲ့ ကိစ္စတခုကိုဖြစ်အောင်လုပ်တာမှာသုံးပါတယ်
V(じしょけい)~V(ない)+ことにしている。
例:けんこうのため,毎日 ぎゅうにゅうを
飲むことにしている。
ကျန်းမာရေးအတွက် နွားနို့သောက်တယ်ဆိုတာ ကိုယ်ပိုင်ဆန္ဒအရသောက်တာပဲဖစ်ပါတယ်။
2.ことになっている。
-မိမိဆန္ဒမပါပဲ စည်းကမ်း ဥပဒေ ဓလေ့ အမိန့်အရ လုပ်ဆောင်ဖို့သတ်မှတ်ထားတာမှာသုံးပါတယ်။
V(じしょけい)~V(ない)+ことになっている
例:ほうりつでは 20さい未満はお酒を飲んでは行けない ことになっている。
ဥပဒေအရမှာဆိုရင် အသက်၂၀မပြည့်သေးရင် အရက်သေစာသောက်စားလို့မရဖူးလို့သတ်မှတ်ထားပါတယ်။
3.ようになっている
ဒါလေးကထူးခြားကက သက်ရှိတွေမှာသုံးမရပဲ
စက်ပစ္စည်းfunctionsတွေပါသုံးရတာပဲဖစ်ပါတယ်
V(じしょけい)~V(ない)+ようになっている。
例:この スト-ブは大きくかたむくと自動的に
日が消えるようになっている。
ဒီstove မီးဖိုဟာဆိုရင် ကိုယ်အဆင်ပြေသလိုမီးကို အတိုးအလျော့လုပ်လို့ရတဲ့functionပါတာကိုသုံးထားတာဖြစ်ပါတယ်။
4.ような/ように(....လိုမျိုး) ဥပမာတွေပေးချင်တဲ့အခါသုံးပါတယ်။
V plain form(辞書けい。ないけい。た。なかった)
Noun ဆိုの လေးခံပေးရပါတယ်
-ようなကနေသူ့နောက်က Nounဆက်လိုက်ချင်ရင်
ようなလေးသုံးပေးရပါတယ်
例:私もあなたが着ているようなセ-タ-がほしい。
-ようにကတော့ သူနောက်က စာကြောင်းဆက်တွေမှာသုံးပါတယ်။
例:私もリ-さんのように上手に英語を話せるように
なりたい。
5。みたいだ or みたい
(စကားပြောရာမှာပိုသုံးပါတယ်)
意味ကတော့ 3မျိုးလောက်ရှိပါတယ်
နံပါတ်1 意味ကတော့ ခန့်မှန်းပြောဆိုတဲ့နေရာမှာသုံးပါတယ်။သေချာမသိတဲ့အခြေအနေတွေမှာပါ။
N4တုံးကようだလေးနဲ့တူတယ်နော်
VPlain. いadj. なadj だဖြုတ်. Noun+みたい
例:あの店人気がないみたいね.いつ行ってもすいていている。
ဒီဆိုင်ကလူကြိုက်မများဖူးထင်တယ်နော်။ဘယ်အချိန်သွားသွားလူနည်းတယ်နော်။
နံပါတ်2 意味ကတော့ တစုံတရာနဲ့ခိုင်းနှိုင်းတာပါ
တကယ်တော့အ့လိုမဟုတ်ပေမဲ့ အ့လိုတော့ထင်ရတယ်
V plain. Noun +みたい
例:たからくじで1000 万円あったた。ゆめみたい。
ထီပေါက်တာ အိမ်မက်လိုပဲ အိမ်မက်တော့မဟုတ်ပေမဲ့ အိမ်မက်လိုမျိုးပဲဆိုပီး ခိုင်းနှိုင်းထားတာပါ။
နံပါတ်3 -လိုမျိုး
ခုနအပေါ်က ような。ようにလိုဥပမာနဲ့ပေးပီး တခုခုလိုမျိုးဆိုပီး သုံးရာမှာသုံးပါတယ်
သူက Nounပဲသုံးပါတယ် noun みたい
例:私もリさんみたいに 日本語が上手にないたいなあ。。
6. らしい ကိုဆန်သောလို့ပြောကြပါတယ် အများစုက
ကလေးဆန်သော လူကြီးဆန်သော ဒါက သက်ရှိအတွက်
ဘာသာပြန်ဖို့ပဲအဆင်ပြေပါတယ်
သက်မဲ့ဆို အ့ဒီအရည်သွေးရှိသောလို့ ပြန်မှ
ပိုသဘာဝကျပါမယ်။
သူလဲNounပဲဆက်ပါတယ်
Nounらしい( or) Noun らしい ノウン
例1:おお山さんが拾ってきた猫を育てているそうだ。いかにも動物好きならしい。
ရာမဒကောက်ယူခဲ့တဲ့ကြောင်လေးကို မွေးထားတယ်ကြားတယ်။တနည်းအားဖြင့် တိရစ္ဆာန်ချစ်တဲ့သူပဲနော်
例2.そのセ-タ-の色, 夏らしくてすてきね。
ဒီဆွယ်တာလေးက နွေရာသီအတွက် သင့်တော်တဲ့အရည်အသွေးရှိတယ်။
7. つもり
N4တုံးက ရည်ရွယ်ထားတယ်ဆိုပီးမှတ်ခဲ့ရတယ်နော်
-N3မှာဆိုရင်တော့( တခုခုကိုအ့လိုလို့ ထင်ထားခဲ့ပေမဲ့ တကယ်တည်းအ့လိုမဟုတ်ခဲ့ဖူး )
Vた。Vている。いadj な adj。N の+つもり
例:メルを送ったつもりだったが,とどいていなかった。
mailပို့ပီးပီထင်ထားခဲ့ပေမဲ့ တကယ်က မပို့လိုက်ရဖူး။
8.~てくる。...ဖြစ်လာခဲ့တယ်
ရှင်းပါတယ် Vてformနဲ့ပဲပေါ့နော်😁
例:悲しくて,涙が出てきた。
ဝမ်းနည်းလို့ မျက်ရည်ထွက်လာတယ်။
ဒီနေ့ကတော့Mimikara Unit 1ရဲ့ grammar ကို တင်ပေးသွားတာဖြစ်ပါတယ်။နောက်ရက်တွေမှာလဲထပ်ပီးတင်ပေးသွားမယ်နော်
じゃ。またね💟