JLPT4u

JLPT4u Online Practice Test
(JLPT Old Questions & Speed Master)
with Myanmar Language Help to prepare JLPT Japanese Language Proficiency Test for Myanmar Student.

Check your skills and review the answer after finishing the test. The answers are explained in Myanmar Language. JLPT4u app support you to practice the JLPT exam. You can practice the old exam questions with limit time of Vocabulary test, Listening test, Grammar test and Listening test. Also collect the useful websites to study for each level. Let’s try to improve your level. Your success is ou

r goal.

-------------------------------

JLPT Practice Test for N2, N3, N4 ,N5. JLPT(Japanese Language Proficiency Test) Practice for Myanmar Student. You can review the answer after finishing the test and the answers are explained in Myanmar Language. Each test contains Kanji, Vocabulary, Grammar, Listening and Reading. You can choose the time limit or not.

----------------------

App download link from play store

https://play.google.com/store/apps/details?id=com.jlpt4u.wrapper

18/08/2026

🎌 Test your JLPT N3 Vocabulary!

Did you get the correct answer? 👀

Practice more Japanese for FREE at www.gojlpt.com

📚 Free JLPT Mock Tests
📝 Grammar
🎧 Listening
📖 Reading

📚 JLPT / NAT-Test ပြင်ဆင်နေသူတွေအတွက် လေ့ကျင့်စရာ Website (၂) ခုကို မျှဝေပေးလိုက်ပါတယ်။JLPT စာမေးပွဲအတွက် N5 ➜ N1 အထိ မေ...
17/08/2026

📚 JLPT / NAT-Test ပြင်ဆင်နေသူတွေအတွက် လေ့ကျင့်စရာ Website (၂) ခုကို မျှဝေပေးလိုက်ပါတယ်။

JLPT စာမေးပွဲအတွက် N5 ➜ N1 အထိ မေးခွန်းဟောင်းတွေကို လေ့ကျင့်ချင်ရင် JLPT4U က အဆင်ပြေတဲ့ Website တစ်ခုပါ။

🌐 JLPT4u
👉 https://jlpt4u.com

✅ N5 ~ N1 မေးခွန်းဟောင်းများ
✅ Grammar / Vocabulary / Reading / Listening
✅ စာမေးပွဲပုံစံအတိုင်း လေ့ကျင့်နိုင်ခြင်း
✅မြန်မာဘာသာဖြင့် ရှင်းလင်းချက်များ
✅Computer နှင့် Phone နှစ်မျိုးစလုံးတွင် အဆင်ပြေစွာ အသုံးပြုနိုင်ခြင်း

Sample Test (အခမဲ့ မေးခွန်းတစ်စုံစာ လေ့ကျင့်နိုင်)

N5 👉 https://jlpt4u.com/topics/n5-sample-test/
N4 👉 https://jlpt4u.com/topics/n4-sample-test/
N3 👉 https://jlpt4u.com/topics/n3-sample-test/
N2 👉 https://jlpt4u.com/topics/n2-sample-test/
N1 👉 https://jlpt4u.com/topics/n1-sample-test/

💡 အနည်းဆုံး မေးခွန်း (၁၀)စုံ လေ့ကျင့်ချင်တယ်ဆိုရင်တော့
(၃) လ / (၆) လ / (၁) နှစ် Membership ဝင်ပြီး အသုံးပြုနိုင်ပါတယ်။

━━━━━━━━━━━━━━━

🎓 အခမဲ့ လေ့ကျင့်ချင်တဲ့သူတွေအတွက်တော့ GoJLPT ကိုလည်း အကြံပြုပါတယ်။

🌐 GoJLPT
👉 https://www.gojlpt.com

✅ JLPT N5 & N4 သင်ခန်းစာများ (N3, N2 နှင့် N1 ကိုလည်း မကြာမီ ထပ်မံထည့်သွင်းပေးသွားမည်)
✅ Vocabulary / Grammar / Reading / Listening
✅ 100 % အခမဲ့ လေ့ကျင့်နိုင်ပါတယ်။
✅English ဘာသာဖြင့် ရှင်းလင်းချက်များ
✅Computer နှင့် Phone နှစ်မျိုးစလုံးတွင် အဆင်ပြေစွာ အသုံးပြုနိုင်ခြင်း

N5 👉 https://www.gojlpt.com/p/jlpt-n5.html
N4 👉 https://www.gojlpt.com/p/jlpt-n4.html

📌 မိမိနဲ့ အဆင်ပြေတဲ့ Website ကိုရွေးပြီး နေ့တိုင်း နည်းနည်းစီ လေ့ကျင့်သွားမယ်ဆိုရင် JLPT အောင်မြင်ဖို့ ပိုနီးလာမှာပါ။ 💪🇯🇵

#日本語能力試験 #ဂျပန်စာ

15/08/2026

🎌 Test your JLPT N5 Grammar!

Did you get the correct answer? 👀

Practice more Japanese for FREE at www.gojlpt.com

📚 Free JLPT Mock Tests
📝 Grammar
🎧 Listening
📖 Reading

🇯🇵 JLPT N5 Grammar Quiz လေးကို စမ်းဖြေကြည့်ရအောင်။

အဖြေမှန်ရခဲ့လား? 😊

🌸 gojlpt.com မှာ အခမဲ့

📚 Vocabulary
📝 Grammar
🎧 Listening
📖 Reading
🎯 Mock Tests

အားလုံးကို လေ့ကျင့်နိုင်ပါတယ်။
ဂျပန်စာလေ့လာမှု အောင်မြင်ပါစေ။ 🍀

Native တွေလို ဂျပန်စာ ယှဉ်ပြော/စကားပြောတတ်စေမယ့် N3 Grammar (၆) ခု! (Part 2) 🔥နှိုင်းယှဉ်တာ၊ ထပ်လောင်းတာနဲ့ Native တွေ န...
14/08/2026

Native တွေလို ဂျပန်စာ ယှဉ်ပြော/စကားပြောတတ်စေမယ့် N3 Grammar (၆) ခု! (Part 2) 🔥

နှိုင်းယှဉ်တာ၊ ထပ်လောင်းတာနဲ့ Native တွေ နေ့စဉ်သုံးတဲ့ စကားပြောပုံစံတွေကို ကျွမ်းကျင်သွားရင် N3 Grammer ပိုင်းမှာ အမှတ်အပြည့်ရဖို့ ပိုနီးစပ်သွားပါပြီ။ Part 2 အတွက် မပါမဖြစ် Grammar ၆ ခုကို ဆက်လက်လေ့လာလိုက်ရအောင်! 🚀
1️⃣ ~に比べ(て) (Compared to)

အဓိပ္ပာယ်: ...နှင့် နှိုင်းယှဉ်လျှင်

Pattern: Noun + に比べて

📌 昼間に比べて深夜は電気料金が安い。
(နေ့ဘက်နဲ့ နှိုင်းယှဉ်ရင် ညသန်းခေါင်အချိန်က လျှပ်စစ်ခ ဈေးသက်သာသည်။)

2️⃣ ~に加え(て) (In addition to)

အဓိပ္ပာယ်: ...အပြင် / ...အဲ့ဒီအပြင် (ထပ်လောင်းခြင်း)

Pattern: Noun + に加えて

📌 今週はテストに加えてレポート提出もあり、とても忙しい。
(ဒီအပတ်က စာမေးပွဲအပြင် Report တင်ဖို့ပါ ရှိတာကြောင့် အရမ်းအလုပ်များနေသည်။)

3️⃣ ~に対し(て) (In contrast to)

အဓိပ္ပာယ်: တစ်ဖက်မှာတော့ / ဆန့်ကျင်ဘက်အနေနဲ့

Pattern: Noun + に対して | Plain form + の + に対して

📌 兄はおとなしいのに対して、弟はよくしゃべる。
(အစ်ကိုဖြစ်သူက အေးဆေးသလောက် ညီဖြစ်သူကတော့ စကားအရမ်းပြောသည်။)

💡 Tip: Verb သို့မဟုတ် Adjective နဲ့ တွဲရင် の (Nominalizer) ထည့်ပေးဖို့ မမေ့ပါနဲ့နော်။

4️⃣ ~たびに (Every time)

အဓိပ္ပာယ်: ...တိုင်း / ...အခါတိုင်း

Pattern: Noun + の / V-Dict + たびに

📌 辞書を引くたびに新しい発見がある。
(အဘိဓာန်ကို ဖွင့်ကြည့်တိုင်း အသစ်အသစ်တွေကို ရှာဖွေတွေ့ရှိရသည်။)

5️⃣ たとえ〜ても (Even if)

အဓိပ္ပာယ်: တကယ်လို့... ရင်တောင် / ...ဆိုရင်တောင်

Pattern: たとえ + [V-te / Adj-te / N-de] + も

📌 たとえ少々高くても、質のいいものが買いたい。
(ဈေးနည်းနည်းကြီးရင်တောင်မှ အရည်အသွေးကောင်းတာကို ဝယ်ချင်သည်။)

6️⃣ 〜って (Colloquial Hearsay)

အဓိပ္ပာယ်: ...ဆိုပဲ / ...တဲ့ (စကားပြော Informal ပုံစံ)

Pattern: Plain Form + って

📌 お母さん、お父さん、きょうは遅くなるって。
(မေမေ၊ ဖေဖေက ဒီနေ့ နောက်ကျမယ်တဲ့။)

💡 Quick Summary:
Part 1 & 2 မှာပါတဲ့ Pattern လေးတွေကို နားလည်ထားရင် စာမေးပွဲ ဖြေတဲ့အခါ အသုံးဝင်ရုံတင် မဟုတ်ဘဲ နေ့စဉ် စကားပြောရာမှာပါ အများကြီး သဘာဝကျသွားပါလိမ့်မယ်!

📚 JLPT / NAT-Test ပြင်ဆင်နေသူတွေအတွက် လေ့ကျင့်စရာ Website (၂) ခုကို မျှဝေပေးလိုက်ပါတယ်။

JLPT စာမေးပွဲအတွက် N5 ➜ N1 အထိ မေးခွန်းဟောင်းတွေကို လေ့ကျင့်ချင်ရင် JLPT4U က အဆင်ပြေတဲ့ Website တစ်ခုပါ။

🌐 JLPT4u
👉 https://jlpt4u.com

✅ N5 ~ N1 မေးခွန်းဟောင်းများ
✅ Grammar / Vocabulary / Reading / Listening
✅ စာမေးပွဲပုံစံအတိုင်း လေ့ကျင့်နိုင်ခြင်း
✅မြန်မာဘာသာဖြင့် ရှင်းလင်းချက်များ
✅Computer နှင့် Phone နှစ်မျိုးစလုံးတွင် အဆင်ပြေစွာ အသုံးပြုနိုင်ခြင်း

Sample Test (အခမဲ့ မေးခွန်းတစ်စုံစာ လေ့ကျင့်နိုင်)

N5 👉 https://jlpt4u.com/topics/n5-sample-test/
N4 👉 https://jlpt4u.com/topics/n4-sample-test/
N3 👉 https://jlpt4u.com/topics/n3-sample-test/
N2 👉 https://jlpt4u.com/topics/n2-sample-test/
N1 👉 https://jlpt4u.com/topics/n1-sample-test/

💡 အနည်းဆုံး မေးခွန်း (၁၀)စုံ လေ့ကျင့်ချင်တယ်ဆိုရင်တော့
(၃) လ / (၆) လ / (၁) နှစ် Membership ဝင်ပြီး အသုံးပြုနိုင်ပါတယ်။

━━━━━━━━━━━━━━━

🎓 အခမဲ့ လေ့ကျင့်ချင်တဲ့သူတွေအတွက်တော့ GoJLPT ကိုလည်း အကြံပြုပါတယ်။

🌐 GoJLPT
👉 https://www.gojlpt.com

✅ JLPT N5 & N4 သင်ခန်းစာများ (N3, N2 နှင့် N1 ကိုလည်း မကြာမီ ထပ်မံထည့်သွင်းပေးသွားမည်)
✅ Vocabulary / Grammar / Reading / Listening
✅ 100 % အခမဲ့ လေ့ကျင့်နိုင်ပါတယ်။
✅English ဘာသာဖြင့် ရှင်းလင်းချက်များ
✅Computer နှင့် Phone နှစ်မျိုးစလုံးတွင် အဆင်ပြေစွာ အသုံးပြုနိုင်ခြင်း

N5 👉 https://www.gojlpt.com/p/jlpt-n5.html
N4 👉 https://www.gojlpt.com/p/jlpt-n4.html

📌 မိမိနဲ့ အဆင်ပြေတဲ့ Website ကိုရွေးပြီး နေ့တိုင်း နည်းနည်းစီ လေ့ကျင့်သွားမယ်ဆိုရင် JLPT အောင်မြင်ဖို့ ပိုနီးလာမှာပါ။ 💪🇯🇵

#日本語能力試験 #ဂျပန်စာ

💬 ဒီ Grammar လေးတွေကို သုံးပြီး စာကြောင်းလေးတွေ Comment မှာ လေ့ကျင့်ရေးသွားလို့ရပါတယ်နော်! 👇

📚 N2 文字・語彙 တွေ မေ့လွယ်နေလား? ကျက်ဖို့ ပျင်းနေလား?N2 စာတွေက များလာတော့“မမှတ်မိတော့ဘူး…” လို့ ခံစားရတာ သဘာဝပါပဲနော် 😊အဲ့ဒီ...
12/08/2026

📚 N2 文字・語彙 တွေ မေ့လွယ်နေလား?
ကျက်ဖို့ ပျင်းနေလား?

N2 စာတွေက များလာတော့
“မမှတ်မိတော့ဘူး…” လို့ ခံစားရတာ သဘာဝပါပဲနော် 😊

အဲ့ဒီလိုခံစားနေရတဲ့သူတွေအတွက်
လွယ်လွယ်ကူကူ လိုက်နိုင်မယ့် လေ့လာပုံလေးတစ်ခု ပြင်ဆင်ထားပါတယ် ✨

👉 တစ်နေ့ကို (၄) လုံးပဲ ဖြည်းဖြည်းချင်းလေ့လာမယ်
👉 နမူနာစာကြောင်းလေးတွေနဲ့ တွဲပြီး မှတ်မိအောင်လုပ်မယ်
👉 ပုံလေးတွေလည်း ပါတော့ ပိုပြီးမှတ်မိလွယ်မယ် 📸

တစ်ခါတလေ အများကြီးဖိအားမပေးဘဲ
နည်းနည်းချင်းပဲ ဆက်လုပ်သွားရင်ပဲ
မသိလိုက်ခင်မှာ N2 စာလုံးတွေက တဖြည်းဖြည်း ခေါင်းထဲဝင်လာပါလိမ့်မယ် 💪

**************

ဒီနေ့အတွက်ကတော့
(1) 中旬(ちゅうじゅん)
လလယ်ပိုင်း
Middle of the Month

(2) 中世 (ちゅうせい)
အလယ်ခေတ်
Middle Ages /
Medieval Period

(3) 中性(ちゅうせい)
ကြားနေ / အလယ်အလတ် / ဓာတ်ပြယ်
neutral

(4) 中途 (ちゅうと)
အလယ်တွင် / လမ်းတစ်ဝက်တွင် / မပြီးဆုံးသေးသော
Midway / Halfway / In the Middle

**************

JLPT4u မှာပြုလုပ်ထားသော ဒီဇိုင်းနှင့် စာသားများအား စီးပွားဖြစ် ကူးယူအသုံးပြုခြင်း တားမြစ်သည်။
Share ပြုလုပ်လိုပါက မူရင်း Link ကိုသာ အသုံးပြုပေးပါ။

**************

📚 JLPT / NAT-Test ပြင်ဆင်နေသူတွေအတွက် လေ့ကျင့်စရာ Website (၂) ခုကို မျှဝေပေးလိုက်ပါတယ်။

JLPT စာမေးပွဲအတွက် N5 ➜ N1 အထိ မေးခွန်းဟောင်းတွေကို လေ့ကျင့်ချင်ရင် JLPT4U က အဆင်ပြေတဲ့ Website တစ်ခုပါ။

🌐 JLPT4u
👉 https://jlpt4u.com

✅ N5 ~ N1 မေးခွန်းဟောင်းများ
✅ Grammar / Vocabulary / Reading / Listening
✅ စာမေးပွဲပုံစံအတိုင်း လေ့ကျင့်နိုင်ခြင်း
✅မြန်မာဘာသာဖြင့် ရှင်းလင်းချက်များ
✅Computer နှင့် Phone နှစ်မျိုးစလုံးတွင် အဆင်ပြေစွာ အသုံးပြုနိုင်ခြင်း

Sample Test (အခမဲ့ မေးခွန်းတစ်စုံစာ လေ့ကျင့်နိုင်)

N5 👉 https://jlpt4u.com/topics/n5-sample-test/
N4 👉 https://jlpt4u.com/topics/n4-sample-test/
N3 👉 https://jlpt4u.com/topics/n3-sample-test/
N2 👉 https://jlpt4u.com/topics/n2-sample-test/
N1 👉 https://jlpt4u.com/topics/n1-sample-test/

💡 အနည်းဆုံး မေးခွန်း (၁၀)စုံ လေ့ကျင့်ချင်တယ်ဆိုရင်တော့
(၃) လ / (၆) လ / (၁) နှစ် Membership ဝင်ပြီး အသုံးပြုနိုင်ပါတယ်။

━━━━━━━━━━━━━━━

🎓 အခမဲ့ လေ့ကျင့်ချင်တဲ့သူတွေအတွက်တော့ GoJLPT ကိုလည်း အကြံပြုပါတယ်။

🌐 GoJLPT
👉 https://www.gojlpt.com

✅ JLPT N5 & N4 သင်ခန်းစာများ (N3, N2 နှင့် N1 ကိုလည်း မကြာမီ ထပ်မံထည့်သွင်းပေးသွားမည်)
✅ Vocabulary / Grammar / Reading / Listening
✅ 100 % အခမဲ့ လေ့ကျင့်နိုင်ပါတယ်။
✅English ဘာသာဖြင့် ရှင်းလင်းချက်များ
✅Computer နှင့် Phone နှစ်မျိုးစလုံးတွင် အဆင်ပြေစွာ အသုံးပြုနိုင်ခြင်း

N5 👉 https://www.gojlpt.com/p/jlpt-n5.html
N4 👉 https://www.gojlpt.com/p/jlpt-n4.html

📌 မိမိနဲ့ အဆင်ပြေတဲ့ Website ကိုရွေးပြီး နေ့တိုင်း နည်းနည်းစီ လေ့ကျင့်သွားမယ်ဆိုရင် JLPT အောင်မြင်ဖို့ ပိုနီးလာမှာပါ။ 💪🇯🇵

#日本語能力試験 #ဂျပန်စာ

11/08/2026

🎌 Test your JLPT N4 Vocabulary!

Did you get the correct answer? 👀

Practice more Japanese for FREE at www.gojlpt.com

📚 Free JLPT Mock Tests
📝 Grammar
🎧 Listening
📖 Reading

🇯🇵 JLPT N4 Vocabulary Quiz လေးကို စမ်းဖြေကြည့်ရအောင်။

အဖြေမှန်ရခဲ့လား? 😊

🌸 gojlpt.com မှာ အခမဲ့

📚 Vocabulary
📝 Grammar
🎧 Listening
📖 Reading
🎯 Mock Tests

အားလုံးကို လေ့ကျင့်နိုင်ပါတယ်။
ဂျပန်စာလေ့လာမှု အောင်မြင်ပါစေ။ 🍀

✨ JLPT N3 Grammar ဖြေတော့မယ်ဆိုရင် ဒီ (၆) ခုကို မသိလို့ မဖြစ်ဘူးနော်! ✨N3 ရောက်လာပြီဆိုရင် Grammar တွေက မြန်မာလို ပြန်လိ...
09/08/2026

✨ JLPT N3 Grammar ဖြေတော့မယ်ဆိုရင် ဒီ (၆) ခုကို မသိလို့ မဖြစ်ဘူးနော်! ✨

N3 ရောက်လာပြီဆိုရင် Grammar တွေက မြန်မာလို ပြန်လိုက်ရင် "ကြောင့်" တို့၊ "အကြောင်း" တို့တူနေပေမဲ့ သုံးစွဲပုံ nuance လေးတွေ ကွာခြားသွားပါပြီ။ Mimi Kara Oboeru Unit 3 ရဲ့ အရေးကြီးဆုံး Grammar ၆ ခုကို ရှင်းရှင်းလင်းလင်း မှတ်မိလွယ်အောင် စုစည်းပေးလိုက်ပါတယ်! 💡

1️⃣ ~からにかけて (Range/Scope)
အဓိပ္ပာယ်: မှ... အထိ (ယေဘုယျ အတိုင်းအတာ)

Pattern: Noun + から + Noun + にかけて

📌 4月から5月にかけていろいろな花が咲く。
(၄ လပိုင်းမှ ၅ လပိုင်းအတွင်း ပန်းမျိုးစုံ ပွင့်သည်။)

💡 Tip: တိကျတဲ့ အစ/အဆုံးကိုပြတဲ့ ~から~まで နဲ့ မတူဘဲ အချိန် (သို့) နေရာ အတိုင်းအတာကို ခန့်မှန်းခြေ (Approximate) ဖော်ပြရာမှာ သုံးပါတယ်။

2️⃣ ~だらけ (Filled with - Negative Nuance)
အဓိပ္ပာယ်: ...တွေချည်းပဲ / ...တွေ အပြည့်ပဲ (မကောင်းသောအရာများ ပေကျံ/ပြည့်နှက်နေခြင်း)

Pattern: Noun + だらけ

📌 数学の答案は間違いだらけだった。
(သင်္ချာအဖြေလွှာက အမှားတွေချည်းပဲ ဖြစ်နေခဲ့သည်။)

3️⃣ ~おかげ (Because of - Positive Result)
အဓိပ္ပာယ်: ...ကျေးဇူးကြောင့် (ကောင်းမွန်သော ရလဒ်ထွက်ပေါ်လာသည့်အခါ)

Pattern: Plain form / Noun + の + おかげ

📌 仕事が早く済んだのは、友だちが手伝ってくれたおかげだ。
(အလုပ် စောစောပြီးသွားတာ သူငယ်ချင်းက ကူညီပေးခဲ့တဲ့ ကျေးဇူးကြောင့် ဖြစ်ပါတယ်။)

4️⃣ ~せい / ~せいか (Because of - Negative Result)
အဓိပ္ပာယ်: ~せい (ကြောင့် / ...အပြစ်ကြောင့်) ၊ ~せいか (~ကြောင့်လားမသိ)

Pattern: Noun Modification Form + せい / せいか

📌 景気が悪いせいでボーナスが減った。
(စီးပွားရေး မကောင်းတဲ့အတွက်ကြောင့် ဘောနပ်စ် လော့သွားသည်။)

📌 年のせいか、このごろ物忘れがひどい。
(အသက်ကြီးလာလို့လားမသိဘူး၊ ဒီရက်ပိုင်း အမေ့အလျော့ အရမ်းများနေတယ်။)

5️⃣ 〜とおり(に) / どおり(に) (In accordance with)
အဓိပ္ပာယ်: ...အတိုင်း / ...အတိုင်းအတိုင်း (အတိအကျ လုပ်ဆောင်ခြင်း)

Pattern: V-Dict / V-Ta + とおり | Noun + どおり | Noun + の + とおり

📌 先生が黒板に書いたとおりにノートに写した。
(ဆရာက ကျောက်သင်ပုန်းပေါ်မှာ ရေးထားတဲ့အတိုင်း မှတ်စုစာအုပ်ထဲ ကူးခဲ့ကြတယ်။)

💡 Rule: Noun နဲ့ တိုက်ရိုက်တွဲရင် ~どおり (dori) ဖြစ်ပြီး၊ の ပါရင် ~のとおり (no toori) ဖြစ်သွားတာကို စာမေးပွဲအတွက် သတိထားပါ။

6️⃣ ~について vs ~に関し(て) (About / Regarding)
အဓိပ္ပာယ်: ...အကြောင်း / ...နှင့် ပတ်သက်၍

Pattern: Noun + について / に関して

📌 日本の歴史について勉強したい。 (ဂျပန်သမိုင်းအကြောင်းကို လေ့လာချင်ပါတယ်။ - General)

📌 申し込み手続きに関してお伺いしたいのですが。 (လျှောက်လွှာတင်တဲ့ လုပ်ငန်းစဉ်နဲ့ ပတ်သက်လို့ မေးမြန်းချင်လို့ပါ။ - Formal/Business)

💬 ဒီ ၆ ခုထဲမှာ ဘယ် Grammar Pattern က မှတ်ရတာ အခက်ဆုံးလဲ? Comment မှာ ပြောခဲ့ပါဦးနော်! 👇

📚 JLPT / NAT-Test ပြင်ဆင်နေသူတွေအတွက် လေ့ကျင့်စရာ Website (၂) ခုကို မျှဝေပေးလိုက်ပါတယ်။

JLPT စာမေးပွဲအတွက် N5 ➜ N1 အထိ မေးခွန်းဟောင်းတွေကို လေ့ကျင့်ချင်ရင် JLPT4U က အဆင်ပြေတဲ့ Website တစ်ခုပါ။

🌐 JLPT4u
👉 https://jlpt4u.com

✅ N5 ~ N1 မေးခွန်းဟောင်းများ
✅ Grammar / Vocabulary / Reading / Listening
✅ စာမေးပွဲပုံစံအတိုင်း လေ့ကျင့်နိုင်ခြင်း
✅မြန်မာဘာသာဖြင့် ရှင်းလင်းချက်များ
✅Computer နှင့် Phone နှစ်မျိုးစလုံးတွင် အဆင်ပြေစွာ အသုံးပြုနိုင်ခြင်း

Sample Test (အခမဲ့ မေးခွန်းတစ်စုံစာ လေ့ကျင့်နိုင်)

N5 👉 https://jlpt4u.com/topics/n5-sample-test/
N4 👉 https://jlpt4u.com/topics/n4-sample-test/
N3 👉 https://jlpt4u.com/topics/n3-sample-test/
N2 👉 https://jlpt4u.com/topics/n2-sample-test/
N1 👉 https://jlpt4u.com/topics/n1-sample-test/

💡 အနည်းဆုံး မေးခွန်း (၁၀)စုံ လေ့ကျင့်ချင်တယ်ဆိုရင်တော့
(၃) လ / (၆) လ / (၁) နှစ် Membership ဝင်ပြီး အသုံးပြုနိုင်ပါတယ်။

━━━━━━━━━━━━━━━

🎓 အခမဲ့ လေ့ကျင့်ချင်တဲ့သူတွေအတွက်တော့ GoJLPT ကိုလည်း အကြံပြုပါတယ်။

🌐 GoJLPT
👉 https://www.gojlpt.com

✅ JLPT N5 & N4 သင်ခန်းစာများ (N3, N2 နှင့် N1 ကိုလည်း မကြာမီ ထပ်မံထည့်သွင်းပေးသွားမည်)
✅ Vocabulary / Grammar / Reading / Listening
✅ 100 % အခမဲ့ လေ့ကျင့်နိုင်ပါတယ်။
✅English ဘာသာဖြင့် ရှင်းလင်းချက်များ
✅Computer နှင့် Phone နှစ်မျိုးစလုံးတွင် အဆင်ပြေစွာ အသုံးပြုနိုင်ခြင်း

N5 👉 https://www.gojlpt.com/p/jlpt-n5.html
N4 👉 https://www.gojlpt.com/p/jlpt-n4.html

📌 မိမိနဲ့ အဆင်ပြေတဲ့ Website ကိုရွေးပြီး နေ့တိုင်း နည်းနည်းစီ လေ့ကျင့်သွားမယ်ဆိုရင် JLPT အောင်မြင်ဖို့ ပိုနီးလာမှာပါ။ 💪🇯🇵

#日本語能力試験 #ဂျပန်စာ

08/08/2026

🎌 Test your JLPT N4 Grammar!

Did you get the correct answer? 👀

Practice more Japanese for FREE at www.gojlpt.com

📚 Free JLPT Mock Tests
📝 Grammar
🎧 Listening
📖 Reading

🇯🇵 JLPT N4 Grammar Quiz လေးကို စမ်းဖြေကြည့်ရအောင်။

အဖြေမှန်ရခဲ့လား? 😊

🌸 gojlpt.com မှာ အခမဲ့

📚 Vocabulary
📝 Grammar
🎧 Listening
📖 Reading
🎯 Mock Tests

အားလုံးကို လေ့ကျင့်နိုင်ပါတယ်။
ဂျပန်စာလေ့လာမှု အောင်မြင်ပါစေ။ 🍀

JLPT N3 ရောက်လာပြီဆိုရင် Grammar တွေက အဓိပ္ပာယ်တူသလို ထင်ရပေမယ့် Nuance (အသုံးအနှုန်းကွာခြားချက်) ကို နားလည်ဖို့ အရေးကြီ...
07/08/2026

JLPT N3 ရောက်လာပြီဆိုရင် Grammar တွေက အဓိပ္ပာယ်တူသလို ထင်ရပေမယ့် Nuance (အသုံးအနှုန်းကွာခြားချက်) ကို နားလည်ဖို့ အရေးကြီးလာပါတယ်။
ဒီနေ့တော့ N3 မှာ မဖြစ်မနေ သိထားသင့်တဲ့ Grammar (7) ခုကို Pattern + Usage + Example နဲ့ အကျဉ်းချုပ် မျှဝေပေးလိုက်ပါတယ်။

━━━━━━━━━━━━━━

✅ ① ~てほしい / ~てもらいたい

👉 အခြားသူကို တစ်ခုခုလုပ်ပေးစေချင်တဲ့ ဆန္ဒ

Pattern

Vて + ほしい

Vて + もらいたい

Example

📌 親には長生きしてもらいたい。
(မိဘတွေကို အသက်ရှည်ရှည် နေစေချင်တယ်။)

📌 子どもには毎日勉強してほしい。
(ကလေးကို နေ့တိုင်း စာကျက်စေချင်တယ်။)

📌 みんなに食べてもらいたい。
(အားလုံးကို စားစေချင်တယ်။)

💡 Nuance
✔ ကိုယ်တိုင်လုပ်တာ မဟုတ်ဘူး။
✔ တခြားသူကို လုပ်စေချင်တဲ့ ဆန္ဒ

━━━━━━━━━━━━━━

✅ ② ~ば / ~たら / ~のに / ~よかった

👉 မဖြစ်လာတဲ့ ဆန္ဒ၊ နောင်တရခြင်း

Pattern

Vば

Vたら

~のに

~ばよかった

~なければよかった

Example

📌 もう少し時間があれば、全部できたのに。
(အချိန်ပိုရှိရင် အကုန်လုပ်နိုင်မှာပဲ။)

📌 タクシーで行けばよかった。
(တက္ကစီနဲ့ သွားခဲ့ရင် ကောင်းသား။)

📌 あんなこと言わなければよかった。
(အဲဒီလို မပြောခဲ့ရင် ကောင်းသား။)

💡 Nuance

✔ ဖြစ်မလာတဲ့အရာ

✔ နောင်တ

✔ မဖြစ်နိုင်တဲ့ ဆန္ဒ

━━━━━━━━━━━━━━

✅ ③ 使役形(Causative)

👉 စေခိုင်းခြင်း / ခွင့်တောင်းခြင်း

Pattern

V(使役形)

Vさせてもらう

Vさせてください

Vさせていただけませんか

Example

📌 今日、休ませてもらいました。
(ဒီနေ့ အနားယူခွင့် ရခဲ့ပါတယ်။)

📌 少し考えさせてください。
(နည်းနည်း စဉ်းစားခွင့်ပြုပါ။)

📌 帰らせていただけませんか。
(ပြန်ခွင့်ပြုပေးနိုင်မလားခင်ဗျာ။)

💡 Business Japanese မှာ

~させていただけませんか

ကို ပိုပြီး ယဉ်ကျေးတဲ့ အသုံးအနှုန်းအဖြစ် သုံးပါတယ်။

━━━━━━━━━━━━━━

✅ ④ 自動詞を使った表現

👉 အရာဝတ္ထုရဲ့ သဘာဝဂုဏ်သတ္တိကို ဖော်ပြခြင်း

Pattern

自動詞

Example

📌 この包丁はよく切れる。
(ဒီဓားက အရမ်းထက်တယ်။)

📌 このかばんはたくさん入る。
(ဒီအိတ်က အများကြီးဆံ့တယ်။)

📌 壊れやすい。
(ပျက်စီးလွယ်တယ်။)

💡 Nuance

✔ အရာဝတ္ထုရဲ့ မူလဂုဏ်သတ္တိ

━━━━━━━━━━━━━━

✅ ⑤ ~み

👉 အရည်အသွေးကို နာမ်အဖြစ် ပြောင်းသုံးခြင်း

Pattern

いAdj / なAdj + み

Example

📌 楽しみ
(မျှော်လင့်ချက်)

📌 丸み
(ဝိုင်းဝန်းမှု)

📌 苦しみ
(နာကျင်မှု)

📌 悲しみ
(ဝမ်းနည်းမှု)

💡 Nuance

「~さ」

= တိုင်းတာလို့ရတဲ့ Quality

「~み」

= ခံစားရတဲ့ Quality

━━━━━━━━━━━━━━

✅ ⑥ ~のではないだろうか

👉 မိမိရဲ့ ထင်မြင်ချက်ကို နူးညံ့စွာ ပြောခြင်း

Pattern

Plain Form + のではないだろうか

Plain Form + のではないかと思う

Example

📌 AチームよりBチームのほうが強いのではないかと思う。

(B အသင်းက ပိုအားကောင်းမယ်လို့ ထင်ပါတယ်။)

📌 雨が降るのではないでしょうか。

(မိုးရွာမယ် ထင်ပါတယ်။)

Spoken

✔ んじゃない?

✔ んじゃないかと思う

━━━━━━━━━━━━━━

✅ ⑦ 縮約形(しゅくやくけい)
(အတိုကောက်ပုံစံများ)

ဂျပန်လူမျိုးတွေ နေ့စဉ် စကားပြောရာမှာ အလွန်အသုံးများပါတယ်။

Example

📌 行ってる?(行っている?)
🔹 ている → **てる**

📌 読んどいて。(読んでおいて。)
🔹 ておく → **とく**

📌 勉強しなきゃ。
🔹 なければ → **なきゃ**

📌 帰らなくちゃ。
🔹 なくてはならない → **なくちゃ**

📌 ဒီပုံစံတွေကို နားလည်ထားရင် Anime၊ Drama နဲ့ Native Conversation တွေကို ပိုပြီး နားလည်လွယ်လာပါတယ်။

━━━━━━━━━━━━━━

📌 အတိုချုပ် မှတ်ထားရအောင်

✅ ~てほしい / ~てもらいたい
➡ အခြားသူကို လုပ်ပေးစေချင်ခြင်း

✅ ~のに / ~よかった
➡ မဖြစ်လာတဲ့ ဆန္ဒ၊ နောင်တ

✅ 使役形
➡ စေခိုင်းခြင်း၊ ခွင့်တောင်းခြင်း

✅ 自動詞
➡ အရာဝတ္ထုရဲ့ သဘာဝဂုဏ်သတ္တိ

✅ ~み
➡ ခံစားရတဲ့ အရည်အသွေး

✅ ~のではないだろうか
➡ နူးညံ့တဲ့ ထင်မြင်ချက်

✅ 縮約形(しゅくやくけい)
➡ Native Speaker တွေရဲ့ နေ့စဉ် စကားပြောပုံစံ

📖 JLPT N3 မှာ အမှတ်ကောင်းချင်ရင် Grammar ကို အလွတ်ကျက်ရုံနဲ့ မလုံလောက်ပါဘူး။ Pattern + Nuance + Example Sentence ကို တွဲပြီး လေ့ကျင့်တာက အထိရောက်ဆုံးပါ။

💬 ဒီ Grammar (၇) ခုထဲမှာ သင့်အတွက် အခက်ဆုံးက ဘယ်တစ်ခုလဲ? Comment မှာ မျှဝေပေးခဲ့ပါဦး။ 😊

📚 JLPT / NAT-Test ပြင်ဆင်နေသူတွေအတွက် လေ့ကျင့်စရာ Website (၂) ခုကို မျှဝေပေးလိုက်ပါတယ်။

JLPT စာမေးပွဲအတွက် N5 ➜ N1 အထိ မေးခွန်းဟောင်းတွေကို လေ့ကျင့်ချင်ရင် JLPT4U က အဆင်ပြေတဲ့ Website တစ်ခုပါ။

🌐 JLPT4u
👉 https://jlpt4u.com

✅ N5 ~ N1 မေးခွန်းဟောင်းများ
✅ Grammar / Vocabulary / Reading / Listening
✅ စာမေးပွဲပုံစံအတိုင်း လေ့ကျင့်နိုင်ခြင်း
✅မြန်မာဘာသာဖြင့် ရှင်းလင်းချက်များ
✅Computer နှင့် Phone နှစ်မျိုးစလုံးတွင် အဆင်ပြေစွာ အသုံးပြုနိုင်ခြင်း

Sample Test (အခမဲ့ မေးခွန်းတစ်စုံစာ လေ့ကျင့်နိုင်)

N5 👉 https://jlpt4u.com/topics/n5-sample-test/
N4 👉 https://jlpt4u.com/topics/n4-sample-test/
N3 👉 https://jlpt4u.com/topics/n3-sample-test/
N2 👉 https://jlpt4u.com/topics/n2-sample-test/
N1 👉 https://jlpt4u.com/topics/n1-sample-test/

💡 အနည်းဆုံး မေးခွန်း (၁၀)စုံ လေ့ကျင့်ချင်တယ်ဆိုရင်တော့
(၃) လ / (၆) လ / (၁) နှစ် Membership ဝင်ပြီး အသုံးပြုနိုင်ပါတယ်။

━━━━━━━━━━━━━━━

🎓 အခမဲ့ လေ့ကျင့်ချင်တဲ့သူတွေအတွက်တော့ GoJLPT ကိုလည်း အကြံပြုပါတယ်။

🌐 GoJLPT
👉 https://www.gojlpt.com

✅ JLPT N5 & N4 သင်ခန်းစာများ (N3, N2 နှင့် N1 ကိုလည်း မကြာမီ ထပ်မံထည့်သွင်းပေးသွားမည်)
✅ Vocabulary / Grammar / Reading / Listening
✅ 100 % အခမဲ့ လေ့ကျင့်နိုင်ပါတယ်။
✅English ဘာသာဖြင့် ရှင်းလင်းချက်များ
✅Computer နှင့် Phone နှစ်မျိုးစလုံးတွင် အဆင်ပြေစွာ အသုံးပြုနိုင်ခြင်း

N5 👉 https://www.gojlpt.com/p/jlpt-n5.html
N4 👉 https://www.gojlpt.com/p/jlpt-n4.html

📌 မိမိနဲ့ အဆင်ပြေတဲ့ Website ကိုရွေးပြီး နေ့တိုင်း နည်းနည်းစီ လေ့ကျင့်သွားမယ်ဆိုရင် JLPT အောင်မြင်ဖို့ ပိုနီးလာမှာပါ။ 💪🇯🇵

#日本語能力試験 #ဂျပန်စာ

住所

Online
Osaka, Osaka

アラート

JLPT4uがニュースとプロモを投稿した時に最初に知って当社にメールを送信する最初の人になりましょう。あなたのメールアドレスはその他の目的には使用されず、いつでもサブスクリプションを解除することができます。

ショートカット

  • 住所
  • アラート

共有する

カテゴリー