Utsubo Japanese Language Centre

Utsubo Japanese Language Centre

共有する

No 27, Aung Tha Pyay st, Sanchaung T/S (Yangon )
osaka city,Japan

17/04/2026

ကုသိုလ်ဆိုတာ ကောင်းကျိုးတွေကိုဖြစ်စေတဲ့ အကြောင်းတရားတဲ့

အကုသိုလ်ပဲဖြစ်ဖြစ် ကုသိုလ်ပဲဖြစ်ဖြစ် ကိုယ့်ရုပ်ခန္ဓာထဲမှာ ရှိတဲ့သဘာဝတရားပဲ။

ဘယ်အရာကိုဖြစ်စေမလဲဆိုတာကတော့ ကိုယ့်အသိတရားနဲ့ သတိထားဆုံးဖြတ်ရမှာပဲ။

ဆိုကြပါစို့ ပြည့်စုံသာယာနေတဲ့သူတွေရဲ့ဘဝမှာ မရှိဘူး၊မလောက်ငှဘူး၊လိုအပ်ချက်တွေမဖြည့်ဆည်းနိုင်ဘူးဆိုတဲ့ပူပန်မှုမရှိဘူး။ကောင်းသလိုထင်ရပေမဲ့ တွေးတောဆင်ခြင်စရာလည်းနည်းသွားတတ်တယ်။သူ့မှာကပြည့်စုံနေတာကို

တော်တော်များများ ချမ်းသာတဲ့နိုင်ငံကြီးတွေနေရတဲ့အခါ စတုဒီသာလို အလှူအတန်းမျိုးတွေအတော်နည်းတာတွေ့ရတယ်။မပြည့်စုံတဲ့သူလည်းရှိမှာပေမဲ့အလှူပေး အလှူခံဓလေ့ မရှိဘူး။ကိုယ့်မရှိတာဟာ ကိုယ့်တာဝန် ကိုယ့်ကြိုးစားအားထုတ်မှုနဲ့ပဲတိုင်းတာကြတယ်။

အတိတ်ကံဆိုတာရှိတယ်လို့သိရရင်တောင် အားကိုးစရာ၊အပြစ်ဆိုစရာအနေနဲ့ ကံကို အဖက်မလုပ်ကြဘူး။ကံကောင်းခြင်းတွေကိုတော့ ယုံကြည်ရာကိုးကွယ်မှုနဲ့ တောင်းဆိုတတ်ကြတယ်။ရဟန်းစတဲ့ အလှူခံပုဂ္ဂိုလ်တွေကို နေ့စဉ်အပတ်စဉ်လှူဒါန်းတဲ့ဓလေ့တွေလည်း မရှိကြဘူး။

တခြားဘာသာဝင်တွေမှာလည်း သူ့ထုံးစံအလိုက် အချိန်အခါနဲ့ ပွဲတော်အလိုက်လှူဒါန်းမျှဝေတဲ့ဓလေ့ရှိကြပေမ့ မြန်မာ၊ထိုင်း၊လာအို၊ကမ္ဗောဒီးယားတဲ့ဗုဒ္ဓဘာသာနိုင်ငံတွေမှာကျတော့ လှုဒါန်းစရာနေရာများသလို အလှူခံပုဂ္ဂိုလ်အမျိုးအစားတွေလည်း ဒုနဲ့ဒေး။

ကြည်ညိုလို့လှူတာ၊နောက်ဘဝကောင်းစားရေးအတွက်လှူတာ၊ကုသိုလ်ပြုချင်လို့လှူတာ၊ဂုဏ်ယူချင်လို့လှူတာ၊ဓလေ့ရိုးရာကိုထိန်းသိမ်းချင်လို့၊သနားလို့၊ကိုယ်ချင်းစာလို့စသဖြင့် ကိုယ့်ခံယူချက်နဲ့ကိုယ်လှူဖို့အကြောင်းတရားတွေရှိတယ်။

လှူဒါန်းတဲ့နေရာမှာ အကျင့်သီလနဲ့ပြည့်စုံတဲ့ပုဂ္ဂိုလ်နဲ့ စားစရာမရှိတဲ့သူဆင်းရဲ၊ကိုယ်လိုသူလိုလူချင်း ဘယ်သူ့ကို့ရွေးခြယ်လှူဒါန်းမလဲဆိုတဲ့ မေးခွန်းထုတ်စရာအခြေအနေလည်းရှိတယ်။

အကျင့်သီလနဲ့ပြည့်စုံတဲ့ရဟန်းဆိုရင် နေစရာကျောင်း၊စီးစရာကားနဲ့ ဒကာ၊ဒကာမဆိုတာလည်း ပေါလျှံနေမှာသေချာတာပေါ့။ကြည်ညိုစရာကိုး

သူဆင်းရဲဆိုတာကလည်း ဘာလုပ်လုပ်အဆင်မပြေတဲ့အကြောင်းတရားဟာ အတိတ်ကံကြောင့်ချည်းမဟုတ်ဘဲ လက်ရှိဘဝမှာ ဥာဏ်နည်းလို့၊မသင်ယူချင်လို့၊ပျင်းလို့၊ကြိုးစားမှုနဲ့ရိုးသားမှုမှာ တစ်ခုခုချို့ယွင်းနေလို့ဆိုတာမျိုးရှိတတ်ကြတော့ ရွေးခြယ်လှူဒါန်းရတာ အတော်ခက်ခဲမှာပဲ။မပေးချင်စရာကိုး

ဒါပေမဲ့ ကိုယ်ကြိုးစားရှာဖွေထားတဲ့ ပိုင်ဆိုင်မှုကို ကိုယ့်မှာပေါများနေတာမဟုတ်ဘဲနဲ့တောင် အယုတ်အလတ်အမြတ်မရွေး သူတပါးကို ရက်ရက်ရောရော ပေးကမ်းလိုတဲ့ ကုသိုလ်စိတ်ဟာ အတော်ကောင်းမွန်တဲ့စိတ်ကလေးပါပဲ။

အစစ မပြည့်စုံတဲ့နိုင်ငံမျိုးမှာ လူဖြစ်ရတဲ့အတွက်လည်း ကုသိုလ်ပြုဖြစ်တယ်။မရှိတာကိုတွေ့ကြုံဖူးလို့ ကိုယ်ချင်းစာတယ်၊ပြည့်စုံပေါလျှံနေတာမဟုတ်ဘဲနဲ့လည်း စွန့်ခြင်းကြီးစွန့်ကြတယ်။ဓလေ့ထုံးစံအရလည်း ကောင်းမှုပြုဖို့မမေ့မလျော့ အားထုတ်ကြတယ်။

တခါတလေ တို့နိုင်ငံဘာကောင်းလဲလို့တွေးရင် ဒါနပါရမီတော့အပြည့်ရနိုင်တယ်လို့ဖြေတွေးပါ။

ပစ္စည်းဒါန၊စားစရာဒါနမှမဟုတ်ဘူး။ထိုင်စရာနေရာဖယ်ပေးတာလို ကာလဒါန၊ပရဟိတလို သူတပါးအကျိုးဆောင်ပေးတဲ့ ကာယဒါန၊ငွေအကြွေအနုတ်ကိုကိုယ့်စိတ်နဲ့ကိုယ်ပြန်မယူတာ၊မပုပ်မသိုးတဲ့စားစရာကို တကူးတကဖယ်ထားပြီး သူတပါးကိုပေးကမ်းတာမျိုးအပြင် တရားထိုင် တရားအားထုတ် တရားစာရွတ်ဆိုပူဇော်အပြီး ကိုယ့်ကုသိုလ်ကို ဝေမျှပေးတာကလည်း ကုသိုလ်မည်တယ်။

ကုသိုလ်ဖြစ်စေတဲ့အကြောင်းတရားလေးတွေပြုရင်းနှစ်သစ်ကို ကုန်ဆုံးကြပါစို့။

UJLC
၁၇၊၄၊၂၀၁၆
နှစ်ဆန်းတစ်ရက်နေ့

13/03/2026

んဆိုတဲ့撥音(はつおん)အသတ်သံမှာ an နဲ့ en ကမြန်မာဘာသာ nativeဖြစ်နေတဲ့သူတွေအတွက်သတိထားထွက်ရမဲ့အသံဖြစ်လို့ လေ့လာကြည့်ကြရအောင်နော်။အသတ်သံ(န်-င်-မ်) #ဂျပန်ဘာသာ

24/02/2026

【ပညာတော်သင်ဆွေးနွေးပွဲ】
【留学アドバイザーによる留学相談会】

ဂျပန်သံရုံးအနေဖြင့် တစ်လလျှင်တစ်ကြိမ် ပညာတော်သင်ဆွေးနွေးပွဲကို ကျင်းပလျက်ရှိပါသည်။ မတ်လ၏ ပညာတော်သင်ဆွေးနွေးပွဲတွင်  J.F. Oberlin University က တက္ကသိုလ်အကြောင်းကို မိတ်ဆက်ပေးမည့် အစီအစဉ်လည်း ရှိပါသည်။ စိတ်ပါဝင်စားသူများ အနေဖြင့် ဆက်ဆက် တက်ရောက်ကြပါရန် မေတ္တာရပ်ခံအပ်ပါသည်။
ပညာတော်သင်ဆွေးနွေးပွဲကို တက်ရောက်လိုပါက အောက်ပါလင့်ခ်တွင် စာရင်းသွင်း လျှောက်ထားနိုင်ပါသည်။

○ နေ့ရက်နှင့်အချိန်။ ။ မတ်လ ၄ ရက်၊ ၂၀၂၆ ခုနှစ် (ဗုဒ္ဓဟူးနေ့)
နေ့လယ် ၂နာရီ မှ ၄နာရီအထိ
※၂၀၂၆ခုနှစ် ဧပြီလ၏အချိန်စာရင်းကို မကြာမီ ကြေညာသွားပါမည်။
○ ကျင်းပမည့်ပုံစံ။ ။ အွန်လိုင်း (Zoom)
○ စာရင်းသွင်းလျှောက်ထားရန်လင့်ခ်။ ။ https://forms.gle/RqJFxAuYXgbsebzj7
○ ဆွေးနွေးပေးမည့်ပုဂ္ဂိုလ်။ ။ MAJA, OJEIC, J.F. Oberlin University

日本国大使館では月1回程度、留学アドバイザーによる留学相談会を開催しています。3月の相談会は桜美林大学の紹介セッションがあります。ご興味のある方はぜひご参加ください!
参加希望の方は以下の予約フォームリンクよりお申し込みください。

○日時: 2026年3月4日(水)14時~16時
     ※2026年4月の日程は後日お知らせ致します。

○開催形式: オンライン(Zoom)

○予約フォームリンク: https://forms.gle/RqJFxAuYXgbsebzj7

○アドバイザー: MAJA、OJEIC
 
○ゲスト: 桜美林大学

Photos from 在ミャンマー日本国大使館/Embassy of Japan in Myanmar's post 08/02/2026
06/02/2026

ဂျပန်မှာအလုပ်သွားလုပ်တဲ့ကလေးတွေအပါအဝင်ပေါ့ ပြည်ပမှာငွေရှာမှ မိသားစုစားဝတ်နေရေးအဆင်ပြေမဲ့သူတွေ ကျမတို့နိုင်ငံမှာ အများကြီးပဲ။

ရှိတဲ့ပိုင်ဆိုင်မှုတွေကို ထုခွဲပြီး ဆွေမျိုးတွေဆီက ချေးငှါးပြီး အလိမ်အညာတွေကြား စွန့်စားရတဲ့သူတွေရှိသလို သွားဖို့တောင်မပံ့ပိုးနိုင်တဲ့မိဘတွေလည်းရှိ၊ကိုယ့်ဒေသမအေးချမ်းလို့ သင်တန်းတက်ဖို့တောင် လက်လှမ်းမမှီ၊ခရီးသွားလက်မှတ်ရှိပြီး နိုင်ငံခြားသွားဖို့ဆိုတာ မှတ်ပုံတင်တောင်ဘယ်ဆီနေမှန်းမသိတဲ့ ဒေသကလူတွေလည်းအများကြီးပဲ။

ဒီလိုအခက်အခဲတွေကြားက ထွက်ခွင့်ရပြီး ရောက်သွားတယ်ဆိုတာ မဟာအောင်မြင်မှုကြီးလိုပဲပေါ့

မိဘတွေအဖို့မှာလည်း ငွေရမဲ့လမ်းကြောင်းရှိလို့ မပူမပင်နေရစားရပါပြီ။

ဒါပေမဲ့
ဘဝကဒီမှာပဲ တစ်ခန်းရပ်လို့ happy ending နဲ့အဆုံးသတ်သွားတာမျိုးချည်းတော့မဟုတ်ဘူး။

နောက်တစ်ခန်းရဲ့အဖွင့်မှာ ဘဝဇာတ်လမ်းစရပြန်တယ်။လူနေမှုမတူ။စဉ်းစားပုံနဲ့စိတ်နေစိတ်ထားမတူ။ယဉ်ကျေးမှုကွာခြားမှုဒဏ်တွေကို ရောက်စမှာ အသေအလဲမခံရတဲ့သူဆိုတာမရှိဘူး။

၂၀ဝန်းကျင်ဆိုရင်တော့ ယဉ်ကျေးမှုမတူတာကိုစီးမြောနိုင်ပေမဲ့ ကိုယ်လာတဲ့ဒေသက လူနေမှုနဲ့ကွာခြားလွန်းသူတွေ၊အသက်အရွယ်တစ်ခုထိ မိမိယဉ်ကျေးမှုမှာ အသားကျနေသူတွေမှာတော့ အပြောင်းအလဲကြီးတွေ ရင်ဆိုင်ရတော့တာပါပဲ။

ဘာသာစကားနံရံကြီး ဆိုတာကလည်းသိကြတဲ့အတိုင်း စကားလုံးလေးတစ်လုံးနဲ့တောင် တစ်ဖက်လူရဲ့စိတ်အခြေအနေကိုပြောင်းသွားစေတာကိုး။

ဥပမာ “わたし言ったよね“ဆိုတာကို N5အဆင့်မှာ “ငါပြောခဲ့တယ်နော်””ငါပြောထားတယ်လေ”လို့ပဲဘာသာစကားအရနားလည်မှာဆိုပေမဲ့ ဂျပန်တစ်ယောက်အနေနဲ့ဆို အထက်စီးက၊စိတ်ဆိုးလို့ပြောနေတဲ့စကားပါ။

ခဏခဏအထက်စီးကပြောနေတာတွေကို နားယဉ်ပြီး လုပ်ဖော်ကိုင်ဖက်တွေ၊ဂျပန်သူငယ်ချင်းတွေကိုသွားပြောမိတဲ့အခါ ကိုယ့်ရဲ့အထက်စီးသံကနေ ကိုယ်တောင်မသိလိုက်ဘဲအမုန်းခံရတတ်ပါတယ်။

ဂျပန်လူမျိုးတွေဟာ သူတပါးကိုဆက်ဆံရာမှာ အရှိအတိုင်းမပြောဆိုရတဲ့ ကျင့်ဝတ်ရှိပါတယ်။

ဒါကို culture လို့မမြင်နိုင်သူတွေကတော့ ဂျပန်တွေက ဟန်ဆောင်တတ်တယ်။ရှေ့ချိုတွေဟန်ဆောင်အသိုင်းအဝိုင်းကြီး လို့မြင်မှာပါ။

ဓလေ့ဆိုရာမှာ ကိုယ်မွေးလာတဲ့ပတ်ဝန်းကျင်ကလူအများလက်ခံကျင့်သုံးပြီးသားအရာတစ်ခုကို ကိုယ်လည်းစီးမျောရင်း အမှန်တရားတစ်ခု၊ကျင့်ဝတ်တစ်ခုလို လက်ခံကျင့်သုံးနေရတာပါ။

ထမင်းစားရင်စားပွဲပေါ်
တံတောင်ဆစ် ထောက်စားတာဟာ ရိုင်းတယ်၊ပမာမခန့်အပြုအမူပဲလို့ယူဆတဲ့ ဂျပန်လူမျိုးဟာ သူ့တိုင်းပြည်ထဲမှာပဲနေဖူးတာဆိုရင်၊လူမျိုးခြားမိတ်ဆွေတွေနဲ့မရင်းနှီးသူဆိုရင် ကိုယ့်ရှေ့စားပွဲပေါ်တံတောင်ဆစ်ထောက်စားနေတဲ့သူကို သူ့ဓလေ့ထဲကနေမြင်ပြီး မယဉ်ကျေးတဲ့သူပါလားလို့ သုံးသပ်နေမှာပါ။

ဒီလို culture မတူတာလို့ အမြင်မတူတာဟာ သူ့အတွက်ရော ကိုယ့်အတွက်ပါ ကောင်းမွန်တဲ့ဆက်ဆံရေးနဲ့ဝေးကွာသွားစေတဲ့အကြောင်းအရင်းတွေပါ။

ကိုယ်ကသူများမြေမှာနေပြီး သူတို့နဲ့အဆင်မပြေဖြစ်၊သူတို့ယဉ်ကျေးမှုကိုနားမလည်၊ဖိနှပ်ခံရမဲ့အနေအထားမှာဆို ပြန်လည်းမချေပသာပဲ နောက်ဆုံးမှာ အမုန်းတရားသာစိတ်ထဲကျန်နေတတ်ပါတယ်။

ဒီနေရာမှာ အထူးပြောချင်တာက culture is Culture ပါပဲ။ယဉ်ကျေးမှု ဓလေ့ထုံးစံတွေဆိုတာ အမှန်အမှားမရှိပါဘူး။

မတူတဲ့နေရာကိုရောက်သွားတဲ့အခါ သဘောကျတဲ့ဓလေ့ရှိရင် ကိုယ်ပါလိုက်နာလို့ရပေမဲ့ ကိုယ့်ဇာတိအလိုက် ကိုယ့်မှာရှိနေတဲ့ culture ကတော့ရွေးခြယ်ထားခဲ့တဲ့အရာမဟုတ်ပါဘူး။ကိုယ်နဲ့မကွာပါလာမှာပါပဲ။

မိမိအသိုင်းအဝိုင်းမှာ လူဖြစ်လာလို့ပဲဖြစ်ဖြစ်၊အသားကျနေလို့ပဲဖြစ်ဖြစ် ကိုယ့်ယဉ်ကျေးမှုဟာ ကိုယ့်အတွက်တော့ မြတ်နိုးရာပါ။

ဒီလိုပဲ ရေမြေခြားလို့ အကျင့်စရိုက်ခြားတဲ့သူတွေကို မြင်ရတဲ့အခါ
“ငါတို့ကပွင့်ပွင့်လင်းလင်း ရိုးရိုးသားသားတွေ၊ဟန်မဆောင်တတ်ဘူး၊အရှိအတိုင်းပဲပြောတတ်တာ”လို့တွေးရင်

သူတို့ကလည်း”နင်တို့က ကျင့်ဝတ်နားမလည်လို့ တစ်ဖက်လူအကြိုက်ထက် ကိုယ့်အကြိုက်ပဲပြောတတ်တဲ့ တစ်ကိုယ်ကောင်းသမားတွေ၊ပွင့်လင်းပါတယ်ဆိုပြီးကလေးဆန်ဆန် စွတ်ပြောနေရုံပဲသည်းခံတယ်ဆိုတဲ့အရာကို မလုပ်နိုင်တဲ့လူရိုင်းတွေ၊ဇွတ်တိုးတဲ့လူမျိုးတွေ”လို့မြင်မှာပါပဲ။

ဘာသာစကားနဲ့ ယဉ်ကျေးမှုကို ချစ်တတ်ပြီးဆိုရင်တော့ ဘာသာစကားရဲ့တစ်လုံးဆိုတစ်လုံး အဓိပ္ပါယ်ကွာခြားသွားပုံတွေဟာ စိတ်ဝင်စားစရာဖြစ်စေပြီး ယဉ်ကျေးမှုအပေါ်လိုက်ပြီးမတူတဲ့အမြင်တွေဟာ သင့်ကိုပျော်ရွှင်မှုလည်းပေးနိုင်ပါတယ်။

ကဲ..ဒီတော့ အမုန်းသံသရာထဲမှာ ပိတ်မိမနေဘဲ သူတို့နဲ့နေတတ်ပြီး ကိုယ့်ကိုယ်ကိုကျေနပ်စေဖို့ ဘာသာစကားနဲ့ယဉ်ကျေးမှုကို သေချာ လေ့လာကြပါစို့။

じゃ、ここで違う意味を考えて見ましょう!

1。行きませんか。
2。行きますよ。
3。行くのですね。
4。行くんです。
5。行くのよ。
6。行こうか。
7。行かぬ
8。行ってくるわ。
9。行かせて。
10。行くものか。

UJLC
6.2.2026

03/02/2026

Utsubo ဂျပန်ဘာသာကျောင်းရှိသင်တန်းများ။(online class only)

1.Starter Course for Japanese Sound and Kana

ဂျပန်ဘာသာ အသံနှင့်အက္ခရာ အရေး၊အဖတ်သင်တန်း။

ဘာသာစကား၏အခြေခံအကျဆုံးသရသံဗျည်းသံများနှင့်အက္ခရာ များမှစ၍ 4 skills သေချာပိုင်နိုင်စွာလေ့လာလိုသူများအတွက်ဖြစ်ပါသည်။ (total 15 hours course)

2.Japanese but no Japanese!

ဂျပန်အက္ခရာဖတ်တတ်ရန်မလိုအပ်သူများ၊ဂျပန်အသံထွက်ပီသလိုသော Announcers များ၊Bloggers များ၊public speakers များ။မိသားစုထံအလည်သွားရောက်လိုသူများအတွက် အင်္ဂလိပ်အက္ခရာဖြင့် ဂျပန်ဘာသာလေ့လာနိုင်သော သီးသန့်သင်တန်းဖြစ်သည်။ (total 10 hours course)

3.Starting to speak Japanese course
နုတ်ဆက်စကားများ(Greeting)မိမိကိုယ်ကိုမိတ်ဆက်ခြင်း(simple self-introduction for beginner level)။အစားအသောက်အမည်နှင့် မှာယူခြင်းများ(About food and can order food at restaurant )

Listening,Speaking,Reading only။Writing အရေးမပါ။အပြောသီးသန့်သင်တန်း(total 20 hours course)

4.life in Japan course (1)
နေ့စဉ်လုပ်ဆောင်မှုDaily life, နေရာ၊ဝါသနာနှင့် မြို့တွင်းသွားလာမှုဆိုင်ရာ ပြောဆိုခြင်းများ။
(Home,Place,Hobby and walking around Town)အတွက်
Listening,Speaking,Reading only။Writing အရေးမပါ။အပြောသီးသန့်သင်တန်း(total 30 hours course)

5.Cultures and Speaking

ဂျပန်လူမျိုးများ၏ဓလေ့စရိုက်၊အမူအကျင့်များကိုမြန်မာဘာသာဖြင့် လေ့လာဆွေးနွေးပြီး မိမိ၏ဂျပန်ဘာသာအပြောစွမ်းရည်တိုးတက်စေရန်အတွက်ဆရာနှင့် 会話လေ့ကျင့်ရန်သင်တန်းဖြစ်ပါသည်။

အတန်းစည်ကမ်း

-Zoom meeting ဖြင့်သင်ကြားမည်။

-Trial class တစ်ချိန်အခမဲ့တက်ရောက်လေ့လာနိုင်သည်။

-မှတ်စုစာအုပ်ထားရှိရမည်။screenshot ယူနိုင်သည်။အလိုရှိသော noteများ တောင်းယူနိုင်သည်။recording ခွင့်မပြုပါ။

-ဆရာနှင့်သင်တန်းသား ဆက်သွယ်ရန်၊အိမ်စာ ပေးပို့ရန် social platform(messenger,line,viber,…)တစ်ခုခု ရှိရမည်။

-ကြိုတင်ခွင့်တိုင်ကြားခြင်း မရှိဘဲပျက်ကွက်ပါက အစားထိုးသင်ကြားချိန်မရှိပါ။

-သင်တန်းချိန်မတိုင်မီ၂နာရီအလိုထိခွင့်တိုင်ကြားနိုင်သည်။အချိန်အလွန်နီးမှ ရုတ်တရက် ပျက်ကွက်လာလျှင် အစားထိုးသင်ကြားချိန်မရှိပါ။

-သင်တန်းချိန်နောက်ကျလိုလျှင် ကြိုတင်အသိပေးပါ။အသိပေးခြင်းမရှိဘဲ ၁၅မိနစ်ကျော်နောက်ကျလျှင် ဖြည့်စွက်သင်ကြားချိန်မရနိုင်ပါ။

-Camera off ဖြင့်တက်ရောက်နိုင်သော်လည်း၊အသိပေးခြင်းမရှိဘဲ နေရာမှထွက်ခွါခြင်းမပြုလုပ်ပါနှင့်။

-ပတ်ဝန်းကျင်အသံများဆူညံလွန်းချိန်မှလွှဲ၍ mic on အနေအထားဖြင့် တက်ရောက်ပါ။

-သင်တန်းကြေးမှာ နာရီဖြင့်တွက်သောကြောင့် မိမိတက်ရောက်လိုသော course အလိုက်
ကြိုတင်ချိန်းဆိုထားသော နာရီချိန်အတွက်သာပေးသွင်းနိုင်သည်။(course တစ်ခုလုံးစာ အပြီးပေးသွင်းရန်မလိုပါ။တစ်ချိန်လျှင်အနည်းဆုံး၁နာရီကြာသင်ယူပါ)

-JLPTစသော level test များဖြေဆိုလိုပါက level အလိုက်လိုအပ်သော စာလေ့လာချိန်ပြည့်ရန် သင်တန်းချိန်ပြင််ပတွင် မိမိကိုယ်ပိုင်လေ့လာချိန်ဖြင့် ဖြည့်စွက်ပါ။

ဆက်သွယ်ရန်

[email protected]

💵💵💵💵💵💵

Payment information

၁နာရီ ၃သောင်းကျပ်(1500¥)

27/01/2026

JapaneseLevelTestဂျပန်ဘာသာစာမေးပွဲများအကြောင်း

ဂျပန်ဘာသာလေ့လာရာမှာဘယ်အဆင့်အထိ၊အချိန်ဘယ်လောက်ပေးရမယ်၊ဘာစာမေးပွဲတွေကိုဘယ်မှာဖြေရမယ်ဆိုတဲ့အကြောင်းအကြမ်းဖျင်းပြောထားပါတယ်။
#ဂျပန်ဘာသာ #ဂျပန်ဘာသာအရည်အချင်းစစ်စာမေးပွဲ

23/01/2026

日本人学校လို့ခေါ်တဲ့ ဂျပန်လူမျိုးကလေးငယ်တွေတက်တဲ့ကျောင်းက ကမ္ဘာ့မြို့ကြီးတော်တော်များများမှာရှိတယ်။

ဂျပန်ပညာရေးမှာ အလယ်တန်းထိက မသင်မနေရပညာရေးစနစ်ဆိုတော့ အစိုးရတာဝန်၊ကုမ္ပဏီတာဝန်နဲ့ မိသားစုလိုက်ပြည်ပမှာနေကြရတဲ့အခါ ဂျပန်ကလေးတွေကျောင်းတက်ဖို့အတွက် လိုအပ်ချက်အရ ဖွင့်ထားကြရတာပေါ့။

အတန်းပိုင် ဆရာဆရာမတွေက ပညာရေးဝန်ကြီးဌာနရဲ့ အစိုးရဝန်ထမ်းတွေဖြစ်တယ်။ပြည်ပအတွေ့အကြုံယူချင်သူပညာရေးဝန်ထမ်းတွေကို လျှောက်ထားစေပြီး အလှည့်ကျစေလွှတ်တယ်။သင်ရိုး၊စာသင်နှစ် နဲ့ ကျောင်းပိတ်ကာလတွေကတော့ ကလေးတွေအပြောင်းအရွှေ့လွယ်ကူအောင် ဂျပန်
ပြည်တွင်းနဲ့ကိုက်ညှိထားတယ်။ဒေသခံ လက်ထောက်ဆရာဆရာမတွေနဲ့ နိုင်ငံခြားဘာသာလည်း သင်ယူစေတယ်။

ဂျပန်ကလေးငယ်တွေအတွက် အလျင်းသင့်သလို မတူညီတဲ့ဓလေ့စရိုက်တွေအကြောင်း သင်ယူစေသလို ဒေသန္တရဗဟုသုတတွေကိုလည်း ရရှိစေတယ်။

လေ့လာရေးထွက်တဲ့အခါ အဲ့ဒီနိုင်ငံက ဂျပန်ကုမ္ပဏီကြီးတွေ၊ဒေသခံအခြေခံပညာရေးကျောင်းတွေ၊သာတိုက်၊ပြတိုက်၊တိရိစ္ဆာန်ရုံနဲ့ ငါးပြတိုက်၊ဒီရေတော၊ရုက္ခဗေဒဥယျာဉ်စတဲ့နေရာတွေသွားလေ့ရှိတယ်။

အင်ဒိုနီးရှားနိုင်ငံဂျကာတာမြို့ရဲ့ဂျပန်ကျောင်းကနေ ဒေသခံ အင်ဒိုနီးရှားအထက်တန်းကျောင်းတစ်ခုကို လေ့လာရေးသွားတဲ့ အကြောင်းထဲကစိတ်ဝင်စားစရာလေးတစ်ခု ပြောပြဦးမယ်။

ကျောင်းသားတွေယူသွားရမဲ့စာရင်းထဲထမင်းဗူး၊ရေဗူး၊လက်ကိုင်ပုဝါ၊တစ်ရှူး၊ဖိနပ်ထည့်ရမဲ့အိတ်နဲ့ အိမ်သာသုံးတစ်ရှူးကို လိုသလောက်ထည့်လာပြီး အသုံးပြုပြီးတဲ့အခါ အိတ်နဲ့ထည့်ပြီး အိမ်ကိုပြန်သယ်ပါလို့ ညွှန်ကြားထားတာဖတ်ခဲ့ရတယ်။

ကျမလည်းသူတို့လုပ်ရပ်ကို စိတ်ဝင်စားလို့ ဘာလို့ အညစ်အကြေးပေကျံနေတဲ့စက္ကူကို အိိမ်အထိပြန်သယ်ခိုင်းတာလဲလို့ကလေးကိုမေးကြည့်တော့ သူတို့ကျောင်းကအိမ်သာမှာ တစ်ရှူးမသုံးဘူး။ဗယ်ဘက်လက်နဲ့ရေပဲသုံးကြတာတဲ့လို့ဖြေတယ်။မိလ္လာစနစ်မှာလည်း အဲ့ဒီနေ့ ဂျပန်ကလေး ရာကျော်ကသုံးတဲ့တစ်ရှူးတွေနဲ့ ရေပိုက်ပိတ်မှာစိုးလို့၊ကိုယ့်ရဲ့အညစ်အကြေးကို ထားခဲ့ရင် ဒေသခံကျောင်းအတွက်အနှောက်အယှက်ဖြစ်မှာစိုးလို့လို့ ရှည်ရှည်ဝေးဝေးဖြေတယ်။

တခါတလေ ကျမတွေးမိတယ်။
ဂျပန်တွေက အရစ်ရှည်တယ်။
လွယ်တာကို ခက်အောင်လုပ်နေကြတယ်။
လူမျိုးခြားတွေနဲ့ လိုက်လျောညီထွေမဖြစ်တဲ့ အမူအကျင့်တွေရှိလို့ သူတို့နိုင်ငံမှာသူတို့နေမှရမယ်။သူတို့ working culture ကြီးကစိတ်ကုန်စရာ၊ဝန်ပိုတွေပိနေတာလို့။

ဒါပေမဲ့ တစ်ဖက်ကကြည့်ပြန်တော့လည်း အာရှမှာသူတို့ကို လူအထင်ကြီးကြတာ အကြောင်းရင်းတော့ရှိနေတာပဲ။

သူတပါးအပေါ် အ
နှောက်အယှက်မဖြစ်စေတာ၊အရည်အသွေးပြည့်မှီဖို့ စနစ်တကျလုပ်ဆောင်တာ၊သေချာသည်ထက်သေချာအောင်အထပ်ထပ် စစ်ဆေးတာ။တာဝန်ယူတာ။စည်းကမ်းလိုက်နာတာမျိုးပေါ့။

စနစ်ကောင်းတစ်ခုရှိထားရင် မျိုးဆက်အတွက်လက်ဆင့်ကမ်းနိုင်တာမို့ အတုယူစရာထဲကတစ်ခုပါပဲ။

စနစ်ထဲက ဘေးထွက်ဆိုးကျိုးလိုလစ်ဟာမှု၊ကျမတို့နဲ့အံဝင်ခွင်ကျမဖြစ်မှုတွေလည်း ရှိနေမှာဆိုပေမဲ့ သူတို့ရဲ့သူတပါးအပေါ်အနှောက်အယှက်မဖြစ်အောင် သတိထားနေထိုင်တဲ့ စည်းကမ်းရှိမှုကိုတော့ချီးကျူးမိပါတယ်။

၂၃၊၁၊၂၀၂၆
UJLC

21/01/2026

【ပညာတော်သင်ဆွေးနွေးပွဲ】
【留学アドバイザーによる留学相談会】

ဂျပန်သံရုံးအနေဖြင့် တစ်လလျှင်တစ်ကြိမ် ပညာတော်သင်ဆွေးနွေးပွဲကို ကျင်းပလျက်ရှိပါသည်။ ဖေဖော်ဝါရီလ၏ ပညာတော်သင်ဆွေးနွေးပွဲတွင်  The University of Electro-Communications က တက္ကသိုလ်အကြောင်းကို မိတ်ဆက်ပေးမည့် အစီအစဉ်လည်း ရှိပါသည်။ စိတ်ပါဝင်စားသူများအနေဖြင့် ဆက်ဆက် တက်ရောက်ကြပါရန် မေတ္တာရပ်ခံအပ် ပါသည်။
ပညာတော်သင်ဆွေးနွေးပွဲကို တက်ရောက်လိုပါက အောက်ပါလင့်ခ်တွင် စာရင်းသွင်း လျှောက်ထားနိုင်ပါသည်။

○ နေ့ရက်နှင့်အချိန်။ ။ ဖေဖော်ဝါရီလ ၄ ရက်၊ ၂၀၂၆ ခုနှစ် (ဗုဒ္ဓဟူးနေ့)
နေ့လယ် ၂နာရီ မှ ၄နာရီအထိ
※၂၀၂၆ခုနှစ် မတ်လ၏အချိန်စာရင်းကို မကြာမီ ကြေညာသွားပါမည်။
○ ကျင်းပမည့်ပုံစံ။ ။ အွန်လိုင်း (Zoom)
○ စာရင်းသွင်းလျှောက်ထားရန်လင့်ခ်။ ။ https://forms.gle/wdsH3X1ov7FEb5zL9
○ ဆွေးနွေးပေးမည့်ပုဂ္ဂိုလ်။ ။ MAJA, OJEIC, The University of Electro-Communications

 日本国大使館では月1回程度、留学アドバイザーによる留学相談会を開催しています。2月の相談会は国立大学法人 電気通信大学の紹介セッションがあります。ご興味のある方はぜひご参加ください!
参加希望の方は以下の予約フォームリンクよりお申し込みください。

○日時: 2026年2月4日(水)14時~16時
     ※2026年3月の日程は後日お知らせ致します。

○開催形式: オンライン(Zoom)

○予約フォームリンク: https://forms.gle/wdsH3X1ov7FEb5zL9

○アドバイザー: MAJA、OJEIC
 
○ゲスト: 国立大学法人 電気通信大学

あなたの学校を学校のトップリストOsakaにしたいですか?

ここをクリックしてあなたのスポンサー付きリスティングを獲得。

場所

カテゴリー

電話番号

ウェブサイト

住所

Osaka, Osaka
572-0108