Shourai.JP

Shourai.JP

共有する

Shourai.JP, 教育関連サイト, Osakaの連絡先情報、マップ、方向、お問い合わせフォーム、営業時間、サービス、評価、写真、動画、お知らせ。

Photos from Shourai.JP's post 01/08/2023

皆さん こんにちは…..🙆🏻‍♀️

ဒီနေ့ကတော့ ဂျပန်အင်တာဗျူးတွေမှာ တခါတလေ မေးလေ့မေးထရှိတဲ့ Color Blind Test လေး တင်ပေးလိုက်ပါတယ်။🤗
အထူးသဖြင့် Machine operator ပိုင်းနဲ့ သွားမယ့်သူတွေ၊ စက်ရုံပိုင်းနဲ့ သွားမယ့်သူတွေအတွက် ပိုပြီးလိုအပ်လိမ့်မယ်လို့ ထင်ပါတယ်ရှင့်👨‍🔧

じゃ… ဒါဆိုရင် ဒီပုံလေးတွေနဲ့ အစမ်းဖြေကြည့်ထားရအောင်နော် 🚥
သဲသဲကွဲကွဲ မမြင်ရဘူးထင်ရင် comment မှာ မန့်သွားပြီး တူတူဖြေကြရအောင်နော် 🫣🫣🫣

Admin (အပါအဝင်🤭) မီနစံတို့ Japan 🇯🇵 မြန်မြန်သွားရပါစေလို့ ဆုတောင်းပေးလိုက်ပါတယ်🙏🏻……



.jp

27/05/2023

Japan funny job interview for foreigner 😂

Photos from Shourai.JP's post 24/05/2023

皆さん… こんにちは🙆🏻‍♀️
ဒီတခါတော့ ဂျပန်မှာ နာမည်ကြီးတဲ့ shrine တွေထဲက ၁၀ ခုကို တင်ပေးလိုက်ပါတယ်🥰

ပုံလေးတွေကနေတဆင့် အလည်သွားကြရအောင်နော်🇯🇵
じゃ… 行きましょう⛩️⛩️⛩️

Photos from Shourai.JP's post 26/12/2022

皆さん…こんにちは🙆🏻‍♀️

စာတွေကျက်ရ ငြီးငွေ့လာပြီဆိုရင် ….
🥦🌽🌶🍆🧄ဟင်းသီးဟင်းရွက် ဝေါဟာရလေးတွေကို တလှည့်ပြောင်းပြီး မှတ်ကြရအောင်နော် 🥰

#野菜
#やさい

.jp

Photos from Shourai.JP's post 18/12/2022

皆さん、こんにちは。🇯🇵
ဒီနေ့မှာတော့ 芸者(Geisha) နဲ့ပတ်သက်တဲ့ အကြောင်းအရာအနည်းအကျဉ်းလေးကို ဗဟုသုတရစေဖို့ တင်ပေးလိုက်ပါတယ်ရှင့်။🎎

ဂျပန်ရိုးရာယဉ်ကျေးမှုလို့ ဆိုလိုက်တာနဲ့ ထင်ရှားတဲ့အဖြူရောင်မိတ်ကပ်၊ ကြော့ရှင်းတဲ့ ကီမိုနိုလေးတွေနဲ့ သပ်ရပ်တဲ့ဆံပင်ပုံစံအပြင်အဆင်တွေ ရှိကြတဲ့ အဆင့်အတန်းမြင့်ပြီး ယဉ်ကျေးသိမ်မွေ့တဲ့ Geisha မယ်လေးတွေကိုလည်း မြင်ယောင်မိကြမယ်လို့ ထင်ပါတယ်။ Geisha ဆိုတဲ့စကားလုံးကတော့ ဂျပန်ဘာသာစကား ( 芸=အနုပညာ ) နဲ့ ( 者=လူပုဂ္ဂိုလ်) ဆိုတဲ့ စကားလုံးနှစ်ခုကို ပေါင်းထားပြီး အနုပညာရှင် လို့ အဓိပ္ပါယ်ရပါတယ်။ Geisha အမျိုးသမီးတွေက သူတို့ရဲ့ဘဝကို ဂျပန်ရိုးရာအနုပညာအတွက် မြှုပ်နှံထားကြတဲ့သူတွေ ဖြစ်ပါတယ်။

ပထမဦးဆုံး Geisha တွေကတော့ 13 ရာစုမှာ စပေါ်လာပြီး taikomochi လို့ လူသိများတဲ့ အမျိုးသားတွေပဲ့ ဖြစ်ပါတယ်။ taikomochi တွေက သူတို့ရဲ့သခင်ကို အကြံပေးဖို့နဲ့ ဖျော်ဖြေမှုတွေ ပြုလုပ်ပေးကြတဲ့သူတွေဖြစ်ကြပြီး 16 ရာစုအရောက်မှာတော့ စကားဝိုင်းတွေကို ဖန်တီးပြီး ပုံပြင်ပြောသူတွေအဖြစ် ပြောင်းလဲလာခဲ့ပါတယ်။
17 ရာစုလောက်မှာ အမျိုးသမီးတွေဟာ Geisha တွေဖြစ်လာကြပြီး 1750 ခုနှစ်တွေမှာ အမျိုးသမီးတွေဟာ Geisha တွေဟာ အမျိုးသားတွေထက် ပိုများလာခဲ့ပါတယ်။

Geisha ၏ရေပန်းစားမှုက အလျင်အမြန်ကြီးထွားလာပြီး 1920 ခုနှစ်များမှာတော့ ဂျပန်နိုင်ငံတစ်ဝှမ်း Geisha 80,000 အထိရှိလာခဲ့ပါတယ်။ Geisha တယောက်ဖြစ်ဖို့ အသက် 14 နှစ်ဝန်းကျင်လောက်ကနေစတင် လေ့ကျင့်ရပြီး ပြီးပြည့်စုံတဲ့ Geisha ဖြစ်လာဖို့ အချိန် ၅နှစ်ကျော်ကြာပါတယ်။
အလုပ်သင်ငယ်တွေကို shikomisan လို့ခေါ်ပြီး အပြုအမူ၊ အကနဲ့ဖျော်ဖြေပုံတွေကို စီနီယာတွေနဲ့ အတူတူနေထိုင်ပြီး သင်ယူရပါတယ်။ နှစ်ကုန် shikomi စာမေးပွဲအောင်ရင် Maiko ဆိုပြီး ဖြစ်လာပါတယ်။
Maiko တွေက ဂျပန်ရိုးရာယဉ်ကျေးမှု၊ ဖျော်ဖြေပုံနဲ့ အနုပညာတွေအကြောင်း လေ့လာသင်ယူပြီး ၅နှစ်အကြာမှာတော့ အနီရောင်ကနေ အဖြူရောင်ကော်လာကို ပြောင်းလဲပြီး erikae လို့ခေါ်တဲ့ ထုံးတမ်းဓလေ့တစ်ခုနဲ့အညီ Geisha တယောက်ဖြစ်လာပါတယ်။
Geisha တွေက oshiroi လို့ခေါ်တဲ့ အဖြူရောင်အမှုန့်ကို အသုံးပြုပြီး မျက်နှာနှင့် လည်ပင်းကိုဖုံးအုပ်ထားကြပါတယ်။ W သို့မဟုတ် V ပုံသဏ္ဍာန်အဖြစ် လည်ပင်းအနောက်ဘက်မှာ မြင်ရတဲ့ပုံစံတွေက erotic ဧရိယာကို ပေါ်လွင်စေဖို့ ဖြစ်ပါတယ်။ Maiko တွေက မျက်ခုံးအနက်ရောင်ရှိပြီး မျက်လုံးတစ်ဝိုက်ကို အနီရောင်မိတ်ကပ်လိမ်းခြယ်ကြပါတယ်။
Geishaတွေက နှုတ်ခမ်းနီ အနီရောင်ကို ဆိုးကြပြီး၊ maiko တွေက အပြစ်ကင်းတဲ့ပုံပေါ်စေဖို့ အောက်နှုတ်ခမ်းကိုသာ အရောင်ဆိုးကြပါတယ်။ အောက်နှုတ်ခမ်းကို အကွေးအစင်းလေးတွေနဲ့ ပန်းဖူးပွင့်သဏ္ဍာန် ရေးဆွဲကြပါတယ်။ 3 နှစ်ကြာပြီးနောက် maiko က သူမတို့ရဲ့ ရင့်ကျက်မှုကို ကိုယ်စားပြုတဲ့အနေနဲ့ မိတ်ကပ်ကို ဖျော့ဖျော့လေး ပြောင်းလဲလိမ်းခြယ်ကြပါတယ်။
Geishaတွေရဲ့ အထင်ကရဖြစ်တဲ့ ဆံပင်ပုံစံကတော့ အလွန်ရှုပ်ထွေးပြီး၊ စတိုင်ကျစေဖို့ရန်အတွက် ပြင်ဆင်ချိန် နာရီပေါင်းများစွာ ကြာမြင့်ပါတယ်။ Geisha တွေကဆံပင်တုကို အသုံးပြုခွင့်ရှိပေမယ့်၊ Maiko တွေကတော့ ဆံပင်အစစ်ကိုသာ အသုံးပြုခွင့်ရှိပြီး သူတို့ရဲ့ level အလိုက် ပြင်ဆင်ရပါတယ်။ ဆံပင်ကို တစ်ပတ်ကြာအောင် မလျှော်ရဘဲ သူတို့ရဲ့ဆံပင်စတိုင်ကို ထိန်းသိမ်းဖို့ အထူးခေါင်းအုံးတွေပေါ်မှာပဲ့ အိပ်စက်ရပါတယ်။ ဆံပင်ပုံစံကျအောင် သေချာဖြီးလိမ်းပြီးရင်တော့ kanzashi လို့ခေါ် တဲ့ အဆင်တန်ဆာလေးတွေကို တပ်ဆင်ကြပါတယ်။
မတူကွဲပြားတဲ့ ဆံပင်ပုံစံတွေနဲ့ kanzashi တွေက Geisha တယောက်ရဲ့ level ကိုဖော်ပြပြီး၊ တခါတလေ အချိန်ကာလတွေနဲ့လည်းသက်ဆိုင်ပါတယ်။ ဥပမာအနေနဲ့ ဇီးသီး(အဓိပ္ပါယ် ကွဲလွဲနိုင်ပါသည်)အဆင်တန်ဆာတွေကို ဖေဖော်ဝါရီလမှာ ဝတ်ဆင်ကြပြီး၊ ပန်းရောင် sakura အဆင်တန်ဆာတွေကိုတော့ ဧပြီလအတွက် ဝတ်ဆင်ကြတာမျိုး ဖြစ်ပါတယ်။
Maikoနဲ့ Geishaတို့ရဲ့ ၀တ်စုံတွေကတော့ သာမန်ဂျပန်အမျိုးသမီးဝတ်စုံတွေနဲ့ ကွာခြားပါတယ်။ Sodehiki လို့ခေါ်တဲ့ ရှည်လျားတဲ့ ကီမိုနိုတွေကို ဝတ်ဆင်ကြပြီး ဒါဟာ ရှေးရိုးဆန်ပြီး သူတို့ကိုယ်သူတို့ မရောင်းဘဲ ဖျော်ဖြေဖို့ ရှိနေတာကို ညွှန်ပြပါတယ်။ ကီမိုနိုပတ်လည်က ကျယ်ပြန့်တဲ့ ခါးပတ်အမျိုးအစားကို ကြည့်ပြီးတော့ Geisha နဲ့ Maiko ကို အလွယ်တကူ ခွဲခြားသိနိုင်ပါတယ်။ Maikos ရဲ့ကျောဘက်က obi (ခါးပတ်)က ရှည်ပြီး အရောင်ပိုတောက်ပါတယ်။ ကီမိုနို၏အရောင်၊ ပုံစံ၊ စတိုင်တွေကတော့ အချိန်ကာလနဲ့ Geisha၊ Maikoတို့ရဲ့ တက်ရောက်တဲ့ ပွဲအပေါ် လည်း မူတည်ပါသေးတယ်။
ဧပြီလ Miyako Odori လိုမျိုး ဂျပန်ပွဲတော်တွေမှာ ဆိုရင်ဖြင့် Geishas နဲ့ Maiko အကတွေကိုကြည့်ရှုနိုင်ပြီး၊ Gion နဲ့ Pontocho အနီးတစ်ဝိုက် kyoto မြို့လမ်းတစ်လျှောက်မှာလည်း Geisha နဲ့ Maiko လေးတွေကို တွေ့ရနိုင်ပါတယ်နော်။ ဒါပေမယ့် လေးလေးစားစားကြည့်ဖို့တော့ လိုပါမယ်နော်။
အဆုံးထိဖတ်ရှုပေးတဲ့ အတွက် ကျေးဇူးတင်ပါတယ်။🙆🏻‍♀️ありがとうございます🙆🏻‍♀️
. JP


12/12/2022

クリスマス・イブ
(Christmas Eve) 1983
山下達郎 (Yamash*ta Tatsuro)

Photos from Shourai.JP's post 13/11/2022

皆さんတို့ ဂျပန်သွားချင်တဲ့ motiတွေထဲက တခုဖြစ်လောက်မယ်ထင်တဲ့ ဂျပန်အစားအစာလေးတွေ စုပြီးတင်ပေးလိုက်တယ်နော်🍡🍙🍣
တပုံချင်းစီ ဝင်ကြည့်သွားပြီး နာမည်လေးတွေ မှတ်ထားအုံးနော်😁
အင်တာဗျူးလာဖြေကြတဲ့ ခလေးတွေကို ဂျပန်ရောက်လို့ ဘာစားချင်လဲမေးရင် sushi တွေချည်းပဲ့ ဖြေကြတယ်နော်🙄ကဲ အခုကစ တခြားဟာ ပြောင်းဖြေကြမယ်နော် 皆さん🙆🏻‍♀️

#日本食🇯🇵🍜
Photo crd: Pinterest

13/11/2022

皆さん、こんにちは🤗
မင်္ဂလာပါရှင့်
Shourai.JP Page လေးကနေ နှုတ်ဆက်လိုက်ပါတယ်ရှင့်😃ဒီ page လေးမှာတော့ 🇯🇵ဂျပန်နိုင်ငံရဲ့ 🎎Cultureတွေ 🗾Knowledge တွေအပြင် ဂျပန်စာစတင်လေ့လာနေတဲ့သူတွေအတွက် အသုံးဝင်မယ့် အခြေခံလေးတွေပါ တင်ပေးသွားဖို့ရှိပါတယ်ရှင့် 🤗
ဂျပန်နဲ့ပတ်သက်တဲ့ ဗဟုသုတလေးတွေ ဖတ်ချင်တယ်ဆိုရင် page ကို like and Follow လေးလုပ်ထားပါနော်🙆🏻‍♀️
ありがとうございます。🙆🏻‍♀️

あなたの学校を学校のトップリストOsakaにしたいですか?

ここをクリックしてあなたのスポンサー付きリスティングを獲得。

場所

カテゴリー

料理チーム

服装

ウェブサイト

住所

Osaka, Osaka