IELTS With André - IWA

IELTS With André - IWA Together, we can overcome the fear of IELTS!

勉強とアルバイトを両立しながらIELTS受験を目指す日本の方々にも貢献したいと思っています。

ဒီတလော ကျေးဇူးတင်မိတဲ့ encounter လေးတွေ ~ ( လူတစ်ဦးတစ်ယောက်ချင်းစီပေါ်မူတည်ပြီးလိုအပ်တာ လိုချင်တာတွေ ကွဲပြားနိုင်ပေမယ့်ဒ...
22/05/2026

ဒီတလော ကျေးဇူးတင်မိတဲ့ encounter လေးတွေ ~
( လူတစ်ဦးတစ်ယောက်ချင်းစီပေါ်မူတည်ပြီး
လိုအပ်တာ လိုချင်တာတွေ ကွဲပြားနိုင်ပေမယ့်
ဒါကတော့ ကျွန်တော် ရေငတ်တုန်း ရေတွင်းတွေ့ခဲ့တဲ့
အတွေ့အကြုံလေးတွေပါ 😁🩵 )

ကျွန်တော့်မှာ Anxiety issue လေး ကရှိတော့
အရေးကြီးတယ်လို့ ခံယူထားတဲ့အရာတွေမှာ
ကိုယ့်ကိုယ်ကိုစိတ်တိုင်းကျတဲ့ အထိမှ
မပြင်ဆင်ရရင်
စိတ်မအေးနိုင် ဖြစ်တတ်တယ်။

ဆိုတော့ ဂျပန်ရောက်ကတည်းက
ကိုယ့်လမ်းကိုယ်ဖောက်တယ်လို့ ပြောချင်ပေမယ့်
လက်တွေ့မှာက language school နဲ့ရောက်ကာစအချိန်
နေ့စဉ်ဘဝမှာ နေသားကျဖို့ ဖေးမပေးခဲ့တဲ့ 先輩တွေ
စာနဲ့ပတ်သက်ပြီး experience shareပေးခဲ့ကြတဲ့
senior တွေရဲ့ ကျေးဇူးတွေကြောင့်
အစပြုရတာတွေမှာပိုအဆင်ပြေခဲ့တယ်လို့
ပြောရင် မမှားပေဘူး။

အခုလည်း 工学部မှာ စတက်ရချိန် ကြုံပါပြီ
Language Barrier နဲ့
အသိမိတ်ဆွေ မရှိနေမှု 😂

Language school မှာတုန်းက ခေါင်းမာပြီး
တက္ကသိုလ်ကို အင်္ဂလိပ်လိုပဲ တက်မယ်အော်ခဲ့သမျှက
လက်တွေ့ စတက်တော့ လေပေါနိုင်ပေမယ့်
漢字မရတဲ့ကိုယ်နဲ့
အရှေ့မှာမျက်စိတဆုံးက ဂျပန်ကျောင်းသားလေးတွေ…

၂ ရက်အကြာ ပထမဆုံး စစိတ်ပူခဲ့ရတဲ့
သင်္ချာ Lecture မှာဆရာကြီးကစာရှင်းတာက မြန်လိုက်တာ
ကိုယ်တင်မက ကိုယ့်နားက ဂျပန်ကလေးတွေပါ
စစချင်းမို့ ခေါင်းကုတ်နေကြပြီ😆
( နောက်ရက် အတန်းမပြောင်းပဲ ဆရာကြီးကို
သွားမိတ်ဆက်တော့ ကိုယ်ဘာမှမပြောရသေးခင်
“သူစကားပြောတာ ပုံမှန်ထက်မြန်တာမို့ နားမလည်တာတွေ
မေးနော် ရှင်းပြပေးမယ် အားပေးနေတယ်” ဆိုပြီး
သေချာလေး ပြောပေးတယ်ဆရာကြီးက)

အဲ့ပထမနေ့တုန်းက အိမ်တောင်တန်းမပြန်နိုင်😆
ကိုယ်သိတဲ့ ဒီဘက်ပ်ိုင်းက
တစ်ဦးတည်းသော မလေးရှားက သူငယ်ချင်းနဲ့
စာပို့ကြရင်း တိုက်တိုက်ဆိုင်ဆိုင် ဘဏ်မှာသွားတွေ့ပြီး
သူ့ဘေးက သူ့သူငယ်ချင်းက
ကိုယ်သွားတဲ့ ဌာနရဲ့ စီနီယာဖြစ်နေ ~
ရေငတ်တုန်း ရေတွင်းတွေ့သလိုပါပဲ ပျော်လိုက်တာ …
ပထမ ၂ ပုံက သူ့ကို စာမေးတိုင်း သေချာရှင်းပြပေးပြီး
အားပေးတာလေးတွေ …
မေးရတဲ့ကိုယ်က အားနာလို့ ထိန်းပြီးမေးပေမယ့်
ဖြေပေးတဲ့သူက လိုတာအကုန်ကြည့်ပေးပြီး
စေတနာနဲ့သေချာဖြေပေးတာလေး သဘောကျလိုက်တာ

နိုင်ငံခြားသား ကျောင်းသားတစ်ယောက်အနေနဲ့
တစ်ပုံစံတည်းတူတဲ့ လမ်းကြောင်းပေါ်က
အခြားနိုင်ငံခြားသားစီနီယာတစ်ယောက်ကို
ကိုယ်ယုံကြည်မှုရှိတဲ့ ဘာသာစကားနဲ့
Communicate လုပ်ခွင့်ရတာလေး
တစ်ကယ် ကျေးဇူးတင်တယ်~

အဲ့လိုနဲ့ ၅ ရက်မြောက်နေ့မှာ
lecture ခန်း ရှာမတွေ့တုန်း အတူခေါ်သွားပေးရင်း
ဂျပန် သူငယ်ချင်း ရလာတယ်ရုတ်တရက်

ပုံမှန်ဆို iPad နဲ့ စာလိုက်မှတ်နေကျမို့
စာရွက်နဲ့ သင်္ချာတွက်ရချိန် လိုတာတွေလည်း
အဲ့သူငယ်ချင်းက အကုန်ထုတ်ငှါးပေးတယ်။
အပြန် ထမင်းအတူသွားစားကြတယ်။
နောက် lecture တွေမှာလည်း အတူလာထိုင်ပေးပြီး
အဆင်ပြေရဲ့လား ဘာညာနဲ့
ဘယ်ဟာလုပ် ဘာလုပ်လေးတွေ ပြောပြပေးတယ်😁
သူ့ရဲ့ ကျေးဇူးနဲ့ပဲ သူ့သူငယ်ချင်းနဲ့လည်း
သူငယ်ချင်းဖြစ်လာပြီး ဒီကောင်လေးကလည်း
ကိုယ်မမေးခင်ကတည်းက
လိုတာကြည့်ပြီး ဝင်ထောက်ပေးတတ်တဲ့သူဖြစ်နေတယ်။
မုန့်အတူစားလိုက် ဟင်းချက်စားလိုက်
Baseball ပြိုင်ပွဲအကြီးကြီးအထိ
တစ်လကြိုချိန်းပြီး ခေါ်သွားပေးလိုက်နဲ့
အချိန်ကြာလာတော့
စိတ်ကိုလျှော့ထားပြီး ရယ်နိုင် မောနိုင်လာတယ်။
(19 နှစ်တွေကြားထဲက 24 နှစ်ပေမယ့် စိတ်ကတော့
18 နှစ်ပါ 🙂‍↔️)

လွန်ခဲ့တဲ့ နှစ်တွေအတွင်း trauma ရလာတဲ့အလုပ်တွေမှာ ကြုံခဲ့ဖူးတဲ့လူမျိုးရေခွဲခြားတတ်တဲ့လူတွေနဲ့
လားလားမှမတူတဲ့ သူငယ်ချင်းတွေ ရလာခဲ့တယ်။

Beginnings are rocky တဲ့
အဲ့ rocky နေချိန်
သူတို့တွေနဲ့ ဆုံရတာဒီတစ်လအတွင်း
တစ်ကယ် grateful ဖြစ်မိတဲ့ အရာလေးတွေပါပဲ 😁🫶🏻

08/05/2026

Thank you for your interest in the General English and IELTS one-on-one preparation sessions.
I sincerely apologize to inform you that there is currently no vacancy available for new students at the moment.

အတန်းလာစုံစမ်းတဲ့ ကလေးတွေကို
အားနာပါတယ်။
လက်ရှိက ဂျပန်ကျောင်းသားတွေကို
အင်္ဂလိပ်စာသင်တဲ့ အလုပ်လည်းရှိတဲ့အပြင်
期末試験 နီးနေလို့
လက်ခံထားတဲ့ကျောင်းသားဦးရေ
လျှော့ထားပါတယ်။
စာမေးပွဲပြီးရင်လည်း June လလယ်ကစပြီး
Ielts အတွက် အချိန်ကြိုတောင်းထားတဲ့
ကျောင်းသူတွေရှိတဲ့အတွက်
August လကုန်အထိ
ကျနော့်ဘက်က ပေးနိုင်တဲ့အချိန်
မကျန်တော့တာမလို့ပါ။

Vacant ဖြစ်တဲ့အခါ ပြန်တင်ပေးပါ့မယ်ခင်ဗျ။

Video ကတော့ ဘာရယ်မဟုတ်သော်ငြား
ဒီနေ့ ကျွန်တော့်တက္ကသိုလ်က
presentation ပါ။
မေ့နေပြီး နာရီဝက်အလိုမှ
ဘေးက သူငယ်ချင်း ၂ ယောက်အကူအညီနဲ့
သေချာ ကုန်းရုန်းပြင်ဆင်ပြီး
စင်ပေါ်ရောက်သွားသူAndy ပါ😂

Thank you girls, Ai & Alma,
for your kind support throughout our group work together! 🩵

2026 April လအတွက် ပြောထားပြီးသား ကျောင်းသားမှလွဲ၍ အခြား ကျောင်းသားသစ်စာရင်း ပိတ်ပါပြီခင်ဗျ။ လကုန်မှာ May လအတွက် လက်ရှိကျ...
02/04/2026

2026 April လအတွက် ပြောထားပြီးသား ကျောင်းသားမှလွဲ၍
အခြား ကျောင်းသားသစ်စာရင်း ပိတ်ပါပြီခင်ဗျ။
လကုန်မှာ May လအတွက် လက်ရှိကျောင်းသားတွေနဲ့အချိန်ပြန်ညှိပြီး
ရတဲ့အချိန်မှာ ကျောင်းသားသစ်ပြန်လက်ခံသွားပါမယ်။

IWAကို ယုံကြည်ပေးလို့ ကျေးဇူးတင်ပါတယ်။

A new chapter starts with cherry blossoms and spectacular dreams that were once silenced~ 🌸April က စပြီး Biotechnology- ...
02/04/2026

A new chapter starts with cherry blossoms and
spectacular dreams that were once silenced~ 🌸

April က စပြီး Biotechnology- 生命工学ရဲ့ အတန်းတွေ
စယူရမှာမို့ ဒီနေ့ ကျောင်းမှာ Engineering Department က
professor နှစ်ယောက်နဲ့ meeting သွားတက်ခဲ့ရတယ်။

ကျွန်တော်တို့ သုံးလေ့မရှိတဲ့ ကျောင်းရဲ့
Higashi Mon ဂိတ်အဝင် မြင်ကွင်းက လှနေလိုက်တာ ~
ဆောင်းဦးတုန်းက 🍁တွေနဲ့ လှနေခဲ့တာကနေ
နွေဦးအရောက် 桜တွေ ပွင့်လာတော့လည်း ပိုလှနေပြန်ရော

ဝင်ရင်းနဲ့ ပေါ်လာတဲ့ အတွေးက
“ဪ ဘယ်လောက်ပင်ပန်းပါစေ၊
မလုပ်နိုင်မှာစိုးရိမ်ပါစေ၊ ရအောင် လုပ်ရမှာပါပဲ
ဒီနေရာမှာ ကြိုးစားခွင့်ရတာ တန်ပါတယ်” ဆိုပြီး
ရှေ့ဆက်လျှောက်မယ့် လမ်းအတွက်
စိုးရိမ်နေခဲ့တဲ့ ကိုယ့်ကိုယ်ကို
အားအင်တွေ ပြန်ပေးဖြစ်တယ်။

သေချာပြန်တွေးကြည့်ရင် ဖတ်ဖူးတဲ့အတိုင်း
Everything happens for a reason
And it’s either a lesson or a blessing ပါတစ်ကယ်။

ဒီတက္ကသိုလ်ဝင်ခွင့် မလျှောက်ခင်တုန်းက
Language school တက်ရင်း
အဆင်ပြေခြင်းမပြေခြင်းတွေကြားထဲ
Part time က ဘဝလိုဖြစ်နေပြီး
ကျောင်းလျှောက်ဖို့ ဖြစ်ပါ့မလား တွေးခဲ့တာအကြိမ်ကြိမ်။

သို့သော် အားပေးနေခဲ့တဲ့ သူငယ်ချင်းတွေ ကျေးဇူးနဲ့
ကိုယ်တိုင် research လုပ်ရင်း
ကိုယ်လျှောက်မယ့် program ကနေ
Biotechnology သွားတက်လို့ရတဲ့ track ကိုတွေ့တော့
ဝမ်းသာလိုက်တာမှ ~ ဘာလို့ဆို essay ရေးတဲ့အခါ
ကိုယ်relate လုပ်လို့ရပြီး enthusiasm ပြနိုင်မယ့်
မေဂျာကို တက််ချင်ခဲ့တာမို့
ကွက်တိပါပဲ~
လျှောက်လိုက်တော့ ဝင်ခွင့်လည်းအောင်ပြီး
ဂျပန်အစိုးရက ပေးတဲ့ MEXT Scholarship အတွက်ပါ
ရွေးချယ်ခံခဲ့ရပါတယ်။ よかった~

ကျောင်းရောက်တော့လည်း
Anxiety တက်ပြီး မေးသမျှကို
စိတ််အေးအေးနဲ့ ဒိုင်ခံဖြေပေးတဲ့
ရှေ့နှစ်က စီနီယာအစ်မတွေ
ကျေးဇူးနဲ့ အစပြုရတာ အများကြီး အဆင်ပြေခဲ့တယ်။
ကျေးဇူးပါ အစ်မတို့ ညီမတို့ ~

ရှေ့မှာလည်း Biomedical Engineering နဲ့
တခြားနိုင်ငံမှာ ကျောင်းဝင်ခွင့်+scholarship
ရထားခဲ့ပြီးပေမယ့် နိုင်ငံအသစ်ထပ်မကူးတော့ဘူးလေ။
ကိုယ်နေသားကျနေတဲ့ မြို့ရဲ့ အကောင်းဆုံးတက္ကသိုလ်ကိုပဲ
ကိုယ်သဘောကျတဲ့ ဘာသာရပ်တွေလေ့လာခွင့်ရပြီး
အေးအေးဆေးဆေး ဘဝကိုရှေ့ဆက်ခွင့်ရတာနဲ့တင်
လုံလောက်နေပါပြီ။
အရံ career အနေနဲ့လည်း English teaching/ IELTS training/ FOC mentoring career လေးတွေ
အစပျိုးနေခဲ့ပြီးပြီိမို့ အခက်အခဲတွေရှိနေရင်တောင်
လမ်းပျောက်နေခဲ့ရင်တောင်
တစ်စစီပြန်ဆွဲထုတ်ပြီး လမ်းပြန်ရှာရင်း ရှေ့ဆက်ရမှာပါ။

ရှေ့နှစ်တွေမှာ အဆင်မပြေခဲ့တာတွေက
ဒီနေ့ဒီအချိန်မှာ နည်းနည်းပဲဖြစ်ဖြစ်
အသက်ဝဝပိုရှူနိုင်မယ့်လမ်းကြောင်းကို တွန်းပို့ပေးခဲ့တာလို့
တွေးလိုက်တော့ နောင်တလည်းလျော့လာပါတယ်။

Everything happens for a reason ~
What matters is how we choose to accept and shape it.

ဆက်ကြိုးစားပါဦးမယ်~

Andy
Okayama University

Hello! ကျွန်တော့်ကို ယုံယုံကြည်ကြည်နဲ့ အတန်းလာအပ်ပေးတဲ့ သူတွေအတန်းလာစုံစမ်းတဲ့ သူတွေ အားလုံးကို ကျေးဇူးတင်ပါတယ်ခင်ဗျ ~ P...
26/03/2026

Hello!
ကျွန်တော့်ကို ယုံယုံကြည်ကြည်နဲ့
အတန်းလာအပ်ပေးတဲ့ သူတွေ
အတန်းလာစုံစမ်းတဲ့ သူတွေ အားလုံးကို
ကျေးဇူးတင်ပါတယ်ခင်ဗျ ~

Personal Profile အနေနဲ့
သေသေချာချာ ဖော်ပြထားတာ မရှိလို့
ကျွန်တော့်ရဲ့ IWAနဲ့ဆိုင်တဲ့
most recent academic history ကို
တင်လိုက်ပါတယ်။

အခုလက်ရှိက Okayama ခရိုင်ထဲက
အင်္ဂလိပ်စာသင်တန်းကျောင်းတစ်ခုမှာ
ဂျပန်ကျောင်းသားတွေကို
အင်္ဂလိပ်စာသင်တဲ့ part-time job လုပ်နေပါတယ်။
ကျောင်းတစ်ဖက်နဲ့မို့ အဆင်ပြေတဲ့အချိန်မှာပဲ
Page မှာ ကျောင်းသားလက်ခံပါတယ်ခင်ဗျ။

2022 June:
IELTS Overall Band 7.5

2024 August:
IELTS Overall Band 8.0

2025 February:
75% Tuition Reduction Scholarship, KMITL, Thailand
( Biomedical Engineering Major )

2025 February:
50% Tuition Reduction Scholarship, Ritsumeikan APU, Japan ( Accounting & Finance Major )

2025 August:
MEXT Government Scholarship, Okayama University, Japan ( Global Discovery Program)

Congratulations to my first student of 2026💐IELTS ကနေ University Application အဆင့်ဆင့်Interview ဖြေမယ့်မနက်အထိ အတူpracti...
23/03/2026

Congratulations to my first student of 2026💐

IELTS ကနေ University Application အဆင့်ဆင့်
Interview ဖြေမယ့်မနက်အထိ
အတူpractice လုပ်ခဲ့တဲ့ ညီမလေး
National University ဖြစ်တဲ့ Okayama University ရဲ့ Global Discovery Program Entrance အောင်ပြီး
MEXT Scholarship Candidate အနေနဲ့ပါ
အရွေးခံရတာ တစ်ကယ်ဝမ်းသာပါတယ်။

Wish you the best luck for your days in Okayama!

See you soon!

အိုခယမ နဲ့ အနီးတစ်ဝိုက်မှာနေတဲ့ ခရစ်ယာန်မောင်နှမတွေအနေနဲ့ သိထားသင့်တယ်ထင်လို့ပါ။I think it would be better for you to st...
15/03/2026

အိုခယမ နဲ့ အနီးတစ်ဝိုက်မှာနေတဲ့ ခရစ်ယာန်မောင်နှမတွေအနေနဲ့ သိထားသင့်တယ်ထင်လို့ပါ။
I think it would be better for you to stay connected to the communities where you would be warmly welcomed!

အသိအစ်မဖိတ်လို့ နှစ်ခြင်း ကလေး ကိုခေါ်သွားပေးရင်းရောက်သွားတဲ့ ဘာသာမတူတဲ့
မနေတတ်မထိုင်တတ်ကျနော့်ကိုတောင်
နောက်လတွေအထိ
နွေးနွေးထွေးထွေးကြိုဆိုဖိတ်ခေါ်နေကြတာ
တစ်ရက်တာ အတော်ကြည်နူးစရာ~
ငယ်ငယ်က ဖေကြီးနဲ့Christmas ဘုရားကျောင်းပွဲတွေ တက်ခဲ့ချိန်လေးတွေ သွားသတိရတယ်။

11/05/2025

How to Improve IELTS Reading?
The Answer is Here ~ 🤓

မင်္ဂလာပါခင်ဗျ။ စိတ်ချမ်းသာ၍ ကိုယ်ကျန်းမာကြပါစေလို့
iWAမှ နှုတ်ခွန်းဆက်သလိုက်ပါတယ်။
*********************************************
ဒီVideoမှာတော့ ကျွန်တော်က IELTS Reading ကို
ဘယ်လိုစလုပ်ရမလဲ မသိသေးတဲ့ ကျောင်းသား/သူတွေအတွက်
-What is IELTS Reading? ( until 5:04) and
-Useful Ways to Improve your Reading Band Score ( 5:04 ~ ) ဆိုတဲ့
approach 2 မျိုးနဲ့ ရှင်းပြရင်း
အတူတူ လေ့ကျင့်ဖြေပြပေးထားပါတယ်ခင်ဗျ။

အကယ်၍ ကိုယ့်အတွက် အသုံးဝင်ခဲ့ရင်
Page ကို Like/Follow လုပ်ပေးတာဖြစ်ဖြစ်
Video ကို share ပြီးလည်း support လုပ်ပေးနိုင်ပါတယ်။

~ ပထမဆုံး academic content ဖြစ်တဲ့အလျောက်
အမှားလေးတွေပါခဲ့ရင်လည်း နားလည်ကြဖို့ မျှော်လင့်ပါတယ်ခင်ဗျ။

~ Copyright free ဖြစ်အောင်
ကိုယ်ပိုင် original context တွေ create ပြီး
ရှင်းပြပေးထားပါတယ်။

~ တိတိကျကျလေ့ကျင့်လိုတဲ့သူတွေအတွက်လည်း
Cambridge IELTS book 16-19 အရင် try ကြည့်ဖို့
အကြံပြုလိုပါတယ်ခင်ဗျာ။

Thank you for your time and see you in the next videos!





29/04/2025

Hello Everyone!
You can just call me “Andy”🤓
အစအဆုံးမကြည့်နိုင်သူများအတွက်
အကြမ်းဖျင်းရေးပေးထားပါတယ်။
*************************************************
ကျနော် 2022 မှာ IELTS Overall Band 7.5 တစ်ကြိမ်
2024 မှာ Band 8.0 တစ်ကြိမ် ရထားပါတယ်။
ဒီအတောအတွင်းမှာလည်း freelancer အနေနဲ့
IELTS practice တွေ ပြန်လုပ်ပေးနေခဲ့ပါတယ်။
2024 December 31 မှာ ဆရာမ Doctor Saw Yu Mon ဦးစီးပြီးကျင်းပပေးခဲ့တဲ့ Online Seminar မှာ
guest speaker အနေနဲ့ sharing ဝင်လုပ်ပေးနိုင်ခဲ့တဲ့အထိ ကျနော်ကြိုးစားထားပါတယ်။
2018 မှာ 5Dနဲ့ အထက်တန်းအောင်မြင်ခဲ့ပြီး
ယခုလက်ရှိ ဂျပန်မှာ နေပါတယ်ခင်ဗျ။
တက္ကသိုလ် 3 ကျောင်း ဝင်ခွင့်ရထားပြီး
scholarship အသီးသီးရထားပါတယ်။
လက်ရှိက Okayama University ရဲ့
Global Discovery Program မှာ ဝင်ခွင့်ရထားပြီး
ကျောင်းဘက်ကနေ MEXT Scholarship - University Recommendation Candidate အနေနဲ့ တင်ပေးထားလို့ result စောင့်နေပါတယ်။

ဆရာ/ဆရာမတွေ၊ စီနီယာတွေ နဲ့
ကျနော့်ရဲ့ IELTS trainee တွေနဲ့ အားပေးမှု၊
တိုက်တွန်းမှုတွေကြောင့် ကျနော်
ဒီ Page ကို IELTS tips and tricks,
university application experience sharing,
ကျနော့်ရဲ့ IELTS Basic Class, Speaking Booster Class နဲ့ အခြားသော အသုံးဝင်နိုင်မယ့် content တွေ create ဖို့ ရည်ရွယ်ပြီး စတင်လိုက်ပါတယ်ခင်ဗျ။


住所

Okayama-shi, Okayama

ウェブサイト

アラート

IELTS With André - IWAがニュースとプロモを投稿した時に最初に知って当社にメールを送信する最初の人になりましょう。あなたのメールアドレスはその他の目的には使用されず、いつでもサブスクリプションを解除することができます。

その学校に問い合わせをする

IELTS With André - IWAにメッセージを送信:

ショートカット

共有する

カテゴリー