30/05/2026
🤔“College of International Management” ဆိုတာ ကြားလိုက်တာနဲ့ စာသင်ခန်းထဲမှာ lecture နားထောင်၊ assignment တင်၊ စာမေးပွဲဖြေတာလောက်ပဲလို့တွေးမိကြလား??
✅ဒါပေမယ့် APU ရဲ့ APM (College of International Management) ကတော့ အဲ့ဒီထက် အများကြီးပိုပါတယ်။
✅Business & Management ကို စာသင်ခန်းထဲက သီအိုရီအနေနဲ့တင်မကပဲ တကယ့် company ကြီးတွေရဲ့ business problem တွေကိုဖြေရှင်းရတဲ့ case competitions တွေ၊ teamwork နဲ့ professional ကျကျ တင်ပြရတဲ့အတွေ့အကြုံတွေက APM ရဲ့ အဓိကအစိတ်အပိုင်းတစ်ခုလို့ပြောရင်လဲမမှားပါဘူး။
✅ဥပမာ… APU Annual Case Competition (AACC) ဆိုရင် international Students တွေကို အဖွဲ့တွေဖွဲ့ပေးပြီး လက်ရှိကမ္ဘာပေါ်မှာလက်တွေ့ကြုံနေရတဲ့ စီးပွါးရေး၊ လူမှုရေးနဲ့ဆိုင်တဲ့ ပြဿနာ တွေကို နည်းစနစ်ကျကျ strategy ဆွဲပြီးဖြေရှင်းရတာမျိူးရှိမယ်။
✅APU ရဲ့ 2025 case competition မှာဆိုရင် Beppu tourism industry နဲ့ sustainability ပြဿနာ တွေ၊
“Beppu ကို international tourists ပိုစိတ်ဝင်စားလာအောင် ဘယ်လို လုပ်မလဲ?” “ရေပူစမ်း resource management တွေ နဲ့ပက်သက်ပြီး sustainable ဖြစ်အောင် ဘယ်လို manage လုပ်မလဲ?” စသဖြင့် လက်ရှိကြုံတွေ့နေရတဲ့အခက်ခဲတွေအတွက် မေးခွန်းတွေကိုအဖြေရှာခဲ့ရတာတွေရှိပါတယ်။
🎓APM ကျောင်းသားတွေဆိုရင် Japan Business Case Challenge (JBCC) လို national-level competitions တွေမှာပြိုင်ရတာမျိူးထိရှိကြသလို ၊ ဒီပြိုင်ပွဲတွေ မှာလဲ Keio, Waseda, Sophia, Hitotsubashi လို top universities ကကျောင်းသားတွေပါတွေပါဝင်ပြီး
market analysis၊ business strategy၊ professional pitch prepare တွေအထိလုပ်ပြီး တင်ဆက်ရတာတွေက ကိုယ့်ရဲ့အလုပ်အကိုင်နဲ့ career path အတွက်ရော အရေးပါတဲ့အတွေ့အကြုံတွေထဲကတစ်ခုဖြစ်လာမှာပါ။
အဲ့ဒါတင်မဟုတ်သေးပါဘူး
🏆HSBC/HKU Asia Pacific Business Case Competition
🏆CFA Institute Research Challenge
🏆APU Global Business Case Challenge (GBCC) အစရှိတဲဲ့ global case competitions တွေအပြင် Thailand 🇹🇭 , Hongkong, Singapore 🇸🇬, Denmark 🇩🇰, UK 🇬🇧 စသဖြင့် နိုင်ငံအစုံရဲ့universityပြိုင်ပွဲတွေထိ သွားပြိုင်ရတာမျိူးလဲရှိလို့ ကိုယ့် career path အတွက် networking, confidence, global exposure လဲရစေပါတယ်။
⭐️အကောင်းဆုံးအချက်ကတော့ နိုင်ငံမတူတဲ့ကျောင်းသားတွေအကုန်လုံးပေါင်းပြီး အဖွဲ့တစ်ခုအနေနဲ့ အလုပ်လုပ်ရတဲ့အတွက် မတူညီတဲ့ အတွေးအမြင် ၊ အယူအဆအသစ်တွေလဲအများကြီးလေ့လာမိမှာဆိုတော့ APM ဆိုတာ management college တစ်ခုပဲဆိုတာထက်ကိုအများကြီးပိုတာအမှန်ပါပဲ။
အသေးစိတ်ဖတ်ချင်ရင်တော့ ဒီကနေတစ်ဆင့်ဝင်ရောက်လေ့လာလို့ရပါတယ်ရှင့်
https://en.apu.ac.jp/home/gallery/article/?storyid=160
⭐️အဆုံးထိဖတ်ပေးလို့ ကျေးဇူးတင်ပါတယ်ရှင်။ နောက်လဲ APU နဲ့ပတ်သတ်ပြီး စိတ်ဝင်စားစရာတွေတင်ပေးသွားမှာမလို့ Page ကိုစောင့်ကြည့်ပေးကြပါနော်။