NSG Myanmar

NSG Myanmar NSG Myanmar, 学校, Niigata-shiの連絡先情報、マップ、方向、お問い合わせフォーム、営業時間、サービス、評価、写真、動画、お知らせ。

အကောင်းဆုံး ပညာသင်ဆုအထောက်အပံ့နဲ့ ဂျပန်မှာ Caregiverဖြစ်ဖို့ ကြိုးစားကြရအောင်! 🌸👴👵"ဂျပန်မှာ Caregiver အလုပ်လုပ်ချင်ပေမယ့...
17/05/2026

အကောင်းဆုံး ပညာသင်ဆုအထောက်အပံ့နဲ့ ဂျပန်မှာ Caregiverဖြစ်ဖို့ ကြိုးစားကြရအောင်! 🌸👴👵

"ဂျပန်မှာ Caregiver အလုပ်လုပ်ချင်ပေမယ့် ကျောင်းလခအတွက် ပူပန်နေလား..."

Niigata မှာရှိတဲ့ WM (Kokusai Kodomo Fukushi College) မှာဆိုရင် အရမ်းကောင်းတဲ့ Support စနစ်တွေနဲ့ အကောင်းဆုံးရလဒ်တွေက သင့်အိပ်မက်ကို အကောင်အထည်ဖော်ပေးနိုင်ပါတယ်!

🌟 ငွေကြေးအတွက် ပူစရာမလိုတော့ဘူး! "အရမ်းမိုက်တဲ့ ကျောင်းလခ Support စနစ်"
✅ နိုင်ငံတော်ပညာသင်ဆု + Shisetsu ရဲ့ Support ကြောင့် ကိုယ်တိုင်စိုက်ထုတ်ရမယ့်ငွေ အရမ်းနည်းသွားမယ်!
နိုင်ငံတော်ပညာသင်ဆု (ယန်း ၁၆ သိန်း ၄ သောင်းခန့်) အပြင် အလုပ်လုပ်မယ့် Shisetsu က ကျန်တဲ့ ကျောင်းစရိတ်အားလုံးကို ကာဗာပေးမှာပါ။ ဒါကြောင့် ကိုယ်တိုင်ကုန်ကျစရိတ်နဲ့ ပြန်ဆပ်ရမယ့်ငွေက ပိုပြီးနည်းသွားပါပြီ!

✅ ၃ နှစ်ကနေ ၅ နှစ် အလုပ်လုပ်ရင် "လုံးဝ ပြန်ဆပ်စရာမလိုတော့ဘူး"!
ကျောင်းပြီးသွားရင် အဲ့ဒီ Shisetsu မှာပဲ ၃ နှစ်ကနေ ၅ နှစ်အထိ တာဝန်ထမ်းဆောင်မယ်ဆိုရင် ကျောင်းစရိတ်တွေကို ပြန်ဆပ်ဖို့ လုံးဝ(လုံးဝ) မလိုတော့ပါဘူး! (လက်တွေ့မှာ 0 ယန်းနဲ့ ကျောင်းတက်နိုင်မှာပါ)

🏆 WM ရဲ့ အားသာချက်တွေက ဘာတွေလဲ?
💯 ၂၁ နှစ်ဆက်တိုက် အလုပ်အကိုင်ရရှိမှုနှုန်း ၁၀၀%! - ကျောင်းပြီးတာနဲ့ အလုပ်ရဖို့ သေချာပါတယ်။
💯 နိုင်ငံတော်အသိအမှတ်ပြုလက်မှတ် အောင်မြင်မှုနှုန်း ဂျပန်တစ်နိုင်ငံလုံးမှာ ထိပ်တန်းအဆင့်! - တစ်သက်လုံး အသုံးဝင်မယ့် လိုင်စင်ရဖို့ သေချာသင်ကြားပေးပါတယ်။
🤝 လက်တွေ့ဆင်းရမယ့်အချိန် နာရီ ၄၀၀ ကျော်! - လုပ်ငန်းခွင်မှာ တကယ်အသုံးဝင်မယ့် Skill တွေကို သေချာသင်ယူနိုင်ပါတယ်။

📝 အခုပဲ ဒီအခွင့်အရေးကို အရယူလိုက်ပါ!
ကျောင်းစရိတ်ကို အများကြီးသက်သာစေပြီး ဂျပန်မှာ အရမ်းဝယ်လိုအားကောင်းနေတဲ့ "Caregiver" ပညာရှင်တစ်ယောက်ဖြစ်လာအောင် ကြိုးစားကြည့်မလား?
👇 အသေးစိတ်သိချင်ရင် ဆက်သွယ်စုံစမ်းလို့ရပါတယ်နော်!
Myandemyhttps://www.facebook.com/Myandemy

Myandemy က သင့်ရဲ့ ကြိုးစားအားထုတ်မှုကို အစွမ်းကုန် ကူညီထောက်ပံ့ပေးသွားမှာပါ။ ငွေကြေးပိုင်းဆိုင်ရာ အခက်အခဲရှိရင်လည်း အရင်ဆုံး လာရောက်တိုင်ပင်ဆွေးနွေးလို့ရပါတယ်နော်! 🤝

#日本留学 #介護福祉士 #介護留学 #奨学金 #ミャンマー #就職 #ဂျပန်ပညာတော်သင် #အလုပ်အကိုင်

ကုမ္ပဏီ Scholarship နဲ့ ဂျပန်မှာ ကားစက်ပြင်ဆရာဖြစ်ဖို့ ကြိုးစားကြရအောင်! 🚗💨"ဂျပန်မှာ ကားအကြောင်း လေ့လာချင်ပေမယ့် ကျောင်း...
15/05/2026

ကုမ္ပဏီ Scholarship နဲ့ ဂျပန်မှာ ကားစက်ပြင်ဆရာဖြစ်ဖို့ ကြိုးစားကြရအောင်! 🚗💨

"ဂျပန်မှာ ကားအကြောင်း လေ့လာချင်ပေမယ့် ကျောင်းလခတွေ ဈေးကြီးလို့..." ဆိုပြီး အိပ်မက်တွေကို လက်လျှော့နေပြီလား?

Niigata မှာရှိတဲ့ မော်တော်ယာဉ်အင်ဂျင်နီယာကျောင်း GIA (Niigata Kokusai Jidosha Daigakko) မှာ သင့်အိပ်မက်တွေကို အကောင်အထည်ဖော်လို့ရနေပါပြီ!

🌟 GIA ရဲ့ သီးသန့် "ကုမ္ပဏီ Scholarship စနစ်" က အရမ်းမိုက်တယ်!
✅ ကျောင်းလခ ဝန်ထုပ်ဝန်ပိုးတွေ အရမ်းလျော့သွားမယ်! - ဒုတိယနှစ်မှာလုပ်မယ့် "ကုမ္ပဏီအင်တာဗျူး" ကို အောင်မြင်ခဲ့ရင် ဒုတိယနှစ်အတွက် ကျောင်းလခကို ကုမ္ပဏီဘက်က ထောက်ပံ့ပေးမှာဖြစ်လို့ လက်တွေ့မှာ 0 ယန်း (အခမဲ့) နဲ့ ပညာသင်ကြားနိုင်မှာပါ။
✅ အလုပ်အကိုင်ရဖို့ သေချာတယ်! - ကျောင်းပြီးသွားရင် အင်တာဗျူးအောင်မြင်ခဲ့တဲ့ ကုမ္ပဏီမှာ ၅ နှစ် အလုပ်လုပ်ပေးရင် ပညာသင်ဆုငွေ ပြန်ဆပ်ရခြင်းမှ လုံးဝကင်းလွတ်ခွင့် ရရှိမှာဖြစ်ပါတယ်။
✅ ယုံကြည်စိတ်ချရတဲ့ မိတ်ဖက်ကုမ္ပဏီတွေ - ISUZU, MAZDA, DAIHATSU စတဲ့ ဂျပန်နိုင်ငံရဲ့ ထိပ်တန်းကုမ္ပဏီကြီးတွေက သင့်အတွက် Sponsor ပေးမှာပါ။

🏆 ရလဒ်တွေက သက်သေပြနေတဲ့ "အောင်မြင်မှုဆီသွားမယ့် ၁၀၀% လမ်းကြောင်း"
GIA က "ကျောင်းပြီးသွားရုံသက်သက်" မဟုတ်ပါဘူး။ အနာဂတ်ဘဝ တည်ငြိမ်ဖို့အတွက်ပါ အာမခံပေးပါတယ်။

💯 နိုင်ငံတော်အသိအမှတ်ပြုလက်မှတ် အောင်မြင်မှုနှုန်း ၁၀၀% (၉ နှစ်ဆက်တိုက်!)
💯 အလုပ်အကိုင်နဲ့ အလုပ်ဗီဇာရရှိမှုနှုန်း ၁၀၀%
🏎️ နာမည်ကြီးကုမ္ပဏီတွေမှာ အလုပ်ဝင်ရောက်နိုင်မှု - BMW, Mercedes-Benz, Honda, Nissan စတာတွေမှာပါ။

📝 အခုပဲ ဒီအခွင့်အရေးကို အရယူလိုက်ပါ!

ကျောင်းလခသက်သာသက်သာနဲ့ တစ်သက်လုံးအသုံးဝင်မယ့် နည်းပညာတွေကို သင်ယူပြီး ဂျပန်နိုင်ငံမှာ တည်ငြိမ်တဲ့ဘဝကို စတင်လိုက်ကြရအောင်။

👇 အသေးစိတ်သိချင်ရင် ဆက်သွယ်စုံစမ်းလို့ရပါတယ်နော်!
Myandemyhttps://www.facebook.com/Myandemy

Myandemy က သင့်ရဲ့ ကြိုးစားအားထုတ်မှုကို အစွမ်းကုန် ကူညီထောက်ပံ့ပေးသွားမှာပါ။ အားမနာဘဲ ဆက်သွယ်လိုက်ပါနော်! 🤝

#日本留学 #自動車整備士 #奨学金 #ミャンマー #就職 #エンジニア #ဂျပန်ပညာတော်သင် #အလုပ်အကိုင် #ကားစက်ပြင်ဆရာ

27/04/2026

📢ဂျပန်နိုင်ငံမှာ ပညာသင်ယူဖို့ စိတ်ဝင်စားနေတဲ့ ကျောင်းသား/သူများအတွက် သတင်းကောင်း❗️

NSG(Air) Language School အကြောင်း မိတ်ဆက် Seminar လေး ပြုလုပ်သွားမှာ ဖြစ်ပါတယ်။
ဒီ Seminar မှာ ကျောင်းတာဝန်ခံ Ando-sensei ကိုယ်တိုင် တိုက်ရိုက် ဆွေးနွေးပေးသွားမှာ ဖြစ်တဲ့အတွက် သိလိုသမျှကို အသေးစိတ် မေးမြန်းနိုင်မှာပါ။

📅Date: May 1, 2026 (Friday)
🕰️Time:
5:00 PM (ဂျပန်စံတော်ချိန် - JST)
2:30 PM (မြန်မာစံတော်ချိန် - MMT)
📍Location: Online
📩တက်ရောက်လိုပါက: စိတ်ဝင်စားသူများအနေဖြင့် Messenger မှတစ်ဆင့် အသေးစိတ်ကို အခုပဲ ဆက်သွယ်စုံစမ်းနိုင်ပါတယ်ခင်ဗျာ။

ဂျပန်နိုင်ငံမှာ ပညာသင်ယူဖို့ အိပ်မက်ရှိတဲ့သူတွေ လက်မလွတ်သင့်တဲ့ Seminar လေးမို့ အခုပဲ Messenger ကနေ ဆက်သွယ်ပြီး စာရင်းပေးသွင်းလိုက်တော့နော်။

#ဂျပန်ပညာတော်သင်

24/04/2026

[COE ၁၀၀% အောင်မြင်ထားတဲ့ Niigata မြို့က Class 1 ကျောင်း - NSG Air ၂၀၂၆ အောက်တိုဘာIntakeအတွက် ကျောင်းသားခေါ်ယူခြင်း] 🌸

ဂျပန်နိုင်ငံမှာ စာကိုတကယ် အာရုံစိုက်လေ့လာချင်တယ်၊ ဗီဇာ (COE) အတွက်လည်း စိတ်ချရတဲ့ကျောင်းမျိုး ရှာနေတယ်ဆိုရင်တော့ NSG Air (Niigata) က အသင့်တော်ဆုံးပါပဲ။

ယခင်နှစ်မှာ COE အောင်မြင်မှု ၁၀၀% အထိ ရှိခဲ့တဲ့ Class 1 ကျောင်းဖြစ်သလို၊ ဂျပန်နိုင်ငံမှာ ကောလိပ်ပေါင်းများစွာ ပိုင်ဆိုင်ထားတဲ့ ခိုင်မာတဲ့ NSG Group ရဲ့ အစိတ်အပိုင်းတစ်ခု ဖြစ်တာကြောင့် လုပ်ငန်းစဉ်တိုင်းမှာ စနစ်တကျနဲ့ တိကျမှုရှိပါတယ်။ ကျောင်းသားတစ်ယောက်ရဲ့ အနာဂတ်အတွက် စိတ်ချရတဲ့ လမ်းကြောင်းဖြစ်ဖို့ကိုပဲ ကျွန်တော်တို့ အဓိကထားပါတယ်။

✨ NSG Air ကို ဘာကြောင့်ရွေးချယ်သင့်တာလဲ?
ပတ်ဝန်းကျင်ကောင်းခြင်း: Niigata မြို့ဟာ တိုကျိုနဲ့လည်း သိပ်မဝေးသလို (၂ နာရီခွဲခရီး)၊ ဆူညံမှုကင်းပြီး စာကိုတကယ် အာရုံစိုက်ချင်သူတွေအတွက် အထူးသင့်တော်ပါတယ်။

ကျောင်းမှ အလုပ်ရှာပေးခြင်း: အချိန်ပိုင်းအလုပ် (Arubaito) အတွက် ကျောင်းကနေ တိုက်ရိုက်ရှာဖွေပေးပါတယ်။

အနီးကပ် Support ပေးခြင်း: ရပ်ကွက်ရုံးသွားခြင်း၊ ဘဏ်ကိစ္စဆောင်ရွက်ခြင်းနဲ့ နေမကောင်းဖြစ်တဲ့အခါမျိုးမှာလည်း ကျောင်းကနေ တာဝန်ယူ လုပ်ဆောင်ပေးပါတယ်။ (ဂျပန်ရောက်သွားရင်လည်း တစ်ယောက်တည်း မဟုတ်ဘူးဆိုတာ စိတ်ချလို့ရပါတယ်။)

ရှေ့ဆက်ရမယ့် လမ်းကြောင်း: NSG Group ထဲမှာ ကောလိပ်ပေါင်းများစွာရှိတာကြောင့် ဘာသာစကားသင်တန်းပြီးလို့ ကျောင်းဆက်တက်ချင်သူတွေအတွက် ရှေ့ဆက်ရမယ့် လမ်းကြောင်းက အဆင်သင့်ရှိနေမှာပါ။

🌐 Official Website: ကျောင်းအကြောင်းအောက်ပါ Link မှာ ကိုယ်တိုင်ဝင်ရောက် လေ့လာနိုင်ပါတယ်။👇
https://www.nsg-air.jp/

📅 လျှောက်ထားရန် သတ်မှတ်ချက်များ:
ဂျပန်စာ N4 အောင်မြင်ပြီးသူ (JLPT, NAT-TEST, etc.)
အထက်တန်းပညာရေး (Grade 12 / ဆယ်တန်း) ပြီးဆုံးထားသူ
အသက် ၂၈ နှစ်အောက် ဖြစ်သူ

⏳ လျှောက်လွှာပိတ်ရက်:
၅လပိုင်း၁၅ရက်နေ့အထိ

📍 လူကိုယ်တိုင် လာရောက်စုံစမ်းရန် သို့မဟုတ် ဆက်သွယ်ရန်:
①FCS
https://www.facebook.com/fcsacademiccenter

②AIMI
https://www.facebook.com/aimijapaneselanguagecenter

ကျောင်းသားတွေရဲ့ အိပ်မက်တွေဟာ တန်ဖိုးရှိတာကြောင့် အစအဆုံး စနစ်တကျနဲ့ ခိုင်မာတဲ့ ကျောင်းမျိုးကိုပဲ ရွေးချယ်စေချင်ပါတယ်။ ကျွန်တော်တို့ အေဂျင်စီကို လူကိုယ်တိုင် လာရောက်တွေ့ဆုံပြီး ကျောင်းကိစ္စရပ်တွေကို အသေးစိတ် ပွင့်လင်းမြင်သာစွာ တိုင်ပင်ဆွေးနွေးဖို့ ဖိတ်ခေါ်ပါတယ်။

အားလုံးပဲ မိမိတို့ရဲ့ Japan Dream ကို စိတ်ချလက်ချ အကောင်အထည်ဖော်နိုင်ကြပါစေ။ ✨

#ဂျပန်ပညာရေး

ကမ္ဘာကျော် Newsweek မဂ္ဂဇင်းမှာ NSG Group အကြောင်း ပါလာပါပြီ! 🌏✨NSG Group ဆိုတာ တက္ကသိုလ်နဲ့ သက်မွေးဝမ်းကျောင်းကောလိပ်ပေ...
17/04/2026

ကမ္ဘာကျော် Newsweek မဂ္ဂဇင်းမှာ NSG Group အကြောင်း ပါလာပါပြီ! 🌏✨

NSG Group ဆိုတာ တက္ကသိုလ်နဲ့ သက်မွေးဝမ်းကျောင်းကောလိပ်ပေါင်း (၄၀) ကျော်ကို ပိုင်ဆိုင်ထားတဲ့ ဂျပန်နိုင်ငံရဲ့ အကြီးဆုံး ပညာရေးအုပ်စုကြီးဖြစ်ပါတယ်။

Collegeအမျိုးအစားတွေလည်းအများကြီးရှိတာမို့လို့ Language School ပြီးလို့ Collegeဆက်တက်ချင်တဲ့သူတွေအတွက် NSG ဟာ အကောင်းဆုံး ရွေးချယ်မှုပါ။

ဘာကြောင့် NSG ကို ရွေးချယ်သင့်တာလဲ?
✅ Newsweek အသိအမှတ်ပြု: ကမ္ဘာကျော်မဂ္ဂဇင်းကပါ ကျောင်းရဲ့ အရည်အသွေးကို အာမခံထားပါတယ်။
✅ ၉၉% အလုပ်အကိုင်ရရှိမှု: ကျောင်းပြီးရင် အလုပ်ရဖို့ ရာခိုင်နှုန်းအများဆုံး ကျောင်းဖြစ်ပါတယ်။
✅ စရိတ်သက်သာ: Niigata မှာရှိလို့ တိုကျိုထက် နေထိုင်စရိတ် အများကြီး သက်သာပါတယ်။
✅ ဘာသာရပ်စုံလင်ခြင်း: IT၊ Business၊ Animation၊ ဟိုတယ်၊ အလှအပဆိုင်ရာ၊ ကား၊ အချက်အပြုတ် နဲ့ အားကစား စတဲ့ ကိုယ်ဝါသနာပါရာ ဘာသာရပ်တွေကို လက်တွေ့ကျကျ သင်ယူနိုင်ပါတယ်။

"ပညာရေးတင်မကဘဲ အနာဂတ်အလုပ်အကိုင်အတွက်ပါ တာဝန်ယူပေးတဲ့" ဒီလို ဂုဏ်သိက္ခာရှိတဲ့ ကျောင်းမျိုးမှာ တက်ရောက်ဖို့ အခွင့်အရေးကို လက်လွှတ်မခံပါနဲ့။

သတင်း Link👇
https://www.nsg.gr.jp/blog/nsg-group_shogo-ikeda_newsweek_interview/

13/04/2026

【ကျောင်းသားအင်တာဗျူး 🎤】
ဒီနေ့မှာတော့ NSG Airမှာ ပညာသင်ကြားနေတဲ့ ဒုတိယမြောက် မြန်မာကျောင်းသူလေးရဲ့ အတွေ့အကြုံတွေကို ဝေမျှပေးချင်ပါတယ်။
ဒီနှစ် ၁၀လပိုင်းIntakeမှာ ကျောင်းဝင်ဖို့ကျောင်းရှာနေတဲ့သူတွေအတွက် အထောက်အကူပြုမယ့်အချက်လေးတွေ ဖြစ်မယ်လို့မျှော်လင့်ပါတယ် ✨

Q1: Niigata မှာ နေရတဲ့ 生活 (နေထိုင်မှုဘဝ) က ဘယ်လိုလဲ?
🗣️ Niigata က အေးဆေးတိတ်ဆိတ်ပြီး နေလို့ကောင်းလို့ ကြိုက်တယ်။ ရာသီဥတုကတော့ နည်းနည်းအေးပေမဲ့၊ ဆန်အဓိကထွက်တဲ့ မြို့ဖြစ်လို့ ဆန်ကောင်းပြီး အရက်ထုတ်တဲ့နေရာမှာလည်း နာမည်ကြီးတယ်။ 東京 (Tokyo) ကနေ 新幹線 (Shinkansen) နဲ့ ၂ နာရီလောက်ပဲ ကြာတယ်။ အလုပ်ရှာရလွယ်သလို၊ နေထိုင်မှုနဲ့ စားသောက်စရိတ်က အရမ်းမများလို့ အလုပ်ပုံမှန်လုပ်ရင် စိတ်မပူစရာမလိုပါဘူး။ မြို့ကြီးတွေနဲ့ ယှဉ်လိုက်ရင် အေးချမ်းပြီး တော်တော်နေလို့ကောင်းပါတယ်။

Q2: ဂျပန်စစရောက်ချင်း အချိန်ပိုင်းအလုပ် (Baito) ကို ဘယ်လိုရှာခဲ့လဲ?
🗣️ ဂျပန်ရောက်ပြီး ၁ လကျော်မှာ ဆရာမတွေက ရှာပေးပါတယ်။ ကိုယ့်ဟာကို ရှာမယ်ဆိုရင်တော့ စကားပြောနဲ့ ဂျပန်စာ Level N3 လောက်ရှိရင် အဆင်ပြေပါတယ်။

Q3: ကျောင်းမှာ စာသင်ရတဲ့ အခြေအနေက ဘယ်လိုလဲ?
🗣️ NSG ကျောင်းမှာ စာသင်တာ တော်တော်ကောင်းပါတယ်။ ခက်ခဲမှုတော့ သိပ်မရှိပါဘူး။ ဆရာမတွေကလည်း အရမ်းကောင်းပါတယ်။

Q4: ဂျပန်ကို စစရောက်ချင်း ကြုံတွေ့ရတဲ့ အခက်အခဲက ဘာတွေလဲ?
🗣️ စစရောက်ချင်းကတော့ ဘာသာစကားပါပဲ။ နားလည်ပေမဲ့ ပြန်မပြောတတ်တာမျိုး ရှိခဲ့ပါတယ်။ ဒါပေမဲ့ NSG ကျောင်းရဲ့ သင်ကြားပြသမှုက အရမ်းကောင်းပါတယ်။ သင်ခန်းစာတစ်ခုပြီးတိုင်း သူငယ်ချင်းတွေနဲ့ အပြန်အလှန်ပြောရလို့ နောက်ပိုင်း စကားပြောက ပိုပိုတိုးတက်လာပါတယ်။

Q5: ကျောင်းတက်ရင်း အပျော်ရွှင်ဆုံးအချိန်က ဘယ်အချိန်လဲ?
🗣️ နိုင်ငံအသီးသီးက သူငယ်ချင်းတွေနဲ့ အတူတူရှိနေရတာ အရမ်းပျော်ဖို့ကောင်းပါတယ်။ 🌍

Q6: ကျောင်းပြီးသွားရင် (卒業) ဘာဆက်လုပ်မယ်လို့ တွေးထားလဲ?
🗣️ ကျောင်းပြီးရင်တော့ LSနဲ့ချိတ်ထားတဲ့ NSG group Collegeကျောင်းမှာပဲ IT နဲ့ Business ဘာသာရပ်ကို ဆက်တက်ဖို့ စီစဉ်ထားပါတယ်။ 💻

Q7: နောက်ပိုင်းလာမယ့်သူတွေအတွက် အကြံပြုချင်တာများ ရှိလား?
🗣️ အတန်းပိုင်ဆရာမက အကုန်လုပ်ပေး၊ ကူညီပေးလို့ ခက်ခဲတာ သိပ်မရှိပါဘူး။ စိတ်ချလက်ချ လာခဲ့ပါလို့ ပြောချင်ပါတယ်။ 😊

NSG ကျောင်းမှာ နိုင်ငံတကာက သူငယ်ချင်းတွေနဲ့အတူတူ ပျော်ပျော်ရွှင်ရွှင် ပညာသင်ကြားလိုက်ပါ!

▼ ကျောင်းနှင့်ပတ်သက်၍ အသေးစိတ်သိလိုပါက ကျောင်းဝက်ဘ်ဆိုဒ်
https://japanese.air.ac.jp/

▼ ကျောင်းဝင်ခွင့်နဲ့ ပတ်သက်ပြီး စုံစမ်းရန်
①AIMI
https://www.facebook.com/aimijapaneselanguagecenter

②FCS
https://www.facebook.com/fcsacademiccenter

ျောင်း #ဂျပန်ပညာတော်သင် #မြန်မာကျောင်းသား

10/04/2026

🇯🇵 Niigata မြို့က စီနီယာအစ်ကိုရဲ့ လက်တွေ့အတွေ့အကြုံများ (Part - 2) လာပါပြီရှင့်! 🔥

မနေ့ကတင်ပေးခဲ့တဲ့ (Part - 1) မှာ Niigata မြို့အကြောင်း၊ ကျောင်းနဲ့ အချိန်ပိုင်းအလုပ် (Baito) အကြောင်းတွေကို ဖတ်ပြီးကြပြီဆိုတော့... ဒီနေ့မှာတော့ ဂျပန်မှာနေထိုင်ရင် မသိမဖြစ်တဲ့ "ကုန်ကျစရိတ်နဲ့ သတိထားရမယ့် အချက်တွေ" ကို ဆက်လက် မျှဝေပေးသွားပါမယ်နော်... 😉👇

💰 ကုန်ကျစရိတ်နဲ့ နေထိုင်ရေး

နေထိုင်စရိတ်ကတော့ ကိုယ်တတ်နိုင်သလောက် ချွေတာလို့ရတယ်။ သူငယ်ချင်း ၃၊ ၄ ယောက်လောက် စုပြီး အိမ်ငှားနေရင် ပိုသက်သာတယ်။ ဈေးဖိုးက တစ်လကို ၂ သောင်း၊ ၃ သောင်းလောက်ပဲ ကျအောင် ခြွေတာလို့ရသလို၊ ကိုယ််််််််််််််််််််အချိန်ပိုင်းလုပ်တဲ့ဆိုင်က ထမင်းကျွေးတာမျိုးဆို ပိုတောင် သက်သာသေးတယ်။💡 Tip: ပစ္စည်းဝယ်ရင် Second-hand ဆိုင်တွေကို သွားကြည့်ပါ။ ဆိုဖာ၊ အင်္ကျီ စတာတွေ အရမ်းတန်တဲ့ဈေးနဲ့ ရနိုင်တယ်။

⚠️ အထူးသတိထားရမယ့် အချက်များ

အိမ်ငှားရင်: ဂျပန်မှာ အိမ်ငှားဖို့က Guarantee (အာမခံမယ့်သူ) မရှိရင် ခက်တယ်။ ပွဲစား ဒါမှမဟုတ် အသိတွေကနေတစ်ဆင့် ရှာတာ အကောင်းဆုံးပဲ။ 🏠

Door-to-door: အိမ်ပေါက်ဝလာပြီး ဘာသာရေးလာဆွယ်တာ၊ သတင်းစာလာရောင်းတာမျိုးတွေကို သတိထားပါ။ အလွယ်တကူ တံခါးမဖွင့်ပေးပါနဲ့။ 🚪🙅‍♂️

🌟 ရှေ့ဆက်မယ့် အနာဂတ်

Language School ပြီးရင်တော့ အင်ဂျင်နီယာဘာသာရပ်ကို ဆက်လက်လေ့လာဖို့ တက္ကသိုလ် ဆက်တက်ဖို့ ရည်ရွယ်ထားပါတယ်။ 🎓

ကဲ... ဘယ်လိုလဲ? Part 1 နဲ့ Part 2 နှစ်ခုလုံးကို ဖတ်ပြီးသွားပြီဆိုတော့ စီနီယာအစ်ကိုရဲ့ လက်တွေ့အတွေ့အကြုံလေးတွေက ဂျပန်လာမယ့် သူငယ်ချင်းတို့အတွက် တော်တော်လေး ဗဟုသုတရစေမယ်လို့ ထင်ပါတယ်။ 🤩

Niigata မြို့လေးက အေးချမ်းပြီး ကုန်ကျစရိတ်သက်သာတဲ့အပြင် AIR လို Support အပြည့်ပေးတဲ့ ကျောင်းကောင်းကောင်းလည်း ရှိတာမို့ လာတက်ဖို့ စဉ်းစားသင့်တဲ့ ရွေးချယ်မှုတစ်ခုပါပဲ။ ကျောင်းနဲ့ပတ်သက်ပြီး အသေးစိတ် သိချင်တာလေးတွေရှိရင် Page Messenger ကနေ အချိန်မရွေး လာရောက်မေးမြန်းနိုင်ပါတယ်နော်! 📩✨

ဂျပန်အတူတူလာမယ့် သူငယ်ချင်းတွေကိုလည်း ဒီ Post လေးကို Mention ခေါ်ပြီး Share ပေးသွားပါဦးရှင့်! ✈️🇯🇵

#ဂျပန်ပညာရေး #新潟 #ဂျပန်ပညာတော်သင် #ဂျပန်ကျောင်းသားဘဝ

27/03/2026

人手不足業種で外国人を雇う特定技能制度をめぐり、農林水産省と出入国在留管理庁は27日、外食業の受け入れを4月13日に停止すると発表した。在留者が急増し、上限の5万人に達する見込みとなった。長期の停止は2019年に.....

17/02/2026

💻NCC ကျောင်းသားနဲ့ အင်တာဗျူး! (Part 2)

ဒီနေ့ကတော့ Part 1 အဆက်အနေနဲ့ ကျောင်းရဲ့ စိတ်ဝင်စားစရာ Support ပေးမှုတွေ၊ Niigata မှာ နေထိုင်ရတဲ့ အားသာချက်တွေ နဲ့ သူ့ရဲ့အနာဂတ် ရည်မှန်းချက်တွေအကြောင်းကို ဆက်ပြီး ကြည့်ကြည့်ကြရအောင်! 👇

👨‍🏫 Q1: ကျောင်း/အတန်းရဲ့ ပတ်ဝန်းကျင်နဲ့ ဆရာတွေရဲ့ Support!
💁‍♂️ ကျောင်းမှာက Friendly ဖြစ်တဲ့ Vibe ပါ။ တစ်ခုခု မသိတာရှိရင် ကျောင်းသားအချင်းချင်း မေးလို့ရသလို၊ Group Activityတွေ လုပ်ရင်လည်း အကုန် ဝိုင်းကူကြတယ်။ အဆင်ပြေတယ်။ 💯
ဆရာ/ဆရာမတွေကလည်း မသိတာမေးရင် သေသေချာချာ ရှင်းပြပေးပါတယ်။ ပြီးတော့ အတန်းပိုင်ဆရာနဲ့ 個人面談(တစ်ယောက်ချင်းစီ သီးသန့်ဆွေးနွေးမှု) ဆိုပြီး တစ်ယောက်ချင်းစီ အဆင်မပြေတဲ့အရာတွေ ဘယ်ဘာသာရပ်တွေ‌လေ့လာတဲ့နေရာမှာ အခက်အခဲရှိနေလဲ တစ်ခုချင်းစီ ဆွေးနွေးပေးပါတယ်။

🏘️ Q2: Niigata မှာ နေရတာ ဘယ်လိုလဲ? Tokyo နဲ့ ဘာကွာလဲ?
💁‍♂️ Niigataက Tokyoလို မကြီးပေမယ့် နေရတာအဆင်ပြေပါတယ်။ ကုန်ဈေးနှုန်းကလည်းTokyoလောက် မများဘူး။ 💰
ရာသီဥတုကတော့ တိုကျိုနဲ့ယှဉ်ရင် နည်းနည်းတော့ ပိုအေးပေးမယ့် 🍂ဆောင်းဦး (Autumn) နဲ့ 🌸နွေဦး (Spring) မှာဆို စိမ့်စိမ့်လေးနဲ့ တကယ်နေလို့ကောင်းပါတယ်။ 🌊ပင်လယ်နဲ့လည်း နီးတော့ လေထုက သန့်ရှင်းပြီး လတ်ဆတ်ပါတယ်…

🎁 Q3: နောက်လာမယ့်သူတွေအတွက် အကြံပြုချက်!
💁‍♂️ တစ်ခုပဲ သေချာပြောချင်တာက ဆောင်းရာသီဝတ်စုံကို သေချာပြင်ဆင်လာဖို့ပါပဲ!
Niigata က Hokkaido🥶 လောက်ကြီး မအေးပေမယ့် မြန်မာပြည်ရာသီဥတုနဲ့ကတော့ ကွာခြားချက်အများကြီးရှိလို့ အနွေးထည်အထူတွေ ယူလာခဲ့ဖို့ အကြံပေးချင်ပါတယ် !

🔮 Q4: အနာဂတ် ရည်မှန်းချက်က ဘာလဲ?
💁‍♂️ ဒီကောလိပ်ပြီးသွားရင်တော့ ဂျပန်နိုင်ငံမှာပဲနည်းပညာနဲ့ ပတ်သက်တဲ့ လုပ်ငန်းခွင် ကို ဝင်ရောက်ဖို့ ရည်ရွယ်ထားပါတယ်。。。

🍀မောင်လေးရဲ့အိပ်မက်တွေ အောင်မြင်ပါစေလို့ ဆုတောင်းပေးပါတယ် 🙏

💻NCC ကျောင်းသားလေးရဲ့ Interview ကနေ အားလုံးအတွက် အကျိုးရှိမယ့် imformationတွေ ရမယ်လို့ မျှော်လင့်ပါတယ်။

Comment မှာ ကောလိပ်နဲ့ ပတ်သက်ပြီး သိချင်တာတွေ မေးခဲ့လို့ရပါတယ်နော်! 📩

#ဂျပန်အလုပ်အကိုင် #進路

10/02/2026

住所

Niigata-shi, Niigata

アラート

NSG Myanmarがニュースとプロモを投稿した時に最初に知って当社にメールを送信する最初の人になりましょう。あなたのメールアドレスはその他の目的には使用されず、いつでもサブスクリプションを解除することができます。

ショートカット

  • 住所
  • アラート

共有する

カテゴリー