M Myanmar Tokutei Exam Support

M Myanmar Tokutei Exam Support Supporting people who want to take the Tokutei Ginou exam. Easy-to-understand guidance for beginners.

18/07/2026

စက်မှုကုန်ထုတ် tokuteigino နဲ့ အလုပ်ခေါ်စာ လူဦးရေ 100လောက် ရှိရင် ခေါ်ပေးဖို့ အလုပ်ရှင်ဘက်က ဆက်သွယ်ထားပါတယ် အလုပ်ရှာနေတဲ့သူတွေ က ကျမတို့ ဆီမှာ စရင်းပေးထားလို့ ရပါတယ်နော်

🇯🇵ကားစက်ရုံ Tokutei Batch 3 Enrollment Open!ဂျပန်နိုင်ငံ SSW (機械金属加工区分) စာမေးပွဲအတွက် Batch 3 သင်တန်းကို စတင်လက်ခံနေပါပြ...
17/07/2026

🇯🇵ကားစက်ရုံ Tokutei Batch 3 Enrollment Open!
ဂျပန်နိုင်ငံ SSW (機械金属加工区分) စာမေးပွဲအတွက် Batch 3 သင်တန်းကို စတင်လက်ခံနေပါပြီ။

🌟 機械金属加工区分 ကို ဘာကြောင့် ရွေးချယ်သင့်လဲ?
機械金属加工区分 ကို အောင်မြင်ထားသူများအတွက် အလုပ်အကိုင်အမျိုးအစား ၁၇ မျိုး အထိ လျှောက်ထားနိုင်တဲ့ အခွင့်အရေးရှိပါတယ်။
✔️ 鋳造
✔️ 鍛造
✔️ ダイカスト
✔️ 機械加工
✔️ 金属プレス加工
✔️ 鉄工
✔️ 工場板金
✔️ 仕上げ
✔️ プラスチック成形
✔️ 機械検査
✔️ 機械保全
✔️ 電子機器組立て
✔️ 塗装
✔️ 溶接
✔️ 工業包装
✔️ 強化プラスチック成形
✔️ 金属熱処理業
အလုပ်အကိုင်ရွေးချယ်နိုင်တဲ့ အခွင့်အလမ်း ပိုကျယ်ပြန့်တာကြောင့် SSW လမ်းကြောင်းကို ပြင်ဆင်နေသူများအတွက် ရွေးချယ်မှုကောင်းတစ်ခု ဖြစ်ပါတယ်။
📚 သင်တန်းတွင် ရရှိမည့်အရာများ
✅ မြန်မာဘာသာဖြင့် နားလည်လွယ်အောင် သင်ကြားပေးခြင်း
✅ စာမေးပွဲအတွက် ​မေးခွန်း​ဟောင်းများကို လေ့ကျင့်ပေးခြင်း
✅ Prometric ID ဖွင့်ခြင်းနှင့် စာမေးပွဲဆိုင်ရာ လိုအပ်ချက်များကို Support ပေးခြင်း
✅ သင်ထောက်ကူစာအုပ်များနှင့် လေ့ကျင့်ခန်းများ ထောက်ပံ့ပေးခြင်း
✅ Live Class မတက်နိုင်သူများအတွက် Recording Video ဖြင့် အချိန်မရွေး ပြန်လည်လေ့လာနိုင်ခြင်း

📅 Batch 3 သင်တန်းအသေးစိတ်
📌 ညပိုင်းသင်တန်းစတင်မည့်ရက်
2026 ခုနှစ် ဩဂုတ်လ 8 ရက် (စနေ)
🗓 သင်ကြားမည့်ရက်
အပတ်စဉ် စနေ / တနင်္ဂနွေ
🕗 အချိန်
Japan Time - 20:00 မှ 21:30 အထိ

📌 မနက်ပိုင်းသင်တန်းစတင်မည့်ရက်
2026 ခုနှစ် ဩဂုတ်လ 15 ရက် (စနေ)
🗓 သင်ကြားမည့်ရက်
အပတ်စဉ် စနေ / တနင်္ဂနွေ
🕗 အချိန်
Japan Time - 10:00 မှ 11:30 အထိ
💻 သင်ကြားမည့်ပုံစံ
Online (Zoom)
Live Class + Recording Video
📚 ဘာသာရပ်
(機械金属加工区分)
📩 အသေးစိတ်မေးမြန်းရန်နှင့် စာရင်းပေးသွင်းရန် Facebook Messenger မှ ဆက်သွယ်နိုင်ပါသည်။

📢 機械金属加工区分 (特定技能1号) အောင်ထားပြီး အလုပ်ရှာနေသူများအတွက်“အလုပ်မရှိဘူး” လို့ မထင်လိုက်ပါနဲ့။機械金属加工区分 မှာ အလုပ်အမျိုးအစား 17...
23/06/2026

📢 機械金属加工区分 (特定技能1号) အောင်ထားပြီး အလုပ်ရှာနေသူများအတွက်

“အလုပ်မရှိဘူး” လို့ မထင်လိုက်ပါနဲ့။

機械金属加工区分 မှာ အလုပ်အမျိုးအစား 17 မျိုးရှိပါတယ်။

✅ 鋳造
✅ 鍛造
✅ ダイカスト
✅ 機械加工
✅ 金属プレス加工
✅ 鉄工
✅ 工場板金
✅ 仕上げ
✅ プラスチック成形
✅ 機械検査
✅ 機械保全
✅ 電子機器組立て
✅ 塗装
✅ 溶接
✅ 工業包装
✅ 強化プラスチック成形
✅ 金属熱処理業

အလုပ်ရှာတဲ့အခါ

❌ 「特定技能 機械金属加工」

လို့ပဲ မရှာပါနဲ့။

⭕ 「溶接 求人」
⭕ 「機械加工 求人」
⭕ 「機械保全 求人」
⭕ 「機械検査 求人」
⭕ 「工場板金 求人」
⭕ 「電子機器組立て 求人」
⭕ 「塗装 求人」

စသဖြင့် ကိုယ်လုပ်နိုင်တဲ့ အလုပ်အမျိုးအစားအလိုက် ရှာဖွေပါ။

📌 အလုပ်ရှာနိုင်တဲ့ Website များ

🔹 Hello Work
https://www.hellowork.mhlw.go.jp

🔹 Indeed Japan
https://jp.indeed.com

🔹 求人ボックス
https://xn–pckua2a7gp15o89zb.com

🔹 スタンバイ
https://jp.stanby.com

🔹 WORK JAPAN
https://www.workjapan.jp

🔹 Hello Japan
https://hellojapan.work

🔹 GoToJapan
https://gotojapan.work

💡 အလုပ်ခေါ်စာတွေကို
မှန်တဲ့ Keyword နဲ့ မရှာမိတာ ဖြစ်နိုင်ပါတယ်။

ကိုယ်အောင်ထားတဲ့ Skill နဲ့ ကိုက်ညီတဲ့ အလုပ်အမျိုးအစားကို ရှာဖွေကြည့်ပါ

🇲🇲🇯🇵 အားလုံး အလုပ်အကိုင်ကောင်းများ အမြန်ဆုံး ရရှိကြပါစေ။

စက်မှုထုတ်ကုန်စာမေးပွဲ ဖြေရက်တွေ ထွက်လာပါပြီနော်စာမေးပွဲရက်တွေကတော့ ဒီနှစ်နောက်ကျပါမယ် 7လပိုင်း12~18ရက်ဖြစ်ပြီး ဖောင်တင်...
14/04/2026

စက်မှုထုတ်ကုန်စာမေးပွဲ ဖြေရက်တွေ ထွက်လာပါပြီနော်
စာမေးပွဲရက်တွေကတော့ ဒီနှစ်နောက်ကျပါမယ် 7လပိုင်း12~18ရက်ဖြစ်ပြီး ဖောင်တင်ရက်ကတော့ May 27~July7 ထိဖြစ်ပါတယ်
ဖောင်တင်ရက် က ရှည်ပေမဲ့ လူဦးရေကန့်သတ်ထားတာကြောင့် ဖောင်ကတော့ စောစောတင်ဖို့လိုပါတယ်
စာမေးပွဲစင်တာစစ်ဆေးရန်
ချွင်းချက်-စာမေးပွဲဖြေဆိုချိန်တွင် ‌‌‌ဖြေလို့မရတဲ့စင်တာတွေလည်းရှိပါတယ်
https://www.prometric-jp.com/my/examinee/hall/

စက်မှုထုတ်ကုန်စာမေးပွဲရက်များ ထွက်လာပါပြီနော်စာမေးပွဲရက်တွေကတော့ ဒီနှစ်နောက်ကျပါမယ် 7လပိုင်း13~18ရက်ဖြစ်ပြီး ဖောင်ကတော့ ...
14/04/2026

စက်မှုထုတ်ကုန်စာမေးပွဲရက်များ ထွက်လာပါပြီနော်
စာမေးပွဲရက်တွေကတော့ ဒီနှစ်နောက်ကျပါမယ် 7လပိုင်း13~18ရက်ဖြစ်ပြီး ဖောင်ကတော့ May 27~July7 ထိဖြစ်ပါတယ်
ဖောင်တင်ရက် က ရှည်ပေမဲ့ လူဦးရေကန့်သတ်ထားတာကြောင့် ဖောင်ကတော့ စောစောတင်ဖို့လိုပါတယ်
https://www.prometric-jp.com/my/ssw/test_list/archives/17
စာမေးပွဲစင်တာ စစ်ဆေးရန်
စရင်းရှိပေမဲ့စာမေးပွဲ ‌ဖြေဆိုချိန်တွင် ‌ဖြေလို့မရတဲ့စင်တာများလည်းရှိပါတယ်
https://www.prometric-jp.com/my/examinee/hall/

13/04/2026

မင်္ဂလာပါရှင့်
စာ​မေးပွဲ​ဖြေဆိုရာတွင် လိုအပ်​​သော Prometric ID အသစ်ပြုလုပ်မည့်သူများအတွက် ID ပြုလုပ်ဖို့ ​data အချက်အလက်များ အ​သေးစိတ် ပိုမိုလိုအပ်လာပြီး အနည်းငယ်ရှုပ်​ထွေး​သော​ကြောင့် video ​လေးနှင့် ပြုလုပ်နည်း အဆင့်ဆင့်ကို အ​သေးစိတ် ရှင်းပြ​ပေးထားပါတယ်ရှင့်

ID အ​ဟောင်းသမားများအတွက် data update
တဲ့ video ကိုလည်း ထပ်ပြီးတင်​ပေးသွားပါမယ်ရှင့်

📢 အရေးကြီးသတင်း (Tokuteigino စာမေးပွဲဖြေမယ့်သူများအတွက်)၂၀၂၆ ခုနှစ် ဧပြီလမှစပြီး Tokuteigino စာမေးပွဲဖြေဆိုရာတွင် **Pass...
05/04/2026

📢 အရေးကြီးသတင်း (Tokuteigino စာမေးပွဲဖြေမယ့်သူများအတွက်)

၂၀၂၆ ခုနှစ် ဧပြီလမှစပြီး Tokuteigino စာမေးပွဲဖြေဆိုရာတွင် **Passport Number (သို့) e-KTP နံပါတ်(only Indonesia)*** ကို Prometric ID ထဲမှာ မဖြစ်မနေ မှတ်ပုံတင်ထားရပါမယ်။

❗ မတ်လ ၁၁ ရက်နောက်ပိုင်း
👉 Prometric ID ထဲမှာ Passport နံပါတ် မရှိရင် စာမေးပွဲ booking မလုပ်နိုင်တော့ပါ

❗ စာမေးပွဲနေ့မှာလည်း
👉 Passport (သို့) e-KTP နဲ့ Prometric ID ထဲက အချက်အလက်တွေ (အမည်၊ နံပါတ်၊ မွေးနေ့) တူညီမှု မရှိရင် **စာမေးပွဲဖြေခွင့် မရပါဘူး**

📌 အရေးကြီးတာက

* Passport မရှိသေးရင် အမြန်လုပ်ထားပေးပါ
* Prometric ID အချက်အလက်တွေကို ကြိုတင် update လုပ်ထားဖို့လိုတာမို့
စာမေးပွဲဖြေဆိုဖို့ စရင်းပေးထားသူများအနေနဲ့ Passport နံပါတ်ထပ်မံ‌ပေးထားပေးပါရှင့်

မိမိကိုယ်တိုင်ဖောင်တင်မည့်သူများလည်း Passport နံပါတ် update လုပ်ပေးထားပါနော်
ကိုးကား- https://www.prometric-jp.com/ssw/news/archives/253
Prometric IDအသစ်ယူသူများအတွက်- https://www.prometric-jp.com/ssw/exam/id/attention_for_register_prometric_id/
Prometric IDယူပြီးသူများအတွက် update လုပ်ရန်- https://j6.prometric-jp.com/Ninsho/Notes?CN=JL&LC=JA

機械金属加工区分 စာမေးပွဲကို ဖြေထားတဲ့သူတွေဟာ လူဝင်မှုကြီးကြပ်ရေးမှ သတ်မှတ်ချက်အရ အောက်ပါ လုပ်ငန်း 17မျိုးကို လုပ်ခွင့်ရှိပါတယ်စ...
15/03/2026

機械金属加工区分 စာမေးပွဲကို ဖြေထားတဲ့သူတွေဟာ လူဝင်မှုကြီးကြပ်ရေးမှ သတ်မှတ်ချက်အရ အောက်ပါ လုပ်ငန်း 17မျိုးကို လုပ်ခွင့်ရှိပါတယ်
စာမေးပွဲအောင်ထားတဲ့သူတွေအနေနဲ့ မိမိက ဘယ်အလုပ်တွေ လုပ်ရလဲ သိအောင် မှတ်ထားပေးကြပါနော် ...အခုရက်ပိုင်းတွေမှာ 電気機器組立て ကတော့ အခေါ်အများဆုံးဖြစ်ပါတယ်

機械金属加工 17職種(စက်မှုနှင့် သတ္တုလုပ်ငန်း အမျိုးအစား ၁၇ မျိုး)
1. 鋳造(ちゅうぞう) / ပုံသွန်းလုပ်ခြင်း
2. 鍛造(たんぞう) / သတ္တုပုံဖော်ခြင်း
3. ダイカスト(だいかすと) / ပုံသွန်းစက်ဖြင့် ပုံဖော်ခြင်း
4. 機械加工(きかいかこう) / စက်ဖြင့် ပြုပြင်ခြင်း
5. 金属プレス加工(きんぞくぷれすかこう) / သတ္တုပြား ဖိစက်ဖြင့် ပုံဖော်ခြင်း
6. 鉄工(てっこう) / သံထည်လုပ်ငန်း
7. 工場板金(こうじょうばんきん) / စက်ရုံသုံး သတ္တုပြား ပုံဖော်ခြင်း
8. 仕上げ(しあげ) / အချောကိုင်ခြင်း
9. プラスチック成形(ぷらすちっくせいけい) / ပလတ်စတစ် ပုံသွန်းခြင်း
10. 機械検査(きかいけんさ) / စက်ပစ္စည်း စစ်ဆေးခြင်း
11. 機械保全(きかいほぜん) / စက်ပစ္စည်း ထိန်းသိမ်းပြုပြင်ခြင်း
12. 電気機器組立て(でんきききくみたて) / လျှပ်စစ်ပစ္စည်း တပ်ဆင်ခြင်း
13. 塗装(とそう) / ဆေးသုတ်ခြင်း
14. 溶接(ようせつ) / ဂဟေဆက်ခြင်း
15. 工業包装(こうぎょうほうそう) / စက်မှုကုန်ပစ္စည်း ထုပ်ပိုးခြင်း
16. 強化プラスチック成形(きょうかぷらすちっくせいけい) / ပုံပြောင်း ပလတ်စတစ် ပုံသွန်းခြင်း
17. 金属熱処理業(きんぞくねつしょりぎょう) / သတ္တုကို အပူပေး၍ ပြုပြင်ခြင်း

https://www.moj.go.jp/isa/applications/ssw/10_00180.html

住所

Nakatsu-shi, Oita

ウェブサイト

アラート

M Myanmar Tokutei Exam Supportがニュースとプロモを投稿した時に最初に知って当社にメールを送信する最初の人になりましょう。あなたのメールアドレスはその他の目的には使用されず、いつでもサブスクリプションを解除することができます。

その学校に問い合わせをする

M Myanmar Tokutei Exam Supportにメッセージを送信:

ショートカット

共有する