Fuji no Hana - Japanese Learning Hub

Fuji no Hana - Japanese Learning Hub Fuji no Hana - Japanese Learning Hub, 教育関連サイト, Nakano-kuの連絡先情報、マップ、方向、お問い合わせフォーム、営業時間、サービス、評価、写真、動画、お知らせ。

28/11/2025

🪻🪻🪻ပတ်စပို့သက်တမ်းကုန်သွားရင်လည်း ဂျပန်ပြည်တွင်းနေထိုင်ခွင့် သက်တမ်းတိုးလို့ရပါသလား???
🪻🪻🪻
ဒီတစ်ခါမှာတော့အမြဲတမ်းလာပြီးတော့မေးကြတဲ့ ပတ်စ်ပို့သက်တမ်းကုန်သွားရင်လည်းပဲနေထိုင်ခွင့်သက်တမ်းတိုးလို့ရမရနဲ့ပတ်သတ်ပြီးတော့ဖြေကြားပေးမှာဖြစ်ပါတယ်။

ဂျပန်နိုင်ငံလူဝင်မှုကြီးကြပ်ရေးဌာနမှာလျှောက်လွှာတင်တဲ့အခါပတ်စပို့ပျောက်သွားတာတို့ပတ်စ်ပို့သက်တမ်းကုန်သွားတာတို့ဖြစ်နိုင်ပါတယ်။သက်တမ်းရှိတဲ့ပတ်စ်ပို့တစ်ခုမရှိဘဲနဲ့ဂျပန်နိုင်ငံလူဝင်မှုကြီးကြပ်ရေးဌာနမှာနေထိုင်ခွင့်သက်တမ်းတိုးလို့ရနိုင်ပါသလား။

ဒီပို့စ်မှာတော့သက်တမ်းရှိတဲ့ပတ်စ်ပို့တစ်ခုမရှိဘဲနဲ့ဂျပန်နိုင်ငံနေထိုင်ခွင့်သက်တမ်းတိုးနည်းကိုပြောပြပေးသွားမှာဖြစ်ပါတယ်။

🎋ပထမဦးဆုံးဂျပန်နိုင်ငံနေထိုင်ခွင့်နှင့်ဗီဇာဘယ်လိုကွဲပြားချက်တွေရှိသလဲဆိုတာကိုပြောပြပေးမှာဖြစ်ပါတယ်။

မှီခိုဗီဇာ၊ အလုပ်ဗီဇာဆိုပြီးတော့မှဗီဇာအမျိုးမျိုးရှိပေမယ့်တကယ်တမ်းကျတော့နေထိုင်ခွင့်နှင့်ဗီဇာဆိုတာမတူပါဘူး။

🌾နေထိုင်ခွင့်ဆိုတာဘာလဲ။

နေထိုင်ခွင့်ဆိုတာဂျပန်နိုင်ငံမှာနေထိုင်ဖို့အတွက်ခွင့်ပြုချက်ရထားတာကိုဆိုလိုတာဖြစ်ပါတယ်။

နိုင်ငံခြားသားတစ်ဦးဟာဂျပန်နိုင်ငံမှာနေထိုင်ဖို့အတွက်ဆိုရင်တော့တစ်ဦးလျှင်နေထိုင်ခွင့်တစ်ခုစီလိုအပ်တာဖြစ်ပါတယ်။

နေထိုင်ခွင့်နှင့်ပတ်သတ်ပြီးတော့အမျိုးမျိုးကွဲပြားချက်တွေရှိနေပေမယ့်လည်းဂျပန်နိုင်ငံမှာပြုလုပ်ဆောင်ရွက်မယ့်အရာနဲ့ဂျပန်နိုင်ငံနေထိုင်ခွင့်မှာကန့်သတ်ထားတဲ့အရာတူညီဖို့လိုအပ်ပါတယ်။

မှီခိုဗီဇာဆိုတာဂျပန်လူမျိုးတစ်ဦးရဲ့မှီခိုသူသို့မဟုတ်အမြဲတမ်းနေထိုင်ခွင့်ရရှိထားသူရဲ့မှီခိုသူတစ်ဦးတစ်ယောက်က ပိုင်ဆိုင်တဲ့ နေထိုင်ခွင့်ပဲဖြစ်ပါတယ်။ ဂျပန်လူမျိုးသို့မဟုတ်အမြဲတမ်းနေထိုင်ခွင့်ရရှိသူတစ်ဦးတစ်ယောက်ရဲ့ဇနီးမယားမှီခိုသူဖြစ်တယ်ဆိုတာကိုအထောက်အထားနဲ့တင်ပြနိုင်ရင်တော့နေထိုင်ခွင့်ရရှိမှာဖြစ်ပါတယ်။

အလုပ်ဗီဇာဆိုတာကတော့နည်းပညာ၊ လူသားအသိပညာ၊ နိုင်ငံတကာလုပ်ငန်းဆောင်တာနဲ့ပတ်သက်ပြီးတော့နေထိုင်ခွင့်ရရှိတဲ့ဗီဇာတစ်မျိုးဖြစ်ပါတယ်။ ဂျပန်နိုင်ငံသို့မဟုတ်မိခင်နိုင်ငံမှာအသက်မွေးဝမ်းကျောင်းနှင့်အထက်ဘွဲ့ရထားတဲ့သူတစ်ဦးကဂျပန်နိုင်ငံကုမ္ပဏီတစ်ခုမှာပရော်ဖက်ရှင်နယ်အလုပ်တစ်ခုကိုလုပ်ဖို့အတွက်ခွင့်ပြုချက်ရထားသူပဲဖြစ်ပါတယ်။

နေထိုင်ခွင့်ဆိုတာဟာတကယ်တမ်းကျတော့ဂျပန်နိုင်ငံမှာပြုလုပ်ဆောင်ရွက်ရမယ့်အလုပ်ကိစ္စတစ်ခုကအသိအမှတ်ပြုထားခြင်းခံရပြီးတော့အဲ့ဒိအလုပ်ကြောင့်ရရှိတဲ့နေထိုင်ခွင့်ကိုဆိုလိုတာဖြစ်ပါတယ်။

💐ဗီဇာဆိုတာဘာလဲ။
ဗီဇာဆိုတာတကယ်တမ်းကျတော့နိုင်ငံအတွင်းဝင်ရောက်ခွင့်ကိုဆိုလိုတာဖြစ်ပါတယ်။ နိုင်ငံအတွင်းဝင်ရောက်ခွင့်ဆိုတာကတော့နိုင်ငံခြားသားတစ်ဦးပိုင်ဆိုင်ထားတဲ့ပတ်စပို့ဟာသက်ဆိုင်ရာမိခင်နိုင်ငံရဲ့အစိုးရကထုတ်ဝေထားတဲ့အမှန်အကန်ပတ်စပို့ဖြစ်တယ်ဆိုတာကိုအတည်ပြုချက်ရယူတာပဲဖြစ်ပါတယ်။

🇯🇵ဂျပန်နိုင်ငံပတ်စပို့ဟာဆိုရင်နိုင်ငံအတော်များများကိုဗီဇာမလိုဘဲဝင်ရောက်နေထိုင်ခွင့်ရပါတယ်။ ဂျပန်လူမျိုးတစ်ဦးကနိုင်ငံခြားခရီးသွားဖို့အတွက်ဆိုရင်တော့ဂျပန်နိုင်ငံမှာရှိတဲ့နိုင်ငံခြားသံရုံးတစ်ခုမှာဗီဇာသွားလျှောက်စရာမလိုပါဘူး။ ခရီးတိုအတွက်ပဲဆိုရင်တော့ဗီဇာမလိုဘဲသွားရောက်နိုင်ပါတယ်။

🎌ဘာကြောင့်လဲဆိုတော့ဂျပန်နိုင်ငံပတ်စ်ပို့ဟာနည်းပညာတွေနဲ့စနစ်တကျပြုလုပ်ဖန်တီးထားတာဖြစ်ပြီးတော့အတုလုပ်ဖို့အတွက်လည်းအလွန်ပင်ခက်ခဲလှပါတယ်။

နိုင်ငံခြားပတ်စ်ပို့တွေကတော့ဂျပန်နိုင်ငံပတ်စ်ပို့လောက်ယုံကြည်စိတ်ချမှုမရှိတဲ့အတွက် ခရီးတိုဆိုရင်တောင်မှဗီဇာ = ပတ်စပို့ဟာအစစ်ဖြစ်ကြောင်းအတည်ပြုချက်ရယူဖို့လိုတာဖြစ်ပါတယ်။

နိုင်ငံပေါ်လိုက်ပြီးတော့ဗီဇာမရှိဘဲနေထိုင်ခွင့်ရက်အပိုင်းအခြားကွဲပြားရခြင်းအကြောင်းရင်းကတော့
ပတ်စ်ပို့တစ်ခုရဲ့ယုံကြည်စိတ်ချမှုဟာနိုင်ငံပေါ်လိုက်ပြီးတော့ကွဲပြားတာကြောင့်ဖြစ်ပါတယ်။

ဗီဇာကို ဂျပန်နိုင်ငံသံရုံး = နိုင်ငံခြားရေးဝန်ကြီးဌာန၊ နေထိုင်ခွင့်ကိုတော့ ဂျပန်နိုင်ငံလူဝင်မှုကြီးကြပ်ရေးဌာန = တရားရေးရာဝန်ကြီးဌာနကစိစစ်ဆောင်ရွက်တာပဲဖြစ်ပါတယ်။ စိစစ်အကဲဖြတ်တဲ့အကြောင်းအရာတွေလည်းကွဲပြားသလိုဌာနတွေလည်းကွဲပြားတာတွေဖြစ်ပါတယ်။

🌿🌿🌿ပတ်စပို့မရှိပဲနဲ့လည်းနေထိုင်ခွင့်သက်တမ်းတိုးလျှောက်လို့ရပါသလား။

အပေါ်မှာရှင်းပြထားတဲ့အတိုင်းဂျပန်နိုင်ငံမလာခင်ပတ်စ်ပို့ဟာအစစ်ဟုတ်မဟုတ်အတည်ပြုဆောင်ရွက်တာကိုဗီဇာလို့ခေါ်ပါတယ်။ ပတ်စ်ပို့ဟာဂျပန်နိုင်ငံဝင်ရောက်တဲ့အချိန်မှာလိုအပ်ပေမယ့်ဂျပန်နိုင်ငံမှာနေထိုင်တဲ့အချိန်မှာတော့မလိုအပ်ပါဘူး။

ဂျပန်နိုင်ငံမှာနေထိုင်ဖို့ဆိုရင်တော့ နေထိုင်ခွင့်ဆိုတာလိုအပ်လာပါတယ်။

ဒါကြောင့်ဂျပန်နိုင်ငံမှာနေထိုင်ခွင့်သက်တမ်းတိုးဖို့အတွက်ဆိုရင်တော့ပတ်စ်ပို့ဟာမလိုအပ်ပါဘူး။

ပတ်စပို့ဆိုတာကတော့ဂျပန်နိုင်ငံအတွင်းဝင်ရောက်တဲ့အချိန်မှာပဲလိုအပ်ပြီးတော့အဲဒီနောက်ပိုင်းမှာမလိုအပ်တော့ပါဘူး။ နောက်ပြီးတော့ပတ်စ်ပို့အတုအစစ်ဆိုတာလည်းပြန်ပြီးခွဲခြားဖို့မလိုအပ်တော့ပါဘူး။

နေထိုင်ခွင့်သက်တမ်းတိုးတဲ့အချိန်မှာတော့ပျောက်ဆုံးစဉ်၊ သက်တမ်းကုန်ဆိုပြီးတော့ရေးလို့ရနိုင်ပါတယ်။ ဒါပေမယ့်လည်းလျှောက်လွှာတင်တဲ့အချိန်မှာတော့ ကာယကံရှင်ကိုယ်တိုင်လျှောက်လွှာတင်တာဟုတ်မဟုတ်ဆိုတာကိုအတည်ပြုဖို့အတွက်သက်တမ်းကုန်တဲ့ပတ်စ်ပို့တော့လိုအပ်ပါတယ်။ ပျောက်ဆုံးသွားပြီဆိုရင်လည်းပဲပျောက်ဆုံးသွားရတဲ့အကြောင်းအရင်းကိုရေးသားထားတဲ့လျှောက်လွှာလေးကိုတင်ပေးဖို့လိုအပ်ပါတယ်။

နောက်ပြီးတော့အမြဲတမ်းနေထိုင်ခွင့်ရရှိထားသူတစ်ဦးရဲ့နေထိုင်ခွင့်ကတ်ပြားသက်တမ်းတိုးခြင်းဆောင်ရွက်တဲ့အချိန်မှာလဲ နေထိုင်ခွင့်ကတ်ပြားနဲ့ပတ်စ်ပို့နှစ်ခုစလုံးသက်တမ်းကုန်နေမယ်ဆိုရင်တော့ ကာယကံရှင်ကိုယ်တိုင်ဟုတ်မဟုတ်အတည်ပြုစစ်ဆေးစရာကတ်ပြားမရှိတော့ပါဘူး။ အဲဒီအချိန်မှာဆိုရင်တော့ရပ်ကွက်နေထိုင်ခွင့်အထောက်အထား (住民票)တင်ပြပေးဖို့လိုအပ်ပါတယ်။

အကျဉ်းချုပ်အနေနဲ့တော့ဗီဇာနဲ့နေထိုင်ခွင့်ဘယ်လိုကွဲပြားခြားနားလည်းဆိုတာကိုရှင်းလင်းတင်ပြပေးခဲ့သလို ပတ်စပို့ဟာဘယ်လိုအချိန်မှာလိုအပ်တာလဲဆိုတာကိုလည်းရှင်းပြပေးခဲ့ပါတယ်။

🌹🌹🌹ဒါကြောင့်စိတ်မပူပါနဲ့။ ပတ်စ်ပို့သက်တမ်းကုန်သွားတာပဲဖြစ်ဖြစ်ပျောက်ဆုံးသွားတာပဲဖြစ်ဖြစ်နေထိုင်ခွင့်သက်တမ်းတိုးလို့ရပါတယ်နော်။

ဒါပေမယ့်လည်းအမြဲတမ်းနေထိုင်ခွင့်ရရှိထားသူတွေကတော့နေထိုင်ခွင့်ကတ်ပြားသက်တမ်းကုန်သွားရင်လည်းပဲအိုဗာစတေးမဖြစ်ပေမယ့် သက်တမ်းကုန်သွားတဲ့နေထိုင်ခွင့်ကတ်ပြားကိုတော့ ကာယကံရှင်အတည်ပြုစစ်ဆေးတဲ့ကတ်ပြားအဖြစ်အသုံးမပြုနိုင်တဲ့အတွက်သတိထားဖို့တော့လိုပါမယ်နော်။

အားလုံးကျန်းမာချမ်းသာကြပါစေ။
ဖူဂျီ နော့ ဟန

🌷🌷🌷TikTok Acc ကို Follow လုပ်ရုံနဲ့ ဖုန်းဘေလ် ၁၀၀၀၀ ကျပ်ကံထူးနိုင်မယ့်အခွင့်အရေး 🌷🌷🌷https://www.tiktok.com/.no.hana?_t=Z...
06/01/2025

🌷🌷🌷TikTok Acc ကို Follow လုပ်ရုံနဲ့ ဖုန်းဘေလ် ၁၀၀၀၀ ကျပ်ကံထူးနိုင်မယ့်အခွင့်အရေး 🌷🌷🌷

https://www.tiktok.com/.no.hana?_t=ZS-8spdKAjNyqe&_r=1

🪸🪸🪸အားလုံးပဲ နှစ်သစ်မှာပျော်ရွှင်ပါစေလို့ Fuji no Hana Facebook မှ နှစ်သစ်ဆုမွန်ကောင်းပို့သလိုက်ပါတယ်🪸🪸🪸

🍁🍁🍁ဒီတစ်ခေါက်မှာတော့ TikTok Page Campaign လေးတစ်ခုနဲ့မိတ်ဆက်ပေးပါမယ်နော်။ Fuji no Hana TikTok Account လေးကို Follow လုပ်ပေးရုံနဲ့ ငွေတစ်
သောင်းတန် ဖုန်းဘေလ် ကံစမ်းလို့ရပါပြီ။ ကံထူးရှင် အယောက်၃၀ ကို ၃ ကြိမ်ခွဲပြီးတော့ ကံစမ်းပေးမှာဖြစ်ပါတယ်။ 🍁🍁🍁

ကံစမ်းရန်လိုက်နာရမည့်အချက်များ
🌻🌻🌻🌻🌻🌻🌻🌻🌻🌻🌻🌻🌻🌻🌻🌻🌻
၁။ TikTok မှာ .no.hana လို့ရိုက်ပြီးတော့ TikTok အကောင့်လေးကို Follow လုပ်ပေးရပါမယ်။ QR Code ကို Scan ဖတ်လို့လည်းရပါတယ်။
အောက်က Link ကနေလည်း Follow လုပ်လို့ရပါတယ်။

https://www.tiktok.com/.no.hana?_t=ZS-8spdKAjNyqe&_r=1

၂။ TikTok Acc ကိုFollow လုပ်ပြီးကြောင်းကို ဒီပိုစ့်အောက်မှာ Screenshot နဲ့အတူ ကောမန့်လေးရေးပေးရပါမယ်။
၃။ page ရော TikTok Acc ကိုရော Follow လုပ်ထားတဲ့သူဆိုရင် နှစ်ကြိမ်ပါဝင်ကံစမ်းနိုင်မှာဖြစ်ပါတယ်။
၄။ ပထမအကြိမ် ကံထူးရှင် ၁၀ ယောက်ကို TikTok Acc Followers 1000 ပြည့်တဲ့အချိန်မှာရွေးချယ်ပေးပါမယ်။
၅။ ယခင် Fuji no Hana page Campaign ရဲ့ ကံထူးရှင်များလည်း ပါဝင်နိုင်ပါတယ်။
၆။ ဖုန်းဘေလ်ကိုပဲကံစမ်းပေးမှာပါ။ ငွေသားနဲ့လဲလှယ်လို့တော့မရပါ။
၇။ ကံထူးရှင် ရွေးချယ်ပြီး ၁ ပတ်အတွင်းအကြောင်းမပြန်တဲ့သူများရှိခဲ့ရင် အစားကံထူးရှင်ကို ရွေးချယ်ပေးပါမယ်။
🌸🌸🌸အားလုံးကိုပါဝင်ကြဖို့ ဖိတ်ခေါ်အပ်ပါတယ်🌸🌸🌸

🪻🪻🪻အားလုံးပဲ မင်္ဂလာပါ🪻🪻🪻အခုတစ်ခေါက်မှာတော့ အားလုံးလာမေးလေ့ရှိတဲ့ ဂျပန်အစိုးရအသိမှတ်ပြု IT Passport Exam လေးနဲ့ပတ်သက်ပြီ...
17/09/2024

🪻🪻🪻အားလုံးပဲ မင်္ဂလာပါ🪻🪻🪻
အခုတစ်ခေါက်မှာတော့ အားလုံးလာမေးလေ့ရှိတဲ့ ဂျပန်အစိုးရအသိမှတ်ပြု IT Passport Exam လေးနဲ့ပတ်သက်ပြီး မိတ်ဆက်ပေးပါရစေ။ ဒီစာမေးပွဲကတော့ ဂျပန်နိုင်ငံမှာ ကျောင်းတက်နေတဲ့လူငယ်တွေ၊ ဂျပန်နိုင်ငံမှာအလုပ်သွားလုပ်မယ့်လူငယ်တွေ၊ အလုပ်လုပ်ဆဲလူငယ်များအတွက် အလုပ်လျှောက်တဲ့နေရာမှာပဲဖြစ်ဖြစ် အလုပ်လုပ်ဆဲနေရာမှာပဲဖြစ်ဖြစ် စာမေးပွဲအောင်ရုံနဲ့ Impression ကောင်းကောင်းရစေမှာပါ။ IT Passport Exam ဆိုပေမယ့် IT Related Work မဟုတ်လည်း မည်သူမရှိဝင်ရောက်ဖြေဆိုလို့ရပါတယ်။ ဒီစာမေးပွဲက အဓိကအားဖြင့် IT ခေတ်ကြီးထဲမှာ အလုပ်လုပ်တဲ့အချိန် သိထားသင့်တဲ့ အကြောင်းအရာတွေ၊ Information Security and Cybersecurity အကြောင်းအရာတွေ၊ Project Management Basics၊ Marketing Strategy ကဲ့သို့သော ဘက်ပေါင်းစုံ အစုံအလင်ပါဝင်တဲ့အတွက် စာမေးပွဲဝင်မဖြေဘူးဆိုရင်တောင် အလုပ်လုပ်တဲ့အချိန်မှာ အထောက်အကူပြုစေမှာအမှန်ပါ။ အသေးစိတ်အကြောင်းအရာတွေကိုတော့ အောက်ကလင့်မှာဝင်ဖတ်ကြည့်လို့ရပါတယ်။ လူဦးရေကန့်သတ်ထားတာမလို့ အမြန်ဆုံးစာရင်းလာပေးဖို့ မမေ့ပါနဲ့နော်။ အစမ်းသင်တန်းတက်ရောက်ချင်များရှိပါကလည်း Page Messenger မှာ လာရောက်ဆွေးနွေးလို့ရပါတယ်။ အားလုံးကိုကြိုဆိုပါတယ်။
***ဂျပန်လိုသင်ကြားပို့ချပေးမှာဖြစ်တဲ့အတွက် JLPT N2 နဲ့အထက်ရှိမှ အဆင်ပြေပါလိမ့်မယ်။***
သင်ကြားပေးမယ့်ဆရာကတော့လက်ရှိ ဂျပန်နိုင်ငံ IT Company မှာ Data Researcher and Analyst အဖြစ်အလုပ်လုပ်ကိုင်လျှက်ရှိပြီး မန္တလေးနိုင်ငံခြားဘာသာတက္ကသိုလ်မှာ ဂျပန်ဘာသာအထူးပြုနဲ့ ဘွဲ့ရတစ်ဦးဖြစ်ပါတယ်။

U KMA
B.A (Japanese, Hons) MUFL
Japanese Culture and Literature Research Student aka Nikkensei, Hiroshima University, Japan

IPA IT Passport Exam Website
https://www.ipa.go.jp/shiken/kubun/ip.html

🐉 龍騰虎闘🐅りゅうとうことう Ryuu tou ko tou ဆိုတဲ့ အဓိပ္ပါယ်ကတော့ စွမ်းအားတူညီတဲ့ အရာနှစ်ခုဟာ အားကုန်ထုတ်ပြီး ယှဉ်ပြိုင်တိုက်ခိုက်ကြ...
18/08/2024

🐉 龍騰虎闘🐅
りゅうとうことう Ryuu tou ko tou ဆိုတဲ့ အဓိပ္ပါယ်ကတော့ စွမ်းအားတူညီတဲ့ အရာနှစ်ခုဟာ အားကုန်ထုတ်ပြီး ယှဉ်ပြိုင်တိုက်ခိုက်ကြတယ် ဆိုတာပါ။ ပြန်စဉ်းစားကြည့်ရင် ကျားနဲ့ နဂါး တိုက်ရင် နဂါးပဲနိုင်မယ်လို့ပဲထင်ပါတယ်။ ဒါပေမယ့် ခွန်အားကြီးမားတယ်ဆိုတာကို ပိုပြီးပေါ်လွင်စေချင်လို့ ကျား ကိုသုံးလိုက်ဟန် တူပါတယ်။ ဒီနေမှာ ကျား ဆိုရင် တော့ နဂါးနိုင်ကျား (နဂါးနိုင်ဓားမဟုတ်) ဖြစ်ကောင်းဖြစ်နိုင်ပါတယ်။ ဒီနေ့တော့ ဒီလောက်ပါပဲနော်။ နောက်အပတ်မှာ ပြန်ဆုံပါမယ်။ 🪻🪻🪻

03/08/2024

🪻🪻🪻ဒီVideo လေးတွေ့ရင်သေချာပေါက်နားထောင်ပေးစေချင်ပါတယ်🪻🪻🪻ဒီတစ်ခေါက်မှာတော့ ကိုရီးယားနိုင်ငံရဲ့ အဆိုပြိုင်ပွဲတွေမှာ နာမည်ကြီးနေတဲ့ 歌心りえ Utagokoro Rie ရဲ့ Cover သီချင်းလေးနဲ့မိတ်ဆက်ပေးချင်ပါတယ် 瑠璃色の地球 မြန်မာလိုဆိုရင်တော့ ကြည်ပြာရောင်ကမ္ဘာမြေကြီး ပေါ့နော် ကိုရီးယားလိုနားမလည်လို့ ဘာသာမပြန်ထားပါဘူး ဂျပန်လိုကိုတော့ ဆီလျှော်စွာဘာသာပြန်ထားပါတယ် အားလုံးကိုကျေးဇူးတင်ပါတယ်

🪻🪻🪻အားလုံးပဲ မင်္ဂလာပါ 🪻🪻🪻Fuji no Hana page Campaign မှာပါဝင်ပေးသူများအားလုံးကို ကျေးဇူးတင်ပါတယ်။ နောက်ဆုံး အသု...
25/07/2024

🪻🪻🪻အားလုံးပဲ မင်္ဂလာပါ 🪻🪻🪻
Fuji no Hana page Campaign မှာပါဝင်ပေးသူများအားလုံးကို ကျေးဇူးတင်ပါတယ်။
နောက်ဆုံး အသုတ်အနေနဲ့ ဖုန်းဘေလ် တစ်သောင်းကျပ် ကံထူးရှင် ငါးဦး ထွက်ပေါ်လာလို့လာပါပြီ။

💎 💎 💎 Top Fan လေးတွေအတွက်လည်း အစီအစဉ်လေးတွေရှိသေးတာမို့ Page ကတင်တဲ့ Posts လေးတွေကိုလည်း Reaction နဲ့ Comments လေးတွေပေးဖို့ မမေ့ပါနဲ့နော် 💎 💎 💎

ဆုငွေရယူရန် လိုက်နာရမည့်အချက်များ
၁။ ၈ လပိုင်း ၅ ရက်နေ့ နောက်ဆုံးထားပြီး Page Messenger မှာ လာ Hi ပေးရပါမယ်။
၂။ ကံထူးသူ ဟုတ်မဟုတ်စိစစ်ရန် အတွက် Share ထားတဲ့ Post ကို ဆုငွေထုတ်ယူမယ့် အချိန်မှာ ရယူထားတဲ့ Screenshot ကိုပါ တင်ပြပေးရပါမယ်။
၃။ ၆ လပိုင်း ၁၅ ရက်မတိုင်ခင် Share ထားတဲ့ Post ဖြစ်ရပါမယ်။
၄။ အထက်ပါ အချက်များနှင့် မကိုက်ညီပါက ဆုငွေထုတ်ယူရန် စဉ်းစားပေးမည် မဟုတ်ပါ။
🌿🌿🌿နောက်နောင်များလည်း ကံစမ်းမဲ အစီစဉ်လေးတွေကျန်သေးတာမို့ အားလုံးပဲ ကံကောင်းကြပါစေနော် 🌿🌿🌿

(Admin အခုတလောအလုပ်ရှုပ်နေလို့ Page လေး Active မဖြစ်တာ Sorry ပါနော် Lucky Draw နောက်ဆုံး အသုတ်ကို မနက်ဖြန် ကြေညာပေးပါမယ်...
19/07/2024

(Admin အခုတလောအလုပ်ရှုပ်နေလို့ Page လေး Active မဖြစ်တာ Sorry ပါနော် Lucky Draw နောက်ဆုံး အသုတ်ကို မနက်ဖြန် ကြေညာပေးပါမယ်နော် )

一騎当千 いっきとうせん ikki tousen ဆိုတာကတော့ အများနဲ့မတူတဲ့အရည်အချင်းစွမ်းရည်တွေကိုပိုင်ဆိုင်ထားတဲ့လူဆိုတဲ့အဓိပ္ပါယ်ပဲဖြစ်ပါတယ်။ တစ်ယောက်တည်းနဲ့ရန်သူပေါင်းထောင်ပေါင်းများစွာကိုတိုက်ခိုက်နိုင်လောက်အောင်စွမ်းအား၊ ခွန်အားကြီးမားတယ်လို့ဆိုလိုပါတယ်။
သုံးပုံသုံးနည်းလေးကတော့
今日のAさんは一騎当千の活躍をしていたね。
ဒီနေ့ မောင် A က ဘယ်သူ့မှလိုက်မမှီအောင် လုပ်ဆောင်သွားတာပဲနော်

ဂျပန်Anime နဲ့သမိုင်းကြောင်းဝတ္ထုတွေမှာတော်တော်များများပါလေ့ရှိတဲ့စကားလုံးလေးပဲဖြစ်ပါတယ်။
ကျွန်တော်တို့တွေလည်းမိမိလုပ်နေတဲ့အလုပ်မှာပဲဖြစ်ဖြစ်၊ ပတ်ဝန်းကျင်မှာပဲဖြစ်ဖြစ် 一騎当千ဖြစ်အောင်ကြိိုးစားသွားကြပါစို့နော်။

疾風怒濤 しっぷうどとう ShippuuDoTou ကတော့ ခေတ်စနစ်တွေက အရှိန်အဟုန် နဲ့ပြောင်းလဲလာပြီး လူ့ဘောင်အဖွဲ့အစည်းမှာ အပြောင်းအလဲများဖြစ်ပေါ...
28/06/2024

疾風怒濤 しっぷうどとう ShippuuDoTou ကတော့ ခေတ်စနစ်တွေက အရှိန်အဟုန် နဲ့ပြောင်းလဲလာပြီး လူ့ဘောင်အဖွဲ့အစည်းမှာ အပြောင်းအလဲများဖြစ်ပေါ်လာတာကို ဆိုလိုပါတယ်။ မူရင်း အဓိပ္ပါယ်ကတော့ လေပြင်းတွေတိုက်ခတ်လာတာကြောင့် ရေလှိုင်းကြီးလာတာ ဖြစ်ပါတယ်။ မေဂျီခေတ်ကို 疾風怒濤の時代 လို့ပြောစမှတ်ပြုကြပါတယ်။ စနစ်ဟောင်းကိုစွန့်ပြီး စနစ်သစ်နဲ့ စတင်ဆောင်ရွက်တဲ့ အချိိန်မှာ ဂျပန်လူ့ဘောင်အဖွဲ့အစည်းမှာ ပြောင်းလဲမှုတွေဖြစ်ပေါ်လာလို့ပဲဖြစ်ပါတယ်။

順風満帆 じゅんぷうまんぱん JunPuuManPan🪻🪻🪻အားလုံးပဲ မင်္ဂလာပါ 🪻🪻🪻ဒီတစ်ခေါက်မှာလို ဂျပန်လို 四字熟語 よじじゅくご လို့ခေါ်တဲ့ ခန်းဂျီးလေးလုံးနဲ...
26/06/2024

順風満帆 じゅんぷうまんぱん JunPuuManPan
🪻🪻🪻အားလုံးပဲ မင်္ဂလာပါ 🪻🪻🪻

ဒီတစ်ခေါက်မှာလို ဂျပန်လို 四字熟語 よじじゅくご လို့ခေါ်တဲ့ ခန်းဂျီးလေးလုံးနဲ့ ဖွဲ့စည်းထားပြီးတော့ ကျက်သရေမင်္ဂလာ ရှိတဲ့ စကားလုံးလေးနဲ့မိတ်ဆက်ပေးချင်ပါတယ်။

🪙🪙🪙順風満帆 じゅんぷうまんぱん JunPuuManPan 🎏🎏🎏လို့အသံထွက်ပြီးတော့ အဓိပ္ပါယ်လေးကတော့ ကိစ္စအရပ်ရပ်ဟာ အဆင်ပြေပြေ ချောချောမွေ့မွေ့ဖြစ်နေတယ် ဆိုတာပါ။ တိုက်ရိုက်ဘာသာပြန်မယ်ဆိုရင်တော့ လှေတစ်စီး ရဲ့ ရွက်ဟာ တိုက်လေကို အပြည့်အဝခံယူရင် လှေဟာ အရှိန်အဟုန်နဲ့ ရှေ့ဆက်သွားတယ်၊ 順風 じゅんぷう ဆိုတာကတော့ လူ၊ လှေတစ်စီးရဲ့ သွားလိုရာလမ်းကြောင်း၊ 満帆 まんぱん ကတော့ ရွက်က တိုက်လေကိုအပြည့်အဝ ခံယူတယ် ဆိုတဲ့ အဓိပ္ပါယ်လေးပါ။

🎏🎏🎏ဒီ ပုံလေးကို မိမိရဲ့ Profile Picture ပဲဖြစ်ဖြစ်၊ Cover Photo လေးပဲ ဖြစ်ဖြစ် ထားပြီးတော့ အောင်အတိတ် အောင် နံမိတ်ရအောင် လည်းအသုံးပြုလို့ရပါတယ်။ 🎏🎏🎏

JLPT စာမေးပွဲလည်း နီးလာပြီ ဆိုတော့ ကမ္ဘာသူ ကမ္ဘာသားအားလုံး အဆင်ပြေကြပါစေလို့ Fuji no Hana Page ကနေဆုတောင်း မေတ္တာပို့သလိုက်ပါတယ်။ 🙏🙏🙏

🪻🪻🪻အားလုံးပဲ မင်္ဂလာပါ 🪻🪻🪻Fuji no Hana page Campaign မှာပါဝင်ပေးသူများအားလုံးကို ကျေးဇူးတင်ပါတယ်။ ဒုတိယ အသုတ်အန...
23/06/2024

🪻🪻🪻အားလုံးပဲ မင်္ဂလာပါ 🪻🪻🪻
Fuji no Hana page Campaign မှာပါဝင်ပေးသူများအားလုံးကို ကျေးဇူးတင်ပါတယ်။
ဒုတိယ အသုတ်အနေနဲ့ ဖုန်းဘေလ် တစ်သောင်းကျပ် ကံထူးရှင် ငါးဦး ထွက်ပေါ်လာလို့လာပါပြီ။

💎 💎 💎 Top Fan လေးတွေအတွက်လည်း အစီအစဉ်လေးတွေရှိသေးတာမို့ Page ကတင်တဲ့ Posts လေးတွေကိုလည်း Reaction နဲ့ Comments လေးတွေပေးဖို့ မမေ့ပါနဲ့နော် 💎 💎 💎

ဆုငွေရယူရန် လိုက်နာရမည့်အချက်များ
၁။ ၇ လပိုင်း ၅ ရက်နေ့ နောက်ဆုံးထားပြီး Page Messenger မှာ လာ Hi ပေးရပါမယ်။
၂။ ကံထူးသူ ဟုတ်မဟုတ်စိစစ်ရန် အတွက် Share ထားတဲ့ Post ကို ဆုငွေထုတ်ယူမယ့် အချိန်မှာ ရယူထားတဲ့ Screenshot ကိုပါ တင်ပြပေးရပါမယ်။
၃။ ၆ လပိုင်း ၁၅ ရက်မတိုင်ခင် Share ထားတဲ့ Post ဖြစ်ရပါမယ်။
၄။ အထက်ပါ အချက်များနှင့် မကိုက်ညီပါက ဆုငွေထုတ်ယူရန် စဉ်းစားပေးမည် မဟုတ်ပါ။
🌿🌿🌿တတိယအသုတ် ကျန်သေးတာမို့ အားလုံးပဲ ကံကောင်းကြပါစေနော် 🌿🌿🌿

🪻🪻🪻အားလုံးပဲ မင်္ဂလာပါ 🪻🪻🪻Fuji no Hana page Campaign မှာပါဝင်ပေးသူများအားလုံးကို ကျေးဇူးတင်ပါတယ်။ ပထမ အသုတ်အနေန...
16/06/2024

🪻🪻🪻အားလုံးပဲ မင်္ဂလာပါ 🪻🪻🪻
Fuji no Hana page Campaign မှာပါဝင်ပေးသူများအားလုံးကို ကျေးဇူးတင်ပါတယ်။
ပထမ အသုတ်အနေနဲ့ ဖုန်းဘေလ် တစ်သောင်းကျပ် ကံထူးရှင် ငါးဦး ထွက်ပေါ်လာလို့လာပါပြီ။

💎 💎 💎 Top Fan လေးတွေအတွက်လည်း အစီအစဉ်လေးတွေရှိသေးတာမို့ Page ကတင်တဲ့ Posts လေးတွေကိုလည်း Reaction နဲ့ Comments လေးတွေပေးဖို့ မမေ့ပါနဲ့နော် 💎 💎 💎

ဆုငွေရယူရန် လိုက်နာရမည့်အချက်များ
၁။ ၆ လပိုင်း ၂၆ ရက်နေ့ နောက်ဆုံးထားပြီး Page Messenger မှာ လာ Hi ပေးရပါမယ်။
၂။ ကံထူးသူ ဟုတ်မဟုတ်စိစစ်ရန် အတွက် Share ထားတဲ့ Post ကို ဆုငွေထုတ်ယူမယ့် အချိန်မှာ ရယူထားတဲ့ Screenshot ကိုပါ တင်ပြပေးရပါမယ်။
၃။ ၆ လပိုင်း ၁၅ ရက်မတိုင်ခင် Share ထားတဲ့ Post ဖြစ်ရပါမယ်။
၄။ အထက်ပါ အချက်များနှင့် မကိုက်ညီပါက ဆုငွေထုတ်ယူရန် စဉ်းစားပေးမည် မဟုတ်ပါ။
🌿🌿🌿ဒုတိယ အသုတ် ကျန်သေးတာမို့ အားလုံးပဲ ကံကောင်းကြပါစေနော် 🌿🌿🌿

🪻🪻🪻Fuji no Hana Facebook Campaign🪻🪻🪻 လေးမှာ ပါဝင်ပေးသူများကိုကျေးဇူးအထူးတင်ပါတယ်။ ကံထူးရှင်များကိုတော့ ၆ လပိုင်း ၁၅ ရက်န...
14/06/2024

🪻🪻🪻Fuji no Hana Facebook Campaign🪻🪻🪻 လေးမှာ ပါဝင်ပေးသူများကိုကျေးဇူးအထူးတင်ပါတယ်။
ကံထူးရှင်များကိုတော့ ၆ လပိုင်း ၁၅ ရက်နေ့ မနက် ၁၀ နာရီမှာ ရွေးချယ်ပေးမှာဖြစ်ပါတယ်။ Live လွှင့်ပြီး ရွေးချယ်ပေးမှာမို့ ဝင်ရောက်ကြည့်ရှု့ပေးဖို့ဖိတ်ခေါ်လိုက်ပါတယ်။ ကံထူးရှင်ဟာ စည်းကမ်းချက်နဲ့ မကိုက်ညီရင်တော့ အစားထိုးရွေးချယ်ပေးသွားမှာဖြစ်ပါတယ်။
See you tomorrow!!!

စာကြွင်း - VPN အခြေအနေများကြောင့် Live မလွှင့်တော့ဘဲ ကံထူးသူများကို Screenshot နှင့်ပဲ ကြေညာလိုက်ပါတော့မယ်နော်။ အဆင်မပြေမှုများအတွက်တောင်းပန်ပါတယ်။

住所

Nakano-ku, Tokyo

アラート

Fuji no Hana - Japanese Learning Hubがニュースとプロモを投稿した時に最初に知って当社にメールを送信する最初の人になりましょう。あなたのメールアドレスはその他の目的には使用されず、いつでもサブスクリプションを解除することができます。

ショートカット

  • 住所
  • アラート

共有する