Do The Best By MAY PHOO- JNotes

Do The Best By MAY PHOO- JNotes Even the longest journey begins with the first step

Tokyo ကနေ ကားနဲ့သွားလို့ရတဲ့ camp ground 🏕️မုန်တိုင်းတွေကြားထဲကနေ ရာသီဥတုနေသာတဲ့ရက်ကလေးမှာ တိုက်တိုက်ဆိုင်ဆိုင်ရောက်သွား...
27/09/2026

Tokyo ကနေ ကားနဲ့သွားလို့ရတဲ့ camp ground 🏕️

မုန်တိုင်းတွေကြားထဲကနေ ရာသီဥတုနေသာတဲ့ရက်ကလေးမှာ တိုက်တိုက်ဆိုင်ဆိုင်ရောက်သွားတဲ့ ခရီးလေးတခု ⛅️🌤️

🌿🏕️ Tochigi ရဲ့ သဘာဝအလှကို တစ်နေ့တာ သွားရောက်ခံစားခဲ့တဲ့နေ့ 💚

Tokyo ကနေ 🚗 ကားနဲ့ ၃နာရီလောက်ပဲ ဝေးတဲ့
Tochigi ခရိုင်ထဲက 「龍の国」 ကို နေ့ချင်းပြန် ခရီးထွက်ခဲ့တာပါ ✨

သစ်တောတွေကြားက လေကောင်းလေသန့်နဲ့ သဘာဝအေးချမ်းမှုကို ခံစားရသလို 💚
ရေတံခွန်လေးကလည်း ရေစီးသံလေးနဲ့ အရမ်းသာယာပြီး ရေဆော့လို့လဲရပါတယ် 💦🌿

🏕️ ဒီနေရာက နေ့ချင်းပြန်သွားလို့ရသလို
⛺️ ညအိပ်ပြီး Camp လုပ်လို့လည်းရတာမို့
Website ထဲမှာ ကိုယ်လိုချင်တဲ့ plan ကို booking လုပ်လို့ရပါတယ် ✨
🥓မေတို့ကတော့ နေ့ချင်းပြန်မို့လို့ BBQ ပါတဲ့ နေရာလေးကိုပဲ booking ယူပြီး Rental carငှါးပြီးသွားလိုက်တာပါ

龍の国(りゅうのくに) Website 📳
https://www.ryu-no-kuni.com/

Location 📍
https://maps.app.goo.gl/FhzDBJLAHVvi4KWSA?g_st=ic

#龍の国 #龍の国キャンプ場 #栃木県 #キャンプ #日本旅行 #自然が好き #滝 #သဘာဝအလှ #ဂျပန်ခရီးစဉ်

ဘူဖေးမှာ ဘဲကင်နဲ့ ဂဏန်းမဆလာချက် ရတဲ့Shinokubo ဘူတာ က M3ဆိုင် (Mya Myint Mo 3)လေး သွားခဲ့ပါတယ် 🦀🦀အဲ့၂မျိုးထဲမဟုတ်ဘူးနော်မ...
27/09/2026

ဘူဖေးမှာ ဘဲကင်နဲ့ ဂဏန်းမဆလာချက် ရတဲ့
Shinokubo ဘူတာ က M3ဆိုင် (Mya Myint Mo 3)လေး သွားခဲ့ပါတယ် 🦀🦀

အဲ့၂မျိုးထဲမဟုတ်ဘူးနော်
မြန်မာဟင်းတွေရယ် သင်္ဘောသီးထောင်း၊ ရှမ်းခေါက်ဆွဲ၊ အုန်းနို့ခေါက်ဆွဲနဲ့ အချိုပွဲတွေလဲရှိပါသေးတယ် 🥘🍜

Myanmar - Thai ဟင်းတွေ Buffet မို့လို့ အေးဆေးအဝစား စားကောင်း😋
ဂဏန်းဟင်းနဲ့ ဘဲကင်ကတော့ ဆိုင်ရဲ့ Signature မို့လို့ နေ့တိုင်းရတဲ့ပုံပါပဲ 🥰
တခြားဟင်းတွေကတော့ တနေ့နဲ့တနေ့မတူပါဘူး

M3 page 📳
https://www.facebook.com/share/1HjPAxZAb4/?mibextid=wwXIfr

Location 📍

https://maps.app.goo.gl/gKSWRVJgt8reyQYv7?g_st=ic






နောက်ဆုံးတော့ တကယ်ပိုက်ဆံဝင်ပြီ 🥳🥳အရင်က MUFG Bank နဲ့ချိတ်နေတာ တောက်လျှောက် errorပြနေလို့4လလောက် စိတ်ညစ်နေခဲ့ပေမဲ့ခုတော့...
26/09/2026

နောက်ဆုံးတော့ တကယ်ပိုက်ဆံဝင်ပြီ 🥳🥳

အရင်က MUFG Bank နဲ့ချိတ်နေတာ တောက်လျှောက် errorပြနေလို့
4လလောက် စိတ်ညစ်နေခဲ့ပေမဲ့
ခုတော့ PayPal ဖွင့်လိုက်မှပဲ ၁လကြာတဲ့အခါ ဝင်လာပါပြီ 🥰🥰


🍁🇯🇵 အရင်လိုပဲ ပွဲလေးတပွဲ ထပ်ရှိပါမယ်🙋‍♀️🖌️ ဂျပန်လက်ရေးအနုပညာ「書道」ကို ကိုယ်တိုင်စမ်းကြည့်မယ်!🌕 လပြည့်ည「お月見」အကြောင်း လေ့လာပ...
26/09/2026

🍁🇯🇵 အရင်လိုပဲ ပွဲလေးတပွဲ ထပ်ရှိပါမယ်🙋‍♀️

🖌️ ဂျပန်လက်ရေးအနုပညာ「書道」ကို ကိုယ်တိုင်စမ်းကြည့်မယ်!
🌕 လပြည့်ည「お月見」အကြောင်း လေ့လာပြီး ပျော်ပျော်ပါးပါးခံစားကြမယ်!
🍡 အရသာရှိတဲ့ ဂျပန်ရိုးရာအချိုပွဲ「あんみつ」ကိုလည်း စားကြမယ်!

✨ ဂျပန်ယဉ်ကျေးမှုကို “ကြည့်ရှုမယ်・ကိုယ်တိုင်ပါဝင်မယ်・အရသာခံမယ်” ဆိုပြီး ပျော်ပျော်ပါးပါး ခံစားနိုင်မယ့် Event လေးပါ။

🌏 နိုင်ငံခြားသားများအားလုံး နွေးထွေးစွာကြိုဆိုပါတယ်!
😊 ဂျပန်စကား မကျွမ်းကျင်သေးလည်း လုံးဝအဆင်ပြေပါတယ်။

💰 ပါဝင်ကြေး — 1,000 ယန်း

👭👬 သူငယ်ချင်းတွေနဲ့အတူ လာရောက်ပြီး
🍁 ဂျပန်ရဲ့ ဆောင်းဦးရာသီနဲ့ ရိုးရာယဉ်ကျေးမှုကို အတူတူခံစားကြရအောင်နော်♪

နေ့ရက် : 10လပိုင်း 11ရက်နေ့
နေရာ: コミュニタスもとすみစင်တာပါ
元住吉ဘူတာ
လမ်းလျှောက်3分

📩 စိတ်ဝင်စားရင် သူငယ်ချင်းတွေကိုလည်း Share လုပ်ပေးပါနော် 💕

——///——///——///——
🍁🇯🇵 日本の秋を体験しよう!

🖌️ 書道にチャレンジ!
🌕 お月見を楽しもう!
🍡 おいしい「あんみつ」も食べられます!

日本文化を「見て・体験して・味わう」楽しいイベントです✨

外国人の方、大歓迎!
日本語がまだ上手じゃなくてもOK😊

💰参加費:1,000円

友達と一緒に、ぜひ遊びに来てください♪



#お月見

06/09/2026

Perfect Night View 🎆

ဒီရှုခင်းကို အလုပ်ကပြန်လာတိုင်း မြင်နေရတာနဲ့တင် အိမ်ပြောင်းရကျိုးနပ်နေပါပြီ 😍


ပြုံးရယ်ခြင်းက ကံကောင်းခြင်းတွေကို ဖိတ်ခေါ်တာပါတဲ့ 🍀ပြင်ဦးလွင်ရုက္ခဗေဒဥယျာဉ်ကိုရောက်သွားသလိုမျိုး အရမ်းလှတဲ့ ပန်းခြံ🌻🌷💐ဝ...
05/09/2026

ပြုံးရယ်ခြင်းက ကံကောင်းခြင်းတွေကို ဖိတ်ခေါ်တာပါတဲ့ 🍀

ပြင်ဦးလွင်ရုက္ခဗေဒဥယျာဉ်ကိုရောက်သွားသလိုမျိုး
အရမ်းလှတဲ့ ပန်းခြံ🌻🌷💐

ဝင်ကြေး ၆၀၀တည်းနဲ့ပါ 😍🌸🌼

Yamanashi ခရိုင်မှာရှိတဲ့ 花の都公園 ( Hana no Miyako Park) 🌸🌼
Mt.Fuji View Point မို့လို့ နေကြာပန်းခင်းရယ် ဖူဂျီတောင်အလှရယ်🌻
Lavender ပန်းခင်း 🪻နှင်းဆီပန်းခင်း 🌹
ပန်းခြံက အကျယ်ကြီးပဲမို့ Picnic 🧺 ထွက်တဲ့ ပုံစံမျိုးလဲသွားလို့ရပြီး
အထဲမှာ Indoor Outdoor ပန်းအမျိုးအစားအစုံအပြင်
ရေတံခွန်ရော 💦🪨သဘာဝကျောက်လှိုဏ်ဂူရောရှိတဲ့ ပန်းခြံ

Hana no Miyako Koen
Location 📍

https://maps.app.goo.gl/WxPr6DVoocaKavfS9?g_st=ic



04/09/2026

TGIF ကို စွဲ မှာ ဖြတ်သန်းခဲ့ပါတယ် 🍻

#မာလာငါးကင်
#ကြက်ခြေထောက်သုပ်
#သင်္ဘောသီးထောင်း
#စမူဆာသုပ်
#ဆိတ်လက်ဖက်ထောင်း
#ဝက်အစုံသုပ်
#စွဲ မြန်မာစားသောက်ဆိုင်

🇯🇵 ပျင်းနေတဲ့စိတ်ကိုအနိုင်ယူနိုင်ဖို့ ဂျပန်စကားလေးတစ်ခွန်း「練習をサボると試験に負けて泣くハメになるぞ」(れんしゅうを サボると しけんに まけて なく ハメに なるぞ)Renshū...
28/08/2026

🇯🇵 ပျင်းနေတဲ့စိတ်ကိုအနိုင်ယူနိုင်ဖို့ ဂျပန်စကားလေးတစ်ခွန်း

「練習をサボると試験に負けて泣くハメになるぞ」

(れんしゅうを サボると しけんに まけて なく ハメに なるぞ)
Renshū o saboru to shiken ni makete naku hame ni naru zo

“လေ့ကျင့်ရမှာ ပျင်းပြီး မလုပ်ဘဲနေမယ်ဆိုရင် စာမေးပွဲမှာ ရှုံးပြီး နောက်ဆုံး ငိုရတဲ့အခြေအနေ ရောက်သွားလိမ့်မယ်နော်။”

サボる ဆိုတာ 👉 လုပ်ရမယ့်အရာကို ပျင်းလို့ / မလုပ်ချင်လို့ ပျက်ကွက်တာကို ဆိုလိုပါတယ်။

~ハメになる ဆိုတာ 👉 မလိုချင်ပေမယ့် နောက်ဆုံးမှာ အဲ့ဒီလိုအခြေအနေမျိုးကို ရောက်သွားရတာ ဆိုတဲ့ အဓိပ္ပါယ်ပါ။

📚 စာမေးပွဲနီးမှ စာကျက်တာထက်
နေ့တိုင်း နည်းနည်းချင်း လေ့ကျင့်ထားတာက ပိုကောင်းပါတယ်။

ဒီနေ့ “မလုပ်လည်း ရပါတယ်” ဆိုပြီး ပျင်းလိုက်မိတဲ့အရာက
စာမေးပွဲနေ့မှာ “အဲဒီတုန်းကသာ ကြိုးစားထားခဲ့ရင်…” ဆိုတဲ့ နောင်တဖြစ်လာနိုင်ပါတယ်။

✨ ဒီနေ့ မပျင်းပါနဲ့။
ဒီနေ့ရဲ့ ကြိုးစားမှုက မနက်ဖြန်ရဲ့ ရလဒ်ကို ဆုံးဖြတ်ပေးတယ်။

練習をサボると、試験に負けて泣くハメになるぞ。
🌸 လေ့ကျင့်မှုကို မပျက်ကွက်ပါနဲ့။ မဟုတ်ရင် စာမေးပွဲမှာ ရှုံးပြီး ငိုရတဲ့အခြေအနေ ရောက်သွားနိုင်တယ်နော်။

#ဂျပန်စကား #練習 #試験 #勉強 #ဘဝသင်ခန်းစာ

🇯🇵 ရင်ထဲအမြဲထည့်ထားတဲ့ ဂျပန်စကားလေးတစ်ခွန်း「努力なくして成功はあり得ない」(どりょく なくして せいこうは ありえない)Doryoku nakush*te seikō wa arienai“ကြိ...
27/08/2026

🇯🇵 ရင်ထဲအမြဲထည့်ထားတဲ့ ဂျပန်စကားလေးတစ်ခွန်း

「努力なくして成功はあり得ない」

(どりょく なくして せいこうは ありえない)
Doryoku nakush*te seikō wa arienai

“ကြိုးစားအားထုတ်မှုမရှိဘဲ အောင်မြင်မှုဆိုတာ မဖြစ်နိုင်ဘူး။”

အောင်မြင်မှုဆိုတာ ကံကောင်းလို့ပဲ ရလာတာမဟုတ်ပါဘူး။
တိတ်တိတ်လေး ကြိုးစားခဲ့ရတဲ့အချိန်တွေ၊
လက်လျှော့ချင်တဲ့အချိန်မှာတောင် ဆက်လျှောက်ခဲ့တဲ့ ခြေလှမ်းတွေ၊
အမှားတွေနဲ့ ကျရှုံးမှုတွေကနေ သင်ယူခဲ့တဲ့ အတွေ့အကြုံတွေ…

အဲ့ဒီအရာလေးတွေအားလုံး စုစည်းလာမှ
တစ်နေ့မှာ “အောင်မြင်မှု” ဆိုတဲ့ ရလဒ်တစ်ခု ဖြစ်လာတာပါ။ 🌱

✨ အခုကြိုးစားနေတာတွေက ရလဒ်မမြင်ရသေးလို့ အချည်းနှီးမဟုတ်ပါဘူး။
တစ်နေ့မှာ ကိုယ်ရောက်ချင်တဲ့နေရာကို ရောက်တဲ့အခါ
ဒီနေ့ရဲ့ ကြိုးစားမှုတိုင်းက အဓိပ္ပါယ်ရှိခဲ့တယ်ဆိုတာ သိလာပါလိမ့်မယ်။

「努力なくして成功はあり得ない」
🌸 ကြိုးစားအားထုတ်မှုမရှိဘဲ အောင်မြင်မှုဆိုတာ မရှိနိုင်ပါဘူး။

#ဂျပန်စကား #努力なくして成功はあり得ない #努力 #成功 #ဘဝသင်ခန်းစာ

💰 ① လစာနဲ့ပတ်သက်တဲ့ စကားလုံးများ* 給料明細(きゅうりょうめいさい)— လစာစာရွက်* 時給(じきゅう)— တစ်နာရီလုပ်အားခ* 月給(げっきゅう)— တစ်လတာလုပ်အားခ* 基本給...
27/08/2026

💰 ① လစာနဲ့ပတ်သက်တဲ့ စကားလုံးများ

* 給料明細(きゅうりょうめいさい)— လစာစာရွက်
* 時給(じきゅう)— တစ်နာရီလုပ်အားခ
* 月給(げっきゅう)— တစ်လတာလုပ်အားခ
* 基本給(きほんきゅう)— အခြေခံလစာ
* 総支給(そうしきゅう)— စုစုပေါင်းရရှိသည့်လစာ
* 手取り(てどり)— အခွန်/အာမခံနှုတ်ပြီး လက်ကျန်လစာ

⏰ ② အလုပ်ချိန်နဲ့ အလုပ်တက်/ပျက်ရက်

* 勤怠(きんたい)— အလုပ်တက်/ပျက်မှု မှတ်တမ်း
* 出勤日数(しゅっきんにっすう)— အလုပ်ဆင်းသည့်ရက်အရေအတွက်
* 欠勤日数(けっきんにっすう)— အလုပ်ပျက်သည့်ရက်အရေအတွက်
* 残業時間(ざんぎょうじかん)— အချိန်ပိုလုပ်သည့်နာရီ
* 有給日数(ゆうきゅうにっすう)— လစာရ ခွင့်ရက်အရေအတွက်

💵 ③ လစာအပြင် ရရှိနိုင်တဲ့ ထောက်ပံ့ကြေးများ

* 残業手当(ざんぎょうてあて)— အချိန်ပိုကြေး
* 休日労働手当(きゅうじつろうどうてあて)— ပိတ်ရက်အလုပ်ဆင်းကြေး
* 深夜労働手当(しんやろうどうてあて)— ညပိုင်းအလုပ်ဆင်းကြေး
* 住宅手当(じゅうたくてあて)— အိမ်ရာ/အိမ်လခထောက်ပံ့ကြေး
* 通勤手当(つうきんてあて)— အလုပ်သွားလာစရိတ်ထောက်ပံ့ကြေး
* 資格手当(しかくてあて)— အရည်အချင်း/အောင်လက်မှတ် ထောက်ပံ့ကြေး
* 家族手当(かぞくてあて)— မိသားစုထောက်ပံ့ကြေး

📉 ④ လစာထဲက နှုတ်ယူသည့်ငွေများ

* 控除(こうじょ)— လစာထဲမှ နှုတ်ယူငွေ
* 雇用保険(こようほけん)— အလုပ်အကိုင်အာမခံ
* 健康保険(けんこうほけん)— ကျန်းမာရေးအာမခံ
* 厚生年金(こうせいねんきん)— အလုပ်သမားပင်စင်အာမခံ
* 所得税(しょとくぜい)— ဝင်ငွေခွန်
* 住民税(じゅうみんぜい)— နေထိုင်ခွန်

#給料明細
#残業代
#税金

住所

Minato, Tokyo

ウェブサイト

アラート

Do The Best By MAY PHOO- JNotesがニュースとプロモを投稿した時に最初に知って当社にメールを送信する最初の人になりましょう。あなたのメールアドレスはその他の目的には使用されず、いつでもサブスクリプションを解除することができます。

ショートカット

  • 住所
  • アラート

共有する

カテゴリー