19/07/2026
"လောကကြီးရဲ့ သဘာဝအရောင်ကို မြင်တွေ့ချင်ရင် Color မျက်မှန်ကို ချွတ်ထားမှပဲ အရှိအတိုင်း မြင်နိုင်မယ်။"
ပိန်လွန်းတာ၊ မျက်နှာသေးပြီး ဆံပင်အုံထူတာ၊ အရပ်ရှည်ပြီး ခြေထောက်က ပိုရှည်နေတာ... ဒါတွေက ကိုယ့်အတွက်တော့ တကယ်ကို စိတ်တိုင်းမကျတဲ့၊ မလိုချင်တဲ့ ကိုယ့်ရဲ့ Insecurities တွေ။
ကိုယ့်အမြင်မှာ မလှသလို၊
ဒါတွေကြောင့် ကြုံခဲ့ရတဲ့ ပြဿနာတွေ
ရခဲ့တဲ့စိတ်ဒဏ်ရာတွေကလည်း မနည်းခဲ့ဘူး။
ဒါပေမဲ့ နိုင်ငံရပ်ခြားရောက်လို့ စကားစပ်မိရင်း ကိုယ့်ရဲ့ အားနည်းချက်တွေကို ပြောမိကြတော့...
「イモンさん、そんなこと〇〇さんと他の女の子たちの前で言わないほうがいい、嫌われるよ」 တဲ့ရယ်။
အကြောင်းရင်းကတော့... သူတို့တွေက
ဝိတ်တွေအသေချ diets တွေလုပ်
မျက်နှာသေးသေးပေါ်ချင်လို့ ဆံပင်တွေနဲ့အုပ်
တွေလုပ်နေတာကို
ကိုယ်က "စိတ်ညစ်စရာကြီး" လို့ ပြောလိုက်တာက
သူတို့အမြင်မှာတော့ ကိုယ့်ဂုဏ်ကိုယ်ဖော်ပြီး လာကြွားနေသလိုမျိုး အမြင်ကပ်စရာ ဖြစ်သွားလို့ပါ….တဲ့။
ဂျပန်လိုဆိုရင်တော့ —
• 謙虚を装った自慢 (နှိမ့်ချယောင်ဆောင်ပြီး ကြွားတာ)
• 自虐自慢 (ကိုယ့်ကိုယ်ကိုယ် အပြစ်ပြောရင်း သွယ်ဝိုက်ကြွားတာ) ပေါ့။
အဲ့လိုအပြောခံရတော့ ရင်ထဲ ဟက်ကော့ကြီးဖြစ်ပြီး ဆက်တောင် မပြောချင်တော့ဘူး။ မကျူးလွန်မိတဲ့ပြစ်မှုအတွက် ပုဒ်မအကြီးကြီးတပ်ခံလိုက်ရသလိုဘဲ
ဆိုတော့...
လောကကြီးက ဘယ်လိုပဲရှိနေပါစေ၊ လူတွေကတော့ သူတို့တပ်ထားတဲ့ မျက်မှန်အရောင်အတိုင်းပဲ မြင်ကြတာပဲ။ "ငါက မျက်မှန်မတပ်ထားပါဘူး" လို့ တွင်တွင်ပြောရင်းနဲ့ အနီရောင်ကို အပြာရောင်လို့ ဇွတ်ငြင်းနေကြတာဆိုရင်တော့... ဒါဟာ သူတို့ကိုယ်တိုင် Colorblind ဖြစ်နေလို့ပဲ ဖြစ်မှာပါ။