02/08/2026
実務者研修က ခက်လားဆိုတဲ့ မေးခွန်းတွေအတွက် သင်တန်းသူညီမလေးရဲ့ reviewလေးကိုဝေမျှပေးလိုက်ပါတယ်☘️
KKS-Academy
「共に学びと支援の力で国籍を超えて支え合う温かい未来を築く。」
ミャンマー人の皆んなさんが介護福祉士の夢を実現出来るよう、介護の基本知識と国家試験向けについて共有しております。ご応援の程よろしくお願い致します。
02/08/2026
実務者研修က ခက်လားဆိုတဲ့ မေးခွန်းတွေအတွက် သင်တန်းသူညီမလေးရဲ့ reviewလေးကိုဝေမျှပေးလိုက်ပါတယ်☘️
KKS-Academy
29/07/2026
ヤッホー🫶
မနှစ်က စာမေးပွဲကျပီး パートအလိုက် ပြန်ဖြေမဲ့သူများရဲ့ဖောင်တင်နည်းပါ။
မနေ့က တင်ပေးတဲ့ နည်းနဲ့99%တူတယ်နော်🧚♀️
今年こそ受かりすように👏
KKS-Academy
28/07/2026
ヤッホー🫶
မေးခွန်းဟောင်းအတန်းလေးရဲ့ Giveaway ပိုင်ရှင်များထွက်ပေါ်လာပါပြီရှင်🎁
おめでとう御座います㊗️
Giveaway အစီအစဥ်မှာ ပါဝင်ပေးခဲ့ကြတဲ့皆さんတို့အားလုံးကို ကျေးဇူးအထူးတင်ရှိပါတယ်🙏🏻
Giveaway ပိုင်ရှင်များက page cbကိုဆက်သွယ်ပေးပါနော်။
🥇 ပထမဆု(1)ဦး
🎁 သင်တန်းကြေး 💯 Free (သို့မဟုတ်)
MOROCCANOIL + Surprise Gift
(ကြိုက်ရာရွေးနိုင်)
🥈 ဒုတိယဆု(2)ဦး
🎁 သင်တန်းကြေး 50% Free
(သို့မဟုတ်)
Surprise Gift
(ကြိုက်ရာရွေးနိုင်)
🥉 တတိယဆု (၅) ယောက်
🎁 介護福祉士 သင်တန်းသုံးစာအုပ်။
မိမိစိတ်ကြိုက်ဆုများကို ရွေးချယ်နိုင်ပါတယ်ရှင်။
お待ちしております✌🏻
KKS-Academy
27/07/2026
ကုမ္ပဏီတစ်ခုကို တည်ထောင်ပြီး လည်ပတ်နေတာ… အပြင်ပန်းကမြင်ရသလောက် သိပ်တော့မလွယ်ပါဘူး။
ဒီနှစ်အတွက် အကြမ်းဖျင်းတွက်ကြည့်လိုက်တော့…
💴 စုစုပေါင်း ယန်း ၃၀၀ နီးပါး
(မြန်မာငွေ ကျပ် ၇၅၀ သိန်းနီးပါး) ကို ဒီနှစ်အတွက် အခွန်အနေနဲ့ ပေးဆောင်ရပါတယ်။
အဲဒီထဲမှာ…
✅ 法人税 (ကုမ္ပဏီအခွန်)
✅ 消費税 (စားသုံးခွန်)
✅ 法人市民税・県民税
✅ 印紙税
✅ 税理士ကြေး (စာရင်းကိုင်ကြေး)
✅ 税理士ရဲ့ 所得税 ဆိုင်ရာ ဝန်ဆောင်မှုကုန်ကျစရိတ်
✅ 固定資産税 (အိမ်ခြံမြေအခွန်)
✅ 社会保険料 (လူမှုအာမခံကြေး)
✅ ၂ ဦးရဲ့ 市民税・県民税・所得税
…ဒါတွေက အကြမ်းဖျင်းစာရင်းပဲ ရှိသေးတယ်။
ဒါတောင်…
🏢 ဆိုင်ငှားခ
⚡ မီးဖိုး
🔥 ဂက်စ်ဖိုး
💧 ရေဖိုး
📶 အင်တာနက်ဖိုး
📦 အခြားနေ့စဉ် လည်ပတ်စရိတ်တွေကိုတောင် မထည့်ရသေးဘူး။
တစ်ခါတလေ လူတွေက…
“ကုမ္ပဏီပိုင်ရှင်ဆိုတော့ အဆင်ပြေတာပေါ့”
လို့ပဲ မြင်ကြမလားပဲ။
ဒါပေမယ့် တကယ်တမ်းမှာတော့…
ကုမ္ပဏီတစ်ခုကို ဆက်လက်ရပ်တည်အောင်လုပ်ဖို့က အိပ်မပျော်တဲ့ညတွေ၊
စဉ်းစားရင်း ၊တွေးတောရင်း Stress တွေနဲ့ ဆုံးဖြတ်ချက်ခက်ခဲတဲ့နေ့တွေ၊ တာဝန်ယူရတဲ့အရာတွေ အများကြီးရှိပါတယ်။
ဒါပေမယ့်…
ဒီတာဝန်တွေအားလုံးကို ထမ်းဆောင်ရတာကို နောင်တဆိုတာမရှိပါဘူး။
ဘာလို့လဲဆိုတော့…
KKS က စီးပွါးရေးတစ်ခုတည်းကို ဦးတည်တာမဟုတ်ဘဲ၊ မြန်မာလူမျိုးတွေအတွက် အခွင့်အလမ်းတွေ ဖန်တီးပေးနိုင်တဲ့ နေရာတစ်ခု ဖြစ်စေချင်လို့ပါ။
အခက်အခဲတွေ ရှိပေမယ့်…
တစ်နေ့ထက်တစ်နေ့ ပိုကောင်းတဲ့ KKS ဖြစ်လာအောင် ဆက်ပြီး ကြိုးစားသွားပါမယ်။
27/07/2026
第39回介護福祉士ဖောင်တင်နည်းကို တဆင့်ချင်းစီပြောပြပေးထားပါတယ်။
အဆင်ပြေပြေချောချောမွေ့မွေ့ဖောင်တင်နိုင်ပါပြီ😇
ဖောင်တင်ရန်link🖇️
https://www.sssc-shiken.jp/Init.cgi
အဆင်ပြေပါစေ🫶
KKS-Academy
#第39回介護福祉士国家試験申し込み
KKS ရဲ့ ရည်မှန်းချက်တွေထဲက တစ်ခုဖြစ်တဲ့ မြန်မာလူမျိုးသီးသန့် 介護実務者研修 ကို Tokyo မှာ စတင်ဖွင့်လှစ်နိုင်ခဲ့တဲ့အတွက် အရမ်းဝမ်းသာမိပါတယ်။ 🇲🇲🇯🇵
အရင်တုန်းက 実務者研修 တက်ခဲ့ကြတဲ့ မြန်မာသင်တန်းသား၊ သင်တန်းသူတွေဆိုရင်…
ဂျပန်လူမျိုးတွေနဲ့အတူ စာသင်ရတာ၊ စာတွေ နားလည်ဖို့ ခက်ခဲတာ၊ Assignment တွေဖြေရတာ အခက်အခဲရှိတာ၊ တစ်ခါတလေ စိတ်ဓာတ်ကျပြီး “မလုပ်နိုင်တော့ဘူး” လို့ ပြောလာကြတာတွေကို အနီးကပ် မြင်ခဲ့ရပါတယ်။
အဲဒီအချိန်တိုင်း ကျွန်တော်တို့က ဝိုင်းကူဖြေပေး၊ အားပေးရင်း အတူတူ ဖြတ်သန်းခဲ့ကြတယ်။
အဲဒီအတွေ့အကြုံတွေကပဲ…
“မြန်မာတွေအတွက် ပိုလွယ်ကူပြီး ပိုအဆင်ပြေတဲ့ 実務者研修 ကို ဖွင့်ရမယ်” ဆိုတဲ့ စိတ်ကူးကို မွေးဖွားစေခဲ့တာပါ။
ဒါကြောင့်လည်း တည်ငြိမ်တဲ့ စကားပြန်အလုပ်ကိုစွန့်လွှတ်ပြီး နေထိုင်ခွင့် Visaအခက်အခဲတွေကြား
KKSဆိုတာကို ဇွတ်တိုးဝင်ခဲ့တာပါ။
KKS က သင်တန်းဖွင့်ပေးတဲ့နေရာတစ်ခုထက်၊ ဂျပန်နိုင်ငံမှာ 介護 လုပ်ကိုင်နေတဲ့ မြန်မာလူမျိုးတွေရဲ့ Career လမ်းကြောင်းကို ပိုမိုကောင်းမွန်လာစေမယ့် Academy တစ်ခု ဖြစ်ချင်ပါတယ်။
အခုကတော့ အစပဲ ရှိသေးပေမဲ့
နောင်တစ်ချိန်မှာ…
🇲🇲 မြန်မာလူမျိုးသီးသန့်သင်တန်း၊ မြန်မာဆရာ၊ ဆရာမတွေ သင်ကြားပေးတဲ့ 実務者研修 သင်တန်းတွေကို ဂျပန်နိုင်ငံအနှံ့ ဖွင့်လှစ်နိုင်ဖို့ ကြိုးစားသွားပါမယ်။
Visa အခက်အခဲတွေနဲ့ လွယ်ကူတာတော့မဟုတ်ပေမဲ့ဒီရည်မှန်းချက်ကို အကောင်အထည်ဖော်နိုင်ဖို့ KKS TEAM က ဆက်လက်ကြိုးစားသွားပါမယ်။
အမြဲယုံကြည်ပြီး အားပေးကြတဲ့ ကျောင်းသား၊ ကျောင်းသူများ၊ မိတ်ဆွေများအားလုံးကို အထူးကျေးဇူးတင်ပါတယ်။ 🙏❤️
10လပိုင်း အတန်းအတွက်လည်းလက်ခံနေပါပြီနော်။⬇️
https://www.facebook.com/share/r/1FHXUc14nM/?mibextid=wwXIfr
25/07/2026
giveaway ပိုင်ရှင်များကို 7လပိုင်း28ရက်နေ့(အင်္ဂါနေ့မှာကြေညာပေးပါမယ်နော်🫶
KKS-Academy
🎓 2027 ခုနှစ် (ဇန်နဝါရီလ) 介護福祉士 国家試験 အတွက် မေးခွန်းဟောင်းclassကို ဖွင့်လှစ်ပါပြီ!
📚 သင်တန်းတွင် ပါဝင်မည့် အကြောင်းအရာများ
✅ (1) မေးခွန်းဟောင်း (過去問) ၃ စုံ
* Video Class ဖြင့် အချိန်မရွေး Ready လေ့လာနိုင်ပါသည်။
✅ (2) 模擬問題 (အကြိုTest) ၃ စုံ
* Zoom ဖြင့် တစ်ပတ်လျှင် (၂) ရက် မေးခွန်းလေ့ကျင့်ပေးပါသည်။
【အတန်းမတက်နိုင်တဲ့သူများအတွက်လဲgroupတွင် record videoတင်ပေးပါသည်】
✅ (3) KKS Note ဖြင့် 要点まとめ (အရေးကြီးအချက်များ) ကို အလွယ်တကူ နားလည်အောင် ရှင်းပြပေးပါမည်။
giveaway အစီအစဉ်လဲထည့်သွင်းထားပါတယ်🎁
🎉 ယခု Postကို publicဖြင့် Shareပြီးယခုပို့စ်အောက်တွက်screenshot Comment ခြင်းဖြင့် ဆုလက်ဆောင်များရရှိနိုင်ပါသည်။
🥇 ပထမဆု(1)ဦး
🎁 သင်တန်းကြေး 💯 Free (သို့မဟုတ်)
MOROCCANOIL + Surprise Gift
(ကြိုက်ရာရွေးနိုင်)
🥈 ဒုတိယဆု(2)ဦး
🎁 သင်တန်းကြေး 50% Free
(သို့မဟုတ်)
Surprise Gift
(ကြိုက်ရာရွေးနိုင်)
🥉 တတိယဆု (၅) ယောက်
🎁 介護福祉士 သင်တန်းသုံးစာအုပ်။
——————————
💡 စာမေးပွဲကို အခြေခံကနေ စနစ်တကျ ပြင်ဆင်လိုသူများ၊ အလုပ်လုပ်ရင်း အချိန်ညှိပြီး လေ့လာလိုသူများအတွက် KKS-AcademyOnline Course ဖြစ်ပါသည်။
📩 အသေးစိတ်သိရှိလိုပါက KKS Page Messenger သို့ ဆက်သွယ်မေးမြန်းနိုင်ပါသည်။
KKS-Academy
#2027年介護福祉士国家試験
#過去問対策
23/07/2026
ヤッホー🫶
ဗီဇာပြောင်းထားတဲ့KKSလေးများ🩷
အလုပ်ပြောင်းချင်သူများရှိရင်ဆက်သွယ်ပေးနော်။
အတက်နိုင်ဆုံး ကောင်းမွန်အဆင်ပြေတဲ့အလုပ်လေးတွေမိတ်ဆက်ပေးပါမယ်ရှင်💴
KKS-Academy
#介護福祉士求人
🚨 ဒီနှစ် 介護福祉士 国家試験 ဖောင်တင်နည်းဖြစ်ပါတယ်။
ယခုနှစ်ဖြေဆိုမယ့်သူများ သတိထားပါ!
စာမေးပွဲဖောင်တင်တဲ့အချိန်မှာ အချက်အလက်တစ်ခုခု မှားယွင်းသွားရင်၊ ပြန်လည်ပြင်ဆင်ရတာမျိုး ဖြစ်နိုင်သလို အခြေအနေပေါ်မူတည်ပြီး စာမေးပွဲဖြေဆိုခွင့်ကိုပါ ထိခိုက်နိုင်ပါတယ်။
ဒါကြောင့် ဒီ Video မှာ ဖောင်တင်နည်းကို အဆင့်လိုက် နားလည်လွယ်အောင် ရှင်းပြပေးထားပါတယ်။
📌 ပထမဆုံးဖောင်တင်မယ့်သူတွေအတွက် အထူးအသုံးဝင်ပါတယ်။
အမှားမရှိဘဲ အဆင်ပြေပြေ ဖောင်တင်နိုင်ဖို့ Video ကို အဆုံးထိ ကြည့်ပေးပါ 👀
#受験申し込み方法
22/07/2026
😂 လစာသာ မတိုးတာ… ဖောင်တင်ကြေးကတော့ တိုးသွားပြီနော်! 💸
“ဒီနှစ်တော့ ပေါ့ပေါ့ပါးပါးပဲ ဖြေကြည့်မယ်…” 🤭
ဆိုပြီး တွေးထားတဲ့သူတွေ…
ပြန်စဉ်းစားရတော့မယ်နော်။ 😅
💴 အရင်နှစ်အထိ 18,380円
➡️ ဒီနှစ်ကတော့ 20,510円 😳
2,130円 တက်သွားပါတယ်!
ဒါကြောင့်…
ဖောင်ကြေးလည်း တိုးပြီဆိုတော့
📚 စာလည်း သေချာကြိုးစားပြီး၊တစ်ခါတည်း အောင်အောင် ဖြေကြရအောင်နော်!
KKS-Academy