A & H Education

A & H Education A & H Education, 教育関連サイト, Maebashi-shiの連絡先情報、マップ、方向、お問い合わせフォーム、営業時間、サービス、評価、写真、動画、お知らせ。

Action Research in EDC Curriculum-အပိုင်း(၂)🧑‍🏫First Year🧑‍🏫ပထမနှစ် (ဒုတိယနှစ်ဝက်)(1-2)📗ပညာရေးဘာသာ (Educational Studies)...
17/08/2025

Action Research in EDC Curriculum-အပိုင်း(၂)

🧑‍🏫First Year🧑‍🏫
ပထမနှစ် (ဒုတိယနှစ်ဝက်)(1-2)

📗ပညာရေးဘာသာ (Educational Studies) ES📗
🔍အခန်း ၁၀ ဆရာအတတ်ပညာကျွမ်းကျင်မှု

📌၁၀.၂ ဆရာသည် ပြန်လည်တွေးတောသုံးသပ်တတ်သူဖြစ်ရန်လိုအပ်ခြင်း
၁၀.၂.၂ ဆရာအတတ်ပညာကျွမ်းကျင်မှုဖွံ့ဖြိုးရေးလုပ်ငန်းတွင် သုတေသနဆောင်ရွက်ချက်များကိုအသုံးပြုခြင်း

- ဆရာအတတ်ပညာဖွံ့ဖြိုးဖို့ သုတေသနဆောင်ရွက်ချက်တွေ ဘယ်လိုဆက်စပ်အသုံးချလို့ ရကြောင်း သုတေသနရဲ့အသုံးဝင်ပုံတွေကို ရေးသားထားတဲ့ သင်ခန်းစာဖြစ်ပါတယ်။ အသေးစိတ်တော့ မရေးတော့ဘူးနှော်။📝📝📝

📌၁၀.၆ ဆရာများ၏ ဆရာအတတ်ပညာကျွမ်းကျင်မှု စဉ်ဆက်မပြတ်ဖွံ့ဖြိုးရေးအတွက် သုတေသနလုပ်ငန်း ၏အရေးပါပုံ
၁၀.၆.၁ မိမိကိုယ်ပိုင် သင်ကြားရေးအလေ့အကျင့်ကို သုတေသနပြုခြင်း-ကိုယ်တိုင်လုပ်ဆောင်သည့် သုတေသနစာတမ်းငယ်ပြုစုခြင်း

ဒီခေါင်းစဉ်အတွက် သိသင့်သိထိုက်တာလေးတွေ ကောက်နှုတ် ဖော်ပြထားပါတယ်။

- သုတေသနဆောင်ရွက်ခြင်းနည်းထဲက တစ်ခုဟာ
Action Research
(ကိုယ်တိုင်လုပ်ဆောင်သည့်သုတေသနစာတမ်းငယ်)
ဖြစ်တယ်…

- အဓိပ္ပါယ်
မိမိနေ့စဉ်လုပ်ဆောင်နေသော လုပ်ငန်းများကို
စူးစမ်းလေ့လာရာတွင်🔍🔍🔍
မိမိအလေ့အကျင့်သည် မိမိထားရှိသည့်တန်ဖိုးများနှင့်
နီးစပ်မှုရှိ/မရှိကို🔗🔗🔗
ရှုမြင်ချိန်ဆကြည့်ခြင်းဖြင့် ဆောင်ရွက်ခြင်း🧏‍♀️🧏‍♀️🧏‍♀️

- မူလရည်ရွယ်ချက်
ပြုလုပ်သူများအား သူတို့လုပ်ဆောင်မှုများကို
တိုးတက်ကောင်းမွန်အောင် (သို့)
ပြုပြင်မွမ်းမံအချောကိုင်နိုင်အောင်
အထောက်အကူပြုပေးရန်

- Procedure
ပုံလေးအောက်မှာထည့်ပေးထားပါတယ်💁‍♀️💁‍♀️💁‍♀️
Example-
1. မိမိစာသင်သည့်အခါ အတန်းထဲမှကျောင်းသားအားလုံးပါဝင်အောင် သင်နိုင်ခြင်း ရှိ/မရှိ မသေချာခြင်း (Identify the Problem)
2. မေးခွန်းတွေ မေးမေးပြီးသင်တာက အဆင်ပြေလောက်မယ်ထင်တယ် (Plan)
3. မိမိစာသင်ချိန်မှာ မေးခွန်းတွေမေးမေးပြီးသင်ကြည့်တယ် (Act)
4. အားလုံးပါဝင်လာသလား ဆိုတာ စောင့်ကြည့်၊ စစ်ဆေး၊ တိုင်းတာ၊ ခွဲခြမ်းစိတ်ဖြာ၊ ကောက်ချက်ချတယ် (Observe)
5. အကဲဖြတ်သုံးသပ်(Reflect)ပြီး ကျောင်းသားအားလုံးပါဝင်အောင် သင်နိုင်ခြင်း ရှိ/မရှိ သေချာတွေ့သွားမယ်။
🪢ထပ်မံသိလိုသော(သို့)
ပိုပြည့်စုံစေဖို့ သိချင်တာရှိလာလို့
(Identify the Problem) တစ်ခါ Cycle
ပြန်လည်ဖြစ်မယ်။🪢

- အစီရင်ခံစာရေးခြင်း
“သုတေသနဆိုသည်မှာ အများသိရှိစေရန် စနစ်တကျဆောင်ရွက်ထားသည့် စူးစမ်းလေ့လာမှု ဖြစ်သည်။”
ထို့ကြောင့် မိမိလုပ်ဆောင်ခဲ့ပုံအဆင့်ဆင့်ကို ဖော်ပြရန် အစီရင်ခံစာရေးရပါတယ်။
အဓိကကတော့ သံသရာစက်ဝန်းဖြစ်တဲ့အတွက် ရလဒ်ကိုပဲဖော်ပြရမှာမဟုတ်ပဲ
နောက်တစ်ဆင့်ဘာလုပ်သင့်ကြောင်း မှတ်တမ်းပါ ထည့်ရေးနိုင်ရပါမယ်။
အဘယ်ကြောင့်လုပ်သင့်ကြောင်းလဲ ထည့်ရေးရပါမယ်။

💁‍♀️ဒါတွေက (1-2) ပညာရေးဘာသာရပ်ထဲမှာ သုတေသနအ‌သုံးဝင်ပုံတွေနဲ့ အစချီပီး Action Research ကို စတင်သင်ကြားတာ ဖြစ်ပါတယ်။ အသေးစိတ်လေ့လာနိုင်ရင် ပိုပြည့်ဝနိုင်ပါမယ်။💁‍♀️

🙋‍♀️ဆက်လက်ပြီး (1-2) “ပြန်လည်သုံးသပ်ခြင်းအလေ့အကျင့်နှင့်မရှိမဖြစ်သည့်ကျွမ်းကျင်မှုများ” ဘာသာရပ်မှာ
သုတေသနလုပ်နိုင်ဖို့ ရှိရမယ့်စွမ်းရည်တွေကို
ရှင်းလင်းဖော်ပြပြီး ၎င်းစွမ်းရည်တွေတက်လာဖို့
ကိုယ့်လက်ရှိစွမ်းရည်ကိုအရင်သုံးသပ်ပြီး
စွမ်းရည်တက်လာအောင် လုပ်ချင်တဲ့ပန်းတိုင်ချတဲ့ သင်ခန်းစာကို တင်ပြမှာဖြစ်ပါတယ်။
ဒါကြောင့် ဒီအခန်းထဲက သင်ခန်းစာတွေကို
ကြေညက်အောင် လေ့လာပြီး
သင်ခန်းစာထဲကနည်းလမ်းတွေအတိုင်း
လိုအပ်တဲ့စွမ်းရည်တက်လာအောင်လုပ်နိုင်မှသာ
သုတေသနလုပ်တဲ့အခါ အဆင်ပြေမှာ ဖြစ်ပါတယ်။

🧑‍🏫ပထမနှစ် (ဒုတိယနှစ်ဝက်)(1-2)🧑‍🏫

📘ပြန်လည်သုံးသပ်ခြင်းအလေ့အကျင့်နှင့်မရှိမဖြစ်သည့်ကျွမ်းကျင်မှုများ
Reflective Practice and Essential Skills (RPES)📘
🔍အခန်း ၈ သုတေသနပြုမှုစွမ်းရည်

၈.၁ သုတေသနရင်းမြစ်များအား ကူးလူးရှာဖွေစုဆောင်းခြင်း
၈.၂ စာဖတ်စွမ်းရည်
၈.၃ လက်တွေ့သုတေသနပြုနိုင်မှုစွမ်းရည်

အပိုင်း (၃) မှာတော့
(၈.၁) အတွက် ဆက်လက်ဆွေးနွေးတင်ပြပါမယ်။


& H Education

17/08/2025

Action Research in EDC Curriculum-အပိုင်း(၁)

🧑‍🏫First Year🧑‍🏫
ပထမနှစ် (ပထမနှစ်ဝက်)(1-1)

📗ပညာရေးဘာသာ (Educational Studies) ES📗
🔍အခန်း ၅ စစ်ဆေးအကဲဖြတ်ခြင်း

၅.၅ သင့်လျော်သောစစ်ဆေးအကဲဖြတ်ခြင်းနည်းများ
၅.၅.၁ ပညာရေးစစ်ဆေးခြင်းများကို နားလည်ခြင်း
၅.၅.၂ တတ်မြောက်မှုစစ်ဆေးခြင်းအမျိုးအစားများ

၅.၉ ပညာရေးစစ်ဆေးတိုင်းတာခြင်း၏အခြေခံစာရင်းအင်းအသိပညာ
၅.၉.၁ စာရင်းအင်း၏သဘောသဘာဝ
၅.၉.၂ ဂရပ်များအသုံးပြုခြင်းဖြင့်အချက်အလက်များခွဲခြမ်းစိတ်ဖြာခြင်း

ဒါတွေက (1-1)ပညာရေးဘာသာရပ်မှာ
Action Research လုပ်တဲ့အခါ
သိရမယ့် Concept တွေ
စတင်လေ့လာရတာဖြစ်ပါတယ်။ 📝📝📝
ဒီ Concept တွေကို သိထားမှ
Data Collection and Analysis လုပ်တဲ့အပိုင်းမှာ အဆင်ပြေမှာပါ။ 💁‍♀️💁‍♀️💁‍♀️

အသေးစိတ်ကို
အဲအပိုင်းရောက်ရင် ပြန်ရှင်းပြပေးပါမယ်။👩‍💻👩‍💻👩‍💻
ခု ခေါင်းစဉ်တွေရေးပေးတာက
(1-1) ထဲက စပြီးသင်ကြားပေးခဲ့တာ ဖြစ်ကြောင်း
သိစေချင်ပြီး Action Research အတွက်
Foundation ခိုင်ချင်တဲ့သူတွေ
အလေးပေး မှတ်သားပေးဖို့ အကြံပြုတာပါ။

အပိုင်း (၂) မှာတော့
(1-2) အတွက် ဆက်လက်ဆွေးနွေးတင်ပြပါမယ်။


& H Education

12/08/2025

Idioms to refer to being busy

ကိုယ်ဟာ အလုပ်တွေအရမ်းများနေတယ် အလုပ်တွေရှုပ်နေတယ်ဆိုတာကို I am busy./ I have a lot to do.
အပြင် idiom တွေသုံးပြီး ပြောလို့ရပါသေးတယ်

(1) up to your ears/eyes/neck

ကိုယ်လုပ်နိုင်တာထက် လုပ်ရမည့်အရာတွေကများနေတာမျိုး လုပ်စရာတွေပုံနေတာမျိုးဆို ဒါကိုသုံးပြီးပြောလို့ရပါတယ်

Examples
I am up to my ears in chores!
I'm up to my eyes in work at the moment.
I can't help, I'm up to my neck in schoolwork.

(2) have your hands full

ကိုယ့်မှာလုပ်စရာတွေများလို့ တစ်ခြားဟာလုပ်ဖို့တောင် အချိန်မရှိဘူးလို့ပြောချင်ရင် သုံးလို့ရပါတယ်

Example
I have my hands full with the kids at the moment, so I can't take on any more work.

(3) have a lot on your plate/
have enough on your plate

ကိုယ့်မှာ အရေးတကြီးလုပ်စရာတွေအများကြီးရှိနေတယ်ဆိုတာ ပြောချင်ရင်တော့ ဒါကိုသုံးလို့ရပါတယ်

Examples
I see you have a lot on your plate, so I'll leave you to it.
I can't take on more work - I have enough on my plate as it is!

(4) in the middle of

တစ်ခြားတစ်ယောက်က ကိုယ့်ကိုတစ်ခုခုလုပ်ပေးဖို့ လာခိုင်းတဲ့အချိန်
ကိုယ့်မှာလည်း လုပ်လက်စတစ်ခုခုလုပ်နေရင်းမို့ မအားဘူးဆိုပြီးပြေချင်ရင် သုံးပါတယ်

Example
Can I call you back - I'm in the middle of meeting.

(5) be as busy as a bee

ကိုယ်ဟာ အရမ်းတွေအလုပ်များနေတယ်ဆိုတာ ပြောချင်ရင်သုံးပါတယ်

Example
He's as busy as a bee, colouring and playing with his blocks.


& H Education

Age 15 ကလေးတွေအတွက် Level A2 key(KET) four skills class  &HEducation
01/08/2025

Age 15 ကလေးတွေအတွက်
Level A2 key(KET) four skills class

&HEducation

✍🏼“Talking About Future”✍🏼
24/07/2025

✍🏼“Talking About Future”✍🏼

24/07/2025

“Page နဲ့ မိတ်ဆက်ပေးချင်ပါတယ်”

✍🏼Page မှာ ဘာတွေလေ့လာနိုင်မလဲ?
Education နဲ့ ဆိုင်တာတွေ လေ့လာနိုင်မှာပါ…

✍🏼ရည်ရွယ်ချက်တွေက ဘာလဲ?
🌟ပညာရေးနဲ့ ဆိုင်တဲ့ knowledge တွေ sharing လုပ်ပါမယ်…
🌟Teaching profession ယူထားသူတိုင်း
Professional teachers တွေ ဖြစ်စေဖို့
Challenges ခေါ်ပြီး အတူကြိုးစားကြပါမယ်…
🌟Training and Services တွေ ဖွင့်ဖို့ ရှိပါတယ်…

✍🏼Admin က ဘယ်သူလဲ?
Admin (၇) ယောက်နဲ့ ဖွဲ့စည်းထားပါတယ်…
Education နယ်ပယ် အသီးသီးမှာ
Specialized subjects အသီးသီးနဲ့
Teaching experience အနည်းဆုံး (၈) နှစ်ရှိပြီး
မိမိတို့ specialized subjects ကို
ဘွဲ့လွန်ပညာရေးထိ ပြီးထားတဲ့အပြင်
ဆက်လက်လေ့လာဆည်းပူးနေသူများ ဖြစ်ပါတယ်…

✍🏼ဘယ်လို နယ်ပယ်အကြောင်းတွေ ပါမလဲ?
Educational Administration and Supervision
Educational Psychology
Curriculum and Methodology
Research Methodology
English Language Proficiency
Mathematics

✍🏼ဘယ်လို အကြံပြုနိုင်မလဲ?
ပညာရေးနယ်ပယ်စုံက knowledge များကို
ရှုထောင့်ပေါင်းစုံမှ ဆရာ (၇) ယောက်နဲ့
လေ့လာနိုင်မှာဖြစ်ပါတယ်…

& H Education

住所

Maebashi-shi, Gunma

ウェブサイト

アラート

A & H Educationがニュースとプロモを投稿した時に最初に知って当社にメールを送信する最初の人になりましょう。あなたのメールアドレスはその他の目的には使用されず、いつでもサブスクリプションを解除することができます。

ショートカット

  • 住所
  • アラート

共有する

カテゴリー