24/03/2026
Page ပြောင်းထားပါတယ်
ဂျပန်တက္ကသိုလ်မှာ ကိုယ်တက်ချင်တဲ့ မေဂျာကောင်းကောင်းနဲ့
ပညာသင်ဆုတွေကို အရယူဖို့ ပြင်ဆင်နေတဲ့ ကျောင်းသားများအတွက်
Y-eleven ကအတူရှိပေးနေပါပြီ... ✨
ဒီနေ့မှာတော့ ကျမတို့ page လေးကို တည်ထောင်ရခြင်းရဲ့ အဓိကရည်ရွယ်ချက်တစ်ခုဖြစ်တဲ့ "EJU Japan and The World ဘာသာရပ်ကိုအမှတ်ကောင်းကောင်းရယူနိုင်ပြီး အိမ်မက်တွေကို အကောင်အထည်ဖော်နိုင်ဖို့" ဆိုတဲ့အကြောင်းလေးကို မျှဝေပေးချင်ပါတယ်။ 🇯🇵🎓
EJU စာမေးပွဲမှာ အရေးကြီးတဲ့ ဘာသာရပ်တစ်ခုဖြစ်တဲ့ Japan and the World ဆိုတာ ဘာလဲ? 🤔
ဒါကတော့ ဂျပန်နိုင်ငံရဲ့ သမိုင်း၊ ပထဝီ၊ စီးပွားရေးနဲ့ နိုင်ငံရေးအပြင် ကမ္ဘာ့အခြေအနေတွေကိုပါ လေ့လာရတဲ့ ဘာသာရပ်တစ်ခုပါ။
"ဒါတွေက တက္ကသိုလ်တက်ဖို့ တကယ်လိုအပ်လို့လား" လို့ မေးစရာရှိနိုင်ပါတယ်။
✅ ဘာကြောင့် လိုအပ်တာလဲ?
ဂျပန်က နာမည်ကြီးတက္ကသိုလ်တွေ၊ အထူးသဖြင့် စီးပွားရေး၊ လူမှုရေးနဲ့ ဝိဇ္ဇာဘာသာရပ်ပိုင်းဆိုင်ရာ မေဂျာတွေကို လျှောက်ထားတဲ့အခါ ဒီ Japan and the World ဘာသာရပ်မှာ ရရှိတဲ့အမှတ်က အဆုံးအဖြတ်ပေးနိုင်လို့ပါပဲ။ အမှတ်ကောင်းလေလေ၊ ကိုယ်တက်ချင်တဲ့ မေဂျာကို စိတ်ကြိုက်ရွေးချယ်ခွင့်ရလေလေ ဖြစ်မှာပါ။
ကျမတို့Pageကနေ မောင်လေး၊ ညီမလေးတို့ လိုချင်တဲ့ ပန်းတိုင်ရောက်အောင် စနစ်တကျလမ်းပြပေးပြီး အခက်ခဲဆုံးလို့ထင်ရတဲ့ ဘာသာရပ်တွေကို နားလည်ရအလွယ်ဆုံးဖြစ်အောင် သင်ကြားပေးသွားမှာပါ။ 🤝
EJU Japan and the World ဘာသာရပ်အကြောင်း အသေးစိတ်သိချင်တာရှိရင် Comment မှာ မေးခဲ့လို့ရသလို၊ CB ကနေလည်း နွေးနွေးထွေးထွေး တိုင်ပင်ဆွေးနွေးလို့ ရပါတယ်နော်။ 🤗
ဂျပန်နိုင်ငံမှာ ပညာသင်ကြားဖို့ ကြိုးစားနေသူတိုင်း အိမ်မက်တွေနဲ့ နီးစပ်နိုင်ကြပါစေရှင်။ 🌸
26/Feb/2026