31/12/2025
📌 ဒီနေ့ 12/31 နှစ်ကုန်နေ့မှာ ဂျပန်လူမျိုးတွေ そばစားတဲ့နေ့ပဲဖြစ်ပါတယ်
ဘာကြောင့် そば စားကြလဲ? 🍜
ဂျပန်မှာ နှစ်ကုန်နေ့ (12/31) ကို
年越し(としこし) လို့ခေါ်ပြီး
အဲဒီနေ့မှာ Toshikoshi Soba (年越しそば) ကို စားတဲ့အလေ့အကျင့်ရှိပါတယ် 🇯🇵✨
🔍 ဘာကြောင့် そば ကိုရွေးစားကြတာလဲ?
① အသက်ရှည်ပါစေ ဆိုတဲ့အဓိပ္ပါယ်
そば ခေါက်ဆွဲက ရှည်လျားတဲ့အတွက်
👉 အသက်ရှည်၊ ဘဝလမ်းကြောင်းရှည်ပါစေ ဆိုတဲ့ ဆုတောင်းအဓိပ္ပါယ်ပါဝင်ပါတယ်။
② မကောင်းတာတွေကို ဒီနှစ်မှာပဲ ဖြတ်တောက်ဖို့
そば က လွယ်လွယ်ပြတ်နိုင်တာကြောင့်
👉 ဒီနှစ်အတွင်း ကြုံခဲ့ရတဲ့ အခက်အခဲ၊ မကောင်းမှုတွေကို ဖြတ်တောက်ပြီး
👉 နှစ်သစ်ကို သန့်ရှင်းစင်ကြယ်စွာ ဝင်ရောက်နိုင်ဖို့ ဆိုတဲ့ အယူအဆရှိပါတယ်။
③ ကံကောင်းမှု ဆက်လက်ရှည်လျားစေဖို့
👉 အလုပ်အကိုင်၊ ကျန်းမာရေး၊ မိသားစုကံကောင်းမှုတွေ
👉 နှစ်သစ်မှာ ဆက်လက်ကောင်းမွန်ပါစေဖို့ ဆုတောင်းသဘောပါ 🍀
⏰ ဘယ်အချိန်မှာ စားလဲ?
• 12/31 ညနေ
• သို့မဟုတ် ည 12 နာရီ မတိုင်ခင် စားကြတာများပါတယ်
🏠 ဘယ်လိုစားကြလဲ?
• အိမ်မှာ မိသားစုနဲ့အတူ
• ဆိုင်က そば ဝယ်စားတာလည်း ရပါတယ်
• ရိုးရိုး かけそば၊ 天ぷらそば တွေလုပ်ပြီးစားကြတာလည်းရှိပါတယ်
👉 နှစ်တစ်နှစ်ကို သန့်သန့်ရှင်းရှင်း ပြီးဆုံးစေဖို့
👉 နှစ်သစ်ကို ကံကောင်းမှုတွေနဲ့ ကြိုဆိုဖို့
ဆိုတဲ့ အဓိပ္ပါယ် နဲ့ စားကြတာဖြစ်ပါတယ် 💖
📣 ဒီနေ့ そば စားရင်
👉 ဂျပန်ရိုးရာကို လိုက်နာတဲ့အပြင်
👉 ကိုယ့်ကိုယ်ကိုယ်အတွက် ဆုတောင်းမှုလေး တစ်ခုပေးလိုက်တာနဲ့တူပါတယ် 🍜✨
ဒါကြောင့် そばစားရင်း လိုချင်တဲ့ဆုလေးတွေတောင်ကြဖို့ မနေ့နဲ့နော် 🍀
#年越しそば
#ဂျပန်ဗဟုသုတ
#နှစ်ကုန်နေ့