Emily Chen

Emily Chen Emily Chen, Kobe-shiの連絡先情報、マップ、方向、お問い合わせフォーム、営業時間、サービス、評価、写真、動画、お知らせ。

ဂျပန်စာအတန်းပထမအချိန် ဂျပန်စာဆရာဖြစ်အတန်းယူထားတော့ မသင်ချင်တဲ့သချ်ာလည်းသင်ရပါတယ် ဂျပန်ဆရာဖြစ်တာသချ်ာတွေသင်ဖို့လိုလားလို့...
18/06/2026

ဂျပန်စာအတန်းပထမအချိန် ဂျပန်စာဆရာဖြစ်အတန်းယူထားတော့ မသင်ချင်တဲ့သချ်ာလည်းသင်ရပါတယ် ဂျပန်ဆရာဖြစ်တာသချ်ာတွေသင်ဖို့လိုလားလို့ထင်ကြပေမယ့် တကယ်ဆရာဖြစ်လာတဲ့အခါ အတန်းထဲကကျောင်းသားတွေအမှတ်စာရင်းထုတ်ပေးတာ ဘယ်ကျောင်းသားကတော့ဘယ်လောက်အမှတ်ရှိလဲဆိုတာတွေကိုလေ့လာဖို့ 統計学 လည်းလေ့လာရပါတယ် အရင်က オンデメンド ဆိုတဲ့ဗီဒီယိုကြည့်ပြီးစာမေးပွဲဖြေရပေမယ့် ဗီဒီယိုမကြည့်တဲ့သူများလို့ ဒီနှစ်ကစပြီး Face-to-face class ပြောင်းသွားတော့အပတ်တိုင်းကျောင်းသွားရပါတယ် တခါတလေကိုယ့်ကိုပြန်စဉ်းစားမိတယ် တတိယနှစ်ရောဟုတ်ရဲ့လားလို့ တစ်ပတ် ၅ ရက်နေ့တိုင်းကျောင်းသွားနေရလို့ 😅

ဂျပန်ကတက္ကသိုလ်၊ ကောလိပ်နဲ့ဆဲမွန်းတွေမှာပညာသင်ကြားနေပြီးဂျပန်မှာအလုပ်လုပ်ဖို့စဉ်းစားထားတဲ့သူများရှိကြလား👋ဒီနေ့မှာတော့ Mi...
21/05/2026

ဂျပန်ကတက္ကသိုလ်၊ ကောလိပ်နဲ့ဆဲမွန်းတွေမှာပညာသင်ကြားနေပြီးဂျပန်မှာအလုပ်လုပ်ဖို့စဉ်းစားထားတဲ့သူများရှိကြလား👋

ဒီနေ့မှာတော့ Miii ကဂျပန်ကုမ္ပဏီတွေမှာ အလုပ်ဝင်ဖို့ စိတ်ကူးရှိတဲ့ မြန်မာကျောင်းသားတွေအတွက် တကယ့်ကို အဖိုးတန်ပြီး လက်လွတ်မခံသင့်တဲ့ အခွင့်အရေးကြီးတစ်ခုအကြောင်းကို ပြောပြချင်ပါတယ် အထူးသဖြင့် အအိချိခရိုင် (Aichi Prefecture) မှာ နေထိုင်နေတဲ့သူတွေအတွက်ပါ

အဲဒါကတော့ အအိချိခရိုင်ကနေ တာဝန်ယူကျင်းပပေးတဲ့ 2026 夏季外国人留学生インターンシッ (Summer Internship 2026) ကဒီနှစ်မှာလည်းလျှောက်လွှာတွေကိုစတင်ခေါ်ယူနေတာပဲ ဖြစ်ပါတယ် ဒီအစီအစဉ်ဟာ ၂၀၁၈ ခုနှစ်ကတည်းက စတင်ခဲ့တာဖြစ်ပြီးလက်ရှိမှာတော့နိုင်ငံခြားကျောင်းသားပေါင်း ၉၀၀ ကျော်နီးပါး ပါဝင်ဆင်နွှဲခဲ့ကြတဲ့ အအိချိခရိုင်ရဲ့ အကြီးမားဆုံး Internship ကြီးလည်းဖြစ်ပါတယ်

📌 ဒီ Internship က ဘာတွေထူးခြားလဲ?

ပထမဆုံးအနေနဲ့ ဒီအစီအစဉ်မှာ Manufacturing (ကုန်ထုတ်လုပ်ငန်း)၊ ဝန်ဆောင်မှု၊ ဆောက်လုပ်ရေး၊ IT၊ ဆေးဘက်ဆိုင်ရာနဲ့ ပညာရေး စတဲ့ အအိချိ
ခရိုင်ထဲက လုပ်ငန်းမျိုးစုံကို စိတ်ကြိုက်ရွေးချယ်ပြီး တကယ့်လုပ်ငန်းခွင်ကို လက်တွေ့လေ့လာခွင့်ရမှာပါ

📌ဒါပေမဲ့ ငါ့ရဲ့ ဂျပန်စာနဲ့ ကုမ္ပဏီထဲမှာ အဆင်ပြေပါ့မလား ဘယ်လိုမျိုးတွေလေ့လာရမှာလဲ ❓

အဲ့လိုစိုးရိမ်နေကြတဲ့သူငယ်ချင်းတွေအတွက်လည်း အလုပ်သင်မဆင်းခင်မှာ ဂျပန်စာနဲ့ လုပ်ငန်းခွင်သုံး Manners (ယဉ်ကျေးမှု စည်းစနစ်တွေ) ကို သေချာသင်ပေးမယ့် 事前セミナー လည်း ပါဝင်မှာ ဖြစ်တဲ့အတွက် စိတ်အေးအေးထားလို့ရပါတယ်

📆ပြီးတော့ Internship ကာလကလည်း ၈ လပိုင်း ၃ ရက်ကနေ ၉လပိုင်း ၃၀ ရက်အတွင်းအနည်းဆုံး ၁ ပတ် (အလုပ်လုပ်ရက် ၅ ရက်) ပဲ ဖြစ်လို့ နွေရာသီကျောင်းပိတ်ရက်ရှည်မှာ အတွေ့အကြုံသစ် ရှာချင်သူတွေအတွက်တော့အသင့်တော်ဆုံးပါပဲ

📌ဒီ Internship ကိုဘယ်သူတွေ လျှောက်လို့ရလဲ?

👨‍🦱👱‍♀️အအိချိခရိုင်ထဲက တက္ကသိုလ်၊ ကောလိပ်၊ မဟာတန်း/ပါရဂူတန်း သို့မဟုတ် နည်းပညာကောလိပ် (Kosen) တက်နေတဲ့သူတွေ

✅တကယ်လို့ အအိချိပြင်ပက ကျောင်းမှာတက်နေတာပြီးလက်ရှိ အအိချိခရိုင်ထဲမှာ နေထိုင်နေရင်လည်း လျှောက်လို့ရတယ်နော်

💯ဂျပန်စာအရည်အချင်းကတော့
JLPT N2 အဆင့်ရှိရင်ရပါပြီ
(N2 မရှိသေးရင်လည်း သူတို့နဲ့ ညှိနှိုင်းတိုင်ပင်လို့ ရပါတယ်လို့ရေးထားပါတယ်)

🛠လျှောက်ပုံလျှောက်နည်းအဆင့်ဆင်

လျှောက်နည်းကတော့ရဲ့ ဒုတိယပုံမှာ ပါတဲ့အတိုင်း ဝဘ်ဆိုက်ကနေတိုက်ရိုက် လျှောက်ရမှာဖြစ်ပါတယ် အဆင့် (၃) ဆင့်ပဲ ရှိပါတယ်

1️⃣ကျောင်းအမည်နဲ့ အီးမေးလ် အရင်သွင်းမယ်

1.ဝဘ်ဆိုက်ထဲဝင်ပြီး 「今すぐ申し込む」(Apply Now)ဆိုတဲ့ ခလုတ်လေးကို နှိပ်လိုက်ပါ

2.ပြီးရင်အီးမေးလ်လိပ်စာနဲ့ လက်ရှိတက်နေတဲ့ကျောင်းအမည်ကို ရိုက်ထည့်ပြီး「送信する」(Submit)ကို နှိပ်ပါ

2️⃣ကိုယ်ရေးအချက်အလက်နဲ့ Password သတ်မှတ်မယ်

1. အဆင့် (၁) ပြီးတာနဲ့ ကိုယ်ပေးခဲ့တဲ့ အီးမေးလ်ထဲကို Link တစ်ခု ရောက်လာလိမ့်မယ်။ အဲဒီ Link လေးကို နှိပ်ပြီး ဝင်လိုက်ပါ

2. အဲဒီမှာ လော့ဂ်အင် (Login) ဝင်တဲ့အခါ သုံးဖို့အတွက်ကိုယ်ရေးအချက်အလက်တွေနဲ့ Password (စကားဝှက်)ကို ဖြည့်ခိုင်းပါလိမ့်မယ်

3. ဖြည့်ပြီးရင်တော့ အောက်ခြေက 「個人情報・パスワードを設定して、本登録を完了する」(ကိုယ်ရေးအချက်အလက်နှင့် စကားဝှက်သတ်မှတ်၍ မှတ်ပုံတင်ခြင်းအပြီးသတ်မည်) ဆိုတဲ့ ခလုတ်အမည်းလေးကို နှိပ်လိုက်ပါ "Thank you for your help" ဆိုပြီး ပေါ်လာရင် ပြီးပါပြီ

3️⃣လော့ဂ်အင်ဝင်ပြီး ကျောင်းသားကတ် Upload တင်မယ်
1. ခုနက သတ်မှတ်ခဲ့တဲ့ အီးမေးလ်ရယ်၊ Password ရယ်သုံးပြီးလော့ဂ်အင်ဝင်လိုက်ပါ
2. အဲဒီနောက် မိမိရဲ့ ကျောင်းသားကတ် (Student ID)ကို ဓာတ်ပုံရိုက်ပြီး Website ထဲမှာ Upload တင်ပေးရပါမယ်
3. ဒါဆိုရင်တော့ အောင်အောင်မြင်မြင် ပြီးဆုံးသွားပြီဖြစ်ပြီးအလုပ်သင်ခေါ်ထားတဲ့ ဂျပန်ကုမ္ပဏီတွေကို စတင်ရှာဖွေကြည့်ရှုလို့ ရပြီဖြစ်ပါတယ်!

📅 လျှောက်ပြီးရင် ဘာတွေ ဆက်ဖြစ်မှာလဲ? (Flow)

ဇွန်လ ၃၀ အထိဝဘ်ဆိုက်ပေါ်မှာ ကိုယ်သွားချင်တဲ့ ကုမ္ပဏီ ၃ ခုကို ရွေးချယ်ပြီး လျှောက်ထားရပါမယ်
(လျှောက်လွှာပိတ်ရက်က ဇွန်လ ၃၀ ဖြစ်ပေမယ့် ကျောင်းအလိုက် မတူတာမျိုး ရှိနိုင်လို့ စောစောလေး လျှောက်ထားတာတော့စိတ်အချရဆုံးပါနော်)

❗️ရွေးတာကသုံးခုအများဆုံးရွေးလို့ရပေမယ့်တကယ်လုပ်လို့ရတာကတစ်ခုပဲမို့လို့ကိုယ်စိတ်အဝင်စားဆုံးကုမ္ပကီကို 第一希望 နေရာမှာထည့်ဖို့ဒီနေရာမှာအကြံပေးပါတယ်

▫️ဇွန်လ ~ ဇူလိုင်လ: ကိုယ်ရွေးထားတဲ့ ကုမ္ပဏီတွေကနေ ပထမဦးစားပေးအလိုက် လူတွေ့စစ်ဆေးတာတွေ လုပ်သွားပါလိမ့်မယ် 👩‍🏫🧑‍🏫

▫️ဇူလိုင်လလယ်:အလုပ်သင်မဆင်းခင် ကြိုတင်ပြင်ဆင်မှုသင်တန်းလေးတတ်ရမှာပါ

▫️ဩဂုတ်လ ~ စက်တင်ဘာလ: ကုမ္ပဏီမှာ တကယ့်လက်တွေ့ ၁ ပတ်ခန့် အလုပ်သင်ဆင်းရပါမယ်

▫️စက်တင်ဘာလကုန်: အလုပ်သင်ပြီးဆုံးကြောင်း Follow-up သင်တန်းတက်ပြီး ဒီအတွေ့အကြုံကို နောင်တစ်ချိန် အလုပ်ရှာဖွေတဲ့အခါ (Shukaatsu) ဘယ်လို အကျိုးရှိရှိ သုံးရမလဲဆိုတာကို လမ်းညွှန်ပေးသွားမှာ ဖြစ်ပါတယ်

☎️တကယ်လို့ ဒီထဲမှာမပါတဲ့တခြားတစ်ခုခု သိချင်တာရှိရင်လည်း Flyer လေးမှာပါတဲ့ ဖုန်းနံပါတ်ကိုဆက်သွယ်ပြီးမေးမြန်းလို့ရပါတယ်နော်

2027/28 ဂျပန်မှာဆဲမွန်း တက္ကသိုလ်ပြီးလို့အလုပ်လုပ်ချင်တဲ့သူတွေအတွက် 就活မှာသေချာပေါက်အသုံးဝင်မယ့် Experience ဖြစ်လို့လက်မလွတ်ခံဘဲလျှောက်ကြည့်ကြပါနော် 🤹💡

ကိုယ်နဲ့ ကိုက်ညီမယ့် ကုမ္ပဏီကောင်းလေးတွေ တွေ့ပါစေလို့ ဆုတောင်းပေးလိုက်ပါတယ် 🌸✨

-Emily Chen

သစ္စာရွှေစည်ဆရာတော်ဘုရားကိုအပြင်မှာဖူးမြော်ခွင့်ရခဲ့ပါတယ် 🙏ဂျပန်မှာအိပ်မပျော်တဲ့ညဘက်တွေနဲစိတ်ပင်ပန်းတဲ့အချိန်တွေ မှာဆိုရ...
19/05/2026

သစ္စာရွှေစည်ဆရာတော်ဘုရားကိုအပြင်မှာဖူးမြော်ခွင့်ရခဲ့ပါတယ် 🙏

ဂျပန်မှာအိပ်မပျော်တဲ့ညဘက်တွေနဲစိတ်ပင်ပန်းတဲ့အချိန်တွေ မှာဆိုရင် Youtube ကဆရာတော်ရဲ့တရားတော်တွေအမြဲနာယူဖြစ်ပါတယ်

ဆရာတော်ရဲ့တရားတော်တွေကနာယူမှတ်သားရလွယ်ပြီးအမြဲတမ်းစိတ်ကိုအေးချမ်းစေတဲ့အတွက်ဆရာတော်ဂျပန်ကိုကြွမယ်ဆိုတဲ့သတင်းကြားတော့အရမ်းဝမ်းသာခဲ့ပါတယ်

ပြီးခဲ့တဲ့နှစ်ပတ်လောက်ကနာဂိုယာကတရားပွဲမှာဖူးမြော်ခွင့်ရပြီးအလှူငွေလည်းကိုယ်တိုင်ကပ်လှူခွင့်ရတဲ့အတွက်အတိုင်းမသိဝမ်းသာပီတိဖြစ်မိပါတယ် 😊

တရားပွဲဖြစ်မြောက်အောင်စီစဉ်ပေးကြသောအလှူရှင်များအားလုံးစိတ်ချမ်းသာကိုယ်ကျန်းမာကြပါစေရန်ဆုတောင်းပါတယ် 🙏🙇‍♀️

ဒါကတော့ဆရာတော်ရဲ့တရားတော်တွေကိုနာယူနိုင်တဲ့ Youtube link နဲ့ Telegram link ပါ

https://youtube.com/?si=RZZNLNp86LKkmadQ

https://t.me/thitsarshwesitelegram

(ဆရာတော်ကတော့မနေ့ကပဲမြန်မာနိုင်ငံကိုပြန်ကြွတော်မူသွားပါပြီ)

ဂျပန်စာဆရာတစ်ယောက်ဖြစ်လာဖို့ဂျပန်ကတက္ကသိုလ်မှာဘာတွေသင်ရလဲအားလုံးပဲဂျပန်စာဆရာတွေရဲ့ ၈၀% နီးပါးဟာ ဂျပန်လူမျိုးမဟုတ်တဲ့ (No...
14/05/2026

ဂျပန်စာဆရာတစ်ယောက်ဖြစ်လာဖို့ဂျပန်ကတက္ကသိုလ်မှာဘာတွေသင်ရလဲ

အားလုံးပဲဂျပန်စာဆရာတွေရဲ့ ၈၀% နီးပါးဟာ ဂျပန်လူမျိုးမဟုတ်တဲ့ (Non-native) သူတွေ ဖြစ်တယ်ဆိုတာသိကြပါသလား ❓

အခုဆိုရင်ဂျပန်နိုင်ငံမှာတင်မကဘဲ နိုင်ငံတကာမှာပါ ဂျပန်စာသင်ယူလိုသူတွေဟာ တစ်ဟုန်ထိုး တိုးတက်များပြားလာတာနဲ့တစ်ပြိုင်နက်ဂျပန်စကားသင်ကြားပေးတဲ့ဆရာရဲ့လိုအပ်ချက်ကလည်းနိုင်ငံတကာမှာတင်မဟုတ်ဘဲဂျပန်နိုင်ငံအတွင်းမှာပါလိုအပ်ချက်မြှင့်တတ်လာပါတယ်

ဂျပန်မှာတော့နိုင်ငံခြားသားဖြစ်တဲ့အတွက်ကြောင့်ဂျပန်ဘာသာသင်ကြားရေးဆရာလုပ်လို့မရဘူးဆိုတာမရှိသလိုဂျပန်လူမျိုးဖြစ်တဲ့အတွက်ကြောင့်ဆိုပြီးအသိအမှတ်ပြုလက်မှတ်မရှိဘဲဂျပန်ဘာသာစကားကိုအလွယ်တကူသင်ကြားပေးလို့ရတယ်ဆိုတာမျိုးမရှိပါဘူး ❌

▫️ဂျပန်စာသင်ကြားရေးအသိအမှတ်ပြုလတ်မှတ်

၂၀၂၄ ခုနှစ်ကစပြီး ဂျပန်မှာ ဂျပန်ဘာသာစကားကို ပြန်လည်သင်ကြားဖို့ဆိုရင် 「登録日本語教員」(日本語教員試験)ဆိုတဲ့ 国家試験 နိုင်ငံတော်အသိအမှတ်ပြုလတ်မှတ်ကိုရယူထားဖို့လိုအပ်လာပါတယ် 日本語教員試験ကတော့တစ်နှစ်မှာ၁ကြိမ်သာကျင်းပပြီးနှစ်စဉ် ၁၁ လပိုင်းမှာကျင်းပပါတယ် ဂျပန်လူမျိုးတွေသာမကဂျပန်မှာဂျပန်ဆရာ/မအဖြစ်ဝင်ရောက်လုပ်ကိုင်လိုတဲ့နိုင်ငံခြားသားတွေလည်းဝင်ရောက်ဖြေဆိုလျက်ရှိပါတယ် ၂၀၂၄ ခုနှစ်မှာတော့ တစ်နိုင်ငံလုံးအနေနဲ့ ဖြေဆိုသူအောင်မြင်မှု ရာခိုင်နှုန်း ကတော့ ၆၂.၆% ရှိခဲ့ပါတယ် 📈

စာမေးပွဲမှာအဓိကအားဖြင့် အပိုင်း ၂ ပိုင်းရှိပါတယ်

✅အပိုင်း (၁) - အခြေခံစာမေးပွဲ (基礎試験 - Kiso Shiken)

ဒီအပိုင်းကတော့ ဂျပန်စာသင်ပြရာမှာ လိုအပ်တဲ့ အခြေခံဗဟုသုတနဲ့ သီအိုရီ (Basic Knowledge) တွေကို စစ်ဆေးတာဖြစ်ပါတယ် အဓိကအားဖြင့်ဘာသာဗေဒ (Linguistics)၊ ဂျပန်စာသဒ္ဒါ၊ ယဉ်ကျေးမှု၊ သင်ကြားနည်းစနစ် အခြေခံများ စတာတွေကိုစစ်ဆေးတာဖြစ်ပါတယ်

⏰ ကြာချိန်အနေနဲ့က ၁၂၀ မိနစ် (၂ နာရီ) ဖြစ်ပြီး မေးခွန်းအရေအတွက် ကတော့ မေးခွန်း ၈၀ ခန့် (Multiple Choice - အဖြေမှန်ရွေးချယ်ရုံသာ)ဖြစ်ပါတယ်။

(Miii တို့လိုမျိုးတက္ကသိုလ်မှာဂျပန်ဘာသာဆရာဖြစ်အတန်းကိုအထူးပြု/ဒုတိယအထူးပြုလေ့လာနေသူတွေအတွက်ကတော့ဒီအပိုင်းကို ဖြေဆိုဖို့မလိုဘဲ ကင်းလွတ်ခွင့် လျှောက်ထားလို့ရပါတယ်)

✅အပိုင်း (၂) - လက်တွေ့အသုံးချစာမေးပွဲ (応用試験 - Ōyō Shiken)

ဒီအပိုင်းကတော့အရေးကြီးဆုံးဖြစ်ပါတယ်။ ဂျပန်စာသင်ခန်းစာ တစ်ခုကို တကယ်တမ်း ဘယ်လို စီစဉ်သင်ကြားမလဲဆိုတဲ့ လက်တွေ့ကျွမ်းကျင်မှု (Practical Skills)ကို စစ်ဆေးတာ ဖြစ်ပါတယ်။

ဒီအပိုင်းမှာ ထပ်ပြီး ၂ ပိုင်း ခွဲထားပါတယ်-

1️⃣ဖတ်ကြားခြင်းနှင့် ခွဲခြမ်းစိတ်ဖြာခြင်း
読解形式 (Dokkai Keishiki)

ဒီအပိုင်းကတော့ Reading & Case Analysis အပိုင်းပါ မေးခွန်းပုံစံကတော့ စာသင်ခန်းအတွင်း ဖြစ်ပျက်လေ့ရှိတဲ့ အခြေအနေတွေကို ဖတ်ပြီး၊ ဆရာတစ်ယောက်အနေနဲ့ ဘယ်လို တုံ့ပြန်မလဲ၊ သင်ခန်းစာကို ဘယ်လို ပြင်ဆင်မလဲဆိုတာတွေကို ဖြေဆိုရမှာပါ။

⏰ ကြာချိန်ကတော့ မိနစ် ၁၀၀ (၁နာရီခွဲ) ဖြစ်ပါတယ်။

2️⃣နားထောင်ခြင်း 聴解形式 (Chōkai Keishiki)

ဒီအပိုင်းကတော့ Listening & Oral Analysis အပိုင်းပါ မေးခွန်းပုံစံကတော့နိုင်ငံခြားသားကျောင်းသားတွေ ဂျပန်စကားပြောနေတဲ့ အသံဖိုင်တွေကို နားထောင်ပြီး၊ ကျောင်းသားကဘာကိုပြောနေတာလဲနားလည်ဖို့နဲ့ဘယ်နေရာမှာ အသံထွက်မှားနေသလဲ၊ ဘယ်သဒ္ဒါကို မှားသုံးနေသလဲဆိုတဲ့သံနေသံထားကို မေးမြန်းတာဖြစ်ပါတယ်

⏰ကြာချိန်ကတော့ ၅၀ မိနစ်ခန့်ဖြစ်ပါတယ်

▫️日本語教師国家試験 ဖြေဆိုခ

အခုလက်ရှိမှာတော့
基礎試験 (Basic Exam) က 5,900 ¥ ဖြစ်ပြီး 応用試験 (Applied Exam) ကတော့ 11,400 ¥ ဖြစ်ပါတယ် နှစ်ခုပေါင်းကတော့ 17,300 ¥ ဖြစ်ပါတယ်။

▫️ဂျပန်စာဆရာတစ်ယောက်ဖြစ်ဖို့ဂျပန်တက္ကသိုလ်မှာသင်ကြားရတဲ့ဘာသာရပ်များ

📖日本語学I (Japanese Linguistics I)
📖日本語学II (Japanese Linguistics II)
📖日本語学演習 (Seminar in Japanese Linguistics)
📖対照言語学 (Contrastive Linguistics)
📖社会言語学 (Sociolinguistics)
📖日本語教育概論 (Introduction to Japanese Language Education)
📖日本語教育法I (Japanese Language Teaching Methods I)
📖日本語教育法II (Japanese Language Teaching Methods II)
📖第二言語習得 (Second Language Acquisition)
📖日本の中の多文化 (Multiculturalism in Japan)
📖日本語教材検討 (Japanese Language Materials Analysis)
📖日本語教育における評価 (Assessment in Japanese Language Education)
📖日本語教育実習 (Practicum in Japanese Language Education)
📖アジアのローカル言語と文化 (Asian Local Languages and Cultures)
📖異文化理解 (Intercultural Understanding)
📖多文化共生論 (Multicultural Coexistence Studies)
📖対面コミュニケーション論 (Face-to-Face Communication Studies)
📖社会調査 (Social Research Methods)

💡ဒီဘာသာရပ်တွေကတော့ Miii တို့တက္ကသိုလ်တွေမှာသင်ကြားရတဲ့ဘာသာတွေကိုအခြေခံထားတာဖြစ်ပြီးတက္ကသိုလ်နဲ့လိုက်ပြီး Course Design နဲ့ နာမည် အပြောင်းအလဲတွေရှိပေမယ့်အားလုံးက(Ministry of Education, Science, Sports and Culture-MEXT)လို့ခေါ်တဲ့文部省ကချမှတ်ထားတဲ့သင်ရိုးကိုပဲအခြေခံထားတာပါ

Miii တို့တက္ကသိုလ်မှာတော့ဒီဘာသာရပ်ကိုယူတဲ့သူတွေအတွက် အဓိကအားဖြင့်

1️⃣Major (主専攻)
2️⃣Minor (副専攻)

ဆိုပြီး နှစ်မျိုး ခွဲခြားသတ်မှတ်ထားပါတယ် Major ယူမယ်ဆိုရင်တော့ဆရာတစ်ယောက်ဖြစ်ဖို့ လိုအပ်တဲ့ အပေါ်ကဘာသာရပ်အားလုံးကို စနစ်တကျ တက်ရပြီး 単位 လို့ခေါ်တဲ့ Credit ၄၆ ခု ယူရမှာဖြစ်ပါတယ်

Minor ကျတော့ အခြားဘာသာရပ်တစ်ခုခုကို အဓိကယူထားပေမဲ့ ဂျပန်စာသင်ပြနည်းကိုပါ ဗဟုသုတအဖြစ် သိထားချင်တဲ့သူတွေအတွက်ဖြစ်ပြီး သူကတော့ 単位၂၆ ခုယူရင်ရပါပြီ Major လောက်တော့ မပြည့်စုံပေမဲ့ အခြေခံသင်ပြနည်းတွေကိုတော့ရမှာဖြစ်ပါတယ်

❗️နှစ်ခုလုံး က Registered Japanese Language Teacher ဖြစ်ဖို့ဆိုရင် 基礎試験 ကိုသာဖြေဆိုကင်းလွှတ်ခွင့်ရှိပြီး 応用試験ကိုတော့ဖြေဆိုရမှာဖြစ်ပါတယ်

Graduation Thesis/ Research Paper

主専攻 ယူထားတဲ့သူတွေကတော့တတိယနှစ်ရဲ့ ゼミ (Seminar) မှာ 卒論 (Graduation Thesis) အတွက် လိုအပ်တဲ့ Research Skill တွေကို သင်ယူဖို့သတ်မှတ်ထားတဲ့ ゼミ ကိုယူရပြီးစတုတ္တနှစ်မှာတော့ဂျပန်မှာရှိတဲ့လက်တွေ့ဂျပန်စာ စာသင်ကျောင်းတွေမှာသွားပြီးအစမ်းသင်ပေးရတာမျိုးတွေလုပ်ရပါတယ်။

▫️သင်ယူသူများနဲ့ဂျပန်စာဆရာ၏အခန်းကဏ္ဍအသစ်တစ်ခု

အခုခေတ် ဂျပန်စာသင်ယူကြတဲ့သူတွေကဂျပန်မှာကျောင်းတက်ဖို့တစ်ခုတည်းအတွက် မဟုတ်တော့ဘဲ နယ်ပယ်စုံကလူတွေ ပါဝင်လာပါတယ် ပုံမှန်တွေ့နေကျဖြစ်တဲ့ တက္ကသိုလ်တက်ဖို့ (သို့) ဘာသာစကားကျောင်းတွေမှာ ပညာသင်ဖို့ လေ့လာသူတွေကများပေမယ့်အခုနောက်ပိုင်းမှာ သိသိသာသာ ပိုများလာတာကတော့ တိုခုတဲဂီနိုးလို့ခေါ်တဲ့ ကျွမ်းကျင်လုပ်သားတွေနဲ့ နည်းပညာသင်တန်းသားတွေပါ စက်မှုလက်မှုလုပ်ငန်းခွင်တွေ၊ ကုန်ထုတ်လုပ်မှုပိုင်းတွေမှာ တိုက်ရိုက်ဝင်လုပ်ကြမယ့်သူတွေဆိုတော့ သူတို့အတွက်ကတော့ ပုံမှန်နေ့စဉ်သုံးဂျပန်စာထက် လုပ်ငန်းခွင်သုံး ဂျပန်စာက ပိုပြီးအရေးပါလာပါတယ် နောက်တစ်အုပ်စုကတော့ လူမှုစောင့်ရှောက်ရေးဝန်ထမ်း (Kaigo)တွေပါ သူတို့ကျတော့ ဘာသာစကားတင်မကဘဲ နွေးထွေးတဲ့ ဆက်ဆံရေးနဲ့ ကြင်နာမှုပြနိုင်တဲ့ စကားပြောဆိုပုံတွေကိုပါ လေ့လာကြရပါတယ် နောက်ဆုံးတစ်မျိုးကတော့ ဂျပန်မှာ အခြေချနေထိုင်တဲ့ နိုင်ငံခြားသားတွေရဲ့ ကလေးငယ်တွေပါ ဂျပန်လူ့အဖွဲ့အစည်းထဲမှာ ကြီးပြင်းလာမယ့်သူတွေဖြစ်လို့ သူတို့ရဲ့ လိုအပ်ချက်က တခြားသူတွေနဲ့ မတူပြန်ပါဘူး

ဒီလို သင်ယူသူတွေ အမျိုးအစားစုံလာတာနဲ့အမျှ ဂျပန်စာဆရာတွေရဲ့ အခန်းကဏ္ဍကလည်း ပြောင်းလဲလာပါတယ်။ အရင်လို စာအုပ်ထဲကအတိုင်း သင်ပြရုံတင်မဟုတ်တော့ဘဲ တစ်ဦးချင်းစီရဲ့ ရည်မှန်းချက်နဲ့ နယ်ပယ်အလိုက် ကိုက်ညီမယ့် သင်ကြားမှုပုံစံသစ်တွေကို ဖန်တီးပေးဖို့ လိုအပ်လာတာပဲဖြစ်ပါတယ်

▫️ဂျပန်စာဆရာတစ်ယောက်ရဲ့အလုပ်အကိုင် အခွင့်အလမ်းများနှင့် နိုင်ငံတော်အဆင့် အသိအမှတ်ပြုမှု

ဂျပန်စာသင်ကြားရေးဆရာတစ်ယောက်ရဲ့အလုပ်အကိုင် အခွင့်အလမ်းတွေကတော့ တော်တော်လေးကိုကျယ်ပြန့်ပါတယ် ဂျပန်နိုင်ငံပြည်တွင်းမှာဆိုရင်တာ့ 日本語学校 လို့ခေါ်တဲ့ဂျပန်စာသင်ကျောင်းတွေ၊ နိုင်ငံခြားသားနဲ့ဆက်စပ်နေတဲ့အစိုးရဌာနတွေနဲ့ နိုင်ငံခြားသားများကိုခန့်ထားတဲ့ကုမ္ပဏီတွေမှာ ဝန်ထမ်းတွေကိုဂျပန်စာသင်ကြားပေးရတာမျိုးတွေရှိပြီးပြည်ပမှာဆိုရင်တော့ JICA Volunteer၊ ဂျပန်ဖောင်ဒေးရှင်း (Japan Foundation) မှ စေလွှတ်သော ဆရာများ၊ ပြည်ပတက္ကသိုလ်များမှာဂျပန်ဘာသာစကားသင်ကြားတာတွေကိုယ်ပိုင်ဂျပန်စာသင်တန်းကျောင်းတည်ထောင်တာတွေစတဲ့အခွင့်လမ်းကြောင်းတွေရှိပါတယ်

💡ဒီလောက်ဆိုရင်တော့ ဂျပန်စာဆရာလုပ်ချင်တဲ့သူတွေအတွက် ဂျပန်ဆရာဖြစ်ဖို့ဘာတွေလိုအပ်လဲဆိုတာနဲ့ အလုပ်အကိုင်အခွင့်အလမ်းတွေကိုအနည်းငယ်နားလည်သွားမယ်လို့ထင်ပါတယ်နော်

ဂျပန်စာဆရာလုပ်ဖို့စဉ်းစားထားတဲ့သူတွေ ဒီစာလေးကအကျိုးတစ်စုံတစ်ရာဖြစ်တယ်ဆိုရင် အားလုံးသိသွားရအောင်လည်း Share ပေးလိုက်ကြပါဦးနော် 😉 အဆုံးထိဖတ်ပေးတဲ့အတွက် အားလုံးကိုကျေးဇူးတင်ပါတယ်

30/04/2026

ます形、辞書形+そうです
နဲ့ます形、辞書形+ようです
ကိုဘယ်လိုခွဲသုံးကြမလဲ ❓

22/04/2026

"5 simple habits you can do to become a better person in 2026"

Miii ရဲ့ဘဝကိုပြောင်းလဲစေခဲ့တဲ့အလေ့အကျင့်ကောင်း ၅ ခုနဲ့ပတ်သတ်ပြီးဒီဗီဒီယိုလေးထဲမှာဝေမျှပေးထားပါတယ်

ဂရိတွေးခေါ်ပညာရှင် Aristotle ပြောပါတယ်
"သင်ဘာကို ထပ်ခါထပ်ခါ လုပ်နေသလဲဆိုတာက သင်ဘယ်လိုလူလဲဆိုတာကို ဆုံးဖြတ်ပေးတယ်။ အကောင်းဆုံးဆိုတာ တွေကတစ်ခါတည်းလုပ်လိုက်တဲ့ အရာမဟုတ်ဘဲအလေ့အကျင့်တစ်ခုဖြစ်တယ်” ဆိုတဲ့အတိုင်းပဲ Miii တို့ရဲ့ဘဝမှာအလေ့အကျင့်တွေကအရမ်းအရေးကြီးပါတယ်။

အလေ့အကျင့်တွေကဘာလို့ဒီလောက်အရေးပါတာလဲနဲ့ကိုယ့်ဘဝကိုပြောင်းလဲနိုင်လောက်တဲ့အထိအလေ့အကျင့်ကောင်းတွေကိုမွေးမြူချင်တဲ့ဆိုရင်တော့ James Clear ရဲ့ "Atomic Habits" ဆိုတဲ့စာအုပ်ကိုတစ်ခါလောက်ဖတ်ကြည့်စေချင်ပါတယ်
မြန်မာဘာသာပြန်လဲထွက်ထာတာရှိပါတယ်

2026 မှာပိုပြီးတိုးတတ်တဲ့သူအဖြစ်ပြောင်းလဲချင်တယ်ဆိုရင်တော့ ဒီဗီဒီယိုလေးထဲမှာပြောထားတဲ့အလေ့အကျင့်တွေကိုလိုက်လုပ်ကြည့်ကြပါနော်


覚えたနဲ့ 思い出したကဘာကွာပါသလဲဂျပန်တွေနဲ့စကားပြောရင်းမေ့နေတဲ့အကြောင်းအရာတစ်ခုကိုရုတ်တရက်ပြန်သတိရလာတဲ့အခါကို "覚えた" လို့ပြောကြလား...
20/04/2026

覚えたနဲ့ 思い出したကဘာကွာပါသလဲ

ဂျပန်တွေနဲ့စကားပြောရင်းမေ့နေတဲ့အကြောင်းအရာတစ်ခုကိုရုတ်တရက်ပြန်သတိရလာတဲ့အခါကို "覚えた" လို့ပြောကြလား၊ ဒါမှမဟုတ် "思い出した"လို့ပြောကြလား

အားလုံးပဲမင်္ဂလာပါ

ဒီနေ့မှာတော့ 「思い出した (Omoidash*ta)」နဲ့ 「覚えた (Oboeta)」 ရဲ့ကွာခြားပုံလေးနဲ့ပတ်သတ်ပြီးပြောပြပေးသွားချင်ပါတယ်။

တကယ်တော့ 「思い出した (Omoidash*ta)」နဲ့ 「覚えた (Oboeta)」 နှစ်ခုလုံးကမြန်မာလိုဆို "မှတ်မိပြီ" လို့ဘာသာပြန်လို့ရပေမယ့်အဓိပ္ပာယ်ကတော့မတူပါဘူး ဒီစကားလုံးနှစ်ခုရဲ့ အဓိကကွာခြားချက်ကမှတ်ဉာဏ်ရဲ့ အလုပ်လုပ်ပုံ အဆင့်ဆင့်ပေါ်မှာ မူတည်ပါတယ်။

覚えた (Oboeta) - မှတ်မိသည် ဆိုတာကတော့အချက်အလက်အသစ်တစ်ခုကို ဦးနှောက်ထဲစတင်ရောက်သွားပြီးအဲ့အချက်အလက်ကိုမှတ်မိသွားပြီဆိုတဲ့အဓိပ္ပာယ် ဖြစ်ပါတယ်။ ဥပမာ တစ်ခုခုကို အလွတ်ကျက်တာ၊ မှတ်မိအောင် လုပ်တာ၊ သို့မဟုတ် တတ်မြောက်သွားတာကို ဆိုလိုပါတယ်။

ဥပမာ

1)新しい(あたらしい)漢字(かんじ)を覚えました(おぼえました)

Kanji အသစ်တွေကိုအလွတ်ကျက်မှတ်ခဲ့ပါတယ်။

2)昨日(きのう)の夜(よる)、一生懸命(いっしょうけんめい)テストに出る(でる)難しい(むずかしい)単語(たんご)を全部(ぜんぶ)覚えた(おぼえた)。

မနေ့ညက စာမေးပွဲမှာပါမယ့် ခက်ခဲတဲ့ စကားလုံးတွေ အားလုံးကို အလွတ်ကျက်မှတ်သားခဲ့ပါတယ်။

3)新しい仕事の手順を完璧に覚えたので、明日からは一人で作業ができそうです。
အလုပ်သစ်ရဲ့ လုပ်နည်းတွေကို အကုန်မှတ်မိသွားပြီ ဖြစ်လို့ မနက်ဖြန်ကစပြီး တစ်ယောက်တည်း လုပ်နိုင်မယ်လို့ထင်ပါတယ်။

思い出した (Omoidash*ta) ရဲ့မှတ်မိသည်ဆိုတာကတော့ ဦးနှောက်ထဲမှာ ရှိပြီးသား အချက်အလက်ကို ပြန်လည်သတိရတာပဲဖြစ်ပါတယ်။
အရင်က သိခဲ့ဖူးပေမဲ့ ခဏမေ့သွားပြီးတစ်ခုခုကြောင့် ပြန်ပြီး သတိရလာတာ၊ ခေါင်းထဲ ပြန်ပေါ်လာတာကို ဆိုလိုပါတယ်၊ တနည်းအားဖြင့်မှတ်မိတာပါ။

ဥပမာ

1)約束を思い出した。
ချိန်းထားတာကို ပြန်သတိရလာတယ်

2)彼の名前がなかなか思い出せない。
သူ့နာမည်ကိုတော်တော်နဲ့ ပြန်စဉ်းစားလို့မရဘူး (မမှတ်မိဘူး)

3) 1年前に一生懸命覚えた日本語の文法を忘れていたが、先生の説明を聞いて急に思い出した。

လွန်ခဲ့တဲ့ တစ်နှစ်က အသေအချာ မှတ်သားကျက်မှတ်ခဲ့တဲ့ဂျပန်စာ သဒ္ဒါတွေကို မေ့နေခဲ့ပေမဲ့ ဆရာ့ရဲ့ ရှင်းပြချက်ကို နားထောင်ပြီးတော့ ရုတ်တရက်ပြန်သတိရလာပါတယ်

အကျဉ်းချုပ်ဥပမာပြောရရင်တော့
မနေ့ညကမနက်ဖြန် စာမေးပွဲအတွက် စာတွေကို အသေအချာမှတ်သားခဲ့တာက 覚えました (မှတ်သားခဲ့တယ်)
ဖြစ်ပြီး ဒီနေ့ စာမေးပွဲခန်းထဲမှာမနေ့က ကျက်ထားတဲ့ စာတွေကိုပြန်မှတ်မိတာက 思い出した (ပြန်သတိရလာတယ်) ဖြစ်ပါတယ်။

ဒီလောက်ဆိုရင် နှစ်ခုလုံးရဲ့ ကွာခြားချက်ကို ရှင်းရှင်းလင်းလင်းနားလည်သွားမယ်လို့ မျှော်လင့်ပါတယ်။

#覚えたと思い出した

粘り強い (ねばりづよい) ဆိုတာကဘာကိုပြောတာလဲအားလုံးပဲမင်္ဂလာပါမနေ့တုန်းက စိတ်အားတတ်စေတဲ့ 心強い (こころづよい) နဲ့ပတ်သတ်ပြီးပြောပြပေးထားတဲ့အ...
17/04/2026

粘り強い (ねばりづよい) ဆိုတာကဘာကိုပြောတာလဲ

အားလုံးပဲမင်္ဂလာပါ

မနေ့တုန်းက စိတ်အားတတ်စေတဲ့ 心強い (こころづよい) နဲ့ပတ်သတ်ပြီးပြောပြပေးထားတဲ့အတွက်ဒီနေ့မှာတော့ဂျပန်လူမျိုးတွေအရမ်းတန်ဖိုးထားတဲ့ စိတ်ဓာတ်လေးတစ်ခုဖြစ်တဲ့
粘り強い(ねばりつよい) ဆိုတဲ့စကားလုံးလေးနဲ့ပတ်သတ်ပြီးပြောပြပေးသွားချင်ပါတယ်

ဂျပန်တွေကအရာရာမှာတော်တဲ့လူတွေထက်ကိစ္စတစ်ခုခုကိုဘယ်လောက်ပင်ခက်ခဲပါစေအရှုံးမပေးဘဲဇွဲရှိရှိနဲ့လုပ်ကိုင်တဲ့လူကို ပိုပြီးတန်ဖိုးထားကြပါတယ် အထူးသဖြင့်ဂျပန်အလုပ်ခွင်တွေမှာဆိုရင်အလုပ်စဝင်ရင်သူတို့ပြောတာတွေကိုသေချာဂရုတစိုက် Memo လိုက်မှတ်တာ အလုပ်ကခက်ပေမယ့်လည်းကြိုးကြိုးစားစားလုပ်တာဆိုအရမ်းသဘောကျကြပါတယ်

အဲ့လိုတစ်ခုခုကိုလွယ်လွယ်နဲ့အရှုံးမပေးဘဲ အဆုံးထိကြိုးစားတာကိုဂျပန်လိုဆိုရင်တော့ 粘り強い လို့ပြောပါတယ်အလွယ်ကူဆုံးပြောရရင် အရှုံးမပေးဘဲ လုပ်ဆောင်တာကို ဆိုလိုတာပါ။

粘り強い က 粘る (Nebaru)ကစေးကပ်တာကိုပြောတာပါ ဥပမာ - 納豆 Nattō ပဲပုပ် လိုမျိုး စေးကပ်ပြီး ဆွဲလိုက်ရင် ပြတ်မထွက်သွားတာဖြစ်ပြီး
強い (Tsuyoi) ကတော့ သန်မာသည်ဆိုတာဖြစ်ပြီးနှစ်ခုပေါင်းလိုက်တဲ့အခါ ကပ်စေးနှဲလိုမျိုး ခွာမရအောင်၊ ပြတ်မသွားအောင် စွဲစွဲမြဲမြဲရှိသောဆိုတဲ့ အဓိပ္ပာယ်ဖြစ်လာတာပါ။

ဥပမာ

1)彼(かれ)は粘り強く(ねばりづよく)練習(れんしゅう)して、ついに日本語能力試験(JLPT)N1に合格(ごうかく)しました。
သူဟာဇွဲရှိရှိနဲ့လေ့ကျင့်ခဲ့လို့ နောက်ဆုံးမှာ JLPT N1 ကို အောင်မြင်သွားခဲ့တယ်။

2)難しい(むずかしい)問題(もんだい)でも、あきらめずに粘り強く(ねばりづよく)考えれば (かんがえれば)答え(こたえ)が見つかる(みつかる)はずだ。
ခက်ခဲတဲ့ ပုစ္ဆာဖြစ်ပါစေ၊ အရှုံးမပေးဘဲ တစိုက်မတ်မတ်စဉ်းစားမယ်ဆိုရင် အဖြေကို ရှာတွေ့မှာပါ။

3)私(わたし)の長所(ちょうしょ)は、何事(なにごと)も粘り強く(ねばりづよく)取り組む(とりこむ)ところです。
ကျွန်တော့်ရဲ့ အားသာချက်ကတော့ ဘယ်အရာကိုမဆို ဇွဲရှိရှိနဲ့ကြိုးစားအားထုတ်တတ်တာပဲ ဖြစ်ပါတယ်။

4) 夢(ゆめ)をかなえるために、粘り強く(ねばりづよく)努力(どりょく)し続ける(つづける)ことが大切(たいせつ)だ。
အိပ်မက်တွေကိုအကောင်အထည်ဖော်နိုင်ဖို့ကဇွဲရှိရှိနဲ့ကြိုးစားဖို့ကအရေးအကြီးဆုံးပါ။

5)彼(かれ)は試合(しあい)の最後(さいご)まで、粘り強く(ねばりづよく)戦い抜いた(たたかいぬいた)。
သူကပြိုင်ပွဲပြီးဆုံးတဲ့အထိ ဇွဲမလျှော့ဘဲ အဆုံးထိ ယှဉ်ပြိုင်တိုက်ပွဲဝင်ခဲ့ပါတယ်

粘り強いကို 忍耐強い (Nintai-zuyoi) ဆိုတဲ့စိတ်ရှည်တာနဲ့ မှားသုံးတတ်ကြပါတယ်။ တကယ်တော့ 粘り強くဆိုတာ "မရမချင်း ဇွဲရှိရှိနဲ့လုပ်ဆောင်တာ" ကို ဆိုလိုတာဖြစ်ပြီး 忍耐強い (Nintai-zuyoi) ကတော့ "စိတ်ရှည်တာ" အခက်အခဲ ဒါမှမဟုတ် နာကျင်မှုကို "သည်းခံနိုင်တာ" ကိုပြောတာပါ။

မိနစံတို့လည်းဂျပန်စာလေ့လာတဲ့အခါ ချက်ချင်း တတ်မလာလို့ စိတ်မပျက်ပါနဲ့နော်။ 粘り強く (ဇွဲရှိရှိနဲ့) နေ့တိုင်း လေ့လာသွားမယ်ဆိုရင် တစ်နေ့မှာ ကျွမ်းကျင်လာမှာ အသေအချာပါပဲနော်။

#粘り強く

心強い ဆိုတာကဘာကိုပြောတာလဲအားလုံးပဲမင်္ဂလာပါဒီနေ့မှာတော့ Miii က 心強いဆိုတဲ့ အသုံးအနှုန်းလေးနဲ့ပတ်သတ်ပြီးပြောပြပေးသွားမှာပဲဖြစ...
16/04/2026

心強い ဆိုတာကဘာကိုပြောတာလဲ

အားလုံးပဲမင်္ဂလာပါ

ဒီနေ့မှာတော့ Miii က 心強いဆိုတဲ့ အသုံးအနှုန်းလေးနဲ့ပတ်သတ်ပြီးပြောပြပေးသွားမှာပဲဖြစ်ပါတယ်။

心強い (Kokoro-zuyoi) ဆိုတာကဘာကိုပြောတာလဲ

Kokoro (心)က "စိတ်"၊ Tsuyoi (強い)က "သန်မာသော/အားရှိသော" လို့ အဓိပ္ပာယ်တဲ့အတွက်ကြောင့် 心強いこころづよいလို့ပေါင်းလိုက်ရင် "စိတ်အားတက်ကြွစေသော"သို့မဟုတ် "အားကိုးရသောကြောင့် စိတ်အေးရသော"လို့ အဓိပ္ပာယ်ရပါတယ်။ こころづよいကိုအဓိကအားဖြင့် တစ်စုံတစ်ယောက်က ကိုယ့်ဘက်က ကူညီပေးနေလို့၊ ဒါမှမဟုတ် အားကိုးရမယ့်အရာတစ်ခု ရှိနေလို့ "ရင်ထဲမှာ အားရှိသွားတာ"၊ "စိတ်ပူစရာမလိုတော့ဘဲ စိတ်အေးသွားတာ"မျိုးကို ဖော်ပြချင်တဲ့အခါ သုံးလို့ရပါတယ်။

ဥပမာ
1)あなたが一緒(いっしょに)に来て(きて)くれたので、とても心強かった(こころづよかった)。

မင်းအတူတူလိုက်ပေးခဲ့တဲ့အတွက်တော်တော်လေး စိတ်အားရှိ (စိတ်အေး)ခဲ့ရပါတယ်။

2)初めて(はじめて)の海外旅行(かいがいりょこう)だったけれど、日本語(にほんご)を話せる(はなせる)友人(ゆうじん)が一緒(いっしょ)だったのでとても心強かった(こころづよかった)です。
ပထမဆုံးအကြိမ် နိုင်ငံခြားခရီးစဉ်ဖြစ်ပေမဲ့ ဂျပန်စကားပြောတတ်တဲ့ သူငယ်ချင်းတစ်ယောက် အတူပါလာလို့ တော်တော်လေး အားရှိခဲ့ပါတယ်။

3)先生(せんせい)のアドバイスのおかげで、心強く(こころづよく)なりました。
ဆရာ့ရဲ့ အကြံဉာဏ်ကြောင့် (စိတ်ပူနေတာတွေ ပျောက်ပြီး) စိတ်အားတက်လာခဲ့ပါတယ်။

4)プロのコーチがアドバイスをくれるのは、選手(せんしゅ)にとって何よりも心強い(こころづよい)。
ပရိုနည်းပြတစ်ယောက်က အကြံပေးတာဟာ ကစားသမားတစ်ယောက်အတွက် ဘာထက်မဆို စိတ်အေးရတဲ့ (အားရှိတဲ့) အချက်ပဲ ဖြစ်ပါတယ်။

5)反対意見(はんたいいけん)が多い中(おおいなか)で、彼(かれ)が私(わたし)の案(あん)を支持(しじ)してくれたのは心強かった(ここよづよかった) 。
ကန့်ကွက်မှုတွေ များနေတဲ့ကြားထဲက သူက ကျွန်တော်ရဲ့ အစီအစဉ်ကို ထောက်ခံပေးခဲ့တာဟာ တကယ့်ကို စိတ်ဓာတ်ခွန်အား ဖြစ်စေခဲ့ပါတယ်။

ဒီစကားလုံးကို တစ်ဖက်လူက ကိုယ့်ကို ကူညီတဲ့အခါ "မင်းရှိနေလို့ ငါတကယ် အားရှိတယ်"လို့ ကျေးဇူးတင်စကားအနေနဲ့လည်း သုံးလေ့ရှိပါတယ်။ 心強いရဲ့ဆန့်ကျင်ဘက်စကားလုံးဖြစ်တဲ့"စိတ်အားငယ်တာ" ကိုတော့ 心細い(Kokoro-bosoi)လို့ သုံးပါတယ်။ နောက် 心強いနဲ့မှားသုံးလေ့ရှိတာကတော့ 力強い (Chikara-zuyoi) ပါ။ 力強いကတော့ အင်အားတောင့်တင်းတာ၊ အားမာန်ပါတာ (ဥပမာ- အားမာန်ပါတဲ့ လက်ဆွဲနှုတ်ဆက်ခြင်းမျိုး)တွေမှာအဓိကထားသုံးပြီးနှလုံးသားထဲကလာတဲ့ "အားရှိမှု" ကို ဖော်ပြချင်ရင် 心強いကို သုံးပါတယ်နော်။

ဂျပန်စာလေ့လာတဲ့ လမ်းခရီးမှာ ဒီလို စကားလုံးလေးတွေကို သိထားတာက စာမေးပွဲဖြေတဲ့အခါဖြစ်ဖြစ်၊ လူမှုဆက်ဆံရေးမှာဖြစ်ဖြစ် တကယ်ကို အထောက်အကူပြုဖြစ်စေပါတယ်

ဒီအသုံးအနှုန်းကို အခုလက်ရှိ စာလေ့လာနေတဲ့မိနစံတို့ဆိုရင်ရောဘယ်လိုနေရာမျိုးမှာ သုံးကြည့်လို့ရမယ်လို့ ထင်ပါသလဲ? ကောမန့်မှာမန့်သွားကြည့်ကြပါဦးနော်။

#心強い

住所

Kobe-shi, Hyogo

アラート

Emily Chenがニュースとプロモを投稿した時に最初に知って当社にメールを送信する最初の人になりましょう。あなたのメールアドレスはその他の目的には使用されず、いつでもサブスクリプションを解除することができます。

ショートカット

  • 住所
  • アラート

共有する